အိုင်ဗရီကို့စ်နိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကို့ဒီဗွား သမ္မတနိုင်ငံ
Republic of Côte d'Ivoire
République de Côte-d'Ivoire
Flag of Côte d'Ivoire.svg Coat of arms of Côte d'Ivoire (2001-2011 variant).svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - ညီညွတ်ခြင်းနှင့် စည်းကမ်းရှိခြင်း
နိုင်ငံတော်သီချင်း - "Song of Abidjan"
ပထဝီ
Location Côte d'Ivoire AU Africa.svg
မြို့တော် ယာမူဆူကရိုမြို့
အကြီးဆုံးမြို့ အဘိဂျန်မြို့
ဧရိယာ
  • ဧရိယာ - ၁၂၄,၅၀၂ စတုရန်းမိုင် ( ၃၂၂,၄၆၀km²) (အဆင့်: ၆၉)
  • ရေဖုံးလွှမ်းမှု - ၁.၄%
စံတော်ချိန်ဇုန် UTC +၀
လူနေမှု
ရုံးသုံးဘာသာများ ပြင်သစ်ဘာသာ
လူဦးရေ
နိုင်ငံရေး
အမျိုးအစား သမ္မတအစိုးရ
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Alassane Ouattara
  • ဝန်ကြီးချုပ် - Guillaume Soro
ထူထောင်မှု
  • လွတ်လပ်ရေး ရခြင်း(ပြင်သစ်မှ) - ဩဂုတ် ၇၊ ၁၉၆၀
စီးပွားရေး
GDP(PPP) ၃၇.၀၂၀ ဘီလီယံ ဒေါ်လာ[၁] (အဆင့် - )
GDP(PPP) US $၁,၆၈၀ (အဆင့် - )
HDI ၀.၄၈၄ (အနိမ့်)[၂] (အဆင့် - ၁၆၃)
ငွေ အနောက်အာဖရိက ဖရန့်
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .ci
Calling code +၂၂၅

အိုင်ဗရီကို့စ်ထ်သမ္မတနိုင်ငံ ၏ အင်္ဂလိပ်အမည်မှာ Ivory Coast ဖြစ်သည်။ အာဖရိက အနောက်ပိုင်းရှိ တိုင်းပြည်တစ်ခုဖြစ်သည်။ [၃] ဧရိယာစတုရန်းကီလိုမီတာပေါင်း (၃၂၂,၄၆၂) ရှိသည်။ အိမ်နီးချင်း နယ်မြေထိစပ်နေသော နိုင်ငံများမှာ လိုက်ဘေးရီးယားနိုင်ငံဂီနီနိုင်ငံမာလီနိုင်ငံဘာကီးနားဖားဆိုနိုင်ငံ နှင့် ဂါနာနိုင်ငံတို့ဖြစ်သည်။ တောင်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာဂီနီပင်လယ်ကွေ့ (Gulf of Guinea) ကမ်းရိုးတန်း ရှိသည်။ ၁၉၉၈ သန်းခေါင်စာရင်းအရ လူဦးရေ ၁၅,၃၆၆,၆၇၂ ရှိသည်။ ၂၀၀၉ခုနှစ်တွင် ၂၀,၆၁၇,၀၆၈ ယောက် ရှိသည်။ [၄]

ဥရောပသားတို့၏ ကိုလိုနီဘဝမကျရောက်ခင်အထိ အိုင်ဗရီကို့စ်ထ်သည် ဂျားမန်း (Gyaaman)၊ ကောင်းအင်ပါယာ (Kong Empire)၊ ဘောင်းလေ (Baoulé) စသော နိုင်ငံများ တည်ရှိခဲ့သည်။ ပြင်သစ်ကိုလိုနီဘဝတွင်ရော လွတ်လပ်ရေးရပြီးနောက်တွင်ပါ အင်ဒေညေ (Indénié) နှင့် ဆန်ဝီ (Sanwi) ဟူသော အန်ညီဘုရင့်နိုင်ငံ (Anyi kingdoms) နှစ်ခုသည် သီးခြားစီရပ်တည်နိုင်ရန်အတွက် ကြိုးစားခဲ့ကြသည်။ [၅] ၁၈၄၄တွင် ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံ (protectorate) ဖြစ်ခဲ့ရပြီး ၁၈၉၃တွင် ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့သည်။

၁၉၆၀၊ ဩဂုတ်လ (၇)ရက်နေ့တွင် လွတ်လပ်ရေးရခဲ့သည်။ ၁၉၆၀မှ ၁၉၉၃အထိ တိုင်းပြည်ကို Félix Houphouët-Boigny မှ ဦးဆောင်ခဲ့သည်။ အိမ်နီးချင်း အနောက်အာဖရိကနိုင်ငံများနှင့် စီးပွားရေး နိုင်ငံရေးတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်သည်။ အခြားတစ်ဘက်တွင်လည်း ပြင်သစ်လို ဥရောပနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျှက် ရှိသည်။ Félix Houphouët-Boigny အစိုးရ ပြုတ်ကျပြီးနောက်တွင် ၁၉၉၉ နှင့် ၂၀၀၁ တွင် အာဏာသိမ်းမှု (၂)ကြိမ် ဖြစ်ပွားခဲ့သည်။ ထို့ပြင် ပြည်တွင်းစစ်လည်း ဖြစ်ပွားခဲ့သေးသည်။ [၆] ရွေးကောက်ပွဲနှင့် [၇] နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များကြောင့် အစိုးရနှင့် သူပုန်များကြား ငြိမ်းချမ်းရေး ရရှိခဲ့သည်။ [၈] အိုင်ဗရီကို့စ်ထ်သည် သမ္မတတွင် အာဏာအပြည့်ရှိသော နိုင်ငံဖြစ်သည်။ မြို့တော်မှာ ယာမူဆူကရို (Yamoussoukro) ဖြစ်ပြီး အကြီးဆုံးမြို့မှာ ဆိပ်ကမ်းမြို့ဖြစ်သော အဘိဂျန် (Abidjan) ဖြစ်သည်။ တိုင်းဒေသ (Regions) ၁၉ခုနှင့် ဌာန (departments) (၈၁)ခု အဖြစ် ဖွဲ့စည်းထားသည်။ အစ္စလမ္မစ်ကွန်ဖရင့်အဖွဲ့ (Organisation of the Islamic Conference)၊ အာဖရိကသမဂ္ဂ၊ La Francophonie၊ Latin Union နှင့် အနောက်အာဖရိကနိုင်ငံများစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Economic Community of West African States) နှင့် တောင်အတ္တလန္တိတ်ငြိမ်းချမ်းရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဇုန် (South Atlantic Peace and Cooperation Zone) တို့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။

တရားဝင် ရုံးသုံးဘာသာစကား မှာ ပြင်သစ်ဘာသာစကားဖြစ်သည်။ အခြားဘာသာစကားများမှာ Baoulé language၊ Dioula language၊ Dan language၊ Anyin language နှင့် Senari languages တို့ဖြစ်ကြသည်။ ဘာသာရေးအနေဖြင့် အစ္စလမ်ဘာသာခရစ်ယာန်ဘာသာ (ရိုမန်ကက်သလစ်အများစု) နှင့် အခြား ရိုးရာနတ်ကိုးကွယ်မှုများဖြစ်သည်။

ကော်ဖီနှင့် ကိုကိုး ထုတ်လုပ်မှုတွင် ၁၉၆၀၊ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အနောက်အာဖရိကတစ်လွှားတွင် စီးပွားအဖြစ်ဆုံးနိုင်ငံ ဖြစ်ခဲ့သည်။ သို့ရာတွင် အိုင်ဗရီကို့စ်ထ်သည် ၁၉၈၀တွင် စီးပွားပျက်ကပ်ကြုံခဲ့ရသည်။ ၂၁ရာစုတွင် အိုင်ဗရီကို့စ်ထ်၏ စီးပွားရေးစနစ်မှာ ဈေးကွက်စီးပွားရေးစနစ် နှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းက အဓိက ဖြစ်လာသည်။ [၄]

ဝေါဟာရရင်းမြစ်[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Côte d'Ivoire. International Monetary Fund. Retrieved on 21 April 2011
  2. Human Development Report 2009. Human development index trends: Table G (PDF). The United Nations. Retrieved on 17 October 2009
  3. Its government officially discourages this usage, preferring the French name Côte d'Ivoire to be used in all languages.
  4. ၄.၀ ၄.၁ "Côte d'Ivoire", The World Factbook, CIA Directorate of Intelligence, 24 July 2008, https://www.cia.gov/library/publications/the-world-factbook/geos/iv.html, retrieved 8 August 2008 .
  5. Library of Congress Country Studies, Library of Congress, November 1988, http://lcweb2.loc.gov/cgi-bin/query2/r?frd/cstdy:@field(DOCID+ci0013), retrieved 11 April 2009 
  6. Template:Fr "Loi n° 2000-513 du 1er août 2000 portant Constitution de la République de Côte d’Ivoire", Journal Officiel de la République de Côte d’Ivoire 42 (30): 529–538, 3 August 2000, http://www.jfaconseil.com/jorci/2000/RCI%20JO%202000-30.pdf, retrieved 7 August 2008 .
  7. Background Note: Cote d'Ivoire, United States Department of State, July 2008, http://www.state.gov/r/pa/ei/bgn/2846.htm, retrieved 7 August 2008 .
  8. Template:Fr Accord politique de Ouagadougou, Presidency of the Republic of Côte d'Ivoire, 4 March 2007, http://www.cotedivoire-pr.ci/?action=show_page&id_page=570, retrieved 7 August 2008