သစ်ကုလားအုပ်
Wikipedia မှ
| Giraffe[၁] | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Least Concern (IUCN Red List Ver.3.1 (2001))[၂] |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Giraffa camelopardalis'' | ||||||||||||||
သစ်ကုလားအုပ်သည် အာဖရိကတွင် ပေါက်ဖွားသော နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်သည်။ ကုန်းနေသတ္တဝါများတွင် အရပ်အရှည်ဆုံး ဖြစ်ပြီး စားမြှုံ့ပြန်တတ်သော သတ္တဝါများတွင် အကြီးဆုံးဖြစ်သည်။ သိပ္ပံနည်းအားဖြင့် camelopard ဟုခေါ်ပြီး camel မှာ ကုလားအုပ်နှင့် မျက်နှာခြင်း ဆင်သောကြောင့် ဖြစ်ပြီး lopard မှာ ကျားသစ်ကဲ့သို့သော အကွက်များ ရှိသောကြောင့် ဖြစ်သည်။ အရွယ်ရောက်ပြီးသော သစ်ကုလားအုပ် အထီး တစ်ကောင်၏ ပျမ်းမျှ အရွယ်အစားမှာ ၁,၂၀၀ ကီလိုဂရမ် (၂၆၀၀ ပေါင်) ခန့် ရှိပြီး သစ်ကုလားအုပ် အမ တစ်ကောင်၏ ပျမ်းမျှ အရွယ်အစားမှာ ၈၃၀ ကီလိုဂရမ် (၁၈၀၀ ပေါင်) ခန့်မျှ ရှိသည်။ ပုံမှန်အားဖြင့် ၁၄ ပေမှ ၁၇ ပေ အထိ အမြင့် ရှိသည်။ အရပ်အရှည်ဆုံး သစ်ကုလားအုပ်မှာ ပေ၂၀ ကျော်ခန့်မျှ မြင့်သည်ဟု မှတ်တမ်း ရှိသည်။