တူနီးရှားနိုင်ငံ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 34°N 9°E / 34°N 9°E / 34; 9

တူနီးရှား သမ္မတနိုင်ငံ
الجمهورية التونسية (အာရပ်)
al-Jumhūrīyah at-Tūnisīyah
République tunisienne  (ပြင်သစ်)
တူနီးရှားနိုင်ငံ၏ အလံတော်
အလံတော်
တူနီးရှားနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: حرية، كرامة، عدالة، نظام
"Ḥurrīyah, Karāma, 'Adālah, Niẓām"
"freedom, dignity, justice, and order"[၁]
နိုင်ငံတော် သီချင်း: حماة الحمى
"Humat al-Hima"
(အင်္ဂလိပ်: "Defenders of the Homeland")
Location of Tunisia in northern အာဖရိကတိုက်မြောက်ပိုင်းရှိ တူနီရှားနိုင်ငံ၏ တည်နေရာ
Location of Tunisia in northern အာဖရိကတိုက်မြောက်ပိုင်းရှိ တူနီရှားနိုင်ငံ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
တူနစ်စ်မြို့
36°49′N 10°11′E / 36.817°N 10.183°E / 36.817; 10.183
ရုံးသုံး ဘာသာစကားများအာရပ်[၂]
ပြောဆိုသုံးနှုန်းသော ဘာသာစကားများ
လူမျိုးစုအာရပ်-ဘာဘာ ၉၈%၊ ဥရောပ ၁%၊ ဂျူးနှင့် အခြား ၁% [၈][၉]
ကိုးကွယ်မှုအစ္စလာမ်ဘာသာ (တရားဝင်)[၁၀]
DemonymTunisian
အစိုးရပြည်ထောင်စု တစိတ်တပိုင်းသမ္မတ ဖွဲ့စည်းပုံသမ္မတနိုင်ငံစနစ်[၁၁][၁၂]
Kais Saied
Najla Bouden Romdhane
Rached Ghannouchi
ဥပဒေပြုလွှတ်တော်ပြည်သူ့ကိုယ်စားလှယ်များလွှတ်တော်
တည်ထောင်ခြင်း
၈၁၄ ဘီစီ
• ဗန်ဒယ်နိုင်ငံ စတင်ခြင်း
၄၃၅
• အာဂါလာဘစ်နိုင်ငံ စတင်ခြင်း
၈၀၀
၉၀၉
• ဇူရစ်မင်းဆက် စတင်ခြင်း
၉၇၂
• ဟာဆစ်မင်းဆက် စတင်ခြင်း
၁၂၀၇
• ဟာဆီနိတ်မင်းဆက် စတင်ခြင်း
၁၇၀၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်
• ပြင်သစ်မှ လွတ်လပ်ရေးရရှိခြင်း
၁၉၅၆ ခုနှစ် မတ်လ ၂၀ ရက်
၁၉၅၇ ခုနှစ် ဇူလိုင်လ ၂၅ ရက်
၁၉၈၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်
ဧရိယာ
• စုစုပေါင်း
၁၆၃,၆၁၀ km2 (၆၃,၁၇၀ sq mi) (အဆင့်: ၉၁)
• ရေထု (%)
၅.၀၄
လူဦးရေ
• ၂၀၂၀ ခန့်မှန်း
၁၁,၇၀၈,၃၇၀[၁၃] (အဆင့် - ၈၁)
• သိပ်သည်းမှု
၇၁.၆၅/km2 (၁၈၅.၆/sq mi) (အဆင့် - ၁၁၀)
GDP (PPP)၂၀၂၀ ခန့်မှန်း
• စုစုပေါင်း
Increase $၁၅၉.၇၀၇ ဘီလီယံ[၁၄]
• Per capita
Increase $၁၃,၄၁၇[၁၄]
GDP (nominal)2020 ခန့်မှန်း
• စုစုပေါင်း
Increase $၄၄.၁၉၂ ဘီလီယံ[၁၄]
• Per capita
Increase $၃,၇၁၃[၁၄]
Gini (၂၀၁၇)၃၅.၈[၁၅]
အလယ်
HDI (၂၀၁၉)Increase ၀.၇၄၀[၁၆]
မြင့် · ၉၅
ငွေကြေးတူနီးရှား ဒီနာ (TND)
အချိန်ဇုန်CET (UTC+1)
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၂၁၆
Internet TLD


တူနီးရှားနိုင်ငံကို ရုံးသုံးဘာသာစကားဖြင့် တူနီရှား သမ္မတနိုင်ငံဟု ခေါ်ဆိုကြပြီး အာဖရိက တွင် မြောက်ဘက်အကျဆုံး နိုင်ငံဖြစ်သည်။ မာဂရပ် ဒေသအတွင်းတွင် တည်ရှိသော နိုင်ငံဖြစ်ပြီး အနောက်ဘက်တွင် အယ်လ်ဂျီးရီးယားနိုင်ငံ၊ အရှေ့တောင်ဘက်တွင် လစ်ဗျားနိုင်ငံ၊ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင် မြေထဲပင်လယ်တို့က ဝန်းရံထားကြသည်။ ဧရိယာ စတုရန်းမိုင်ပေါင်း ၆၄,၀၀၀ (၁၆၅,၀၀၀ စတုရန်းကီလိုမီတာ) ခန့် ရှိပြီး လူဦးရေ ၁၀.၄ သန်းကျော် ရှိသည်။ နိုင်ငံ၏အမည်မှာ နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရှိသော မြို့တော် တူနစ်မြို့ကို အစွဲပြု၍ ခေါ်ဆိုခြင်း ဖြစ်သည်။

တူနီးရှားသည် အက်တလပ်စ် တောင်တန်းတလျှောက်တွင် တည်ရှိသော နိုင်ငံများတွင် အသေးငယ်ဆုံးသော နိုင်ငံဖြစ်သည်။ နိုင်ငံ၏ တောင်ပိုင်းတွင် ဆဟာရ သဲကန္တာရ ပါဝင်ပြီး ကျန်ရှိသော နေရာများတွင်မူ စိုက်ပျိုးနိုင်သော မြေနေရာများနှင့် မိုင်ပေါင်း ၈၁၀ (၁၃၀၀ ကီလိုမီတာ) ရှည်လားသော ကမ်းရိုးတန်း ပါဝင်သည်။ ထိုနှစ်ခုစလုံးသည် ရှေးခေတ်အခါက အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့ကြသည်။ ပထမ တစ်ခု အနေနှင့် ထင်ရှားကျော်ကြားသော ဖိုနီးရှန်းတို့၏ မြို့တော် ကားသေ့မြို့ ဖြစ်ပြီး ဒုတိယ အနေနှင့်မူ အာဖရိကရှိ ရောမနယ်မြေ အဖြစ် တည်ရှိခဲ့ခြင်း ဖြစ်ကာ ရောမ၏ ပေါင်မုန့်ခြင်းတောင်း ဟူ၍ပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။ နောက်အခါ အေဒီ ၅ ရာစုခန့်တွင် အဖျက်သမားများ၊ ၆ ရာစုတွင် ဘိုင်ဇန်တိုင်းများ နှင့် ၈ ရာစုတွင် အာရပ်တို့က ကျူးကျော်ဝင်ရောက် ခဲ့ကြသည်။

နိုင်ငံရေး[ပြင်ဆင်ရန်]

တူနီးရှား သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ၁၉၅၉ ခုနှစ် ဇွန် ၁ ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည်။ ထိုအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတနှင့် အမျိုးသားလွှတ်တော်တို့ကို သက်တမ်း ငါးနှစ်စီအတွက် တစ်ပြိုင်တည်း ပြည်သူလူထုက ရွေးကောက်တင်မြှောက်ရသည်။ သမ္မတရာထူးအတွက် ရာထူးသက်တမ်း သုံးကြိမ်ထက်ပို၍ အရွေးခံနိုင်ခွင့် မရှိပေ။ ၁၉၅၉-ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အမျိုးသား လွှတ်တော် ရွေးကောက်ပွဲများကျင်းပခဲ့ရာ နီယိုဒက်စတူး ဆိုရှယ်လစ်ပါတီက အမတ်နေရာ (၉ဝ)လုံးတွင် အရွေးခံခဲ့ရသည်။ ထိုနေ့တွင်ပင် အမ်ဟာဗစ် ဗူဂီးဗားကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လေသည်။ အစိုးရအဖွဲ့ကို သမ္မတက ရွေးချယ်ခန့်ထား၍ 'သမ္မတအစိုးရ' ပုံစံမျိုးဖြစ်သဖြင့် အစိုးရဌာန ဆိုင်ရာတာဝန်ခံများကို နိုင်ငံတော်အတွင်းဝန်များဟု ခေါ်သည်။ သမ္မတသည်၎င်း၊ ယင်း၏အစိုးရအဖွဲ့သည်၎င်း အမျိုးသားလွှတ်တော်သို့ တာဝန်ခံခြင်းမရှိပေ။ ၁၉၅၇ ခုနှစ်မှအစပြု၍ သမ္မတဖြစ်လာခဲ့သော အမ်ဟာဗစ် ဗူဂီးယားသည် အနောက်ယိမ်း နိုင်ငံခြားရေးဝါဒကို ကျင့်သုံးခဲ့ရာ ရန်သူများရှိလာခဲ့သည်ဟုဆိုသည်။ ၁၉၆၂-ခုနှစ်တွင် အယ်လ်ဂျီးရီးယားနှင့် အာရပ် ပြည်ထောင်စုအစိုးရတို့က သူ့အား မြှောက်ပြုခဲ့သည်ဟု စွပ်စွဲခဲ့လေသည်။ နောင်အခါ တူနီးရှား နိုင်ငံကို ဆန့်ကျင်သည့်နိုင်ငံများတွင် ဆီးရီးယားနိုင်ငံလည်း ပါဝင်လာခဲ့သည်။ တူနီးရှား နိုင်ငံသည် ၁၉၆၇-ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော အာရပ်-အစ္စရေး စစ်ပွဲအတွင်း၌ အမေရိကန်ပြည်ထောင်စုနှင့် အဆက်ဖြတ်ရန် ငြင်းဆန်ခဲ့သည့်အပြင် အမေရိကန်သံရုံးနှင့် ဗြိတိသျှသံရုံးတို့ကို တိုက်ခိုက်ကာ၊ ရဟူဒီ ဘုရားရှိခိုးကျောင်းတစ်ခုကို မီးရှို့ဆန္ဒပြ သူများကိုလည်း အပြင်းအထန် နှိပ်ကွပ်ခဲ့လေသည်။

[၁၈]


ကိုးကား[ပြင်ဆင်ရန်]

  1. Tunisia Constitution, Article 4 (26 January 2014)။ 9 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 October 2021 တွင် ပြန်စစ်ပြီး။
  2. Tunisian Constitution, Article 1 (26 January 2014)။ 9 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 October 2021 တွင် ပြန်စစ်ပြီး။ Translation by the University of Bern: "Tunisia is a free State, independent and sovereign; its religion is the Islam, its language is Arabic, and its form is the Republic."
  3. Arabic, Tunisian Spoken. Ethnologue (19 February 1999). Retrieved on 5 September 2015.
  4. "Tamazight language"Encyclopædia Britannica။ 4 January 2021 တွင် မူရင်း အား မော်ကွန်းတင်ပြီး13 October 2021 တွင် ပြန်စစ်ပြီး
  5. Nawaat – Interview avec l' Association Tunisienne de Culture AmazigheNawaat
  6. Gabsi, Z. (2003)။ An outline of the Shilha (Berber) vernacular of Douiret (Southern Tunisia)။ PhD Thesis, Western Sydney University။
  7. Tunisian Amazigh and the Fight for Recognition – TunisialiveTunisialive။ 25 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 October 2021 တွင် ပြန်စစ်ပြီး။
  8. "Genetic structure of Tunisian ethnic groups revealed by paternal lineages" (in en) (October 2011). American Journal of Physical Anthropology 146 (2): 271–280. doi:10.1002/ajpa.21581. PMID 21915847. 
  9. TunisiaInternational Religious Freedom Report for 2011, United States Department of State – Bureau of Democracy Human Rights and Labor
  10. The Constitution of the Tunisian Republic။ 29 October 2017 တွင် ပြန်စစ်ပြီး။
  11. Frosini၊ Justin; Biagi၊ Francesco (2014)။ Political and Constitutional Transitions in North Africa: Actors and Factors။ Routledge။ p. 4။ ISBN 978-1-317-59745-2
  12. Choudhry, Sujit; Stacey, Richard (2014) "Semi-presidential government in Tunisia and Egypt" Archived 2 February 2016 at the Wayback Machine.. International Institute for Democracy and Electoral Assistance. Retrieved 7 January 2016.
  13. National Institute of Statistics-Tunisia။ National Institute of Statistics-Tunisia။ 28 November 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 October 2021 တွင် ပြန်စစ်ပြီး။
  14. ၁၄.၀ ၁၄.၁ ၁၄.၂ ၁၄.၃ Tunisiaအပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့
  15. GINI indexကမ္ဘာ့ဘဏ်။ 19 January 2013 တွင် ပြန်စစ်ပြီး။
  16. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-516 December 2020 တွင် ပြန်စစ်ပြီး
  17. Report on the Delegation of تونس.။ Internet Corporation for Assigned Names and Numbers (2010)။ 31 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2010 တွင် ပြန်စစ်ပြီး။
  18. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)


ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]