ရွှေစကားနတ်
ပုံပန်းသွင်ပြင်
မယ်တော်ရွှေစကားနတ်သည် ပုဂံစောမွန်နစ်မင်း၏မိဖုရား၊ ရွှေစစ်သင်၏မယ်တော်ဖြစ်သည်။ သားတော် ရွှေစစ်သင် သေဆုံးရာ၌ လွမ်းဆွတ်ကြေကွဲ၍ အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ် မှာကြာခံခုံ၊ ကျုံ့ကျုံ့ထိုင်၊ ဝဲလက်ပေါင်ကိုထောက်၊ ယာလက်ကရင်ကို ပိုက်ဟန်ထုလုပ်ရသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနှစ်မင်း