အယ်လ်ဂျီးရီးယားနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အယ်လ်ဂျီးရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတ နိုင်ငံ
အယ်လ်ဂျီးရီးယား
Flag of Algeria.svg 85px
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
ပထဝီ
LocationAlgeria.svg
မြို့တော် အယ်လဂျီးယားမြို့
အကြီးဆုံးမြို့ မြို့တော်
ဧရိယာ
  • ဧရိယာ - ၂,၃၈၁,၇၄၈ စတုရန်း ကီလိုမီတာ (၉၁၉,၅၉၅ စတုရန်းမိုင်) (အဆင့်: ၁၁)
  • ရေဖုံးလွှမ်းမှု - မပြောပလောက်%
စံတော်ချိန်ဇုန် UTC +၁
လူနေမှု
ရုံးသုံးဘာသာများ အာရပ်
ပြင်သစ်
လူဦးရေ
  • လူဦးရေ - ၃၄,၈၉၅,၀၀၀ (အဆင့် - [[လူဦးရေနိုင်ငံများစာရင်း|]])
  • လူဦးရေသိပ်သည်းမှု - ၁၄.၆/km² (၃၇.၉/sq mi) (အဆင့် - ၂၀၄)
နိုင်ငံရေး
အမျိုးအစား သမ္မတတပိုင်း သမ္မတစနစ်
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Abdelaziz Bouteflika
  • ဝန်ကြီးချုပ် - Ahmed Ouyahia
ထူထောင်မှု
  • -
စီးပွားရေး
GDP(PPP) ၂၅၂.၁၈၉ ဘီလီယံ (အဆင့် - )
GDP(PPP) US $ ၄,၄၇၇ (အဆင့် - )
HDI ၀.၆၇၇ (အမြင့်) (အဆင့် - ၈၄)
ငွေ အယ်ဂျီးရီးယား ဒိုင်နာ
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
ISO 3166-1 DZ
CCLTD .dz
Calling code +၂၁၃

အယ်လ်ဂျီးရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသည် အာဖရိကတိုက်၏ အနောက်မြောက်ပိုင်း မြေထဲပင်လယ်ကမ်းခြေ ဆာဟာရသဲကန္တာရဒေသတွင် တည်ရှိသည်။ ဤနိုင်ငံသည် အာဖရိကတိုက်နှင့် ဥရောပတိုက်တို့အကြား ဝင်ထွက်သွားလာရာတွင် ပထဝီအနေအထား အရ တံခါးပေါက်သဖွယ် ဖြစ်နေပါသည်။

နိုင်ငံ၏ ငါးပုံလေးပုံမှာ ဆာဟာရသဲကန္တာရ ဖုံးလွှမ်းလျှက်ရှိသည်။ ပြည်သူအများစုသည် မြောက်ဘက်ကမ်းခြေတလျှောက်၌ နေထိုင်ကြသည်။ အများစုမှာ အာရပ်လူမျိုးများ ဖြစ်ကြ၏။ ၁၇ ရာစု နောက်ပိုင်း အာဖရိကကို အာရပ်များ တိုက်ခိုက်သိမ်းပိုက်ခြင်း မပြုမီက ဤနိုင်ငံ၌ ဘာဘာလူမျိုးစုများ အခြေချနေထိုင်ကြသည်။ ထိုလူမျိုးများသည် အာရပ်လူမျိုးများ ဩဇာလွှမ်းမိုးမှုကို ခုခံတွန်းလှန်ရင်း တောတောင်ထူထပ်သည့် နေရာဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ ဘာဘာလူမျိုးများ ဖြစ်ကြသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

၁၆ရာစုမှစ၍ တူရကီအော်တိုမန် အင်ပါယာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သော နိုင်ငံအား ၁၈၃၀ ပြည့်နှစ်တွင် ပြင်သစ်က သိမ်းပိုက်ခဲ့၏။ ၁၉၅၄ ခုနှစ်မှစ၍ အမျိုးသားလွတ်မြောက်ရေး တပ်ဦး၏ ဦးဆောင်မှုဖြင့် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ရာ ၁၉၆၂ ခုနှစ် တွင် ပြင်သစ်လက်အောက်မှ လွတ်မြောက်ကာ လွတ်လပ်ရေးရရှိခဲ့သည်။ ထိုလွတ်လပ်ရေး တိုက်ပွဲအတွက် ပြည်သူတစ်သန်းကျော်မျှ အသက်ပေးရင်းနှီးခဲ့ရသည်ဟု ဆို၏။

နိုင်ငံရေး[ပြင်​ဆင်​ရန်​]

၁၉၆၂ ခုနှစ်တွင် လွတ်လပ်ရေးရပြီး ပထမဆုံးသမ္မတအဖြစ် အာမက်ဘင်ဘဲလားအား ရွေးချယ်တင်မြှောက်သည်။ ၁၉၆၅ ခုနှစ်တွင် သမ္မတ ဘင်ဘဲလားအား ဗိုလ်မှုးကြီး ဘူပီဒီယင်းက ဖြုတ်ချအာဏာသိမ်းခဲ့သည်။ ၁ဝနှစ်ကြာပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အား ၁၉၇၆ ခုနှစ်၌ ပြဌာန်းကာ ဆိုရှယ်လစ်စနစ်အား အကောင်ထည်ဖော်ရန် ရည်မှန်းခဲ့သည်။ ဆိုရှယ်လစ် စနစ်သစ်တွင် လွတ်လပ်ရေးတိုက်ပွဲ၌ ဦးဆောင်ခဲ့သော အမျိုးသားလွတ်မြောက်ရေးတပ်ဦးသည် နိုင်ငံ၏ တစ်ခုတည်းသော ပါတီဖြစ်လာခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဘူပီဒီယင်း ကွယ်လွန်သောအခါ ဗိုလ်မှုးကြီး ဘင်ဂျီဒစ် တက်လာသည်။

၁၉၈၆ခုနှစ်တွင် ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့ပြဿနာတို့အပြင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ဈေးနှုန်းများ ကျဆင်းမှုတို့ကြောင့် သပိတ်တိုက်ပွဲများ၊ ကန့်ကွက်ဆန္ဒပြ အကြမ်းဖက်မှုများ ပေါ်ပေါက်လာသည်။ ၁၉၈၉ ခုနှစ်တွင် တစ်ပါတီစနစ် ဖျက်သိမ်းပေးရသည်။ နိုင်ငံသည် သွေးကြောင်းစီး ပြည်တွင်းစစ် ပြဿနာများဖြင့် ရင်ဆိုင်ခဲ့ရ၏။

သမ္မတ ဘူတီဖလီကား

၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပရာ အစ္စလမ္မစ် ကယ်တင်ရေးတပ်ဦး (အက်ဖ်အိုင်အက်စ်) က အနိုင်ရသည်။ သို့သော် ၁၉၉၂ ဇန်နဝါရီလ ၄ ရက်တွင် သမ္မတအမိန့်ဖြင့် အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းပြီး တဆက်တည်းပင် ဇန်နဝါရီလ ၁၁ ရက်တွင် သမ္မတ ဘင်ဂျီဒစ် ရာထူးမှ နှုတ်ထွက်သည်။ အာဏာကို မိုဟာမက် ဦးဆောင်သည့် အဖွဲ့ဝင်ငါးဦးပါဝင်သော နိုင်ငံတော် ကောင်စီကလွှဲယူခဲ့သည်။ ထိုနှစ်ထဲ၌ပင် မိုဟာမက်လုပ်ကြံခံရပီး အကြမ်းဖက်မှုများ တိုးပွားလာ၏။ ၁၉၉၄ ခုနှစ်တွင် မိုဟာမက်နေရာအား အငြိမ်းစား ဗိုလ်မှုးကြီး ဇေရိုးအယ်အား ခန့်အပ်သည်။ ၁၉၉၈ ခုနှစ်တွင် သမ္မတ သက်တမ်းကို လျှော့ပီး သမ္မတရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဇေရိုးအယ်က ကြေငြာခဲ့၏။

၁၉၉၉ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘူတီဖလီကား သမ္မတအဖြစ်ရွေးချယ်ခံရသည်။ ထို့နောက် ၂၀၀၄ ခုနှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲ၌ ဒုတိယ သက်တမ်းအတွက် ထပ်မံရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ သမ္မတ ဘူတီဖလီကားသည် လွတ်လပ်ရေးတွင် ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့သူ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း ၁၆ နှစ်ကြာဆောင်ရွက်ခဲ့သော အတွေ့အကြုံရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ အသေးစိတ်လေ့လာရန် - [၁]

အယ်လဂျီးရီးယားနိုင်ငံ[ပြင်​ဆင်​ရန်​]

၁၉၆၂ ခုနှစ် ဇူလိုင်လ တွင် ပြင်သစ်လက်အောက်ခံအဖြစ်မှ လွတ်မြောက်၍ အချုပ် အချာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်လာသော အယ်လဂျီးရီးယား နိုင်ငံသည် အာဖရိကတိုက် မြောက်ပိုင်း၌ရှိသည်။ ထိုနိုင်ငံသည် မြောက်ဘက်၌မြေထဲပင်လယ်၊ အရှေ့ဘက်၌ တျူနစ်ဇီးယား နိုင်ငံနှင့် လစ်ဗျားနိုင်ငံ၊ တောင်ဘက်၌ မာလီသမ္မတနိုင်ငံနှင့် နိုင်ဂျာသမ္မတနိုင်ငံ၊ အနောက်ဘက်၌ မော့ရီတေးနီးယားနိုင်ငံနှင့် မိုရော့ကိုနိုင်ငံတို့ဖြင့် ဝန်းရံလျက်ရှိသည်။ နိုင်ငံ၏ အကျယ် အဝန်းသည် ၉၁၉၅၉၁ စတုရန်းမိုင်ရှိသည်။ ဆဟာရသဲကန္တာရ တစ်စိတ်တစ်ဒေသပါဝင်၏။ ၁၉၇၂ ခုနှစ် ခန့်မှန်းခြေ အရ အယ်လဂျီးရီးယားနိုင်ငံ၏ လူဦးရေသည် ၁၅၂၇၁ဝဝဝ ခန့် ဖြစ်သည်။ မြို့တော်သည် အယ်လဂျီးရီးယား ဖြစ်၍ အခြား ထင်ရှားသော မြို့ကြီးများမှာ အိုရန်၊ ကွန်စတင်တိုင်း၊ ဗွန်း စသည်တို့ပေတည်း။

အယ်လဂျီးရီးယားနိုင်ငံ၏ မြေမျက်နှာပြင်ကို ကုန်းမြင့် နှင့် သဲကန္တာရဟူ၍ အကြမ်းဖျင်းအားဖြင့် နှစ်ပိုင်းပိုင်းခြားနိုင် သည်။ ကုန်းမြင့်ပိုင်းသည် မြောက်ပိုင်းဖြစ်၍ မြေထဲပင်လယ် ဘက်၌ မိုင်ပေါင်း ၆၄ဝ ခန့် ရှည်လျားသော ကမ်းရိုးတန်း ရှိသည်။ အတ္တလတ်တောင်တန်းသည် တောင်နှာမောင်း နှစ်မွှာခွဲ ထွက်ကာ အရှေ့ဘက်မှ အနောက်ဘက်သို့ သွယ်တန်းလျက် ရှိရာ ပင်လယ်ကမ်းရိုးတန်းနှင့် ယဉ်ပြိုင်လုမတတ် ရှိသည်။ ထိုတောင်တန်းတို့သည် ပျမ်းမျှအမြင့် ပေ ၇၅ဝဝ ကျော်ခန့်ရှိ၍ နိုင်ငံကို မြောက်နှင့်တောင် ပိုင်းခြားထားသကဲ့သို့ ရှိပေသည်။

ပင်လယ်ကမ်းရိုးတန်းတစ်လျောက် မိုင် ၅ဝ မှ ၁ဝဝ အထိ အကျယ်အဝန်းရှိ၍ မြေဩဇာထက်သန်ကောင်းမွန်သည့် မြေပြန့် လွင်ပြင်ကို တဲ ဟုခေါ်သည်။ တဲဒေသနှင့် အတ္တလတ် တောင်တန်းအကြားတွင် ခြောက်သွေ့သောစတက်မြက်ခင်းဒေသ ရှိ၍ ယင်းတွင် ပင်လယ်ရေပြင် ထက်နိမ့်သော ဆားအိုင်နှင့် ဆားနွံမြေများရှိသည်။

အယ်လဂျီးရီးယားနိုင်ငံ၏ မြစ်ချောင်းများသည် များ သောအားဖြင့် တောင်ကျချောင်းများဖြစ်၍ အကြီးဆုံးမှာ ၄၇၅ မိုင် ရှည်လျားသော ရှေလီမြစ်ဖြစ်သည်။ အယ်လဂျီးရီးယား နိုင်ငံမြောက်ပိုင်းသည် မြေထဲပင်လယ်ရာသီဥတုမျိုးရှိရာ ဒီဇင် ဘာလနှင့် မတ်လအတွင်း မကြာခဏမိုးရွာသည်။ ဇူလိုင်လမှ အောက်တိုဘာလအတွင်း ကျရောက်သော နွေရာသီသည် ပူအိုက်လှ၍ တောင်ထက်သဲကန္တာရမှ သဲလေပူကြီးကျရောက် သည့်အခါတွင်မူ ခြောက်သွေ့ပူပြင်းလှသည်။ ဆဟားရား သဲကန္တာရပိုင်း၌မူ မိုးအလျဉ်းမရွာချေ။

အတ္တလတ်တောင်တန်းဒေသသည် ပိုင်ထင်းရူးတော၊ ဆီဒါထင်းရူးဆော၊ အမြဲစိမ်းတော၊ ဖော့ဝက်သစ်ချ စသည်တို့ ပေါက်ရောက်သည်။ တောင်ကုန်းများမှာမူ အယ်လဖားဖား မြက်မျိုးဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ ဆဟားရားပိုင်းရှိ အိုအေစစ်များ၏ အထင်ရှားဆုံးသောထွက်ကုန်မှာ စွန်ပလွံသီး ဖြစ်သည်။ ငပိန္နဲစေ့၊ ငကွမ်းသျှပ် စသောငါးမျိုးကို ဖမ်းဆီး လုပ်ကိုင်သည့် အင်းလုပ်ငန်းများလည်းကြီးကျယ်သည်။

မြေဩဇာကောင်းမွန်၍ မိုးအသင့်အတင့်ရရှိသော တဲ ဒေသ၌ စိုက်ပျိုးရေးအောင်မြင် ဖြစ်ထွန်းသည်။ ထိုဒေသ၌ဂျုံ၊ မုယော၊ မြင်းစားဂျုံ၊ ပြောင်း၊ အာလူး၊ နှမ်းချပ်လျော်၊ ဆေးရွက်စသည်တို့ အထွက်ကောင်းလှသည်။ အယ်လဂျီးရီးယား နိုင်ငံ အရပ်ဒေသများစွာတို့၌ ဝိုင်အရက်လုပ်ရန် စပျစ်ပင်နှင့် ရှောက်အမျိုးမျိုး၊ သလဲသီး၊ တည်သီး၊ သံလွင်သီးတို့လည်း စိုက်ပျိုးလုပ်ကိုင်ကြသည်။ ဝါဂွမ်းကိုလည်း စိုက်ပျိုးလုပ်ကိုင်ကြ သည်။ အယ်လဂျီးရီးယားသည် အာဖရိကတိုက်၌ စွန်ပလွံသီး အများဆုံးထွက်သောနိုင်ငံ ဖြစ်လေသည်။ အတ္တလတ်တောင်ခြေ ၌ သိုး ဆိတ်မွေးမြူရေး လုပ်ငန်းသည်လည်း အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်ပေသည်။

အယ်လဂျီးရီးယားနိုင်ငံမှ သံ၊ ဖော့စဖိတ်၊ သွပ်၊ ခဲ၊ ပြဒါး၊ ကြေးနီ၊ ခနောက်စိမ်းတို့ ထွက်သည်။ ၁၉၅၇ ခုနှစ် မှစ၍ ရေနံထုတ်လုပ်ရေး အောင်မြင်နေသည်။ ၁၉၅၄ ခုနှစ် ၁၉၅၆ ခုနှစ်များတွင် ဓာတ်ငွေ့များကိုတွေ့ရှိ၍ ထုတ်လုပ်လျက် ရှိသည်။ အယ်လဂျီးရီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် ရေနံ အထွက်၌ ဒသမစွဲသည်။

နိုင်ငံ၏မြေမျက်နှာသွင်ပြင် အနေအထားကြောင့် လမ်း ပန်း ဆက်သွယ်ရေးအတွက် အခက်အခဲများရှိသော်လည်း ပြင်သစ်တို့စိုးမိုးစဉ်က ၂ဝ ရာစုနှစ် အစတွင် နိုင်ငံ၏အရှေ့မှ အနောက်သို့ ဖြတ်သန်းလျက် မော်တော်ကားလမ်းမကြီးနှင့် မီးရထားလမ်းတစ်လမ်းကို ဆောက်လုပ်ခဲ့သည်။ မီးရထားလမ်း ၏ မိုင် ၁၃ဝ ခန့် အထိ လျှပ်စစ်ဓာတ်အားဖြင့် သွားလာ နိုင်သည်။ အယ်လဂျီးရီးယားနိုင်ငံ၏ ဆိပ်ကမ်းမြို့မှာ အယ်လ ဂျီးရီးယား၊ အိုရန်၊ ဗွန်း၊ ဖီးလစ်ဗီးနှင့် ဗူဇီ တို့ဖြစ်သည်။ အယ်လဂျီးရီးယားမြို့သည် တိုင်းတစ်ပါးမှမြို့ကြီးများ နှင့် လေကြောင်းအဆက်အသွယ်များရှိသည်။ ပြည်တွင်း၌လည်း အယ်လဂျီးရီးယားမြို့နှင့် အိုရန်မြို့တို့သည် လေကြောင်းအဆက် အသွယ်ရှိသည်။

အယ်လဂျီးရီးယားနိုင်ငံတွင် တက္ကသိုလ်ကျောင်း သုံး ကျောင်းနှင့် အတတ်ပညာသင်ကျောင်း ၂၁ ကျောင်းရှိသည်။ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများလည်းရှိသည်။ အယ်လဂျီးရီးယားနိုင်ငံ၌ မူလနေထိုင်ကြသူများသည် ဗာဗားလူမျိုးများဖြစ်ကြသည်။ ၇ ရာစုနှစ် နှင့် ဂ ရာစုနှစ်များ အတွင်း အစ္စလာမ်အယူဝါဒီ အာရပ်လူမျိုးများ ဝင်ရောက်လာ သည်တွင် အာရပ်ယဉ်ကျေးမှုနှင့် အစ္စလာမ်အယူဝါဒတို့ ပျံ့နှံ့ ခဲ့လေသည်။ အာရပ်တို့သည် လွင်ပြင်နှင့် စတတ်မြက်ခင်း ဒေသများ၌ နေထိုင်ကြ၍ ဗာဗားတို့သည် တောင်တန်းဒေသနှင့် အိုအေစစ်များ၌ နေထိုင်ကြသည်။ မြို့များ၌ နိုင်ငံ၏လူဦးရေ ရာခိုင်နှုန်း အနည်းငယ်မျှသာနေထိုင်သည်။ များသောအားဖြင့် ကျေးလက်၌ နေထိုင်ကြသူများသည် စိုက်ပျိုးရေးကိုလုပ်ကိုင်ကြ သည်။ မွေးမြူရေးလုပ်ကိုင်ကြ၍ နေရာအတည်တကျမနေကြဘဲ ရွှေ့ပြောင်းနေထိုင်ကြသူများလည်း ရှိသေးသည်။ အယ်လဂျီးရီး ယားနိုင်ငံသား အများစုသည် အစ္စလာမ်ဝါဒီများဖြစ်ကြသည်။ ဗရင်ဂျီဂိုဏ်းဝင်၊ ပရိုမက်စတန့် ဂိုဏ်းဝင်များလည်း အနည်း အကျဉ်းရှိ၍ ယဟူဒီလူမျိုး ၁၅ဝဝဝ ခန့်ရှိသည်။ အယ်လဂျီး ရီးယား နိုင်ငံပေါက် ၈ဝ ရာခိုင်နှုန်းခန့်ပါဝင်သော ဥရောပ တိုက်သား ၈ဝဝဝဝ ခန့်ရှိလေသည်။

အယ်လဂျီးရီးယားနိုင်ငံ၏ တဲမြေပြန့်လွင်ပြင်ဒေသ ကြောင့် ခရစ်မပေါ်မီအချိန်ကာလကပင် ယခု အယ်လဂျီးရီး ယားနိုင်ငံ တည်ရာဒေသသည် တိုင်းတစ်ပါးတို့ တစ်သုတ်ပြီး တစ်သုတ် လာရောက်တိုက်ခိုက်၍ စိုးမိုးအုပ်ချုပ်ခြင်းခံခဲ့ရသည်။ တစ်ကြိမ်၌ ကားသေ့နိုင်ငံက စိုးမိုးအုပ်ချုပ်ခြင်းခံခဲ့ရ၍ ဘီစီ ၁၄၆ ခုနှစ် နောက်ပိုင်းတွင် ရောမနိုင်ငံတော် အောက်ကျခဲ့ရ ၏။ ခုနှစ်ရာစုနှင့် ရှစ်ရာစုနှစ်များအတွင်း အာရပ်တို့ ဝင် ရောက်လာ၍ ယခုထက်တိုင် အဓွန့်ရှည်စွာ လွှမ်းမိုးတည်ရှိ ရစ်အောင် အရှေ့တိုင်းယဉ်ကျေးမှုကို အယ်လဂျီးရီးယားနိုင်ငံ၌ မျိုးစေ့ချပေးခဲ့သည်။ ၁၅၈၁ ခုနှစ်တွင် အယ်လဂျီးရီးယားမြို့နှင့် တကွ ကမ်းမြောင်ဒေသသည် တူရကီတို့၏စိုးမိုးမှုအောက်သို့ ရောက်ရှိသွားခဲ့သည်။ သို့သော် ၁၈၃ဝ ပြည့်နှစ်မှ စတင်၍ ပြင်သစ်တို့သည် အယ်လဂျီးရီးယားကို ကြိုးကိုင်နိုင်ရန် ကြိုး ပမ်းလာခဲ့၍ ၁၈၄၂ ခုနှစ်တွင် သိမ်းပိုက်လိုက်လေသည်။ ပြင်သစ်တို့သည် အယ်လဂျီးရီးယားအား မြောက်ပိုင်း နှင့် တောင်ပိုင်း ခွဲခြားအုပ်ချုပ်ခဲ့သည်။ သို့သော် နိုင်ငံတွင်း၌ လမ်းပန်းဆက်သွယ်ရေး၊ စက်မှုလုပ်ငန်းတိုးတက်ရေး၊ နိုင်ငံ ရေးရာတိုးတက်ရေး၊ လူမှုရေးရာတိုးတက်ရေးတို့ကို ဆောင်ရွက် ပေးသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာသောအခါ အယ်လ ဂျီးရီးယားသည် ပြင်သစ်ဗီရှီအစိုးရအား သစ္စာခံခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် မဟာမိတ်တပ်များ၏တိုက်ခိုက် သိမ်းပိုက်ခြင်းကို ခံရ၍ အယ်လဂျီးရီးယားသည် မြေထဲပင်လယ်စစ်မျက်နှာ အတွက် မဟာမိတ်တပ်ပေါင်းစု၏ ဌာနချုပ်ဖြစ်ခဲ့သည်။ စစ်ကြီးပြီးဆုံးသွားသောအခါအယ်လဂျီးရီးယားတိုင်းသူ ပြည်သားတို့သည် လွတ်လပ်ရေးကို မြေ|ာ်မှန်းလာကြသည်။

၁၉၅၄ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း အာရပ်တို့၏ တဖြည်း ဖြည်း နိုးကြားတက်ကြွလာသော အမျိုးသားရေးစိတ်ဓာတ် ကြောင့် ပြင်သစ်တို့နှင့် အယ်လဂျီးရီးယန်းတို့သည် ပြည်တွင်း စစ်ခင်းခဲ့ကြရလေသည်။ ပြင်သစ်သမ္မတ ရှားဒဂိုးက အယ်လ ဂျီးရီးယားနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေးတပ်ဦး (အက်(ဖ) အယ်(လ)၊ အင်)နှင့် စေ့စပ်ဖြေရှင်းပေးမှသာလျှင် ထိုကဲ့သို့ သော နိုင်ငံရေးအခြေအနေဆိုးကြီးမှ လွတ်မြောက်ခဲ့ရသည်။ အယ်လဂျီးရီးယန်းတို့သည် ၁၉၆၂ ခုနှစ် မေလတွင်ကျင်းပ ခဲ့သော ပြည်သူ့ဆန္ဒပေးပွဲ၌ လွတ်လပ်ရေးရလိုကြောင်း အင်တိုက်အားတိုက်မဲပေးခဲ့ကြသည်။ သို့ဖြစ်၍ သမ္မတဒဂိုးက ထိုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် အယ်လဂျီးရီးယားနိုင်ငံ၏ လွတ်လပ်ရေးကို ကြေညာပေးခဲ့ရလေသည်။

လွတ်လပ်ရေးရပြီးသည့်နောက်တွင် အယ်လဂျီးရီးယား နိုင်ငံတွင်း၌ အင်အားအကွဲကွဲအပြားပြားဖြစ်ကာ ဆူပူလှုပ်ရှားမှု များဖြစ်ပွားခဲ့ရာ အမျိုးသားလွတ်မြောက်ရေးတပ်ဦးခေါင်းဆောင် တစ်ဦးဖြစ်သူ ဗင်ဗဲလား(ယာယီအစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ်) သည် အမျိုးသားလွတ်မြောက်ရေးတပ်မတော် အကူအညီဖြင့် ၁၉၆၂ ခုနှစ် ဩဂုတ်လတွင် အာဏာရယူခဲ့လေသည်။ ၁၉၆၃ ခုနှစ် စက်တင်ဘာလ ဂ ရက်နေ့တွင် ဖွဲ့စည်းပုံဥပဒေ တစ်ရပ်ကို အတည်ပြုပြဌာန်းခဲ့၍ ထိုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် အယ်လဂျီးရီးယား တစ်နိုင်ငံလုံး၌ ပြည်သူ့ဆန္ဒပေးပွဲကျင်းပ၍ ဝန်ကြီးချုပ်ဗင်ဗဲလားအား အယ်လဂျီးရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြေ|ာက်ပြန် သဖြင့် ဗင်ဗဲလားသည် အယ်လဂျီးရီးယားနိုင်ငံ၏ သမ္မတရာထူး နှင့် ဝန်ကြီးချုပ်ရာထူး နှစ်ခုစလုံးကို ပူးတွဲထမ်းရွက်ခဲ့လေသည်။

ဗင်ဗဲလားဦးဆောင်သော အယ်လဂျီးရီးယားနိုင်ငံ အစိုးရသည် မြေယာများနှင့် စက်မှုလုပ်ငန်းများကို လျှင်မြန်စွာ ပြည်သူပိုင် သိမ်းပိုက်လိုက်ခြင်းဖြင့် ဒီမိုကရက်တစ်ဆိုရှယ်လစ် နိုင်ငံအဖြစ် ထူထောင်ရန် အစပျိုးခဲ့လေသည်။

ယင်းသို့ဆိုရှယ်လစ်နိုင်ငံအဖြစ်သို့ ရှေးရှုချီတက်နေဆဲ ၁၉၆၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ နံနက် ၂ နာရီခွဲ အချိန် ခန့်တွင် တပ်မတော်ဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဗိုလ်မှူး ကြီး ဟိုအာရီဗူမီဒီယင်းက သမ္မတဗင်ဗဲလားအား ဖမ်းဆီးလိုက် ၍ အစိုးရအဖွဲ့ကိုဖြုတ်ချကာ အာဏာသိမ်းယူခဲ့သည်။ ဗိုလ်မှူး ကြီးသည် ဇူလိုင်လ ၁၁ ရက်နေ့တွင် သမ္မတအဖြစ်ခံယူခဲ့၍ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်လေသည်။ စစ်မှန်သော ဆိုရှယ်လစ်မူဝါဒများကို ပြန်လည်ထူထောင်ရန်အတွက်ဟူ၍ အာဏာသိမ်းယူခဲ့သော ဗူမီဒီယင်း အစိုးရသည် ၁၉၆၇·၆၈ ခုနှစ်တွင် နိုင်ငံခြားသားများပိုင် ရေနံဖြန့်ဖြူးရေးကုမ္ပဏီများကို ပြည်သူပိုင်သိမ်းခဲ့၍ ၁၉၇ဝ-၇၁ ခုနှစ်တွင် နိုင်ငံခြားသားများ ပိုင် ရေနံထုတ်လုပ်ရေး ကုမ္ပဏီများကို ပြည်သူပိုင်သိမ်းယူခဲ့ လေသည်။

ထို့နောက်တွင်တိုင်းပြည်အားစက်မှုနိုင်ငံအဖြစ်ထူထောင် ရန်တည်းဟူသော စီမံကိန်းကို အမြန်အကောင်အထည် ဖော်ရန် အတွက် ရေနံချက်စက်ရုံ၊ သဘာဝဓာတ်ငွေ့အရည်ပြုစက်ရုံ၊ သံနှင့်သံမဏိစက်ရုံများ၊ မြေဩဇာစက်ရုံ၊ အထည်စက်ရုံစသည် တို့ကို တည်ဆောက်ပြီး တည်ဆောက်ဆဲ ရှိနေလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)