ဂီနီနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂီနီသမ္မတနိုင်ငံ
République de Guinée
Flag of Guinea.svg Guinea crest01.png
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း - "Freedom"
ပထဝီ
Location Guinea AU Africa.svg
မြို့တော် ကွန်နကရီမြို့
အကြီးဆုံးမြို့ ကွန်နကရီမြို့
ဧရိယာ
  • ဧရိယာ - (အဆင့်: )
  • ရေဖုံးလွှမ်းမှု - %
စံတော်ချိန်ဇုန် UTC +၀
လူနေမှု
လူဦးရေ
နိုင်ငံရေး
အမျိုးအစား သမ္မတဦးဆောင်သော အစိုးရ
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Alpha Condé
  • ဝန်ကြီးချုပ် - Mohamed Said Fofana
ထူထောင်မှု
  • လွတ်လပ်ရေး (ပြင်သစ်ထံမှ) - ၂ အောက်တိုဘာ ၁၉၅၈
စီးပွားရေး
GDP(PPP) $၁၀.ဂဝ၇ ဘီလီယံ[၂] (အဆင့် - )
GDP(PPP) $၁,၀၄၆ (အဆင့် - )
HDI ၀.၃၄၀ (အဆင့် - ၁၅၆)
ငွေ ဂီနီဖရန့်
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .gn
Calling code +၂၂၄

ဂင်းနီး သမ္မတနိုင်ငံသည် အာဖရိက တိုက် အနောက်ဘက်ပိုင်း အတ္တလန္တိတ် သမုဒ္ဒရာကမ်းခြေတွင် တည်ရှိသော သမ္မတနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ဂင်းနီ သမ္မတနိုင်ငံ၏ မြောက်ဘက်တွင် ဂင်းနီဗစ် ဆောနိုင်ငံ၊ ဆင်နီဂေါနိုင်ငံနှင့် မာလီနိုင်ငံ၊ အရှေ့ဘက် တွင် အိုင်ဗရီကို့စ နိုင်ငံ၊ တောင်ဘက်တွင် ဆီအယ်ရာ လီအွန်နိုင်ငံ၊ လိုက်ဗီး ရီးယားနိုင်ငံ၊ အနောက်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ တည်ရှိသည်။

ဂင်းနီသမ္မတနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၉၄၉၂၅ ရှိ၍ ၁၉၇၆ ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၄၅၃ဝဝဝဝ ရှိသည်။ မြို့တော်မှာ ကွန်နကရီမြို့ ဖြစ်သည်။

ဂင်းနီသမ္မတနိုင်ငံ၏ မြေမျက်နှာပြင် အနေအထား ကွဲပြားခြားနားမှု ရှိသကဲ့သို့ ရာသီဥတုတွင်လည်း ဒေသ အပိုင်းအခြားအလိုက် ကွာခြားမှုရှိသည်။ တောင်ကုန်းဒေသများ ရှိသကဲ့သို့ မြေနိမ့်လွင်ပြင် ဒေသများလည်း ရှိသည်။

တောင်ကုန်းဒေသများတွင် သမပိုင်းရာ ရာသီဥတုရှိ၍ မြေနိမ့်လွင်ပြင်ပိုင်းဖြစ်သော ကမ်းခြေပိုင်းတွင် ပူအိုက်စွတ်စိုပြီး မိုးများသည်။ ထိုအရပ်ဒေသတွင် နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၁၅၉ လက်မခန့်ရွာ သွန်းတတ်သည်။

တိုင်းရင်းသားများမှာ ကပ္ပလီလူမျိုးများ ဖြစ်သည်။ ဖူလာ၊ ဆူးဆူးနှင့် မာလင်ကေ လူမျိုးတို့သည် လူမျိုးစု ဖြစ်သည်။ အများအားဖြင့် အစ္စလာမ်ဘာသာဝင်များ ဖြစ်သည်။ တိုင်းရင်း ဘာသာစကား အမျိုးမျိုး ပြောဆိုကြသော်လည်း ပြင်သစ်ဘာသာမှာ ရုံးသုံးဘာသာ ဖြစ်သည်။

ဂင်းနီသမ္မတနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားသော နိုင်ငံဖြစ်သည်။ သတ္တုတူးဖော်ရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်သည်။ ဗောက်ဆိုက် တူးဖော်ခြင်း လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်သည်။ သံနှင့် စိန်လည်း အများအပြား ထွက်ရှိသော နိုင်ငံဖြစ်သည်။

ဂင်းနီသမ္မတနိုင်ငံသည် ၁၈၄၉ ခုနှစ်တွင် ပြင်သစ် အစောင့်ရှောက်ခံ နယ်မြေဘဝသို့ ရောက်ခဲ့ရာမှ ၁၉၁၁ ခုနှစ်တွင် ဂင်းနီတစ်နိုင်ငံလုံး ပြင်သစ် ကိုလိုနီအဖြစ်သို့ ရောက်ခဲ့သည်။ ပြင်သစ်တို့က ဂင်နီတစ်နိုင်ငံလုံးကို အပြီးအပိုင် သိမ်းပိုက်လိုက်သောအခါ ဂင်းနီလူမျိုးစုများက လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် လွတ်လပ်သော ဂင်းနီ သမ္မတနိုင်ငံအဖြစ် ကြေငြာနိုင်ခဲ့သည်။ ဝန်ကြီးချုပ် ဆေကူးတိုရေသည် ဂင်းနီနိုင်ငံ၏ ပထမဆုံး သမ္မတ ဖြစ်လာ သည်။ ငါးနှစ် သက်တမ်းရှိသော ပြည်သူ့လွှတ်တော် တစ်ရပ်ရှိပြီး သမ္မတကို လူထုဆန္ဒဖြင့် ခုနစ်နှစ်တစ်ကြိမ် ရွေးကောက် တင်မြေ|ာက်ရသည်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလတွင် ဆေကူးတိုရေသည် ဒုတိယအကြိမ် သမ္မတအဖြစ် ပြန်လည် အရွေးခံရသည်။ ဂင်းနီနိုင်ငံသည် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များနှင့် အာဖရိက ညီညွတ်ရေးအဖွဲ့ဝင် ဖြစ်သည်။

၁၉၇ဝ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပေါ်တူဂီပိုင် ဂင်းနီနိုင်ငံရှိ တပ်ဖွဲ့များက ဂင်းနီ သမ္မတနိုင်ငံ အတွင်းသို့ ကျူးကျော် ဝင်ရောက်ရန် ကြိုးစားခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပေါ်တဂီနိုင်ငံကို ယင်း ကိစ္စနှင့် ပတ်သက်၍ ရှုတ်ချခဲ့လေသည်။ [၃]

ပြင်သစ်နိုင်ငံ၏ ကိုလိုနီနယ်မြေဖြစ်ခဲ့ဖူးသော ဂင်းနီး နိုင်ငံသည် ၁၉၅၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိသည်။ ပြင်သစ် အစိုးရက အဆက်အသွယ် ဖြတ်၍ အထောက်အပံ့များ ရပ်စဲ ခဲ့သည့်အတွက် သမ္မတတူရေသည် လက်ဝဲနိုင်ငံများထံမှ အကူအညီရယူခဲ့သည်။ ထို့နောက် နိုင်ငံတော်တွင် တပါတီ အုပ်ချုပ်ရေး စနစ်သို့ ပြောင်းလဲခဲ့သည်။

၁၉၈၂ ခုနှစ် မေလ ၇ ရက်နေ့တွင် ဂင်းနီဒီမိုကရက်တစ် ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့သည် အဖွဲ့ဝင် ငါးဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကောင်စီနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ၊ ဝန်ကြီးများ၊ ပါတီဗဟိုကော်မတီဝင်များ ပါဝင်သည့် လူဦးရေ ၆ဝဝ ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေလွှတ်တော်ချုပ်ကို ဖွဲ့စည်းသည်။ ပထမအဖွဲ့သည် သမ္မတရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ သဘောထားပေးရန် ဖြစ်ပြီး ဒုတိယအဖွဲ့သည် သမ္မတရွေးကောက်ပွဲ နောက်ဆုံး မဲစာရင်းများကို စာရင်းပြုစု ကြေငြာရန် ဖြစ်သည်။

မေလ ၉ ရက်နေ့တွင် သမ္မတရွေးကောက်ပွဲကို ကျင်းပ သည်။ လက်ရှိ သမ္မတဆေကူတူရေသည် နောက်ခုနစ်နှစ် သက်တမ်းအတွက် ရာခိုင်နှုန်းပြည့်ထောက်ခံမဲဖြင့် ပြန်လည် အရွေးခံရသည်။ ပြည်သူ့လုပ်ငန်းဌာနဝန်ကြီး မစ္စတာအီဘရာဟင်ကဘာ့ စန်ကီတာနှင့် မစ္စတာဘာရီတို့အား ပြည်ပမှ ကတ္တရာစေး တန်ချိန် ငါးထောင်ကျော်ကို မလိုအပ်ပဲ တင်သွင်းမှုဖြင့် ဖမ်းဆီးခဲ့သည်။ ထို့နောက် ဝန်ကြီး ရာထူးမှ လည်းကောင်း၊ ဂင်းနီဒီမိုကရက်တစ် ဗဟိုကော်မတီဝင်အဖြစ်မှလည်းကောင်း ထုတ်ယယ်ကြောင်း ကြေငြာသည်။

မေလ ၂၁ ရက်နေ့တွင် သေဒဏ်စီရင်ချက်ချမှတ်ထားသော ပြည်သူ့လုပ်ငန်းဌာနဝန်ကြီးဟောင်း မစ္စတာ ကီတာအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ်သို့ အပြစ်ဒဏ်များ ပြင်ဆင်ချမှတ်သည်။ ဇွန်လ ၁၉ ရက်နေ့တွင် အသေးစား လုပ်ငန်းနှင့် လက်မှုပစ္စည်းဌာနဝန်ကြီး မစ္စတာဖီလီစစ်ဆိုကိုအား တော်လှန်ရေး အတွေးအခေါ် ကင်းမဲ့သည်ဟူသော စွဲချက်ဖြင့် အစိုးရအဖွဲ့ဝင်အဖြစ်မှ လည်းကောင်း၊ ပါတီဗဟိုကော်မတီနှင့် ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အဖြစ်မှ လည်းကောင်း ထုတ်ပယ်ခဲ့သည်။ ဇွန်လ ၁၉ ရက်နေ့အထိ ဂင်းနီအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာလန်းဆာနာဘီဗိုဂီကပင် ဦးဆောင်လျက် အစိုးရ အဖွဲ့ဝင် ၂၇ ဦးရှိသည်။

ဇွန် ၃ဝ ရက်နေ့တွင် သမ္မတတူရေသည် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ကာ အမေရိကန် သမ္မတရေဂင်၊ ဒုတိယသမ္မတဂျော့ဘုရှတို့နှင့် တွေ့ဆုံခဲ့သည်။ အမေရိကန်ကုမ္ပဏီများ ဂင်းနီနိုင်ငံတွင် ရင်းနှီးငွေများ မြှုပ်နှံကြရန် သမ္မတတူရေက တိုက်တွန်း ပြောကြားခဲ့သည်။ သမ္မတတူရေသည် စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ပြင်သစ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ပြင်သစ်အစိုးရအဖွဲ့ အာဏာပိုင်များနှင့် နှစ်နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေး ခဲ့သည်။

အီသီအိုးပီးယားနိုင်ငံတွင် ၁၉၈၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့၌ကျင်းပသော အာဖရိကညီညွတ်ရေးအဖွဲ့ အစည်း အဝေးတွင် ပိုလစ်ဆာရီယို ပြောက်ကျားများ၏ ဆာဟာရ အာရပ်ဒီမိုကရက်တစ် သမ္မတအစိုးရ အဖွဲ့အား အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည့်အတွက် မော်ရော့ကိုနိုင်ငံသည် အစည်းအဝေး ခန်းမှ ထွက်ခွာသွားခဲ့သည်။ ဂင်းနီနိုင်ငံသည်လည်း နောက်နှစ်ရက်အကြာတွင် ထွက်ခွာသော အာဖရိက ၁၈ နိုင်ငံ တွင် တနိုင်ငံ အဖြစ်ပါဝင်ခဲ့သည်။ မတ်လ ၂ ရက်နေ့တွင်မူ အာဖရိက ညီညွတ်ရေးအဖွဲ့ဝင် ပါဝင်ခြင်း မပြုတော့ကြောင်း ဖြင့် ဂင်းနီနိုင်ငံက ကြေငြာခဲ့လေသည်။ အကျယ်အဝန်း။ ။၉၄၉၂၅ စတုရန်းမိုင်၊ လူဦးရေ။ ။၅၆ဝဝဝဝဝ၊ မြို့တော်။ ။ကွန်နကရီမြို့။ [၄]


[ပြင်​ဆင်​ရန်​] ကိုးကား

  1. Central Intelligence Agency (2009). Guinea. The World Factbook. Retrieved on January 28, 2010
  2. Guinea. International Monetary Fund. Retrieved on 2011-04-21
  3. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၇၈)
  4. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၃)
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်