| ကင်ညာ သမ္မတနိုင်ငံ |
| Jamhuri ya Kenya |
|
|
| နိုင်ငံတော်ဆောင်ပုဒ် - Let us all pull together |
| နိုင်ငံတော်သီချင်း - O God of All Creation |
ပထဝီ
|
 |
| မြို့တော် |
နိုင်ရိုဘီမြို့ |
| အကြီးဆုံးမြို့ |
နိုင်ရိုဘီမြို့ |
ဧရိယာ
- ဧရိယာ - ၅၈၀,၃၆၇ km² (၂၂၄,၀၈၀ sq mi) (အဆင့်: ၄၇)
- ရေဖုံးလွှမ်းမှု - ၂.၃ %%
|
| စံတော်ချိန်ဇုန် |
UTC +၃ |
| လူနေမှု |
လူဦးရေ
- လူဦးရေ - ၄၁,၀၀၀,၀၀၀ (၂၀၁၁) (အဆင့် - ၃၃)
- လူဦးရေသိပ်သည်းမှု - ၆၇.၂/km² (၁၇၄.၁/sq mi) (အဆင့် - ၁၄၀)
|
| နိုင်ငံရေး |
| အမျိုးအစား |
သမ္မတတစ်ပိုင်း ဦးဆောင်သော သမ္မတနိုင်ငံ |
အစိုးရခေါင်းဆောင်များ
- သမ္မတ - Mwai Kibaki
- ဝန်ကြီးချုပ် - Raila Odinga
|
ထူထောင်မှု
- လွတ်လပ်ရေး ကြေငြာခြင်း
(ယူကေမှ) - ဒီဇင်ဘာ ၁၂၊ ၁၉၆၃
- သမ္မတနိုင်ငံ ထူထောင်ခြင်း
- ဒီဇင်ဘာ ၁၂၊ ၁၉၆၄
|
| စီးပွားရေး |
| GDP(PPP) |
US $၁,၆၆၁ (အဆင့် - ) |
| HDI |
၀.၄၇၀ (အနိမ့်) (အဆင့် - ၁၂၈) |
| ငွေ |
ကင်ညာ ရှီလင် |
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ |
| CCLTD |
.ke |
| Calling code |
+၂၅၄ |
ကင်ညာနိုင်ငံ၏ တရားဝင်အမည်မှာ ကင်ညာသမ္မတနိုင်ငံ ဖြစ်ပြီး အရှေ့ အာဖရိက တွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အရှေ့တောင်ဘက်တွင် အိန္ဒိယသမုဒ္ဒရာ ရှိပြီး အီကွေတာပေါ်တွင် တည်ရှိသည်။ အရှေ့မြောက်ဘက်တွင် ဆိုမာလီယာနိုင်ငံ၊ မြောက်ဘက်တွင် အီသီယိုးပီးယားနိုင်ငံ၊ အနောက်မြောက်ဘက်တွင် တောင်ဆူဒန်နိုင်ငံ အနောက်ဘက်တွင် ယူဂန်းဒါးနိုင်ငံ နှင့် တောင်ဘက်တွင် တန်ဇေးနီးယားနိုင်ငံ တို့ တည်ရှိသည်။ မြို့တော်မှာ နိုင်ရိုဘီမြို့ ဖြစ်ပြီး ကင်ညာတွင် တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေး နယ်မြေ မြောက်မြားစွာ ရှိတာ တိရစ္ဆာန်အမျိုးပေါင်း ထောင်ပေါင်းများစွာ ရှိသည်။ ဧရိယာ စတုရန်း မိုင်ပေါင်း ၅ သိန်း ၈သောင်း ရှိပြီး လူဦးရေ ၄၁ သန်းနီးပါးမျှ ရှိပြီး လူမျိုးပေါင်းစုံနှင့် ယဉ်ကျေးမှုပေါင်းစုံ ရှိသည်။ နိုင်ငံ၏ အမည်မှာ ကင်ညာတောင် ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်ပြီ: နိုင်ငံ၏ထင်ရှားသော အမှတ်အသားနှင့် အာဖရိကတိုက်တွင် ဒုတိယမြောက် အမြင့်ဆုံးတောင် ဖြစ်သည်။