တိုဂိုနိုင်ငံ
| တိုဂို သမ္မတနိုင်ငံ | |||||
| Togolese Republic République togolaise |
|||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - အလုပ်၊ လွပ်လပ်မှု နှင့် အမိမြေ | |||||
| နိုင်ငံတော်သီချင်း - "Hail to thee, land of our forefathers" | |||||
| ပထဝီ |
|||||
| မြို့တော် | လိုမီးမြို့ | ||||
| အကြီးဆုံးမြို့ | မြို့တော် | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၀ | ||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | ပြင်သစ်ဘာသာ | ||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | သမ္မတအစိုးရ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | $၅.၆၁၂ ဘီလီယံ[၂] (အဆင့် - ) | ||||
| GDP(PPP) | $၈၂၆[၂] (အဆင့် - ) | ||||
| HDI | ▲ ၀.၄၂၈ (အနိမ့်) (အဆင့် - ၁၃၉) | ||||
| ငွေ | အလယ်အာဖရိကဖရန့် | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .tg | ||||
| Calling code | +၂၂၈ | ||||
တိုဂိုနိုင်ငံသည် အာဖရိကအနောက်ပိုင်းတွင် တည်ရှိသော သမ္မတနိုင်ငံတစ်ခုဖြစ်၏။ တိုဂိုနိုင်ငံ၏မြောက်ဘက်တွင် အထက်ဗော်လတာနိုင်ငံ၊ တောင်ဘက်တွင် ဂင်းနီပင်လယ်ကွေ့၊ အနောက်ဘက်တွင် ဂါနာသမ္မတနိုင်ငံနှင့် အရှေ့ဘက်တွင် ဒါဟိုမီသမ္မတနိုင်ငံတို့ အသီးသီးတည်ရှိသည်။ အကျယ် အဝန်းမှာ ၂၆၆၂၂ စတုရန်းမိုင်ဖြစ်၏။ တိုဂိုနိုင်ငံ၏ လူဦးရေ မှာ ၁၉၆၈ ခုနှစ် ခန့်မှန်းခြေအရ ရ၁ရရ၂၀၀၀ ခန့်ရှိ၍ ယင်း တို့အနက် အာဖရိကတိုင်းရင်းသား မဟုတ်သူများမှာ ၁၃၀၀ ခန့်သာ ရှိလေသည်။
တိုဂိုနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းသည် ၃၂ မိုင်ခန့်သာ ရှည်၍ နိမ့်ပြီးလျှင် သဲထူသည်။ အတွင်းဘက် ပိုင်းတွင်ကား တောင်ကုန်းထူထပ်သည်။ အချို့တောင်ကုန်းများသည် ပေ ၃၆၀၀ အထိမြင့်၏။ ချောင်းငယ်များနှင့် ရေတံခွန်များလည်း ရှိသည်။ သစ်တောများနှင့် စေးပျစ်ခြုံတောများလည်းရှိသည်။ သစ်တောများအတွင်း၌ အာဖရိကထန်းပင်များနှင့် ဆိုးဆေး ပင်များပေါက်သည်။ ခြေက်သွေ့သောလွင်ပြင်များနှင့် စိုက်ပျိုး လုပ်ကိုင်နိုင်သော မြေကွက်များလည်းရှိသည်။ လယ်ယာစိုက်ပျိုး ခြင်းနှင့် တိရစ္ဆာန်မွေးမြူခြင်းတို့သည် အဓိကလုပ်ငန်းများ ဖြစ် ၏။ ပြောင်းဖူး၊ မျောက်ဥ၊ ပလောပီနံ၊ ငှက်ပျော၊ မြေပဲ၊ ဝါဂွမ်း၊ အုန်း၊ အာဖရိကထန်း၊ ကာဖီ၊ ကကေးအိုစသည်တို့ကို စိုက်ပျိုးသည်။ ထိုဂိုနိုင်ငံတွင် အာဖရိကထန်းခြံများ၊ အုန်းခြံ များ၊ ကာဖီခြံများ၊ ကကေးအိုခြံများ၊ ပလောပီနံခင်းကြီးများနှင့် ဝါခင်းကြီးများ အတော်များပြားသည်။
ဖော့စဖိတ်နှင့် ဗောက်ဆိုက်တို့ကိုလည်း အမြောက်အမြား တူးဖော်၇ရှိသည်။ ထိုဂိုနိုင်ငံ၏ ထုတ်ကုန်များမှာ ဖော့စဖိတ်၊ ကိုကိုး၊ ဝါဂွမ်း၊ ကာဖီ၊ အာဖရိက ထန်းဆီးဆန်၊ အာဖရိက ထန်းဆီ၊ မြေပဲ ဆန်၊ ပလောပီနံမှုန့်၊ အုန်းသီးခြောက်တို့ဖြစ်၏။
လိုမီးမြို့သည် ထိုဂိုနိုင်ငံ၏ မြို့တော်ဖြစ်၍ လူဦးေ၇ပေါင်း ၈၀၀၀၀ ခန့် နေထိုင်လျက် ရှိသည်။ ယခု တိုဂိုနိုင်ငံတည်ရှိရာဒေသ (ယခင်က ပြင်သစ် တိုဂို လန်ဟု ခေါ်သည်)နှင့် ဂါနာနိုင်ငံနှင့် ပူးပေါင်းသွားသော (ယခင်က ဗြိတိသျှတိုဂိုလန်ဟု ခေါ်သည့်) နယ်မြေဒေသတို့သို့ ၁၈၄၀ ပြည့်နှစ်ခန့်တွင် ဂျာမန်ခရစ်ယန်သာသနာပြုများ ဦးစွာ ရောက်လာခဲ့ကြ၍ ထိုသူတို့နောက်တွင် ဂျာမန်ကုန်သည်များ ရောက်လာခဲ့ကြ သည်။ ၁၈၈၄ ခုနှစ်တွင် ဂျာမန်ကိုလိုနီနယ် သစ်အဖြစ် သတ်မှတ်တည်ထောင်ခဲ့ တိုဂိုလန်ဟု ခေါ်ဝေါ်ခဲ့လေ သည်။ ပထမကမ္ဘာစစ်အပြီးတွင် ၁၉၂၂ ခုနှစ်မှ အစပြု၍ တိုဂို လန်နယ်ကြီးကို ကမ္ဘာ့နိုင်ငံပေါင်းချုပ်အသင်းကြီး၏ အခွင့် အမိန့်ဖြင့် ဗြိတိသျှအစိုးရနှင့် ပြင်သစ်အစိုးရတို့က နှစ်ပိုင်းခွဲ၍ ထိန်းသိမ်းအုပ်ချုပ်လာခဲ့သည်။ ဗြိတိသျှတိုဂိုလန်နယ်နှင့် ပြင်သစ်တိုဂိုလန်နယ်ဟု တွင်ခဲ့၏။ ထိုနောက် ဒုတိယကမ္ဘာစစ် အပြီးတွင် ၁၉၄၆ ခုနှစ်မှအစပြု၍ ကုလသမဂ္ဂ၏ အပြည်ပြည် ဆိုင်ရာ နိုင်ငံငယ်များ ထိန်းသိမ်းရေးစံနစ်အရ ဗြိတိသျှအစိုးရ နှင့် ပြင်သစ်အစိုးရတို့ကပင် ဆက်လက်ထိန်းသိမ်းအုပ်ချုပ်လာခဲ့ လေသည်။
ဗြိတိသျှတိုဂိုလန်နယ်သည် ၁၉၅၆ ခုှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အိမ်နီးချင်းဂါနာနိုင်ငံ (ထိုစဉ်က ဂိုးလကို့နိုင်ငံ)နှင့် ပူးပေါင်းသွားခဲ့၏။
၁၉၅၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြင်သစ် တိုဂိုလန်နယ်၌ နယ်မြေ၏ အဆင့်အတန်းကို ဆုံးဖြတ်ရန်အလို့ ငှါ လူထုဆန္ဒပေးပွဲကြီးတစ်ရပ်ကျင်းပခဲ့ရာ လူများစုက ပြင်သစ် တို့၏ အထိန်းသိမ်းခံနယ်မြေအဖြစ်မှပယ်ဖျက်၍ ပြင်သစ်သမဂ္ဂ အတွင်း လွတ်လပ်သည့်သမ္မတနိုင်ငံ တည်ထောင်လိုကြောင်း ဆန္ဒပေးခဲ့လေသည်။
၁၉၅၈ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေလွှတ်တော်က ပြင်သစ်တို့၏ အထိန်းသိမ်းခံနယ်အဖြစ်မှ ပယ်ဖျက်ရန် သဘောတူဆုံးဖြတ်ခဲ့၍ ပြင်သစ်တိုဂိုလန်နယ်သည် ၁၉၆၀ ပြည့် နှစ် ဧပြီလ ၂ရ ရက်နေ့တွင် လွတ်လပ်သော သမ္မတနိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့လေသည်။တိုဂိုနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်၏။
၁၉၆၁ ခုနှစ်တွင် တိုဂိုနိုင်ငံ၏ ပထမဆုံး သမ္မတဖြစ်လာ သော ဆီလဗေနပ်အိုလင်ပီယိုသည် ၁၉၆၃ ခုနှစ်၌ လုပ်ကြံ သတ်ဖြတ်ခြင်းခံရပြီးလျှင် သူ၏နေရာတွင် နစ်ကလတ်ဂရုနစ် ဇကီ သမ္မတဖြစ်လာခဲ့၏။ ဂရုနစ်ဇကီ၏ အစိုးရကို ၁၉ရ၆ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဒုဗိုလ်မှူးကြီး အီတျန်းအီ ယာဒီမာ ခေါင်းဆောင်ကာ သွေးမြေမကျ တော်လှန်လိုက်၍ နိုင်ငံကို အုပ်ချုပ်ရန်အတွက် အမျိုးသားဖြန်ဖြေရေး ကော်မီတီ ကို ဖွဲ့စည်းပေးလိုက်လေသည်။ သို့သော် ထိုနှစ် ဧပြီလတွင် အီယာဒီမာသည် ထိုကော်မတီကို ဖျက်သိမ်းလိုက်ပြီးလျှင် မိမိ ကိုယ်တိုင် သမ္မတအဖြစ် နိုင်ငံကိုအုပ်ချုပ်လေသည်။[၃]
ကိုးကား [ပြင်ဆင်ရန်]
- ↑ Department of Economic and Social Affairs Population Division (2009). "World Population Prospects, Table A.1" (PDF). United Nations. Retrieved on 2009-03-12.
- ↑ ၂.၀ ၂.၁ Togo. International Monetary Fund. Retrieved on 2010-04-21။
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)