အာဖရိက ဦးချိုဒေသ
အာဖရိက ဦးချိုဒေသ (Horn of Africa) ကို အရှေ့မြောက်အာဖရိက နှင့် ဆိုမာလီယာကျွန်းဆွယ် ဟုလည်း ခေါ်ဆိုလေ့ ရှိကြသည်။ ထိုနေရာမှာ အရှေ့အာဖရိကရှိ ကျွန်းဆွယ်ဒေသတစ်ခု ဖြစ်ပြီး အာရပ်ပင်လယ်အတွင်းသို့ ကီလိုမီတာ ရာပေါင်းများစွာ ထိုးထွက်နေကာ အေဒင်ပင်လယ်ကွေ့၏ တောင်ဘက်အခြမ်းတွင် တည်ရှိသည်။ ထိုနေရာသည် အာဖရိကတိုက် ၏ အရှေ့ဘက်အစွန်းဆုံး အပိုင်း ဖြစ်သည်။ အလယ်ခေတ် အခါက ဘိလပ်ဒ်အယ်လ် ဘာဘာ (Bilad al Barbar) သို့မဟုတ် ဘာဘာ လူမျိုးတို့၏ မြေ ဟု ညွှန်းဆိုလေ့ ရှိကြသည်။[၁][၂][၃] အာဖရိက ဦးချိုဒေသတွင် အီရီထရီးယားနိုင်ငံ၊ ဂျီဘူတီနိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံ နှင့် ဆိုမာလီယာနိုင်ငံ တို့ပါဝင်သည်။[၄][၅][၆][၇]
အာဖရိက ဦးချိုဒေသမှာ ခန့်မှန်းခြေအားဖြင့် ၇၇၂,၂၀၀ စတုရန်းမိုင် ( စတုရန်းကီလိုမီတာ ၂သန်း) အကျယ်အဝန်းမျာ ရှိပြီး လူဦးရေ သန်း၁၀၀ ခန့် နေထိုင်ကြသည်။ (အီသီယိုးပီးယား ၈၅သန်း၊ ဆိုမာလီယာ ၉.၃ သန်း၊ အီရီထရီးယား ၅.၂သန်း၊ ဂျီဘူတီ ၀.၈၆ သန်း)။ အာဖရိက ဦးချိုဒေသနှင့် ပတ်သက်၍ ဒေသဆိုင်ရာ သင်ယူလေ့လာမှုများ ပြုလုပ်ကြပြီး ထိုအထဲတွင် အီသီယိုးပီးယား လေ့လာရေးပညာနှင့် ဆိုမာလီယာ လေ့လာရေးပညာတို့လည်း ပါဝင်သည်။
[ပြင်ဆင်ရန်] ပထဝီနှင့် ရာသီဥတု
[ပြင်ဆင်ရန်] သမိုင်းကြောင်း
[ပြင်ဆင်ရန်] ကိုးကား
- ↑ J. D. Fage, Roland Oliver, Roland Anthony Oliver, The Cambridge History of Africa, (Cambridge University Press: 1977), p.190
- ↑ George Wynn Brereton Huntingford, Agatharchides, The Periplus of the Erythraean Sea: With Some Extracts from Agatharkhidēs "On the Erythraean Sea", (Hakluyt Society: 1980), p.83
- ↑ John I. Saeed, Somali - Volume 10 of London Oriental and African language library, (J. Benjamins: 1999), p. 250.
- ↑ Robert Stock, Africa South of the Sahara, Second Edition: A Geographical Interpretation, (The Guilford Press: 2004), p. 26
- ↑ Michael Hodd, East Africa Handbook, 7th Edition, (Passport Books: 2002), p. 21: "To the north are the countries of the Horn of Africa comprising Ethiopia, Eritrea, Djibouti and Somalia."
- ↑ Encyclopaedia Britannica, inc, Jacob E. Safra, The New Encyclopaedia Britannica, (Encyclopaedia Britannica: 2002), p.61: "The northern mountainous area, known as the Horn of Africa, comprises Djibouti, Ethiopia, Eritrea, and Somalia."
- ↑ Sandra Fullerton Joireman, Institutional Change in the Horn of Africa, (Universal-Publishers: 1997), p.1: "The Horn of Africa encompasses the countries of Ethiopia, Eritrea, Djibouti and Somalia. These countries share similar peoples, languages, and geographical endowments."