ရွှေနဘေနတ်

ဝီကီပီးဒီးယား မှ
ရွှေနဘေနတ်

ရွှေနဘေနတ်သည် အိမ်တွင်းနတ် ၇-ပါးမှ ပန်းပဲမောင်တင့်တယ် အိမ်တွင်း မင်းမဟာဂီရိနတ်၏ ဇနီးဖြစ်သည်။ နဂါးမင်း၏ သမီးတော် ရွှေနဘေ နဂါးမင်းသမီး ဖြစ်သည်။ တချို့စာများတွင် မင်းတုန်းမြို့သူ ဖြစ်သည်ဟု ဆိုသည်။ မောင်တင့်တယ်နှင့် ပေါင်းသင်း၍ သားနှစ်ယောက် မွေးဖွားခဲ့သည်။ ထိုသားတော်နှစ်ပါး၏ အမည်များမှာ ရှင်ဖြူ မြောက်မင်း ရှင်ဖြူ၊ ရှင်ညို တောင်မကြီး ရှင်ညို ဟူ၍ ဖြစ်လေသည်။ မောင်တင့်တယ်အား တကောင်းဘုရင် သတ်လိုက်သောသတင်းကို ကြား၍ ရင်ကွဲနာကျကာ ရွှေနဘေနတ် ဖြစ်လာသည်ဟု အဆိုရှိသည်။ ရွှေနဘေနတ်သည် အပြင် ၃၇ မင်း နတ်များတွင် ပါဝင်သည်။ ရွှေနဘေနတ်၏ နတ်ကွန်းသည် ပုပ္ပါးတောင်တွင် ရှိသည်။[၁]

ရွှေနပေနတ်သည် သရက်မြို့အနောက်ဘက်တွင်ရှိသော မင်းတုန်းမြို့သူဖြစ်သည်။ နဂါးနှင့် ညားပြီးနောက် လင်ပစ်သွားသဖြင့် စိတ္တဇနှင့်သေရာမှနတ်ဖြစ်သည်ဟု ဆိုသည်။ အချို့က ရွှေနပေသည် နဂါးမျိုးဖြစ်၍ မောင်တင့်တယ်နှင့် ပြေးလွှားနေရစဉ်တွင် ညားသည်။ ဥနှစ်လုံးမွေးဖွားပြီးသေ သည်ဟုဆိုသည်။ တစ်မျိုးကား ရွှေနပေသည် တောလုလင်တစ်ယောက်နှင့် ညားပြီးလျှင် လင်ပစ်သွားသဖြင့် စိတ္တဇနှင့် သေသည်ဟု ဆိုသည်။ နတ်ရုပ်မှာ ကြာခုံပေါ်တွင် မတ်ရပ်ထလျက် ဦးခေါင်းတွင် နဂါးလည်ပေါ် စည်းပုံဆောင်း၊ ဆူးနားတောင်း ပန်ထားသည်။ ယာလက်က ရင်ကိုပိုက်၍ ဝဲလက်က ကိုယ်ကိုမြှောင်၍ချထားသည်။[၂]

ရွှေနပေနတ်ကိုမူ သရေခေတ္တရာခေတ်မှ စတင်၍ မင်းတုန်းနယ်တွင် ယုံကြည်နေ ပြီဖြစ်သည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. မင်းရာမ ရေး ၃၇-မင်း နတ် သိမှတ်ဖွယ်ရာအဖြာဖြာ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနှစ်မင်း
  3. အောင်ခင်စိုး ရေး နတ်နှင့်လူ ဆက်ဆံရေးနည်းများ၊ ၂၀၀၁-ခုနှစ်၊ ပထမအကြိမ်၊ စာ-၁၄