ကိတ်ဗာဒီနိုင်ငံ
| ကိတ်ဗာဒီ သမ္မတနိုင်ငံ | |||||
| Republic of Cape Verde República de Cabo Verde |
|||||
|
|||||
| နိုင်ငံတော်သီချင်း - Song of Freedom | |||||
| ပထဝီ |
|||||
| မြို့တော် | ပရေရာမြို့ | ||||
| အကြီးဆုံးမြို့ | မြို့တော် | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC -၁ | ||||
| လူနေမှု | |||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | ပါလီမန်သမ္မတအစိုးရ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ၂.၀၃၅ ဘီလီယံ[၂] (အဆင့် - ) | ||||
| GDP(PPP) | US $၃,၇၈၃[၂] (အဆင့် - ) | ||||
| HDI | ▲ ၀.၅၃၄ (အလယ်)[၃] (အဆင့် - ၁၁၈) | ||||
| ငွေ | အက်စကူဒို | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .cv | ||||
| Calling code | +၂၃၈ | ||||
မြန်မာဘာသာပြန် အမည်ကွဲပြားမှုမှတ်ချက်။ ။ မြန်မာစာပေတွင် အသုံးများနေသော ဘာသာပြန်အသံထွက်မှာ ကိပ်ဗာဒီ ဟုဖြစ်သည်။ အင်္ဂလိပ်ဝီကီတွင် ဖော်ပြထားသော အသံထွက်မှာ ကိပ်ဗားဒ် ဟုဖြစ်သည်။
ကိပ်ဗားဒ်သမ္မတနိုင်ငံ (Republic of Cape Verde) သည် အနောက်အာဖရိကကမ်းခြေမှ ၅၇၀ကီလိုမီတာအကွာတွင် ရှိသော ကျွန်းပေါင်း (၁၀)ခု ပါဝင်သည့် ကျွန်းစုနိုင်ငံ တစ်ခုဖြစ်သည်။ ဧရိယာစတုရန်းကီလိုမီတာပေါင်း ၄,၀၀၀ကျော်သာရှိသော ကျွန်းစုသည် မီးတောင်များ ပေါများပြီး ယင်းတို့အနက် ကျွန်း(၃)ကျွန်း ဖြစ်သော ဆယ်လ်(Sal)၊ ဘိုဝါဗစ္စတာ (Boa Vista) နှင့် မိုင်ယို(Maio) ကျွန်းတို့မှာ အနည်းငယ်ပြားပြီး သဲထူထပ်ကာ ခြောက်သွေ့သည်။ ကျန်ကျွန်းများတွင် ကျောက်ဆောင်များ ထူထပ်ပြီး အပင်များ ပေါက်ရောက်သည်။ တိုင်းပြည်၏ အမည်ဖြစ်သော ဗားဒ် (verde) မှာ ပေါ်တူဂီဘာသာစကားဖြစ်ပြီး အစိမ်းရောင်ဟု အဓိပ္ပါယ်ရသော်လည်း မိုးရွာသွန်းမှုနည်းပါးသောကြောင့် သစ်ပင်များမှာ စိမ်းလန်းခြင်းမရှိ၊ ခြောက်ကပ်နေသည်။ တိုင်းပြည်၏ အမည်မှာ အနီးဆုံးဖြစ်သော ဆီနီဂေါကမ်းခြေရှိ ကက်ပ်ဗာ့ထ် (Cap Vert) မှ တဆင့် ဖြစ်ပေါ်လာပုံရသည်။ [၄]
ရှေးယခင်က ခြောက်ကပ်ပြီး လူမနေသော ယင်းကျွန်းများကို ၁၅ရာစုတွင် ပေါ်တူဂီများက တွေ့ရှိပြီး ကိုလိုနီနယ်မြေများအဖြစ် သတ်မှတ်သိမ်းပိုက်ခဲ့ကြသည်။ အတ္တလန္တိတ်သမုဒ္ဒရာ ကျွန်ကုန်ကူးရောင်းဝယ်ရေးတွင် အရေးပါသော နေရာတစ်ခုဖြစ်လာခဲ့သည်။ တိုင်းပြည်၏ ကြွယ်ဝမှုကြောင့် ပင်လယ်ဓားပြများက မျက်စိကျခဲ့ကြသည်။ ၁၅၈၀ပြည့်လွန်နှစ်များတွင် ထိုစဉ်ကမြို့တော်ဖြစ်သော ရိုက်ဘေရာဂရင်းဒ် ကို ပင်လယ်ဓားပြ ဆာဖရန်စစ်ဒရိတ်ခ်က နှစ်ကြိမ်တိုင်တိုင် ဓားပြတိုက်ခဲ့ဖူးသည်။ ထိုကျွန်းသို့ ချားလ်စ်ဒါဝင် က ၁၈၃၂တွင် လာရောက်လည်ပတ်ခဲ့ဖူးသည်။ ၁၉ရာစုတွင် ကျွန်စနစ်များချုပ်ငြိမ်းလာခြင်းနှင့်အတူ ထိုကျွန်းနိုင်ငံ၏ စီးပွားရေးလည်း ကျဆင်းလာခဲ့သည်။ သယံဇာတရင်းမြစ်လည်းနည်းပါး၊ ပေါ်တူဂီကိုလိုနီအစိုးရကလည်း မည်သည့် ရင်းနှီးမြှုပ်နှံမှုမှ မပြုလုပ်သည့်အတွက် ဒေသခံတို့သည် အုပ်ချုပ်သူတို့အပေါ် မကျေမနပ် ဖြစ်လာကြသည်။ သို့ရာတွင် ဒေသခံအစိုးရအပေါ် ပေါ်တူဂီအစိုးရမှ အကူအညီပေးရန်ငြင်းဆိုခဲ့သည့်အတွက် မခံနိုင်သည့်အဆုံးတွင် အုံကြွပေါက်ကွဲကာ ၁၉၇၅တွင် အမီလ်ကာကာဘရယ်လ် ဦးဆောင်ပြီး တိုင်းပြည်လွတ်လပ်ရေးကို ကြေညာခဲ့သည်။
ခန့်မှန်းခြေလူဦးရေ ၅သိန်းခန့်ရှိပြီး အများစုမှ ခရီယိုးလ် လူမျိုးစု ဖြစ်သည်။ လက်ရှိမြို့တော်မှာ ပရေရာ ဖြစ်ပြီး တစ်နိုင်ငံလုံးလူဦးရေ၏ လေးပုံတစ်ပုံခန့် နေထိုင်သည်။ လူဦးရေ၏ ၃၈% ခန့်မှာ ကျေးလက်တွင်နေထိုင်ကြပြီး ၂၀%မှာ ဆင်းရဲမှုမျဉ်း ၏ အောက်တွင် ရှိနေကြသည်။ [၅] စာတတ်မြောက်မှု ၈၅% ရှိသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးပြီး နိုင်ငံရေးအလွန်တည်ငြိမ်သည်။ သယံဇာတမရှိသော်လည်း စီးပွားရေးတိုးတက်မှုနှုန်း မြန်ဆန်လာနေသည်။ အခြားနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကူအညီများပေးလာကြသည်။ ၂၀၀၇ခုနှစ်မှစ၍ ကိပ်ဗားဒ် သည် ဖွံ့ဖြိုးဆဲနိုင်ငံများ စာရင်းတွင် ပါဝင်လာသည်။
စီးပွားရေကျပ်တည်းခဲ့သော လွတ်လပ်ရေးမရမီနှစ်များအတွင်းနှင့် လွတ်လပ်ရေးရပြီး ရှေးဦးပိုင်းနှစ်များတွင်း ဥရောပ၊ အမေရိကနှင့် အာဖရိက နိုင်ငံများသို့ လူအများအပြား ပြောင်းရွှေ့သွားကြသည်။ ယခုအချိန်တွင် နိုင်ငံတကာတွင် ရောက်ရှိအခြေချနေသော ကိပ်ဗားဒီးယန်း ဦးရေသည် ကိပ်ဗားဒ်နိုင်ငံအတွင်းမှ လူဦးရေထက်ပင် ပိုမိုများပြားနေပြီဖြစ်သည်။ တိုင်းပြည်ပြင်ပသို့ထွက်သွားသော လူများမှ မိသားစုများထံလွှဲပေးသော ငွေကြေးသည်ပင် တိုင်းပြည်၏ စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် အထောက်အပံ့ ဖြစ်စေခဲ့သည်။ လက်ရှိအချိန်တွင် တိုင်းပြည်၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်ပြီး၊ ခရီးသွားလုပ်ငန်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် တိုးပွားလျှက်ရှိသည်။ ကျွန်းများပေါ်တွင် ပူနွေးသောရာသီဥတုရှိခြင်း၊ မြေမျက်နှာသွင်အမျိုးမျိုး ကွဲပြားနေခြင်းနှင့် ဒေသခံတို့၏ နှစ်လိုဖွယ်ရာ တေးဂီတ တို့ကြောင့် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်မှုအားကောင်းလျှက် ရှိနေသည်။
သမိုင်းကြောင်း [ပြင်ဆင်ရန်]
- ↑ World Gazetteer Population Figures. World-gazetteer.com. Retrieved on 2010-06-26။
- ↑ ၂.၀ ၂.၁ Cape Verde. International Monetary Fund. Retrieved on 2011-04-21။
- ↑ Human Development Report 2009. Human development index trends: Table G. The United Nations. Retrieved on 2009-10-10။
- ↑ Lobban, p. 4.
- ↑ UNDP.org (PDF). Retrieved on 2010-06-26။