မော်ရီတေးနီးယားနိုင်ငံ
| မော်ရီတေးနီးယား အစ္စလာမ် သမ္မတနိုင်ငံ | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - Honor, Fraternity, Justice | |||||
| ပထဝီ |
|||||
| မြို့တော် | နွပ်ချောက်မြို့ | ||||
| အကြီးဆုံးမြို့ | နွပ်ချောက်မြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၀ | ||||
| လူနေမှု | |||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | အစ္စလာမ် သမ္မတနိုင်ငံ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ၆.၆၅၅ ဘီလီယံ (အဆင့် - ) | ||||
| GDP(PPP) | US $၂,၀၉၃ (အဆင့် - ) | ||||
| HDI | ၀.၅၂၀ (အလယ်) (အဆင့် - ၁၅၄) | ||||
| ငွေ | အိုဂွီရာ | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .mr | ||||
| Calling code | +၂၂၂ | ||||
မော်ရီတေးနီးယားနိုင်ငံ ၏ တရားဝင်အမည်မှာ မော်ရီတေးနီးယား အစ္စလာမ် သမ္မတနိုင်ငံဖြစ်ပြီး အနောက်အာဖရိက မာဂရက်ဘ် ဒေသတွင် ရှိသော နိုင်ငံဖြစ်သည်။ အနောက်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာ၊ မြောက်ဘက်တွင် အနောက်ဆဟာရ နိုင်ငံ၊ အရှေ့မြောက်ဘက်တွင် အယ်လ်ဂျီးရီးယားနိုင်ငံ၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် မာလီနိုင်ငံ နှင့် အနောက်တောင်ဘက်တွင် ဆီနီဂေါနိုင်ငံ တို့က ဝန်းရံထားသည်။ ယခင် ရောမတို့၏ ဒေသ မောရီတေးနီးယားကို အစွဲပြု၍ အမည်မှည့်ခေါ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ယခု မော်ရီတေးနီးယား ဒေသသည် ယခင်ဒေသ၏ အနောက်တောင်ပိုင်း အလွန်ကွာလှမ်းသော နေရာတွင် ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ အတ္တလန္တိတ် ကမ်းရိုးတန်းပေါ်တွင် ရှိသော နွပ်ချောက်မြို့ ဖြစ်သည်။
မော်ရီတေးနီးယားနိုင်ငံ၏ အရပ်သားအစိုးရကို ၂၀၀၈ ခုနှစ် ဩဂုတ်လ ၈ရက်တွင် ဗိုလ်ချုပ်ကြီး မိုဟာမက် အောက် အက်ဘ်ဒယ် အာဇစ် ဦးဆောင်သော စစ်အာဏာသိမ်းမှုဖြင့် ဖယ်ရှားခြင်း ခံခဲ့ရသည်။ ၂၀၀၉ ဧပြီလ ၁၆ ရက်တွင် ဗိုလ်ချုပ်ကြီး အာဇစ်သည် စစ်တပ်မှ နှုတ်ထွက်ပြီး ဇူလိုင်လ ၁၉ရက် ရွေးကောက်ပွဲတွင် သမ္မတ အဖြစ် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံကာ အနိုင်ရခဲ့သည်။ မော်ရီတေးနီးယားနိုင်ငံတွင် ၂၀ ရာခိုင်နှုန်းသော ပြည်သူတို့သည် တစ်နေ့လျှင် အမေရိကန် ဒေါ်လာ ၁.၂၅ ဒေါ်လာထက်နည်းသော ဝင်ငွေဖြင့် ရပ်တည် နေထိုင်ကြသည်။