မာတိကာသို့ ခုန်သွားရန်

မင်းဂံဘုတ်ရွာ

ဝီကီပီးဒီးယား မှ
မင်းကန်ရွာ
မင်းကန်ရွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မင်းကန်ရွာ
မင်းကန်ရွာ
မင်းဂံကျေးရွာ တည်နေရာ
ကိုဩဒိနိတ်: 22°04′22″N 96°11′56″E / 22.0727996826172°N 96.1987686157227°E / 22.0727996826172; 96.1987686157227
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်မန္တလေးခရိုင်
မြို့နယ်ပုသိမ်ကြီးမြို့နယ်
ကျေးရွာအုပ်စုMingan
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)
ဘုတ်ရွာ
ဘုတ်ရွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဘုတ်ရွာ
ဘုတ်ရွာ
ဘုတ်ကျေးရွာ တည်နေရာ
ကိုဩဒိနိတ်: 22°04′43″N 96°12′22″E / 22.0786590576172°N 96.2062072753906°E / 22.0786590576172; 96.2062072753906
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်မန္တလေးခရိုင်
မြို့နယ်ပုသိမ်ကြီးမြို့နယ်
ကျေးရွာအုပ်စုဘုတ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မင်းဂံဘုတ်ရွာသည် မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်၊ မန္တလေးတူးမြောင်းမကြီး၏ တဖက်တွင် တည်ရှိသည်။ မင်းဂံဘုတ်ရွာဟု အလွယ်တကူခေါ်ကြသော်လည်း မင်းဂံရွာနှင့် ဘုတ်ရွာသည် တစ်ရွာစီဖြစ်သည်။ မင်းဂံရွာကို မင်းဂံရွာဟူ၍လည်းကောင်း မင်းကန်ရွာဟူ၍လည်းကောင်း ရေးထုံးနှစ်မျိုးလုံးကို သုံးပြီး ရေးလေ့ရှိကာ "မင်းဂံ"ဟုသာ အသံထွက်သည်။

မင်းကန်ရွာ

[ပြင်ဆင်ရန်]

မင်းဂံ(မင်းကန်)ဟူသောအမည်မှာ ရှေးမြန်မာမင်းများတူးဖော်ခဲ့သော ကန်အနီးတွင်တည်ရှိသည်ကို အစွဲပြုခေါ်ဝေါ်သည်ဟု သက်ကြီးစကား သက်ငယ်ကြားရင်း မှတ်သားရဖူးသည်။ မင်းဂံရွာ၏ အနောက်တောင်ဘက်ရှိ မြေနိမ့်ကွင်းပြင်ကျယ်ကြီးနေရာ၌ ထိုကန်ကြီးရှိခဲ့ဖူးသည်ဟု ဆိုကြသည်။

မင်းဂံရွာ၏ အနောက်အရပ်တွင် အင်္ကျယ်ရွာတည်ရှိသည်။ ပုဂံခေတ်က တောင်ပြုန်းမင်းနှစ်ပါးကြောင့် ရင်နင့်ဖွယ်အဖြစ်နှင့်ကြုံခဲ့ရသူ အင်္ကျယ်ရွာသူ မရွှေဥ၏ နေအိမ်တည်ရှိသောရွာ ဖြစ်သည်။

ဘုတ်ရွာ

[ပြင်ဆင်ရန်]

ဘုတ်ရွာမှာ မင်းဂံရွာ၏မြောက်ဘက်တွင်ရှိပြီး တစ်ခေါ်သာသာလောက်သာဝေးသည်။ ရှေးဟောင်းရွာများဖြစ်ကြပြီး ရှေးခေတ်စေတီပုထိုးများလည်းရှိသည်။ ဘုတ်ရွာ၏ မြောက်ဘက်တွင် သက္ကယ်ကျင်းရွာတည်ရှိသည်။ ထိုရွာတွင် နယ်ခံတို့၏ ပါးစပ်ရာဇဝင်အရ သီရိဓမ္မာအသောကမင်းကြီး သာသနာပြုစဉ်က ရေကန်ပေါင်းရှစ်သောင်းလေးထောင် စေတီပေါင်းရှစ်သောင်းလေးထောင်တွင်အပါအဝင်ဖြစ်ခဲ့ဖူးသည်ဆိုသော ရေကန်နှင့်စေတီဟောင်းလည်းရှိသည်။  

ပညာရေး

[ပြင်ဆင်ရန်]

မင်းကန်ရွာတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရှိသည်။

ဘုတ်ရွာတွင် အခြေခံပညာမူလတန်းကျောင်း ရှိသည်။

လူမှုရေး

[ပြင်ဆင်ရန်]

စီးပွားရေး

[ပြင်ဆင်ရန်]

အများအားဖြင့် တောင်သူ အလုပ်သာလုပ်ကိုင်ကြသည်။

ဆက်သွယ်ရေး

[ပြင်ဆင်ရန်]

အနီးပတ်ဝန်းကျင်ရွာများ

[ပြင်ဆင်ရန်]

မင်းဂံရွာ၏မြောက်ဘက်နှင့် အရှေ့မြောက်အရပ်တွင် ဘုတ်ရွာ သက္ကယ်ကျင်းရွာ နှင့် ဘိုင်ပင်ရွာတို့တည်ရှိသည်။ တည်ဆောက်ဆဲဖြစ်သော ဖောင်တော်ဦးအပြည်ပြည်ဆိုင်ရာတက္ကသိုလ်သည် ဘိုင်ပင်ရွာအနီးတွင်တည်ရှိသည်။

မင်းဂံရွာ၏ အရှေ့ဘက်တွင် တောစုရွာ ထုံးဖိုရွာနှင့် ပိန္နဲရိုးရွာတို့တည်ရှိသည်။ အဝါရောင်မျိုးဆက်သစ် (YGW)ပရဟိတမိဘမဲ့ကလေးများကျောင်းသည် တောစုရွာတောင်ဘက် အနီးအပါးတွင်တည်ရှိသည်။

မင်းဂံရွာ၏ တောင်ဘက်တွင် ဆင်ပွတ်ကြီးရွာ ဆင်ပွတ်ကလေး(ရုံးသာ)ရွာနှင့် ညောင်တော(မှန်ပင်)ရွာတို့တည်ရှိသည်။

မင်းဂံရွာ၏ အနောက်ဘက်တွင် ဇီးတောရွာ အင်္ကျယ်ရွာနှင့် အိမ်ရှေ့မင်းထန်းတောဟုလူသိများသော ထန်းဥယျာဉ်(ထန်းတော)တောင်ရွာနှင့်ထန်းဥယျာဉ်(ထန်းတော)မြောက်ရွာတို့တည်ရှိသည်။ ထိုရွာများ၏ မြောက်ဘက်တွင် ဂန္ဓမာရွာနှင့် ဒဟတ်တောရွာတို့တည်ရှိသည်။ မင်းဂံရွာ၏ အနောက်မြောက်ယွန်းယွန်းတွင်ရှိသည်။ ဇီးတောရွာမှ တစ်ပါး ကျန်ရွာများသည် ဆည်တော်ကြီးတူးမြောင်း၏ အနောက်ဘက်ခြမ်းရှိ ရွာများဖြစ်သည်။

မင်းဂံရွာ၏ အနောက်မြောက်ဘက်တွင် ကန်ပြင်ရွာ ရုံးပင်ရွာနှင့် ကံကြီးရွာတို့တည်ရှိသည်။ ကံကြီးရွာအနီးတွင် မန္တလေးကွန်ပျူတာတက္ကသိုလ်(ဒဟတ်တော)တည်ရှိသည်။

အခြားစိတ်ဝင်စားဖွယ်ရာများ

[ပြင်ဆင်ရန်]

ရှေးယခင်က မင်းဂံနှင့်ဘုတ်ရွာ၏ ရွာဦးကျောင်းထိုင်ဘုန်းတော်ကြီးများမှာ ရခိုင်အဆက်အနွယ်ဘုန်းတော်ကြီးများဖြစ်သည်။ ရခိုင်အနွယ်များ အခြေချနေထိုင်ခဲ့ကြဟန်ရှိသည်။ ရခိုင်ပြည်နယ်တွင်လည်း မင်းဂံရွာ ဘုတ်ရွာဟူသောအမည်များဖြင့် အမည်တူကျေးရွာများလည်းရှိနေသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။

နန်းတော်ရှေ့ဆရာတင်က မင်းဂံဘုတ်ရွာသူတွေ ချောကြောင်းလှကြောင်း တေးသီချင်းထဲတွင် ထည့်စပ်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]