အာဖရိက

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အာဖရိက(Africa)

ကမ္ဘာ့မြေပုံ

ဧရိယာ ၃၀၂၂၁၄၃၂ km²
(၁၁၆၆၈၅၉၉ sq mi)
လူဦးရေ ၉၂၂၀၁၁၀၀၀ (၂၀၀၅ ခုနှစ်)
လူဦးရေ
သိပ်သည်းမှု
၃၀.၅၁/km²
(၈၀/sq mi)
နိုင်ငံများ ၅၃
ဆက်စပ်နယ်မြေများ
ဘာသာများ
အချိန်ဇုန် UTC-1 (Cape Verde) to UTC+4 (Mauritius)


အာဖရိက သည် ကမ္ဘာပေါ်တွင် အာရှတိုက် ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးနှင့် ဒုတိယမြောက် လူဦးရေအများဆုံး တိုက်ကြီးဖြစ်သည်။ ကျွန်းများကိုပါ ထည့်တွက်လျှင် အကျယ်အဝန်း အားဖြင့် ၃၀.၂ သန်း စတုရန်းကီလိုမီတာ (စတုရန်းမိုင် ၁၁.၇ သန်း) မျှ ကျယ်ဝန်းပြီး ကမ္ဘာ့မျက်နှာပြင် စုစုပေါင်း၏ ၆ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်းမြေ စုစုပေါင်း၏ ၂၀.၄ ရာခိုင်နှုန်းကို နေရာယူထားသည်။ ၂၀၀၉ ခုနှစ် စာရင်းအရ နယ်မြေပေါင်း ၆၁ ခုတွင် လူဦးရေ ၁ ဘီလီယံမျှ ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၄.၇၂ ရာခိုင်နှုန်းမျှ ရှိသည်။

အာဖရိကတိုက်ကို မြောက်ဘက်တွင် မြေထဲပင်လယ်၊ အရှေ့မြောက်ဘက် ဆီနိုင်း ကျွန်းဆွယ် တလျှောက်တွင် ဆူးအက်တူးမြောင်း နှင့် ပင်လယ်နီ၊ အရှေ့တောင်ဘက်တွင် အိန္ဒိယသမုဒ္ဒရာ၊ အနောက်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာတို့က ဝန်းရံထားသည်။ အာဖရိကတိုက်တွင် အချုပ်အခြာ အာဏာပိုင် နိုင်ငံပေါင်း ၅၄ နိုင်ငံ ရှိပြီး မဒါဂတ်စကား နှင့် အခြား ကျွန်းများလည်း ပါဝင်သည်။

အာဖရိကတိုက်ကို သိပ္ပံပညာဆိုင်ရာ အသိုင်းအဝိုင်းက လူသားတို့ အစပြုရာ ဒေသအဖြစ် မှတ်ယူကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇ သန်းခန့်က လူဝံကြီးများ နှင့် သက်ဆိုင်သော အထောက်အထားကို အာဖရိကတွင် တွေ့ရှိရပြီး လွန်ခဲ့သော နှစ်ပေါင်း ၂ သိန်းကျော်က ဖြစ်ပေါ်ခဲ့သော အစောဆုံး လူသား၏ အထောက်အထားကို အီသီယိုးပီးယားနိုင်ငံ နေရာတွင် တွေ့ရှိရသည်။

အာဖရိကသည် အီကွေတာကို ခွလျှက် တည်ရှိပြီး ရာသီဥတု အမျိုးစုံ ရှိသည်။ မြောက်ကမ္ဘာလုံးခြမ်းရာသီဥတု မှ တောင်ကမ္ဘာလုံးခြမ်း ရာသီဥတုသို့ ဖြန့်ကျက်တည်ရှိနေသော တစ်ခုတည်းသော တိုက်ဖြစ်သည်။ အာဖရိကတိုက်၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၂၀၁၀ ခုနှစ်တွင် ၅ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ၅.၅ ရာခိုင်နှုန်း ဖြစ်သည်။

မာတိကာ

အမည်မှည့်ခေါ်ခြင်း[ပြင်​ဆင်​ရန်​]

အာဖရိ (Afri ) ဆိုသည်မှာ လက်တင်ဘာသာတွင် ယခု တူနီးရှားနိုင်ငံ နေရာ မြောက်အာဖရိကတွင် နေထိုင်ခဲ့သော ကာသေ့လူမျိုးတို့ကို ရည်ညွှန်းခေါ်ဆိုသော အမည် ဖြစ်သည်။ ထိုအမည်ကို မြေမှုန် ဟု အဓိပ္ပာယ်ရသည့် ဖိုနီးရှန်း ဘာသာစကား အာဖာ (afar) နှင့် ဆက်စပ် စဉ်းစားခဲ့ကြသည်။ သို့သော်လည်း ၁၉၈၁ ခုနှစ်တွင် ဖော်ထုတ်ခဲ့သော သီအိုရီအရ ကျောက်ဂူ ဟု အဓိပ္ပာယ်ရသည့် မြောက်အာဖရိကသုံး ဘာဘာ ဘာသာစကား အီဖရီ (ifri ) နှင့် အီဖရန် (ifran) မှ ဆင်းသက်လာသည်ဟု ကောက်ချက်ချခဲ့ကြသည်။ ကျောက်ဂူအတွင်း နေထိုင်ကြသူတို့ကို ရည်ညွှန်းခြင်းပင် ဖြစ်သည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]


ကျောက်ခေတ်သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

လွန်ခဲ့သော နှစ်သန်းပေါင်း ၂၅၀ နှင့် ၆၅ သန်းကြား မီဆိုဇိုးရစ်ခေတ် ဟု ခေါ်တွင်သော အချိန်က အာဖရိကတိုက်သည် အခြားတိုက်ကြီးများနှင့် ပေါင်းစပ်လျှက် ပန်ဂီယာဟုခေါ်သည့် ဧရာမတိုက်ကြီးတစ်ခု အဖြစ် တည်ရှိနေခဲ့သည်။ ထိုအချိန်က သယ်ရိုပေါ့ဒ်၊ ပရိုဆောရိုပေါ့ဒ် အစရှိသည့် ဒိုင်နိုဆောများ ကျင်လည်ကျက်စားရာ နေရာဖြစ်ခဲ့သည်။ ထရိုင်ရပ်ဆစ်ခေတ်ဟု ခေါ်သည့် လွန်ခဲ့သော နှစ်သန်းပေါင်း ၂၅၀ နှင့် ၂၀၀ ကြားကာလ နှောင်းပိုင်းခေတ်မှ ကျောက်ဖြစ်ရုပ်ကြွင်းများကို အာဖရိက တနံတလျားတွင် တွေ့ရသည်။ သို့သော်လည်း တောင်ဘက်တွင် မြောက်ဘက်ထက် ပို၍ တွေ့ရလေ့ ရှိသည်။ ထရိုင်ရပ်ဆစ်ခေတ်မှ ဂျူရပ်ဆစ်ခေတ် (လွန်ခဲ့သော နှစ်သန်းပေါင်း ၂၀၀ မှ နှစ်သန်းပေါင်း ၁၄၅ အတွင်း) သို့ပြောင်းလဲသော ကာလကိုမူ စေ့ငှစွာ လေ့လာခြင်း မပြုရသေးပေ။[၁]

အစောပိုင်း ဂျူရပ်ဆစ်ခေတ်တွင်လည်း ထရိုင်ရပ်ဆစ်ခေတ် နှောင်းပိုင်း ကာလကဲ့သို့ပင် ကျောက်ဖြစ်ရုပ်ကြွင်းများကို တောင်ဘက်ပိုင်း၌ မြောက်ဘက်ပိုင်းထက် ပို၍ တွေ့ရသည်။ ဂျူရပ်ဆစ်ခေတ် အတွင်းသို့ ချင်းနင်းဝင်ရောက်လာသည်နှင့် ဆောရိုပေါ့ဒ်နှင့် အော်နီသိုပေါ့ဒ် အစရှိသော ဒိုင်နိုဆော အုပ်စုများ အာဖရိက တဝှမ်းတွင် အများအပြား ဖြစ်လာခဲ့သည်။ ဂျူရပ်ဆစ်ခေတ် အလယ်ပိုင်းကိုမူ အာဖရိကတွင် သေချာစွာ လေ့လာခြင်း မပြုရသေးပေ။ ဂျူရပ်ဆစ်ခေတ် နှောင်းပိုင်းကာလတွင်လည်း တန်ဇေးနီးယားရှိ တန်ဒါဂူရူး ကျောက်ဖြစ်ရုပ်ကြွင်း အလွှာမှ လွဲလျှင် များများစားစား ပြစရာ မရှိပေ။ ဂျူရပ်ဆစ်ခေတ် နှောင်းပိုင်းကာလရှိ တန်ဒါဂူရူး ကျောက်ဖြစ်ရုပ်ကြွင်းမှ သက်ရှိများသည် မြောက်အမေရိက အနောက်ပိုင်း ဖြစ်ပေါ်ခဲ့သော အရာများနှင့် ဆင်တူလေသည်။

မီဆိုဇိုးရစ်ခေတ် အလယ် လွန်ခဲ့သော နှစ်သန်းပေါင်း ၁၅၀-၁၆၀ ခန့်တွင် မဒါဂတ်စကားကျွန်း သည် အာဖရိကတိုက်မှ ကွဲထွက်သွားခဲ့သည်။ သို့သော်လည်း ၎င်းသည် အိန္ဒိယတိုက်နှင့် အခြားသော ဂေါဒွာနာ တိုက်ကြီးနှင့် ဆက်စပ်လျှက် ရှိနေသေးသည်။ မဒါဂတ်စကားတွင် တွေ့ရသော ကျောက်ဖြစ်ရုပ်ကြွင်းများတွင် အဘယ်လီဆော နှင့် တိုင်တန်နီဆောတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများ ပါဝင်သည်။

အာဖရိက သယ်ရိုပေါ့ဒ် စပိုင်နိုဆောရပ်စ်အား အကြီးဆုံး အသားစား ဒိုင်နိုဆော အဖြစ် သိကြသည်။

ခရီတေးရှပ်စ်ခေတ် အစောပိုင်း (လွန်ခဲ့သော နှစ်သန်းပေါင်း ၁၄၆ သန်းမှ သန်း ၁၀၀ အတွင်း) တွင် အိန္ဒိယ-မဒါဂတ်စကား ကုန်းမြေပြင်သည် ဂေါဒွာနာ တိုက်ကြီးမှ ကွဲထွက်သွားခဲ့သည်။ ခရီတေးရှပ်စ်ခေတ် နှောင်းပိုင်း (လွန်ခဲ့သော နှစ်သန်းပေါင်း ၁၀၀ မှ ၆၅ သန်းအတွင်း)တွင်မူ မဒါဂတ်စကားနှင့် အိန္ဒိယတို့ ကွဲထွက်သွားခဲ့ပြီး ယနေ့ခေတ် နေရာများသို့ ရွေ့လျား ရောက်ရှိခဲ့ကြသည်။

မဒါဂတ်စကားနှင့် မတူ ကွဲပြားခြားနားစွာပင် အာဖရိက ကုန်းမကြီးမှာ မီဆိုဇိုးရစ်ခေတ် တလျှောက်တွင် နေရာ ပြောင်းလဲခြင်း မရှိခဲ့ပေ။ သို့သော်လည်း ပန်ဂီယာတိုက်ကြီး ဆက်လက်ကွဲထွက်သွားသည်နှင့် အမျှ အဓိကကျသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။ ခရီတေးရှပ်စ်ခေတ် နှောင်းပိုင်း စသည့် အခါတွင် တောင်အမေရိကသည် အာဖရိက မှ ကွဲထွက်သွားခဲ့ပြီး အတ္တလန္တိတ် သမုဒ္ဒရာတောင်ပိုင်းသို့ ရွေ့လျား သွားခဲ့သည်။ ထိုအဖြစ်အပျက်က သမုဒ္ဒရာ ရေစီးကြောင်းများကို ပြောင်းလဲစေခဲ့သဖြင့် ကမ္ဘာ့ရာသီဥတုကို ပြင်းထန်စွာ အပြောင်းအလဲ ဖြစ်စေခဲ့သည်။

ခရီတေးရှပ်စ်ခေတ် အတွင်းတွင် အာဖရိက၌ အာလိုဆောရပ်စ်နှင့် စပိုင်နိုဆောရပ်စ် အစရှိသော ဒိုင်နိုဆောများ အများအပြား ကျက်စားခဲ့ကြပြီး အကြီးဆုံး အသားစား ဒိုင်နိုဆောလည်း ပါဝင်သည်။ တိုင်တန်နိုဆော များမှာ ရှေးခေတ် ဂေဟစနစ်တွင် အသီးအရွက်စားသော သတ္တဝါများသာ ဖြစ်ခဲ့သည်။ ခရီတေးရှပ်စ်ခေတ်မှ ရုပ်ကြွင်းများကို တွေ့ရသော နေရာများသည် ဂျူရပ်ဆစ် ခေတ်ထက် ပို၍ များသည်။ သို့သော်လည်း ရေဒီယိုသတ္တိကြွစနစ် ဖြင့် အချိန်ကာလ အပိုင်းအခြား အတိအကျကို သိရှိနိုင်ရန် ခက်ခဲသောကြောင့် ၎င်းတို့၏ သက်တမ်း အတိအကျကို သိရှိနိုင်ရန် ခက်ခဲသည်။ မာလဝီနိုင်ငံတွင် ကွင်းဆင်း သုတေသနပြုခဲ့သော နိခါတကဗေဒပညာရှင် လူးဝစ်ဂျက်ကော့ဘ်၏ အဆိုအရ အာဖရိက ကျောက်လွှာများသည် ကွင်းဆင်းလေ့လာရန် အများအပြား လိုအပ်ပြီး အသစ်တွေ့ရှိမှုများ အများအပြား ရှိနိုင်သေးသည်ဟု ဆိုခဲ့သည်။

သမိုင်းမတင်မီခေတ်[ပြင်​ဆင်​ရန်​]

လူနှင့် တူသော အစောပိုင်း မျိုးစိတ်မှ လူစီ၏ အရိုးစု။ ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၄ တွင် အီသီယိုးပီးယားနိုင်ငံ အဝပ်ရှ်တောင်ကြားတွင် ရှာဖွေတွေ့ရှိခဲ့သည်။

နိခါတကမနုဿဗေဒပညာရှင် (paleoanthropologist) များက အာဖရိကကို ကမ္ဘာပေါ်တွင် အစောဆုံး နေထိုင်ခဲ့သော နယ်မြေဖြစ်ပြီး လူသား ဆိုသည်မှာ အာဖရိကတိုက်တွင် စတင်ပေါ်ပေါက်ခဲ့သည်ဟုလည်း ယူဆထားကြသည်။.[၂][၃] လွန်ခဲ့သော နှစ်ပေါင်း ၇ သန်းခန့်က စပြီး လူသားတို့ နေထိုင်ခဲ့ကြောင်း အထောက်အထားများနှင့် ကျောက်ဖြစ်ရုပ်ကြွင်းများကို ၂၀ ရာစု အလယ်ပိုင်းတွင် မနုဿဗေဒပညာရှင်တို့ တွေ့ရှိခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃.၉ သန်းမှ ၁.၄ သန်း အတွင်းတွင် အသက်ရှင် နေထိုင် ခဲ့ကြပြီး လူသားအဖြစ် ဆင့်ကဲပြောင်းလဲ ဖြစ်ပေါ်လာသည်ဟု ယူဆရသော လူဝံနှင့် တူသော သတ္တဝါတို့၏ ကျောက်ဖြစ်ရုပ်ကြွင်း များကိုလည်း အာဖရိကတွင် ရှာဖွေတွေ့ရှိခဲ့သည်။

သမိုင်းမတင်မီ ကာလ၌ အာဖရိကတွင်လည်း အခြားတိုက်ကြီးများကဲ့သို့ပင် တိုင်းပြည် နိုင်ငံဟူ၍ မရှိခဲ့ပေ။ ခွိုင် (Khoi) နှင့် ဆန် (San) အစရှိသော မုဆိုးနှင့် ရှာဖွေစုဆောင်းသူ အုပ်စုများအနေနှင့် နေထိုင်ခဲ့ကြသည်။[၄][၅][၆]

ဘီစီ ၁၀,၅၀၀ ခန့် ရေခဲခေတ် ပြီးဆုံးသည့် အချိန်ကာလလောက်တွင် ဆဟာရ သဲကန္တာရ နေရာသည် စိမ်းစိုပြီး မြေဩဇာကောင်းသော တောင်ကြား နေရာတစ်ခု တစ်ဖန် ဖြစ်ခဲ့ပြန်သည်။ အာဖရိကနေထိုင်သူတို့သည် အာဖရိက အတွင်းပိုင်းနှင့် ဆဟာရ တောင်ပိုင်း ကမ်းရိုးတန်း ကုန်းမြင့်များမှ ဆာဟာရ သဲကန္တာရ နေရာသို့ ပြန်လာခဲ့ကြသည်။ သို့သော်လည်း ဘီစီ ၅၀၀၀ ခန့်တွင် ဖြစ်ခဲ့သော ပူပြင်းခြောက်သွေ့သည့် ရာသီဥတုများကြောင့် ဆာဟာရ ဒေသမှာ ခြောက်သွေ့ကြမ်းတမ်းသော ဒေသအဖြစ် ပြောင်းလဲလာခဲ့သည်။ ထိုနေရာမှာ လူများသည် နိုင်းတောင်ကြား နေရာဆီသို့ ပြောင်းရွှေ့ခဲ့ကြပြီး ထိုနေရာတွင် အခြေချ နေထိုင်ခဲ့ကြသည်။ ရာသီဥတု ဆိုးရွာလာခဲ့ပြီး အာဖရိက အလယ်ပိုင်း နှင့် အရှေ့ပိုင်းတွင် သည်းထန်စွာ အမြဲရွာသွန်းလေ့ ရှိသော မိုးရွာသွန်းမှုများ လျော့နည်းလာခဲ့သည်။ ထိုအချိန်မှစ၍ အာဖရိက အရှေ့ပိုင်းတွင် ပူပြင်းခြောက်သွေ့သော အနေအထားဖြစ်လာခဲ့ပြီး အီသီယိုးပီးယားနိုင်ငံ နေရာတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ အတွင်း ခြောက်သွေ့သည်ထက် ခြောက်သွေ့လာခဲ့သည်။

အာဖရိကတွင် ကျွဲနွားများကို ယဉ်ပါးအောင် ပြုလုပ်ပြီး မွေးမြူခြင်းသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း မစတင်မီ မုဆိုးနှင့် ရှာဖွေစုဆောင်းသူ ယဉ်ကျေးမှု ရှိစဉ်ကတည်းက လုပ်ဆောင်ခဲ့ကြသည်။ ဘီစီ ၆၀၀၀ ခန့်ကပင် မြောက်အာဖရိကတွင် ကျွဲနွားတိရိစ္ဆာန်များကို ယဉ်ပါးအောင် ပြုလုပ်ပြီး မွေးမြူခဲ့ကြောင်း ခန့်မှန်းကြသည်။ [၇] ဆာဟာရ-နိုင်းဒေသတွင် သတ္တဝါပေါင်း မြောက်များစွာကို ယဉ်ပါးအောင် ပြုလုပ်မွေးမြူခဲ့ကြသည်မှာ မြည်းနှင့် အယ်လ်ဂျီးရီးယားမှ နျူဘီးယား အထိ တွေ့ရသော ချိုလိမ်ဆိတ်အသေးစားများလည်း အပါအဝင်ဖြစ်သည်။

ဘီစီ ၄၀၀၀ ခန့်တွင် ဆဟာရ ဒေသမှာ အလွန်လျှင်မြန်သောနှုန်းဖြင့် ခြောက်သွေ့လာခဲ့သည်။[၈] ထိုသို့ ရာသီဥတုပြောင်းလဲမှုကြောင့် ရေကန်များ နှင့် မြစ်များ ကျုံ့ဝင်ပြီး သဲကန္တာရ အသွင်သို့ ပြောင်းလာခဲ့သည်။ ထို့အတွက်ကြောင့် လူတို့ အခြေချ နေထိုင်နိုင်သော နေရာ လျော့နည်းလာခဲ့ပြီး လယ်ယာစိုက်ပျိုးသည့် လူ့အဖွဲ့အစည်းများကို အနောက်အာဖရိကသို့ ပြောင်းရွှေ့စေရန် အကြောင်းအချက် တစ်ခု ဖြစ်လာခဲ့လေသည်။[၈]

ဘီစီ ၁ ရာစု၌ မြောက်အာဖရိကတွင် သံထည်လုပ်ငန်း စတင်ပေါ်ထွန်းခဲ့ပြီး ဆဟာရ တစ်လျှောက် ပျံ့နှံ့စေခဲ့ကာ ဆဟာရ တောင်ပိုင်းဒေသ၏ မြောက်ဘက်အပိုင်းသို့ တိုင်အောင် ပျံ့နှံ့ခဲ့လေသည်။ [၉] ဘီစီ ၅၀၀ သို့ ရောက်သောအခါတွင် သံထည်လုပ်ငန်းသည် အနောက်အာဖရိကတွင် အများအပြား ဖြစ်လာခဲ့သည်။ သံထည်လုပ်ငန်းသည် အရှေ့နှင့် အနောက်အာဖရိက ဒေသများတွင် ကောင်းမွန်စွာဖြစ်ထွန်းလာခဲ့ပြီ ဖြစ်သော်လည်း အခြားဒေသများတွင် အေဒီ အစောပိုင်း ရာစုနှစ်များမှ စတင်ခဲ့ကြသည်။ အနောက်အာဖရိကတွင် တူးဖော်တွေ့ရှိခဲ့သော ပစ္စည်းများတွင် အီဂျစ်၊ မြောက်အာဖရိက၊ နျူဘီးယားနှင့် အီသီယိုးပီးယားတို့မှ ဘီစီ ၅၀၀ ခန့်တွင် သုံးခဲ့သော ကြေးနီပစ္စည်းများ ပါဝင်သဖြင့် ထိုအချိန်ကပင် ဆဟာရ သဲကန္တာရကို ဖြတ်၍ ကုန်သွယ်မှု ပြုနေကြပြီး ဖြစ်ကြောင်း ယူဆနိုင်သည်။[၈]

အစောပိုင်း ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများ[ပြင်​ဆင်​ရန်​]

ဘီစီ ၁၄၀၀ ခန့်မှ ဖာရိုဘုရင် ရမ်မစီ ၂၏ ရုပ်ထုများကို အီဂျစ်နိုင်ငံ အဘူဆင်ဘယ်လ်တွင် တွေ့ရပုံ

ဘီစီ ၃၃၀၀ ခန့်တွင် မြောက်အာဖရိကရှိ ရှေးဟောင်းအီဂျစ် ဖာရို ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတွင် စာရေးသားမှု စတင်ခဲ့ပြီး သမိုင်းမှတ်တမ်းများ စတင်ရေးသားလာခဲ့သည်။[၁၀] အီဂျစ်ပြည်သည် ကမ္ဘာပေါ်တွင် အစောဆုံးနှင့် အရှည်ကြာဆုံး ရပ်တည်ခဲ့သော ယဉ်ကျေးမှု လူ့အဖွဲ့အစည်းဖြစ်ပြီး ဘီစီ ၃၄၃ ခုနှစ် ခန့် အထိ ဆက်လက် တည်ရှိခဲ့သည်။[၁၁][၁၂] အီဂျစ်တို့၏ ဩဇာလွှမ်းမိုးမှုမှာ ယနေ့ခေတ် လစ်ဗျားနိုင်ငံ၊ မြောက်ဘက်တွင် ခရိ[၁၃] နှင့် ကန်နန်၊ တောင်ဘက်တွင် အက်ဆုန်ပြည်နှင့် နျူဘီယာ အထိ ရောက်ရှိခဲ့သည်။

အာဖရိက အနောက်မြောက် ကမ်းရိုးတန်း ကာသေ့တွင် တိုင်ရာ (ယနေ့ လက်ဘနွန်နိုင်ငံ) မှ ဖိုနီးရှား လူမျိုးတို့က သီးခြား ယဉ်ကျေးမှု လူ့အဖွဲ့အစည်း တစ်ခုကို တည်ထောင်ခဲ့ပြီး ဖိုနီးရှားနှင့် စီးပွားရေး အဆက်အသွယ် ပြုခဲ့သည်။ [၁၄][၁၅][၁၆]

ဥရောပသားတို့ အာဖရိကတွင် စူးစမ်းရှာဖွေခြင်းကို ရှေးဟောင်းဂရိ နှင့် ရောမ လူမျိုးတို့မှ စတင်ခဲ့သည်။ ဘီစီ ၃၃၂ တွင် မဟာအလက်ဇန္ဒား အား ပါရှန်းတို့ သိမ်းပိုက်ထားသော အီဂျစ်ပြည်တွင် လွတ်လပ်ရေး ဖော်ဆောင်ပေးသူ အဖြစ် ကြိုဆိုခဲ့ကြသည်။ သူသည် အီဂျစ်နိုင်ငံ တွင် အလက်ဇန္ဒရီးယားမြို့ကို တည်ထောင်ခဲ့ပြီး သူ ကွယ်လွန်သွားပြီးနောက် တော်လေးမစ် မျိုးနွယ်စုတို့၏ ချမ်းသာကြွယ်ဝသော မြို့တော် တစ်ခု ဖြစ်လာခဲ့သည်။[၁၇] ရောမအင်ပါယာမှ မြောက်အာဖရိက မြေထဲပင်လယ် ကမ်းရိုးတန်းကို အောင်မြင်ပြီးသည့် နောက်တွင် ထိုဒေသအား ရောမ စနစ်သို့ စီးပွားရေး နှင့် ယဉ်ကျေးမှုအရ သိမ်းသွင်းခဲ့သည်။ ရောမတို့သည် ကမ်းရိုးတန်း တစ်နေရာ ယနေ့ခေတ် တူနီးရှားနိုင်ငံ နေရာတွင် အခြေချခဲ့ကြသည်။ ပါလက်စတိုင်းမှ လာသော ခရစ်ယာန်ဘာသာသည် အီဂျစ်နိုင်ငံတဆင့် ဤဒေသများသို့ ပျံ့နှံ့လာခဲ့သည်။ တောင်ဘက် ရောမအင်ပိုင်ယာ၏ ပိုင်နက် အလွန် နျူဘီးယား စသည့် နေရာများသို့လည်း ပျံ့နှံသွားခဲ့ပြီး ၆ ရာစုတွင် အီသီယိုးပီးယားနိုင်ငံ အထိ ပျံ့နှံ့ခဲ့လေသည်။

၇ ရာစု အစောပိုင်းတွင် အသစ်ပေါ်ပေါက်လာခဲ့သော အာရပ်တို့၏ အစ္စလာမ် ဘာသာ အခြေခံသော အစိုးရ စနစ်သည် အီဂျစ်သို့ ပျံ့နှံ့ရောက်ရှိခဲ့ပြီး ထိုမှတဆင့် မြောက်အာဖရိက အထိ ရောက်ရှိခဲ့သည်။ ခဏအတွင်းမှာပင် ဒေသခံ ဘာဘာ အထက်တန်းလွှာ လူတန်းစား တို့သည် မွတ်ဆလင် အာရပ် မျိုးနွယ်စုတို့နှင့် ပေါင်းစည်းသွားခဲ့သည်။ ၈ ရာစု အတွင်း အွမ်မာရတ် (Ummayad) ၏ မြို့တော် ဒမားစကတ်မြို့ ကျဆုံးသည့် အခါတွင် မြေထဲပင်လယ်ရှိ အစ္စလာမ်တို့၏ ဗဟိုဌာနသည် ဆီးရီးယားမှ မြောက်အာဖရိကရှိ ကွေရာဝမ် (Qayrawan) သို့ ရွှေ့ပြောင်းသွားခဲ့သည်။ အစ္စလာမ် ဘာသာရေးစနစ် ကျင့်သုံးသော မြောက်အာဖရိကတွင် လူ အမျိုးမျိုး ရှိပြီး ဘာသာရေးပညာရှင်များ၊ ပညာတတ်များ၊ ဥပဒေပညာရှင်များ၊ အတွေးခေါ် ပညာရှင်များ ပေါ်ထွန်းခဲ့သည်။ ထိုအချိန်ကာလ အတွင်းတွင် အစ္စလာမ်ဘာသာသည် ကုန်သွယ်ရေး လမ်းကြောင်းများ၊ ရွှေ့ပြောင်းနေထိုင်မှုများမှတဆင့် ဆဟာရ တောင်ပိုင်း အထိ ပျံ့နှံ့သွားခဲ့သည်။[၁၈]

၉ ရာစုမှ ၁၈ ရာစုအတွင်း[ပြင်​ဆင်​ရန်​]

ဘာဂွီမီတိုင်းပြည်မှ သံချပ်ဝတ် အာဖရိက မြင်းသည်တော် တစ်ဦး
ယခု ဗြိတိသျှပြတိုက်တွင် တွေ့ရသော ၉ ရာစု အစ်ဂ်ဘို အွတ်ဝူးမြို့မှ အစ်ဂဘိုတို့၏ ကြေးထည်။[၁၉]

ကိုလိုနီခေတ် မတိုင်မီ အာဖရိကတွင် တိုင်းပြည်နှင့် လူမျိုးအစုအဝေးပေါင်း ၁ သောင်း ခန့်အထိ ရှိနိုင်ပြီး[၂၀] အမျိုးမျိုး ကွဲပြားသော နိုင်ငံရေး အဖွဲ့အစည်းများနှင့် အုပ်ချုပ်မှုများ အဖြစ် တည်ရှိကြသည်။ ထိုအထဲတွင် အာဖရိက တောင်ပိုင်းရှိ ဆန် (San) ကဲ့သို့သော မုဆိုးနှင့် ရှာဖွေစုဆောင်းသူ အုပ်စု အသေးစားများမှ စ၍ ပို၍ကြီးမားပြီး စနစ်ကျသော အာဖရိက အလယ်ပိုင်းနှင့် တောင်ပိုင်းမှ ဘန်တူ ဘာသာစကားပြောသော မိသားစု အဖွဲ့အစည်းများ၊ ပိုမို၍ စနစ်တကျ စုစည်းထားသော အာဖရိက ဦးချိုဒေသ ရှိ မျိုးနွယ်စုများ၊ ကြီးမားသော ဆာဟီလီယန် တိုင်းပြည်၊ အနောက် အာဖရိကရှိ ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိသော အာကန်၊ ရိုယူဘာ၊ အစ်ဂဘို လူမျိုးတို့၏ မြို့များ နှင့် တိုင်းပြည်များ၊ အရှေ့အာဖရိကရှိ ဆွာဟီလီ တို့၏ ကမ်းရိုးတန်း ကုန်သွယ်ရေးမြို့များ ပါဝင်သည်။

၉ရာစုသို့ ရောက်သော အခါတွင် အစောဆုံး ဖြစ်ပေါ်ခဲ့သော ဟောဆာတိုင်းပြည် အပါအဝင် အခြားတိုင်းပြည်များသည် ဆဟာရတောင်ပိုင်း အနောက်ပိုင်း ဒေသမှ ဆာဗားနား မြက်ခင်းပြင် ဒေသများကိုဖြတ်၍ ဆူဒန် အလယ်ပိုင်း အထိ ချဲ့ထွင်လာခဲ့သည်။ ထိုတိုင်းပြည်များတွင် အင်အားအကြီးဆုံးမှာ ဂါနာပြည်၊ ဂေါပြည်၊ ကာနမ်-ဘော်နု အင်ပိုင်ယာ စသည်တို့ ဖြစ်ကြသည်။ ဂါနာသည် ၁၁ ရာစုတွင် အင်အား ကျဆင်းလာခဲ့ပြီး မာလီ အင်ပိုင်ယာ မှ ၎င်း၏ နေရာတွင် ဆက်ခံခဲ့သည်။ မာလီအင်ပိုင်ယာမှ ၁၃ ရာစု အတွင်း ဆူဒန်အနောက်ပိုင်းဒေသများကို စုစည်းခဲ့သည်။ ကာနမ်တို့က ၁၁ ရာစုတွင် အစ္စလာမ် ဘာသာကို စတင် ကျင့်သုံးခဲ့သည်။

အနောက်အာဖရိက ကမ်းရိုးတန်းရှိ တောထူထပ်သော ဒေသများတွင် မြောက်ဘက် မွတ်ဆလင်ဒေသများ၏ လွှမ်းမိုးမှု အနည်းငယ်သာ ရှိပြီး လွတ်လပ်သော တိုင်းပြည်များ ပေါ်ထွန်းလာခဲ့သည်။ အစ်ဂ်ဘို လူမျိုးတို့၏ နရီပြည်သည် ၉ ရာစုတွင် စတင် တည်ထောင်ခဲ့ပြီး ပထမဆုံး ထူထောင်ခဲ့သော တိုင်းပြည်များတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ယနေ့ခေတ် နိုင်ဂျီးရီးယားနိုင်ငံ နေရာတွင် ရှေးအကျဆုံးသော တိုင်းပြည်ဖြစ်ပြီး အက်ဇ်နရီမှ အုပ်ချုပ်မင်းလုပ်ခဲ့သည်။ အစ်ဂ်ဘိုတို့၏ တိုင်းပြည်သည် ၎င်းတို့ ဖန်တီး ထုတ်လုပ်ခဲ့သော ကြေးထည် အမျိုးမျိုးကြောင့် ထင်ရှားပြီး ၎င်းတို့ကို အစ်ဂ်ဘို အွတ်ဝူးမြို့တွင် တွေ့ရသည်။ ထိုကြေးထည်များမှ ၉ ရာစုတွင် ပြုလုပ်ခဲ့ကြောင်း အထောက်အထားများ အရ သိရသည်။[၂၁]

အရှန်တီတို့၏ ယမ်ပွဲတော် (သောမတ်စ် အီး ဘောဒစ်ရှ် ၁၉ ရာစု)

အီဖေးပြည်မှ အိုနီ ဟုခေါ်သော ဘာသာတရား ကိုင်းရှိုင်းသော ဘုရင်တစ်ယောက်က ရိုယူဘာ လူမျိုးတို့၏ တိုင်းပြည် အီဖေး (Ife) ကို တည်ထောင်ခဲ့သည်။ အီဖေးပြည်သည် အာဖရိကတွင် အဓိက ဘာသာရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ အချက်အခြာ ဌာနတစ်ခု ဖြစ်ပြီး သူ့ လက်ရာနှင့် သူ သီးသန့်ရှိနေသော ကြေးသွန်း ရုပ်ထုများကြောင့် ထင်ရှားသည်။ အီဖေး၏ ပုံစံကို အတုယူ၍ အိုယိုမှ အလာဖင်က အိုယို (Oyo) တိုင်းပြည်ကို ထူထောင်ခဲ့ပြီး ရိုယူဘာ လူမျိုးများ အပြင် အခြား ရိုယူဘာ မဟုတ်သော လူမျိုးများကို အိုယိုမှ အုပ်ချုပ်ခဲ့သည်။ ဒါဟိုမေး မှ ဖောင်တိုင်းပြည်သည် အိုယိုပြည်မှ အုပ်ချုပ်သော ရိုယူဘာ မဟုတ်သည့် အခြားလူမျိုးတို့၏ တိုင်းပြည်ဖြစ်သည်။

အယ်လ်မိုရာဗစ်သည် ဆာဟာရမှ ဘာဘာလူမျိုးတို့၏ ဆွေမျိုးစု တစ်ခုဖြစ်ပြီး ၁၁ ရာစု အတွင်းတွင် မြောက်အာဖရိကရှိ ဧရိယာ အတော်များများမှ အိုင်ဘေးရီးယန်း ကျွန်းဆွယ်အထိ ပျံ့နှံ့နေထိုင်ခဲ့သည်။[၂၂] ဘာနု ဟီလယ် နှင့် ဘာနု မာဂီလ် တို့မှာမူ အာရပ်ကျွန်းဆွယ်မှ အာရပ် ဘယ်ဒိုရင် မျိုးနွယ်စုများ ဖြစ်ကြပြီး ၁၁ ရာစုမှ ၁၃ ရာစုအတွင်း အီဂျစ်ကို ဖြတ်၍ အနောက်သို့ ရွှေ့ပြောင်းလာခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ ပြောင်းရွှေ့ခြင်းကြောင့် ဘာဘာလူမျိုး နှင့် အာရပ် လူမျိုးတို့ ရောနှောသွားကြပြီး ဒေသခံများတွင် အာရပ်ယဉ်ကျေးမှုတို့ လွှမ်းမိုးခြင်း ခံရပြီး[၂၃] အစ္စလာမ် ဘာသာအောက်တွင် ဒေသခံ ယဉ်ကျေးမှုနှင့် အာရပ် ယဉ်ကျေးမှုတို့ ရောထွေးသွား ခဲ့သည်။[၂၄]

မဟာ ဇင်ဘာဘွေ၏ အပျက်အစီးများ (11th–15th c.)

မာလီတိုင်းပြည် ပြိုကွဲသွားပြီးနောက် ဆိုနီ အလီဟု အမည်ရသော ဒေသခံ ခေါင်းဆောင် တစ်ယောက်က နိုင်ဂျာ အလယ်ပိုင်းနှင့် ဆူဒန် အနောက်ပိုင်း နေရာတွင် ဆုံဟိုင်းအင်ပိုင်ယာကို တည်ထောင်ခဲ့ပြီး ဆဟာရကို ဖြတ်သန်းသော ကုန်သွယ်မှုကို ထိန်းချုပ်ခဲ့သည်။ ဆိုနီအလီသည် တင်ဘတ်တူ (Timbuktu) ကို ၁၄၆၈ တွင် သိမ်းပိုက်ခဲ့ပြီး ဂျန်း(Jenne )ကို ၁၄၇၃ တွင် သိမ်းပိုက်ခဲ့ကာ ကုန်သွယ်မှုမှ ရသော အမြတ်အစွန်းများနှင့် မွတ်ဆလင် ကုန်သွယ်တို့နှင့် ပူးပေါင်းပြီး သူ၏ အစိုးရကို တည်ထောင်ခဲ့သည်။ သူ့ကို ဆက်ခံသူ အက်စကီယာ မိုဟာမက်က အစ္စလာမ် ဘသာသာကို နိုင်ငံတော် ဘာသာ အဖြစ် သတ်မှတ်ကာ ဗလီများ တည်ဆောက်ပြီး မွတ်ဆလင် ပညာရှင်များကို ခေါ် သွင်း လာခဲ့သည်။ ၁၁ ရာစုသို့ ရောက်သောအခါတွင် ကာနို၊ ဂျီဂါဝါ၊ ကတ်စီနာ နှင့် ဂိုဘီယာ အစရှိသော ဟောဆာ တိုင်းပြည်များသည် တံတိုင်းခေတ်ထားသော မြို့များ အသွင် ပြောင်းလာခဲ့ကြပြီး ကုန်သွယ်မှုများ ပြုကာ လှည်းယာဉ်တန်းများကို ဝန်ဆောင်မှု ပေးခြင်း၊ ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း စသည့် အလုပ်များကိုလည်း လုပ်ကိုင်လာခဲ့ကြသည်။ ၁၅ ရာစု အထိ တိုင်အောင်ပင် ထိုနိုင်ငံငယ်ကလေးများမှာ ထိုခေတ် ထိုအခါက ဆူဒန် အင်ပိုင်ယာများ၏ တစိတ်တပိုင်းဖြစ်ခဲ့ပြီး အနောက်ဘက် ဆုံဟိုင်း အင်ပိုင်ယာ နှင့် အရှေ့ဘက်မှ ကာနန် ဘိုနို အင်ပိုင်ယာ တို့၏ ဩဇာခံ တိုင်းပြည်များ ဖြစ်ခဲ့သည်။

ကျွန်ရောင်းဝယ်မှု၏ အထွဋ်အထိတ် ကာလ[ပြင်​ဆင်​ရန်​]

ဘီနင်နိုင်ငံ အွီဒါရှိ ပြန်လမ်းမရှိသော တံခါးဝ ဟုခေါ်သည့် ကျွန်သင်္ဘောများ ထွက်ခွာရာ နေရာ

အာဖရိကတွင် ကျွန်စနစ် တည်ရှိခဲ့သည်မှာ ရှေးယခင်ကတည်းက ဖြစ်သည်။[၂၅][၂၆] ၇ ရာစုမှ ၂၀ ရာစုအတွင်းတွင် အာရပ် ကျွန်ကုန်သွယ်ရေး လုပ်ငန်းမှတဆင့် သန်းကို ဆာဟာရကို ဖြတ်၍ လည်းကောင်း၊ အိန္ဒိယသမုဒ္ဒရာကို ဖြတ်၍ လည်းကောင်း အာဖရိကမှ ကျွန်ပေါင်း ၁၈ သန်းကို ကုန်သွယ်မှု ပြုခဲ့သည်။ ၁၅ ရာစု မှ ၁၉ ရာစု အထိ နှစ် ၅၀၀ အတွင်း အတ္တလန္တိတ် ကျွန်ကုန်သွယ်ရေးလုပ်ငန်းမှ ခန့်မှန်းခြေ ကျွန်ပေါင်း ၇ သန်း မှ ၁၂ သန် အထိကို အမေရိကားသို့ တင်ပို့ခဲ့သည်။ [၂၇][၂၈][၂၉]

၁၈၂၀ ခုနှစ်များ၌ အနောက်အာဖရိကတွင် အတ္တလန္တိတ် ကျွန်ကုန်သွယ်မှု ကျဆင်းလာသော အခါတွင် ဒေသခံ လူ့အဖွဲ့အစည်းများအတွင်း စီးပွားရေး အခြေအနေ သိသိသာသာ ပြောင်းလဲ လာခဲ့သည်။ ကျွန်ကုန်သွယ်မှု တဖြည်းဖြည်း ကျဆင်းလာရခြင်း ၏ အကြောင်းမှာ အမေရိကားမှ ကျွန်လိုအပ်မှု လျော့နည်းလာခြင်း၊ အမေရိကားနှင့် ဥရောပတွင် ကျွန်စနစ် ဖျက်သိမ်းရေး ဥပဒေများ တိုးပွားလာခြင်းနှင့် ဗြိတိသျှ တော်ဝင်ရေတပ်မှ အနောက်အာဖရိက ကမ်းရိုးတန်း အလွန်တွင် တပ်စွဲပြီး အာဖရိက နိုင်ငံများကို စီးပွားရေး လုပ်ငန်းအသစ်များ လုပ်ကိုင်ရန် အတွက် ဖိအားပေးမှု များကြောင့် ဖြစ်သည်။ ၁၈၀၈ မှ ၁၈၀၆ ခုနှစ် အတွင်းတွင် ဗြိတိသျှ အနောက် အာဖရိက တပ်မှ ကျွန်သင်္ဘောပေါင်း ၁၆၀၀ ခန့်ကို သိမ်းပိုက်ခဲ့ပြီး သင်္ဘောများ ပေါ်ရှိ ကျွန်ပေါင်း ၁သိန်းခွဲ ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။[၃၀]

ကျွန်ရောင်းဝယ်မှုကို တရားမဝင် သတ်မှတ်ရန် ဖြစ်သည့် ဗြိတိသျှတို့၏ ပဋိဉာဏ်စာချုပ်ကို သဘောတူရန် ငြင်းဆန်သော အာဖရိက ခေါင်းဆောင်များကိုလည်း ထိရောက်စွာ အရေးယူခဲ့သည်။ ဥပမာအားဖြင့် လာဂို့စ်ဘုရင်အား ၁၈၅၁ ခုနှစ်တွင် အာဏာမှ ဖယ်ရှားခဲ့ခြင်းမျိုးပင် ဖြစ်သည်။ ထို့နောက် အာဖရိက အုပ်ချုပ်သူပေါင်း ၅၀ ကျော်နှင့် ကျွန်ရောင်းဝယ်မှုကို ဆန့်ကျင်သည့် ပဋိဉာဏ်စာချုပ်များ ချုပ်ဆိုခဲ့သည်။ [၃၁] အနောက် အာဖရိကရှိ အင်အားကြီးတိုင်းပြည်များ ဖြစ်ကြသော အဆန်တီပြည်၊ ဒါဟိုမေးပြည်နှင့် အိုယို အင်ပိုင်ယာတို့သည် အပြောင်းအလဲနှင့် တပြေးညီ ဖြစ်ရန် ကွဲပြားခြားနားသော နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။ အဆန်တီနှင့် ဒါဟိုမေတို့သည် ဆီအုန်း၊ ကိုကိုး၊ သစ်နှင့် ရွှေတို့ကို တရားဝင် ရောင်းဝယ်ဖောက်ကား နိုင်ရန် ကြိုးစားခဲ့ကြပြီး အနောက်အာဖရိက၏ ခေတ်သစ် ပြည်ပသို့ ကုန်တင်ပို့မှုအတွက် အခြေခံ အဆောက်အအုံကို တည်ဆောက်ခဲ့ကြသည်။ အပြောင်းအလဲနှင့် တပြေးညီ မလိုက်နိုင်သော အိုယိုအင်ပိုင်ယာမှာမူ ပြည်တွင်းစစ်များဖြင့် ပြိုကွဲခဲ့ ရသည်။ [၃၂]

ကိုလိုနီခေတ်နှင့် အာဖရိကတဝှမ်း အပြိုင်အဆိုင်နယ်ချဲ့ကြခြင်း[ပြင်​ဆင်​ရန်​]

၁၉၁၃ ခုနှစ်တွင် ကိုလိုနီနယ်ချဲ့နိုင်ငံကြီးများက အာဖရိကတဝှမ်းတွင် ထိန်းချုပ်ခြင်း၊ လွှမ်းမိုးခြင်း၊ သူတို့နှင့် သက်ဆိုင်သော မြေအဖြစ် တောင်းဆိုခြင်း ပြုထားသော နေရာများကို ပြသပုံ။      ဘယ်လ်ဂျီယမ်      ဂျာမနီ      စပိန်      ပြင်သစ်      ယူကေ      အီတလီ      ပေါ်တူဂီ      လွတ်လပ်သောနိုင်ငံ

၁၉ ရာစုနှောင်းပိုင်းတွင် ဥရောပရှိ ကိုလိုနီနယ်ချဲ့နိုင်ငံကြီးများက အာဖရိက တဝှမ်းတွင်ရှိသော နယ်မြေများကို အပြိုင်အဆိုင် နယ်ချဲ့ကြပြီး တိုက်ကြီး၏ နေရာ တော်တော်များများတွင် ခြေကုပ်ယူကြကာ ကိုလိုနီနယ်မြေ အများအပြားကို ဖော်ထုတ်ခဲ့ကြသည်။ ထိုအချိန်တွင် အီသီယိုးပီးယားနိုင်ငံ နှင့် လိုက်ဘေးရီးယားနိုင်ငံ နှစ်နိုင်ငံသာလျှင် လွတ်လပ်သော နိုင်ငံများအဖြစ် ကျန်ရှိခဲ့ကြသည်။ အီဂျစ်နိုင်ငံ နှင့် ဆူဒန်နိုင်ငံတို့ကို ကိုလိုနီနယ်မြေများ အဖြစ် တရားဝင် သွတ်သွင်းခဲ့ခြင်း မရှိသော်လည်း ၁၈၈၂ ခုနှစ် ဗြိတိသျှတို့ ကျူးကျော်ဝင်ရောက် ပြီးချိန်တွင် အီဂျစ်နိုင်ငံသည် ဗြိတိသျှတို့၏ ထိန်းချုပ်မှု အောက်သို့ ကျရောက်ခဲ့သည်မှာ ၁၉၂၂ တိုင်အောင်ပင် ဖြစ်သည်။

ဘာလင် ကွန်ဖရင့်[ပြင်​ဆင်​ရန်​]

၁၈၈၄-၈၅ တွင် ကျင်းပခဲ့သော ဘာလင်ကွန်ဖရင့်သည် အာဖရိက လူမျိုးစုများ၏ နိုင်ငံရေး အနာဂတ် အတွက် အရေးပါသော အဖြစ်အပျက် တစ်ခု ဖြစ်သည်။ ထိုကွန်ဖရင့်ကို ဘယ်လ်ဂျီယမ် ဘုရင် လီယိုပို ၂ မှ ဦးဆောင်ကျင်းပခဲ့ပြီး အာဖရိကရှိ နယ်မြေများကို ပိုင်ဆိုင်ကြောင်း အပြိုင်အဆိုင် ငြင်းဆိုနေကြသည့် ဥရောပနိုင်ငံကြီးများ တက်ရောက်ခဲ့ကြသည်။ ထိုကွန်ဖရင့်မှ ဥရောပနိုင်ငံကြီးများ အာဖရိကတွင် အပြိုင်အဆိုင်နယ်ချဲ့နေမှုကို ရပ်တန့်၍ မိမိတို့နှင့် သက်ဆိုင်သော အစိတ်အပိုင်းများနှင့် ဩဇာသက်ရောက်ရာ နယ်မြေများကို ခွဲခြားသတ်မှတ်ခဲ့ကြသည်။ သူတို့သည် အာဖရိကတိုက် အတွင်း သူတို့နှင့် သက်ဆိုင်သော နိုင်ငံရေးနယ်နိမိတ်များကို သတ်မှတ်ခဲ့ကြပြီး ထိုနယ်နိမိတ်များမှာ ယနေ့အထိ တည်တံ့နေခဲ့သည်။

လွတ်လပ်ရေး ကြိုးပမ်းမှုများ[ပြင်​ဆင်​ရန်​]

ဥရောပနိုင်ငံကြီးများ၏ နယ်ချဲ့အုပ်ချုပ်မှုသည် ဒုတိယကမ္ဘာစစ် ပြီးသည့်တိုင်အောင် တည်ရှိခဲ့ပြီး ထိုအချိန်မှသာ ကျန်ရှိနေသော ကိုလိုနီနယ်မြေ အားလုံး တဖြည်းဖြည်းချင်းဖြင့် တစ်နိုင်ငံပြီး တစ်နိုင်ငံ လွတ်လပ်ရေး ရရှိလာခဲ့ကြသည်။ ဥရောပရှိ နိုင်ငံကြီးများသည် ဒုတိယကမ္ဘာစစ် အပြီးတွင် အင်အားနည်းလာကြပြီး အာဖရိက လွတ်လပ်ရေး လှုပ်ရှားမှုသည် အရှိန်ရလာခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ယခင်က အီတလီ၏ ကိုလိုနီနယ်မြေဖြစ်သော လစ်ဗျားနိုင်ငံသည် လွတ်လပ်ရေး ရရှိခဲ့သည်။ ၁၉၅၆တွင် တူနီးရှားနိုင်ငံနှင့် မော်ရိုကိုနိုင်ငံ တို့သည် ပြင်သစ်မှ လွတ်လပ်ရေး ရရှိခဲ့ကြသည်။[၃၃] ဂါနာနိုင်ငံ သည် နောက်တစ်နှစ် (၁၉၅၇ မတ်လ) တွင် လွတ်လပ်ရေး ရခဲ့ပြီး[၃၄] ဆဟာရတောင်ပိုင်း နိုင်ငံများတွင် ပထမဆုံး လွတ်လပ်ရေး ရခဲ့ခြင်းပင် ဖြစ်သည်။ နောက်ဆယ်စုနှစ် အတွင်းတွင် အာဖရိကတိုက် တစ်ခုလုံးရှိ လွတ်လပ်ရေး မရသေးသော နိုင်ငံများ အားလုံးနီးပါး လွတ်လပ်ရေး ရခဲ့ကြသည်။

ပေါ်တူဂီတို့၏ ရေမြေခြားနယ်မြေများ ဖြစ်သော ဆာဟာရတောင်ပိုင်း ရှိ အင်ဂိုလာနိုင်ငံကိတ်ဗာဒီနိုင်ငံမိုဇမ်ဘစ်နိုင်ငံဂင်းနီဘစ်ဆောနိုင်ငံ နှင့် ဆောင်တူမေးနှင့်ပရင်စီပီနိုင်ငံ တို့သည် ပေါ်တူဂီ၏ ပိုက်နက်အဖြစ် ၁၆ ရာစုမှ စ၍ ၁၉၇၅ အထိ တိုင်အောင် ရှိနေခဲ့သည်။ လစ်စဘွန်းတွင် စစ်တပ်မှ အာဏာသိမ်းမှု ဖြစ်ပွားပြီး အက်စ်တာဒို နိုဗို အစိုးရကို ဖြုတ်ချလိုက်ပြီးသည့် အခါတွင်မှ လွတ်လပ်ရေး ရခဲ့ကြသည်။ ရိုဒီးရှားသည် ယူနိုက်တက် ကင်းဒမ်း ၏ ထိန်းချုပ်မှု အောက်မှ လွတ်မြောက်သော နိုင်ငံ ဖြစ်ကြောင်း မိမိသဘော ဖြင့် ကြေငြာခဲ့သော်လည်း ကဲ့သို့ပင် ၁၉၈၀ အထိ အသိအမှတ်ပြု မခံခဲ့ရပေ။ ၁၉၈၀ ပြည့်နှစ်မှသာလျှင် ဇင်ဘာဘွေနိုင်ငံ အဖြစ်ဖြင့် လွတ်လပ်ရေး ရရှိခဲ့သည်။ တောင်အာဖရိကနိုင်ငံ သည် အစောဆုံး လွတ်လပ်ရေး ရခဲ့သော နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သော်လည်း ထိုနိုင်ငံရှိ လူနည်းစု လူဖြူများ၏ အသားအရောင်ခွဲခြားမှု စနစ်ဖြင့် အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သည်မှာ ၁၉၉၄ အထိ တိုင်အောင်ပင် ဖြစ်သည်။

ကိုလိုနီခေတ်လွန် အာဖရိက[ပြင်​ဆင်​ရန်​]

ယနေ့ခေတ်တွင် အာဖရိ၌ အချုပ်အခြာအာဏာပိုင် နိုင်ငံပေါင်း ၅၄ နိုင်ငံ ပါဝင်သည်။ အများစုမှာ ဥရောပကိုလိုနီ နယ်မြေများ ခွဲဝေစဉ်အခါက ရေးဆွဲထားခဲ့သော နယ်နိမိတ်မျဉ်းများ အတွင်းတွင် တည်ရှိနေဆဲပင် ဖြစ်သည်။ ကိုလိုနီစနစ် လွန်မြောက်ပြီးသည့် နောက်တွင် အာဖရိကနိုင်ငံများသည် မတည်ငြိမ်မှု၊ အကျင့်ပျက်ချစားမှု၊ အကြမ်းဖက်မှု၊ အာဏာရှင်စနစ် များနှင့် အမြဲမကြာခဏ ဆိုသလို ကြုံတွေ့နေရသည်။ အာဖရိကနိုင်ငံ အများစုမှာ သမ္မတနိုင်ငံများ ဖြစ်ကြပြီး သမ္မတစနစ်တစ်မျိုးမျိုးဖြင့် အုပ်ချုပ်ကြသည်။ သို့သော်လည်း နိုင်ငံအနည်းငယ်သာလျှင် ဒီမိုကရေစီ အစိုးရများကို တည်တံ့အောင် ထိန်းသိမ်းထားနိုင်ကြပြီး အများစုမှာ အာဏာသိမ်းမှုများဖြင့် ဆက်တိုက် ကြုံတွေ့နေရပြီး စစ်အာဏာရှင်များ ပေါ်ထွက်နေကြသည်။

မတည်ငြိမ်မှုများ အကြီးအကျယ် ဖြစ်ပွားရခြင်း၏ အကြောင်းမှာ ခေါင်းဆောင်များ၏ လူမျိုးစု အချင်းချင်း မျက်နှာလိုက်ခြင်း နှင့် နိုင်ငံရေး ဆိုင်ရာ အကျင့်ပျက် ချစားမှုများကြောင့် ဖြစ်သည်။ နိုင်ငံရေး အရ အသာစီး ရစေရန်အတွက် ခေါင်းဆောင်အများစုမှာ လူမျိုးရေဆိုင်ရာ ပဋိပက္ခများကို မီးထိုးပေးခြင်း ဖန်တီးပေးခြင်းတို့ကို ပြုလုပ်လေ့ ရှိကြသည်။ အာဖရိက နိုင်ငံ အများစုတွင် စစ်တပ်ကသာလျှင် အာဏာကို သက်ရောက်အောင် အုပ်ချုပ်နိုင်သော အဖွဲ့အဖြစ် မြင်ကြပြီး ၁၉၇၀ ခုနှစ်များ နှင့် ၁၉၈၀ ခုနှစ်များတွင် စစ်တပ်များက နိုင်ငံ အများအပြားကို အုပ်ချုပ်ခဲ့ကြသည်။ ၁၉၆၀ ခုနှစ်များ အစောပိုင်းမှ ၁၉၈၀ ခုနှစ်များ အတွင်းတွင် အာဖရိက၌ အာဏာသိမ်းမှု အခါ ၇၀ နှင့် သမ္မတအား လုပ်ကြံသတ်ဖြတ်မှု ၁၃ ကြိမ် ဖြစ်ပွားခဲ့သည်။ နယ်စပ်နှင့် နယ်နိမိတ် အငြင်းပွားမှုမှာလည်း အမြဲလိုလို ဖြစ်ပွားလေ့ ရှိပြီး ဥရောပနိုင်ငံများက ရေးဆွဲခဲ့သော နယ်နိမိတ်များကို နိုင်ငံများ အတွင်းတွင် လက်နက်ကိုင် တိုက်ပွဲများဖြင့် ဖြေရှင်းလေ့ ရှိကြသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စု ကြားမှ စစ်အေးတိုက်ပွဲ နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ၏ ပေါ်လစီများ ကလည်း မတည်မငြိမ် ဖြစ်မှုများတွင် တခန်း တကဏ္ဍမှ ပါဝင်ကြသည်။ နိုင်ငံငယ်များသည် လွတ်လပ်ရေး ရပြီးပြီးချင်း အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဘက်မှ ရပ်တည်ရန် အားသန်ကြသည်။ မြောက်အာဖရိကမှ နိုင်ငံအများစုမှာ ဆိုဗီယက်မှ စစ်ရေးအကူအညီများ ရရှိကြပြီ: အာဖရိက အလယ်ပိုင်းနှင့် တောင်ပိုင်းနိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု သို့ ပြင်သစ် သို့မဟုတ် နှစ်နိုင်ငံစလုံးမှ အကူအညီများ ရရှိကြသည်။ ၁၉၇၀ တွင် ပဋိပက္ခများ ပိုမို တိုးပွား လာခဲ့သည်။ ထိုစဉ်က အသစ်စက်စက် လွတ်လပ်ရေးရလာသော အင်ဂိုလာနိုင်ငံ နှင့် မိုဇမ်ဘစ်နိုင်ငံ တို့သည် ဆိုဗီယက်ဘက်မှ ရပ်တည်ရန် ကြိုးစားခဲ့ပြီး အနောက်အာဖရိကနှင့် တောင်အာဖရိကတို့သည် ဆိုဗီယက်၏ လွှမ်းမိုးမှုကို တန်ပြန်ရန် သူပုန်များကို ကူညီ ထောက်ပံ့ကြသည်။ ၁၉၈၄-၈၅ ခန့်က အီသီယိုးပီးယားတွင် ဒုဗ္ဗိကန္တရကပ် ဆိုက်ခဲ့ပြီး လူသိန်းပေါင်းများစွာ အငတ်ဘေး ဆိုက်ခဲ့ရသည်။ အချို့က ဆိုဗီယက်တို့၏ မာ့က်ခ်ဝါဒ ပေါ်လစီများကြောင့် အခြေအနေမှာ ဆိုးသင့်သည်ထက် ပိုဆိုးခဲ့ရသည်ဟု ပြောကြသည်။[၃၅][၃၆][၃၇]

ခေတ်သစ် အာဖရိကအတွင် အဆိုးရွားဆုံးသော လက်နက်ကိုင်တိုက်ပွဲမှာ ဒုတိယကွန်ဂို စစ်ပွဲ ဖြစ်သည်။ ၂၀၀၈ ခုနှစ်သို့ ရောက်သောအခါတွင် ထိုစစ်ပွဲနှင့် နောက်ဆက်တွဲ အဖြစ်များကြောင့် လူပေါင်း ၅.၄သန်းမျှ သေဆုံးခဲ့ရသည်။ ၂၀၀၃ ခုနှစ်မှ စ၍ ဒါဖာတွင် စစ်ပွဲ ဖြစ်ပွဦးခဲ့ရပြီး လူသားချင်း စာနာမှု ဆိုင်ရာ ကပ်ဆိုက်မှု တစ်ခုပင် ဖြစ်သည်။ အေအိုင်ဒီအက်စ် ရောဂါသည်လည်း ကိုလိုနီခေတ်လွန် အာဖရိကတွင် အရေးပါသော ပြဿနာ တစ်ခုပင် ဖြစ်သည်။

ပထဝီဝင်[ပြင်​ဆင်​ရန်​]


အာဖရိက (အလယ်)၊မြောက်အမေရိက (ဝဲ) ယူရေးရှား (ယာ) တို့အား ဂြိုဟ်တုမှ မြင်ရသော ပုံကို ပေါင်းစပ်ထားခြင်း

အာဖရိကသည် တောင်ဘက်သို့ ထိုးထွက်နေသော ကမ္ဘာ့မြေထုထည် အစုအဝေးများတွင် အကြီးဆုံးဖြစ်သည်။ ဥရောပနှင့် မြေထဲပင်လယ် ဖြင့် ခြားထားသည်။ အာရှနှင့် အရှေ့မြောက် အစွန်ဆုံးအပိုင်းတွင် စူးအက်တူးမြောင်းဖြင့် ၁၀၁မိုင်မျှ ခြားနေသည်။[၃၈] ပထဝီနိုင်ငံရေးအားဖြင့် စူးအက်တူးမြောင်း အရှေ့ဘက်ရှိ အီဂျစ်နိုင်ငံ၏ ဆီနိုင်းကျွန်းဆွယ်သည် အာဖရိက၏ တစိတ်တပိုင်း အဖြစ် မှတ်ယူလေ့ ရှိကြသည်။[၃၉]

အာဖရိက၏ ဇီဝနယ်ပယ်

မြောက်ဘက်အစွန်ဆုံး တူနီးရှားနိုင်ငံရှိ ရပ်စ်ဘန်ဆပ်ကာ (Ras ben Sakka) မှ တောင်ဘက် အစွန်ဆုံး တောင်အာဖရိက၏ အာဂူဟပ်စ်အငူ အထိ မိုင် ၅၀၀၀ ခန့်မျှ ကွာဝေးသည်။[၄၀] အနောက်ဘက် အစွန်ဆုံး နေရာဖြစ်သော ကိပ်ဗာဒီမှ အရှေ့ဘက် အစွန်ဆုံး ဆိုမာလီယာနိုင်ငံ၏ ရပ်စ်ဟာဖွန် အထိ မိုင်ပေါင်း ၄၆၀၀ ခန့်မျှ ရှိသည်။[၄၁] ကမ်းရိုးတန်းသည် မိုင်ပေါင်း ၁သောင်း ၆ ထောင် ခန့်မျှ ရှည်လျားသည်။ ဥရောပသည် စတုရန်းမိုင်ပေါင်း ၄ သန်းမျှသာ ရှိပြီး အာဖရိက မြေမျက်နှာပြင်၏ သုံးပုံ ၁ပုံမျှ သာ ရှိသော်လည်း အစွန်းအထွက် အများအပြား ထိုးထွက်နေမှုကြောင့် ကမ်းရိုးတန်း မိုင်ပေါင်း ၂ သောင်း ခန့်မျှ ရှိသည်။[၄၁]

အာဖရိကတွင် အကြီးဆုံးနိုင်ငံမှာ အယ်လ်ဂျီးရီးယားနိုင်ငံ ဖြစ်ပြီး အသေးဆုံးနိုင်ငံမှာ အရှေ့ဘက် ကမ်းရိုးတန်း ကျွန်းစုများတွင် ရှိသော ဆေးရှဲနိုင်ငံ ြဖစ်သည်။[၄၂] ကုန်းမကြီးပေါ်တွင် အသေးဆုံးနိုင်ငံမှာ ဂမ်ဘီယာနိုင်ငံ ဖြစ်သည်။

ရှေးခေတ် ရောမသားတို့၏ အဆိုအရ အာဖရိကသည် အီဂျစ်၏ အနောက်ဘက်ကို ခေါ်ဆိုခြင်း ဖြစ်ပြီး အာရှသည် အနာတိုလီးယားနှင့် အရှေ့ဘက်ရှိ နယ်မြေများကို ခေါ်ဆိုခြင်း ဖြစ်သည်။ ပထဝီပညာရှင် တော်လေးမီ (၈၅-၁၆၅ အေဒီ) က တိုက်နှစ်ခုကြား အနားသတ်မျဉ်းကို ရေးဆွဲခဲ့ပြီး ဆူးအက်တူးမြောင်းနှင့် ပင်လယ်နီကို အာရှနှင့် အာဖရိကကြား နယ်နိမိတ်အဖြစ် သတ်မှတ် ထားခဲ့သည်။

ရာသီဥတု[ပြင်​ဆင်​ရန်​]

အာဖရိက၏ မြေပုံ ။ ဆဟာရ သဲကန္တာရ အနီးတွင် ဂေဟစနစ် ကျိုးပျက်မှုကို ပြထားသည်။

အာဖရိက၏ ရာသီဥတုမှာ အပူပိုင်း ရာသီဥတုမှ စ၍ အလွန်မြင့်သော ဒေသများတွင် အာတိတ်တောင်ပိုင်း ရာသီဥတုမျိုး အထိ အမျိုးမျိုးအစားစား ရှိသည်။ မြောက်ဘက်ပိုင်း တခြမ်းမှာ သဲကန္တာရ သို့မဟုတ် မိုးနည်းရေရှား ဒေသမျိုးဖြစ်သည်။ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများမှာ ဆာဗားနား လွင်ပြင်များနှင့် အလွန်သိပ်သည်းသော တောအုပ် (မိုးရေတော) ဒေသများ ဖြစ်ကြသည်။ အာဖရိကသည် ကမ္ဘာပေါ်တွင် အပူဆုံးတိုက်ဖြစ်ပြီး ခြောက်သွေ့သောမြေနှင့် သဲကန္တာရများသည် မြေမျက်နှာပြင်၏ ၆၀ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားသည်။[၄၃]

အီကွေတာသည် အာဖရိကတိုက်ကို အလယ်တည့်တည့်မှ ဖြတ်သွားရုံမက အာဖရိကတစ်တိုက်လုံးနီးနီး အပူပိုင်းဇုန်တွင် ပါဝင်နေရာ ရာသီဥတု အလွန်ပူသည်။ အာဖရိကတိုက်၏ အရှေ့အလယ်ပိုင်းဒေသသည် ကုန်းမြင့်ဖြစ်နေသဖြင့် အာဖရိက အခြားပိုင်းထက် ပို၍အေးသည်။ မြောက်ဘက်စွန်းနှင့် တောင် ဘက်စွန်း ဒေသများသည်လည်း သမပိုင်းဇုန်၌ ကျရောက် နေသဖြင့် ရာသီဥတုအေးသည်။ အီကွေတာမျဉ်း အလယ်မှ ဖြတ်သွားသဖြင့် အာဖရိကမြောက်ပိုင်းသည် ဆောင်းရာသီ ဖြစ်နေသည့်အခါ တောင်ပိုင်းသည် နွေရာသီဖြစ်၍ မြောက် ပိုင်း၌ နွေရာသီဖြစ်နေသည့်အခါ တောင်ပိုင်းတွင် ဆောင်းရာသီ ဖြစ်နေတတ်လေသည်။ အီကွေတာမျဉ်းတစ်လျှောက် ဒေသများ မှတစ်ပါး ကျန်ဒေသများတွင် မိုးအလွန်နည်းသည်။ အရှေ့ဘက် ကမ်းခြေတွင် မိုးပိုများ၍ အနောက်ဘက်သို့ ရောက်လေလေ မိုးပါးလေလေဖြစ်သည်။ အာဖရိကတိုက်၏ မိုးအများဆုံး ဒေသ များသည် ကမ္ဘာပေါ်တွင် မိုးအများဆုံးဒေသများ၌ ပါဝင်သော ဒေသအချို့ဖြစ်သည်။ အချို့ဒေသ၌ တစ်နှစ်လျှင် မိုးရေချိန် လက်မ ၁ဝဝ ခန့်ရွာ၍ အချို့ဒေသ၌ မိုးလုံးဝ မရွာချေ။အာဖရိကတိုက်၏ လေးပုံတစ်ပုံခန့်သည် သစ်တောကြီး များနှင့် ခြုံပုတ်များ ထူထပ်စွာ ပေါက်ရောက်နေ၍ လေးပုံ တစ်ပုံခန့်သည် မြက်ခင်းဖြစ်ပြီးလျှင် လေးပုံတစ်ပုံမှာမူ စိုက်ပျိုး လုပ်ကိုင်သည့် ဒေသဖြစ်ကာ ကျန်လေးပုံတစ်ပုံမှာ သဲကန္တရ အတိ ဖြစ်သည်။ [၄၄]

တိရစ္ဆာန်မျိုးကွဲများ[ပြင်​ဆင်​ရန်​]


တန်ဇေးနီးယားနိုင်ငံ ငိုရွန်ဂိုရို သဘာဝ ထိန်းသိမ်းရေး ဒေသမှ ဆာဗားနား မြက်ခင်းပြင် တစ်ခု

အာဖရိကသည် ကမ္ဘာပေါ်တွင် လွတ်လပ်စွာ သွားလာလှုပ်ရှားနေသော တောရိုင်းတိရိစ္ဆာန် အများဆုံး နှင့် အမျိုးအစုံဆုံး ဒေသဖြစ်သည်။ အသားစား တိရိစ္ဆာန်ရိုင်းများ ဖြစ်ကြသော ခြင်္သေ့ခွေးအကျားသစ် မှ စ၍ အရွက်စားသတ္တဝါများ ဖြစ်ကြသော အာဖရိကကျွဲ၊ ဆင်ကုလားအုပ်သစ်ကုလားအုပ် စသည်တို့သည် အများပိုင် လွင်ပြင်များ ပေါ်တွင် လွတ်လပ်စွာ သွားလာ လှုပ်ရှားလျှက် ရှိကြသည်။ ထို့ပြင် အခြားသော တောရိုင်းတိရိစ္ဆာန်များဖြစ်ကြသော မြွေများ နှင့် မိကျောင်းများ၊ ကုန်းနေရေနေ သတ္တဝါများလည်း ရှိသည်။ အာဖရိကသည် ရေခဲခေတ်က သတ္တဝါများ အစုလိုက် အပြုံလိုက် မျိုးသုဉ်းခြင်းတွင် အနည်းငယ်မျှသာ ထိခိုက်မှု ရှိခဲ့သည်။

ဇီဝမျိုးကွဲများ[ပြင်​ဆင်​ရန်​]

အာဖရိကတိုက်တွင် ကာကွယ်ထိန်းသိမ်းထားသော ဒေသပေါင်း ၃၀၀၀ ကျော် ရှိပြီး ထိုဒေသများတွင် အဏ္ဏဝါ ထိန်းသိမ်းမှု ဒေသ ၁၉၈ ခု၊ ဇီဝစက်ဝန်း ထိန်းသိမ်းမှုဒေသ ၅၀ခု နှင့် ညွှန်အိုင် ထိန်းသိမ်းမှု ဒေသ ၈၀ ခုတို့ ပါဝင်သည်။ တိရစ္ဆာန်တို့ ကျက်စားရာ ဒေသများ သိသိသာသာ ပျောက်ကွယ်ခြင်း၊ လူဦးရေ တိုးပွားလာခြင်း နှင့် ဥပဒေမဲ့ သတ်ဖြတ်ခြင်းတို့က အာဖရိက၏ ဇီဝ မျိုးကွဲများ တည်ရှိနေခြင်းကို လျော့ကျ စေသည်။ လူတို့၏ ဒေသချဲ့ထွင်မှု၊ ဒေသတွင်း မတည်ြငိမ်မှု နှင့် အာဖရိက နေရင်းမဟုတ်သည့် မျိုးစိတ်များကို တင်သွင်းလာမှုတို့က အာဖရိကတိုက်၏ ဇီဝမျိုးကွဲများကို ခြိမ်းခြောက် လာခဲ့သည်။ ထိုအခြေအနေများမှာ စီမံခန့်ခွဲမှု ပြသနာများ၊ ကျွမ်းကျင်သူ မလုံလောက်ခြင်း နှင့် ရံပုံငွေ မလုံလောက်ခြင်းတို့ ကြောင့် ပို၍ ဆိုးရွားလာစေခဲ့သည်။

နိုင်ငံရေး[ပြင်​ဆင်​ရန်​]

ယနေ့ခေတ်တွင် အာဖရိကတိုက်အတွင်းရှိ အဖွဲ့အစည်းများ နှင့် နိုင်ငံများ အချင်းချင်း ဆက်နွယ်မှု တိုးတက်လာခြင်းကို အတိုင်းသားပင် မြင်နိုင်သည်။ ဥပမာအားဖြင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (ယခင် ဇိုင်ရီနိုင်ငံ) တွင် ဖြစ်ပွားသော ပြည်တွင်းစစ်တွင် ကြွယ်ဝသော အာဖရိကနိုင်ငံ မဟုတ်သည့် နိုင်ငံများက ဝင်ရောက်စွက်ဖက်ခြင်း မရှိသော်လည်း အနီးအနားရှိ အာဖရိကနိုင်ငံများက ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ စစ်ပွဲ စတင်ဖြစ်ပွားသော ၁၉၉၈ ခုနှစ်မှ စ၍ သေဆုံးသူပေါင်း ၅ သန်းအထိ ရှိခဲ့ပြီး ဖြစ်သည်။

အာဖရိက သမဂ္ဂ[ပြင်​ဆင်​ရန်​]

အာဖရိက သမဂ္ဂ၏ မြေပုံ။ ဆိုင်းငံ့ထားသော နိုင်ငံများကို အစိမ်းနုရောင်ဖြင့် ပြထားသည်။

အာဖရိက သမဂ္ဂသည် နိုင်ငံပေါင်း ၅၄ နိုင်ငံ ပါဝင်သော အဖွဲ့အစည်းဖြစ်ပြီး မော်ရိုကိုနိုင်ငံ မှလွဲ၍ အခြား အာဖရိကနိုင်ငံ အားလုံး ပါဝင်ကြသည်။ အာဖရိက သမဂ္ဂကို ၂၀၀၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် အီသီယိုးပီးယားနိုင်ငံအာဒစ် အာဘာဘာမြို့တွင် အဖွဲ့ချုပ် အဖြစ်ထားရှိ၍ ဖွဲ့စည်း တည်ထောင် ခဲ့သည်။ တရားဝင်အားဖြင့် ၂၀၀၂ ခုနှစ် ဇူလိုင်လ ၉ ရက်တွင် ဖွဲ့စည်းခဲ့ပြီး[၄၅] အာဖရိက ညီညွတ်ရေး အစည်းအရုံးကို ဆက်ခံဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ပန် အာဖရိကန် ပါလီမန်အား တောင်အာဖရိကနိုင်ငံ မစ်ရန်းသို့ ပြောင်းရွှေ့ခဲ့သော်လည်း အာဖရိက လူနှင့် ပြည်သူ့အခွင့်အရေး ကော်မရှင်မှာ အာဒစ် အာဘာဘာတွင် ဆက်လက်တည်ရှိနေခဲ့သည်။

အာဖရိကသမဂ္ဂသည် အာဖရိက စီးပွားရေး အသိုင်းအဝိုင်းကို ပြောင်းလဲရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အာဖရိက သမဂ္ဂတွင်လည်း ပါလီမန် အစိုးရ ရှိပြီး ဥပ​ဒေပြုရေး၊ တရားစီရင်ရေး နှင့် အုပ်ချုပ်ရေး ဆိုင်ရာ အစိတ်အပိုင်းများ ပါဝင်သည်။ ထိုအဖွဲ့အစည်းကို အာဖရိကသမဂ္ဂ၏ ဥက္ကဌ က ဦးဆောင်သည်/ အာဖရိက သမဂ္ဂ၏ ဥက္ကဌ ဖြစ်ရန် အတွက် ပန် အာဖရိက ပါလီမန် အတွင်းသို့ ရွေးချယ် တင်မြှောက်ခြင်း ခံရရန် လိုအပ်ပြီး ပါလီမန်အတွင်း အများစု၏ ထောက်ခံမှုကို ရရှိရန်လိုအပ်သည်/

အာဖရိကသမဂ္ဂ ကဲ့သို့သော နိုင်ငံရေး အဖွဲ့အစည်းများသည် အာဖရိကတိုက်အတွင်းရှိ နိုင်ငံအများစု အတွင်း ပေါင်းစပ်လုပ်ကိုင်နိုင်ရန်နှင့် ငြိမ်းချမ်းရေး ရစေရန်အတွက် မျှော်လင့်ချက် ပေးနိုင်ခြင်း ရှိသည်။ အာဖရိက၏ အချို့ အပိုင်းများတွင် အလွန်အကျွံ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသေးသည်။ တခါတရံတွင် နိုင်ငံမှ မသိလိုက်ရဘဲ ဖြစ်သွားသော အခြေအနေမျိုး ရှိသည်။ ထိုသို့သော ဥပဒေချိုးဖောက်မှုများမှာ နိုင်ငံရေးဆိုင်ရာ အကြောင်းအချက်များကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပြီး တခါတရံတွင် ပြည်တွင်းစစ်၏ ဘေးထွက် ဆိုးကျိုး အဖြစ် ပေါ်ပေါက်ရခြင်း ဖြစ်သည်။ လတ်တလောတွင် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပွားသည်ဟု သတင်းရရှိသော နိုင်ငံများမှာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဆီရာလီယွန်နိုင်ငံလိုက်ဘေးရီးယားနိုင်ငံဆူဒန်နိုင်ငံဇင်ဘာဘွေနိုင်ငံ နှင့် အိုင်ဗရီကို့စ်နိုင်ငံတို့ ဖြစ်သည်။

စီးပွားရေး[ပြင်​ဆင်​ရန်​]


အာဖရိက စီးပွားရေး ရပ်ဝန်း၏ မြေပုံ      CEN-SAD      COMESA      EAC      ECCAS      ECOWAS      IGAD      SADC      UMA
အာဖရိကရှိ မြို့ပြမီးရောင်များကို ဂြိုဟ်တုမှ ရိုက်ကူးထားသောပုံကို ကြည့်ခြင်းအားဖြင့် အာဖရိကတွင် ခေတ်သစ်ဖွံ့ဖြိုးမှု မရှိသည်ကို တွေ့နိုင်သည်။ (၂၀၀၀ ခုနှစ် အောက်တိုဘာလ)

အာဖရိကတွင် သဘာဝ သယံဇာတ အရင်းအမြစ်များ ပေါများစွာ ရှိသော်လည်း ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံး တိုက်တစ်ခု သာ ဖြစ်လျှက် ရှိသည်။ ထိုသို့ ဖြစ်ရခြင်းအတွက် အကြောင်းတရား မြောက်များစွာ ရှိပြီး ထို အကြောင်းများထဲတွင် သေစေလောက်သော အေအိုင်ဒီအက်စ် ၊ ငှက်ဖျား အစရှိသော ရောဂါများ ပျံ့နှံ့ခြင်း၊ မကြာခဏ လူ့အခွင့်အရေး အပြင်းအထန် ချိုးဖောက်မှုများကို ပြုလေ့ ရှိသော အကျင့်ပျက် ခြစားသော အစိုးရများ ရှိနေခြင်း၊ ဗဟိုမှ စီမံခန့်ခွဲမှုများ မှားယွင်းခြင်း၊ စာမတတ်မြောက်မှု အလွန်မြင့်မားနေခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ရှိနေခြင်း၊ ပြောက်ကျားတိုက်ခိုက်မှုမှ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အထိ ရှိသော လူမျိုးစု ပဋိပက္ခ နှင့် စစ်ပွဲများရှိနေခြင်း စသည်တို့ ပါဝင်သည်။[၄၆] ၂၀၀၃ ခုနှစ် ကုလသမဂ္ဂ၏ လူမှုဖွံ့ဖြိုးမှု အစီရင်ခံစာအရ အောက်ဆုံး ၂၅ နိုင်ငံ (၁၅၁ မှ ၁၇၅ အထိ) မှာ အာဖရိကနိုင်ငံများ ဖြစ်နေသည်။[၄၇]

ဆင်းရဲမွဲတေမှု၊ စာမတတ်မှု၊ အာဟာရ ချို့တဲ့မှု၊ ရေရရှိရေး နှင့် ရေပေးဝေမှု မလုံလောက်မှု တို့အပြင် ကျန်းမာရေး ချို့တဲ့မှုကလည်း အာဖရိကတိုက်တွင် နေထိုင်သော လူအများစုအား ထိခိုက် စေသည်။ ၂၀၀၈ ခုနှစ် ဩဂုတ်လတွင် ကမ္ဘာ့ဘဏ်မှ[၄၈] ဆင်းရဲမွဲတေမှုမျဉ်း အသစ်ဖြစ်သော တစ်နေ့လျှင် ၁.၂၅ ဒေါ်လာ ဝင်ငွေ (ယခင်က ဆင်းရဲမွဲတေမှုမျဉ်းမှာ တစ်နေ့လျှင် ၁ ဒေါ်လာ ဝင်ငွေဖြစ်သည်။) ဖြင့် ကမ္ဘာ့ဆင်းရဲမွဲတေခြင်း ခန့်မှန်းချက်ကို ပြန်လည်သုံးသပ်ရာတွင် ဆာဟာရတောင်ပိုင်း လူဦးရေ၏ ၈၀.၅ ရာခိုင်နှုန်းမှာ ၂၀၀၅ ခုနှစ် စာရင်းအရ တစ်နေ့ဝင်ငွေ ၂.၅ ဒေါ်လာ အောက်တွင် နေထိုင်လျှင် ရှိကြပြီး အိန္ဒိယနိုင်ငံ မှ ၈၅.၇ ရာခိုင်နှုန်း နောက်တွင် ရှိသည်။[၄၉]

စာရင်းဇယား အသစ်အရ ဆာဟာရတောင်ပိုင်း ဒေသသည် ကမ္ဘာပေါ်တွင် ဆင်းရဲမွဲတေမှု (တစ်နေ့လျှင် ၁.၂၅ ဒေါ်လာဝင်ငွေ) လျှော့ချရာ၌ အောင်မြင်မှု အနည်းဆုံး ဒေသဖြစ်သည်။ ၁၉၈၁ ခုနှစ်တွင် လူဦးရေ၏ ၅၀ ရာခိုင်နှုန်း (သန်း ၂၀၀ ကျော်) မှာ ဆင်းရဲမွဲတေမှု ရှိကြပြီး ၁၉၉၆ ခုနှစ်တွင် ၅၈ ရာခိုင်နှုန်းသို့ တိုးတက်လာကာ ၂၀၀၅ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း (သန်း ၃၈၀) သို့ ပြန်ကျသွားခဲ့သည်။ ဆာဟာရ တောင်ပိုင်းတွင် နေထိုင်သော ပျမ်းမျှ လူဆင်းရဲတစ်ဦးမှာ တစ်နေ့လျှင် ဒေါ်လာ ၇၀ ဆင့်မျှဖြင့် နေထိုင်ကြပြီး ၂၀၀၃ ခုနှစ်တွင် ရှိသော အခြေအနေမှာ ၁၉၇၃ ခုနှစ်ကထက်ပင် ဆင်းရဲသဖြင့် [၅၀] အချို့သော ဒေသများတွင် ဆင်းရဲမွဲတေမှု ပိုများလာသည်ဟု ညွှန်ပြနေသည်။ အချို့သော အကြောင်းအချက်များမှာ နိုင်ငံခြားကုမ္ပဏီများ နှင့် အစိုးရများဦးဆောင်သော မအောင်မြင်သည့် စီးပွားရေး တံခါးဖွင့်မှု ကို ရည်ညွှန်းနေသော်လည်း အချို့သော လေ့လာ တွေ့ရှိချက် နှင့် အစီရင်ခံစာများအရ အစိုးရများ၏ ဆိုးရွားသော စီးပွားရေး ပေါ်လစီများက အခြားပြင်ပ အကြောင်းအချက်များထက် ပိုသည်ဟု ဆိုသည်။[၅၁][၅၂][၅၃]

၁၉၉၅ ခုနှစ်မှ ၂၀၀၅ ခုနှစ် အတွင်း အာဖရိက၏ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမှာ မြင့်တက်လာခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ပျမ်းမျှ ၅ ရာခိုင်နှုန်း ရှိသည်။ အချို့သော နိုင်ငံများမှာ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ပို၍ မြင့်မားပြီး အင်ဂိုလာနိုင်ငံ၊ ဆူဒန်နိုင်ငံ နှင် အီကွေတာဂီနီ နိုင်ငံတို့မှာ မှတ်သားလောက်ဖွယ် မြင့်တက်လာခဲ့သည်။ ထိုနိုင်ငံ ၃ခုမှာ ဓာတ်ဆီ ထုတ်လုပ်မှု သို့မဟုတ် ရေနံထုတ်လုပ်မှုကို လတ်တလော စတင်ခဲ့သော နိုင်ငံများ ဖြစ်သည်။ အာဖရိကတိုက်တွင် ကမ္ဘာပေါ်ရှိ ကိုဘော့သတ္တု ၉၀ % ၊ ပလက်တီနမ် ၉၀ % ၊ ရွှေ ၅၀ % ၊ ခရိုမီယမ် ၉၈ % ၊ တန်တလိုက် ၇၀ % [၅၄]၊ မက်ဂနိစ် ၆၄% နှင့် ယူရေနီယမ် ၃ပုံ ၁ပုံ ရှိသည်ဟု ယုံကြည်ရသည်။[၅၅] ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် မိုဘိုင်းဖုန်း ထုတ်လုပ်ရာတွင် သန့်စင် အသုံးပြုရသော ကိုလ်တန် ၇၀% မျှ ရှိပြီး ကမ္ဘာပေါ်ရှိ စိန် ၏ ၃၀ % မျှ ရှိသည်။[၅၆] ဂီနီနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘောက်ဆိုက် တင်ပို့မှု အများဆုံး နိုင်ငံ ဖြစ်သည်။[၅၇] အာဖရိက၏ စီးပွားရေး ဖွံ့ဖြိုးမှုမှာ ကုန်ထုတ်လုပ်မှု သို့မဟုတ် စိုက်ပျိုးရေးကို အခြေမခံဘဲ ဝန်ဆောင်မှုကို အခြေခံသဖြင့် အလုပ်အကိုင် မဖန်တီးပေးသော ဆင်းရဲမွဲတေမှုကို လျှော့ချမပေးသော ဖွံ့ဖြိုးမှုပင် ဖြစ်သည်။ အမှန်တကယ်တွင် ၂၀၀၈ ကမ္ဘာ့စီးပွားပျက်ကပ်၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်သော ၂၀၀၈ အစားအသောက် လုံခြုံမှု ကပ်ကြောင့် သန်း ၁၀၀ ကျော်သော လူတို့အတွက် အစားအသောက်ကို အာမခံချက် မရှိ ဖြစ်သွားစေခဲ့သည်။[၅၈]

လတ်တလောနှစ်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အာဖရိကနိုင်ငံများ နှင့် ပိုမိုခိုင်မာသော ဆက်ဆံမှုကို တည်ဆောက်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် တရုတ်ကုမ္ပဏီများမှ အာဖရိကတွင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်မျှ ရင်းနှီးမြှုပ်နှံခဲ့သည်။[၅၉]

ပရော်ဖက်ဆာ ကလက်စတပ်စ် ဂျူမာ ဦးဆောင်သော ဟားဗတ်တက္ကသိုလ်မှ လေ့လာချက် တစ်ခုအရ အာဖရိကတိုက် အနေနှင့် အစားအသောက် တင်ပို့ခြင်းမှ မိမိဘာသာ လုံလောက်အောင် နေထိုင်ခြင်းသို့ ပြောင်းလဲခြင်းဖြင့် မိမိဘာသာ စားနပ်ရိက္ခာဖူလုံအောင် နေထိုင်နိုင်မည်ဟု ဖော်ပြထားသည်။ အာဖရိက၏ စိုက်ပျိုးမွေးမြူရေးမှာ လမ်းဆုံလမ်းခွတွင် ရောက်နေပြီဟု ဒေါက်တာဂျူမာက ဆိုသည်။ ဆက်လက်၍ ဒေါက်တာဂျူမာကပင် "ကျွန်တော်တို့ အနေနဲ့ အာဖရိကက ကုန်ကြမ်းတွေ တင်ပို့ပြီး အစားအသောက်တွေ တင်သွင်းရတဲ့ ပေါ်လစီတွေကို အသားပေးနေတဲ့ ရာစုနှစ်ကို အဆုံးသတ်နေပါပြီ။ အာဖရိကအနေနဲ့ ဒေသတွင်း ကုန်သွယ်ရေးနဲ့ ကုံလုံကြွယ်ဝမှု အတွက် စိုက်ပျိုးမွေးမြူရေး ဆန်းသစ်မှုတွေကို စတင်ပြီး စူးစိုက်လုပ်ဆောင်နေပါပြီ။" ဟု ဆိုသည်။[၆၀]

အမေရိကန် သမ္မတ ဘားရက်အိုဘားမား ၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်း အာဖရိကသို့ အလည်အပတ် လာရောက်စဉ်က အမေရိကန် ဒေါ်လာ ၇ ဘီလီယံ အကုန်ခံ၍ အာဖရိက၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုကို ပိုမိုလုပ်ဆောင်ရန် အစီအစဉ် နှင့် အာဖရိက နိုင်ငံ့ခေါင်းဆောင်များနှင့် ပိုမို၍ တွဲဖက် အလုပ်လုပ်ရန် အစီအစဉ်ကို ကြေငြာခဲ့သည်။ အာဖရိက ကုန်သွယ်ရေး ဟုခေါ်သော အာဖရိကတိုက်အတွ၍်း ကုန်သွယ်မှု တိုးမြှင့်ရေး နှင့် အာဖရိကတိုက်နှင့် အမေရိကန်ပြည်ထောင်စု အကြား ကုန်သွယ်မှုတိုးမြှင့်ရေး အစီအစဉ်ကိုလည်း အိုဘားမားက ကြေငြာခဲ့သည်။[၆၁]

လူဦးရေပျံ့နှံ့တည်ရှိပုံ[ပြင်​ဆင်​ရန်​]


ဘီနင်နိုင်ငံမှ အမျိုးသမီးတစ်ဦး

အာဖရိကတိုက်၏ လူဦးရေမှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀ အတွင်း အလျှင်အမြန် တိုးပွားလာခဲ့သဖြင့် လူဦးရေ အများစုမှာ ငယ်ရွယ်ကြသည်။ အချို့သော အာဖရိကနိုင်ငံများတွင် လူဦးရေ၏ တစ်ဝက်ခန့်မှာ ၂၅ နှစ်အောက် လူငယ်များ ဖြစ်ကြသည်။[၆၂] အာဖရိက၏ လူဦးရေ စုစုပေါင်းမှာ ၁၉၅၀ ခုနှစ်တွင် ၂၂၁ သန်းမျှသာ ရှိခဲ့သော်လည်း ၂၀၁၃ တွင် ၁.၁ ဘီလီယံ အထိ ရှိလာခဲ့သည်။[၆၃][၆၄]

ဘော့ဆွာနာနိုင်ငံမှ ဆန် ခြုံပုတ်လူမျိုး

နိုင်ဂါ-ကွန်ဂို ဘာသာစကား မိသားစု၏ တစိတ်တဒေသ ဖြစ်သော ဘန်တူ စကားပြောသော လူမျိုးမှာ အာဖရိတောင်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် အဓိကနေထိုင်ကြသည်။ အနောက်အာဖရိကမှ ဘန်တူစကားပြောသော လူမျိုးများမှာ ဆာဟာရ တောင်ပိုင်းဒေသ အများအပြားသို့ တဖြည်းဖြည်းချင်း ပျံ့နှံ့ရောက်ရှိလာလျှက် ရှိသည်။[၆၅] သို့သော်လည်း တောင်ဆူဒန်နိုင်ငံ နှင့် အရှေ့အာဖရိကတို့တွင် အချို့သော နိုင်း လူမျိုးများ ရှိပြီး ဆွာဟီလီ ကမ်းရိုးတန်းတွင် ဆွာဟီလီ လူမျိုးများ ရှိကာ အာဖရိက ရှေးဦးလူမျိုးများ ဖြစ်သော ခွိုင်ဆန် (ဆန် သို့မဟုတ် ခြုံပုတ်နေလူမျိုး) နှင့် ပစ်ဂမီ လူမျိုး များကို အာဖရိက အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် အသီးသီး တွေ့ရလေ့ ရှိသည်။ ဘန်တူ စကားပြောသော အာဖရိကလူမျိုးများကို ဂါဘွန်နိုင်ငံ နှင့် ဂီနီနိုင်ငံ အီကွေတာဒေသတို့တွင်လည်း တွေ့ရလေ့ ရှိပြီး ကင်မရွန်းနိုင်ငံတောင်ပိုင်း အချို့ ဒေသများတွင်လည်း တွေ့ရသည်။ တောင်အာဖရိကရှိ ကာလာဟာရီ သဲကန္တာရတွင်မူ ခွိုင်ဆန်တို့နှင့် အမျိုးအနွယ်ချင်း နီးစပ်သော်လည်း ကွဲပြားခြားနားသော ခြုံပုတ် လူမျိုးများမှာ ကာလရှည်ကြာ နေထိုင်လာခဲ့ကြသည်။ ဆန်လူမျိုးများမှာ အခြားသော အာဖရိကရှိ လူမျိုးများနှင့် ပုံပန်းသဏ္ဌန်အားဖြင့် သိသာစွာ ကွဲပြားခြားနားပြီး အာဖရိကတွင် ရှေးဦးကပင် နေထိုင်လာခဲ့သော လူမျိုးများ ဖြစ်သည်။ ပစ်ဂမီလူမျိုးများမှာမူ အာဖရိကအလယ်ပိုင်းတွင် ဘန်တူလူမျိုးများ မတိုင်ခင်ကတည်းက ရှိခဲ့သော ရှေးဦးလူမျိုးများ ဖြစ်သည်။[၆၆]

အနောက်အာဖရိကရှိ လူမျိုးများမှာ နိုင်ဂါ-ကွန်ဂို ဘာသာစကားကို အသုံးပြုလေ့ ရှိကြပြီး ဘန်တူမဟုတ်သော လူမျိုးစု အနွယ်သို့သို့ လုံးဝ မဟုတ်သော်လည်း အများအားဖြင့် ဆက်နွယ်နေကြကာ နိုင်း-ဆာဟာရ ဘာသာစကားနှင့် အာဖရိက-အာရှ ဘာသာစကားပြောသော လူမျိုးများကိုလည်း တွေ့ရလေ့ ရှိသည်။ နိုင်ဂါ-ကွန်ဂို စကားပြောသော ရောယူဘာ၊ အစ်ဂဘို၊ ဖူလာနီ၊ အာကန်၊ ဝိုလော့ဖ် လူမျိုးစုများမှာ အများပြားဆုံး နှင့် ဩဇာလွှမ်းမိုးမှု အရှိဆုံး ဖြစ်သည်။ ဆာဟာရ အလယ်ပိုင်းတွင်မူ မန်ဒင်ကာ သို့မဟုတ် မန်ဒီ လူမျိုးများမှာ အထင်ရှားဆုံး ဖြစ်သည်။ ဟောဆာ စကား အပါအဝင် ချဒ် ဘာသာစကားကို အသုံးပြုသော လူမျိုးစုများကို ဆာဟာရ နှင့် အနီးဆုံးဖြစ်သော မြောက်ပိုင်းဒေသများတွင် တွေ့ရသည်။ နိုင်လို-ဆာဟာရ ဘာသာစကား ပြောကြားသော ဆောင်ဟိုင်၊ ကနူရီ နှင့် ဇာမာ လူမျိုးစုများကိုမူ အနောက်အာဖရိက အရှေ့ပိုင်း အလယ်အာဖရိက နှင့် ထိစပ်နေသော နေရာများတွင် တွေ့ရသည်။

အက်တလပ်တောင်ကုန်းဒေသမှ ဘာဘာလူငယ်

မြောက်အာဖရိကရှိ လူမျိုးများတွင်မူ အနောက်မြောက်ဘက်တွင် ဘာဘာလူမျိုး၊ အရှေ့မြောက်ဘက်တွင် အီဂျစ်လူမျိုး နှင့် အရှေ့ဘက်တွင် နိုင်း-ဆာဟာရ စကားပြောသော လူမျိုး စသည့်ဖြင့် ရှေးဦးလူမျိုးစု ၃ မျိုးကို အဓိကတွေ့ရသည်။ ၇ ရာစုတွင် ရောက်ရှိခဲ့သော အာရပ်လူမျိုးတို့က အာရပ်ဘာသာစကား နှင့် အစ္စလာမ်ဘာသာတို့ကို မြောက်အာဖရိကနှင့် မိတ်ဆက်ခဲ့သည်။ ကာသေ့ကိုတည်ထောင်ခဲ့သော ဂျူးအနွယ်ဝင် ဖိုနီးရှား လူမျိုးများ နှင့် ဟစ်ဆော့လူမျိုးများ၊ အင်ဒို-အီရန် အနွယ်ဝင် အလန် လူမျိုးများ၊ အင်ဒို-ဥရောပ အနွယ်ဝင် ဂရိလူမျိုးများ၊ ရောမ လူမျိုးများ၊ ဗန်ဒယ် လူမျိုးများမှာလည်း မြောက်အာဖရိကတွင် အခြေချ နေထိုင်ခဲ့ကြသည်။ ဘာဘာလူမျိုးစုများမှာ ၂၁ ရာစု အထိတိုင်အောင်ပင် မော်ရိုကိုနိုင်ငံ နှင့် အယ်လ်ဂျီးရီးယား နိုင်ငံတို့တွင် အထင်အရှား ရှိသော်လည်း အရေအတွက် အားဖြင့် နည်းပါးသည်။ ဘာဘာစကားပြောသော လူမျိုးများကို တူနီးရှားနိုင်ငံ နှင့် လစ်ဗျားနိုင်ငံ အချို့ဒေသများ တွင်လည်း တွေ့ရသည်။[၆၇] ဘာဘာစကားပြောသော တွားရက် လူမျိုး နှင့် အခြား ရွှေ့ပြောင်းသွားလာသော လူမျိုးများမှာ မြောက်အာဖရိကရှိ ဆာဟာရဒေသတွင် အဓိကနေထိုင်သော လူမျိုးများ ရှိသည်။ မောရစ်ရှားနားနိုင်ငံ တွင်မူ အရွယ်အစားအားဖြင့် သေးငယ်ပြီး မျိုးသုဉ်းလုနီးပါး ဖြစ်သော ဘာဘာလူမျိုးများကို မြောက်ပိုင်းတွင် တွေ့ရပြီး နိုင်ဂါ-ကွန်ဂို လူမျိုးများကို တောင်ပိုင်းတွင် တွေ့ရသော်လည်း ထိုဒေသ နှစ်ခုစလုံးတွင် အာရပ်ဘာသာစကား နှင့် အာရပ်ယဉ်ကျေးမှုမှာ အထင်အရှား လွှမ်းမိုးထားသည်။ ဆူဒန်နိုင်ငံတွင်မူ အာရပ်ဘာသာစကား နှင့် အာရပ် ယဉ်ကျေးမှု လွှမ်းမိုးသော်လည်း ယခင်က နိုင်း-ဆာဟာရ ဘာသာစကား ပြောကြားခဲ့ကြသော နျူဘီယံ၊ ဖား၊ မာဆာလစ် နှင့် ဇာဂါဝါ လူမျိုးများ နေထိုင်ကြပြီး ရာစုနှစ်ပေါင်း များစွာ အတွင်း အာရပ်ကျွန်းဆွယ်မှ ပြောင်းရွှေ့လာသူများ နှင့် ရောနှောလျှက် ရှိသည်။ အီဂျစ်နိုင်ငံ နှင့် ဆူဒန်နိုင်ငံတို့တွင် အာဖရိက-အာရှ စကားပြောပြီး လှည့်လည်သွားလာလေ့ ရှိသော ဘီဂျာ လူမျိုးများကို တွေ့ရသည်။

အရှေ့မြောက် အာဖရိကမှ ဘီဒိုရင် ဘီဂျာလူမျိုးများ

အာဖရိက ဦးချိုဒေသတွင်မူ ဟာဘီရှာ လူမျိုးဟု စုပေါင်းခေါ်ဆိုကြသော အမ်ဟာရာလူမျိုး နှင့် တိုင်ဂရာယန်လူမျိုးများဖြစ်ကြသော အချို့သော အီသီယိုးပီးယားနှင့် အီရီထရီးယား အုပ်စုများမှာ အာဖရိက-အာရှ ဘာသာစကား မိသားစု မှ ဂျူးဘာသာစကားခွဲကို ပြောဆိုကြပြီး အိုရိုမို နှင့် ဆိုမာလီလူမျိုးများမှာ အာဖရိက-အာရှ ဘာသာစကားခွဲမှ ကူရှီတစ် ဘာသာစကားခွဲကို ပြောဆိုကြသည်။

တောင်အာဖရိက၊ ဒါဘန်မှ လူဖြူ အာဖရိကနှင့် တောင်အာရှ ကလေးငယ်များ

ဒုတိယကမ္ဘာစစ် အပြီး ကိုလိုနစ်စနစ် ဖျက်သိမ်းခြင်း လှုပ်ရှားမှု မတိုင်ခင်က ဥရောပသားများကို အာဖရိက နေရာ အနှံ့အပြားတွင် တွေ့ရသည်။[၆၈] ၁၉၆၀ ခုနှစ်များ နှင့် ၁၉၇၀ ခုနှစ်များ အတွင်း ကိုလိုနီစနစ် ဖျက်သိမ်းခြင်းကြောင့် ဥရောပ အနွယ်မှ ဆင်းသက်လာသော လူမျိုး အများစုမှာ အာဖရိကမှ အစုလိုက်အပြုံလိုက်ထွက်ခွာသွားခဲ့ပြီး အထူးသဖြင့် အယ်လ်ဂျီးရီးယားနိုင်ငံ၊ မော်ရိုကိုနိုင်ငံ (ပြင်သစ်ကိုလိုနီနေ ဥရောပသား ၁.၆သန်းကျော်) [၆၉] Kenya, Congo,[၇၀] ရိုဒီးရှားနိုင်ငံ၊ မိုဇမ်ဘစ်နိုင်ငံ နှင့် အင်ဂိုလာနိုင်ငံ တို့မှ ဖြစ်သည်။[၇၁] ၁၉၇၇ ခုနှစ် အကုန်တွင် အာဖရိကတွင် နေထိုင်သော ပေါ်တူဂီလူမျိုး ၁ သန်းကျော် ပေါ်တူဂီသို့ ပြန်ခဲ့ကြသည်။[၇၂] သို့သော်လည်း လူဖြူအာဖရိကများမှာ အာဖရိနိုင်ငံ အများအပြား အထူးသဖြင့် တောင်အာဖရိကနိုင်ငံ၊ ဇင်ဘာဘွေနိုင်ငံနမီးဘီးယားနိုင်ငံ နှင့် ရေညွန်နိုင်ငံ တို့တွင် ထင်ရှားသော လူနည်းစု အဖြစ် ကျန်ရစ်ခဲ့သည်။[၇၃] လူဖြူအာဖရိက အများဆုံးရှိသော နိုင်ငံမှာ တောင်အာဖရိကနိုင်ငံ ဖြစ်သည်။[၇၄] ဒတ်ချ်အနွယ်ဝင် အာဖရိကန်နာများ၊ ဗြိတိသျှမှ ရွှေ့ပြောင်းဆင်းသက်လာသူများ နှင့် အဖြူသွေးနှောများမှာ အာဖရိကတွင် အများဆုံး ဥရောပ အနွယ်ဝင်များ ဖြစ်သည်။

ဥရောပတို့၏ ကိုလိုနီစနစ်ကြောင့် အာရှသား အများအပြားကို အာဖရိကသို့ ရောက်ရှိလာစေခဲ့ပြီး အထူးသဖြင့် အိန္ဒိယတိုက်ငယ်မှ လူများ ဗြိတိသျှကိုလိုနီများသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ အိန္ဒိယ လူမျိုး အများအပြားကို တောင်အာဖရိကတွင် တွေ့ရပြီး ကင်ညာနိုင်ငံ၊ တန်ဇေးနီးယားနိုင်ငံနှင့် အခြားသော တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်း အာဖရိကနိုင်ငံများတွင်လည်း အိန္ဒိယလူမျိုး အနည်းငယ်ကို တွေ့ရသည်။ ယူဂန်ဒါနိုင်ငံရှိ အိန္ဒိယလူမျိုး အများအပြားကို ၁၉၇၂ ခုနှစ်တွင် အာဏာရှင် အီဒီအာမင် မှ မောင်းထုတ်ခဲ့သော်လည်း အချို့မှာ ပြန်လာခဲ့ကြသည်။ အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ ကျွန်းများမှာ အာရှမျိုးနွယ် လူမျိုးများ နေထိုင်ကြပြီး တခါတရံတွင် အာဖရိကသားများ ဥရောပသားများ နှင့် ရောနှောနေသည်။ မာဒါဂတ်စကားနိုင်ငံရှိ မာလာဂါဆီ လူမျိုးများမှာ အော်စရိုနီးရှန်း လူမျိုး များ ဖြစ်ပြီး ကမ်းရိုးတန်းဒေသတွင် နေထိုင်ကြသူများမှာမူ ဘန်တူ၊ အာရပ်၊ အိန္ဒိယ နှင့် ဥရောပ အနွယ်ဝင်များ နှင့် ရောနှောနေသည်။ တောင်အာဖရိကတွင် ကိပ်ကာလာ (လူမျိုးနှစ်မျိုး နှင့် တိုက်နှစ်ခုထက် ပိုသော အနွယ်ဝင်) ဟုခေါ်သော မလေး နှင့် အိန္ဒိယ အနွယ်မှ ဆင်းသက်လာသူများမှာ အရေးပါသော အစိတ်အပိုင်း ဖြစ်သည်။ ၂၀ ရာစု အတွင်းတွင် လူနည်းစု ဖြစ်သော်လည်း စီးပွားရေး အရ အရေးပါသော လူမျိုးစုများ ဖြစ်သည့် လက်ဘနွန်နှင့် တရုတ် လူမျိုးများမှာ အနောက်နှင့် အရှေ့အာဖရိက ရှိ ကမ်းရိုးတန်းမြို့ကြီးများတွင် အသီးသီး တိုးပွားလာခဲ့သည်။[၇၅]

ဘာသာစကားများ[ပြင်​ဆင်​ရန်​]

အာဖရိက၏ ရိုးရာ ဘာသာစကားများ အသုံးပြုရာကို ပြသော မြေပုံ      အာဖရိုအေးရှားတစ် (Semitic-Hamitic)      အော်စထရိုနီးရှန်း (Malay-Polynesian)      အင်ဒိုဥရောပ      ခွိုင်ဆန် နိုင်ဂါ-ကွန်ဂို:      ဘန်တူ      အလယ်နှင့်အရှေ့ဆူဒန်      အလယ်ဘန်တွိုက်      အရှေ့ဘန်တွိုက်      ဂီနီယန်      မန်ဒီ      အနောက်ဘန်တွိုက် နိုင်းဆာဟာရ:      ကနူရီ      နိုင်လိုတစ်      ဆွန်ဟိုင်း

ခန့်မှန်းခြေ အများစုအရ အာဖရိကတွင် အသုံးပြုသော ဘာသာစကား တစ်ထောင်ကျော် ရှိသည်။ ( ယူနက်စကို၏ ခန့်မှန်းချက်အရ ဘာသာစကား ၂၀၀၀ ကျော် ဖြစ်သည်။)[၇၆] ဘာသာစကား အများစုမှာ အာဖရိကမှ မြစ်ဖျားခံသော်လည်း အချို့မှာ ဥရောပ နှင့် အာရှတွင် မြစ်ဖျားခံသည်။ အာဖရိကသည် ကမ္ဘာပေါ်တွင် ဘာသာစကား အများအပြား တတ်ကျွမ်းသူ အများဆုံး တိုက်ကြီး ဖြစ်ပြီး လူတစ်ယောက် အနေနှင့် အာဖရိက ဘာသာစကား အများအပြား အပြင် ဥရောပဘာသာစကား တစ်မျိုး သို့မဟုတ် တစ်မျိုး ထက်ပို၍ ပြောတတ်သည်မှာ မရှားပေ။ အာဖရိကတွင် ရှေးဦးအစ ကတည်းက အသုံးပြုခဲ့သော အဓိက ဘာသာစကား မိသားစု ၄ ခု ရှိသည်။

  • အာဖရို-အေးရှားတစ် ဘာသာစကား မိသားစုတွင် ဘာသာစကား ၂၄၀ ခန့် ပါဝင်ပြီး အာဖရိက ဦးချိုဒေသ၊ မြောက်အာဖရိက ဒေသ၊ ဆာဟဲလ်ဒေသ နှင့် အာရှ အနောက်တောင်ပိုင်း ဒေသတို့တွင် နေထိုင်သော လူဦးရေ ၂၈၅ သန်းခန့်မှ အသုံးပြုကြသည်။
  • နိုင်လို-ဆာဟာရ ဘာသာစကား မိသားစုတွင် ဘာသာစကား ၁၀၀ ကျော် ပါဝင်ပြီး လူဦးရေ သန်း ၃၀ ကျော် အသုံးပြုကြသည်။ နိုင်လို-ဆာဟာရ ဘာသာစကားကို ချဒ်နိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံ၊ ကင်ညာနိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံ၊ ဆူဒန်နိုင်ငံ၊ တောင်ဆူဒန်နိုင်ငံ၊ ယူဂန်ဒါနိုင်ငံ နှင့် တန်ဇေးနီးယား နိုင်ငံတို့မှ လူမျိုးစုများ အသုံးပြုကြသည်။
  • နိုင်ဂါ-ကွန်ဂို ဘာသာစကား မိသားစုမှာ ဆာဟာရ တောင်ပိုင်းဒေသများတွင် အသုံးပြုကြပြီး ကမ္ဘာပေါ်တွင် ဘာသာစကား မျိုးကွဲအများဆုံးသော ဘာသာစကားမိသားစု ဖြစ်သည်။
  • ခွိုင်ဆန် ဘာသာစကားတွင် ဘာသာစကား အမျိုး ၅၀ ခန့် ပါဝင်ပြီး အာဖရိကတောင်ပိုင်းရှိ လူဦးရေ ၁ သိန်း ၂ သောင်းခန့် အသုံးပြု လျှက် ရှိကြသည်။ ခွိုင်ဆန် ဘာသာစကား အများအပြားမှာ ပျောက်ကွယ်လု နီးပါး ဖြစ်နေပြီ ဖြစ်သည်။ ခွိုင် နှင့် ဆန် လူမျိုးတို့သည် ထို အာဖရိက ဒေသ၏ မူလ အစနေထိုင်သော လူမျိုးများ ဖြစ်သည်။

ကိုလိုနီ စနစ် ပျက်သုဉ်းပြီးချိန်တွင် အာဖရိက နိုင်ငံတိုင်းလိုလိုပင် အာဖရိကတိုက် အပြင်ဘက်ရှိ ဘာသာစကား တစ်မျိုးမျိုးကို ရုံးသုံးဘာသာစကား အဖြစ် သတ်မှတ် သုံးစွဲကြသည်။ အချို့သော နိုင်ငံများမှာ ရှေးဦး ဘာသာစကားများ ဖြ်စသော ဆွာဟီလီ၊ ရောယူဘာ၊ အစ်ဂ်ဘို၊ ဟောဆာ အစရှိသော ဘာသာစကားများကို တရားဝင် အသိမှတ်ပြု ထားသည်။ နိုင်ငံ အများအပြားတွင် အင်္ဂလိပ် ဘာသာ နှင့် ပြင်သစ် ဘာသာစကားတို့ကို အများနှင့် ဆိုင်သော နေရာများ ဖြစ်သည့် အစိုးရ၊ စီးပွားရေး၊ ပညာရေး နှင့် ပြန်ကြားရေး တို့တွင် ဆက်သွယ်ရန် အသုံးပြုကြသည်။ အာရပ်ဘာသာစကား၊ စပိန်ဘာသာစကား၊ အာဖရိကန် ဘာသာစကား နှင့် ပေါ်တူဂီ ဘာသာစကားတို့မှာ အာဖရိကတိုက် အပြင်မှ မြစ်ဖျားခံလာသော ဘာသာစကားများ ဖြစ်သော်လည်း အာဖရိကသား သန်းပေါင်းများစွာတို့က အများနှင့် ဆိုင်သော နေရာ သို့မဟုတ် မိမိတို့ အချင်းချင်း ဆက်သွယ်ရန် အသုံးပြုလျှက် ရှိကြသည်။ ယခင်က အီတလီ၏ ကိုလိုနီ ဖြစ်ခဲ့သော ဒေသများတွင် အီတလီ ဘာသာစကားကိုလည်း အသုံးပြုကြသည်။ ဂျာမနီ၏ ယခင် ပိုင်နက် ဖြစ်သော နမီးဘီးယားနိုင်ငံတွင် ဂျာမန်ဘာသာစကားကိုလည်း ပြောဆိုကြသည်။

ယဉ်ကျေးမှုများ[ပြင်​ဆင်​ရန်​]

ကျောက်တုံးများ စီ၍ တည်ဆောက်ထားသော အီသီယိုးပီးယားနိုင်ငံ လာလီဘယ်လာရှိ စိန့်ဂျော့ရှ် ဘုရားကျောင်းမှာ ယူနက်စကို ကမ္ဘာ့အမွေခံ နေရာတစ်ခုဖြစ်သည်။

အချို့သော အာဖရိက ရိုးရာ ယဉ်ကျေးမှု အစိတ်အပိုင်း များမှာ ယခုလတ်တလောတွင် ကျင့်သုံးမှုနည်းပြီး ကိုလိုနီခေတ်နှင့် ကိုလိုနီခေတ်လွန် အစိုးရများ၏ လျစ်လျူရှုမှု နှင့် ဖိနှိပ်မှုတို့ကြောင့် ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် အာဖရိက၏ ရိုးရာယဉ်ကျေးမှုများကို ပြန်လည်ရှာဖွေခြင်း နှင့် တန်ဖိုးထားခြင်းတို့ ဖြစ်လာစေရန် ကြိုးစားမှုများ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ တောင်အာဖရိက သမ္မတဟောင်း တက်ဘို အမ်ဘပ်ကီ ဦးဆောင်သော အာဖရိက ရီနေဆွန်း လှုပ်ရှားမှု နှင့် မိုလ်ဖီ အဆန်တီ အပါအဝင် ပညာရှင် တစ်စု ဦး ဆောင်သော အာဖရိုဆန်ထရစ်ဆင် လှုပ်ရှားမှုတို့ က ထိုသို့ ဖြစ်ပေါ်လာစေရန် တွန်းအားပေးခဲ့သည်။ ထို့ပြင် ရိုးရာယုံကြည်ကိုးကွယ်မှုများကိုလည်း အသိအမှတ်ပြုလာခဲ့ပြီး ဗူဒူး အပါအဝင် အခြား ယုံကြည်မှုများကို ရာဇဝတ်မှု အဖြစ်မှ ပယ်ဖျက်ပေးခြင်းများလည်း ပါဝင်သည် ။ ယခု လတ်တလော နှစ်များတွင် အာဖရိက ယဉ်ကျေးမှုသည် ကျေးလက်ဆင်းရဲမွဲတေမှု နှင့် အနည်းငယ်မျှသော စိုက်ပျိုးမှုတို့နှင့် တွဲဆက်လျှက် ရှိသည်။

အနုပညာနှင့် ဗိသုကာပညာ[ပြင်​ဆင်​ရန်​]

အာဖရိက အနုပညာနှင့် ဗိသုကာပညာတို့သည် အာဖရိက ယဉ်ကျေးမှု၏ အမျိုးအမည် များပြားမှုကို ထင်ဟပ်ပြနေသည်။ အာဖရိက၏ ရှေးအကျဆုံးသော ယဉ်ကျေးမှု လက်ရာမှာ နှစ်ပေါင်း ၈၂,၀၀၀ မျှ ကြာပြီ ဖြစ်သော ပုတီးစေ့ ဖြစ်ပြီး မော်ရိုကိုနိုင်ငံ၊ တာဖိုရော့တွင် တွေ့ရှိခဲ့သည်။ အီဂျစ်နိုင်ငံ ရှိ ဂိုင်ဇာမဟာပိရမစ်ကြီး မှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အဦး အဖြစ် နှစ်ပေါင်း ၄၀၀၀ ကျော် တည်ရှိခဲ့ပြီး ၁၃၀၀ ခုနှစ် လင်ကွန်း ကက်သီဒရယ် ဘုရားကျောင်း ပြီးသည့် အချိန်အထိပင် ဖြစ်သည်။ ဂရိတ်ဇင်ဘာဘွေ ဒေသရှိ ကျောက်တုံးအပျက် အစီးများမှာ ဗိသုကာပညာအတွက် မှတ်သားလောက်စရာ ဖြစ်ပြီး အီသီယိုးပီးယားနိုင်ငံ လာလီဘယ်လာရှိ စိန့်ဂျော့ရှ် ဘုရားကျောင်း အပါအဝင် အခြား ဘုရားကျောင်းများ၏ ခက်ခဲနက်နဲမှုလည်း ပါဝင်သည်။

တောင်အာဖရိကမှ ဂီတပညာရှင် တစ်ဦး

ဂီတနှင့် အက[ပြင်​ဆင်​ရန်​]

နမီးဘီးယားနိုင်ငံ လက်ရွေးစင် ရပ်ဘီ အသင်း

အီဂျစ်သည် အာရပ်ကမ္ဘာအတွက် ယဉ်ကျေးမှု အာရုံစိုက်ရာ ဒေသ တစ်ခုဖြစ်ပြီး ဆာဟာရ တောင်ပိုင်း အထူးသဖြင့် အနောက်အာဖရိကမှ စည်းချက်များသည် အတ္တလန္တိတ် ကျွန် ရောင်းဝယ်ဖောက်ကားမှုမှ တဆင့် ယနေ့ခေတ် ဆမ်ဘာ၊ ဘလူး၊ ဂျက်ဇ်၊ ရက်ဂေး၊ ဟစ်ဟော့ပ် နှင့် ရော့ခ်ဂီတများ အဖြစ် ပျံ့လွင့်သွားခဲ့သည်။ ၁၉၅၀ မှ ၁၉၇၀ နှစ်များ အတွင်း ထိုစတိုင်လ်များကို ပေါင်းစပ်ထားသည့် အာဖရိုဘိ နှင့် ဟိုင်းလိုက်ဖ် ဂီတတို့ လူသိများ ထင်ရှား လာခံသည်။ ယနေ့ခေတ် အာဖရိကတိုက်၏ ဂီတများတွင် တောင်အာဖရိကနိုင်ငံ၏ နက်နဲသော သီချင်းဆိုမှုများ နှင့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ ဂီတများ အဓိက ပါဝင်သော ဆူကူ ဂီတအမျိုးအစားတို့ ပါဝင်သည်။ ရှေးယခင်ကတည်းက ရှိခဲ့သော အာဖရိက၏ ဂီတ နှင့် အကများမှာ မှတ်တမ်းမတင်ဘဲ ပါးစပ်ဖြင့်သာ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြပြီး မြောက်အာဖရိက နှင့် တောင်အာဖရိကတို့၏ ဂီတ နှင့် အကမှာ သိသာစွာ ကွဲပြားခြားနားသည်။ မြောက်အာဖရိက ဂီတနှင့် အကတို့တွင် အာရပ်တို့၏ လွှမ်းမိုးမှုများကို တွေ့ရပြီး တောင်အာဖရိကတွင်မူ ကိုလိုနီစနစ်ကြောင့် အနောက်တိုင်း၏ လွှမ်းမိုးမှုများကို တွေ့ရသည်။

အားကစား[ပြင်​ဆင်​ရန်​]

အာဖရိက ဘောလုံး အဖွဲ့ချုပ်တွင် အာဖရိက နိုင်ငံပေါင်း ၅၃ နိုင်ငံမှ အသင်းများ ပါဝင်သည်ပြီး ကင်မရွန်း၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါလ် နှင့် ဂါနာ နိုင်ငံတို့သည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ရှုံးထွက် အဆင့်ထိ တက်လှမ်းနိုင်ခဲ့သည်။ တောင်အာဖရိကနိုင်ငံသည် ၂၀၁၀ ခုနှစ်တွင် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ပြီး အာဖရိကနိုင်ငံများထဲတွင် ပထမဆုံး ဖြစ်သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ အဆင့်သတ်မှတ်ချက် အရ အီဂျစ် အသင်းမှာ အာဖရိကတွင် အကောင်းဆုံး ဘောလုံးအသင်း ဖြစ်ပြီး အာဖရိက ဖလားကို ၇ ကြိမ်တိုင် ရရှိခဲ့ကာ ၃ ကြိမ်ဆက်တိုက် ဆွတ်ခူးခြင်း စံချိန်ကိုလည်း တင်ထားခဲ့သည်။[၇၇]

အချို့သော အာဖရိကနိုင်ငံများတွင် ခရစ်ကက် ကစားခြင်းသည် လူကြိုက်များသည်။ တောင်အာဖရိက၊ ဇင်ဘာဘွေ နှင့် ကင်ညာနိုင်ငံတို့မှာ ခရစ်ကက် ကစားနည်းတွင် အဆင့်တစ်ခု အထိ တက်လှမ်းနိုင်ခဲ့ပြီး ထိုနိုင်ငံ ၃ ခု ပူးပေါင်း၍ ၂၀၀၃ ခုနှစ် ခရစ်ကက် ကမ္ဘာ့ဖလားကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့သည်။ ခရစ်ကက် ကမ္ဘာ့ဖလားတွင် နမီးဘီးယား အသင်းလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ရပ်ဘီ ကစားနည်းမှာ တောင်အာဖရိကနိုင်ငံနှင့် နမီးဘီးယားနိုင်ငံတို့တွင် လူကြိုက်များသော ကစားနည်း ဖြစ်သည်။

ကိုးကွယ်မှု[ပြင်​ဆင်​ရန်​]

အာဖရိကတိုက်တွင် ကိုးကွယ်ယုံကြည်မှုပေါင်း မြောက်များစွာရှိပြီး အစိုးရ များ အနေနှင့် ကိုးကွယ်ယုံကြည်မှု ပေါင်းစုံ ရှိနေသော နေရာတွင် စာရင်းထုတ်ပြန်ရန်မှာ ထိရှလွယ်သော အကြောင်းအရာ ဖြစ်သဖြင့် ကိုးကွယ်ယုံကြည်မှုနှင့် ပတ်သက်သော စာရင်းအင်းမှာ ရရှိရန် ခက်ခဲသည်။[၇၈][၇၉] ကမ္ဘာ့ စွယ်စုံကျမ်း၏ အဆိုအရ အစ္စလာမ်ဘာသာမှာ ကိုးကွယ်ယုံကြည်မှု အများဆုံး ပါသာ ဖြစ်ပြီး ဒုတိယအများဆုံးမှာ ခရစ်ယာန်ဘာသာ ဖြစ်သည်။ ဘရစ်တန်နီကာ စွယ်စုံကျမ်း၏ အဆိုအရ ၄၅% သော လူဦးရေမှာ ခရစ်ယာန် ဘာသာဝင် ဖြစ်ပြီး ၄၀% မှာ အစ္စလာမ် ဘာသာဝင် ဖြစ်ကာ ကျန် ၁၀% ခန့်မှာ ရိုးရာ ယုံကြည်ကိုးကွယ်မှုများကို လိုက်နာကြသည်။ အာဖရိကလူနည်းစုမှာ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ကွန်ဖြူးရှပ် ဘာသာ၊ ဘာဟိုင်း ဘာသာ နှင့် ဂျူး ဘာသာတို့ကို ကိုးကွယ်ကြသည်။ ဘာသာမဲ့ လူဦးရေ အနည်းငယ်မျှလည်း အာဖရိကတွင် ရှိသည်။

အီသီယိုးပီးယားနိုင်ငံ အဒစ်အဘာဘာ မြို့ရှိ မြင့်မြင်သော ထရီနီတီ ကက်သီဒရယ် ဘုရားကျောင်း
မဟာ ကိုင်ရိုယန် ဗလီ၊ အေဒီ ၆၇၀ တွင် တည်ဆောက်ခဲ့ပြီး အာဖရိက၏ ရှေးအကျဆုံး ဗလီ ဖြစ်ပြီး[၈၀] တူနီးရှားနိုင်ငံ ကိုင်ရိုရွမ်တွင် တည်ရှိသည်။
ဘီနင်းနိုင်ငံ အဘိုမီရှိ ဗိုဒမ် ဝတ်ပြုစင်မြင့်
နိုင်ဂျီးရီးယား အမျိုးသား ဘုရားကျောင်း၊ အဘူဂျာ
အာဖရိကရှိ ကိုးကွယ်မှု ပျံ့နှံ့ခြင်းကို ဖော်ပြသည့် မြေပုံ

နယ်မြေနှင့် ဒေသများ[ပြင်​ဆင်​ရန်​]

အာဖရိကတိုက်၏ ဒေသများ -      မြောက်အာဖရိက      အနောက်အာဖရိက      အလယ်အာဖရိက      အရှေ့အာဖရိက      တောင်အာဖရိက
နိုင်ငံနှင့် ဒေသအမည်[၈၁] ဧရိယာ
(km²)
လူဦးရေ
(၂၀၀၂ မှန်းချက်)
လူဦးရေသိပ်သည်းမှု
(per km²)
မြို့တော်
အရှေ့အာဖရိက:
ကိုမိုရိုနိုင်ငံ၏ အလံတော် ကိုမိုရို ၂,၁၇၀ ၆၁၄,၃၈၂ ၂၈၃.၁ Moroni
ကင်ညာနိုင်ငံ၏ အလံတော် ကင်ညာ ၅၈၂,၆၅၀ ၃၁,၁၃၈,၇၃၅ ၅၃.၄ Nairobi
ဂျီဘူတီနိုင်ငံ၏ အလံတော် ဂျီဘူတီ ၂၃,၀၀၀ ၄၇၂,၈၁၀ ၂၀.၆ ဂျီဘူတီမြို့
ဆေးရှဲနိုင်ငံ၏ အလံတော် ဆေးရှဲ ၄၅၅ ၈၀,၀၉၈ ၁၇၆.၀ Victoria
ဆိုမာလီယာနိုင်ငံ၏ အလံတော် ဆိုမာလီယာ ၆၃၇,၆၅၇ ၇,၇၅၃,၃၁၀ ၁၂.၂ Mogadishu
ဇင်ဘာဘွေနိုင်ငံ၏ အလံတော် ဇင်ဘာဘွေ ၃၉၀,၅၈၀ ၁၁,၃၇၆,၆၇၆ ၂၉.၁ Harare
ဇမ်ဘီယာနိုင်ငံ၏ အလံတော် ဇမ်ဘီယာ ၇၅၂,၆၁၄ ၉,၉၅၉,၀၃၇ ၁၃.၂ Lusaka
တန်ဇေးနီးယားနိုင်ငံ၏ အလံတော် တန်ဇေးနီးယား ၉၄၅,၀၈၇ ၃၇,၁၈၇,၉၃၉ ၃၉.၃ Dodoma
ဘူရွန်ဒီနိုင်ငံ၏ အလံတော် ဘူရွန်ဒီ ၂၇,၈၃၀ ၆,၃၇၃,၀၀၂ ၂၂၉.၀ Bujumbura
မဒါဂတ်စကားနိုင်ငံ၏ အလံတော် မဒါဂတ်စကား ၅၈၇,၀၄၀ ၁၆,၄၇၃,၄၇၇ ၂၈.၁ Antananarivo
မာလဝီနိုင်ငံ၏ အလံတော် မာလဝီ ၁၁၈,၄၈၀ ၁၀,၇၀၁,၈၂၄ ၉၀.၃ Lilongwe
မာယော့တ်၏ အလံတော် မာယော့တ် (ပြင်သစ်) ၃၇၄ ၁၇၀,၈၇၉ ၄၅၆.၉ Mamoudzou
မောရစ်ရှနိုင်ငံ၏ အလံတော် မောရစ်ရှ ၂,၀၄၀ ၁,၂၀၀,၂၀၆ ၅၈၈.၃ ပေါ့တ်လူးဝစ်မြို့
မိုဇမ်ဘစ်နိုင်ငံ၏ အလံတော် မိုဇမ်ဘစ် ၈၀၁,၅၉၀ ၁၉,၆၀၇,၅၁၉ ၂၄.၅ Maputo
ယူဂန်းဒါးနိုင်ငံ၏ အလံတော် ယူဂန်းဒါး ၂၃၆,၀၄၀ ၂၄,၆၉၉,၀၇၃ ၁၀၄.၆ Kampala
ရဝမ်ဒါနိုင်ငံ၏ အလံတော် ရဝမ်ဒါ ၂၆,၃၃၈ ၇,၃၉၈,၀၇၄ ၂၈၀.၉ Kigali
ဟေညွန် (réunion)(ပြင်သစ်) ၂,၅၁၂ ၇၄၃,၉၈၁ ၂၉၆.၂ Saint-Denis
အီရီထရီးယားနိုင်ငံ၏ အလံတော် အီရီထရီးယား ၁၂၁,၃၂၀ ၄,၄၆၅,၆၅၁ ၃၆.၈ Asmara
အီသီယိုးပီးယားနိုင်ငံ၏ အလံတော် အီသီယိုးပီးယား ၁,၁၂၇,၁၂၇ ၆၇,၆၇၃,၀၃၁ ၆၀.၀ Addis Ababa
အလယ်အာဖရိက:
ကင်မရွန်းနိုင်ငံ၏ အလံတော် ကင်မရွန်း ၄၇၅,၄၄၀ ၁၆,၁၈၄,၇၄၈ ၃၄.၀ Yaoundé
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ အလံတော် ကွန်ဂိုဒီမိုကရက်တစ်သမ္မတ ၂,၃၄၅,၄၁၀ ၅၅,၂၂၅,၄၇၈ ၂၃.၅ Kinshasa
ကွန်ဂိုသမ္မတနိုင်ငံ၏ အလံတော် ကွန်ဂိုသမ္မတနိုင်ငံ ၃၄၂,၀၀၀ ၂,၉၅၈,၄၄၈ ၈.၇ Brazzaville
ချဒ်သမ္မတနိုင်ငံ၏ အလံတော် ချဒ်သမ္မတနိုင်ငံ ၁,၂၈၄,၀၀၀ ၈,၉၉၇,၂၃၇ ၇.၀ N'Djamena
ဂါဘွန်နိုင်ငံ၏ အလံတော် ဂါဘွန် ၂၆၇,၆၆၇ ၁,၂၃၃,၃၅၃ ၄.၆ Libreville
ဆောင်တူမေးနှင့် ပရင်စီပီနိုင်ငံ၏ အလံတော် ဆောင်တူမေးနှင့် ပရင်စီပီ ၁,၀၀၁ ၁၇၀,၃၇၂ ၁၇၀.၂ São Tomé
ဗဟိုအာဖရိကသမ္မတနိုင်ငံ၏ အလံတော် ဗဟိုအာဖရိကသမ္မတနိုင်ငံ ၆၂၂,၉၈၄ ၃,၆၄၂,၇၃၉ ၅.၈ Bangui
အီကွေတာဂီနီနိုင်ငံ၏ အလံတော် အီကွေတာဂီနီ ၂၈,၀၅၁ ၄၉၈,၁၄၄ ၁၇.၈ Malabo
အင်ဂိုလာနိုင်ငံ၏ အလံတော် အင်ဂိုလာ ၁,၂၄၆,၇၀၀ ၁၀,၅၉၃,၁၇၁ ၈.၅ Luanda
မြောက်အာဖရိက:
ဆူဒန်နိုင်ငံ၏ အလံတော် ဆူဒန် ၂,၅၀၅,၈၁၀ ၃၇,၀၉၀,၂၉၈ ၁၄.၈ Khartoum
တူနီးရှားနိုင်ငံ၏ အလံတော် တူနီးရှား ၁၆၃,၆၁၀ ၉,၈၁၅,၆၄၄ ၆၀.၀ Tunis
မော်ရိုကိုနိုင်ငံ၏ အလံတော် မော်ရိုကို ၄၄၆,၅၅၀ ၃၁,၁၆၇,၇၈၃ ၆၉.၈ Rabat
လစ်ဗျားနိုင်ငံ၏ အလံတော် လစ်ဗျား ၁,၇၅၉,၅၄၀ ၅,၃၆၈,၅၈၅ ၃.၁ Tripoli
အနောက်ဆဟာရ၏ အလံတော် အနောက်ဆဟာရ[၈၂] ၂၆၆,၀၀၀ ၂၅၆,၁၇၇ ၁.၀ El Aaiún
အီဂျစ်နိုင်ငံ၏ အလံတော် အီဂျစ်[၈၃] ၁,၀၀၁,၄၅၀ ၇၀,၇၁၂,၃၄၅ ၇၀.၆ ကိုင်ရိုမြို့
အယ်လ်ဂျီးရီးယားနိုင်ငံ၏ အလံတော် အယ်လ်ဂျီးရီးယား ၂,၃၈၁,၇၄၀ ၃၂,၂၇၇,၉၄၂ ၁၃.၆ Algiers
မြောက်အာဖရိကရှိ စပိန်နိုင်ငံနှင့် ပေါ်တူဂီနိုင်ငံတို့၏ ပိုင်နက်နယ်မြေများ:
ကနေရီကျွန်းများ၏ အလံတော် ကနေရီကျွန်းများ (စပိန်နိုင်ငံ)[၈၄] ၇,၄၉၂ ၁,၆၉၄,၄၇၇ ၂၂၆.၂ Las Palmas de Gran Canaria,
Santa Cruz de Tenerife
ဆိုတာ၏ အလံတော် ဆိုတာ (စပိန်နိုင်ငံ)[၈၅] ၂၀ ၇၁,၅၀၅ ၃,၅၇၅.၂
မက်ဒိုင်ရာကျွန်းများ၏ အလံတော် မက်ဒိုင်ရာကျွန်းများ (ပေါ်တူဂီနိုင်ငံ)[၈၆] ၇၉၇ ၂၄၅,၀၀၀ ၃၀၇.၄ Funchal
မလီယာ၏ အလံတော် မလီယာ (Melilla) (Spain)[၈၇] ၁၂ ၆၆,၄၁၁ ၅,၅၃၄.၂
တောင်အာဖရိက:
ဆွာဇီလန်နိုင်ငံ၏ အလံတော် ဆွာဇီလန် ၁၇,၃၆၃ ၁,၁၂၃,၆၀၅ ၆၄.၇ Mbabane
တောင်အာဖရိကနိုင်ငံ၏ အလံတော် တောင်အာဖရိက ၁,၂၁၉,၉၁၂ ၄၃,၆၄၇,၆၅၈ ၃၅.၈ Bloemfontein, Cape Town, Pretoria[၈၈]
နမီးဘီးယားနိုင်ငံ၏ အလံတော် နမီးဘီးယား ၈၂၅,၄၁၈ ၁,၈၂၀,၉၁၆ ၂.၂ Windhoek
ဘော့ဆွာနာနိုင်ငံ၏ အလံတော် ဘော့ဆွာနာ ၆၀၀,၃၇၀ ၁,၅၉၁,၂၃၂ ၂.၇ Gaborone
လီဆိုသိုနိုင်ငံ၏ အလံတော် လီဆိုသို ၃၀,၃၅၅ ၂,၂၀၇,၉၅၄ ၇၂.၇ Maseru
အနောက်အာဖရိက:
အိုင်ဗရီကို့စ်နိုင်ငံ၏ အလံတော် အိုင်ဗရီကို့စ် (အိုင်ဗိုရီကိုစ့်) ၃၂၂,၄၆၀ ၁၆,၈၀၄,၇၈၄ ၅၂.၁ Abidjan, Yamoussoukro[၈၉]
ကိတ်ဗာဒီနိုင်ငံ၏ အလံတော် ကိတ်ဗာဒီ ၄,၀၃၃ ၄၀၈,၇၆၀ ၁၀၁.၄ Praia
ဂါနာနိုင်ငံ၏ အလံတော် ဂါနာ ၂၃၉,၄၆၀ ၂၀,၂၄၄,၁၅၄ ၈၄.၅ Accra
ဂီနီ-ဘီစောနိုင်ငံ၏ အလံတော် ဂီနီ-ဘီစော ၃၆,၁၂၀ ၁,၃၄၅,၄၇၉ ၃၇.၃ Bissau
ဂီနီနိုင်ငံ၏ အလံတော် ဂီနီ ၂၄၅,၈၅၇ ၇,၇၇၅,၀၆၅ ၃၁.၆ Conakry
ဂမ်ဘီယာနိုင်ငံ၏ အလံတော် ဂမ်ဘီယာ ၁၁,၃၀၀ ၁,၄၅၅,၈၄၂ ၁၂၈.၈ Banjul
စိန့်ဟယ်လယ်နာ၏ အလံတော် စိန့်ဟယ်လယ်နာ (ဂရိတ်ဗြိတိန်နိုင်ငံ) ၄၁၀ ၇,၃၁၇ ၁၇.၈ Jamestown
ဆီနီဂေါနိုင်ငံ၏ အလံတော် ဆီနီဂေါ ၁၉၆,၁၉၀ ၁၀,၅၈၉,၅၇၁ ၅၄.၀ Dakar
ဆီရာလီယွန်နိုင်ငံ၏ အလံတော် ဆီရာလီယွန် ၇၁,၇၄၀ ၅,၆၁၄,၇၄၃ ၇၈.၃ Freetown
တိုဂိုနိုင်ငံ၏ အလံတော် တိုဂို ၅၆,၇၈၅ ၅,၂၈၅,၅၀၁ ၉၃.၁ Lomé
နိုင်ဂျီးရီးယားနိုင်ငံ၏ အလံတော် နိုင်ဂျီးရီးယား ၉၂၃,၇၆၈ ၁၂၉,၉၃၄,၉၁၁ ၁၄၀.၇ Abuja
နိုင်ဂျာနိုင်ငံ၏ အလံတော် နိုင်ဂျာ ၁,၂၆၇,၀၀၀ ၁၀,၆၃၉,၇၄၄ ၈.၄ Niamey
ဘီနင်နိုင်ငံ၏ အလံတော် ဘီနင် ၁၁၂,၆၂၀ ၆,၇၈၇,၆၂၅ ၆၀.၃ Porto-Novo
ဘာကီးနားဖားဆိုနိုင်ငံ၏ အလံတော် ဘာကီးနားဖားဆို ၂၇၄,၂၀၀ ၁၂,၆၀၃,၁၈၅ ၄၆.၀ Ouagadougou
မာလီနိုင်ငံ၏ အလံတော် မာလီ ၁,၂၄၀,၀၀၀ ၁၁,၃၄၀,၄၈၀ ၉.၁ Bamako
မော်ရီတေးနီးယားနိုင်ငံ၏ အလံတော် မော်ရီတေးနီးယား ၁,၀၃၀,၇၀၀ ၂,၈၂၈,၈၅၈ ၂.၇ Nouakchott
လိုက်ဘေးရီးယားနိုင်ငံ၏ အလံတော် လိုက်ဘေးရီးယား ၁၁၁,၃၇၀ ၃,၂၈၈,၁၉၈ ၂၉.၅ မွန်ရိုးဗီးယားမြို့
စုစုပေါင်း ၃၀,၃၆၈,၆၀၉ ၈၄၃,၇၀၅,၁၄၃ ၂၇.၈
Africa satellite orthographic.jpg
Zambezi River at junction of Namibia, Zambia, Zimbabwe & Botswana.jpg
Victoriafälle.jpg
Südafrika Kapstadt Robben Island.jpg

အခြားကြည့်ရန်[ပြင်​ဆင်​ရန်​]

ရည်ညွှန်းချက်များ[ပြင်​ဆင်​ရန်​]

  1. Jacobs, Louis L. (1997). "African Dinosaurs." Encyclopedia of Dinosaurs. Edited by Phillip J. Currie and Kevin Padian. Academic Press. pp. 2–4.
  2. Genetic study roots humans in Africa, BBC News | SCI/TECH
  3. Migration of Early Humans From Africa Aided By Wet Weather, sciencedaily.com
  4. van Sertima, Ivan. (1995) Egypt: Child of Africa/S V12 (Ppr), Transaction Publishers. pp. 324–325. ISBN 1-56000-792-3.
  5. Mokhtar, G. (1990) UNESCO General History of Africa, Vol. II, Abridged Edition: Ancient Africa, University of California Press. ISBN 0-85255-092-8.
  6. Eyma, A. K. and C. J. Bennett. (2003) Delts-Man in Yebu: Occasional Volume of the Egyptologists' Electronic Forum No. 1, Universal Publishers. p. 210. SBN 1-58112-564-X.
  7. Diamond, Jared. (1999) "Guns, Germs and Steel: The Fates of Human Societies. New York:Norton, pp.167.
  8. ၈.၀ ၈.၁ ၈.၂ O'Brien, Patrick K. (General Editor). Oxford Atlas of World History. New York: Oxford University Press, 2005. pp.22–23
  9. Martin and O'Meara. "Africa, 3rd Ed." Indiana: Indiana University Press, 1995. [၁]
  10. Were Egyptians the first scribes?, BBC News | Sci/Tech
  11. Hassan, Fekri A. (2002) Droughts, Food and Culture, Springer. p. 17. ISBN 0-306-46755-0.
  12. McGrail, Sean. (2004) Boats of the World, Oxford University Press. p. 48. ISBN 0-19-927186-0.
  13. (2001) History in Black: African-Americans in Search of an Ancient Past. Taylor & Francis, 77. ISBN 0-714-68216-0. 
  14. Fage, J. D. (1979) The Cambridge History of Africa, Cambridge University Press. ISBN 0-521-21592-7.
  15. Fage, J. D., et al (1986) The Cambridge History of Africa, Cambridge University Press. Vol. 2, p. 118.
  16. Oliver, Roland and Anthony Atmore. (1994) Africa Since 1800, Cambridge University Press. ISBN 0-521-42970-6.
  17. Ptolemaic and Roman Egypt: 332 BC-395 AD. Wsu.edu (1999-06-06). Retrieved on 2010-05-18
  18. Ayoub, Mahmoud M. (2004). Islam: Faith and History. Oxford: Oneworld, 76, 92–3, 96–7. 
  19. Apley, Apley. Igbo-Ukwu (ca. 9th century). The Metropolitan Museum of Art. Retrieved on 2008-11-23
  20. Meredith, Martin. "The Fate of Africa – A Survey of Fifty Years of Independence", washingtonpost.com, January 20, 2006. Retrieved on 2007-07-23. 
  21. Igbo-Ukwu (ca. 9th century) | Thematic Essay | Heilbrunn Timeline of Art History | The Metropolitan Museum of Art. Metmuseum.org. Retrieved on 2010-05-18
  22. Glick, Thomas F. Islamic And Christian Spain in the Early Middle Ages. (2005) Brill Academic Publishers page 37
  23. "Mauritania – Arab invasions". Library of Congress Country Studies.
  24. Genetic Evidence for the Expansion of Arabian Tribes into the Southern Levant and North Africa. Pubmedcentral.nih.gov (2010-04-01). Retrieved on 2010-05-18
  25. Historical survey > Slave societies, Encyclopædia Britannica
  26. Swahili Coast, National Geographic
  27. Welcome to Encyclopædia Britannica's Guide to Black History, Encyclopædia Britannica
  28. Focus on the slave trade, BBC
  29. Transformations in Slavery: A History of Slavery in Africa p 25 by Paul E. Lovejoy
  30. Sailing against slavery. By Jo Loosemore BBC
  31. The West African Squadron and slave trade. Pdavis.nl. Retrieved on 2010-05-18
  32. Simon, Julian L. (1995) State of Humanity, Blackwell Publishing. p. 175. ISBN 1-55786-585-X.
  33. Lucien Bély, History of France. Editions Jean-paul Gisserot. 2001. page 118
  34. Ernest Aryeetey, Jane Harrigan and Machiko Nissanke, Economic reforms in Ghana : the miracle and the mirage. Africa World Press. 2000. page 5
  35. "BBC: 1984 famine in Ethiopia", BBC News, 2000-04-06. Retrieved on 2010-01-01. 
  36. Robert G. Patman, The Soviet Union in the Horn of Africa 1990, ISBN 0-521-36022-6, pp. 295–296
  37. Steven Varnis, Reluctant aid or aiding the reluctant?: U.S. food aid policy and the Ethiopian Famine Relief 1990, ISBN 0-88738-348-3, p.38
  38. Drysdale, Alasdair and Gerald H. Blake. (1985) The Middle East and North Africa, Oxford University Press US. ISBN 0-19-503538-0.
  39. Atlas - Xpeditions @ nationalgeographic.com. National Geographic Society (2003). Retrieved on 2009-03-01
  40. Lewin, Evans. (1924) Africa, Clarendon press.
  41. ၄၁.၀ ၄၁.၁ (1998) Merriam-Webster's Geographical Dictionary (Index), Merriam-Webster. pp. 10–11. ISBN 0-87779-546-0.
  42. Hoare, Ben. (2002) The Kingfisher A-Z Encyclopedia, Kingfisher Publications. p. 11. ISBN 0-7534-5569-2.
  43. "Africa: Environmental Atlas, 06/17/08." African Studies Center, University of Pennsylvania. Accessed June 2011.
  44. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
  45. Thabo Mbeki (9 July 2002). Launch of the African Union, 9 July 2002: Address by the chairperson of the AU, President Thabo Mbeki. africa-union.org. Retrieved on 2009-02-08
  46. Richard Sandbrook, The Politics of Africa's Economic Stagnation, Cambridge University Press, Cambridge, 1985 passim
  47. [၂], ကုလသမဂ္ဂ
  48. World Bank Updates Poverty Estimates for the Developing World. World Bank (26 August 2008). Archived from the original on 19 May 2010။ Retrieved on 2010-05-18[dead link]
  49. The developing world is poorer than we thought, but no less successful in the fight against poverty. World Bank.
  50. Economic report on Africa 2004: unlocking Africa's potential in the global economy (Substantive session 28 June-23 July 2004), United Nations.
  51. Neo-Liberalism and the Economic and Political Future of Africa. Globalpolitician.com (2005-12-19). Retrieved on 2010-05-18
  52. Capitalism – Africa – Neoliberalism, Structural Adjustment, And The African Reaction. Science.jrank.org. Archived from the original on 20 April 2010။ Retrieved on 2010-05-18
  53. The Number of the Poor Increasing Worldwide while Sub-Saharan Africa is the Worst of All. Turkish Weekly (2008-08-29). Retrieved on 2011-11-07
  54. "Africa: Developed Countries' Leverage On the Continent". AllAfrica.com. February 7, 2008.
  55. "Africa, China's new frontier". Times Online. February 10, 2008.
  56. "DR Congo poll crucial for Africa". BBC News. November 16, 2006.
  57. "China tightens grip on Africa with $4.4bn lifeline for Guinea junta". The Times. October 13, 2009.
  58. "The African Decade?". Ilmas Futehally. Strategic Foresight Group.
  59. Malia Politzer, "China and Africa: Stronger Economic Ties Mean More Migration", Migration Information Source. August 2008.
  60. "Africa Can Feed Itself in a Generation, Experts Say", Science Daily, December 3, 2010.
  61. Olga Khazan (3 July 2013). The three reasons why the US is so interested in Africa right now. Quartz. Quartz. Retrieved on 4 July 2013
  62. Africa Population Dynamics.
  63. Population. Western Kentucky University.
  64. Africa's population to double to 2.4 billion by 2050. The Daily Telegraph. September 12, 2013.
  65. Luc-Normand Tellier (2009). "Urban world history: an economic and geographical perspective". PUQ. p. 204. ISBN 2-7605-1588-5
  66. "Pygmies struggle to survive in war zone where abuse is routine". Times Online. December 16, 2004.
  67. "Q&A: The Berbers", 12 March 2004. Retrieved on 30 December 2013. 
  68. "We Want Our Country" (3 of 10). Time, November 5, 1965.
  69. Raimondo Cagiano De Azevedo (1994). "Migration and development co-operation.". Council of Europe, p. 25. ISBN 92-871-2611-9
  70. "Jungle Shipwreck". Time. July 25, 1960.
  71. "Flight from Angola", The Economist , August 16, 1975.
  72. Portugal - Emigration, Eric Solsten, ed. Portugal: A Country Study. Washington: GPO for the Library of Congress, 1993.
  73. Holm, John A. (1989). Pidgins and Creoles: References survey. Cambridge University Press, 394. ISBN 0-521-35940-6. 
  74. South Africa: People: Ethnic Groups. World Factbook of CIA.
  75. "Naomi Schwarz, "Lebanese Immigrants Boost West African Commerce", VOANews.com, July 10, 2007.
  76. Africa. UNESCO (2005). Archived from the original on June 2, 2008။ Retrieved on 2009-03-01
  77. [uite101.com/article/african-cup-of-nations-football-competition-winners-list-a262598 African Cup of Nations Football Competition Winners List (suite101.com)]
  78. "African Religion on the Internet", Stanford University
  79. Onishi, Normitsu. "Rising Muslim Power in Africa Causing Unrest in Nigeria and Elsewhere", The New York Times, November 1, 2001. Retrieved on 2009-03-01. 
  80. Hans Kung, Tracing the Way : Spiritual Dimensions of the World Religions. Continuum International Publishing Group. 2006. page 248
  81. Continental regions as per UN categorisations/map.
  82. အနောက်ဆာဟာရ is disputed between the Sahrawi Arab Democratic Republic, who administer a minority of the territory, and Morocco, who occupy the remainder.
  83. အီဂျစ်နိုင်ငံ is generally considered a transcontinental country in Northern Africa (UN region) and Western Asia; population and area figures are for African portion only, west of the Suez Canal.
  84. The Spanish Canary Islands, of which Las Palmas de Gran Canaria are Santa Cruz de Tenerife are co-capitals, are often considered part of Northern Africa due to their relative proximity to Morocco and Western Sahara; population and area figures are for ၂၀၀၁.
  85. The Spanish exclave of Ceuta is surrounded on land by Morocco in Northern Africa; population and area figures are for ၂၀၀၁.
  86. The Portuguese Madeira Islands are often considered part of Northern Africa due to their relative proximity to Morocco; population and area figures are for ၂၀၀၁.
  87. The Spanish exclave of Melilla is surrounded on land by Morocco in Northern Africa; population and area figures are for ၂၀၀၁.
  88. Bloemfontein is the judicial capital of South Africa, while Cape Town is its legislative seat, and Pretoria is the country's administrative seat.
  89. Yamoussoukro is the official capital of Côte d'Ivoire, while Abidjan is the de facto seat.