အီကွေတာဂီနီနိုင်ငံ

ဝီကီပီးဒီးယား မှ
အီကွေတာဂီနီသမ္မတနိုင်ငံ
República de Guinea Ecuatorial (စပိန်)
République de Guinée équatoriale (ပြင်သစ်)
အီကွေတာဂီနီနိုင်ငံ၏ အလံတော်
အလံတော်
အီကွေတာဂီနီနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: Unity, Peace, Justice
နိုင်ငံတော် သီချင်း: Caminemos pisando la senda
အီကွေတာဂီနီနိုင်ငံ ၏ တည်နေရာ
မြို့တော်မာလာဘိုမြို့
အကြီးဆုံးမြို့ဘာတာမြို့
ရုံးသုံး ဘာသာစကားများစပိန်ပြင်သစ်ပေါ်တူဂီ
အမျိုးအစားသမ္မတနိုင်ငံ
အစိုးရ
• သမ္မတ
Teodoro Obiang
• ဝန်ကြီးချုပ်
Ignacio Milam
တည်ထောင်
• လွတ်လပ်ရေး (စပိန်မှ)
၁၂ အောက်တိုဘာ၁၉၆၈
ဧရိယာ
• စုစုပေါင်း
၂၈,၀၅၀ km2² (၁၀,၈၃၀ sq mi) (အဆင့်: ၁၄၄)
လူဦးရေ
• ခန့်မှန်း
၆၇၆,၀၀၀[၁] (အဆင့် - ၁၆၆)
• သိပ်သည်းမှု
၂၄.၁/km2²(၆၂.၄/sq mi) (အဆင့် - ၁၈၇)
ငွေကြေးCentral African CFA franc
တယ်လီဖုန်းကုဒ်+၂၄၀
Internet TLD.gq

အီကွေတာဂီနီနိုင်ငံ (တရားဝင်အခေါ်အားဖြင့် အီကွေတာ ဂီနီ သမ္မတနိုင်ငံ) သည် အာဖရိကအလယ်ပိုင်းတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၂၈,၀၀၀ စတုရန်းကီလိုမီတာ (၁၁,၀၀၀ စတုရန်းမိုင်) ရှိသဖြင့် အာဖရိကတိုက်ရှိ အသေးဆုံးနိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်။ အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း ကြွယ်ဝချမ်းသာမှုသည် လူ့အဖွဲ့အစည်း၏ တစိတ်တစ်ပိုင်း အတွင်းတွင်သာရှိပြီး ၇၀ ရာခိုင်နှုန်းသော ပြည်သူတို့မှာ ကုလသမဂ္ဂ၏ ဆင်းရဲခြင်း သတ်မှတ်ချက် တစ်ရက်လျှင် ၂ ဒေါ်လာ အောက် ဝင်ငွေဖြင့် နေထိုင်နေကြသည်။ လူဦးရေ ၆၅၀,၇၀၂ ရှိသည်။

အာဖရိကတိုက်၌တည်ရှိသော မြောက်ဘက်တွင်ကင်မရွန်းနိုင်ငံ နှင့်တောင်ဘက်တွင် ဂါဘွန်နိုင်ငံတို့တည် ရှိသည်။ အကျယ်အဝန်းအားဖြင့် ၁ဝ၈၃၂ စတုရန်းမိုင်ပေါင်းရှိပြီး ၁၉၇၅ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ ၃၁ဝဝဝဝ ရှိသည်။ မြို့တော်မှာမာလာဘိုမြို့ ဖြစ်လေသည်။

နိုင်ငံ၏လူဦးရေအများစုမှာ ဗရင်ဂျီဘာသာဝင်များဖြစ်ကြသည်။ စပိန်ဘာသာကို ရုံးသုံးဘာသာအဖြစ် ပြဋ္ဌာန်းထားသော်လည်းလူအများစုက အာဖရိကဘာသာစကားကိုသုံးစွဲကြသည်။ အဓိကပြင်ပတင်ပို့ကုန်များမှာ ကိုကိုးနှင့် အထပ်သားအတွက်သစ်များ ဖြစ်သည်။

၁၉၆၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် စပိန်လက်အောက်မှ အချုပ်အခြာအာဏာပိုင်သော လွတ်လပ်ရေးကိုရရှိသည်။ ၁၉၆ဝ ပြည့်နှစ်မှစ၍ ဒေသအလိုက် ရွေးကောက်ပွဲများကို ပြုလုပ်ခြင်းဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် လွတ်လပ်ရေးကိုတစ်ဆင့်ပြီးတစ်ဆင့် ရရှိလာခဲ့ခြင်းဖြစ်သည်။ ပထမဆုံးသမ္မတဖြစ်ရွေး ကောက် တင်မြှောက်ခြင်းခံရသူ မာဆီနဂွီးမာဗိုင်ယိုဂိုအား ၁၉၇၂ ခုနှစ်တွင် ရာသက်ပန် သမ္မတအဖြစ်ခန့် အပ်သည်။

နယ်စပ် ပြဿနာကြောင့် ကင်မရွန်းနိုင်ငံ၊ ဂါဘွန်နိုင်ငံတိုနှင့်ဆက်ဆံရေးမှာ ခပ်တန်းတန်း ဖြစ်ခဲ့ပြီး ၁၉၇၆ ခုနှစ်၌ အမေရိကန်ပြည်ထောင်စု နှင့် သံတမန် အဆက်အသွယ်ဖြတ်ခဲ့သည်။

သို့ရာတွင် ရုရှတရုတ်မြောက်ကိုရီးယားနိုင်ငံများနှင့် ပုံမှန်အတိုင်း ဆက်ဆံလျက်ရှိသည်။

အီကွေတာဂီနီ နိုင်ငံသည် ၁၉၆၈ ခုနှစ် နိုဝင်ဘာလ၁၂ ရက်နေ့တွင် ၁၂၆ နိုင်ငံမြောက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်၍ အာဖရိကညီညွတ်ရေး အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Department of Economic and Social Affairs Population Division (2009). "World Population Prospects, Table A.1" (PDF). United Nations. Retrieved on 2009-03-12. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)