ရဝမ်ဒါနိုင်ငံ
| ရဝမ်ဒါ သမ္မတနိုင်ငံ | |||||
| Repubulika y'u Rwanda | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - ညီညွတ်ြခင်း၊ အလုပ် နှင့် မျိုးချစ်စိတ် | |||||
| နိုင်ငံတော်သီချင်း - လှပသော ရဝမ်ဒါ | |||||
| ပထဝီ |
|||||
| မြို့တော် | ကီဂါလီမြို့ | ||||
| အကြီးဆုံးမြို့ | ကီဂါလီမြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၂ | ||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | ကင်ညာရဝမ်ဒါ၊ ပြင်သစ်၊ အင်္ဂလိပ် | ||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | သမ္မတနိုင်ငံ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ၁၃.၁၀၉ ဘီလီယံ (အဆင့် - ) | ||||
| GDP(PPP) | US$ ၁,၂၈၄ (အဆင့် - ) | ||||
| HDI | ▲ ၀.၃၈၅ (အနိမ့်) (အဆင့် - ၁၅၂) | ||||
| ငွေ | ရဝမ်ဒါ ဖရန့် | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .rw | ||||
| Calling code | +၂၅၀ | ||||
ရဝမ်ဒါနိုင်ငံ (တရားဝင် အခေါ်အားဖြင့် ရဝမ်ဒါ သမ္မတနိုင်ငံ) သည် အာဖရိက အရှေ့အလယ်ပိုင်းတွင် ရှီသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီ: ခန့်မှန်းခြေ လူဦးရေ ၁၁.၄ သန်းမျှ ရှိသည်။ ရဝမ်ဒါသည် အီကွေတာ၏ တောင်ပိုင်း ဒီဂရီ အနည်းငယ်မျှ အကွာတွင် တည်ရှိပြီ: ယူဂန်းဒါးနိုင်ငံ၊ တန်ဇေးနီးယားနိုင်ငံ၊ ဘူရွန်ဒီနိုင်ငံနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့က ဝိုင်းရံ ထားကြသည်။ ရဝမ်ဒါ တစ်နိုင်ငံလုံးသည် ကုန်းမြင့်ပိုင်းတွင် တည်ရှိပြီး အနောက်ပိုင်းသည် တောင်ကုန်းဒေသများ ဖြစ်ကြပြီး အရှေ့ပိုင်းမှာ ဆာဗားနားမြက်ခင်းပြင် ဒေသများ ဖြစ်ကြသည်။ နိုင်ငံတဝှမ်းလုံးတွင်လည်း ရေကန်များ အများအပြား ရှိသည်။ သမ မျှတသော ရာသီဥတု ရှိပြီး တစ်နှစ်ပတ်လုံးတွင် မိုးရွာသော ရာသီဥတု နှစ်ခုနှင့် ခြောက်သွေ့သော ရာသီဥတု နှစ်ခုစီ ရှိကြသည်။
လူဦးရေမှာ ငယ်ရွယ်သူများပြားပြီး အများစုမှာ ကျေးလက်နေထိုင်သူများ ဖြစ်ကြကာ အာဖရိကတွင် လူဦးရေသိပ်သည်းမှု အများဆုံး နိုင်ငံများထဲတွင် ပါဝင်သည်။ ရဝမ်ဒါများအား ဟူတူ၊ တွတ်စီ နှင့် တွာ ဟူ၍ အုပ်စု ၃ ခု ခွဲခြားနိုင်သည်။ ထိုအုပ်စုများသည် အသုံးပြုသော ဘာသာစကား အတူတူဖြစ်ကြပြီး ယဉ်ကျေးမှုချင်းလည်း တူညီကြသဖြင့် လူမျိုးစုဟု ပြောသည်ထက်စာလျှင် လူမှုရေး အုပ်စု ဟု ပြောသည်က ပိုမှန် ပေလိမ့်မည်။ နိုင်ငံအတွင်း ကိုးကွယ်မှု အများဆုံး ဘာသာမှာ ခရစ်ယာန် ဘာသာ ဖြစ်ကာ ပင်မ ဘာသာစကားမှာ ကင်ညာရဝမ်ဒါ (Kinyarwanda) ဘာသာစကား ဖြစ်၍ ရဝမ်ဒါများ အများဆုံး အသုံးပြုကြသည်။ ရဝမ်ဒါသည် သမ္မတ ဦးစီးသော နိုင်ငံရေးစနစ် ကို ကျင့်သုံးကြပြီး လက်ရှိ သမ္မတမှာ ရဝမ်ဒါ မျိုးချစ် တပ်ဦးမှ ပေါလ် ကာဂါမေး ဖြစ်သည်။ အစိုးရသည် အဖွဲ့အစည်း အများအပြားမှ ထောက်ခံမှုကို ရရှိပြီး အခြားသော ဆဟာရဒေသ အာဖရိက နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အကျင့်ပျက် ခြစားမှု အနည်းဆုံးဖြစ်သည်။ သို့သော်လည်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများမှ အတိုက်အခံများအား နှိပ်ကွပ်သည် ဟူသော စွပ်စွဲမှုမျိုး ရှိသည်။