ဂါနာနိုင်ငံ
| ဂါနာ သမ္မတနိုင်ငံ | |||||
| Republic of Ghana | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - လွတ်လပ်မှု နှင့် တရားမျှတမှု | |||||
| နိုင်ငံတော်သီချင်း - ငါတို့ ဂါနာမြေကို ဘုရားသခင် ကောင်းချီးပေးပါစေ[၁] | |||||
| ပထဝီ |
|||||
| မြို့တော် | အက်ကရာမြို့ | ||||
| အကြီးဆုံးမြို့ | မြို့တော် | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၀ | ||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | အင်္ဂလိပ်ဘာသာ | ||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | ဖွဲ့စည်းပုံ အခြေခံ သမ္မတအစိုးရ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | $၇၁.၂၁၆ ဘီလီယံ[၄] (အဆင့် - ) | ||||
| GDP(PPP) | $၂,၉၃၁[၄] (အဆင့် - ) | ||||
| HDI | ▲ ၀.၄၆၇ (အနိမ့်)[၅] (အဆင့် - ၁၃၀) | ||||
| ငွေ | ဂါနာဆယ်ဒီ | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .gh | ||||
| Calling code | +၂၃၃ | ||||
မာတိကာ |
ဂါနာသမ္မတနိုင်ငံ[ပြင်ဆင်ရန်]
ဂါနာသမ္မတနိုင်ငံသည် အာဖရိကတိုက်၏ အနောက်ဘက်ကမ်းခြေ ဂင်းနီပင်လယ်ကွေ့၌ တည်ရှိသည်။ ဂါနာဆိုသည့် အမည်မှာတိုင်းရင်းသား ဘာသာစကားဖြစ်သည်။ ဗြိတိသျှလက်အောက်ခံ ဘဝက ဂိုးလကို့စ်ဟုခေါ်သည်။ မြောက်ဘက်တွင် အထက်ဗိုလတာနိုင်ငံ၊ အရှေ့ဘက်တွင် တိုဂိုနိုင်ငံ၊အနောက်ဘက်တွင် အိုင်ဗရီကို့စနိုင်ငံနှင့် တောင်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာတို့ ရှိသည်။
ဂါနာသမ္မတနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၉၁၈၃၄ ရှိပြီး ၁၉၇၆ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁ဝ၃၁ဝဝဝဝ ရှိသည်။ မြို့တော်မှာ အက်ကရာမြို့ ဖြစ်သည်။ ဂါနာနိုင်ငံ၏ မြေမျက်နှာပြင်တွင် ပေ ၃ဝဝဝ ခန့် အထိမြင့်သော တောင်ကုန်းများကိုသာ တွေ့ရသည် ရာသီဥတု မျှတသော နိုင်ငံဖြစ်သည်။
ဂါနာသမ္မတနိုင်ငံသည် သဘာဝဓာတ်သတ္တုပစ္စည်းများပေါများသော နိုင်ငံဖြစ်သည်။ စိန်၊ ရွှေ၊မန်းဂနိနှင့် ဗောက်ဆိုက်များ ထွက်သည်။ ဂါနာနိုင်ငံ၏ အဓိကစီးပွားရေးထွက်ကုန်မှာ ကိုကိုးဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုကိုးအထွက်ဆုံးနိုင်ငံ ဖြစ်သည်။
အေဒီ ၈ဝဝ မှ ၁ဝ၇၆ ထိ ဂါနာနိုင်ငံတွင်းသို့ အဒန်ဆီ၊ အက်ကွာမူ၊ ဂါနှင့် အခြားလူမျိုးပေါင်းစုံ လာရောက်အခြေချခဲ့ကြသည်။ ယခုအခါ ဂါနာနိုင်ငံသားတို့သည် ဆူဒန်ကပ္ပလီ များ ဖြစ်ကြသည်။ ၁၈ဝဝ ပြည့်နှစ်တွင် ဥရောပတိုက်သား တို့သည် အာဖရိကတွင် ယင်းတို့၏ပိုင်နက်များ ရရှိရေးအတွက် ကြိုးစားခဲ့ရာ အင်္ဂလိပ်တို့က ဂိုးလကို့စဒေသကို ရရှိခဲ့သည်။
ပထမကမ္ဘာစစ် အပြီးတွင် ဗြိတိသျှတို့သည် ဂျာမန်ပိုင် တိုဂိုနယ်ကိုလည်း အုပ်ချုပ်ခွင့် ရခဲ့ရာ ဂိုးလကို့စနှင့် တိုဂိုနယ်ကို ပူးပေါင်း၍ ကိုလိုနီ တစ်ခုတည်းအဖြစ် အုပ်ချုပ်ခဲ့သည်။ ၁၉၆ဝ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဗြိတိသျှ ဓနသဟာယ အဖွဲ့ဝင် သမ္မတနိုင်ငံ ဖြစ်လာသည်။ ပထမဆုံး သမ္မတဖြစ်ခဲ့သူမှာ ဒေါက်တာ ကွာမိ အင်ကရူးမား ဖြစ်သည်။
၁၉၆၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် ဂါနာနိုင်ငံ၌ စစ်တပ်နှင့် ရဲအဖွဲ့တို့ ပူးပေါင်းကာ အာဏာသိမ်းခဲ့သည်။ ထိုအာဏာသိမ်းပွဲကို ဂါနာတပ်မတော်မှ ဗိုလ်မှူးကြီး ကိုတိုကာက ဦးဆောင်ခဲ့သည်။ အင်ကရူးမားသည် ထိုအချိန်က တရုတ်နိုင်ငံသို့ သွားရောက်နေချိန် ဖြစ်သည်။
၁၉၆၉ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ပြုလုပ်၍ အရပ်သား အစိုးရလက်သို့ အာဏာများကို ပြန်လည် လွဲပြောင်းပေးခဲ့သည်။ သို့သော် ၁၉၇၂ ခုနှစ် ဇန်နဝါရီလတွင် တပ်မတော်မှ ပြန်လည်၍ အာဏာသိမ်းပိုက်ခဲ့ပြန်သည်။ ထိုအာဏာသိမ်းပွဲကို ဂါနာတပ်မတော်မှ ဗိုလ်မှူးကြီး အချီယမ်ပုန်က ဦးဆောင်သည်။ အချီယမ်ပုန်သည် ဂါနာနိုင်ငံ၏သမ္မတ အဖြစ် ခံယူသည်။[၆]
အာဖရိကတိုက် အနောက်ဘက်ကမ်းခြေ ဂင်းနီပင်လယ် ကွေ့၌ တည်ရှိသော ဂါနာသမ္မတနိုင်ငံတွင် လေတပ်ဗိုလ် ဂျယ်ရီရောလင်းသည် သမ္မတမစ္စတာလီမန်းကို ရာထူးမှ ဖြုတ်ချပြီး သုံးနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် အာဏာ သိမ်းပိုက်လိုက်ကြောင်း ၁၉၈၁ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက် နေ့က အက္ကရာအသံလွှင့်ဌာနမှ ကြေငြာသည်။
ထို့နောက် ဂါနာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လည်းကောင်း၊ အစိုးရအဖွဲ့ကိုလည်းကောင်း၊ ပါလီမန် လွှတ်တော်ကို လည်းကောင်း၊ နိုင်ငံတော်ကောင်စီနှင့် နိုင်ငံရေးပါတီများ အားလုံးကိုလည်းကောင်း ဖျက်သိမ်းခဲ့သည်။ နိုင်ငံတော်ကို အုပ်ချုပ်ရန်အတွက် ယာယီအမျိုးသား ကာကွယ်ရေးကောင်စီ (ပီအင်ဒီစီ)ကို ဖွဲ့စည်းကြောင်း ၁၉၈၂ ခုနှစ် ဇန္နဝါရီလ ၁၁ ရက်နေ့တွင် ကြေငြာသည်။ နိုင်ငံ အုပ်ချုပ်ရေးကို တာဝန်ယူမည့် အဆိုပါ ကောင်စီတွင် အဖွဲ့ဝင် ၁၁ ဦးပါဝင်ရာ ဥက္ကဋ္ဌအဖြစ် ဗိုလ်ဂျယ်ရီရောလင်းအား ခန့်အပ် ခဲ့သည်။
အမျိုးသားကာကွယ်ရေးကောင်စီသည် ဥပဒေပြုခြင်းနှင့် အစိုးရအဖွဲ့ဝင်များအား ရွေးချယ်ခန့်ထားနိုင်ခွင့် အာဏာရှိသည်။ ပီအင်ဒီစီအား အကြံပေးရန်အတွက် အမျိုးသားကာကွယ်ရေး ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းခဲ့သည်။ ယာယီအမျိုးသား ကာကွယ်ရေးကောင်စီသည် နိုင်ငံ၏ လက်ရှိ နိုင်ငံခြားရေး ဝါဒကို ဆက်လက် ကျင့်သုံးပြီး နိုင်ငံအားလုံးနှင့် ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ယာယီအမျိုးသားကာကွယ်ရေးကောင်စီသည် ၁၉၈၂ ခုနှစ် ဇန္နဝါရီလ ၂၁ ရက်နေ့တွင် ကောင်စီ အတွင်းရေးမှူးနှင့် အရပ်သားဝန်ကြီး ၁၇ ဦးတို့အား ခန့်အပ်လိုက်သည်။ ကာကွယ်ရေးဝန်ကြီးဌာနကို ယာယီအမျိုးသားကာကွယရေး ကောင်စီက တာဝန်ယူမည်ဖြစ်၍ ကာကွယ်ရေးဝန်ကြီးကို မခန့် အပ်သေးချေ။ ယခင်အစိုးရအဖွဲ့တွင် မပါရှိသော လမ်းလုပ်ငန် ဝန်ကြီးဌာနသစ်ကိုမူ ထည့်သွင်းခန့်အပ်သည်။
ယခင် အစိုးရလက်ထက်မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ လွှတ်တော်အမတ်များနှင့် ပြည်သူ့ အမျိုးသားပါတီ ခေါင်းဆောင်များ စုစုပေါင်း ၁၃၆ ဦးကို ထိန်းသိမ်း ထားခဲ့သည်။ မိမိတို့ ဆန္ဒအရ အလိုအလျောက် အညံ့ခံ သူတို့အား ဇန္နဝါရီလလယ်လောက်တွင် ထိန်းသိမ်းထားရာမှ ပြန်လည်လွှတ်ပေးခဲ့ သည်။ ဇန္နဝါရီလ ၄ ရက်နေ့တွင် တိုင်းပြည်မှ ထွက်ပြေးရန် ကြိုးစားခဲ့သော သမ္မတဟောင်း မစ္စတာလီမန်းအား လက်ရဖမ်းဆီးမိခဲ့သည်။
ဒုတိယသမ္မတသည် ဇန္နဝါရီလ ၆ ရက်နေ့တွင် ကိုယ်တိုင် လာရောက် အညံ့ခံသည်။ အခြားခေါင်းဆောင် အချို့သည် နိုက်ဂျီးရီးယားနိုင်ငံသို့ ထွက်ပြေးသည်။ ဇန္နဝါရီလ ၈ ရက် နေ့တွင် ယာယီအမျိုးသား ကာကွယ်ရေးကောင်စီသည် နိုင်ငံ၏ နယ်စပ်ဒေသများကို ပိတ်ထားရာမှ ပြန်လည်ဖွင့်ပေးပြီး ထုတ်ပြန်သော နေဝင်မီးငြိမ်းအမိန့်များကိုလည်း လျှော့ပေါ့ ပေးခဲ့သည်။ ယင်းအမိန့်သည် ဧပြီလဆန်းပိုင်းအထိ ဆက်လက် တည်ရှိနေခဲ့သည်။
နိုင်ငံတွင်းရှိ ထိပ်တန်းပုဂ္ဂိုလ်များ၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေးအဖွဲ့အစည်းများမှ နိုင်ငံရေး ခေါင်းဆောင်များ၊ ပြည်သူ့အဖွဲ့အစည်း အသီးသီးမှ အရာရှိကြီးများ၏ ဘဏ် စာရင်းများနှင့် ကိုယ်ပိုင်ပစ္စည်းများအား ယာယီအမျိုးသား ကာကွယ်ရေးကောင်စီ၏ ခွင့်ပြုချက်မရရှိဘဲ ဘဏ်တိုက်များမှ ထုတ်ပေးခြင်း မပြုရန် ဇန္နဝါရီလ ၃ ရက်နေ့က အမိန့်ပေးခဲ့ သည်။ အာဏာသိမ်းအဖွဲ့ခေါင်းဆောင် ဂျယ်ရီရောလင်းသည် နိုင်ငံသမိုင်းကို ပြည်သူများ ကိုယ်တိုင် ပြဋ္ဌာန်းရန် ဦးတည် ချက်ဖြင့် ရေးဆွဲသော ယာယီအမျိုးသား ကာကွယ်ရေး ကောင်စီ၏ နိုင်ငံရေးဦးတည်ချက်များကို ထုတ်ဖော်ကြေငြာ ခဲ့သည်။ ယာယီအမျိုးသားကာကွယ်ရေးကောင်စီ၏ အဦးဆုံးရည်မှန်း ချက်သည် စီးပွားရေးတွင် အကျိုးမဲ့လွန်ကဲစွာ ငွေများသုံးစွဲမှုကို ထိန်းချုပ်ရန်နှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ အုပ်ချုပ်မှုတွင်လည်း စည်းကမ်းများ ထည့်သွင်း ကြပ်မတ်လုပ်ဆောင်ရန်တို့ဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် အစားအစာများ တင်သွင်းမှုကို အနည်းဆုံး ၅ဝ ရာခိုင်နှုန်းထိ လျှော့ချရန်၊ ကိုကိုးထုတ်လုပ်မှုလုပ်ငန်းကို လည်း ပြန်လည်တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန် ပီအင်ဒီစီက ရည်မှန်းထားသည်။
ကုန်သည်များအား ကုန်ပစ္စည်း ဈေးနှုန်းများ လျှော့ချရန် အစိုးရအဖွဲ့သစ်၏ တိုက်တွန်းနှိုးဆော်ချက်သည် ထိရောက်မှု မရှိသဖြင့် ကုန်ဈေးနှုန်း ထိန်းချုပ်မှုများကို လုပ်ဆောင်ရသည် အထိ ဖြစ်ခဲ့သည်။ အခွန်အခ ထိန်းချုပ်မှုများကိုလည်း ပြုလုပ် ခဲ့ရသည်။
အစိုးရအဖွဲ့သစ်တက်လာပြီးနောက် တိုင်းပြည်၏ စီးပွားရေး အခြေအနေ တိုးတက်စေရန် နှစ်တိုအစီအစဉ်အရ ပီအင်ဒီစီ သည် စေတနာ့ဝန်ထမ်း တော်လှန်ရေး အထူးအလုပ်တပ်စုများ ဖွဲ့စည်းခဲ့သည်။ ယင်းတပ်စုများတွင် အထူးသဖြင့် အထက်တန်း ပညာရေး ကျောင်းသားများလည်း ပါဝင်ပြီး လမ်းပန်း အဆက် အသွယ် မကောင်း၍ စုပြုံနေသည့် နိုင်ငံ၏ အဓိက ထွက်ကုန် ဖြစ်သော ကိုကိုးတန်ချိန် ၈၂၄ဝဝ ခန့်ကို ဆိပ်ကမ်းမြို့များသို့ တင်ပို့ပေးခြင်းကို ကူညီပေးကြသည်။ ဖေဖော်ဝါရီလ ကုန်ပိုင်း တွင် စုပုံနေသည့် ကိုကိုးအိတ်များမှ အိတ်ပေါင်း နှစ်သိန်း ခန့်ကို ဆိပ်ကမ်းသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ ကိုကိုးနှင့် အခြား ကုန်ပစ္စည်းများ မှောင်ခိုထုတ်လုပ်မှုကို တားဆီးသည့်အနေဖြင့် မှောင်ခိုလုပ်သူများအား သေဒဏ် အပြစ်ပေးမည်ဖြစ်ကြောင်း ပီအင်ဒီစီက ကြေငြာခဲ့သည်။
လစ်ဗျနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပြန်လည်ဆက်သွယ် ရန် သဘောတူညီကြောင်း ပီအင်စီက ဇန္နဝါရီလ ၁၁ ရက်နေ့ တွင် ကြေငြာခဲ့သည်။ လစ်ဗျနိုင်ငံနှင့် ဂါနာနိုင်ငံတို့သည် သမ္မတမစ္စတာလီမန်း လက်ထက် ၁၉၈ဝ ပြည့်နှစ် နိုဝင်ဘာ လတွင် နှစ်နိုင်ငံ သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့ကြ သည်။ လစ်ဗျနိုင်ငံမှ စားသောက်ကုန်နှင့် ဆေးများကို ဂါနာ နိုင်ငံသို့ အကူအညီပေးခဲ့သည်။ လစ်ဗျနိုင်ငံနှင့် ဂါနာနိုင်ငံတို့ သွေးစည်းညီညွတ်မှုကို ပြသည့်အနေဖြင့် ဂါနာနိုင်ငံအား ရေနံစိမ်းပီပါ ငါးသိန်းကို လစ်ဗျနိုင်ငံက အခမဲ့ ပေးအပ် ခဲ့သည်။
လစ်ဗျနိုင်ငံနှင့် သံတမန်အဆက်အသွယ် ပြန်လည် ဆက်သွယ်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် နိုက်ဂျီးရီးယား နိုင်ငံသည် မိမိ၏သံအမတ်ကြီးအား ဂါနာနိုင်ငံမှ ပြန်လည် ခေါ်ယူခဲ့သည်။ အလားတူပင် နိုက်ဂျီးရီးယားနိုင်ငံကလည်း ဂါနာအစိုးရသစ်အား အသိအမှတ်မပြုသည့်အနေဖြင့် ဂါနာ နိုင်ငံသို့ ရေနံ တင်ပို့မှုကို ဆိုင်းငံ့ထားခဲ့သည်။ မတ်လ ၅ ရက်နေ့တွင် နိုက်ဂျီးရီးယားသမ္မတ ရှာဂါရီနှင့် ဂါနာကိုယ်စားလှယ်အဖွဲ့တို့ လာဂို့မြို့တွင် ဆွေးနွေးခဲ့ရာမှ နှစ်နိုင်ငံ တင်းမာမှု အနည်းငယ် လျော့ပါးခဲ့သည်။ သမ္မတ ရှာဂါရီက နိုက်ဂျီးရီးယားနိုင်ငံအနေဖြင့် ဂါနာအစိုးရအဖွဲ့သစ်နှင့် ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်ရန် ဆန္ဒရှိကြောင်းနှင့် ဂါနာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စတွင် ဝင်ရောက် မစွက်ဖက်ရေး လမ်းစဉ်ကို လိုက်နာရန် ရည်ရွယ်ကြောင်း ဂါနာကိုယ်စားလှယ် အဖွဲ့အား ပြောကြားခဲ့သည်။
ဂါနာနိုင်ငံ၏ ရေနံချက်လုပ်ခြင်းကို ယခင်ကအတိုင်း ပုံမှန် ပြန်လည်ပြုလုပ်တော့မည်ဟု ဧပြီလ ၆ ရက်နေ့တွင်ကြေငြာခဲ့ သည်။ မတ်လအတွင်းကလည်း ဂါနာအစိုးရကိုယ်စားလှယ် အဖွဲ့သည် ဗြိတိန်နိုင်ငံသို့ ချစ်ကြည်ရေးသွားရောက်ခဲ့ပြီး ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဓနသဟာယနိုင်ငံများဆိုင်ရာ ဝန်ကြီး လော့ဒ်ကာရင်တန်နှင့် ဆွေးနွေးခဲ့သည်။
အနောက်အာဖရိကနိုင်ငံများ၊ ဆိုဗီယက်ပြည်ထောင်စု၊ ကျူးဗားနိုင်ငံ အပါအဝင် စီးပွားရေး အပြန်အလှန် အထောက် အကူပြုမှု ကောင်စီ (စီးမီးယား)၏ အဖွဲ့ဝင်နိုင်ငံများသို့လည်း ဂါနာအစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ ကျူးဗားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လေးခုကို လက်မှတ်ရေးထိုးခဲ့သည့်ပြင် ဆိုဗီယက်၊ ဘူဂေးရီးယား၊ အရှေ့ဂျာမနီနှင့်ဟန်ဂေရီ နိုင်ငံများမှ လည်း စီးပွားရေး အကူအညီများ ထပ်မံရရှိခဲ့လေသည်။
အကျယ်အဝန်း[ပြင်ဆင်ရန်]
၉၂ဝ၉၈ စတုရန်းမိုင်၊
လူဦးရေ[ပြင်ဆင်ရန်]
၁၂၅ဝဝဝဝဝ၊
မြို့တော်[ပြင်ဆင်ရန်]
အက္ကရာမြို့။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Emefa.myserver.org. Retrieved on 2010-12-21။
- ↑ "2010 Provisional Census Results Out" (2010). Ghana Government. Retrieved on 2011-02-07.
- ↑ Bartlett, Duncan. "Korea uses G20 to nurture African links", BBC News, 2010-11-10. Retrieved on 20 March 2011.
- ↑ ၄.၀ ၄.၁ Ghana. International Monetary Fund. Retrieved on 2011-04-26။
- ↑ Human Development Report 2010. United Nations (2010). Retrieved on 4 November 2010။[dead link]
- ↑ စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၇၈-နှစ်)
- ↑ စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၃-နှစ်)