ဆိုမာလီယာနိုင်ငံ
| ဆိုမာလီယာ သမ္မတနိုင်ငံ | |||||
| Somali Republic Jamhuuriyadda Soomaaliya جمهورية الصومال |
|||||
|
|||||
| နိုင်ငံတော်သီချင်း - Somalia, Wake Up | |||||
| ပထဝီ |
|||||
| မြို့တော် | မိုဂါဒစ်ရှူးမြို့ | ||||
| အကြီးဆုံးမြို့ | မိုဂါဒစ်ရှူးမြို့ | ||||
ဧရိယာ
|
|||||
| လူနေမှု | |||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | ညွန့်ပေါင်းအစိုးရ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ၅.၈၉၆ ဘီလီယံ (အဆင့် - ၁၅၈) | ||||
| GDP(PPP) | US $၆၀၀ (အဆင့် - ၂၂၂) | ||||
| ငွေ | ဆိုမာလီ ရှီလင် | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .so | ||||
| Calling code | +၂၅၂ | ||||
ဆိုမာလီယာနိုင်ငံကို တရားဝင်အခေါ်အားဖြင့် ဆိုမာလီယာသမ္မတနိုင်ငံဟု ခေါ်ဆိုပြီး ယခင် ကွန်မြူနစ်များအုပ်ချုပ်စဉ်က ဆိုမာလီ ဒီမိုကရက်တစ် သမ္မတနိုင်ငံဟု ခေါ်ဆိုခဲ့ကြသည်။ အာဖရိကဦးချိုတွင် တည်ရှိသော နိုင်ငံ ဖြစ်သည်။ ၁၉၉၁ ခုနှစ် ပြည်တွင်းစစ် စတင် ဖြစ်ပွားကတည်းက နိုင်ငံ၏ နေရာ အတော်များများတွင် ဗဟိုအစိုးရ၏ ထိန်းချုပ်မှု မရှိပေ။ နိုင်ငံတကာမှ အသိအမှတ်ပြုထားသော ကြားဖြတ် ဖက်ဒရယ်အစိုးရမှ နိုင်ငံ၏ အစိတ်အပိုင်း သေးသေးကလေးကိုသာ အုပ်ချုပ်နိုင်သည်။ ဆိုမာလီယာနိုင်ငံအား မဖြစ်မြောက်သော နိုင်ငံတစ်နိုင်ငံ အဖြစ် အမျိုးအစားခွဲခြား သတ်မှတ်ကြပြီး ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနှင့် အကြမ်းတမ်းဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်သည်။
ဆိုမာလီယာနိုင်ငံသည် အာဖရိက၏ အရှေ့ဘက်ဆုံး အပိုင်းတွင် တည်ရှိသည်။ အနောက်မြောက်ဘက်တွင် ဂျီဘူတီနိုင်ငံ၊ အနောက်တောင်ဘက်တွင် ကင်ညာနိုင်ငံ၊ မြောက်ဘက်တွင် ယီမင်နိုင်ငံ နှင့် အေဒင်ပင်လယ်ကွေ့ ၊ အရှေ့ဘက်တွင် အိန္ဒိယသမုဒ္ဒရာ၊ အနောက်ဘက်တွင် အီသီယိုးပီးယားနိုင်ငံ တို့ ရှိကြသည်။ ဆိုမာလီယာနိုင်ငံသည် အာဖရိကတိုက်တွင် ကမ်းရိုးတန်း အရှည်လျားဆုံးသော နိုင်ငံဖြစ်သည်။ နိုင်ငံ၏ မြေပြင်အနေအထားမှာ ကုန်းမြေမြင့်များ၊ လွင်ပြင်များနှင့် ကုန်းမြင့်များ ပါဝင်သည်။ တစ်နှစ်ပတ်လုံး ပူပြင်းပြီး အချိန်မှန်တိုက်ခိုက်သော မုတ်သုံလေနှင့် ပုံမှန်မရှိသော မိုးရွာသွန်းမှုတို့ ရှိသည်။
[ပြင်ဆင်ရန်] ကိုးကား
- ↑ United Nations World Population Prospects (2008 revision): Estimate for mid-2010