ပင်းတလဲမင်း

ဝီကီပီးဒီးယား မှ
ပင်းတလဲမင်း
ဘုရင်
ပင်းတလဲမင်းသား
နန်းသက်၂၇ ဩဂုတ် ၁၆၄၈ – ၃ ဇွန် ၁၆၆၁
နန်းတက်ချိန်၁၉ အောက်တိုဘာ ၁၆၄၈
မြန်မာသက္ကရာဇ် ၁၀၁၀ တန်ဆောင်မုန်းလဆန်း ၃ ရက်
ရှေ့မင်းဆက်သာလွန်မင်း
ဆက်ခံသူပြည်မင်း
မွေးဖွား၂၃ မတ် ၁၆၀၈
မြန်မာသက္ကရာဇ် ၉၆၉၊ နှောင်းတန်ခူးလဆန်း ၆ ရက်၊ တနင်္ဂနွေ[၁]
ကွယ်လွန်၃ ဇွန်၊ ၁၆၆၁(1661-06-03) (အသက် ၅၃)
မြန်မာသက္ကရာဇ် ၁၀၂၃ နယုန်လဆန်း ၇ ရက် သောကြာနေ့
ချင်းတွင်းမြစ်
ထာဝရ အိပ်စက်ရာ နေရာချင်းတွင်းမြစ် (ရေချခံရ)
ကြင်ရာတော်အတုလစန္ဒာဒေဝီ[၂]
သားသမီးများသီရိဘုန်းထွတ်[၃]
မင်းရဲသိင်္ခသူ[၃]
အမည် အပြည့်အစုံ
သခင်ကျော်[၄]
မင်းရဲနန္ဒမိတ်
စံအိမ်တောင်ငူ
ခမည်းတော်သာလွန်မင်း
မယ်တော်ခင်မျိုးစစ်[၄]
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

သီရိနန္ဒသူရဓမ္မရာဇာ ဘွဲ့ခံ ပင်းတလဲမင်း(၁၆၄၈-၁၆၆၁)သည် ဖခင်သာလွန်မင်း နတ်ရွာစံလျှင် အင်းဝထီးနန်းကို စိုးစံသည်။ ၎င်းလက်ထက်တွင်လည်း ဖခင်သာလွန်မင်းကဲ့သို့ပင် စစ်သည်တော်များကို အစုအဖွဲ့အလိုက် စာရင်းများကောက်ယူစေခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် နိုင်ငံခြားသားများအနေဖြင့် မိမိနေရပ်သို့ ပြန်သောအခါတွင် မြန်မာနိုင်ငံရှိ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ရောင်းချခဲ့ခြင်းမပြုရန် အမိန့်ဖြင့် တားဆီးခဲ့သည်။ ၁၆၆၁ တွင်ညီတော်ပြည်မင်းက နောင်တော် ပင်းတလဲမင်းကို ဖမ်းဆီးနန်းချကာ နန်းတက်သည်။ နန်းတက်ပြီးနောက်တွင် ပင်းတလဲမင်းနှင့်အတူ မိဖုရားခေါင်ကြီး၊ အသက်ရှစ်နှစ် အရွယ်ရှိ သားတော် မင်းရဲသိင်္ခသူ[၃]၊ အသက်လေးနှစ်အရွယ်ရှိ မြေးတော်နရာဒိဗ္ဗ တို့ကို ရေချဖျောက်ဖျက်သည်။

  • အချို့ကျမ်းများတွင် ဘွဲ့အမည်ကို မင်းရဲရန္တမိတ် ဟုလည်းတွေ့ရပါသည်။

ကိုးကား

  1. မဟာရာဇဝင်တော်ကြီး၊ အတွဲ ၃ (၂၀၀၆)၊ စာ ၂၁၀
  2. မှန်နန်းရာဇဝင် အတွဲ (၃) ၂၀၀၃၊ စာ ၂၅၁
  3. ၃.၀ ၃.၁ ၃.၂ မှန်နန်းရာဇဝင် အတွဲ (၃) ၂၀၀၃၊ စာ ၂၆၈
  4. ၄.၀ ၄.၁ မှန်နန်းရာဇဝင် အတွဲ (၃) ၂၀၀၃၊ စာ ၂၄၉