ခါတွမ်းမြို့

ဝီကီပီးဒီးယား မှ
ခါတွမ်းမြို့၏ ညမြင်ကွင်း

ခါတွမ်းမြို့သည် ဆူဒန်နိုင်ငံ၏ မြို့တော်ဖြစ်၍ ဝှိုက်နိုင်း မြစ် (နိုင်းမြစ်ဖြူ)နှင့် ဗလူးနိုင်းမြစ် (နိုင်းမြစ်ပြာ)တို့ ဆုံရာတွင် တည်ရှိသည်။ ထိုမြို့နှင့် ဆက်လျက်ရှိသော အွမ်းဒါမန်ခေါ် နေရာမှာ အစ္စလမ် အယူဝါဒီများဖြစ်သော ဒါးဗစ်ရသေ့များ၏ မြို့တော်ဟောင်းနေရာ ဖြစ်သည်။ တြိဂံမြို့တော်ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။

ခါတွမ်းမြို့မှာ ထိုစဉ်အခါက ဗြိတိသျှစစ်သေနာပတိ လော့ကစ်ချနာ ပေးခဲ့သည့်ပုံစံအရ ၁၈၉၈ ခုနှစ်တွင် တည် ဆောက်ခဲ့သော မြို့ဖြစ်၍၊ အလွန်လှပတင့်တယ်သော ကျောက်ဖြူ အဆောက်အအုံများ၊ အုတ်အဆောက်အအုံများ၊ ဥယျာဉ်ပန်းခြံ များဖြင့် သာယာလှသော မြို့တစ်မြို့ ဖြစ်လေသည်။၁၈၈၅ ခုနှစ်တွင် မွတ်စလင်အယူသည်းခေါင်းဆောင် မာဒီ တော်လှန်ထကြွစဉ်က၊ ဆူဒန်နယ်မှ ဗြိတိသျှအမျိုးသား များနှင့် အီဂျစ်တိုင်းရင်းသားများ ပြောင်းရွေ့ရေးကို စီစဉ်ပေးရန် ဗြိတိသျှစစ်ဗိုလ်ချုပ်မှူး ဂေါ်ဒွန်ကို ခါတွမ်းမြို့သို့ စေလွှတ်ခဲ့ ၏။ သို့ရာတွင် ဂေါ်ဒွန် ဆိုက်ရောက်ချိန်တွင် မာဒီခေါင်း ဆောင်သော သူပုန်များသည် အွမ်းဒါမန်မြို့ဟောင်းနေရာ၌ အခိုင်အမာတပ်စွဲပြီး၍ ခါတွမ်းမြို့မှာ အဝိုင်းခံရပြီးလျှင် ဗိုလ် ချုပ်မှူး ဂေါ်ဒွန်သည်လည်း ၁၈၈၅ ခုနှစ် ဇန်ဝါရီလ ၂၆ ရက်နေ့တွင် အသတ်ခံရလေသည်။ မြို့တွင်းရှိ အဆောက် အအုံများ ကိုလည်း သောင်းကျန်းသူများက ဖျက်စီးပစ်လေသည်။ မာဒီသူပုန်များသည် အွမ်းဒါမန်ကို မြို့တော်ပြု၍ အုပ်စိုး ခဲ့ရာ ၁၈၉၈ ခုနှစ်တွင်မှ ဗြိတိသျှစစ်သေနာပတိ လော့ကစ်ချနာ ခေါင်းဆောင်သော အင်္ဂလိုအီဂျစ်ရှင်း စစ်တပ်များက ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် ခါတွမ်းမြို့မှာ အစိုးရဌာန ချုပ်တည်ရာမြို့ ဖြစ်လာပြန်သည်။

ခါတွမ်းမြို့သည် အချက်အချာ နေရာကောင်းတွင် တည်ရှိ သဖြင့် ကူးသန်းရောင်းဝယ်ရေးအတွက် အရေးပါ အရာရောက် သည်။ တောင်ဘက်ရှိ မြို့များနှင့်လည်း မီးရထားလမ်းဖြင့် ဆက် သွယ်ထားသည်။ ဗြိတိန်နှင့် တောင်အာဖရိက၊ အရှေ့အာဖရိက လေကြောင်းလမ်းတွင် တည်ရှိသော လေဆိပ်တစ်ခုလည်း ဖြစ် ပေသည်။

ခါတွမ်းမြို့၏ လူဦးရေမှာ ၂၀၀၈ ခုနှစ် သန်းခေါင်စာရင်းအရ ၅,၂၇၄,၃၂၁ ဦး ခန့် ဖြစ်သည်။


[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)