မဟာအလက်ဇန္ဒား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
colspan="2" style="text-align: c

enter; font-size: 130%; font-weight: bold;" | မဟာအလက်ဇန္ဒား

Alexx.jpg
နန်းသက် ၃၃၆ - ၃၂၃ ဘီစီ
မွေးဖွားခြင်း ဇူလိုင် (၂၀) ၊ ၃၅၆ ဘီစီ
မွေးဖွားရာ ဒေသ Pella, Macedon
နတ်ရွာစံခြင်း ဇွန် (၁၀) ၊ ၃၂၃ ဘီစီ (အသက် - ၃၂)
နတ်ရွာစံရာဒေသ ဘေဘီလုံ

မက်စီဒို မှအလက်ဇန္ဒား ၃(၂၀/၂၁ ဇူလိုင် ၃၅၆-၁၀/၁၁ ဇွန် ၃၂၃ ဘီစီ) မဟာအလက်ဇန္ဒားAlexander the Great အဖြစ် ထင်ရှားခဲ့သည်။ Alexander ဆိုသည်မှာ ဂရိ ဘာသာဖြင့် Ἀλέξανδρος ὁ Μέγας, alexo ကာကွယ်ခြင်း၊ ကူညီခြင်း ဟုတွင်ပြီး aner မှာ လူ ကို ဆိုလိုသည်။ ထို့ကြောင့် ကာကွယ် စောင့်ရှောက် နိုင်စွမ်းသူ ဟု ဖွင့်ဆိုနိုင်ပေမည်။ ၄င်းသည် ရှေးဂရိနိုင်ငံ မြောက်ပိုင်း မက်စီဒိုးနီးယားမှ ဘုရင် တစ်ပါး ဖြစ်သည်။ ဘီစီ ၃၅၆ တွင် Pella (မက်စီဒိုးနီးယား အလယ်ပိုင်း)တွင် ဖွားမြင်ခဲ့ပြီး အရစ္စတိုတယ် ထံတွင် အသက် ၁၆ နှစ်ထိ ပညာသင်ကြားခဲ့သည်။ အသက် (၃၀) တွင် အကြီးမားဆံုး အင်ပါယာ တစ်ခုကို ချဲ့ထွင်နိုင်ခဲ့ပြီး ၄င်း၏ အင်ပါယာ သည် Ionian Sea မှ Himalayas ထိကျယ်ပြန့်ခဲ့သည်။ ၄င်းလက်ထက်တိုက်ခဲ့သော တိုက်ပွဲများတွင် ရှုံးနိမ့်ခဲ့ခြင်း မရှိသောကြောင့် စစ်သမိုင်း တွင် အအောင်မြင်ဆံုးသော စစ်ခေါင်းဆောင်အဖြစ် အတူမရှိ ထင်ရှားသူဖြစ်သည်။၄င်း၏ အင် ပါယာသည် မျက်မှောက်ခေတ်တွင် ဂရိ မှ ပါကစ်စတန် ထိ ကျယ်ပြန့် ပေသည်။

ဘီစီ ၃၃၆ တွင် အလက်ဇန္ဒား၏ဖခင်ဖြစ်သူ မက်စီဒိုးနီးယား ဘုရင် ဖိလစ် ၂ လုပ်ကြံခံရပြီးနောက် ထီးနန်းဆက်ခံခဲ့သည်။ ဖိလစ်သေဆံုးပြီး နောက် အလက်ဇန္ဒားသည် ဖခင်သိမ်းပိုက်ခဲ့သော အင်ပါယာနှင့် တိုက်ရည်ခိုက်ရည်ပြည့်၀ပြီး ဖြစ်သော စစ်တပ်ကို အမွေရရှိ ခဲ့သည်။ ၄င်းသည် ဂရိစစ်သေနာပတိချုပ် ရာထူးကိုခန့်အပ်ခံရပြီးနောက် ဖခင်လက်ထက် နယ်မြေချဲ့ ထွင်ရေး စီမံချက်ကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ ဘီစီ ၃၃၄ တွင် Achaemenid အင်ပါယာအား ကျူး ကျော်သိမ်းပိုက်ပြီးနောက် Asia Minor အား အုပ်ချုပ်သည့် အချိန်မှစရျ် ၁၀ နှစ်ခန့်ထိ စစ်ပွဲများဆက်တိုက် ဆင်နွဲခဲ့ရသည်။ Issus တိုက်ပွဲ Gaugamela တိုက်ပွဲတို့ဖြင့် Persia တို့၏ သြဇာကို ချိုးဖဲ့ခဲ့သည်။ ထို့နောက်ပိုင်းတွင် Persia ဘုရင် Darius III ကိုအောင်နိုင်ကာ Persia အင်ပါ၏ အရှင်သခင်ဖြစ်လာခဲ့ သည်။ မျက်မှောက်ခေတ်တွင် Adriatic ပင်လယ် မှ Indus မြစ်ထိ ကျယ်၀န်းသည်။



(အင်္ဂလိပ်ဘာသာဖြင့်-)သည် ဖခမည်းတော် မက်စီဒိုးနီးယားဘုရင် ဖိလစ်နှင့် မယ်တော် အိုလံပီယာမှ ဖွားမြင်သည့်သား ဖြစ်သည်။ မွေးဖွားပြီးနောက်တွင် ဖခမည်းတော်ဖိလစ်မှာ မက်စီဒိုးနီးယားမှ မြောက်ဖက်နယ် အနည်းငယ်နှင့် တောင်ဖက် ဂရိနိုင်ငံများကို သိမ်းယူပြီးဖြစ်သည်။ ငယ်စဉ်ကပင် ထက်မြက်သည့်အလျှောက် အသက် ၁၃ နှစ်တွင် ဆရာဖြစ်သူ အရစ္စတိုတယ်၏ သွန်သင်ပြသမှုများကို ခံယူပြီး အသက် ၂၀ တွင် ဖိလစ်လုပ်ကြံခံရသဖြင့် ဂရိတို့၏ဘုရင် ဖြစ်လာတော့သည်။ နန်းတက်စတွင် လက်အောက်ခံများက မက်စီဒိုးနီးယား၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရန် အကြံဖြင့် ပုန်ကန်ကြသည်။ သို့သော် ငယ်ရွယ်သည့် အလက်ဇန္ဒားသည် အဆိုပါ တွန်းလှန်မှုများကို ရက်စက်စွာ နှိမ်နှင်းပြခြင်းဖြင့် ငြိမ်ဝပ်စေခဲ့သည်။

နယ်ပယ်ချဲ့ထွင်ခြင်း[ပြင်​ဆင်​ရန်​]

ဘီစီ ၃၃၄ မှစကာ အလက်ဇန္ဒား၏ နယ်ပယ်ချဲ့ထွင်မှုကို မရပ်မနား စတင်တော့သည်။ ရှေးဦးစွာ တပ်အနည်းငယ်ကိုသာ ဂရိတွင် အစောင့်အနေဖြင့် ချန်ထားပြီး စစ်သည် ၃၅၀၀၀ ဖြင့် ပါရှန်းအင်ပါယာကို ထိုးစစ်ဆင်သည်။ ထိုစဉ်က အာရှမှ နှစ် ၂၀၀ သက်တမ်းရှိ ပါရှန်းအင်ပါယာ (အီဂျစ်မှ အိန္ဒိယထိ) မှာ ဂရိတို့နယ်မြေနှင့် နှိုင်းယှဉ်လျှင် အလွန့်အလွန်မှ ကြီးကျယ်လှသဖြင့် ငယ်ရွယ်သည့် အလက်ဇန္ဒား၏ အင်အားမှာ ပျက်ရယ်ပြုဖွယ် အဆင့်ပင်ဖြစ်နေသည်။ သို့သော် အမှန်တကယ် တိုက်ခိုက်သည်နှင့် ပါရှားတို့ သိလာသည်မှာ ဖိလစ်ဘုရင်က သားဖြစ်သူအတွက် အမွေချန်ရစ်ပေးခဲ့သော ဂရိ-မက်စီဒုံ တပ်ပေါင်းတို့၏ စစ်ရေးစွမ်းရည်မှာ အနယ်နယ်အရပ်ရပ်မှ စုစည်းထားသည့် ပါရှန်းအင်ပါယာ၏ တပ်ထက် များစွာသာလွန်ကြောင်းပင်ဖြစ်သည်။ သို့ဖြင့် ပါရှန်းအင်ပါယာ၏ အနောက်ဖက်မျက်နှာစာ အာရှမိုင်းနားဒေသများဖြစ်သည့် ယနေ့ ဆီးရီးယားလက်ဘနွန်အစ္စရေးပါလက်စတိုင်း၊ ဂါဇာ၊ အီဂျစ်တို့မှာ အလက်ဇန္ဒား၏ လက်အောက်ကို အချိန်တိုအတွင်း ကျရောက်ပြီးနောက် အီဂျစ်မှ ရဟန်းများက သူ့အား ဖာရိုဘွဲ့ဖြင့် ပူဇော်ကာ နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ကြေညာပေးသည်။ ထိုတိုက်ပွဲစဉ်များအတွင်း ခက်ခဲသည့် တိုက်ပွဲဟူ၍ ဖီနီစီယမ်ကျွန်းမှ တိုင်ရာမြို့ခံတပ်ကို ၇ လကြာ တိုက်ရသည်သာရှိသည်။ ထိုစဉ်က ပါရှန်းဧကရာဇ် ဒရိုင်းယပ်စ်-၃ က ပါရှားနယ် တစ်ဝက်ပေးကာ စစ်ပြေငြိမ်းရန် ကမ်းလှမ်းသော်လည်း လက်မခံခဲ့ပေ။ ထိုကိစ္စနှင့် ပတ်သတ်၍ စစ်သူကြီး ပါမီနီယိုက "ငါသာ အလက်ဇန္ဒားဖြစ်ရင် ဒီကမ်းလှမ်းချက်ကို လက်ခံမိမယ်။"ဟု ဆိုသည်ကို အလက်ဇန္ဒားကလည်း "ငါသာ ပါမေနီယိုဆိုရင်လည်း ဒီကမ်းလှမ်းချက်ကို လက်ခံတာပေါ့။" ဟုပြန်လည်ချေပခဲ့သည်။

မဟာအလက်ဇန္ဒါး၏ သိမ်းပိုက်နယ်ပြမြေပုံ

အီဂျစ်မှ အာရှဖက်သို့ ပြန်လှည့်ပြီး ဘီစီ ၃၃၁ တွင် ဂေါဂါမီလာတိုက်ပွဲ၌ မိမိထက်အင်အားများစွာ သာလွန်သည့် ပါရှန်းတပ်မကြီးကို အပြတ်အသတ် နိုင်သဖြင့် ဘေဘီလုံသို့ ဆက်လက်ချီတက်သည်။ နောက် ပါရှန်းမြို့တော်များဖြစ်သည့် စုစု နှင့် ပါစီပိုလစ် တို့ဆီ ချီတက်သည်။ ထိုအချိန်တွင်ပဲ ပါရှန်းဧကရာဇ် ဒရိုင်းယပ်စ်-၃ က လက်နက်ချရန် ကြံရာ သူ၏ နောက်လိုက်များက သတ်ဖြတ်လိုက်ကြသည့်အတွက် အီရန် (ပါရှန်း) တို့အင်အားမှာ ပြိုကွဲခြင်းသို့ရောက်လေသည်။ ဘီစီ ၃၃၀ မှ သုံးနှစ်အတွင်း ပါရှန်းတပ် အကြွင်းအကျန်များကို နှိမ်နှင်းပြီး အီရန်အရှေ့ဖက်ခြမ်းကို သိမ်းယူသည်။

နောက်ဆုံး အချိန်ကာလများ[ပြင်​ဆင်​ရန်​]

တစ်နှစ်နီးပါးမျှ ပါရှားတွင်အခြေချကာ တည်ငြိမ်ရေးကို ဆောင်ရွက်ပြီး အိန္ဒိယမြောက်ပိုင်းသို့ ချီတက်သိမ်းသွင်းပြန်သည်။ သို့သော် ဆိုးဝါးလှသည့် အိန္ဒိယတောတောင်နှင့် ရာသီဥတုဒဏ်ကြောင့် လည်းကောင်း၊ မိမိတပ်သားများက အိမ်ပြန်ရန် ဆန္ဒပြင်းပြသည်ကြောင့် လည်းကောင်း ဂရိသို့လှည့်ပြန်ရသည်။ ထိုမတိုင်မှီက အာရှမှ ပါရှန်းများသည် မိမိတို့ ဂရိများထင်သကဲ့သို့ အရိုင်းအစိုင်းများ မဟုတ်ကြောင်း၊ ပါရှန်းတို့တွင်လည်း ထူးချွန်သည့် အရည်အသွေးများ ကိုယ်စီရှိကြောင်း နားလည်ပြီး မိမိ၏ ဂရိ-မက်စီဒုံ စစ်သည်များကို ပါရှန်းသူများနှင့် လက်ထပ်စေသည်။ မိမိကိုယ်တိုင်လည်း ဒရိုင်းယပ်စ်၏ သမီးတော်နှင့် လက်ထပ်သည်။ ထိုသို့ ဂရိ-မက်စီဒုံ-ပါရှန်း ဗဟုယဉ်ကျေးမှု အင်ပါယာကို တည်ထောင်ကာ မိမိကအုပ်စိုးရန် ကြံရွယ်ခဲ့သည်။ ဘီစီ ၃၂၃ ဇွန်လဦးကာလ ၊ နောက်တစ်ကြိမ် အိန္ဒိယသို့ ချီတက်ရန် စစ်ပြင်စဲ ဘေဘီလုံမြို့တော်တွင် ရုတ်တရက် အပြင်းဖျားနာကာ ၁၀ ရက်အကြာတွင် အသက် ၃၃ နှစ်သာရှိသေးသည့် စစ်ဘုရင်ကြီး မဟာအလက်ဇန္ဒား နတ်ရွာစံလေသည်။ ၄င်းနတ်ရွာစံသည်နှင့် ၄င်း၏အင်ပါယာမှာလည်း ပြိုကွဲလေသည်။ အကြောင်းမှာ မည်သူ့အား နန်းဆက်ခံရန် မိန့်မှာဖူးသည် မရှိသဖြင့် ၄င်း၏ပိုင်နက်များကို စစ်သူကြီးများက အပိုင်းပိုင်း ခွဲယူသွားကြခြင်းကြောင့် ဖြစ်သည်။ ထိုနယ်မြေလုပွဲတွင် မိခင်၊ မိဖုရားများနှင့် သာသမီးများမှာ ဓါးစာခံအဖြစ် အသတ်ခံရကြရှာသည်။

အရည်အချင်းများ[ပြင်​ဆင်​ရန်​]

မဟာအလက်ဇန္ဒားပုံပါ ဒင်္ဂါးပြားပုံ

မဟာအလက်ဇန္ဒားသည် အသက် ၂၀ နန်းတက်ပြီး အသက် ၃၃ နတ်ရွာစံသည်ထိ တိုက်သမျှစစ် ရှုံးဖူးသည်မရှိချေ။ ထိုသို့ဖြစ်ရသည်မှာ-

  1. ဖခမည်းတော်ဖိလစ်ဘုရင် အမွေပေးခဲ့သည့် စစ်တပ်မှာ အလွန်အရည်အသွေး၊ တိုက်ခိုက်နိုင်စွမ်း ကောင်းလွန်းသည်။ ခြေလျင်တပ်က လှံတံရှည်များကို အားပြုကာ စနစ်တကျ တိုက်ခိုက်တတ်ပြီး နောက်မှ မြင်းတပ်ကလည်း သေနင်္ဂဗျူဟာကို အကောင်းဆုံး ပုံဖော်နိုင်သည်။
  2. မဟာအလက်ဇန္ဒား၏ အလွန်ရဲရင့်သည့် ပင်ကိုယ်စိတ်ဖြစ်သည်။ အနိုင်တိုက်ရန် ဆုံးဖြတ်သည်နှင့် မိမိကိုယ်တိုင် မြင်းတပ်ကို ဦးဆောင်ကာ ရှေ့ဆုံးမှတိုက်လေ့ရှိသည်။ ထို့ကြောင့် စစ်သည်တို့လည်း “မိမိတို့ဘုရင်သည် သူမလုပ်ဝံ့ဘဲ ငါတို့ကို မခိုင်း။” ဟုနားလည်ပြီး ၄င်းနှင့်အတူ တိုက်ပွဲဝင်သည်။ စစ်ပွဲကို ကိုယ်တိုင် ဦးဆောင်တိုက်သဖြင့် မကြာခဏဆိုသလို သေဘေးနှင့် ကြုံလေ့ရှိသည်။ သို့သော် စစ်ပွဲတိုင်းကို ကိုယ်တိုင်ဦးဆောင်မြဲဖြစ်သည်။ (စစ်တိုက်ရာတွင် သူမတူအောင် အလွန်အမင်း ရဲရင့်ခက်ထန်သော်လည်း၊ စစ်ပွဲကာလမဟုတ်လျှင် ရန်သူနှင့်ပင်ဖြစ်စေ မိမိကိုယ်နှင့်မခြား ကြင်နာစွာဖြင့်၊ လေးစားသမှုပေးကာ ဆက်ဆံတတ်သည်။ အလွန်ဆက်ဆံရေးပြေပြစ်သူအဖြစ် ရန်သူများကပင် ချီးကျူးကြသည်။)
  3. နောက်တစ်ကြောင်းမှာ ခေတ်အဆက်ဆက်တွင် သူသာအတော်ဆုံး စစ်ဗိုလ်ချုပ်၊ စစ်ဘုရင်ဟု ဆိုရလောက်အောင်ပင် ထူးချွန်လှသည့် စစ်ခေါင်းဆောင်ဖြစ်သည်။ မိမိထက် အင်အား အလွန်သာလွန်သည့် ပါရှန်းတပ်များကို အင်အားနည်းနည်းဖြင့် ဆက်ကာဆက်ကာ အောင်နိုင်သည်ကို ကြည့်လျှင် အလက်ဇန္ဒား၏ စစ်ရေးသေနင်္ဂ နည်းဗျူဟာတွင် တစ်ဖက်ကမ်းခတ် ပိုင်နိုင်ပုံကို သိနိုင်ပါသည်။

သို့သော် မကြာခဏ သေဘေးနှင့် ကြုံရသည့်တိုင် စစ်ဘုရင်ကြီးမှာ သေဘေးနှင့်နီးသည်ဟု မိမိကိုယ်ကို အသိမဝင်ပဲ နန်းလျာ မသတ်မှတ်သဖြင့် ၄င်း၏လက်နက်နိုင်ငံမှာ အလွယ်တကူပင် ပြိုလဲရခြင်းမှာ အလွန်မှ အံ့ဖွယ်ကောင်းလှသည်။ အသေမစောလျှင် ကမ္ဘာ့သမိုင်းကို ယခုထက် ပြောင်းလဲခဲ့ဦးမည်သာဖြစ်သည်။ တိုက်စရာ နယ်ပယ် ကျန်သရွေ့ကို တိုက်ဦးမည်သာဖြစ်သည်။ အိန္ဒိယကိုရလျှင် စစ်တပ်ကို အနောက်ဖက်လှည့်ပြီး အာဖရိကနှင့် မြေထဲပင်လယ် ကမ်းခြေများကိုပါ သိမ်းယူရန် ဆန္ဒရှိသေးသည် ဟုဆိုကြသည်။

သူ့ကျေးဇူးကြောင့် ယခင်က ဂရိတို့မသိခဲ့၊ မမြင်ခဲ့သည့် အရှေ့တိုင်း ယဉ်ကျေးမှုကို မြည်းစမ်းသုံးစွဲခွင့်ရပြီး အရှေ့၊ အနောက် ယဉ်ကျေးမှုခြင်း ဖလှယ်ကြသဖြင့် များစွာအကျိုးဖြစ်ထွန်းသည် ဟုဆိုနိုင်သည်။ ဤဆက်ဆံရေးတို့ကြောင့် ၄င်းနတ်ရွာစံပြီး နောင်နှစ်ပေါင်း ရာချီအတွင်း ဟယ်လင်နစ်ခေတ် ယဉ်ကျေးမှု ပေါ်ထွန်းကာ ဂရိတို့ တိုးတက်လာရသည်။ အဆိုပါ ဟယ်လင်နစ် ယဉ်ကျေးမှုမှာ ဂရိမှ ရောမ သို့ဆက်လက်စီးဆင်းပြီး နောင် ဥရောပ တစ်ဝန်းပျံ့နှံ့သေးသဖြင့် သူ့ကျေးဇူးမှာ ဥရောပအပေါ်တွင်လည်း ရှိသေးသည် ဟုဆိုနိုင်ပါသည်။ ထို့ပြင် အိန္ဒိယတွင်လည်း ရှေးကမရှိခဲ့သည့် ဘာသာရေးဆိုင်ရာ ရုပ်တုများကို ဂရိယဉ်ကျေးမှု အငွေ့အသက်များ ဖြင့်ထုလုပ်လာကြသည်။

အလက်ဇန္ဒားသည် အခြားသော စစ်ဗိုလ်ချုပ်၊ နယ်ပယ်သိမ်းသွင်းရေးသမားများဖြစ်သည့် ပြင်သစ်နိုင်ငံသား နပိုလီယန်၊ ဂျာမနီနိုင်ငံသား ဟစ်တလာ စသောသူတို့အပေါ်တွင် များစွာ ဩဇာလွမ်းမိုးနိုင်ပြီး သမိုင်းတစ်လျှောက် အတိုဆုံးကာလအတွင်း အကျယ်ဆုံးနယ်ပယ်ကို သိမ်းယူနိုင်သည့် စစ်ဘုရင်အဖြစ် လူတို့က အောက်မေ့ကြသည်။*မမှန်ပါ*

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

ချိတ်ကြီး နော်ရထာ ဘာသာပြန်သည်။ ၂၅.၁၁.၂၀၁၃