ညောင်ဦးလေဆိပ်
ပုံပန်းသွင်ပြင်
| ညောင်ဦးလေဆိပ် | |||||||||||
|---|---|---|---|---|---|---|---|---|---|---|---|
ပုဂံညောင်ဦးလေဆိပ်, ၂၀၀၉ ဖေဖော်ဝါရိ | |||||||||||
| အချက်အလက်များ | |||||||||||
| အမျိုးအစား | အများပြည်သူနှင့်ဆိုင်ရာ လေဆိပ် | ||||||||||
| စီမံကွပ်ကဲသူ | အစိုးရ | ||||||||||
| ဝန်ဆောင်မှု ဧရိယာ | ညောင်ဦးမြို့၊ မြန်မာနိုင်ငံ | ||||||||||
| တည်နေရာ | ညောင်ဦးမြို့ (Nyaung Oo) | ||||||||||
| ပင်လယ်မျက်နှာပြင် အထက် | ၃၁၂ ပေ / ၉၅ မီတာ | ||||||||||
| ကိုဩဒိနိတ် | 21°10′44″N 094°55′49″E / 21.17889°N 94.93028°E | ||||||||||
| ပြေးလမ်း | |||||||||||
| |||||||||||
ညောင်ဦးလေဆိပ် (English : Nyaung U Airport) သည် မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး မြို့နယ်တွင် တည်ရှိသည်။ ပုဂံမြို့နှင့် အနီးပတ်ဝန်းကျင် ဒေသများ၏ အဓိက လေကြောင်း ဝင်ပေါက်ဖြစ်သည်။ ပုဂံ-ညောင်ဦးလေဆိပ်အဖြစ် လူသိများသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာဖြင့် နိုင်ငံတကာခရီးစဉ်များ ဆင်းသက်ခွင့်ပြုလိုက်ပြီး အကောက်ခွန်လေဆိပ်အဖြစ် သတ်မှတ်လိုက်သောကြောင့် ညောင်ဦးလေဆိပ်သည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် နိုင်ငံတကာလေဆိပ်တစ်ခု ဖြစ်လာခဲ့သည်။
လေဆိပ်သည် ပင်လယ်ပြင်မျက်နှာပြင် အမြင့် ၃၁၂ ပေတွင် တည်ရှိသည်။ လေယာဉ်ပြေးလမ်းမှာ ကတ္တရာ အမျိုးအစားဖြစ်ပြီး ပေ ၈၅၀၀ (၂၅၉၁ မီတာ) ရှည်သည်။
လေကြောင်းလိုင်းများ နှင့် ပျံသန်းမှုများ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Airport information for VYBG from DAFIF (effective October 2006)
- ↑ Airport information for NYU at Great Circle Mapper. Source: DAFIF (effective October 2006).