ဆောင်တူမေးနှင့် ပရင်စီပီနိုင်ငံ
| ဆောင်တူမေးနှင့်ပရင်စီပီ ဒီမိုကရက်တစ်သမ္မတနိုင်ငံ | |||||
| República Democrática de São Tomé e Príncipe | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - ညီညွတ်ခြင်း၊ စည်းကမ်းနှင့် အလုပ် | |||||
| နိုင်ငံတော်သီချင်း - လုံးဝလွတ်လပ်ရေး | |||||
| ပထဝီ |
|||||
| မြို့တော် | ဆောင်တူမေးမြို့ | ||||
| အကြီးဆုံးမြို့ | မြို့တော် | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၀ | ||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | ပေါ်တူဂီ | ||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | ဒီမိုကရက်တစ် သမ္မတနိုင်ငံ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ၃၁၁ သန်း [၂] (အဆင့် - ) | ||||
| GDP(PPP) | ၁,၈၈၀ [၂] (အဆင့် - ) | ||||
| HDI | ▲၀.၄၈၈ (အလယ်) (အဆင့် - ၁၂၇) | ||||
| ငွေ | ဒိုဘရာ | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .st | ||||
| Calling code | +၂၃၉ | ||||
ဆောင်တူမေးနှင့်ပရင်စီပီနိုင်ငံ ၏ တရားဝင် အခေါ်မှာ ဆောင်တူမေးနှင့် ပရင်စီပီ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဖြစ်ပြီး အာဖရိကအလယ်ပိုင်း၏ အနောက်ဘက် အီကွေတာ ကမ်းရိုးတန်း ကမ်းလွန်ရှိ ဂီနီပင်လယ်ကွေ့တွင် ရှိသော ပေါ်တူဂီစကားပြောသည့် ကျွန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ဆောင်တူမေးနှင့် ပရင်စီပီဟူသော ကျွန်းနှစ်ခု ပါဝင်ကာ ၁၄၀ ကီလိုမီတာ (၈၇မိုင်) မျှ ကွာဝေးကြပြီး အရွယ်အစားမှာ ၂၅၀ ကီလိုမီတာ နှင့် ၂၂၅ ကီလိုမီတာ (၁၅၅ မိုင် နှင့် ၁၄၀မိုင်) အသီးသီး ရှိကြသည်။ ဂါဘွန်နိုင်ငံ၏ အနောက်မြောက်ဘက် ကမ်းရိုးတန်း ကမ်းလွန်တွင် တည်ရှိသည်။ ကျွန်းနှစ်ကျွန်း စလုံးမှာ မီးငြိမ်းသွားသော မီးတောင် တောင်တန်း၏ တစိတ်တဒေသ ဖြစ်ကြသည်။ ဆောင်တူမေးကျွန်းမှာ တောင်ဘက်ပိုင်းတွင် ရှိပြီး အီကွေတာ၏ မြောက်ဘက် ခပ်ကျကျတွင် တည်ရှိသည်။ ပေါ်တူဂီ နယ်မြေသစ် ရှာဖွေသူများမှ စိန့်သောမတ်ကို ဂုဏ်ပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်ပြီး သူတို့ ရောက်ရှိခဲ့သော နေ့မှာ စိန့်သောမတ်၏ ပွဲတော်နေ့ ဖြစ်သောကြောင့် ဖြစ်သည်။
၂၀၁၀ ခုနှစ် လူဦးရေ စာရင်းအရ လူဦးရေ ၁သိန်း ၆ သောင်း ၃ ထောင်မျှ ရှိသဖြင့် ဆောင်တူမေးနှင့် ပရင်စီပီသည် ဆေးရှဲလ်နိုင်ငံပြီးလျှင် အငယ်ဆုံးသော အာဖရိကနိုင်ငံ ဖြစ်သည်။ ယခင်က ဗြိတိသျှတို့၏ ရေမြေခြား နယ်မြေ မဟုတ်ခဲ့သော ၊ အမေရိကန်ပြည်ထောင်စု၏ စာချုပ်အရပိုင်ဆိုင်ခဲ့သော သို့မဟုတ် ဥရောပ၏ နိုင်ငံ အသေးစားများ မဟုတ်သော နိုင်ငံများတွင် အသေးဆုံးဖြစ်ပြီး ပေါ်တူဂီ စကားပြောသော နိုင်ငံများတွင်လည်း အသေးငယ်ဆုံးဖြစ်သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Department of Economic and Social Affairs Population Division (2009). "World Population Prospects, Table A.1" (.PDF). United Nations. Retrieved on 2009-03-12.
- ↑ ၂.၀ ၂.၁ São Tomé and Príncipe. International Monetary Fund. Retrieved on 2011-06-11။