မာတိကာသို့ ခုန်သွားရန်

တောင်ငူရှင်မင်းခေါင်

ဝီကီပီးဒီးယား မှ
တောင်ငူရှင်မင်းခေါင်နတ်

တောင်ငူရှင်မင်းနောင် သည် မြန်မာရိုးရာ ၃၇ မင်းစာရင်းဝင် နတ်တစ်ပါး ဖြစ်သည်။ တောင်ငူရှင်မင်းနောင်ကို သလွန်ထက်တွင် နန်းတွင်းအဝတ်အစားများဝတ်၍ ညာဖက်လက်တွင် ယပ်တောင်ကိုင်ကာ ဘယ်လက်အား ဒူးပေါ်တင်ပြီး ထိုင်နေပုံဖြင့် ပုံဖော်ရေးဆွဲထားသည်။[]

စာရေးဆရာ လှသမိန်၏ အဆိုအရ တောင်ငူရှင်မင်းနောင်နတ်သည် တောင်ငူမြို့စား တောင်ငူမင်းခေါင်ဖြစ်ပြီး ဘုရင့်နောင်၏ တတိယညီတော် ဖြစ်သည်ဟု ဆိုသည်။[] သို့သော်လည်း တောင်ငူမင်းခေါင်သည် သဘာဝအတိုင်းကွယ်လွန်ခြင်းဖြစ်ပြီး တောင်ငူမင်းခေါင်ငယ်မှာမူ လုပ်ကြံခံရကာ ကွယ်လွန်ခြင်း ဖြစ်သည်။[] ၃၇ မင်းနတ်များ၏ ဘဝဖြစ်စဉ်များသည် အစိမ်းသေများ ဖြစ်ကြပြီး နတ်အဖြစ် သတ်မှတ်ကြသော သတ်မှတ်ချက်တစ်ခုအနေဖြင့် ရှိသောကြောင့် ဤတောင်ငူရှင်မင်းနောင်နတ်သည် တောင်ငူမင်းခေါင် မဟုတ်ဘဲ တောင်ငူမင်းခေါင်ငယ် ဖြစ်နိုင်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ Hla Thamein, No. 35 Shin Mingaung of Taungoo
  2. Sein Lwin Lay 2006: 32–33

ကျမ်းပြုစာရင်း

[ပြင်ဆင်ရန်]
  • လှသမိန်။ Thirty-Seven Nats။ Yangonow။ 2006-06-24 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-08-28 တွင် ပြန်စစ်ပြီး။
  • စိန်လွင်လေး၊ ကထိက ဦး (1968)။ မင်းတရားရွှေထီးနှင့် ဘုရင့်နောင်:ကေတုမတီ တောင်ငူရာဇဝင် (2006, 2nd printing ed.)။ Yangon: Yan Aung Sarpay။