ဆည်သည် (တောင်)ရွာ၊ စဉ့်ကူးမြို့နယ်
| ဆည်သည် (တောင်) | |
|---|---|
| ရွာ | |
| ဆည်သည် (တောင်)ရွာ | |
| မြန်မာနိုင်ငံတွင်း တည်နေရာ | |
| ကိုဩဒိနိတ်: 22°28′29″N 96°00′20″E / 22.474821491°N 96.0055861499°Eကိုဩဒိနိတ်: 22°28′29″N 96°00′20″E / 22.474821491°N 96.0055861499°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | |
| ခရိုင် | ပြင်ဦးလွင်ခရိုင် |
| မြို့နယ် | စဉ့်ကူးမြို့နယ် |
| ကျေးရွာအုပ်စု | ဆည်သည် |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ဆည်သည် (တောင်)ရွာ (အင်္ဂလိပ်: Sethei(South))သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ဆည်သည်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၀၁၆၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဆည်သည်ကျေးရွာအုပ်စုတွင် ကျား ၁၀၇၀ ဦး၊ မ ၁၃၅၈ ဦး၊ လူဦးရေ စုစုပေါင်း ၂၄၂၈ ဦးနေထိုင်သည်။ [၁]ဧရာဝတီမြစ်၏ မြစ်ရေဝင်ဒေသဖြစ်ပြီး မြစ်ရေပို့ချသော မြေနုနုံးမြေအမျိုးအစားဖြစ်သောဒေသဖြစ်သောကြောင့် မြေပဲကိုအထူးစိုက်ပျိုးသောဒေသဖြစ်သည်။ ဤရွာ၌ ရှေးယခင်ကတည်းက နွားတကောင်တပ်၍ အသုံးပြုသော ဆီဆုံအများအပြားတည်ရှိခဲ့သည်။ ရှေးယခင်ကတည်းက မြေပဲဆီ ထွက်သောရွာဖြစ်သောကြောင့် ဆီသည် (ဆီသယ်)ရွာဟုခေါ်တွင်လာဟန်ရှိသည်။ ကာလရွေ့လျော၍ “ဆီ”အစား “ဆည်” ဟုပြောင်းလဲသုံးကြသည်ဟုမှတ်ယူရပြီး ဤရွာ မြစ်ကမ်းပါးပြိုသောကြောင့်နောက်ဆုံးပြောင်းရွှေ့ခဲ့သောရွာ၌ရှိသော ဘုန်းတော်ကြီးကျောင်း၊ ဘုရားစသည်တို့၌ အလှူရှင် ကမ္ဗည်းထိုးထားသောမှတ်တမ်းများတွင်ဆီသည်ရွာဟုအသုံးအနှုံးများရှိခဲ့ဖူးသည်။
ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများဖြစ်သော ဝိပဿနာကျောင်းတိုက်၊ နတ်ကုန်းကျောင်းတိုက်၊ ကျောင်းသစ်ကြီးကျောင်းတိုက်နှင့် အေးစေကြီးကျောင်းတိုက် (မြောက်တောရကျောင်းတိုက်တိုက်) ဟူ၍ကျောင်းတိုက်(၄) တိုက်ရှိသည်။ အေးစေကြီးကျောင်းတိုက် ဆရာတော် ဦးရာဇိန္ဒသည် ယင်းနယ်၌ လူသိများသောဆရာတော်တပါးဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
| ဤ မန္တလေးတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |