ကင်ညာနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကင်ညာ သမ္မတနိုင်ငံ
Jamhuri ya Kenya
Flag of Kenya.svg Coat of arms of Kenya.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - Let us all pull together
နိုင်ငံတော်သီချင်း - O God of All Creation
ပထဝီ
Kenya in its region (de-facto).svg
မြို့တော် နိုင်ရိုဘီမြို့
အကြီးဆုံးမြို့ နိုင်ရိုဘီမြို့
ဧရိယာ
  • ဧရိယာ - ၅၈၀,၃၆၇ km² (၂၂၄,၀၈၀ sq mi) (အဆင့်: ၄၇)
  • ရေဖုံးလွှမ်းမှု - ၂.၃%
စံတော်ချိန်ဇုန် UTC +၃
လူနေမှု
လူဦးရေ
နိုင်ငံရေး
အမျိုးအစား သမ္မတတစ်ပိုင်း ဦးဆောင်သော သမ္မတနိုင်ငံ
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Mwai Kibaki
  • ဝန်ကြီးချုပ် - Raila Odinga
ထူထောင်မှု
  • လွတ်လပ်ရေး ကြေငြာခြင်း
    (ယူကေမှ) - ဒီဇင်ဘာ ၁၂၊ ၁၉၆၃
  • သမ္မတနိုင်ငံ ထူထောင်ခြင်း
    - ဒီဇင်ဘာ ၁၂၊ ၁၉၆၄
စီးပွားရေး
GDP(PPP) US $၁,၆၆၁ (အဆင့် - )
HDI ၀.၄၇၀ (အနိမ့်) (အဆင့် - ၁၂၈)
ငွေ ကင်ညာ ရှီလင်
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .ke
Calling code +၂၅၄

ကင်ညာနိုင်ငံ၏ တရားဝင်အမည်မှာ ကင်ညာသမ္မတနိုင်ငံ ဖြစ်ပြီး အရှေ့ အာဖရိကရှိ အာဖရိက ဂရိတ်လိတ်ခ် ဒေသတွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ကင်ညာနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့မှာ နိုင်ရိုဘီမြို့ ဖြစ်သည်။ ကင်ညာနိုင်ငံသည် အီကွေတာပေါ်တွင် တည်ရှိပြီး အရှေ့တောင်ဘက်တွင် အိန္ဒိယသမုဒ္ဒရာ အရှေ့မြောက်ဘက်တွင် ဆိုမာလီယာနိုင်ငံ၊ မြောက်ဘက်တွင် အီသီယိုးပီးယားနိုင်ငံ၊ အနောက်မြောက်ဘက်တွင် တောင်ဆူဒန်နိုင်ငံ အနောက်ဘက်တွင် ယူဂန်းဒါးနိုင်ငံ နှင့် တောင်ဘက်တွင် တန်ဇေးနီးယားနိုင်ငံ တို့ တည်ရှိသည်။ ကင်ညာနိုင်ငံသည် အကျယ်အဝန်း အားဖြင့် ၂၂၄,၄၄၅ စတုရန်းမိုင် (၅၈၁,၃၀၉ စတုရန်းကီလိုမီတာ) ရှိပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် လူဦးရေ ၄၄ သန်းမျှ ရှိသည်။

ကင်ညာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်း တစ်လျှောက်တွင် ပူနွေးပြီး စိုစွတ်သော ရာသီဥတုမျိုး ရှိသည်။ ထိုမှ ကုန်းတွင်း မြို့တော် ရှိရာသို့ ဝင်ရောက်သွားလျှင် တောရိုင်းတိရစ္ဆာန်များ ပေါများသည့် ဆာဗားနားမြက်ခင်းပြင်၏ ရာသီဥတုမျိုး သို့ ပြောင်းလဲသွားသည်။ နိုင်ရိုဘီတွင် အေးမြသော ရာသီဥတု ရှိပြီး အမြဲတမ်း နှင်းဖုံးလွှမ်းနေသော တောင်ထွဋ် ၃ ခု ရှိသည့် ကင်ညာတောင်သို့ နီးကပ်လာသည် နှင့် အမျှ ပို၍ အေးလာသည်။ ထိုမှ ကုန်းတွင်းသို့ ဆက်လက် ဝင်ရောက်သွားလျှင် ဝိတိုရိယအိုင် အနီးတဝိုက်တွက် ပူနွေးပြီး စိုစွတ်သော အပူပိုင်း ရာသီဥတုသို့ တဖန်ပြန်၍ ပြောင်းလဲ သွားသည်။ ထိုမှတဆင့် အနောက်ပိုင်းရှိ တောအုပ်နှင့် တောင်ထူထပ်သော နေရာတွင် သမမျှတသော ရာသီဥတုသို့ တဖန် ပြောင်းလဲသွားသည်။ အီသီယိုးပီးယားနိုင်ငံနှင့် ဆိုမာလီယာနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အရှေ့မြောက် ဒေသမှာ ကန္တာရနီးပါးမျှ ဖြစ်သော ခြောက်သွေ့ရေရှား ရပ်ဝန်းဒေသ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံးသော ရေချိုအိုင် ဖြစ်ပြီး အပူပိုင်းဒေသ ရေကန်များတွင် အကြီးဆုံး ဖြစ်သည့် ဝိတိုရိယအိုင်သည် အနောက်တောင်ဘက်တွင် တည်ရှိပြီး ယူဂန်ဒါနိုင်ငံ၊ တန်ဇေးနီးယား နိုင်ငံတို့နှင့် ပိုင်နက် ဝေမျှ ထားသည်။

ကင်ညာနိုင်ငံသည် ယူဂန်ဒါနိုင်ငံ နှင့် တန်ဇေးနီးယားနိုင်ငံတို့နှင့် အတူ သားရိုင်းတိရိစ္ဆာန် ကြည့်ရှုရန် အတွက် ထင်ရှားပြီး အရှေ့နှင့်အနောက် ဆာဗို အမျိုးသား ဥယျာဉ်၊ မာဆိုင်းမာရာ ၊ နာကူရူးကန် အမျိုးသား ဥယျာဉ်၊ အာဘာဒဲ အမျိုးသား ဥယျာဉ် အစရှိသည့် တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး ဒေသနှင့် အမျိုးသားဥယျာဉ်များကြောင့်လည်း ထင်ရှားသည်။ ထို့ပြင် လာမူး ကဲ့သို့သော ကမ္ဘာ့အမွေခံနေရာများလည်း ရှိပြီး နိုင်ငံတကာ ရွက်လှေပြိုင်ပွဲ နှစ်စဉ်ကျင်းပရာ ဖြစ်သော ကီလီဖီ ကမ်းခြေ ကဲ့သို့သော ကမ္ဘာကျော် ကမ်းခြေများလည်း ရှိသည်။

ကင်ညာနိုင်ငံ ပါဝင်သော အာဖရိက ဂရိတ်လိတ်ခ် ဒေသမှာ ကျောက်ခေတ်ဟောင်း ခေတ်ဦး ကာလ ကတည်းက လူသားတို့ နေထိုင်ခဲ့ကြသည်။ အေဒီ ပထမ ထောင်စုနှစ်တွင် အနောက်-အလယ် အာဖရိကမှ ဘန်တူ တို့၏ နယ်မြေချဲ့ထွင်မှု ရောက်ရှိလာခဲ့သည်။ ယနေ့ခေတ်နိုင်ငံများ၏ နယ်နိမိတ်မှာ နိုင်ဂါ-ကွန်ဂို ဘာသာစကားများ၊ နိုင်လို-ဆာဟာရ ဘာသာစကားများ၊ အာဖရို-အေးရှားတစ် ဘာသာစကားများ၏ ဆုံဆည်းရာ ဒေသ ဖြစ်သဖြင့် အာဖရိကတိုက်ကြီး၏ လူမျိုး နှင့် ဘာသာစကားတို့ ရောပြွမ်းရာ ဒေသဖြစ်သဖြင့် ကင်ညာနိုင်ငံသည် ယဉ်ကျေးမှု ပေါင်းစုံရှိရာ နိုင်ငံ ဖြစ်လာခဲ့သည်။ ဥရောပသား နှင့် အာရပ်တို့ ခေတ်သစ် အစောပိုင်းကပင် မွမ်ဘာဆာ ကမ်းရိုးတန်း ဒေသသို့ ရောက်ရှိလာခဲ့ပြီး ဥရောပသားတို့က ၁၉ ရာစု အစပိုင်းကပင် နိုင်ငံ အတွင်းပိုင်းသို့ စူးစမ်း ရှာဖွေ ခဲ့ကြသည်။ ဗြိတိသျှ အင်ပိုင်ယာက အရှေ့အာဖရိက ပရိုတက်ထရိတ် ကို ၁၈၉၅ တွင် တည်ထောင်ခဲ့ပြီး ၁၉၂၀ တွင် ကင်ညာကိုလိုနီနယ်မြေ အဖြစ်စတင်ခဲ့သည်။ ကင်ညာ သမ္မတနိုင်ငံသည် ၁၉၆၃ ခုနှစ် ဒီဇင်ဘာလတွင် လွတ်လပ်ရေး ရခဲ့သည်။ ၂၀၁၀ ဩဂုတ်လ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အပြီး ကင်ညာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ကို ရေးဆွဲပြီးနောက် ကင်ညာသည် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၄၇ ခု အဖြစ် ခွဲခြားခဲ့ပြီး ရွေးချယ်ခံ ဒေသအုပ်ချုပ်ရေးမှူးများက အုပ်ချုပ်ကြသည်။

မြို့တော် နိုင်ရိုဘီမြို့မှာ ဒေသအတွင်း စီးပွားရေး အချက်အခြာ နေရာ ဖြစ်သည်။ ကင်ညာနိုင်ငံ၏ စီးပွားရေးမှာ အ​ရှေ့တောင် အာဖရိကနှင့် အလယ်အာဖရိကတွင် စုစုပေါင်း ပြည်တွင်း ထုတ်ကုန် အားဖြင့် အကြီးမားဆုံး ဖြစ်သည်။ [၁][၂] စိုက်ပျိုးမွေးမြူရေးမှာ အဓိက စီးပွားရေး လုပ်ငန်း ဖြစ်ပြီး ရှေးယခင်ကတည်းက လက်ဖက် နှင့် ကော်ဖီတို့ကို အဓိက တင်ပို့ခဲ့ပြီး ယခုအခါ ဥရောပသို့ ပန်း များ တင်ပို့ရောင်းချလျှက် ရှိသည်။ ဝန်ဆောင်မှု လုပ်ငန်းမှာလည်း နိုင်ငံ၏ အဓိက စီးပွားရေး မောင်းနှင်အား တစ်ခုပင် ဖြစ်သည်။ ကင်ညာသည် အရှေ့အာဖရိက အဖွဲ့၏ အဖွဲ့ဝင် ဖြစ်သည်။ အခြားသော အာဖရိကနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကင်ညာတွင် နိုင်ငံရေး နှင့် စီးပွားရေး ပိုမို တည်ငြိမ်မှု ရှိသည်။

မာတိကာ

အမည်မှည့်ခေါ်ခြင်း[ပြင်​ဆင်​ရန်​]

နိုင်ငံ၏ အမည်မှာ ကင်ညာတောင် ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်ပြီ: နိုင်ငံ၏ထင်ရှားသော အမှတ်အသားနှင့် အာဖရိကတိုက်တွင် ဒုတိယမြောက် အမြင့်ဆုံးတောင် ဖြစ်သည်။

ပထဝီဝင်နှင့် ရာသီဥတု[ပြင်​ဆင်​ရန်​]

ကင်ညာနိုင်ငံ၏ မြေပုံ

စတုရန်းမိုင်ပေါင်း ၂၂၄,၀၈၁ မိုင် (စတုရန်းကီလိုမီတာ ၅၈၀,၃၆၇ ကီလိုမီတာ)[၃] မျှ ရှိသဖြင့် ကင်ညာနိုင်ငံသည် ကမ္ဘာပေါ်တွင် ၄၇ ခုမြောက် အကြီးဆုံးနိုင်ငံ ဖြ်စပြီး မာဒါဂတ်စကားနိုင်ငံ၏ နောက်မှ ကပ်၍ လိုက်သည်။ မြောက်လတ္တီကျု ၅° မှတောင်လတ္တီကျု ၅° အတွင်း၊ အရှေ့လောင်ဂျီကျု ၃၄° မှ ၄၂° အတွင်း တည်ရှိသည်။ အိန္ဒိယသမုဒ္ဒရာ၏ ကမ်းရိုးတန်းမှ အစပြုလျှက် မြေနိမ့်ဒေသများမှာ အတွင်းပိုင်း ကုန်းမြေမြင့် အဖြစ် တဖြည်းဖြည်း မြင့်မားသွားသည်။ ကုန်းမြေမြင့်များမှာ ကင်ညာတောင်ကြား ဒေသဖြင့် ပိုင်းခြားထားပြီး အရှေ့ပိုင်းတွင် ကောင်းမွန်သော စိုက်ပျိုးမြေများ ရှိရာ ကုန်းမြေမြင့် တစ်ခု ရှိသည်။

ကင်ညာကုန်းမြင့်ဒေသတွင် အာဖရိကတွင် အအောင်မြင်ဆုံးသော စိုက်ပျိုးမွေးမြူရေး ဒေသများ ပါဝင်သည်။ ကုန်းမြင့်ဒေသတွင် ကင်ညာတွင် အမြင့်ဆုံးနှင့် အာဖရိကတိုက်ပေါ်တွင် ဒုတိယမြောက် အမြင့်ဆုံး ဖြစ်သော ၁၇,၀၅၇ ပေ (၅,၁၉၉ မီတာ) အမြင့် ရှိသော ကင်ညာတောင် ပါဝင်ပြီး ရေခဲတောင်များလည်း ရှိသည်။ ၁၉,၃၄၁ ပေ ( ၅,၈၉၅ မီတာ) မြင့်သော ကီလီမန်ဂျာရိုတောင်ကို ကင်ညာနိုင်ငံမှ လှမ်းမြင်နိုင်သည်။

ကင်ညာနိုင်ငံ၏ ရာသီဥတုမှာ ကမ်းရိုးတန်းဒေသတွင် အပူပိုင်းမှ အစပြုလျှက် ကုန်းတွင်းပိုင်းတွင် သမမျှတသော ရာသီဥတု ရှိကာ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်ပိုင်းတွင် ကန္တာရဆန်သော ရာသီဥတု ရှိသည်။ လတိုင်းတွင် နေသာပြီး တစ်နှစ်ပတ်လုံး နွေရာသီနှင့် ကိုက်ညီသော အဝတ်အထည်များကိုသာ ဝတ်ဆင်ကြသည်။ အတွင်းပိုင်း မြင့်သော ဒေသများတွင် ညဘက် နှင့် မနက်အစောပိုင်းတွင် အေး လေ့ ရှိသည်။

မိုးရွာချိန် ရှည်လျားသော ရာသီဥတုမှာ မတ်၊ဧပြီလမှ မေ၊ ဇွန်လ အထိ ဖြစ်သည်။ မိုးရွာချိန် တိုတောင်းသော ရာသီဥတုမှာ အောက်တိုဘာလမှ နိုဝင်ဘာ ဒီဇင်ဘာ အထိ ဖြစ်သည်။ မိုးရွာသွန်းမှုမှာ တခါတရံ သည်းထန်ပြီး အများအားဖြင့် နေ့လည်ပိုင်း နှင့် ညနေပိုင်းများတွင် ရွာလေ့ ရှိသည်။ မိုးရွာသွန်းသောလများတွင် အပူချိန်မှာမူ မြင့်နေမြဲ ဖြစ်တတ်သည်။ အပူဆုံး အချိန်မှာ ဖေဖော်ဝါရီလ နှင့် မတ်လ ဖြစ်ပြီး မိုးရွာချိန် ရှည်လျားသော ရာသီဥတု မတိုင်မီ ဖြစ်သည်။ အအေးဆုံးမှာ ဇူလိုင်လတွင် ဖြစ်ပြီး ဩဂုတ်လ အလယ်အထိ အေးတတ်သည်။

နိုင်ရိုဘီမြို့ နောက်ခံဖြင့် နိုင်ရိုဘီအမျိုးသားဥယျာဉ်မှ သစ်ကုလားအုပ် တစ်ကောင်
Average annual temperatures
မြို့ အမြင့်(မီတာ) အမြင့်ဆုံး(°C) အနိမ့်ဆုံး (°C)
မွန်ဘာဆာ   ကမ်းရိုးတန်းမြို့ ၁၇ ၃၂.၃ ၂၃.၈
နိုင်ရိုဘီ မြို့တော် ၁,၆၆၁ ၂၅.၂ ၁၃.၆
ကီဆူမူ ကန်စပ်မြို့ ၁,၁၃၁ ၃၁.၈ ၁၆.၉
အယ်လ်ဒိုရက် တောင်ကြားမြို့ ၂,၀၈၅ ၂၃.၆ ၉.၅
လော့ဒ်ဝါ ခြောက်သွေ့မြောက်ပိုင်းလွင်ပြင် ၅၀၆ ၃၄.၈ ၂၃.၇
မန်ဒဲရာ ခြောက်သွေ့မြောက်ပိုင်းလွင်ပြင် ၅၀၆ ၃၄.၈ ၂၅.၇



တောရိုင်းတိရစ္ဆာန်များ[ပြင်​ဆင်​ရန်​]

ကင်ညာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များ အတွက် ရည်ရွယ်ထားသော စားကျက် မြောက်များစွာ ရှိပြီး အပြာရောင် ဝိုင်းဘိစ် သတ္တဝါများ နှင့် အခြား ဘိုဗစ်(ကျွဲနွားနှင့် မျိုးနွယ်တူ) သတ္တဝါများ နှစ်စဉ် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းရာတွင် ပါဝင်နေကြဖြစ်သော မာဆိုင်းမာရာကဲ့သို့သော ဒေသများ အပါအဝင် ဖြစ်သည်။ နှစ်စဉ် နှစ်တိုင်း ဝိုင်းဘိစ် ကောင်ရေ ၂၅၀,၀၀၀ ကျော် ခြောက်သွေ့သော ရာသီတွင် အစာရှိရာ နေရာကို ခက်ခဲကြမ်းတမ်း ရှည်လျားစွာ ပြောင်းရွှေ့ရင်း သေဆုံးကြသည်။

အာဖရိက၏ သတ္တဝါကြီး ၅ မျိုး ဖြစ်သော ခြင်္သေ့၊ ကျားသစ်အာဖရိကကျွဲကြံ့ နှင့် အာဖရိကဆင် အားလုံးကို ကင်ညာနိုင်ငံတွင် တွေ့ရသည်။ အခြားသော တောရိုင်းတိရစ္ဆာန်များ၊ တွားသွားသတ္တဝါများ နှင့် ငှက်များကိုလည်း ကင်ညာရှိ အမျိုးသား ဥယျာဉ်များ နှင့် အမဲလိုက်ရာ နေရာများတွင် တွေ့ရသည်။ နှစ်စဉ်နှစ်တိုင်း ဇွန်လမှ စက်တင်ဘာလ အတွင်း သတ္တဝါတို့ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းမှု (အထူးသဖြင့် ဝိုင်းဘိစ်များ၏ ရွှေ့ပြောင်းမှု) တွင် တိရစ္ဆာန်ကောင်ရေ သန်းပေါင်းများစွာ ပါဝင်လေ့ ရှိကြသည်။

ကင်ညာသည် ကမ္ဘာ့ သဘာဝ အံ့ဖွယ်တစ်ခု ဖြစ်သော ဝိုင်းဘိစ် သတ္တဝါများ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းခြင်း ဖြစ်ပွားရာ နေရာ တစ်ခု ဖြစ်သည်။ ၁၁.၅ သန်းမျှသော ထိုသတ္တဝါများသည် နှစ်စဉ်နှစ်တိုင်း မိုင် ၁၈၀၀ ကျော်မျှ ကွာဝေးသော တန်ဇေးနီးယားနိုင်ငံ ဆရင်ဂတီ မှ မာဆိုင်းမာရာ အထိ ရေနှင့်အစာ ရှာဖွေရန် ပုံမှန် လက်ယာရစ် ရွှေ့ပြောင်းလေ့ ရှိကြသည်။

သမိုင်း[ပြင်​ဆင်​ရန်​]

သမိုင်းမတင်မီခေတ်[ပြင်​ဆင်​ရန်​]

၁.၆ သန်းနှစ် သက်တမ်းရှိသော တာကာနာလူငယ် ဟိုမိုအီရပ်တက် ကျောက်ဖြစ်ရုပ်ကြွင်း

ကင်ညာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း သန်း၂၀၀ ကျော် မီဆိုဇိုးရစ်ခေတ်က ကြီးမားသော မိကျောင်း ရုပ်ကြွင်းများ ကို တွေ့ရှိထားသည်။ ထို ရုပ်ကြွင်းများကို ယူတားတက္ကသိုလ် နှင့် ကင်ညာ အမျိုးသားပြတိုက်မှ အဖွဲ့များ ၂၀၀၄ ခုနှစ် ဇူလိုင်လမှ ဩဂုတ်လ အတွင်း တာကာနာကန် အနီး လိုကီတောင် ချောက်ကမ်းပါးတွင် တူးဖော်ရှာဖွေရာမှ တွေ့ရှိခြင်း ဖြစ်သည်။[၄]

အရှေ့အာဖရိကတွင် တွေ့ရှိသော ကျောက်ဖြစ်ရုပ်ကြွင်းများ အရ ပရိုင်းမိတ်များသည် ထိုဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း သန်း ၂၀ ကျော် ကတည်းက လှည့်ပတ်သွားလာနေခဲ့သည်ဟု ညွှန်ပြနေသည်။ လတ်တလော ကင်ညာနိုင်ငံ၏ တာကာနာရေကန် အနီး တွေ့ရှိချက်များ အရ ဟိုမိုဟက်ဘီလစ် (လွန်ခဲ့သော နှစ်ပေါင်း ၁.၈သန်းမှ ၂.၅ သန်းကြား) နှင့် ဟိုမို အီရပ်တပ် (လွန်ခဲ့သော နှစ်ပေါင်း ၁.၈သန်း မှ နှစ်ပေါင်း ၃သိန်းခွဲ ကြား) အစရှိသော ယနေ့ခေတ်လူတို့ တိုက်ရိုက် [၅] ဆင်းသက်ရာ လူတူသတ္တဝါများ ပလေစတိုဆင်း ခေတ်က နေထိုင်ခဲ့သည်ဟု ညွှန်ပြနေသည်။[၆] ၁၉၈၄ ခုနှစ် တာကာနာ ရေကန်တွင် တူးဖော်ရှာဖွေ နေစဉ်အတွင်း ရစ်ချက် လီကီး သည် ကာမိုရာ ကီမူးနှင့် အတူ နှစ်ပေါင်း ၁.၆ သန်း သက်တမ်းရှိသော ဟိုမိုအီရပ်တက် ကျောက်ဖြစ်ရုပ်ကြွင်း တာကာနာလူငယ်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ကျောက်ခေတ်သစ်[ပြင်​ဆင်​ရန်​]

ကင်ညာနိုင်ငံတွင် လူတို့၏ သမိုင်းသက်တမ်း အစမှ စ၍ လူသားတို့ အခြေချ နေထိုင်ခဲ့ကြသည်။

ယနေ့ခေတ် ကင်ညာနေရာတွင် ပထမဆုံး နေထိုင်ကြသူများမှာ မုဆိုးနှင့်စုဆောင်းရှာဖွေသူ အုပ်စုများဖြစ်ပြီး ယနေ့ခေတ် ခွိုင်ဆန် စကားပြောသူများ နှင့် နီးစပ်သည်။[၇] ထိုလူများ နေရာတွင် အစားထိုး ဝင်ရောက်လာသူများမှာ ကူရှစ်တစ် စကားပြောသော ထွန်ယက်စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ကိုင်သူများ ဖြစ်သည်။[၈] ဟိုလိုစင်းခေတ် အစောပိုင်းတွင် ဒေသတွင်း ရာသီဥတုမှာ ခြောက်သွေ့မှုမှ စိုစွတ်မှုသို့ ပြောင်းလဲလာသဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်သာလာခဲ့သည်။[၇]

ဘီစီ ၅၀၀ ခန့်တွင် ယနေ့ခေတ် ကင်ညာနိုင်ငံမှ နိုင်လိုတစ် စကားပြောသူများ၏ ဘိုးဘေးများ ဖြစ်သော နိုင်လိုတစ် စကားပြော ထွန်ယက်စိုက်ပျိုးမွေးမြူသူများ ယနေ့ခေတ် တောင်ဆူဒန် နေရာမှ ကင်ညာနေရာသို့ စတင် ပြောင်းရွှေ့လာခဲ့ကြသည်။[၉][၁၀][၁၁] ကင်ညာနိုင်ငံရှိ နိုင်လိုတစ် စကားပြောသော လူမျိုးစုများတွင် ဆမ်ဘူရူလူမျိုး၊ လူးအိုလူမျိုး၊ တာကာနာလူမျိုး၊ မာဆိုင်းလူမျိုး စသည်တို့ ပါဝင်သည်။[၁၂] အေဒီ ပထမ ထောင်စုနှစ် အတွင်း ဘန်တူစကားပြောသော လယ်သမားများ ဒေသတွင်းသို့ ရွှေ့ပြောင်းလာခဲ့ကြသည်။[၁၃] ဘန်တူများသည် ယနေ့ခေတ် နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း နှင့် ကင်မရွန်းနိုင်ငံ အနောက်ပိုင်း ဒေသများ ဖြစ်သော ဘီနူးမြစ် တလျှောက်ရှိ အနောက် အာဖရိက ဒေသများတွင် နေထိုင်ခဲ့သူများ ဖြစ်သည်။[၁၃] ဘန်တူတို့ ပြောင်းရွှေ့လာပြီးနောက် စိုက်ပျိုးမွေးမြူရေးတွင် တိုးတက်မှုများနှင့် သံထည်လုပ်ငန်းများကို ဒေသအတွင်းသို့ ယူဆောင်လာခဲ့သည်။[၁၄] ကင်ညာတွင် ရှိသော ဘန်တူလူမျိုးများတွင် ကီကူရူးလူမျိုး၊ လူယာ လူမျိုး၊ ကမ်ဘာလူမျိုး၊ ကီဆီးလူမျိုး၊ မီရူးလူမျိုး၊ အမ်ဘိုလူမျိုး၊ အမ်ဘီရီးလူမျိုး၊ ဝါဒါဝီဒါ-ဝါတူဝီတာလူမျိုး၊ ဝါပိုကိုမိုလူမျိုး နှင့် မီဂျီကန်ဒါ လူမျိုး တို့လည်း ပါဝင်သည်။

ဂရိတ်လိတ်ဒေသတွင် ၁၅ ရာစု အထိ နေထိုင်ခဲ့ကြပြီး ယခုအခါ ပျောက်ကွယ်သွားသော ဆီရီကွာလူမျိုး များမှာလည်း ယခင်က ထင်ရှားသည်။

ကင်ညာနိုင်ငံ အတွင်းပိုင်းမှ ထင်ရှားသော သမိုင်းမတင်မီခေတ်က နေရာများတွင် တာကာနာရေကန်၏ အနောက်ပိုင်းရှိ နာမိုရာတွန်ဂါ ရှေးဟောင်းနယ်မြေ နှင့် မီဂိုရီ ကောင်တီရှိ တံတိုင်းခတ် နေထိုင်ရာ သင်မ်လိချ် အိုဟင်ဂါ နယ်မြေတို့ ဖြစ်သည်။

ဆွာဟီလီ ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေး (၁ ရာစုမှ ၁၉ ရာစု အထိ)[ပြင်​ဆင်​ရန်​]

လာမူရှိ ဆွာဟီလီ ရိုးရာ သစ်သားတံခါး

ကင်ညာ ကမ်းရိုးတန်းသည် ပန်းပဲဆရာများ နှင့် လယ်သမားများ၊ မုဆိုးများ၊ တံငါများ ကျင်လည်ကျက်စားရာ ဒေသဖြစ်ပြီး ထိုသူတို့မှ ကင်ညာနိုင်ငံ၏ စီးပွားရေးအတွက် စိုက်ပျိုးမွေးမြူရေး၊ ငါးဖမ်းခြင်း သံထုတ်လုပ်ခြင်း၊ ပြည်ပနိုင်ငံများ နှင့် ကုန်သွယ်ခြင်းတို့ဖြင့် အထောက်အကူ ပေးခဲ့သည်။[၁၅]

အာရေဗျ တောင်ပိုင်းမှ အာရပ်တို့သည် ကမ်းရိုးတန်းတွင် နေထိုင်သော ဘန်တူလူမျိုး တို့ကြားတွင် ဝင်ရောက်အခြေချကြပြီး မွမ်ဘာဆာ၊ မာလင်ဒီ နှင့် ဇမ်ဇီဘာ တို့အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်သည့် မြို့ပြနိုင်ငံများကို တည်ထောင်ရာတွင် ပါဝင်ကူညီခဲ့ကြသည်။ အာရပ်မှ ရွေ့ပြောင်းလာသူတို့က အစ္စလာမ် ဘာသာကိုလည်း ထိုဒေသနှင့် မိတ်ဆက်ပေးခဲ့ကြသည်။ ထိုသို့ ယဉ်ကျေးမှုများ ရောနှောခြင်းကြောင့် ကမ်းရိုးတန်းရှိ ဒေသခံ ဘန်တူတို့၏ ဆွာဟီလီ ယဉ်ကျေးမှု နှင့် ဘာသာစကားတို့တွင် အာရပ်တို့၏ လွှမ်းမိုးမှု သိသာစွာ ရှိနေကြောင်း တွေ့ရသည်။[၁၆]

ကီလ်ဝါ ဆူလတန် စော်ဘွားနယ်မြေသည် သည် ကီလ်ဝါဟု ခေါ်သော ယနေ့ခေတ် တန်ဇေးနီးယားနိုင်ငံ နေရာတွင် အခြေပြု အုပ်စိုးခဲ့သော ဆူလတန် စော်ဘွားနယ်မြေ ဖြစ်သည်။ ထိုအုပ်ချုပ်မှု ၏အာဏာ အမြင့်မားဆုံး အချိန်တွင် ဩဇာအာဏာမှာ ကင်ညာအပါအဝင် ဆွာဟီလီ ကမ်းရိုးတန်း တစ်ခုလုံးကို ဖြန့်ကျက်ထားနိုင်ခဲ့သည်။ ထိုဆူလတန် စော်ဘွားနယ်မြေကို ၁၀ ရာစုတွင် အီရန်တောင်ပိုင်း ရှီရဇ် ဒေသမှ ပါရှား ဆူလတန် တစ်ဦး[၁၇] ဖြ်စ​သော အလီ အစ်ဘ် အယ်လ် ဟာဆန် ရှီရာဇီ [၁၈] က တည်ထောင်ခဲ့သည်။ နောက်ပိုင်း ဆက်ခံသည့် ဆူလတန်များသည် သန္တာကျောက်ဖြင့် ဗလီများကို တည်ဆောက်ခဲ့ကြပြီး ကြေးပြားများကိုလည်း စတင် သုံးစွဲခဲ့ကြသည်။[၁၉]

၁၀ရာစုတွင် ပါရှား ဆူလတန် အလီ အစ်ဘ် အယ်လ် ဟာဇန် ရှီရာဇီ ထူထောင်ခဲ့သောကီလ်ဝါ ဆူလတန် စော်ဘွားနယ်မြေမှ မြေအိုးကွဲများ

ဆွာဟီလီတို့သည် မွမ်ဘာဆာကို အဓိက ဆိပ်ကမ်းမြို့ တစ်ခု အဖြစ်တည်ဆောက်ခဲ့ပြီး အနီးအနားရှိ မြို့ပြနိုင်ငံများသာမက ပါရှား၊ အာရေဗျ နှင့် အိန္ဒိယရှိ ကုန်သွယ်ရေး အချက်အချာ နေရာများနှင့် ကူးသန်းရောင်းဝယ်မှု ပြုခဲ့ကြသည်။ [၂၀]

၁၇ ရာစု နောက်ပိုင်း ဆွာဟီလီ ကမ်းရိုးတန်းကို အိုမာနီ အာရပ်တို့ သိမ်းပိုက်ပြီး တိုက်ရိုက် အုပ်ချုပ်သည့် အခါတွင် အိုမန် နှင့် ဇန်ဇီဘာရှိ စိုက်ခင်းတို့ရှိ အလုပ်သမား လိုအပ်မှုကို ဖြည့်ဆည်းရန် အာရပ်တို့က ကျွန်ရောင်းဝယ်မှုကို စတင်ခဲ့ကြသည်။ [၂၁] အစပိုင်းတွင် ရောင်းဝယ်သူတို့မှာ အိုမန်မှသာ အဓိက လာကြသော်လည်း နောက်ပိုင်းတွင် ဇန်ဇီဘာမှလည်း အများအပြား လာရောက်ကြသည်။[၂၂] ထို့အပြင် ပေါ်တူဂီ တို့ကလည်း အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်၍ ကျွန်အရောင်းအဝယ်ပြုရာတွင် ဗြိတိသျှ ကျွန်စနစ် ဖျက်သိမ်းရေး သမားတို့၏ ကြားဖြတ်နှောင့်ယှက်မှုကို ကြုံရသဖြင့် အိုမန်နှင့် ဇန်ဇီဘာတို့ ထံမှ ကျွန်များကို စတင် ဝယ်ယူခဲ့ကြလေသည်။

ဆွာဟီလီ ဘာသာစကား၊ အာရပ်ဘာသာ စကားပါဝင်သော ဘန်တူ ဘာသာစကား၊ ပါရှား ဘာသာစကားနှင့် အခြား အရှေ့အလယ်ပိုင်းနှင့် အာရှတောင်ပိုင်းမှ အငှားသုံးသော စကားလုံးများဖြင့် ခြားနားသော လူမျိုးတို့ အခြား ကုန်သွယ်ရာတွင် အသုံးပြုသော ဘာသာစကားတစ်ခု ပေါ်ထွက်လာခဲ့သည်။ ဆွာဟီလီ ဘာသာစကားတွင်လည်း ယခုအခါ အင်္ဂလိပ်ဘာသာမှ ငှားသုံးသော စကားလုံးများ ရှိသည်။

ရာစုနှစ်ပေါင်း များစွာ အတွင်း ကင်ညာကမ်းရိုးတန်းသည် ကုန်သည်မှားနှင့် စွန့်စားသွားလာသူများအတွက် အိမ်ရှင် အဖြစ် တည်ရှိခဲ့သည်။ ကင်ညာကမ်းရိုးတန်းတွင် စီတန်း တည်ရှိနေသော မြို့ပြများတွင် မာလင်ဒီ လည်း အပါအဝင် ဖြစ်သည်။ ထိုမြို့မှာ ၁၄ ရာစုကတည်းကပင် ဆွာဟီလီတို့၏ အရေးပါသော နေထိုင်ရာ အဖြစ်တည်ရှိနေခဲ့ပြီး တစ်ချိန်က အာဖရိက ဂရိတ်လိတ် ဒေသတွင် မွမ်ဘာဆာနှင့် အပြိုင်အဆိုင် ထင်ရှားခဲ့သည်။ မာလင်ဒီသည် သာမန်အားဖြင့် နိုင်ငံခြားသားများ အတွက် ဖော်ရွေသော ဆိပ်ကမ်းမြို့ တစ်မြို့ပင် ဖြစ်သည်။ ၁၄၁၄တွင် မာလင်ဒီရှိ ဆွာဟီလီ ဆူလတန်က စူးစမ်းရှာဖွေသူ ကျန်းဟီ၏ ခရီးစဉ်တွင် တရုတ်ပြည် မင်မင်းဆက်နှင့် သံတမာန် ဆက်ဆံရေး စတင်ခဲ့သည်။[၂၃]မာလင်ဒီ အာဏာပိုင်တို့သည် ၁၄၉၈တွင် ပေါ်တူဂီ စူးစမ်းရှာဖွေသူ ဗတ်စကို ဒဂါးမား ကိုလည်း လက်ခံကြိုဆိုခဲ့ကြသည်။

ဗြိတိသျှကင်ညာ (၁၈၈၈-၁၉၆၂)[ပြင်​ဆင်​ရန်​]

၁၉၀၉ ခုနှစ်တွင် တွေ့ရသော ဗြိတိသျှ အရှေ့အာဖရိက

ဇမ်ဇီဘာရှိ ဆူလတန်၏ ကမ်းရိုးတန်း ပိုင်ဆိုင်မှု အပေါ်တွင် ဂျာမန်တို့က အထိန်းသိမ်းခံ နိုင်ငံ အဖြစ် စတင်တည်ထောင်ရာမှ ကင်ညာ၏ ကိုလိုနီ သမိုင်းကြောင်း စတင်ခဲ့ပြီး ၁၈၈၈ ခုနှစ်တွင် ဗြိတိသျှ အရှေ့အာဖရိက ကုမ္ပဏီ စတင် ရောက်ရှိလာခဲ့သည်။ ဂျာမန်တို့က ၁၈၉၀ တွင် ဗြိတိန်သို့ ကမ်းရိုးတန်း ပိုင်ဆိုင်မှုကို ပေးအပ်ရာမှ ဗြိတိသျှတို့၏ နေမဝင် အင်ပါယာ တပ်မတော် ၏ လှုပ်ရှားမှု ရပ်တန့်သွားခဲ့သည်။ ထို့နောက်တွင် နိုင်ငံအတွင်း ဖြတ်သန်းသွားသော ကင်ညာ-ယူဂန်ဒါ ရထားလမ်းကို ဗြိတိသျှတို့က စတင်ဖောက်လုပ်ခဲ့ကြသည်။[၂၄]

ထို ရထားလမ်းအား အချို့သော ဒေသခံ လူမျိုးတို့က လက်မခံပဲ ကန့်ကွက် တော်လှန်ခဲ့ကြပြီး အထူးသဖြင့် နန်ဒီ လူမျိုးများက ၁၈၉၀ မှ ၁၉၀၀ ထိ ဆယ်နှစ်တိုင်အောင် ဖြစ်သည်။ သို့သော်လည်း ဗြိတိသျှတို့က ရထားလမ်းကို ပြီးဆုံးအောင် ဖောက်နိုင်ခဲ့သည်။ နန်ဒီတို့သည် ရထားလမ်း ဖောက်လုပ်ခြင်းကို နှောင့်ယှက်သော ပထမဆုံးသော ဒေသခံများ ဖြစ်ကြသည်။ ၁၉၂၀ တွင် အရှေ့အာဖရိက အထိန်းသိမ်းခံ နိုင်ငံအား ကိုလိုနီ အဖြစ် ပြောင်းလဲခဲ့ပြီး ထိုဒေသရှိ အမြင့်ဆုံးတောင်ကို အစွဲပြုကာ ကင်ညာဟု အမည်သစ် ပေးခဲ့သည်။[၂၄]

ရထားလမ်း ဖောက်လုပ်နေစဉ်တွင် လိုအပ်သော ကျွမ်းကျင်သည့် လုပ်သားများ အတွက် အိန္ဒိယ တိုင်းရင်းသား အမြောက်အများ ဝင်ရောက် လာခဲ့သည်။[၂၅] ၎င်းတို့၏ သားစဉ်မြေးဆက် အိန္ဒိယသားများမှာ ကင်ညာနိုင်ငံတွင် ဆက်လက်ရှိနေခဲ့ပြီး နောင်တွင် အစ်စမေးလ် မူဆလင် နှင့် ဆစ်ခ် အစရှိသော ကင်ညာရှိ သိသာထင်ရှားသော အိန္ဒိယ အုပ်စုများ ဖြစ်လာခဲ့သည်။[၂၆]

ဆာဗိုနယ်ကို ဖြတ်၍ ရထားလမ်း ဖောက်လုပ်နေစဉ်တွင် အချို့သော အိန္ဒိယ ရထားလမ်း အလုပ်သမားများနှင့် ဒေသခံ အာဖရိက အလုပ်သမားများမှာ ဆာဗို လူသားစား ခြင်္သေ့များ ဟု အမည်ရသော ခြင်္သေ့ နှစ်ကောင်၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။[၂၇]

၁၉၁၄ ဩဂုတ်လ ပထမကမ္ဘာစစ် ဖြစ်သော အခါတွင် ဗြိတိသျှ အရှေ့ အာဖရိက ဘုရင်ခံ နှင့် ဂျာမန် အရှေ့အာဖရိက ဘုရင်ခံတို့ နုနယ်သေးသော ကိုလိုနီများကို တိုက်ပွဲများမှ ကင်းလွတ်ရန်အတွက် ယာယီ မပစ်ခေတ်ရေး သဘောတူညီမှု ရယူခဲ့သည်။ ဒုတိယ ဗိုလ်မှူးကြီး ပေါလ် ဗွန် လက်တောင်း ဗော်ဘက်ခ် သည် ဂျာမန် စစ်တပ်များကို ဦးဆောင်၍ ဗြိတိသျှတို့၏ အရင်းအမြစ်များကို တတ်နိုင်သမျှ ထိန်းချုပ်နိုင်ရန် အတွက် ဆုံးဖြတ်ခဲ့သည်။ ဂျာမနီ နိုင်ငံနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်နေသော်လည်း ဗွန်လက်တောင်း သည် ထိရောက်သော ပြောက်ကျားစစ်ကို ဆင်နွဲနိုင်ခဲ့ပြီး ကမ်းလွန် တွင်နေထိုင်၍ ဗြိတိသျှတို့၏ ရိက္ခာများကို လမ်းမှ ဖြတ်တောက်၍ လုံးဝ မရှုံးနိမ့်ဘဲ ရှိနေခဲ့သည်။ နောက်ဆုံး ၁၉၁၈ ခုနှစ် စစ်ကြီး ပြီးဆုံးပြီး ၁၄ ရက် ကြာသည့် အခါတွင်မှ ယနေ့ခေတ် ဇမ်ဘီယာနိုင်ငံ နေရာဖြစ်သော မြောက်ရိုဒီးရှားတွင် လက်နက်ချခဲ့သည်။[၂၅]

၁၈၉၉ ခုနှစ် ကင်ညာ-ယူဂန်ဒါ ရထားလမ်းကို မွမ်ဘာဆာ အနီးတွင် တွေ့ရပုံ

ဗွန်လက်တောင်း ကို ဖမ်းမိနိုင်ရန်အတွက် ဗြိတိသျှ တို့သည် အိန္ဒိယမှ ဗြိတိသျှ အိန္ဒိယ စစ်တပ်ကို ပို့လွှတ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးတွင် ကုန်းတွင်းပိုင်းကျသော နေရာများမှ ရိက္ခာများကို သယ်ပို့နိုင်ရန် အထမ်းသမား အမြောက်အများကို အသုံးပြုခဲ့ရသည်။ ကယ်ရီယာကော့ပ် ဟုခေါ်သော စစ်တပ်ကို ဖွဲ့စည်းခဲ့ပြီး အာဖရိကသား ၄ သိန်းကျော်ကို အသုံးပြုခဲ့ရာ ထိုသူတို့၏ ရေရှည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု အတွက် အထောက်အပံ့ တစ်ခု ဖြစ်ခဲ့သည်။[၂၅]

၂၀ ရာစု အစောပိုင်းတွင် အတွင်းပိုင်း ကုန်းမြင့်ဒေသတွင် ဗြိတိသျှ နှင့် အခြား ဥရောပ လယ်သမားတို့ အခြေချခဲ့ကြပြီး ၎င်းတို့မှာ ကော်ဖီ နှင့် လက်ဖက် တို့ကို စိုက်ပျိုးခြင်းဖြင့် ကြွယ်ဝချမ်းသာ လာခဲ့ကြသည်။[၂၈]၁၉၃၀ ပြည့်နှစ်များတွင် ထိုဒေသတွင် နေထိုင်သူ လူဖြူ ၃၀,၀၀၀ ခန့် အထိ ရှိလာခဲ့ပြီး နိုင်ငံစီးပွားရေး အပေါ်တွင် သူတို့၏ ပံ့ပိုးမှုကြောင့် နိုင်ငံရေးတွင် ပြောရေး ဆိုခွင့် ရလာခဲ့ကြသည်။

အလယ်ပိုင်းကုန်းမြင့် ဒေသတွင် ယခင်ကတည်းက ကီကူယူး လူမျိုး တစ်သန်းခန့် နေထိုင်ခဲ့ကြပြီး ရွှေ့ပြောင်း လယ်သမားများ အဖြစ် နေထိုင်ခဲ့ကြသဖြင့် ဥရောပတို့၏ ဥပဒေအရ မြေယာပိုင်ဆိုင်ခွင့် မရှိ ပေ။ နောက်မှ အခြေချ နေထိုင်သူတို့က သူတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် ရွှေ့ပြောင်း လယ်သမားတို့ ကော်ဖီ စိုက်ပျိုးမှုကို ပိတ်ပင်ခဲ့ပြီး တဲခွန် ကောက်ခံခဲ့သဖြင့် မြေယာမရှိသူတို့မှာ သူတို့၏ လုပ်အားအတွက် ပြန်ရသည်မှာ နည်းသည်ထက်နည်းလာခဲ့သည်။ ထိုဒေသတွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့ သဖြင့် မြို့ကြီးများသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခဲ့ကြသည်။[၂၅] ၁၉၅၀ ခုနှစ်များတွင် ကင်ညာ၌ နေထိုင်သော လူဖြူ ၈၀,၀၀၀ မျှ ရှိသည်။[၂၉]

၁၉၅၂ ခုနှစ်တွင် အဲလိဇဘက် ၂ ဘုရင်မကြီး နှင့် သူမ၏ ခင်ပွန်း ဖိလစ် မင်းသားတို့ ကင်ညာနိုင်ငံ ထရီးတော့ပ် ဟိုတယ်တွင် အပန်းဖြေခရီး လာရောက်နေခိုက်တွင် သူမ၏ ဖခင် ဆဌမမြောက် ဂျော့ရှ် ဘုရင် အိပ်နေရင်း ကွယ်လွန်သွားခဲ့သည်။ မင်းသမီးငယ်သည် သူမ၏ ခရီးစဉ်ကို ဖျက်သိမ်းပြီး အိမ်သို့ အမြန်ပြန်ကာ ထီးနန်းကို ဆက်ခံခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် အဲလိဇဘက် ဘုရင်မ ၂ သည် ဝက်မင်စတာ ဘုရားကျောင်းတွင် ဘိသိက်ခံခဲ့ပြီး လူတစ်ဦးက သူမသည် အာဖရိကရှိ သစ်ပင်ပေါ်သို့ မင်းသမီး အဖြစ် တက်သွားပြီး ဘုရင်မ အဖြစ် ပြန်ဆင်းလာခဲ့သည်ဟု တင်စားပြောဆိုလေသည်။[၃၀]

မောမော ပုန်ကန်မှု (၁၉၅၂-၁၉၅၉)[ပြင်​ဆင်​ရန်​]

၁၉၅၀ ခုနှစ်များ အတွင်းက ဗြိတိသျှ ကိုလိုနီစနစ်ကို ပုန်ကန်တိုက်ခိုက်ခဲ့သော ကင်ညာ မောမော သူပုန် ခေါင်းဆောင် ဒီဒန် ကီမာသီ၏ ရုပ်ထု

၁၉၅၂ ခုနှစ် အောက်တိုဘာလမှ ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ အထိ ကင်ညာနိုင်ငံတွင် ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို တွန်းလှန်သော မောမော ပုန်ကန်မှု ဖြစ်ပေါ်သဖြင့် အရေးပေါ် အခြေအနေ ဖြစ်ပွားခဲ့သည်။ ဘုရင်ခံမှ ဘုရင်၏ အာဖရိက ရိုင်ဖယ်တပ် အပါအဝင် ဗြိတိသျှနှင့် အာဖရိကတပ်များကို တောင်းခံ ခဲ့သည်။ ဗြိတိသျှ တို့သည် သူပုန် နှိမ်နှင်းရေးကို ၁၉၅၃ ခုနှစ် မေ လမှ စတင်ခဲ့ပြီး ဗိုလ်ချုပ်ကြီး ဂျော့ရှ် အားစ်ကိုင်း မှ ကိုလိုနီ တပ်များကို ဦးဆောင်ခဲ့ကာ ဝင်စတန် ချာချီ က နောက်မှ ထောက်ပံ့ပေးခဲ့သည်။[၃၁]

ဂျင်နရယ် ချိုင်းနား ဟု အမည်ရသော ဝါအူဟီအူ အီတိုတဲ ကို ၁၉၅၄ ခုနှစ် ဇန်နဝါရီ ၁၅တွင် ဖမ်းဆီးရမိပြီး နောက်ဆက်တွဲ စစ်ဆေးမေးမြန်းမှုများမှ မောမော တပ်တို့၏ ဖွဲ့စည်းပုံကို ပိုမို နားလည် သိရှိခဲ့သည်။ ဗြိတိသျှ တို့သည် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ရက်သတ္တပတ်ပေါင်း များစွာ ပြင်ဆင် စီမံခဲ့ပြီးနောက် ၁၉၅၄ ခုနှစ် ဧပြီလ ၂၄ တွင် အန်ဗေးစစ်ဆင်ရေးကို စတင်ခဲ့သည်။ ထိုစစ်ဆင်ရေးမှ နိုင်ရိုဘီကို စစ်ရေး အရ ထိန်းချုပ်နိုင်ခဲ့ပြီး မြို့တွင်းနေသူတို့ကို စိစစ်ကာ မောမော ထောက်ခံသူများကို အကျဉ်းစခန်းများသို့ ပို့ဆောင်ခဲ့သည်။ အိမ်စောင့်တပ်များတွင် အာဖရိက သစ္စာခံများ ပါဝင်ပြီး ဗြိတိသျှ စစ်တပ်နှင့် ဘုရင်၏ ရိုင်ဖယ်တပ်ကဲ့သို့သော နိုင်ငံခြား စစ်တပ်များ မပါဝင်သဖြင့် အစိုးရ၏ နည်းဗျူဟာ များတွင် အချက်အချာ ဖြစ်လာခဲ့သည်။ အရေးပေါ် အခြေအနေ အပြီးတွင် အိမ်စောင့်တပ်များမှ မောမောသူပုန် ၄,၆၈၆ ဦးကို သတ်ပစ်ခဲ့ပြီး သူပုန် စုစုပေါင်း၏ ၄၂ ရာခိုင်နှုန်းမျှ ဖြစ်သည်။ ၁၉၅၆ ခုနှစ် အောက်တိုဘာ ၂၁တွင် နိုင်အာရီတွင် ဒီဒန် ကီမာသီကို ဖမ်းဆီးရမိပြီးနောက် မောမောတို့၏ ရှုံးနိမ့်ခြင်း အပြီးသို့ တိုင်ခဲ့ပြီး စစ်ရေးတိုက်ပွဲများ ပြီးဆုံးခဲ့သည်။[၃၁] ထိုအချိန်များ အတွင်း မြေပိုင်ဆိုင်မှု နှင့် ပတ်သက်သော စနစ်များကို သိသိသာသာ ပြောင်းလဲခဲ့သည်။ ထိုအထဲတွင် အထင်ရှားဆုံးမှာ သစ္စာခံများကို ဆုပေး၍ မောမောများကို ဒဏ်ပေးသော ဆွင်နာတန် အစီအစဉ်ပင် ဖြစ်သည်။

လွတ်လပ်သော ကင်ညာနိုင်ငံ (၁၉၆၃)[ပြင်​ဆင်​ရန်​]

ကင်ညာနိုင်ငံ၏ ပထမဆုံးသမ္မတ နှင့် ကင်ညာကို တည်ထောင်သူ ဂျိုမို ကင်ညတ်တာ

၁၉၅၇ ခုနှစ်တွင် ကင်ညာနိုင်ငံသားတို့မှ ဥပဒေပြု ကောင်စီသို့ တိုက်ရိုက်ရွေးချယ်သော ပထမဆုံး ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။ ဗြိတိသျှတို့က အစွန်းမရောက်သော ဒေသခံ ပြိုင်ဖက်တို့ကို အာဏာလွှဲပေးရန် မျှော်လင့်ထားခဲ့သောလည်း ကင်ညာ အာဖရိက အမျိုးသား တပ်ပေါင်းစုမှ ဂျိုမို ကင်ညတ်တာက ၁၉၆၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ကင်ညာနိုင်ငံ လွတ်လပ်ရေး မရမီ အချိန်ကလေးတွင် အစိုးရ ဖွဲ့စည်းနိုင်ခဲ့ပြီး ထိုနေ့တွင်ပင် ကင်ညာနိုင်ငံ၏ ပထမဆုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြဌာန်းခဲ့သည်။[၃၂]

တစ်ချိန်တည်းမှာပင် ကင်ညာစစ်တပ်မှ မြောက်ပိုင်းနယ်စပ် ခရိုင်တွင် နေထိုင်ပြီး မြောက်ဘက် ဆိုမာလီ သမ္မတနိုင်ငံရှိ သူတို့၏ မျိုးနွယ်တူများနှင့် ပူးပေါင်းချင်သော ဆိုမာလီ သူပုန်များနှင့် ရှီဖတာစစ်ပွဲကို ဆင်နွှဲရသည်။[၃၃] ၁၉၆၇ အောက်တိုဘာလ အာရှုရာ ကြေငြာချက်ဖြင့် အပစ်အခတ် ရပ်စဲရေးကို သဘောတူနိုင်ခဲ့သော်လည်း ၁၉၆၉ ခုနှစ်အထိ တည်ငြိမ်အေးချမ်းမှု မရှိဘဲ ဖြစ်နေခဲ့သည်။[၃၄][၃၅]နောက်ထပ် ကျူးကျော် ဝင်ရောက်မှုများကို တွန်းလှန်နိုင်ရန် အတွက် ၁၉၆၉ ခုနှစ်တွင် ကင်ညာသည် အီသီယိုးပီးယားနိုင်ငံနှင့် ကာကွယ်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပြီး ယခုထိတိုင် အသက်ဝင်နေဆဲ ဖြစ်သည်။[၃၆]

၁၉၆၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ကင်ညာသမ္မတနိုင်ငံ အဖြစ်ကြေငြာခဲ့ပြီး ဂျိုမို ကင်ညတ်တာသည် ကင်ညာနိုင်ငံ၏ ပထမဆုံး သမ္မတ ဖြစ်လာခဲ့သည်။[၃၇]

မွိုင်ခေတ် (၁၉၇၈-၂၀၀၂)[ပြင်​ဆင်​ရန်​]

၁၉၇၈ ခုနှစ် ကင်ယတ်တာ ကွယ်လွန်ပြီးနောက်တွင် ဒင်နီယယ် အာရပ် မွိုင် သမ္မတ ဖြစ်လာခဲ့သည်။ ဒင်နီယယ် အာရပ် မွိုင်သည် ၁၉၇၉၊ ၁၉၈၃ နှင့် ၁၉၈၈ ခုနှစ် တို့တွင်ကျင်းပသော ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်သူ မရှိဘဲ သမ္မတ အဖြစ် ဆက်လက် အရွေးခံခဲ့သည်။ ထိုရွေးကောက်ပွဲများမှာ တစ်ပါတီ စနစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်တွင် ကျင်းပခြင်း ဖြစ်သည်။ ၁၉၈၃ ခုနှစ် ရွေးကောက်ပွဲကို တစ်နှစ်စော၍ ကျင်းပခဲ့ပြီး ၁၉၈၂ ခုနှစ် ဩဂုတ်လ ၂ ရက် မအောင်မြင်သော စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ဖြစ်သည်။

ကင်ညာနိုင်ငံ၏ ဒုတိယမြောက် သမ္မတ ဒင်နီယယ် အာရပ် မွိုင်ကို အမေရိကန် သမ္မတဟောင်း ဂျော့ချ် ဒဗလျူ ဘုရှ် နှင့် အတူ တွေ့ရပုံ

မအောင်မြင်သော အာဏာသိမ်းမှုမှာ လေတပ်မှ ရာထူးငယ်သော ဝါရင့် တပ်သား အဆင့်ရှိ ဟဲဇာကိုင်းယား အိုချူ ကာမှ ဦးဆောင်စီမံ၍ လေတပ် အတွင်းမှ စစ်မှုထမ်း အမိန့်ဖြင့် ဝင်ရောက်နေသော တပ်သားများ အဓိက ပါဝင်သည်။ အာဏာသိမ်းရန် ကြံစည်မှုကို ဆိုမာလီ စစ်ဘက် အရာရှိဟောင်း ဖြစ်သော စစ်ဦးစီးချုပ် မာမု မိုဟာမက် ဦးဆောင်သော တပ်များ မှ လျှင်မြန်စွာ နှိမ်နင်း နိုင်ခဲ့သည်။[၃၈] ထိုတပ်ဖွဲ့များတွင် ရဲဘက်မှ စစ်ရေးတပ်ဖွဲ့များ ပါဝင်သည်။


၁၉၈၀ ခုနှစ် ဂါရစ်ဆာ လူသတ်ပွဲ အပြင် ကင်ညာတပ်များသည် ၁၉၈၄ တွင် ကင်ညာ အရှေ့မြောက် ခရိုင်မှ အရပ်သားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သော ဝါဂဲလာ လူသတ်ပွဲကို ကျူးလွန် ခဲ့ကြသည်။ ၂၀၁၁ ခုနှစ်တွင် ထိုလူသတ်ပွဲများနှင့် ပတ်သက်၍ စစ်ဆေးရန် တရားဝင် အမိန့်ထုတ်ပြန်ခဲ့သည်။[၃၉]

၁၉၈၈ ခုနှစ် ရွေးကောက်ပွဲတွင် လျို့ဝှက်မဲပေးစနစ် အစား မဲပေးသူများက မိမိတို့ ကြိုက်နှစ်သက်သော အမတ်၏ နောက်တွင် တန်းစီသည့် စနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။ ထိုအချက်ကြောင့် ဒီမိုကရေစီ မဆန်သော အစိုးရ၏ သရုပ်ကို အမြင့်မားဆုံး ဖော်ပြခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လှုပ်ရှားမှုများ အနှံ့အပြား ဖြစ်လာခဲ့သည်။ ပါတီတစ်ခုတည်းကိုသာ ခွင့်ပြုသော ပုဒ်မ အပါအဝင် အခြား အငြင်းပွားဖွယ်ရာ ပုဒ်မ အများအပြားကို ရွေးကောက်ပွဲပြီး နှစ်များတွင် ပြင်ဆင်ခဲ့ကြသည်။[၄၀] ၁၉၉၂ ခုနှစ် နှင့် ၁၉၉၇ ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲများတွင် ဒင်နီယယ် အာရပ် မွိုင် ပင် ပြန်လည် အရွေးခံခဲ့ရသည်။[၄၁]

၂၀၀၀ ပြည့်နှစ်များ[ပြင်​ဆင်​ရန်​]

၂၀၀၂ ခုနှစ်တွင် မွိုင်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆက်လက် ယှဉ်ပြိုင်ခွင့် မရှိတော့ပဲ အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ "အမျိုးသား သက်တန့် ညွန့်ပေါင်း" မှ ယှဉ်ပြိုင်သော မွိုင်း ကီဘာကီ မှ သမ္မတ ဖြစ်လာခဲ့သည်။ ထိုရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ အဖြစ် ဒေသခံ နှင့် အပြည်ပြည်ဆိုင်ရာ စောင့်ကြည်သူများမှ သတ်မှတ်ခဲ့ပြီး ကင်ညာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးမှုအတွက် အလှည့်အပြောင်း အချိန်တစ်ခု ဖြစ်လာခဲ့သည်။[၄၁]

၂၀၁၁ ခုနှစ်တွင် နှစ်နှစ် ဆက်တိုက် မိုးခေါင်ခဲ့ပြီး နှစ် ၆၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှု ဖြစ်ခဲ့သည်။ အထူးသဖြင့် အနောက်မြောက် တာကာနာ ဒေသတွင် အထိခိုက်ဆုံး ဖြစ်ခဲ့ပြီး[၄၂] အကျိုးဆက်အားဖြင့် ဒေသအတွင်းရှိ ကျောင်းများကို ပိတ်ပစ်ခဲ့ရသည်။[၄၃] ထို ကပ်ဘေးကို ၂၀၁၂ အစောပိုင်းတွင် ပူးပေါင်းဆောင်ရွက်သော ကယ်ဆယ်ရေး လုပ်ငန်းများဖြင့် ကျော်လွန် နိုင်ခဲ့သည်။ ထို့နောက်တွင် ကူညီကယ်ဆယ်ရေး အဖွဲ့များမှ ရေပေးမြောင်းများတူးဖော်ခြင်း နှင့် အပင်မျိုးစေ့များကို ဖြန့်ဖြူးခြင်း အပါအဝင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အာရုံစိုက် လုပ်ဆောင်ခဲ့ကြသည်။[၄၄]

အစိုးရနှင့် နိုင်ငံရေး[ပြင်​ဆင်​ရန်​]

သမ္မတဟောင်း မွိုင်း ကီဘာကီ

ကင်ညာသည် သမ္မတ ဦးဆောင်သော ကိုယ်စားပြု ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဖြစ်သည်။ သမ္မတသည် နိုင်ငံ၏ခေါင်းဆောင် နှင့် အစိုးရ အဖွဲ့၏ ခေါင်းဆောင်ဖြစ်ကာ ပါတီစုံ စနစ်ကို ကျင့်သုံးသည်။ အုပ်ချုပ်ရေး အာဏာကို အစိုးရက ကျင့်သုံးသည်။ ဥပဒေပြု အာဏာကို အစိုးရနှင့် အမျိုးသား လွှတ်တော် သို့မဟုတ် ပါလီမန် အောက်လွှတ်တော် သို့ အပ်နှင်း ထားသည်။ တရားစီရင်ရေးမှာ အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးတို့မှ သီးသန့်ဖြစ်သည်။ ယခင်က အထူးသဖြင့် ယခင် သမ္မတ ဒင်နီယယ် အာရပ် မွိုင် လက်ထက်တွင် အုပ်ချုပ်ရေးပိုင်းမှ တရားစီရင်ရေး၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်သည်ဟု စိုးရိမ်မကင်း ရှိခဲ့ကြသည်။

ကင်ညာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု အဖွဲ့ ၏နိုင်ငံအသီးသီးတို့၏ အများပြည်သူနှင့်ဆိုင်သော နေရာများတွင် ဖြစ်ပေါ်သည့် ခြစားမှုများ ကိုတိုင်းတာသော အဂတိ လိုက်စားမှု နိုင်ငံများ နှိုင်းယှဉ်စာရင်း တွင် အနိမ့်ပိုင်း၌ ကျရောက်သည်။ ၂၀၁၂ ခုနှစ်တွင် ကင်ညာနိုင်ငံသည် နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင် နံပါတ် ၁၃၉ နေရာတွင် ရှိနေပြီး အမှတ်အားဖြင့် ၂၇/၁၀၀ ဖြစ်သည်။[၄၅] သို့သော်လည်း ကင်ညာ အစိုးရ အဖွဲ့၏ လုပ်ဆောင်ချက်များတွင် ခြစားမှု တိုက်ဖျက်ရေး အတွက် သိသာထင်ရှားသော တိုးတက်မှု အချို့ ရှိလာသည်။ ဥပမာ အားဖြင့် လွတ်လပ်သော ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် အသစ် ဖွဲ့စည်းခြင်း ဖြစ်သည်။[၄၆]

၁၉၉၇ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အပြီးတွင် ကင်ညာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပို၍ အသေးစိတ်ကျစွာ ပြင်ဆင်နိုင်ရန် အတွက် ကင်ညာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ဥပဒေကို လွှတ်တော်မှ အတည်ပြုပြဌာန်းခဲ့သည်။[၄၇]

၂၀၀၂ ခုနှစ် ကင်ညာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ပွင့်လင်းသော ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး နိုင်ငံတကာ လေ့လာသူများက လွတ်လပ်၍ တရားမျှတသည်ဟု သုံးသပ်ကြသည်။ ၂၀၀၂ ခုနှစ် ရွေးကောက်ပွဲသည် ကင်ညာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုအတွက် အရေးကြီးသော အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပြီး ကင်ညာနိုင်ငံကို လွတ်လပ်ရေး ရကတည်းက အုပ်ချုပ်ခဲ့သော ကင်ညာ အာဖရိက အမျိုးသား တပ်ပေါင်းစု မှ နိုင်ငံရေးပါတီများ ညွန့်ပေါင်း အဖွဲ့ဖြစ်သော အမျိုးသား သက်တန့် ညွန့်ပေါင်း အဖွဲ့သို့ ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်း ပေးခဲ့သည်။

သမ္မတ မွိုင်း ကီဘာကီ လက်ထက်တွင် အာဏာရလာသော ညွန့်ပေါင်း အစိုးရသစ်သည် စီးပွားရေး တိုးတက်မှု ဖြစ်ပေါ်ရန်၊ ခြစားမှု တိုက်ဖျက်ရန်၊ ပညာရေး တိုးမြှင့်ရန် နှင့် အခြေခံ ဥပဒေကို ပြန်လည်ရေးဆွဲရန် ကိစ္စရပ်များကို ဦးတည်ဆောင်ရွက်မည်ဟု ကတိပေးခဲ့သည်။ အချို့သော ကတိများသာ လက်တွေ့ အကောင်အထည် ပေါ်လာခဲ့သည်။ မူလတန်း ပညာရေးမှာ အခမဲ့ ဖြစ်လာသည်။ ၂၀၀၇ ခုနှစ်တွင် ၂၀၀၈ ခုနှစ်မှ စ၍ အထက်တန်း ပညာရေး အတွက် ကုန်ကျ စရိတ်ကို အစိုးရမှ များစွာ ထောက်ပံ့မည် ဟု အစိုးရမှ ကြေငြာချက် ထုတ်ခဲ့ပြီး အစိုးရမှ ကျောင်းလခ အားလုံးကို ပေးခဲ့သည်။ [၄၈]

၂၀၀၇ ရွေးကောက်ပွဲများ[ပြင်​ဆင်​ရန်​]

၂၀၀၇-၂၀၀၈ ကင်ညာ အရေးကိစ္စ အတွင်း လိမ္မော်ရောင် ဒီမိုကရေစီ လှုပ်ရှားသူများ ဆန္ဒပြနေစဉ်

၂၀၀၇ ခုနှစ် ကင်ညာ အထွေထွေ ရွေးကောက်ပွဲကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၂၇ တွင် ကျင်းပခဲ့သည်။[၄၉] ထိုရွေးကောက်ပွဲမှာ သမ္မတ၊ ပါလီမန် နှင့် အရပ်ဘက်ဆိုင်ရာ အားလုံး အတွက် ဖြစ်သည်။

ပါလီမန် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး ယေဘူယျအားဖြင့် တရားမျှတသည်ဟု ဆိုနိုင်သည်။ ထိုရွေးကောက်ပွဲမှ သိသာသော ပြောင်းလဲမှု များစွာ ဖြစ်ပေါ်ခဲ့သည်။ ထိုအထဲမှ ကောက်နှုတ် တင်ပြရလျှင်-

  • မိမိတို့ နေရာ အတွက် ပြန်လည်ယှဉ်ပြိုင်သော အမတ် ၁၉၀ ဦး ထဲမှ ၇၁ ဦးသာ ပြန်၍ အရွေးခံရသည်။
  • မိမိတို့ နေရာအတွက် ပြန်လှည်ယှဉ်ပြိုင်သော ဝန်ကြီး ၂၀ ဦး ရှုံးနိမ့်ခဲ့သည်။
  • ၂၀၀၂ ခုနှစ် အတွက် တရားဝင် အတိုက်အခံ အဖွဲ့ဖြစ်သော ကင်ညာ အာဖရိက အမျိုးသားတပ်ပေါင်းစုမှာ ၆၂ နေရာမှ ၁၄ နေရာသို့ လျော့ကျသွားခဲ့သည်။
  • ကင်ညာနိုင်ငံ၏ သမိုင်းတွင် အများဆုံး အဖြစ် အမျိုးသမီး ၁၅ ဦး ရွေးချယ်ခံခဲ့ရသည်။ စသည်တို့ ဖြစ်သည်။

ရွေးကောက်ပွဲ အတွက် အဓိက အငြင်းပွားကြသော ပြသနာများမှာ-

  • ဒေသအလိုက် ဖွံ့ဖြိုးရေး ရန်ပုံငွေများ ခွဲဝေပေးမှု
  • အမတ်တို့၏ လစာ တိုးမြှင့်မှု
  • ၉ ကြိမ်မြောက် ပါလီမန်မှ အတည်ပြု/အတည်မပြု ခဲ့သော ဥပဒေများ
  • ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြောင်းလဲခြင်းတို့ ဖြစ်သည်။

သမ္မတ ရွေးကောက်ပွဲတွင်မှု လက်ရှိသမ္မတ ကီဘာကီသည် အမျိုးသားစည်းလုံးညီညွတ်ရေးပါတီမှ နေ၍ ပြန်လည်အရွေးခံရန် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်မှာ အဓိက အတိုက်အခံ ပါတီဖြစ်သော လိမ္မော်ရောင် ဒီမိုကရက်တစ် လှုပ်ရှားမှု ပါတီ ဖြစ်သည်။ နိုင်ငံတကာ လေ့လာသူများက ရွေးကောက်ပွဲသည် အပြည်ပြည်ဆိုင်ရာ စံနှုန်း မမီ ဟု ပြောဆို ဝေဖန်ခဲ့ကြသည်။ လိမ္မော်ရောင် ဒီမိုကရက်တစ် လှုပ်ရှားမှု ပါတီ နှစ်ခြမ်းကွဲခဲ့ပြီး အသစ်ဖွဲ့စည်းသော လိမ္မော်ရောင် ဒီမိုကရက်တစ်ပါတီ-ကင်ညာမှ အရွေးခံသူ ကာလွန်ဇို မတ်စ်ယိုကာ ထံသို့ အရေးပါသော မဲအရေအတွက် ၈ ရာခိုင်နှုန်း ပါသွားခဲ့ပြီးနောက် အပြီးသတ် ယှဉ်ပြိုင်မှုမှာ လိမ္မော်ရောင် ဒီမိုကရက်တစ်ပါတီမှ အရွေးခံသူ ရိုင်လာ အိုဒင်ဂါနှင့် ကီဘာကီတို့ နှစ်ဦးသာ ဖြစ်သည်။ ကင်ညာ ရွေးကောက်ပွဲ ကော်မရှင် ဌာနချုပ်တွင် မဲရေတွက်နေစဉ် အိုဒင်ဂါ ထောက်ခံသူများသော မဲဆန္ဒနယ်မှ မဲများ ဦးစွာ ရောက်ရှိလာသဖြင့် အိုဒင်ဂါ မှာ ပထမတွင် မသိမသာ မဲ အသာရနေခဲ့ပြီး နောက်တွင် သိသိသာသာ မဲ အသာရလာခဲ့သည်။ မဲများကို ဆက်လက်ရေတွက်နေခဲ့ပြီးနောက် ကီဘာကီ ထောက်ခံသူများသော မဲဆန္ဒနယ်မှ မဲများ ရောက်လာသော အခါတွင် ကီဘာကီမှ မဲ အရေအတွက် အမှီလိုက်လာခဲ့ပြီးနောက် သိသိသာသာ ကျော်တက်သွားခဲ့သည်။ ထို့ကြောင့် ကင်ညာရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်ချက် မှားယွင်းသည်ဟု ဆိုပြီး ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ အိုဒင်ဂါက မိမိဘာသာ ပြည်သူ့ သမ္မတ ဟု ကြေငြာခဲ့ပြီး မဲပြန်လည်ရေတွက်ရန် တောင်းဆိုခဲ့သည်။[၅၀]

ကန့်ကွက်ဆန္ဒပြမှုများမှ လူမျိုးရေး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ပစ္စည်းဥစ္စာများကို ဖျက်ဆီးခဲ့ကြသဖြင့် လူ ၁၀၀၀ ခန့် သေဆုံးပြီး လူ ၆၀၀,၀၀ ခန့် မိမိတို့ နေအိမ်မှ စွန့်ခွာ ထွက်ပြေးခဲ့ရသည်။[၅၁][၅၂][၅၃] ထိုအငြင်းပွားမှုမှ ၁၉၉၂ နှင့် ၁၉၉၇ ရွေးကောက်ပွဲများတွင် ဖြ်စပွားခဲ့သော နောက်ခံအခြေအနေများ ဖြစ်သည့် မြေယာခွဲဝေမှု နှင့် ဆိုင်သော တင်းမာမှုများ ပြန်လည်ပေါ်ပေါက် လာခဲ့သည်။[၅၃] လူ သိန်းပေါင်းများစွာတို့သည် မိမိတို့၏ မြေမှ ဖိအားပေး နှင်ထုတ်ခံခဲ့ရပြီး ဒေသ အတွင်းသို့ လက်နက်များ တင်သွင်းလာသည်ဟု ဆိုကြသည်။ ၂၀၁၃ ရွေးကောက်ပွဲ အတွက် မျှော်လင့်၍ လုပ်ကိုင်ခဲ့သည်ဟုလည်း ဆိုကြသည်။[၅၃]

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးဖူးချုပ်ဟောင်း ကိုဖီ အာနန်း ဦးဆောင်သော အာဖရိကရှိ ထင်ရှားသော ပုဂ္ဂိုလ်များက နိုင်ငံရေး အကျပ်အတည်းအတွက် ငြိမ်းချမ်းသော အဖြေတစ်ခုကို ညှိနှိုင်း ရှာဖွေ ပေးခဲ့ကြသည်။

ရွေးကောက်ပွဲ အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် အစိုးရနှင့် လူမှုရေး အဖွဲ့အစည်းများမှ အနာဂတ်တွင် ထိုသို့သော အခြေအနေများ မဖြစ်ပေါ်စေရန် အတွက် အစီအစဉ်များကို စတင်ခဲ့ကြသည်။ ဥပမာအားဖြင့် အမှန်တရား၊ တရားမျှတမှုနှင့် ပြန်လည်ပေါင်းစည်းရေး ကော်မရှင်မှ လူ့အဖွဲ့အစည်းနှင့် တွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်ခြင်း၊ ဘုရားရှိခိုးကျောင်းများမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ခြင်း နှင့် ကင်ညာ အမျိုးသား တွေ့ဆုံဆွေးနွေးပွဲနှင့် ပြန်လည်ပေါင်းစည်းရေးတို့ စတင်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈[ပြင်​ဆင်​ရန်​]

ဝန်ကြီးချုပ်ဟောင်း ရိုင်လာ အိုဒင်ဂါ

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကီဘာကီ နှင့် အိုဒင်ဂါတို့ ညွန့်ပေါင်း အစိုးရ ဖွဲ့ရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး ထိုသဘောတူညီချက် အရ အိုဒင်ဂါသည် ကင်ညာနိုင်ငံ၏ ဒုတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ထို သဘောတူညီချက် အရ ပါလီမန် အတွင်း ပါတီတို့၏ အင်အားပေါ်မူတည်၍ အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီ နှင့် လိမ္မော်ရောင် ဒီမိုကရက်တစ် လှုပ်ရှားမှု ပါတီ နှစ်ခု စလုံးမှ အမတ်များကို အစိုးရ အဖွဲ့တွင် ဝန်ကြီး ခန့်အပ်ရန် ဖြစ်သည်။ ထို့ပြင် အစိုးရ အဖွဲ့တွင် ဒု-သမ္မတ တစ်ဦး နှင့် ဒု-ဝန်ကြီးချုပ် နှစ်ဦး ခန့်အပ်ရန်လည်း သဘောတူညီကြသည်။ ငြင်းခုံဆွေးနွေးမှုများ အပြီးတွင် ပါလီမန်မှ ထိုသဘောတူညီချက်ကို ထောက်ခံခဲ့ပြီး ညွန့်ပေါင်း အစိုးရမှာ လက်ရှိ လွှတ်တော် သက်တမ်း ကုန်သည် အထိ သို့မဟုတ် တစ်ဘက်ဘက်မှ ထိုသဘောတူညီချက်မှ နှုတ်ထွက်သည် အထိ သက်တမ်းရှိမည်ဟု သတ်မှတ်ခဲ့ကြသည်။[၅၄]

ဝန်ကြီးချုပ်၏ အုပ်ချုပ်ရေး အသစ်တွင် အစိုးရ၏ ယန္တရားများကို စီမံခံ့ခွဲနိုင်ရန် အတွက် အာဏာနှင့် လုပ်ပိုင်ခွင့် ပါဝင်ပြီး လွှတ်တော်တွင် အမတ်ရာခိုင်နှုန်းများသော ပါတီ သို့မဟုတ် ညွန့်ပေါင်း အဖွဲ့၏ ခေါင်းဆောင် ရွေးချယ်ခံ လွှတ်တော် အမတ်မှ ဦးဆောင်ရမည် ဖြစ်သည်။ ကိုဖီအာနန်းနှင့် ကုလသမဂ္ဂမှ ကျောထောက်နောက်ခံပြုထားသော သူ၏ အဖွဲ့၊ အာဖရိက သမ္မဂ္ဂ ဥက္ကဌ ဂျာကာယာ ကီကွီတီတို့ ယခင်က ပြိုင်ဘက်များ သဘောတူ လက်မှတ်ထိုးပွဲသို့ အတူတကွ ခေါ်ဆောင်လာသည်ကို နိုင်ငံတော် ရုပ်သံမှ ထုတ်လွှင့်၍ တကမ္ဘာလုံးမှ စောင့်ကြည့်နေခဲ့ကြသည်။ ၂၀၀၈ ခု၊ ဖေဖော်ဝါရီ ၂၉ တွင် ပါတီနှစ်ဖွဲ့မှ ကိုယ်စားလှယ်များ အာဏာ ခွဲဝေရေး သဘောတူညီမှုနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။[၅၅]အာဖရိကတွင် အတည်ငြိမ်ဆုံးနှင့် အကြွယ်ဝဆုံး ဖြစ်ခဲ့သော နိုင်ငံအား ပြန်လည် ကယ်ဆယ်ရန် ရည်ရွယ်၍ ကင်ညာ ဥပဒေပြု အမတ်များမှ အာဏာခွဲခြမ်းရေး သဘောတူညီချက်ကို ၂၀၀၈ ခု၊ မတ်လ ၁၈ ရက်တွက် တခဲနက် အတည်ပြုခဲ့ကြသည်။ သဘောတူညီချက်မှ ကီဘာကီ၏ အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီနှင့် အိုဒင်ဂါ၏ လိမ္မော်ရောင် ဒီမိုကရက်တစ် လှုပ်ရှားမှု ပါတီတို့ကို အတူတကွ ပေါင်းစည်းခဲ့ပြီး အာဏာကို အညီအမျှ ခွဲဝေယူထားသော မဟာ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းမှု အတွက် အရိပ်လက္ခဏာ ဖြစ်ခဲ့သည်။ [၅၆]

မဟာ ညွန့်ပေါင်း အစိုးရ[ပြင်​ဆင်​ရန်​]

၂၀၀၈ ခုနှစ် ဧပြီလ ၁၃ ရက်တွင် သမ္မတ ကီဘာကီသည် ဝန်ကြီး ၄၁ ဦးပါဝင်သော မဟာ ညွန့်ပေါင်း အစိုးရအဖွဲ့ကို ကြေငြာခဲ့ပြီး ထိုအဖွဲ့တွင် ဝန်ကြီးချုပ် နှင့် ၎င်း၏ လက်ထောက် ဝန်ကြီးချုပ် နှစ်ဦး ပါဝင်သည်။ ဒု-ဝန်ကြီး ၅၀ ဦး အပါအဝင် အစိုးရ အဖွဲ့သည် ၂၀၀၈ ခုနှစ် ဧပြီလ ၁၇ ရက်တွင် နိုင်ရိုဘီမြို့ နိုင်ငံတော် အိမ်တော်တွင် ဒေါက်တာ ကိုဖီ အာနန်း နှင့် အခြား ဖိတ်ကြားထားသော ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

ဝန်ကြီးချုပ် ရာထူးကို ဖယ်ရှားရန်[၅၇] နှင့် တစ်ချိန်တည်းတွင်သမ္မတ၏ အခွင့်အာဏာကို လျှော့ချရန်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းလဲရန် စဉ်းစားခဲ့ကြသည်။ ၂၀၁၀ ခုနှစ် ဩဂုတ်လ ၄ ရက်တွင် ပြင်ဆင်ရန် လျာထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပြွ ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်မှာ ထောက်ခံမဲ အများအပြား အသာရပြီး အတည်ဖြစ်လာခဲ့သည်။[၅၈] တခြားပြင်ဆင်ချက်များ နှင့် အတူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်တွင် ဒေသခံ အစိုးရများသို့ အခွင့်အာဏာ ပိုမိုပေးအပ်ခဲ့ပြီး ကင်ညာနိုင်ငံသားတို့အား နိုင်ငံသား အခွင့်အရေးများ ပြဌာန်းပေးခဲ့သည်။[၅၉] ထို ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ၂၀၁၀ ခုနှစ် ဩဂုတ်လ ၂၇ ရက်တွင် နိုင်ရိုဘီမြို့ အူဟူရူ ဥယျာဉ်တွင် အမြောက် ၂၁ ချက် ပစ်ဖောက် ဂုဏ်ပြုမှု အပါအဝင် ပျော်ရွှင်ဖွယ် အခမ်းအနား အဖြစ် တရားဝင် အတည်ပြု ကြေငြာခဲ့သည်။ ထို အခမ်းအနားကို အာဖရိက ခေါင်းဆောင် အများအပြားက ချီးမြှောက်ခဲ့ကြပြီး နိုင်ငံတကာ အသိုင်းအဝန်းမှ ချီးကျူးခဲ့ကြသည်။ ထိုနေ့မှ စ၍ ဒုတိယ သမ္မတနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသက်ဝင်လာခဲ့သည်။

၂၀၁၃ ရွေးကောက်ပွဲများနှင့် အစိုးရသစ်[ပြင်​ဆင်​ရန်​]

ကင်ညာနိုင်ငံ၏ လက်ရှိသမ္မတ အူဟူရူ ကင်ယတ်တာ

ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်နှင့် အတူ သမ္မတ ကီဘာကီမှာ ရွေးကောက်ခံနိုင်သည့် သက်တမ်းကျော်လွန်သွားသဖြင့် တတိယ သက်တမ်း ရွေးကောက်ခံပိုင်ခွင့် မရှိတော့ဘဲ ဒု-ဝန်ကြီးချုပ် အူဟူရူ ကင်ယတ်တာမှာ မတ်လ ၂၀၁၃ ခုနှစ်တွင် မဲအရေအတွက် ၅၀.၅၁ ရာခိုင်နှုန်းဖြင့် ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး သမ္မတဖြစ်လာခဲ့သည်။

နိုင်ငံတကာ ခေါင်းဆောင်များ လည်ပတ်ခြင်း[ပြင်​ဆင်​ရန်​]

သမ္မတ ကင်ယတ်တာနှင့် ဒု-သမ္မတ ဝီလီယမ် ရူတို တို့ ၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးတွင် ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ အပြီး အရေးအခင်းများ အတွက် တရားရင်ဆိုင် နေရသဖြင့် ကင်ညာနိုင်ငံသား တစ်ဦး၏ သားဖြစ်သူ အမေရိကန် သမ္မတ ဘာရက် အိုဘားမား က ၂၀၁၃ ခုနှစ် အာဖရိက ခရီးစဉ် အတွင်း ကင်ညာနိုင်ငံကို အလည်အပတ် မပြု ခဲ့ပေ။[၆၀] ထိုနှစ် နွေရာသီ နှောင်းပိုင်းတွင် ကင်ယတ်တာသည် တရုတ်သမ္မတ ရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့ပြီး ရုရှားနိုင်ငံတွင် တစ်ထောက်နားခဲ့သော်လည်း အမေရိကန် ပြည်ထောင်စုကိုမူ သမ္မတ အဖြစ် အလည်အပတ် မပြုခဲ့ပေ။[၆၁]

အုပ်ချုပ်ရေး ဒေသများ[ပြင်​ဆင်​ရန်​]

ကင်ညာ၏ ကောင်တီ ၄၇ ခု

ကင်ညာနိုင်ငံသည် တစိတ်တပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကောင်တီ ၄၇ ခု အဖြစ် ပိုင်းခြားထားပြီး ထိုကောင်တီများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ ၂၀၁၃ ခုနှစ် မတ်လတွင် ကျင်းပသော ပထမဆုံး အထွေထွေ ရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်ထားသော အုပ်ချုပ်ရေးမှူးများက ဦးဆောင် အုပ်ချုပ်သည်။ ထို ကောင်တီ ၄၇ ခုသည် ယခု အခါ နိုင်ငံ၏ ပထမ အဆင့် တိုင်းဒေသကြီးများ အဖြစ် ရှိကြသည်။ ယခင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အဟောင်းအရ ကင်ညာ နိုင်ငံတွင် ပြည်နယ် ၈ ခု ရှိပြီး သမ္မတမှ ခန့်အပ်သော ပြည်နယ်အုပ်ချုပ်ရေးမှူး များက အုပ်ချုပ်ခဲ့ကြသည်။ ထို ပြည်နယ်များကို ခရိုင်များ အဖြစ် ဆက်လက် ပိုင်းခြား ကြသည်။

ကောင်တီ တစ်ခုချင်းစီတွင် မဲဆန္ဒနယ်များ ပါဝင်ကြသည်။ ၂၀၁၀တွင် ယာယီ နယ်နိမိတ်သတ်မှတ်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး မဲဆန္ဒနယ်များကို ပြန်လည်သုံးသပ်ခဲ့ကာ ၎င်း၏ အစီရင်ခံစာအရ မဲဆန္ဒနယ် အသစ် ၈၀ ခုကို ထပ်မံ ဖြည့်သွင်းရန် အဆိုပြုခဲ့သည်။ ၂၀၁၃ ရွေးကောက်ပွဲ မတိုင်မီက ကင်ညာနိုင်ငံတွင် မဲဆန္ဒနယ်ပေါင်း ၂၁၀ ခု ရှိခဲ့သည်။[၆၂]

စီးပွားရေး[ပြင်​ဆင်​ရန်​]

ကင်ညာနိုင်ငံသည် အရှေ့နှင့် အလယ်အာဖရိကတွင် အကြီးဆုံးနှင့် အတိုးတက်ဆုံး စီးပွားရေး ရှိသောနိုင်ငံ ဖြစ်သော်လည်း ကြွယ်ဝသော မြို့နေ လူဦးရေ တချို့တဝက်ကြောင့် ကင်ညာနိုင်ငံအား ချမ်းသာသောနိုင်ငံဟု အထင်ရောက်စရာ ရှိသည်။ သို့သော်လည်း ကင်ညာနိုင်ငံသည် ဆင်းရဲသော ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်ခုသာ ဖြစ်ပြီး လူထုဖွံ့ဖြိုးရေးညွှန်းကိန်းနိုင်ငံများစာရင်း အားဖြင့် ၀.၅၁၉ မျှသာ ရှိ၍ နိုင်ငံပေါင်း ၁၈၆ နိုင်ငံတွင် အဆင့် ၁၄၅ မျှသာ ရှိကာ ကမ္ဘာပေါ်တွင် အနိမ့်ကျဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ၃၈ ရာခိုင်နှုန်းသော ကင်ညာနိုင်ငံသားတို့မှာ လုံးဝ ဆင်းရဲမွဲတေလျှက် ရှိကြသည်။[၆၃] အရေးပါသော စိုက်ပျိုးမွေမြူရေး ကဏ္ဍမှာ ဖွံ့ဖြိုးမှု အနည်းဆုံး ဖြစ်ပြီး ထုတ်ကုန် စွမ်းရည်ပြည့်ဝမှု မရှိပေ။ ၇၅ ရာခိုင်နှုန်းသော အလုပ်သမားတို့ ထိုကဏ္ဍတွင် လုပ်ကိုင်လျှက် ရှိကြသဖြင့် အစားအသောက် ဖူလုံပြီး ဖွံ့ဖြိုးသော နိုင်ငံများ၏ အလုပ်သမား ၃ရာခိုင်နှုန်းနှင့် ယှဉ်လျှင် အလွန်များပြားလှသည်။

မွမ်ဘာဆာရှိ စျေးခန်းမ

အနောက်နိုင်ငံများမှ အလှူရှင်များ၏ အစိုးရနှင့် ပတ်သက်ပြီး မျှော်လင့်ထားသလို ဖြစ်မလာ၍ စိတ်ပျက်မှုများ ရှိသော်လည်း စီးပွားရေးသည် များစွာ ဖွံ့ဖြိုးလာသည်ကို တွေ့ရသည်။ ခရီးသွား လုပ်ငန်းအားဖြင့် အလွန် ကောင်းမွန်ပြီး၊ ပညာရေး နှင့် ဆက်သွယ်ရေးတို့တွင် အတော်အတန် ကောင်းမွန်ကာ မိုးခေါင်သည့်နှစ်များ အပြီး စိုက်ပျိုးမွေးမြူရေး ကဏ္ဍ အထူးသဖြင့် လက်ဖက်စိုက်ပျိုးမှုတွင် လက်ခံနိုင်လောက်သည့် အနေအထား ရှိသည်။[၆၄] ကင်ညာနိုင်ငံ၏ စီးပွားရေးသည် ၂၀၀၇ ခုနှစ်တွင် ၇ ရာခိုင်နှုန်း ကျော်မျှ တိုးတက်လာခဲ့ပြီး နိုင်ငံခြား ကြွေးမြီများကို များစွာ လျော့ချနိုင်ခဲ့သည်။[၆၄] သို့သော်လည်း ထိုအရာများမှာ ၂၀၀၇ ခုနှစ် သမ္မတ ရွေးကောက်ပွဲ အပြီး အငြင်းပွားမှုများ နှင့် နောက်ဆက်တွဲ မငြိမ်သက်မှုများကြောင့် အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။

အရှေ့နှင့် အလယ်အာဖရိကရှိ အကြီးမားဆုံး စီးပွားရေး ရှိသော နိုင်ငံမှာ ဝန်ဆောင်မှု ကဏ္ဍ၌ ကြောက်မခန်းလိလိ တိုးတက်လာခဲ့ပြီး ယခင် ဆယ်စုနှစ် အတွင်းက အလျှင်အမြန် တိုးချဲ့လာသော ဆက်သွယ်ရေး နှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များကြောင့် ဖြစ်ကာ ယခုတွင် စုစုပေါင်း ပြည်တွင်း ထုတ်ကုန်၏ ၆၂ ရာခိုင်နှုန်းကို ပံ့ပိုးပေးလျှက် ရှိသည်။ သို့သော်လည်း ၂၂ ရာခိုင်နှုန်းမျှ သော စုစုပေါင်း ပြည်တွင်း ထုတ်ကုန်များမှာ စိတ်မချရသော စိုက်ပျိုးမွေးမြူရေး ကဏ္ဍမှ ထွက်ပေါ်လာပြီး ထိုကဏ္ဍတွင် ပြည်တွင်း အလုပ်သမား၏ ၇၅ ရာခိုင်နှုန်း လုပ်ကိုင်လျှက် ရှိသည်။ (စီးပွားရေး နိမ့်ကျသော နိုင်ငံများတွင် တွေ့ရတတ်သော စီးပွားရေး ဖွံ့ဖြိုးမှု အတွက် အဓိက တွန်းအားဖြစ်သော အစားအသောက် လုံခြုံမှု မရှိခြင်း ဖြစ်သည်။) နိုင်ငံ လူဦးရေ အတော်များများမှာ ဆာလောင်မွတ်သိပ်မှုနှင့် အမြဲကြုံတွေ့နေရပြီး အစားအသောက် အထောက်အပံ့များပေါ်တွင် များစွာ မှီခိုနေရသည်။ စက်ရုံနှင့် ကုန်ထုတ်လုပ်ငန်းမှာ စုစုပေါင်း ပြည်တွင်း ထုတ်ကုန်၏ ၁၆ ရာခိုင်နှုန်းမျှသာ ရှိပြီး အသေးငယ်ဆုံးသော ကဏ္ဍ ဖြစ်သည်။

ကင်ညာသည် ယခင်က လွတ်လပ်သော စျေးကွက်ရှိပြီး လောင်စာဆီ ထုတ်လုပ်မှု ကဏ္ဍတွင် အစိုးရ၏ စျေးနှုန်းနှင့် ပတ်သက်သော ဝင်ရောက်စွက်ဖက်မှု အနည်းငယ်မျှသာ ရှိသည်။ သို့သော်လည်း လတ်တလော ပြဌာန်းလိုက်သော ဥပဒေ အရ အစိုးရ အနေနှင့် မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများ ဖြစ်သော ဂျုံမှုန့်၊ ရေနံဆီ နှင့် ဟင်းချက်ဆီ စသည်တို့တွင် စျေးနှုန်းကို ဆုံးဖြတ်ခွင့် နှင့် ထိန်းချုပ်ခွင့် ရှိလာသည်။

ယခု မရှိတော့ပြီ ဖြစ်သော ကင်ညာ စာတိုက်နှင့် ဆက်သွယ်ရေး ကုမ္ပဏီ ကဲ့သို့သော နိုင်ငံပိုင် ကော်ပိုရေးရှင်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း အားဖြင့် အရှေ့အာဖရိက၏ အကျိုးအမြတ် အများဆုံး ကုမ္ပဏီ ဖြစ်သော ဆာဖရီကွန် ကဲ့သို့သော ဆက်သွယ်ရေး ကုမ္ပဏီများ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အများအပြားဖြင့် ပြန်လည် အသက်ဝင်လာခဲ့သည်။

ကင်ညာ၏ ထုတ်ကုန် တင်ပို့မှု ခွဲတမ်း

၂၀၁၁ ခုနှစ် မေလ ခန့်မှန်းချက်အရ စီးပွားရေး မျှော်မှန်းချက်မှာ အကောင်းဖက်တွင် ရှိပြီး ၄-၅ ရာခိုင်နှုန်းခန့် စုစုပေါင်း ပြည်တွင်းထုတ်ကုန် တန်ဖိုး တိုးတက်လိမ့်မည်ဟု မျှော်လင့်ရသည်။ အထူးသဖြင့် ခရီးသွားလုပ်ငန်း၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် တိုးချဲ့မှု နှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍ ပြန်လည် မြင့်တက်လာမှုကြောင့် ဖြစ်သည်။ ကမ္ဘာ့ဘဏ်က ၂၀၁၂ ခုနှစ်တွင် ၄.၃ ရာခိုင်နှုန်း စီးပွားရေး တိုးတက်မှု ရှိမည်ဟု ခန့်မှန်း ခဲ့သည်။ .[၆၅]


ကင်ညာ၏ ၁၉၇၀မှ ၂၀၁၀ အတွင်း လူထုဖွံ့ဖြိုးရေးညွှန်းကိန်း အတက်အကျ
အရှေ့ဆာဗို အမျိုးသားဥယျာဉ်

၁၉၉၆ မတ်လတွင် ကင်ညာနိုင်ငံ၊ တန်ဇေးနီးယားနိုင်ငံ နှင့် ယူဂန်ဒါးနိုင်ငံ တို့မှ သမ္မတများ အရှေ့အာဖရိကအစုအဝေး ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။ အရှေ့အာဖရိက အစုအဝေး ၏ ရည်မှန်းချက်များမှာ ကုန်သွယ်ခွန် နှင့် အကောက်ခွန်များ ညီတူညီမျှ ရှိရန်၊ လူများ လွတ်လပ်စွာ သွားလာနိုင်ရန် နှင့် ဒေသအတွင်း အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်သည်။ ၂၀၀၄ ခုနှစ် မတ်လတွင် အရှေ့ အာဖရိက နိုင်ငံ ၃ ခုတို့ အကောက်ခွန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

ပိုမိုထိရောက်ပြီး အမြတ်အစွန်းများစွာ ရရှိစေသော နည်းပညာ-အသိပညာ-တတ်ကျွမ်းမှုကို အခြေခံသော ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် စက်ရုံနှင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အလုပ်သမားထု၏ ၂၅ ရာခိုင်နှုန်းသာ ရှိသော်လည်း ကျန်ရှိနေသော စုစုပေါင်း ပြည်တွင်း ထုတ်ကုန်၏ ၇၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးသည်။[၆၄]

ကင်ညာသည် အရှေ့နှင့် အလယ်အာဖရိကရှိ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းအတွက် အချက်အချာ နေရာ ဖြစ်သည်။ နိုင်ရိုဘီ စတော့ အိတ်ချိန်း သည် စျေးကွက် အရင်းပြုခြင်း အားဖြင့် အာဖရိကတွင် စတုတ္ထနေရာတွင် ရှိသည်။ ကင်ညာ၏ ဘဏ်လုပ်ငန်းကို ကင်ညာ ဗဟိုဘဏ်က ကြီးကြပ်ကွပ်ကဲပြီး ကူးသန်းရောင်းဝယ်ရေးဘဏ် လုပ်ငန်းပေါင်း ၄၃ခု အပြင် အခြားသော ဘဏ်မဟုတ်သည့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သည့် အပေါင်ခံ ကုမ္ပဏီများ၊ ငွေစုငွေချေး အဖွဲ့အစည်း ၄ ခု နှင့် နိုင်ငံခြားငွေ လဲလှယ်ရေး လုပ်ငန်းပေါင်း များစွာ ရှိသည်။[၆၄]

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း[ပြင်​ဆင်​ရန်​]

ကီလီမန်ဂျာရိုတောင်ကို နောက်ခံပြုထားသော အမ်ဘိုဆယ်လီ အမျိုးသားဥယျာဉ်မှ ဆင်များ

ကင်ညာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်း ထုတ်ကုန်၏ ၆၁ ရာခိုင်နှုန်းကို ပံ့ပိုးပေးသော ဝန်ဆောင်မှု ကဏ္ဍတွင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှာ အဓိက ဖြစ်သည်။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းသည် လွတ်လပ်ရေး ရသည့် အချိန်မှ စ၍ နှစ်အတော်များများတွင် ပုံမှန် ဖွံ့ဖြိုးမှု ရှိခဲ့ပြီး ၁၉၈၀ ပြည့်နှစ်များသို့ အရောက်တွင် နိုင်ငံ၏ အဓိက နိုင်ငံခြားငွေ ရရှိသော လုပ်ငန်းတစ်ခု ဖြစ်လာသည်။ ကမ္ဘာလှည့် ခရီးသည်များတွင် ဂျာမနီ နိုင်ငံ နှင့် ယူနိုက်တက် ကင်းဒမ်းမှ အများဆုံး ဖြစ်ပြီး ကမ်းရိုးတန်း ဒေသရှိ ကမ်းခြေများ နှင့် အရှေ့တောင်ဘက်ရှိ အလွန်ကျယ်ပြန့်ပြီး ၈၀၃၄ စတုရန်းမိုင် (၂၀,၈၀၈ စတုရန်းကီလိုမီတာ) ရှိသော အရှေ့ နှင့် အနောက် ဆာဗို အမျိုးသား ဥယျာဉ်တို့ အဓိက ပါဝင်သည့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး နယ်မြေများက ကမ္ဘာလှည့် ခရီးသွားများ အတွက် အဓိက ဆွဲဆောင်မှု ဖြစ်သည်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းသည် ယခင် နှစ်အနည်းငယ်က သိသိသာသာ ပြန်လည်တိုးတက်လာခဲ့ပြီး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်အဟုန် ရလာစေရန် အဓိက ပံ့ပိုးပေးသော အစိတ်အပိုင်းပင် ဖြစ်သည်။ ယခုအခါ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းသည် ကင်ညာနိုင်ငံ၏ အဓိက နိုင်ငံခြား ဝင်ငွေ ရရှိရာ ကဏ္ဍ ဖြစ်ပြီး ပန်း၊ လက်ဖက် နှင့် ကော်ဖီ တင်ပို့မှုတို့က နောက်မှ လိုက်သည်။ ၂၀၀၆ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ အမေရိကန် ဒေါ်လာ ၈၀၃ သန်း ရရှိခဲ့ပြီး ယခင်နှစ် ရရှိခဲ့သော အမေရိကန် ဒေါ်လာ ၆၉၉ သန်းမှ တိုးတက်လာခြင်း ဖြစ်သည်။ ယခုအချိန်တွင် ကင်ညာနိုင်ငံ၌ စျေးဝယ်ရန်ကုန်တိုက်များ အများအပြား ရှိနေပြီ ဖြစ်သည်။ ထို့အပြင် ဟိုက်ပါမတ်ကတ်ကြီး ၂ ခုလည်း ကင်ညာတွင် ရှိနေပြီ ဖြစ်သည်။

စိုက်ပျိုးမွေးမြူရေး လုပ်ငန်း[ပြင်​ဆင်​ရန်​]

စက်ရုံနှင့်ကုန်ထုတ်လုပ်ငန်း[ပြင်​ဆင်​ရန်​]

စွမ်းအင်[ပြင်​ဆင်​ရန်​]

တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်ရေး[ပြင်​ဆင်​ရန်​]

၂၀၃၀ မျှော်မှန်းချက်[ပြင်​ဆင်​ရန်​]

ရေနံရှာဖွေခြင်း[ပြင်​ဆင်​ရန်​]

ကလေးအလုပ်သမားနှင့် ပြည့်တန်ဆာ ပြသနာ[ပြင်​ဆင်​ရန်​]

လူဦးရေ ပျံ့နှံ့တည်ရှိပုံ[ပြင်​ဆင်​ရန်​]

ပညာရေး[ပြင်​ဆင်​ရန်​]

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

အခြားကြည့်ရန်[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Ethiopia GDP purchasing power 2010: 86 billion. Imf.org. 14 September 2006.
  2. Kenya GDP purchasing power 2010: 66 Billion. Imf.org. 14 September 2006.
  3. Central Intelligence Agency (2012). Kenya. The World Factbook. Retrieved on 28 May 2013
  4. Kenya's first dinosaur dig yields fossil wealth, ABC News Online, 10 March 2005.
  5. [၁]
  6. [၂]
  7. ၇.၀ ၇.၁ Ehret, C. (2002) The Civilizations of Africa: a History to 1800, University Press of Virginia, ISBN 081392085X.
  8. Ehret, C. (1980) The historical reconstruction of Southern Cushitic phonology and vocabulary, Kölner Beiträge zur Afrikanistik 5, Bd., Reimer, Berlin.
  9. Ehret, C. (1983) Culture History in the Southern Sudan, J. Mack, P. Robertshaw, Eds., British Institute in Eastern Africa, Nairobi, pp. 19–48, ISBN 1872566049.
  10. Ambrose, S.H. (1982). "Archaeological and linguistic reconstructions of history in East Africa." In Ehert, C., and Posnansky, M. (eds.), The archaeological and linguistic reconstruction of African history, University of California Press, ISBN 0520045939.
  11. Ambrose, S.H. (1986) Sprache und Geschichte in Afrika 7.2, 11.
  12. International Labour Office, Traditional occupations of indigenous and tribal peoples: emerging trends, (International Labour Organization: 2000), p. 55, ISBN 9221122581.
  13. ၁၃.၀ ၁၃.၁ Ehret, C. (1998) An African Classical Age : Eastern and Southern Africa in World History, 1000 BCE to 400 CE., University Press of Virginia, Charlottesville, pp. xvii, 354, ISBN 0813920574.
  14. Cite error: Invalid <ref> tag; no text was provided for refs named WayneSmith
  15. Wonders of the African World. PBS. Retrieved on 16 April 2010
  16. Don Nanjira, Daniel (2010) African Foreign Policy and Diplomacy: From Antiquity to the 21st century, ABC-CLIO, p. 114 ISBN 0313379823.
  17. Hastings, James (2003) Encyclopedia of Religion and Ethics Part 24, Kessinger Publishing, p. 847
  18. شاكر مصطفى, موسوعة دوال العالم الأسلامي ورجالها الجزء الثالث, (دار العلم للملايين: 1993), p. 1360
  19. Nicolini, Beatrice and Watson, Penelope-Jane (2004) Makran, Oman, and Zanzibar, Volume 3 of Islam in Africa, BRILL, p. 62 ISBN 9004137807.
  20. Alsayyad, Nezar (30 March 2001). Hybrid Urbanism. Greenwood Publishing Group. ISBN 978-0-275-96612-6. 
  21. "Slavery (sociology)". Encyclopædia Britannica Online.
  22. Swahili Coast. Nationalgeographic.com.
  23. Sultan of Malinda, PBS. Pbs.org. Retrieved on 16 April 2010
  24. ၂၄.၀ ၂၄.၁ Encyclopædia Britannica
  25. ၂၅.၀ ၂၅.၁ ၂၅.၂ ၂၅.၃ R. Mugo Gatheru (2005) Kenya: From Colonization to Independence, 1888–1970, McFarland, ISBN 0786421991
  26. Jenkins, Orville Boyd. Sikh. Orvillejenkins.com. Retrieved on 16 April 2010
  27. Ismaili muslim. Magicalkenya.com. Retrieved on 16 April 2010
  28. "We Want Our Country". Time. 5 November 1965.
  29. "Kenya". Matthew Firestone (2009). p. 28. ISBN 1741047730
  30. Vickers, Hugo. "Diamond Jubilee: the moment that Princess Elizabeth became Queen", The Daily Telegraph, 29 January 2012. 
  31. ၃၁.၀ ၃၁.၁ Maloba, Wunyabari O. (1993) Mau Mau and Kenya: An Analysis of Peasant Revolt, Indiana University Press, 0852557450.
  32. Political – Welcome to THE Kenya Document Exchange. Kenyadocex.com. Archived from the original on 28 August 2010။ Retrieved on 1 August 2010
  33. Bruce Baker, Escape from Domination in Africa: Political Disengagement & Its Consequences, (Africa World Press: 2003), p.83
  34. "The New Pastoralism: Poverty and Dependency in Northern Kenya" (1986). Africa: Journal of the International African Institute 56 (3): 319–333. doi:10.2307/1160687. 
  35. "An Analysis of Kenyan Foreign Policy" (May 1968). The Journal of Modern African Studies 6 (1): 29–48. doi:10.1017/S0022278X00016657. 
  36. Pike, John (1992). Post-Independence Low Intensity Conflict in Kenya. Globalsecurity.org. Retrieved on 16 April 2010
  37. Permanent Mission of the Republic of Kenya to the United Nations (2002). Kenya at the United Nations. Consulate General of Kenya in New York. Archived from the original on 8 June 2009။ Retrieved on 15 February 2010
  38. (1992) Society. Nyamora Communications Limited, 12. 
  39. "Wagalla massacre: Raila Odinga orders Kenya probe", 11 February 2011. Retrieved on 14 November 2013. 
  40. "Kenya", in Moreno, Pedro C.: Handbook on Religious Liberty Around the World. The Rutherford Institute. 
  41. ၄၁.၀ ၄၁.၁ "Kenya's Elections 2002 – The Dawning of a New Era?" (2003). African Affairs 102 (407): 331–342. doi:10.1093/afraf/adg007. 
  42. Koech, Dennis (25 July 2011). Red Cross warns of catastrophe in Turkana. Kbc.co.ke. Archived from the original on 4 January 2012။ Retrieved on 7 August 2011
  43. Kenya: schools close as famine takes hold in Turkana. Indcatholicnews.com (28 July 2011). Retrieved on 7 August 2011
  44. Gettleman, Jeffrey (3 February 2012) U.N. Says Famine in Somalia Is Over, but Risks Remain. New York Times.
  45. Transparency International: CPI. Transparency International. Retrieved on 29 May 2013
  46. Business Corruption in Kenya. Business Anti-Corruption Portal. Retrieved on 4 April 2014
  47. A short history of the 2010 Kenya constitution. kenyaconstitution.org
  48. "Africa | Free secondary schools for Kenya", BBC News, 11 February 2008. Retrieved on 26 February 2013. 
  49. K'telwa, Kipkirui (26 October 2007) ECK sets poll date as Raila maintains lead The Standard.
  50. Kenya election violence threatens its economic gains. chinadaily.com.cn (7 January 2008).
  51. "Up to 1,000 killed in Kenya crisis – Odinga". Reuters. 7 January 2008.
  52. "Kenya death toll hits 693: report". IOL: News for South Africa and the World. 13 January 2008.
  53. ၅၃.၀ ၅၃.၁ ၅၃.၂ Samir Elhawary (2008) Crisis in Kenya: land, displacement and the search for 'durable solutions' Overseas Development Institute
  54. Agreement on the Principles of Partnership of the Coalition Government. Kenya National Dialogue & Reconciliation. Retrieved on 3 June 2013
  55. 'Hope is back' for Kenya. CNN.com (29 February 2008)
  56. Kenyan MPs pass power-share law. Al Jazeera English (18 March 2008)
  57. "Kenya MPs opt to scrap prime minister position", BBC News, 28 January 2010. Retrieved on 16 April 2010. 
  58. "Kenyans back change to constitution in referendum", BBC, 5 August 2010. Retrieved on 6 August 2010. 
  59. Gettleman, Jeffrey. "Kenyans Approve New Constitution", The New York Times, 5 August 2010. Retrieved on 11 August 2010. 
  60. Epatko, Larisa, "Why Obama Is Visiting Senegal, South Africa and Tanzania But Not Kenya", PBS NewsHour, 25 June 2013. Retrieved 18 August 2013.
  61. Raghavan, Sudarsan, "In snub to Washington, Kenyan president visits China, Russia first", Washington Post, 17 August 2013. Ambassador Liu's comments at capitalfm.co.ke linked to here [၃]. Retrieved 18 August 2013.
  62. Kenya Roads Board Constituency funding under the RMLF
  63. Kenya’s economic growth prospects hang on exports, says World Bank – Money Markets. businessdailyafrica.com. Retrieved on 9 August 2013.
  64. ၆၄.၀ ၆၄.၁ ၆၄.၂ ၆၄.၃ Country Profile: Kenya. Federal Research Division. Library of Congress (June 2007). Retrieved on 23 April 2011
  65. Fengler, Wolfgang (5 December 2012). Kenya Economic Update. The World Bank.