လိုက်ဘေးရီးယားနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
လိုက်ဘေးရီးယား သမ္မတနိုင်ငံ
Flag of Liberia.svg Coat of arms of Liberia.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - The love of liberty brought us here
နိုင်ငံတော်သီချင်း - All Hail, Liberia, Hail!
ပထဝီ
Location Liberia AU Africa.svg
မြို့တော် မွန်ရိုးဗီးယားမြို့
အကြီးဆုံးမြို့ မွန်ရိုးဗီးယားမြို့
ဧရိယာ
  • ဧရိယာ - ၁၁၁,၃၆၉ km² (၄၃,၀၀၀ sq mi) (အဆင့်: ၁၀၃)
  • ရေဖုံးလွှမ်းမှု - ၁၃.၅၁၄%
စံတော်ချိန်ဇုန် UTC +၀
လူနေမှု
လူဦးရေ
နိုင်ငံရေး
အမျိုးအစား သမ္မတနိုင်ငံ
အစိုးရခေါင်းဆောင်များ
  • သမ္မတ - အဲလန် ဂျွန်ဆန် ဆာလိဖ်
  • ဒုတိယသမ္မတ - ဂျိုးဆက် ဘိုကိုင်
ထူထောင်မှု
  • လွတ်လပ်ရေး ရခြင်း - ဇူလိုင် ၂၆ရက်၊ ၁၈၄၇
  • လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ - ဇန်နဝါရီ ၆ရက်၊ ၁၉၈၆
စီးပွားရေး
GDP(PPP) US $၃၉၂ (အဆင့် - )
HDI ၀.၃၀၀ (အနိမ့်) (အဆင့် - ၁၆၂)
ငွေ လိုက်ဘေးရီးယန်း ဒေါ်လာ
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .lr
Calling code +၂၃၁

လိုက်ဘေးရီးယားနိုင်ငံ၏ တရားဝင်အမည်မှာ လိုက်ဘေးရီးယား သမ္မတနိုင်ငံ ဖြစ်ပြီး အာဖရိကတိုက် အနောက်ဘက် ကမ်းရိုးတန်းတွင် တည်ရှိသော နိုင်ငံဖြစ်သည်။ အနောက်ဘက်တွင် ဆီရာလီယွန်နိုင်ငံ၊ မြောက်ဘက်တွင် ဂီနီနိုင်ငံ၊ အရှေ့ဘက်တွင် ကိုယ့်ဒီဗွားနိုင်ငံ (အိုင်ဗိုရီကို့စ်) နှင့် တောင်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာတို့က ဝန်းရံလျှက် ရှိသည်။ ၂၀၀၈ ခုနှစ် လူဦးရေစာရင်း အရ လူဦးရေ ၃,၄၇၆,၆၀၈ ဦး ရှိပြီး အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၁၁၁,၃၆၉ ကီလိုမီတာ (၄၃,၀၀၀ စတုရန်းမိုင်) ရှိသည်။

မြို့တော်မှာ မွန်ရိုးဗီးယားမြို့ ဖြစ်သည်။

ရှေး အခါကတည်းက လွတ်လပ်သောနိုင်ငံဖြစ်၏။ အနောက်ဘက်ကမ်းခြေရှိ ပါလမစ်အငူမှသည် မနိုမြစ်အထိ ၃၂၅ မိုင်မျှ ကျယ်ပြန့်သည်။ လိုက်ဘေးရီးယားနိုင်ငံ၏ ကမ်းခြေသည် မြေနိမ့်ဖြစ်သည်။ မြောက် ဘက်တွင် အနားကွပ်သဖွယ်တည်ရှိသော နင်ဗာတောင်တန်းသည် ပေ ၆ဝဝဝ မျှမြင့်မားသည်။ လိုက်ဘေးရီးယားနိုင်ငံ၏ ရာသီဥတူမှာ အလွန်ပူပြင်း ၍ စိုထိုင်းသည်။ အပူပြင်းဆုံးအချိန်မှာ ဇန်နဝါရီလတွင်ဖြစ်၍ ဆောင်းကူး ရာသီနှင့် နွေရာသီတွင် မိုးအလွန်ကောင်းသည်။

လိုက်ဘေးရီးယားနိုင်ငံ၏ အဓိကထွက်ကုန်များမှာ ကော်ဖတ်(ရော်ဘာ)၊ အုန်းသီးဆန်၊ အုန်းဆီ၊ ရွှေနှင့် သံရိုင်းတို့ဖြစ်သည်။ လိုက်ဘေးရီးယား နိုင်ငံသည် စီပွားရေးအားဖြင့် ကော်ဖတ်ကို လုံးဝဆိုသလို အမှီပြုအားထားရ ပေသည်။ ကျယ်ပြန့်လှသော ကော်ဖတ်ခြံများကို အမေရိကန် ကော်ပိုရေးရှင်း အဖွဲ့များက ပြုစုလုပ်ကိုင်လျက်ရှိသည်။ ပထမဆုံးမီးရထားလမ်းများကို လိုက်ဘေးရီးယား သတ္တုတူးဖော်ရေးကုမ္ပဏီက ဆောက်လုပ်၍ ၁၉၅၁ ခုနှစ် တွင်ပြီးစီးသည်။ ရထားလမ်းမှာ မြို့တော်ဖြစ်သော မွန်ရိုးဗီးယားမှ အနောက် မြောက်ဘက် ဗိုမီတောင်များဒေသသို့ မိုင် ၄ဝ မျှရှည်လျားသည်။ အတွင်း ဘက်သို့ မော်တော်ကားလမ်းမများကိုလည်း ဖောက်လုပ်ထားရာ နိုင်ငံပိုင် လမ်း မိုင်ပေါင်း ၁၂ဝဝ မျှ ဖောက်လုပ်ပြီးစီးပေပြီ။ မီးသင်္ဘောများသည် စိန်ပေါမြစ်တစ်လျှောက် ၂၅ မိုင် ခုတ်မောင်းနိုင်၍ ကဗယ်လာမြစ်တစ် လျှောက်မိုင် ၅ဝ မျှခုတ်မောင်းနိုင်သည်။ မွန်ရိုးဗီးယားမြို့မှ မိုင် ၅ဝ ကွာ ဝေးသည့် ရောဗတ်ဖီးတွင်ရှိသော လေဆိပ်သည် အာဖရိကတိုက်၌ ခေတ်မီ သော လေဆိပ်တစ်ခုဖြစ်ပေသည်။

လိုက်ဘေးရီးယားနိုင်ငံတွင် နေထိုင်သူ လူဦးရေ ၁၆၅ဝဝဝဝ ခန့်ရှိ သည်။ အုပ်ချုပ်သူလူတန်းစားမှာ အမေရိကန် နီးဂရိုးများ၏ အဆက်အနွယ် ၂ဝဝဝဝ ခန့်ဖြစ်သည်။ သူတို့သည် ပရိုတက်စတန့် ဂိုဏ်းဝင်များဖြစ်၍ အင်္ဂလိပ်စကားပြောသည်။ ကမ်းရိုးတန်းတစ်လျှောက်တွင် လူယဉ်ကျေး နီဂရိုး ၆ဝဝဝဝ ခန့်ရှိသည်။ အတွင်းပိုင်းတွင် နေထိုင်သူတို့မှာ မွတ် စလင်နှင့် အယူဝါဒမဲ့သူများဖြစ်၏။ လူဖြူထောင်ပေါင်း အနည်းငယ်ခန့် လည်း ထိုနိုင်ငံတွင် နေထိုင်ကြသည်။

လိုက်ဗီးရီးယားနိုင်ငံ တည်ထောင်ရာ၌ အမေရိကန်ပြည်ထောင်စု ၏ အကူအညီ များစွာပါဝင်ခဲ့၍ ယခုလည်း အမေရိကန် အကူအညီနှင့် မကင်းသေးပေ။ ၁၉ ရာစုနှစ်ဦးပိုင်းတွင် ကျွန်ဘဝမှ လွတ်မြောက်သော နီးဂရိုးများအား မိမိတို့ဇာတိ အာဖရိကတိုက်၌ ပြန်လည်နေရာချထားပေးရန် စိုင်းပြင်မှုတစ်ခု အမေရိကန်ပြည်ထောင်စု၌ ပေါ်ပေါက်လာသည်။ ဤအရေး ကို တိုးတက်သော နီးဂရိုးများအပြင် ကရုဏာသက်သော လူဖြူများကလည်း သဘောကျကြသည်။ သို့ဖြင့် ၁၈၂၂ ခုနှစ်မှစ၍ နီးဂရိုးများဇာတိဌာနေ အာဖရိကမြေသို့ ပြန်ကြပြီးလျှင် ယခု မွန်ရိုးဗီးယားမြို့တည်ရာအနီးတွင် ပထမဦးဆုံးအကြိမ် အခြေစိုက်နေထိုင်ခဲ့လေရာ ၁၈၄၇ ခုနှစ်တွင် ထိုသို့ ရောက်လာသော အမေရိကန်နီးဂရိုးများသည် နိုင်ငံတစ်ခုဖွဲ့နိုင်လောက်အောင် အားရှိလာပေသည်။ သို့ဖြစ် ယင်းသည့်နှစ်တွင် လွတ်လပ်သော လိုက်ဗီးရီး ယားသမ္မတနိုင်ငံကို တည်ထောင်နိုင်ခဲ့ပေသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ စည်းမျဉ်းကို ရေးဆွဲရာ၌ အမေရိကန်ပြည်ထောင်စု၏ အခြေခံစည်းမျဉ်း အတိုင်း ရေးဆွဲသည်။

လိုက်ဗီးရီးယားနိုင်ငံသည် ပထမနှင့် ဒုတိယကမ္ဘာစစ်များအတွင်း က အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်အဖြစ် ပါဝင်တိုက်ခိုက်ခဲ့သည်။ ဗာဆေးစာချုပ်တွင် ပါဝင်၍လက်မှတ်ရေးထိုးသည်။ နိုင်ငံပေါင်းချုပ်အသင်း တွင်လည်း မူလပါဝင်သော အသင်းဝင်တစ်ဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ် အတွင်းဖြစ်သော ၁၉၄၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုနှင့် လက်မှတ်ရေးထိုး၍ မိမိမြေပေါ်၌ လေဆိပ်ဆောက်ခွင့်ပြုခဲ့ သည်။ ၁၉၄၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လိုက်ဘေးရီးယားနိုင်ငံ သည် ဂျာမနီနှင့် ဂျပန်နိုင်ငံတို့အား စစ်ကြေညာခဲ့သည်။ လိုက်ဘေးရီးယား နိုင်ငံသည် ကုလသမဂ္ဂဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။ [၁]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)