ကိုမိုရိုနိုင်ငံ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 12°10′S 44°15′E / 12.167°S 44.250°E / -12.167; 44.250

ကိုမိုရို ပြည်ထောင်စု
ကိုမိုရိုနိုင်ငံ၏ အလံတော်
အလံတော်
ကိုမိုရိုနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: 
နိုင်ငံတော် သီချင်း: Udzima wa ya Masiwa  (Comorian)
(အင်္ဂလိပ်: "The Unity of the Great Islands")
ကိုမိုရိုနိုင်ငံ၏ တည်နေရာ (စက်ဝိုင်းဝိုင်းထား)
ကိုမိုရိုနိုင်ငံ၏ တည်နေရာ (စက်ဝိုင်းဝိုင်းထား)
မြို့တော်
နှင့် အကြီးဆုံးမြို့
မိုရိုနီမြို့
11°41′S 43°16′E / 11.683°S 43.267°E / -11.683; 43.267
ရုံးသုံး ဘာသာစကားများ
လူမျိုးစု
  • အာဖရိက-အာရပ် ၈၆%
  • မာလာဂါဆေး ၁၄%
ကိုးကွယ်မှု၉၈% အစ္စလာမ်
၂% ခရစ်ယာန်
အစိုးရဖက်ဒရယ် သမ္မတ သမ္မတနိုင်ငံစနစ်
အဇာလီ အာဆိုမန်နီ
• လွှတ်တော်ဥက္ကဋ္ဌ
မူစတာဒရွန်း အက်ဒူ
ဥပဒေပြုလွှတ်တော်ပြည်ထောင်စုလွှတ်တော်
တည်ထောင်ခြင်း
• ပေါ်တူဂီစူးစမ်းရှာဖွေသူတို့မှ တွေ့ရှိခြင်း
၁၅၀၃
• ပြင်သစ်အုပ်ချုပ်မှုအောက်မှ NgazidjaNdzuwaniMwali
၁၈၈၆
• ကိုမိုရို အစောင့်ရှောက်ခံနိုင်ငံ
၁၈၈၇ ခုနှစ် စက်တင်ဘာ ၆ ရက်
၁၉၀၈ ခုနှစ် ဧပြီ ၉ ရက်
၁၉၄၆ ခုနှစ် အောက်တိုဘာ ၂၇ ရက်
• ကိုမိုရို နိုင်ငံ
၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်
• ပြင်သစ်ထံမှ လွတ်လပ်ရေးရ
၁၉၇၅ ခုနှစ် ဇူလိုင် ၆ ရက်
• ကိုမိုရို ဖက်ဒရယ် အစ္စလာမ် သမ္မတနိုင်ငံ
၁၉၇၈ ခုနှစ် အောက်တိုဘာ ၁ ရက်[၁]
• ကိုမိုရို ပြည်ထောင်စု
၂၀၀၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်
၂၀၀၉ ခုနှစ် မေလ ၁၇ ရက်
ဧရိယာ
• စုစုပေါင်း
၁,၈၆၁ km2 (၇၁၉ sq mi) (အဆင့်: ၁၇၁a)
• ရေထု (%)
မပြောပလောက်
လူဦးရေ
• ၂၀၁၉ ခန့်မှန်း
၈၅၀,၈၈၆ (အဆင့် - ၁၆၀)
• သိပ်သည်းမှု
၄၅၇/km2 (၁,၁၈၃.၆/sq mi) (အဆင့် - ၂၇)
GDP (PPP)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၂.၄၄၆ ဘီလီယံ[၂] (အဆင့် - ၁၇၈)
• Per capita
$၂,၇၉၉[၂] (အဆင့် - ၁၇၇)
GDP (nominal)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၁.၁၇၉ ဘီလီယံ[၂] (အဆင့် - ၁၈၂)
• Per capita
$၁,၃၄၉[၂] (အဆင့် - ၁၆၅)
Gini (၂၀၁၃) ၄၅.၀[၃]
အလယ် · ၁၄၁
HDI (၂၀၁၉)Increase ၀.၅၅၄[၄]
အလယ် · ၁၅၆
ငွေကြေးကိုမိုရို ဖရန့် (KMF)
အချိန်ဇုန်EAT (UTC+3)
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၂၆၉
Internet TLD.km
  1. Excluding Mayotte, an overseas department of France.
  2. Excluding Mayotte.


အိန္ဒိယ သမုဒ္ဒရာအတွင်း မိုဇမ်ဗစ် ရေလက်ကြားမက်ဒါဂက်စကာကျွန်း၏ အနောက်မြောက်ဘက်နှင့် အာဖရိကအရှေ့တောင်ဘက် ကမ်းခြေအနီးရှိ ကိုမိုရိုကျွန်းစု သမ္မတ နိုင်ငံတွင် ၁၉၇၇ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ ၃၇ဝ,ဝဝဝ ရှိသည်။ ကိုမိုရိုကျွန်းစုနိုင်ငံ၏ အကျယ်အဝန်းမှာ ၈၆၃ စတုရန်းမိုင်ရှိသည်။ မြို့တော်မှာ ဂရင်းကိုမိုရို ကျွန်းပေါ်ရှိ မိုရိုနီမြို့ဖြစ်သည်။

ကိုမိုရိုကျွန်းစု သမ္မတနိုင်ငံတွင် ၁၉၇၈-ခုနှစ် မေလ ၁၃ ရက်နေ့တွင် နိုင်ငံရေး၊ စစ်ရေး ညွှန်ကြားမှု အဖွဲ့က သမ္မတ အလီဆွိုင်းလီယာအား ဖြုတ်ချ၍ အာဏာသိမ်းခဲ့ပြီး လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ လွတ်လပ်စွာ သုံးစွဲခွင့်များ ပါဝင်သော ယခင်အစိုးရလက်ထက်က ဆုံးရှုံးခဲ့သည့်အခွင့်အရေးများကို ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးမည်ဟု အစိုးရသစ်အဖွဲ့ကထုတ်ပြန် ကြေညာခဲ့လေသည်။

၁၉၇၈ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ဝန်ကြီးချုပ်နှင့် နိုင်ငံတော် အကြီးအကဲဖြစ်သူ အဗ္ဗဒူလာဟီမိုဟာ မက်လက်သို့ စစ်ညွှန်ကြားရေးအဖွဲ့က အာဏာလွှဲအပ်ပေးခဲ့သည်။ ကိုမိုရိုကျွန်းစုတွင်လစ်ဗရယ် ဆိုရှယ်လစ်ဝါဒကို ကျင့်သုံးမည်။ ဒီမိုကရေစီအဆောက်အအုံများ ပြန်လည်ထူထောင်ကာ ပြည်သူ့ဝန်ထမ်း လုပ်ငန်းများပြန်လည် ဆောင်ရွက်ပေးမည်ဟု အစိုးရ သစ်ကကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်အပြီးတွင် ကျွန်းစုတွင်ပါဝင်သော မိုဟီလီကျွန်းနှင့် အန်ဂျူအန်ကျွန်းတို့သည် အစိုးရသစ်နှင့် ပူးပေါင်းလိုက်ကြသည်။ ရာထူးမှ ဖြုတ်ချခြင်းခံရသော ကိုမိုရိုကျွန်းစု သမ္မတနိုင်ငံအကြီးအကဲ အလီဆွိုင်းလီယာသည် ထိန်းသိမ်းထားရာမှထွက်ပြေးရန် ကြံစည်မှုဖြင့် ပစ်သတ်ခံလိုက်ရလေသည်။

ပြင်သစ်နိုင်ငံနှင့် ကိုမိုရိုကျွန်းစုနိုင်ငံတို့သည် သံအမတ်ကြီးအဆင့်ဖြင့် သံတမန်ဆက်ဆံမှု ပြန်လည်ထူ ထောင်ကြမည်ဟုဆုံးဖြတ်လိုက်ကြသည်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် ပတ်သက်၍ ကိုမိုရိုနိုင်ငံလက်ရှိ အာဏာရ နိုင်ငံရေး စစ်ဖက်ဆိုင်ရာညွှန်ကြားရေးအဖွဲ့ ပူးတွဲသဘာပတိများဖြစ်ကြသော အာမက်အဗ္ဗ ဒူလာနှင့် မိုဟာမက် အာမက်တို့သည် ပြင်သစ်နိုင်ငံသို့ ၁၉၇၈ခုနှစ် ဇွန်လ ၁ဝ ရက်နေ့က သွားရောက်ခဲ့ကြသည်။

ကွယ်လွန်သူသမ္မတ အလီဆွိုင်းလီက ၎င်းအား ရာထူးမှဖယ်ရှားအာဏာမယူမီ ၁၉၇၅ ခုနှစ်အတွင်းက အာမက် အဗ္ဗဒူလာက ကိုမိုရိုကျွန်းစုနိုင်ငံအား တစ်ဖက်သတ် လွတ်လပ်ရေးကြေညာပြီးနောက် ပြင်သစ်နှင့် ကိုမိုနိုင်ငံတို့မှာ သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့ရလေသည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Comoros Constitution of October 1, 1978။ Digithèque MJP (2012)။ 24 October 2020 တွင် ပြန်စစ်ပြီး။ (in ပြင်သစ်)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Comorosအပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့။ 17 April 2012 တွင် ပြန်စစ်ပြီး။
  3. GINI indexကမ္ဘာ့ဘဏ်။ 30 April 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 July 2013 တွင် ပြန်စစ်ပြီး။
  4. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-516 December 2020 တွင် ပြန်စစ်ပြီး
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)