| မာလဝီ သမ္မတနိုင်ငံ |
| Republic of Malawi |
|
|
| နိုင်ငံတော်သီချင်း - အို..ဘုရားသခင်က ငါတို့မာလဝီပြည်ကို ကောင်းချီးပေးပါစေ။ |
ပထဝီ
|
 |
| မြို့တော် |
လီလောင်းဝီမြို့ |
ဧရိယာ
- ဧရိယာ - ၁၁၈,၄၈၄ km² (၄၅,၇၄၇sq mi) (အဆင့်: ၉၉)
- ရေဖုံးလွှမ်းမှု - ၂၀.၆ %%
|
| စံတော်ချိန်ဇုန် |
UTC +၂ |
| လူနေမှု |
လူဦးရေ
- လူဦးရေ - ၉,၉၃၃,၈၆၈ (၂၀၁၀) (အဆင့် - ၆၄)
- လူဦးရေသိပ်သည်းမှု - ၁၂၈.၈/km² (၃၃၃.၆/sq mi) (အဆင့် - ၉၄)
|
| နိုင်ငံရေး |
| အမျိုးအစား |
ပါတီစုံ ဒီမိုကရေစီ |
အစိုးရခေါင်းဆောင်များ
- သမ္မတ - Bingu wa Mutharika
- ဒုတိယ သမ္မတ - ဂျွိုက်စ် ဘန်ဒါ
|
ထူထောင်မှု
- လွတ်လပ်ရေး
(ယူကေမှ) - ဇူလိုင် ၆၊ ၁၉၆၄
|
| စီးပွားရေး |
| GDP(PPP) |
US $၈၂၇ (အဆင့် - ) |
| HDI |
၀.၄၉၃ (အနိမ့်) (အဆင့် - ၁၆၀) |
| ငွေ |
ကွာချာ |
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ |
| CCLTD |
.mw |
| Calling code |
+၂၆၅ |
မာလဝီသမ္မတနိုင်ငံသည် အာဖရိက တိုက် အရှေ့တောင်ပိုင်းတွင် ရှိသော ကုန်းတွင်းပိတ် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ယခင်က ညာဆာပြည်ဟု ခေါ်ကြသည်။ အနောက်မြောက်ဘက်တွင် ဇမ်ဘီယာနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တန်ဇေးနီးယားနိုင်ငံ၊ အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက် တို့တွင် မိုဇမ်ဘစ်နိုင်ငံ တို့က ဝန်းရံလျှက် ရှိသည်။ တန်ဇန်နီးယားနှင့် မိုဇမ်ဘစ်နိုင်ငံတို့၏ နယ်စပ်ကို မာလဝီကန် ဖြင့် ပိုင်းခြားထားသည်။ ဧရိယာစတုရန်းမိုင်ပေါင်း ၄၅,၅၆၀ စတုရန်းမိုင် (၁၁၈,၀၀ စတုရန်း ကီလိုမီတာ) မျှ ရှိပြီး ခန့်မှန်းခြေအားဖြင့် လူဦးရေ ၁၃,၉၀၀,၀၀၀ ဦး ရှိသည်။ မြို့တော်မှာ လီလောင်းဝီမြို့ ဖြစ်သည်။ မာလဝီဆိုသော အမည်သည် မာရဗီ ဟူသော အခေါ်အဝေါ်မှ ဆင်းသက်လာပြီး ယခင်က ထိုဒေသတွင် နေထိုင်သော ညန်ဂျာလူမျိုးတို့ကို ခေါ်ဆိုသော အမည်အဟောင်း ဖြစ်သည်။ မာလဝီနိုင်ငံကို အာဖရိက၏ နွေးထွေးသော အသည်းနှလုံး ဟုလည်း ခေါ်ဝေါ်ကြသည်။