ကိုမိုရိုနိုင်ငံ
| ကိုမိုရို ပြည်ထောင်စု | |||||
| Union of the Comoros | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - "Unity – Solidarity – Development" | |||||
| နိုင်ငံတော်သီချင်း - "The Unity of the Great Islands" | |||||
| ပထဝီ |
|||||
| မြို့တော် | မိုရိုနီမြို့ | ||||
| အကြီးဆုံးမြို့ | မြို့တော် | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၃ | ||||
| လူနေမှု | |||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | ဖက်ဒရယ် သမ္မတအစိုးရ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ဒေါ်လာ သန်း ၈၀၀[၁] (အဆင့် - ) | ||||
| GDP(PPP) | $၁,၂၀၂ [၁] (အဆင့် - ) | ||||
| HDI | ▲၀.၅၇၆ (အဆင့် - ၁၃၉) | ||||
| ငွေ | ကိုမိရို ဖရန့် | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .km | ||||
| Calling code | +၂၆၉ | ||||
အိန္ဒိယ သမုဒ္ဒရာအတွင်း မိုဇမ်ဗစ် ရေလက်ကြားမက်ဒါဂက်စကာကျွန်း၏ အနောက်မြောက်ဘက်နှင့် အာဖရိကအရှေ့တောင်ဘက် ကမ်းခြေအနီးရှိ ကိုမိုရိုကျွန်းစု သမ္မတ နိုင်ငံတွင် ၁၉၇၇ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ ၃၇ဝ,ဝဝဝ ရှိသည်။ ကိုမိုရိုကျွန်းစုနိုင်ငံ၏ အကျယ်အဝန်းမှာ ၈၆၃ စတုရန်းမိုင်ရှိသည်။ မြို့တော်မှာ ဂရင်းကိုမိုရို ကျွန်းပေါ်ရှိ မိုရိုနီမြို့ဖြစ်သည်။
ကိုမိုရိုကျွန်းစု သမ္မတနိုင်ငံတွင် ၁၉၇၈-ခုနှစ် မေလ ၁၃ ရက်နေ့တွင် နိုင်ငံရေး၊ စစ်ရေး ညွှန်ကြားမှု အဖွဲ့က သမ္မတ အလီဆွိုင်းလီယာအား ဖြုတ်ချ၍ အာဏာသိမ်းခဲ့ပြီး လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ လွတ်လပ်စွာ သုံးစွဲခွင့်များ ပါဝင်သော ယခင်အစိုးရလက်ထက်က ဆုံးရှုံးခဲ့သည့်အခွင့်အရေးများကို ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးမည်ဟု အစိုးရသစ်အဖွဲ့ကထုတ်ပြန် ကြေငြာခဲ့လေသည်။
၁၉၇၈ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ဝန်ကြီးချုပ်နှင့် နိုင်ငံတော် အကြီးအကဲဖြစ်သူ အဗ္ဗဒူလာဟီမိုဟာ မက်လက်သို့ စစ်ညွှန်ကြားရေးအဖွဲ့က အာဏာလွှဲအပ်ပေးခဲ့သည်။ ကိုမိုရိုကျွန်းစုတွင်လစ်ဗရယ် ဆိုရှယ်လစ်ဝါဒကို ကျင့်သုံးမည်။ ဒီမိုကရေစီအဆောက်အအုံများ ပြန်လည်ထူထောင်ကာ ပြည်သူ့ဝန်ထမ်း လုပ်ငန်းများပြန်လည် ဆောင်ရွက်ပေးမည်ဟု အစိုးရ သစ်ကကြေငြာချက်တစ်ရပ် ထုတ်ပြန်လိုက်အပြီးတွင် ကျွန်းစုတွင်ပါဝင်သော မိုဟီလီကျွန်းနှင့် အန်ဂျူအန်ကျွန်းတို့သည် အစိုးရသစ်နှင့် ပူးပေါင်းလိုက်ကြသည်။ ရာထူးမှ ဖြုတ်ချခြင်းခံရသော ကိုမိုရိုကျွန်းစု သမ္မတနိုင်ငံအကြီးအကဲ အလီဆွိုင်းလီယာသည် ထိန်းသိမ်းထားရာမှထွက်ပြေးရန် ကြံစည်မှုဖြင့် ပစ်သတ်ခံလိုက်ရလေသည်။
ပြင်သစ်နိုင်ငံနှင့် ကိုမိုရိုကျွန်းစုနိုင်ငံတို့သည် သံအမတ်ကြီးအဆင့်ဖြင့် သံတမန်ဆက်ဆံမှု ပြန်လည်ထူ ထောင်ကြမည်ဟုဆုံးဖြတ်လိုက်ကြသည်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် ပတ်သက်၍ ကိုမိုရိုနိုင်ငံလက်ရှိ အာဏာရ နိုင်ငံရေး စစ်ဖက်ဆိုင်ရာညွှန်ကြားရေးအဖွဲ့ ပူးတွဲသဘာပတိများဖြစ်ကြသော အာမက်အဗ္ဗ ဒူလာနှင့် မိုဟာမက် အာမက်တို့သည် ပြင်သစ်နိုင်ငံသို့ ၁၉၇၈ခုနှစ် ဇွန်လ ၁ဝ ရက်နေ့က သွားရောက်ခဲ့ကြသည်။
ကွယ်လွန်သူသမ္မတ အလီဆွိုင်းလီက ၄င်းအား ရာထူးမှဖယ်ရှားအာဏာမယူမီ ၁၉၇၅ ခုနှစ်အတွင်းက အာမက် အဗ္ဗဒူလာက ကိုမိုရိုကျွန်းစုနိုင်ငံအား တစ်ဖက်သတ် လွတ်လပ်ရေးကြေငြာပြီးနောက် ပြင်သစ်နှင့် ကိုမိုနိုင်ငံတို့မှာ သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့ရလေသည်။ [၂]
[ပြင်ဆင်ရန်] ကိုးကား
- ↑ ၁.၀ ၁.၁ Comoros. International Monetary Fund. Retrieved on 2011-04-21။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)