အ.ထ.က (ခွဲ) မင်းဂံ

ဝီကီပီးဒီးယား မှ
အ.ထ.က. (ခွဲ) မင်းဂံ
တည်နေရာ
ပုသိမ်ကြီးမြို့နယ်, မန္တလေးတိုင်းဒေသကြီး
မြန်မာနိုင်ငံ
ကိုဩဒိနိတ်22°07′N 96°19′E / 22.117°N 96.317°E / 22.117; 96.317

အခြေခံပညာ အထက်တန်းကျောင်းခွဲ မင်းဂံသည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မင်းဂံရွာတွင် တည်ရှိသည်။ မင်းဂံရွာကို မင်းဂံရွာဟူ၍လည်းကောင်း မင်းကန်ရွာဟူ၍လည်းကောင်း ရေးထုံးနှစ်မျိုးလုံးကို သုံးပြီး ရေးလေ့ရှိသည်။ ထို့ကြောင့် အထက(ခွဲ) မင်းဂံ နှင့် အထက (ခွဲ)မင်းကန်မှာ အတူတူပင်ဖြစ်သည်။

မင်းဂံရွာ၏ မြောက်ဘက်နှင့် အရှေ့မြောက်ရှိ ဘုတ်ရွာ၊ သက္ကယ်ကျင်းရွာ၊ ဘိုင်ပင်ရွာ၊ အရှေ့ဘက်ရှိ တောစုရွာ၊ ထုံးဖိုရွာနှင့် ပိန္နဲရိုးရွာ၊ တောင်ဘက်ရှိ ဆင်ပွတ်ကြီးရွာ၊ အနောက်ဘက်ရှိ ဇီးတောရွာ၊ အင်္ကျယ်ရွာနှင့် အိမ်ရှေ့မင်းထန်းတောဟုလူသိများသော ထန်းဥယျာဉ်(ထန်းတော)တောင်ရွာနှင့်ထန်းဥယျာဉ်(ထန်းတော)မြောက်ရွာ၊ အနောက်မြောက်ဘက်ရှိ ကန်ပြင်ရွာနှင့် ရုံးပင်ရွာများမှ ကျောင်းသားကျောင်းသူများသည် မူလတန်းအဆင့်ကို ထိုရွာများရှိမူလတန်းကျောင်းများမှ အာင်မြင်သည်နှင့်တစ်ပြိုင်နက် အလယ်တန်းအဆင့်ကို အထက(ခွဲ)မင်းဂံတွင် ဆက်လက်သင်ယူကြသည်။


ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]