အာရှ
အာရှတိုက်သည် ကမ္ဘာပေါ်ရှိတိုက်ကြီးများတွင် အကြီးဆုံးနှင့် လူဦးရေအထူထပ်ဆုံးဖြစ်သည်။ အာရှတိုက်ကို အာဖရိကယူရေးရှား၏ ကုန်းမြေအစိတ်အပိုင်းဟု ခေါ်ဆိုလေ့ရှိကြသည်။ စူးအက်တူးမြောင်း၏ ရှေ့ဘက်၊ ယူရယ်တောင်တန်းများ၏ အရှေ့ဘက်၊ ကော့ကေးဆပ်တောင်တန်း၊ ကက်စပီယန်ပင်လယ်နှင့် ပင်လယ်နက်တို့၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ အာရှတိုက်သည် ကမ္ဘာ့မျာက်နှာပြင်၏ ၈.၇ ရာခိုင်နှုန်း သို့မဟုတ် ကမ္ဘာ့ကုန်းစမြေဧရိယာ၏ ၂၉.၇ ရာခိုင်နှုန်းကို လွှမ်းခြုံတားသည်။ ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် အာရှတိုက်တွင် နေထိုင်ကြသည်။
မာတိကာ |
[ပြင်ဆင်ရန်] အမည်မှည့်ခေါ်ခြင်း
အာရှဆိုသောအမည်သည် ရှေးဟောင်းဂရိဘာသာစကားမှတဆင့် လက်တင်ဘာသာသို့ ဆင်းသက်လာပြီး ထိုမှတဖန် အင်္ဂလိပ်ဘာသာစကားသို့ ဆင်းသက်လာသည်။ အာရှဆိုသောအမည်အား ဘီစီ ၄၀၀ ခန့်က ဟီရိုဒိုးတပ်က အာရှမိုင်နားဟု ပထမဆုံးညွှန်းဆိုကြောင်းတွေ့ရှိရသည်။
[ပြင်ဆင်ရန်] နယ်နမိတ် ဆက်စပ်မှု
အာရှ၏ (ပထဝီ အနေအထားအရ ယူရေးစီယမ် ဥရောပ - အာရှ၏ ကျွန်းဆွယ်ဟု ခေါ်ဆိုနိုင်သော) ဥရောပနှင် ့ ထိစပ်နေသောအပိုင်းသည် ယူရယ်တောင်တန်းများ၊ ယူရယ်မြစ်၊ ကက်စပီယံပင်လယ်၊ ကော့ကေးဆပ်ပင်လယ်၊ ပင်လယ်နက်၊ အီဂျီယမ်ပင်လယ်၊ ဘော့(စ်)ပေါရပ်(စ်)ဒေသ နှင် ့ဒါဒင်နယ်လီ ရေလက်ကြားတလျှောက် ဖြစ်သည်။ အာရှ၏ အာဖရိကနှင့် ထိစပ်မှုသည် မြေထဲပင်လယ်နှင့် ပင်လယ်နီကို ဆက်သွယ်ပေးသော စူးအက်တူးမြောင်းသာလျှင် ခြားသည်။ အာရှ၏အရှေ့မြောက် အစွန်တွင်ရှိသော ဆိုက်ဘေးရီးယားဆိုလျှင် မြောက်အမေရိကတိုက်နှင့် ဘာရင်းရေလက်ကြားသာ ခြားသည်။ အာရှတိုက်၏ တောင်ဘက်နယ်နမိတ်မှာ အေဒင်ပင်လယ်ကွေ ့၊ အာရေဗီယမ်ပင်လယ် နှင့် ဘင်္ဂလားပင်လယ်အော်-အရှေ့ဘက်တွင် တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်၊ ပင်လယ်ဝါ၊ ဂျပန်ပင်လယ်၊ အော့ခို ့(စ်ထ်)ပင်လယ်နှင့် ဘာရင်း ပင်လယ်- မြောက်ဘက်နယ်နမိတ်မှာ အာတိတ်သမုဒ္ဒရာ တို ့ဖြစ်ကြပါသည်။
[ပြင်ဆင်ရန်] မြေမျက်နှာသွင်ပြင်နှင့် ပထဝီအနေအထား
ဘူမိဗေဒရှုထောင့်မှ ကြည့်လျှင် အာရှတိုက်သည် သက်တမ်းရင့် မြေထုများဖြင့် ဖွဲ ့စည်းထားသည်။ တောင်ဘက်ပိုင်းမှ အာရေဘီယမ်နှင့် အိန္ဒိယကျွန်းဆွယ် နှင့် မြောက်ဘက်ပိုင်းမှ ဆိုက်ဘေးရီးယား ကုန်းမြင့်များသည် အာရှအလယ်ပိုင်းမှ တွန် ့လိပ်နေသော ကုန်းတန်းများ ခင်တန်းများကို ကာရံလျှက်ရှိသည်။ အာရှတိုက်၏ အနောက်အလယ်ပိုင်းနှင့် ဆိိုက်ဘေးရီးယား ဒေသအများစုကို မြောက်ဘက်မြေနိမ့်ဒေသ၊ ကျယ်ဝန်းလှသော တရုတ်ပြည် တိဘက်ဒေသကို (ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၅၀၀၀ / မီတာ ၄၅၇၀ ) အလယ်ပိုင်း ကုန်းမြင့်ဒေသ၊ ယင်းကို ကမ္ဘာ ့ အကြီးဆုံးတောင်တန်းများ ဖြစ်ကြသော ဟိမဝန္တာ၊ ခါရာကိုရမ်၊ ခွန်လွန်၊ သီယမ်ရှန်း နှင့် ဟိန္ဒူကွတ်(ရှ်) တို ့ကဝန်းရံထားသည်။ တောင်ပိုင်း အိန္ဒိယနှင့် အာရေဘီယမ် ကျွန်းဆွယ်မှ တောင်ကြောများသည် ဂန်းဂျပ်(စ်)နှင့် တိဂရစ်-ယူဖရေးတီး(စ်) လွင်ပြင်များအထိ သွယ်တန်းမိသည်။ အာရှအရှေ့ပိုင်း မြေနိမ့်ဒေသ -တရုတ်ပြည်- တွင်လည်း တောင်ကုန်းများက အလယ်ပိုင်း ကုန်းမြင့်ဇုံအဖြစ် ပုံဖော်ပေးထားသည်။ နီပေါနိုင်ငံမှ ကမ္ဘာ ့အမြင့်ဆုံး ဧ၀ရတ်တောင်ထွတ် (ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၀၃၅/ မီတာ ၈၈၅၀) နှင့် ဂျော်ဒန်နိုင်ငံမှ ကမ္ဘာ ့အနိမ့်ဆုံး ပင်လယ်သေ (ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၁၃၁၂/ မီတာ ၄၀၀) တို ့သည် အာရှတိုက်တွင်ပင် ရှိသည်။ မိခင်မြေထုမှ တိုးချဲ ့ထွက်လာသော ကျွန်းဆွယ်များသည် သမုဒ္ဒရာများကို ပင်လယ်များ၊ ပင်လယ်အော်များအဖြစ် ကွဲသွားစေကုန် သည်။ ၎င်းတို ့ကို မြောက်မြားလှစွာသော အာရှ၏ကျွန်းစုများက ဝန်းရံလျှက်ရှိသည်။ အာရှ၏ ကမ္ဘာ ့အရှည်ဆုံး စာရင်းဝင် မြစ်များသည် တောင်ကုန်းများတွင် မြစ်ဖြားခံ၍ မြေနိမ့်ပိုင်းသို ့စီးဆင်းသွားကြသည်။ ထိုမြစ်များမှာ ဆိုက်ဘေးရီးယားမှ အော့(ဘ်)အားတိ(ရှ်)၊ ယန်နီဆဲ-အာဂါနာ နှင့် လီနာ၊ အရှေ့နှင့် ရှေ့တောင်အာရှမှ အမ်မော်-အာဂန်၊ ဟွမ်ဟီး၊ ကျန်ဇီ၊ မဲခေါင်၊ သံလွင်နှင့် ဧရာ၀တီ၊ တောင်နှင့် အနောက်တောင်အာရှမှ ဂန်းဂျပ်(စ်)-ဗြဟ္မာပူထရာ၊ အင်ဒူး(စ်) နှင့် တိဂရစ်-ယူဖရေးတီး(စ်)၊ အာရှအလယ်ပိုင်းမှ အမူဒါယာ၊ ဆီးဒါယာ၊ အီလီနှင့် တာရင်း-၎င်းမြစ်များမှရေသည် ကုန်းတွင်းပိုင်းရေကန်များတွင် ရပ်တန် ့ခြင်း (သို ့) သဲကန္တာရမြေထဲသို ့ စိမ့်ဝင်သွားကြသည်။ အေရယ်ပင်လယ်၊ ဘေကာရေကန် နှင့် ဘာကတ်(ရှ်)ရေကန် တို ့သည် ကမ္ဘာ ့အကြီးဆုံးစာရင်းဝင် ကန်များ ဖြစ်ကြသည်။အာရှတိုက်၏ ရာသီဥတုမှာ အပူပြင်းဆုံး သဲကန္တာရမှ အေးခဲနေသော ရေခဲပြင်၊ မုတ်သုံမိုးကြောင့် အမြဲစိုစွတ်သော ဒေသများမှ အမြဲခြောက်သွေ ့နေသောဒေသများထိ ရာသီဥတုမျိုးစုံ တွေ ့နိုင်သည်။
အာရှတိုက်ကို သိသာထင်ရှားလှသော ယဉ်ကျေးမှူ၊ စီးပွားရေး၊ နိုင်ငံရေး နှင့် ရုပ်ဝတ္ထုပစ္စည်း ဝိသေသလက္ခဏာများကို အခြေခံ၍ အပိုင်းခြောက်ပိုင်း ခွဲခြားထားသည်။ အနောက်တောင်ပိုင်း(အီရန်၊ အာရှမိုင်းနာမှ တူရကီ၊အာရေးဘီးယားကျွန်းဆွယ်၊ နှင့် မြေဆီကောင်းပြီး စိုက်ပျိုးရေးလွယ်ကူသော နိုင်ငံများ) ၏ ထင်ရှားသော လက္ခဏာများမှာ ခြောက်သွေ ့သော ရာသီဥတုနှင့် ရေသွင်းစိုက်ပျိုးရေး၊ ကြီးကျယ်သော ရေနံလုပ်ငန်းနှင့် လွမ်းမိုးထားသော အစ္စလာမ်သာတို ့ဖြစ်သည်။ အာရှတောင်ပိုင်း (အာဖဂန်နစ္စတန်နှင့် အိန္ဒိယနိုင်ငံမှ ဒေသအများစု) ကို ကြီးမားသော တောင်တန်းကြီးများက ကျန်အာရှအပိုင်းများနှင့် မတူအောင်ခွဲခြားပေးထားသည်။ အရှေ့တောင်ပိုင်း(အရှေ့တောင်အာရှ ကျွန်းဆွယ်များနှင့် မလေးကျွန်းစုများ)၏ ဝိသေသများမှာ မုတ်သုန်ရာသီဥတု၊ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ရောနှောနေသော တရုတ်နှင့် အိန္ဒိယ ယဉ်ကျေးမှူများ၊ မြောက်များလှစွာသော လူမျိုးးစုများ၊ ဘာသာစကားများ၊ နိုင်ငံရေးသမားများနှင့် ကိုးကွယ်ယုံကြည်မှူများ ဖြစ်ကြသည်။ အရှေ့ပိုင်း(တရုတ်၊ မွန်ဂိုလီီးယား၊ ကိုရီးယား နင့် ထိုင်ဝမ်နှင့်ဂျပန် ကျွန်းများ)သည် ပစိဖိတ် သမုဒ္ဒရာ အလယ်ပိုင်းလောက်တွင်ရှိပြီး ၎င်းဒေသများ၏ ယဉ်ကျေးမှူမှာ ဟွမ်ဟီးနှင့် ကျန်ဇီမြစ်ကမ်းဘေး လူနေမှူပုံစံက ကြီးစွာလွှမ်းမိုးထားသည်။ ဤအရှေ့ပိုင်းသည် အာရှတိုက်၏ စက်မှူအထွန်းကားဆုံးဒေသဖြစ်သည်။ ဆိုက်ဘေးရီးယားနှင့် ရုရှအရှေ့ဖျားပိုင်း ဒေသများကိုတော့(Russian asia) ရုရှ-အာရှအပိုင်းဟု သတ်မှတ်ကြသည်။ အာရှအလယ်ပိုင်း(ယခင်ဆိုဗီယက် ပြည်ထောင်စုမှ ပြိုကွဲထွက်လာသော-ရုရှအလယ်ပိုင်း-နိုင်ငံစု)မှာ ကန္တာရဆန်ဆန်နှင့် ရေသွင်းစိုက်ပျိုးရေး၊ ရှေးကျသော ရိုးရာမွေးမြူရေးတို ့သည် ထင်ရှားသော လက္ခဏာများပင် ဖြစ်နေတော့သည်။
[ပြင်ဆင်ရန်] လူဦးရေ၊ ယဉ်ကျေးမှူနှင့် စီးပွားရေး
အာရှ၏ လူနေထူထပ်မှူသည် ရာသီဥတုနှင့် ရေမြေတောတောင် မြေမျက်နှာသွင်ပြင်ပေါ် မူတည်၍ ခွဲခြားနိုင်သည်။ မုတ်သုန်ရာသီဥတုနှင့် မြေဆီ0x100သဇာ ပေါကြွယ်၀သော နုံးတင်မြေနု လွင်ပြင်များသည် လူနေအထူထပ်ဆုံး ဒေသများအဖြစ် သတ်မှတ်နိုင်သည်။ ၎င်းလွင်ပြင်များမှာ အိန္ဒိယမှ ဂန်းဂျပ်(စ်)လွင်ပြင်များ၊ တရုတ်ပြည်မှ ကျန်ဇီနှင့် မြောက်ပိုင်းလွင်ပြင်များ၊ ဂျပန်မှနုံးတင်မြေနု လွင်ပြင်ငယ်များ၊ နှင့် မီးတောင် ပေါက်ကွဲမှူကြောင့် မြေဆီလွာ ကောင်းမွန်နေသော မလေးကျွန်းစုများ ဖြစ်ကြသည်။ မြို ့ပြလူနေမှူစံနစ်မှာ စက်မှူဖွံ ့ဖြိုးသော ဂျပန်၊ ကိုရီးယားနှင့် ထိုင်ဝမ် တို ့တွင် အများဆုံးတွေ ့နိုင်သည်။ အာရှလူဦးရေ၏ သုံးပုံနှစ်ပုံခန် ့မှာ မွန်ဂိုမျိုးနွယ်များ ဖြစ်ကြသည်။ ကိုးကွယ်ကြသော အဓိကဘာသာများမှာ ဟိန္ဒူဝါဒ(အိန္ဒိယ)၊ထေရဝါဒ ဗုဒ္ဓဘာသာ(သီရိလင်္ကာ၊မြန်မာ၊ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လော)၊ ဒလိုင်းလားမားဝါဒခေါ် တိဘက်ဗုဒ္ဓဘာသာ(မွန်ဂိုလီးယားနှင့် တရုတ် အထူးသဖြင့် တိဗက်)၊ အရှေ့အာရှ ဗုဒ္ဓဝါဒ(တရုတ်နှင့် ကိုရီးယားတွင် ကွန်ဖြူးရှပ်ဝါဒ၊ ရှာမန်ဝါဒ၊ တာအိုဝါဒ များနှင့် ရောထွေးနေပြီး ဂျပန်တွင် ကွန်ဖြူးရှပ်ဝါဒ၊ ရှင်တိုဝါဒ တို ့နှင့် ရောပြွန်းနေသည်။ အစ္စလာမ်ဝါဒ(အနောက်တောင်နှင့် တောင်အာရှ၊ အာရှအနောက်အလယ်ပိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား)၊ ကတ်သိုလစ်ဝါဒ(ဖိလစ်ပိုင်၊ အရှေ့တီမောနှင့် ဗီယက်နမ်) တို ့ဖြစ်ကြသည်။ သစ်တောထူထပ်သော အာရှတောင်ပိုင်းနှင့် မြောက်ပိုင်းဒေသအချို ့တွင် အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းတို ့ကို အဓိက စီးပွားအဖြစ် လုပ်ကိုင်နေကြဆဲ ဖြစ်သည်။ အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း ဒေသများတွင် နေရာအတည်တကျ မရှိသော တောင်ယာစိုက်ပျိူးရေး လုပ်ငန်းဖြင့် အသက်မွေးသော ရွာများ ။ စက်မှူလုပ်ငန်းနှင့် ဂရုတစိုက် စပါးစိုက်ပျိုးရေးကို အာရှတိုက်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများရှိ မြစ်ကမ်း၊ ချောင်းကမ်းတစ်လျှောက် လွင်ပြင်များတွင် အတွေ ့ရများသည်။ ဒေသအများ၏ ပူလွန်း အေးလွန်းသော ရာသီဥတုနှင့် မညီညာသော မြေပြင်အနေအထားများကြောင့် အာရှတိုက်၏ ၁၀% ခန် ့သာ စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးကြသည်။ လူဦးရေ ထူထပ်လှသော နိုင်ငံများ(တရုတ်၊ အန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် ဂျပန်)တွင် အစားအစာများ၏ အဓိကသီးနှံ စပါးကို ပြည်တွင်းစားသုံးမှူအတွက် စိုက်ပျိုးကြသည်။ လူဦးရေ အလွန်မများသော(ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန်)နိုင်ငံတို ့တွင် စပါးကို ပြည်တွင်း စားသုံးရန်သာမက အဓိက နိုင်ငံခြားပို ့ကုန်အဖြစ် စိုက်ပျိုးကြသည်။ အာရှတိုက်၏ အခြား အဓိကသီးနှံများမှာ ဂျုံ၊ ပဲအမျိုးမျိုး၊ ကြံ ဝါ၊ ဂုံလျှော်၊ ပိုးစာပင်၊ ရာဘာ၊ လ္ဘက်နှင့် အုန်း တို ့ ဖြစ်ကြပါသည်။ စိုက်ပျိုးရေးကို ပင်မစီးပွားရေးအဖြစ် လုပ်ကိုင်နေသော အာရှနိုင်ငံများတွင် လျှက်စစ်မီး၊ ကျွမ်းကျင်လုပ်သား၊ ခေတ်မီ သယ်ယူပို ့ဆောင်ရေး၊ ကုန်ချောပစ္စည်း ထုတ်လုပ်နိုင်မှူတို ့၌ စက်မှူနိင်ငံများကဲ့သို ့ပင် တိုးတက်လှသည်။ ဂျပန်၊ တရုတ်၊ ရုရှအာရှနိုင်ငံများ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တူရကီ၊ နှင့် အစ္စရေးနိုင်ငံတို ့သည် စက်မှူထွန်းကားသော နိုင်ငံများ ဖြစ်ကြသည်။ ဂျပန်နှင့် အာရှနဂါးလေးကောင် ဟုခေါ်ဆိုကြသော ထိုင်ဝမ်၊ ကိုရီးယား၊ စင်္ကာပူနှင့် ဟောင်ကောင် နိုင်ငံများသည် အာရှတိုက်မှ ထင်ရှားသော စက်မှုနိုင်ငံများ အဖြစ် ထင်ရှားသည်။ လုပ်အားခ ဈေးပေါသော ထိုင်း၊ အင်ဒိုနီးရှားနှင့် တရုတ်ပြည်တောင်ပိုင်း ဒေသများသည်လည်း ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုဖြင့် စက်မှုနိင်ငံများ ဖြစ်လာစေဘို ့ ချီတက်နေကြသည်။ ၎င်းစက်မှုနိုင်ငံများတွင် ရထားလမ်းများလည်း ကောင်းစွာတိုးတက်သည်။ ဂျပန်၊ အန္ဒိယ၊ တရုတ်နှင့် ရုရှအာရှ နိင်ငံများတွင် အလွန်ရှည်သော ရထားလမ်းများနှင့် ရထားလမ်း မိုင်ပေါင်းများစွာ ဖောက်လုပ်ထားပြီးဖြစ်သည်။ အာရှနိုင်ငံများ၏ ဝင်ငွေကို အဓိက အထောက်အကူပြုသော လုပ်ငန်းမှာ တွင်းထွက်ပစ္စည်းများ တင်ပို ့ခြင်း ဖြစ်သည်။ အနောက်တောင်အာရှ၊ အလယ်အာရှနှင့် အင်ဒိုနီးရှား တို ့မှ ရေနံ ; မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားမှ သံဖြူ ; အိန္ဒိယမှ မန်းဂနိ(စ်) ;တူရကီနှင့် ဖိလစ်ပိုင်မှ ခရိုမိုက် ; တရုတ်မှ တန်စတင်၊ ကျောက်မီးသွေး၊ ဆီနှင့် ခနောက်စိမ်း တို ့သည် အာရှတိုက်နိုင်ငံများ၏ ဝင်ငွေအထောက်အကူပြု ပို ့ကုန်ပစ္စည်းများ ဖြစ်သည်။
[ပြင်ဆင်ရန်] နောက်ခံသမိုင်းအကျဉ်း
အာရှတိုက်သည် ကမ္ဘာ ့ရှေးအကျဆုံး လူနေမှူစံနစ်များ ယဉ်ကျေးမှူများ ထွန်းကားခဲ့သော အရပ်ဖြစ်သည်။ဆူမာ၊ ဘေဘီလုံ၊ အက်စ်ဆီးရီးယား၊ မီဒီယာနှင့် ပါရှား တို ့သည် အလွန်ရှေးကျသော လူနေမှူစံနစ်များ၊ ယဉ်ကျေးမှူများ ထွန်းကားခဲ့ရာ အင်ပါယာများအဖြစ် ကျော်ကြားသည်။ ၎င်းဒေသများနှင့် အနောက်တောင် အာရှတွင် အစ္စလာမ် လူနေမှူစံနစ် ထွန်းကားနေချိန် အရှေ့ဘက်တွင် အိန္ဒိယ၊ တရုတ်နှင့် ဂျပန်တို ့၏ လူနေမှူပုံစံများ ပျံ ့နှံ ့လာပေသည်။ နောက်ပိုင်းတွင် နေရာ အတည်တကျမရှိ လှည့်လည်သွားလာ နေထိုင်ကြသောဟန်၊ မွန်ဂိုနှင့် တာ့ခ် လူမျိုးစုများသည်လည်း မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် အင်ပါယာများ တည်ထောင်လာကြသည်။ ၁၃ ရာစုနှင့် ၁၄ ရာစုများတွင် ၎င်းတို ့၏ စစ်ဘက်ဆိုင်ရာ အဖွဲ ့အစည်းများ အင်အားအကောင်းဆုံး အနေအထား ရောက်ခဲ့သော်လည်း အဆုံးတွင် အနောက်သို ့ပြောင်းရွှေ ့နေထိုင်ကြခြင်းဖြင့်ပင် အဆုံးသတ်လေသည်။ မွန်ဂိုများ တန်ခိုးကြီးထွားချိန်တွင် ဥရောပမှ ရှေးဦး ခရီးသွားများ ယင်းဒေသသို ့ ရောက်ရှိခဲ့ကြသည်။ ထိုခရီးသွားများထဲတွင် အီတလီနိုင်ငံသား မာကိုပိုလိုမှာ ထင်ရှားသည်။ ၁၄၉၈ခုနှစ်၊ ပေါ်တူဂီနိုင်ငံသား စွန် ့စားရှာဖွေသူ ဗာစကိုဒဂါးမား အိန္ဒိယနိုင်ငံသို ့ ရေကြောင်းမှ ရောက်ရှိလာမှူသည် အာရှတိုက်တွင် ဥရောပတိုက်သားများ၏ နယ်ချဲ ့မှူအစပင် ဖြစ်တော့သည်။ ၁၆၄၀ တွင် ရုရှမှ ကော့ဆက်စ်သည် ဆိုက်ဘေးရီးယားကို ကျော်ဖြတ်ပြီး ပစိဖိတ်ဒေသတိုင် အာရှမြောက်ပိုင်းကို ကျူးကျော် ဝင်ရောက်လာသည်။ ၁၇ ရာစုတွင် အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ရှ်နှင့် ပေါ်တူဂီမှ ကုန်သွယ်မှူလုပ်ငန်း ကုမ္ပဏီများ အိန္ဒိယ ကမ်းရိုးတန်းတစ်လျှောက်၊ အရှေ့တောင်အာရှနှင့် တရုတ်ပြည်တို ့တွင် ပြိုင်ဆိုင်မှူများ ကြီးထွားလာခဲ့ပြီး ရလာဘ်မှာ အာရှမြေပေါ်တွင် ဥရောပနိုင်ငံသားများ၏ စီးပွားရေး ကြိုးကိုင်ခြယ်လှယ်မှူများ ပိုမိုများပြားလာခဲ့သည်။ အချင်းချင်း ပဋိပက္ခဖြစ်မှူများအပေါ် အကျိုးရှိရှိ အသုံးချတတ်ခြင်း၊ စက်မှူတော်လှန်ရေးမှ ရရှိလာသော နည်းပညာ အသစ်များကို အသုံးချနိုင်ခြင်း တို ့မှ ရှေးဦးစွာ အိန္ဒိယနိုင်ငံဒေသအချို ၊့ထို ့နောက် အနောက်တောင်နှင့် အရှေ ့တောင်အာရှ နိုင်ငံများ၏ နိင်ငံရေး နယ်ပယ်များတွင် ဝင်ရောက်စွက်ဖက်ပြီး ဥရောပသားတို ့အာဏာ ချဲ ့ထွင်လာခဲ့ကြသည်။ ၎င်းတို ့ဖိအားပေးမှူကြောင့် တရုတ်နှင့် ဂျပန်တို ့လည်း ကုန်သွယ်ရေး လမ်းကြောင်းများ ဖွင့်ခဲ့ကြရသည်။ ပထမကမ္ဘာစစ်အပြီး အာရှတွင် ဥရောပသားတို ့စိုးမိုးမှူ လျော့ကျသွားပြီး အာရှသားတို ့လည်း အမျိုးသားရေး စိတ်ဓါတ်များ နိုးကြားလာပြီး ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် နှင့် လွတ်လပ်ရေး ကြိုးပမ်းလှုပ်ရှားမှူများ စတင်လာကြသည်။ ဒုတိယကမ္ဘာစစ်နှင့် ပဋိပက္ခများ၊ တိုက်ပွဲများအကြား အာရှသည် များစွာ အထိနာခဲ့သည်။ စစ်ပြီးနှစ်များတွင် ဖြစ်ကြသော နိုင်ငံတကာ ပဋိပက္ခများသည် စတင်သန္ဓေတည်ရာ ဥရောပမှ အာရှသို ့ကမ္ဘာစစ်နှစ်ခုလုံး၏ ဗဟိုအဖြစ် ပြောင်းလာခဲ့ကြသည်။ ကမ္ဘာစစ်များအပြီး စစ်အေးတိုက်ပွဲကာလ၊ ကိုလိုနီနိုင်ငံငယ်များ အဖြစ်မှ လွတ်မြောက်လာခဲ့ကြသော အာရှနိုင်ငံများတွင် စစ်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံရေးတည်ငြိမ်မှူ မရှိပေ။ ထိုစစ်ပွဲငယ်များထဲမှ အာရပ်နှင့် အစ္စရေးတိုက်ပွဲများ၊ ကိုရီးယားစစ်ပွဲ၊ ကွန်မြူနစ်အစိုးရများ ပေါ်ထွက်လာသော တရုတ်၊ ကိုရီးယားနှင့် ဗီယက်နမ် စစ်ပွဲများမှာ တင်းမာမှူအားကြီးသော စစ်ပွဲများဖြစ်သည်။ ၁၉၅၀ပြည့် နှစ်များ၌ ဥရောပသည် အာရှတွင် တရုတ်နှင့် ဆိုဗီယက်တို ့လွှမ်းမိုးမှူကို တန်ပြန်ရန် ဘဂ္ဂဒတ် ပဋိညာဉ်(နောင်တွင် ဗဟိုစာချုပ်အဖွဲ ့-စီတီအို)၊ အရှေ ့တောင်အာရှ စာချုပ်အဖွဲ ့(ဆီးတိုး) စသော မဟာမိတ်အဖွဲ ့များ ဖွဲ ့စည်းခဲ့ကြပြန်သည်။ သို ့သော် ၁၉၆၀တွင် တရုတ်နှင့် ဆိုဗီယက် အက်ကွဲကြောင်း ထခဲ့ပြီး ကြိုးပမ်းလာခဲ့သော ဖက်စပ် ကွန်မြူနစ်တိုက်ကြီး စီမံကိန်းအိပ်မက် ပျက်ပျယ်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ် အပြီးတွင်လည်း အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်နှင့် နယ်သာလန်တို ့သည် အာရှတွင် အဓိကတပ်များအဖြစ် ဆက်လက် တပ်စွဲထားကြသည်။ သို ့သော် စစ်ပြီးခေတ် အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ အင်ဒိုနီးရှားနှင့် အခြားအာရှနိုင်ငံများသည် ကမ္ဘာ ့ဇာတ်ခုံပေါ်တွင် ပို၍လွတ်လပ်သော အခန်းကဏ္ဍမှ ပါဝင်နိုင်ရန် ကြိုးစားလာကြသည်။ ၁၉၆၀ နှင့် ၁၉၇၀နှစ်များတွင် အင်္ဂလန်က စူးအက်တူးမြောင်း အရှေ ့ဘက်ဒေသကို ပြန်လည်သိမ်းပိုက်ရန် ဆုံးဖြတ်ချက်၊ နှင့် အမေရိကန်က ဗီယက်နမ်စစ်ပွဲတွင် အသာရနေမှူတို ့သည် အနောက်တိုင်းသားများ အာရှတွင် အာဏာချိန်ခွင်လျှာ ညှိနေမှူကို မီးမောင်းထိုးပြသလို ဖြစ်နေပေသည်။ တရုတ်၏ အင်အား ကြီးထွားလာမှူနှင့် ဆိုဗီယက်၏ အာရှနိုင်ငံများနှင့် ဆက်ဆံရေး အရှိန်မြှင့် တိုးချဲ ့လာမှူ(အထူးသဖြင့် အိန္ဒိယနှင့် အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများ)တို ့သည် ဒေသတွင်း ကွန်မြူနစ်အုပ်စုနှင့် ကွန်မြူနစ်ဆန် ့ကျင်သော အုပ်စုတို ့အကြား ဆန် ့ကျင်ဘက် အင်အားစုများ ယှဉ်ပြိုင်နေမှူဖြင့် အာရှ၏ မငြိမ်သက်မှူကို ပြသနေပြန်သည်။ အခြားသောအဖွဲ ့များ၏ ၁၉၇၀-၁၉၈၀ နှစ်များ ယှဉ်ပြိုင်မှူများကလည်း မတည်ငြိမ်သော အာရှကို ပိုမိုပီပြင်အောင် သရုပ်ဖော်ပေး နေပြန်ပါသည်။ ပုံမှန်တိုးနေသော လူဦးရေတိုးနှူံးသည် အာရှနိုင်ငံများကို ဆင်းရဲမွဲတေမှူ သက်တမ်းရှည်စေခြင်း၊ ကျမ်းမာရေး စောင့်ရှောက်မှူ လုံလောက်စွာ မပေးနိုင်ခြင်း၊ အလုပ်လက်မဲ့ဦးရေ များပြားလာခြင်း၊ ထိုက်သင့်သော လုပ်အားခ မခံစားရခြင်း၊ သမိုင်းတလျှောက် ကြုံတွေ ့လာရသော ခါးသီးမှူများကြောင့် ဒေသတွင်း နိုင်ငံအချင်းချင်း အထိမခံ သည်းခံမှူနည်းပါးခြင်း စသည့်အချက်များ ရလာဘ်ဖြစ်စေသည်။ စစ်အင်အား တောင့်တင်းကြသော အီရန်၊ အီရတ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို ့က အားနဲသော အိမ်နီးချင်းနိုင်ငံများကို ကျူးကျော်ခြင်းကြောင့် ဒေသတွင်း နိုင်ငံများအကြား တိုက်ပွဲငယ်ကလေးများ အပါတ်စဉ် ဖြစ်ပွားစေသည်။ ၁၉၇၃-၁၉၇၄ နှင့် ၁၉၇၉ ခုနှစ်များတွင် အရှေ့အလယ်ပိုင်း နိုင်ငံများဦးဆောင်မှူဖြင့် ဖြစ်ပွားခဲ့သော ကမ္ဘာ ့လောင်စာဆီ အကျပ်အတည်းဖြစ်မှူ၊ ဂျပန်နှင့် အာရှနဂါးများ င်္စီးပွားရေးအင်အား တောင့်တင်းလာမှူတို ့သည် စောစောပိုင်း ကမ္ဘာ ့စီးပွားရေးကို စိုးမိုးထားသော အမေရိကန်နှင့် ဥရောပနိုင်ငံများကို တုန်လှုပ် ခြောက်ခြားစေခဲ့သည်။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုလာသော လူမျိုးစုများ၊ နယ်စပ်နယ်နိမိတ် သတ်မှတ်မှူ မမျှတခြင်းများကြောင့် အိန္ဒိယမှ ဒေသအချို ့၊ အရှေ့အလယ်ပိုင်း နိုင်ငံများ၊ နီပေါနှင့် မြန်မာနိင်ငံတို ့မှာ ဒေသတွင်း ပဋိပက္ခများ၊ ပြည်တွင်း ပဋိပက္ခများဖြင့် မအေးချမ်းခဲ့ပေ။ ၁၉၇၉ အီရန်နိုင်ငံတွင် အသစ်ပေါ်ထွက်လာသော အစ္စလာမ်မစ် အင်အားစုများ နေရာရလာပြီး အနောက်တောင်နှင့် တောင်အာရှ နိုင်ငံများမှ အစိုးရများကိုပါ ယင်းအင်အားစုများ ပျံ ့နှံ ့တိုးပွားလာမှူဖြင့် ခြိမ်းချောက်နေပြန်ပါသည်။ ၁၉၉၀ အာဖဂန်နစ္စတန်တွင် ၎င်းတို ့ပင် အသာရပြီး နိုင်ငံကို အုပ်ချုပ်ခဲ့ကြသည်။ ၁၉၉၀ မအောင်မြင်သော အာဖဂန်နစ္စတန်ကို ကျူးကျော်မှူကြောင့် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲခြင်းသည် စစ်အေးတိုက်ပွဲကို အငွေ ့ပျံစေခဲ့ပြီး အာရှအလယ်ပိုင်းတွင် လွတ်လပ်သော နိုင်ငံတစ်စုကို မွေးဖွားပေးခဲ့သည်။ ၁၉၉၀ တွင် တရုတ်သည် စီးပွားရေး တိုးတက်မှူ အလွန် အားကောင်းလာပြီး ဖွံ ့ဖြိုးဆဲ အရှေ့တောင်အာရှ နိုင်ငံများမှာမူ တိုးတက်မှူ နှေးကွေးသွားသည်။ အင်ဒိုနီးရှား၏ စီးပွားပျက်ကပ်သည် ဆူဟာတိုကို ထိုင်ခုံပေါ်မှ ဖယ်ရှားခဲ့ပြီး ဒီမိုကရေစီနိုင်ငံ အစပြုခဲ့သလို လွတ်လပ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုမှူများ(အရှေ့တီမော၊ အာချဲနှင့် ပါပူဝါ) ရှိလာခဲ့သည်။ ၁၉၉၀ ၌ပင် တစ်ချိန်က အာရပ်-အစ္စရေး ပဋိပက္ခတွင် တိုက်ခဲ့ကြသူများ အကြားတွင် ငြိမ်းချမ်းရေး လုပ်ငန်းများ ပေါ်ထွန်းလာနေပေသည်။
[ပြင်ဆင်ရန်] ကမ္ဘာပေါ်တွင် အကြီးဆုံးသောတိုက်
ကမ္ဘာပေါ်တွင် တိုက်ကြီးခြောက်တိုက်ရှိသည့်အနက် အကြီးဆုံး သော တိုက်လည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် အထူးခြားဆုံး သော တိုက်ကြီးလည်း ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ယဉ်ကျေးသော လူမျိုးတို့ ဆည်းကပ်းသည့် အယူဝါဒအားလုံး စတင်ပေါက်ဖွား ရာ ဘူမိနက်သန်မြေလည်း ဖြစ်သည်။ ကမ္ဘာ့လူမျိုးများ စတင် ပေါက်ဖွားရာ ဘူမိနက်သန်မြေလည်း ဖြစ်သည်။ ကမ္ဘာ့လူမျိုးများ စတင်ပေါက်ဖွားရာနှင့် ယဉ်ကျေးမှှုု စတင် ထွန်းကားရာလည်း ဖြစ်သည်။ ထိုတိုက်ကြီးကား အာရှတိုက် ဖြစ်လေသည်။
[ပြင်ဆင်ရန်] အာရှတိုက်
ကမ္ဘာပေါ်ရှိ ယဉ်ကျေးသောလူမျိုးတို့ ဆည်းကပ်သည့်အယူဝါဒအားလုံး၏ စတင်ပေါက်ဖွားရာ ဘူမိ နက်သန်မြေကား အာရှတိုက်ဖြစ်၏။ ဤမျှသာမက အာရှတိုက် သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးသော တောင်ထိပ်၊ အကျယ်ဆုံး သော ကုန်းပြင်မြင့်၊ ရေမျက်နှာပြင်အောက် အနိမ့်ကျဆုံးသော ဒေသ၊ မိုးအစွတ်ဆုံး သောအရပ်၊ အခြောက်သွေ့ဆုံးသောနေရာ၊ နွေရာသီနှင့် ဆောင်းရာသီအပူချိန်ဒီဂရီ အကွာခြားဆုံးဌာန၊ လေဖိအားအနည်းဆုံးသောဒေသ စသည်တို့တည်ရာ ကမ္ဘာပေါ်ရှိ အထူးခြားဆုံးသောတိုက်ကြီးလည်းဖြစ်၏။ ကမ္ဘာ့ လူမျိုးများ၏ စတင်ပေါက်ဖွားရာနှင့် ယဉ်ကျေးမှုများ စတင် ပေါ်ထွန်းရာ ဌာနလည်း ဖြစ်လေသည်။ ကမ္ဘာပေါ်ရှိ တိုက်ကြီးခြောက်တိုက် ရှိသည့်အနက် အကြီးဆုံးသောတိုက်လည်းဖြစ်၏။ ဥရောပတိုက်နှင့် အာဖရိကတိုက် နှစ်တိုက်ပေါင်းထက်လည်း စတုရန်းမိုင် ၆ဝဝဝဝဝ ခန့် ပိုနေသေး၍ အမေရိကတိုက် နှစ်တိုက်ပေါင်း ထက်လည်း စတုရန်းမိုင် ၆ဝဝဝဝဝ ခန့် ပိုနေသေးသည်။ အာရှတိုက်၏ ရာသီဥတုအကြောင်းကို ခြုံ၍ ပြောရန် အလွန်ခက်၏။ ပူသောတိုက်ကြီးဟု ပြောရမည်လည်း မလွယ်။ အေးသည်ဟုလည်း မပြောနိုင်။ မိုးအလွန်ရွာသောတိုက်ဟု ပြောရမည်ကလည်း တစ်နေ့လျှင် မိုးရေချိန် နှစ်လက်မကျော် သုံးလက်မ ရွာသောဒေသ ရှိငြားလည်း တစ်နှစ်လုံးနေ၍မှမိုး တစ်ပေါက်မျှ မမြင်ရသောဒေသလည်း ရှိနေသေး၏။ အာရှတိုက်ဟူသော အမည်သည် ဟီဗရူဘာသာမှဆင်းသက် ၍ အရှေ့၊ သို့မဟုတ် နေထွက်ရာဟုအဓိပ္ပါယ်ရ၏။ အာရှတိုက်သည် ကမ္ဘာဦးလူတို့ စတင်ပေါက်ဖွားရာဒေသဟု ခရစ်ယာန်ဓမ္မဟောင်းကျမ်း၌ ဆိုထား၏။ ဗုဒ္ဓအယူဝါဒဆိုင်ရာ စာပေကျမ်းဂန်တို့၌လည်း ကမ္ဘာပျက်၍ ဦးစွာပေါ်လာသော ဌာနသည် ဇမ္ဗူဒီပါလက်ယာတောင်ကျွန်းရှိ ဘုရားပွင့်ရာမြေဟု ဆိုထားရာ ကမ္ဘာဦးအစကပင် သမိုင်းတွင် စာတင်လောက် အောင် ပေါ်ပေါက်ခဲ့သော တိုက်ကြီးဟု ဆိုရပေမည်။ အာရှတိုက် အီရက်နိုင်ငံရှိ ယူဖရေးတီးနှင့် တိုင်းဂရစ်မြစ် ဝှမ်းဒေသသည် ကမ္ဘာ့ယဉ်ကျေးမှု စတင် ထွန်းကားရာဌာန ဖြစ်၏။ ထိုဒေသတစ်ဝိုက်ရှိ တိုင်းပြည်တို့သည် ကမ္ဘာပေါ်တွင် ယဉ်ကျေးမှုနိုးကြားထကြွခြင်း မရှိမီကပင် ယဉ်ကျေးမှုတိုးတက် လျက်ရှိသော မင်းနေပြည်တော်များ ဖြစ်ခဲ့ကြ၏။ အဆီးရီးယား နိုင်ငံတွင် ယခုထက်တိုင် ကမ္ဘာ့ယဉ်ကျေးမှု၏ သဲလွန်စ အနုပညာလက်ရာများကို အထင်အရှား တွေ့ရှိနိုင်လေသည်။ ဥရောပနှင့်အမေရိကတိုက်များရှိ လူတို့သည်ပင် အထက်ပါ ဒေသများမှ စတင်ပေါက်ဖွားလာသော လူမျိုးစု၏ အဆက် အနွယ်များ ဖြစ်လေသည်။ အစ္စလာမ်အယူဝါဒ ထွန်းကားစအခါလောက်က အာရပ်တို့ သည် ဆင်စီး၊ မြင်းစီး၊ စစ်တိုက် အလွန် ကျွမ်းကျင်ရကား အာဖရိကတိုက်နှင့်စပိန်ပြည်ဘက်သို့ပင် နယ်ချဲ့လာခဲ့ရာ ဥရောတိုက်ကို အာရပ်တို့ ကြီးစိုး မည်ကဲ့သို့ ဖြစ်ခဲ့ဖူးသည်။ မွန်ဂိုလူမျိုးတို့သည် အာရပ်တို့ကြီးစိုးရာ ဗဂ္ဂဒက်နှင့် ဆီးရီးယား ကို သိမ်းပိုက်လိုက်၍သာ ဥရောပတိုက်သည် ထိုဘေးမှ သီသီ ကလေး လွတ်ခဲ့လေသည်။ ယင်းသို့ လွတ်ခဲ့ပြီးနောက် ဥရောပ တိုက်မှ ကုန်သည်များ၊ နယ်သစ်စွန့်စားရှာဖွေသူများ၊ သာသနာ ပြုများ၏ ပယောဂကြောင့် အာရှတိုက်သည် ဥရောပတိုက်သား တို့၏ နယ်ချဲ့ရာမြေ ဖြစ်ခဲ့ရလေသည်။ အင်္ဂလိပ်၊ စပိန်၊ ဒပ်ချ၊ ပေါ်တူဂီလူမျိုး တို့သည် ဤသို့ဖြင့် အာရှတိုက်တွင် အင်ပါယာ ချဲ့နိုင်ခဲ့လေသည်။ ဤအချိန်မှစ၍ အနောက်တိုင်းယဉ်ကျေးမှု များသာ တဖြည်းဖြည်း ထွန်းကားလာခဲ့သည်။ သို့ရာတွင် အနောက်တိုင်းသားတို့ ကြီးစိုးသည်ကို ငုံ့၍ခံမည့် လူမျိုးများ မဟုတ်သည့်အတိုင်း ၁၉၄၁ ခုနှစ်တွင် ဂျပန်နိုင်ငံက အာရှ သည် အာရှလူမျိုးများအဖို့ဟူသော ကြွေးကြော်သံနှင့် ဗြိတိသျှ အစရှိသော အနောက်တိုင်းသားတို့အပေါ် စစ်ကျေညာလိုက် လေသည်။ စစ်ကြေညာ ပြီးသည်နှင့် တစ်ပြိုင်နက် ဖိလစ်ပိုင်၊ မလေးကျွန်းဆွယ်၊ ဒပ်ချအရှေ့အိန္ဒိယကျွန်းစုနှင့် မြန်မာနိုင်ငံကို သိမ်းယူပြီးလျှင် အနောက်တိုင်းသားတို့ကို နှင်ထုတ်ခဲ့လေသည်။ ၁၉၄၅ ခုနှစ်တွင်ကား အားချင်းမမျှသဖြင့် လက်နက်ချ၍ ထိုနိုင်ငံများကို ပြန်အပ်ရ၏။ သို့ရာတွင် ထိိုတိုင်းပြည်များကို တိုင်းရင်းသားတို့၏ နိုးကြားမှု ကြောင့် နယ်ချဲ့သမားတို့သည် ဠကာ ရှည်မအုပ်စိုးနိုင်ချေ။ စစ်ပြီး၍ မကြာမြင့်မီ အသီးအသီး လွတ်လပ်ရေးများ ရရှိလျက် စီးပွားရေး၊ ပညာရေး၊ကျန်းမာရေး နှင့် ယဉ်ကျေးမှုများကို မြှင့်တင်လျက် ရှိကြသည်။ တည်နေရာနှင့်အကျယ်အဝန်း အာရှတိုက်သည် ကမ္ဘာမြေပြင်၏ သုံးပုံတစ်ပုံခန့် ကျယ်ဝန်း ၍ စတုရန်းမိုင်ပေါင်း ၁၈ဝဝဝဝဝဝ ခန့်ရှိ၏။ ဒုတိယအကြီး ဆုံးသော အာဖရိကတိုက်ထက်ပင် တစ်ဆခွဲမျှ ကြီးသည်။ မြောက်ဘက် အာတိတ်ဒေသမှ တောင်ဘက် အလွန်ပူပြင်းသော အီကွေတာမျဉ်းအထိ ကမ္ဘာ့အထက်ပိုင်း တစ်ပိုင်းလုံးလိုလို ပြန့်ကျယ်လေ သည်။ အာရှတိုက်တွင် အပါအဝင်ဖြစ်သော အရှေ့အိန္ဒိယကျွန်းစုအချို့မှာ အီကွေတာမျဉ်းအောက်ဘက်သို့ပင် ကျနေသေး၏။ အာရှတိုက်၏ အနောက်ဘက်၌ကားအနေအထိုင် အလုပ်အကိုင် ယဉ်ကျေးမှုစသည်တို့တွင် လုံးဝမတူတမူကွဲသော ဥရောပတိုက်မြေပြင်နှင့် ဆက်စပ်လျက် ရှိ၏။ အရှေ့ဘက်တွင် အမေရိကတိုက် အလာစကာပြည်နယ်နှင့် ၃၆ မိုင်ခန့်ကျယ် သော ဗဲရင်းရေလက်ကြားဖြင့်သာ ခြားလျက်ရှိသည်။ အနောက် တောင်ထောင့်ရှိ အာဖရိကတိုက်နှင့်မူ ဆူးအက်တူးမြောင်း မဖောက်မီက ကုန်းချင်းစပ်လျက်ရှိသည်။ သို့ရာတွင် သုံးဘက် စလုံး၌ကား ရေများဝိုင်းရံလျက်ရှိ၏။ မြောက်ဘက်၌အာတိတ် သမုဒ္ဒရာ၊ အရှေ့ဘက်၌ ကမ္ဘာပေါ်တွင် အကျယ်ဆုံးသော ပစိဖိတ်သမုဒ္ဒရာနှင့် တောင်ဘက်တွင် အိန္ဒိယသမုဒ္ဒရာတို့ရှိကြ သည်။ မြောက်ဘက်ရှိ အာတိတ်သမုဒ္ဒရာမူကား လပေါင်းများ စွာ ရေခဲနေသဖြင့် ဆိပ်ကမ်းများ၌ သင်္ဘောများ မဆိုက်ကပ်နိုင် ချေ။ အာရှတိုက် ပင်လယ်ကမ်းရိုးတန်းသည် မိုင်ပေါင်း ၅ဝဝဝဝ ခန့်ရှည်၏။ ကမ်းရိုးတန်းတစ်လျှောက် မနီးမဝေး တို့၌ ကျွန်းကလေးပေါင်းများစွာကို တွေ့နိုင်သည်။ အာရှတိုက် သည် အရှေ့အနောက်သို့ မိုင်ပေါင်း ၆ဝဝဝ ခန့်၊ တောင်မှ မြောက်ဘက်စွန်းဖြစ်သော ချယ်လျူစကင်းအငူသည် မြောက်ဝင်ရိုးစွန်းမှ ၁၂ ဒီဂရီ အတွင်း၌တည်ရှိ၍တောင်ဘက် အဖျားဆုံးကျသည့် မလ္လာယု ကျွန်းဆွယ်အစွန်းဖြစ်သော ရိုမေနီးယားအငူကား အီကွေတာနှင့် ၁ ၁/၂ ဒီဂရီခန့်သာ ကွာလေသည်။ ယင်းသို့ အာရှတိုက်သည် အလွန်ကျယ်ပြန့် ကြီးကျယ် လွန်းရကား အနောက်ဘက် အိမ်နီးချင်းဖြစ်သည့် ဥရောပတိုက်ကိုပင် အချို့ပထဝီဝင်ဆရာတို့က အာရှတိုက်၏ ကျွန်းဆွယ်ဟူ၍ ထည့်သွင်းရေးသားကြသည်။ အာရှတိုက်အလယ်ပိုင်း အိန္ဒိယအနောက်မြောက်ဘက်ရှိ ကမ္ဘာ့အမိုးဟု ခေါ်ကြသော ပမီးယားတောင် ထွတ်မှ မြစ်များတောင်များသည် အရပ်ရှစ်မျက်နှာသို့ ဖြာထွက်လျက် ရှိသည်။ အရှေ့တောင်ဘက်သို့ ဖြာထွက်သွားသော တောင်တန်း ကား ဟိမဝန္တာတောင်တန်းဖြစ်၏။ ( ဟိမဝန္တာတောင်တန်း-။)
ပေပေါင်း ၂၉ဝ၂၈ ပေမြင့်၍ ကမ္ဘာပေါ်၌ အမြင့်ဆုံးသော ဧဝရက်တောင်သည်လည်း ဟိမဝန္တာတောင်တန်းတွင်ပါဝင် သော တောင်ထွတ်တစ်ခုဖြစ်၏။ ( ဧဝရက်တောင်ထိပ်-။)
ထိုဟိမန္တာတောင်တန်းသည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်နမိတ်စပ်ကြားအထိ ဆင်းသွားလေသည်။ ထိုတောင်တန်း သည် ရှေးဟောင်း ဗုဒ္ဓဝင်ပုံပြင်တို့၌ အလွန်ထင်ရှား၍ လူသိ များသော တောင်တန်းဖြစ်၏။ ထိုတောင်တန်းမှ မြန်မာနိုင်ငံသို့ ဖြာထွက်ခဲ့သော တောင်တန်းများသည် အနောက်ရိုးမ၊ အရှေ့ရိုးမ အမည်များဖြင့် ထင်ရှားရှိလေသည်။ ထိုတောင်တန်း သည် အလွန်မြင့်ရကား အနိမ့်ဆုံးတောင်ကြားလမ်းသည်ပင်ပေ ၁၅ဝဝဝ မြင့်လေသည်။ ပမီးယားတောင်ထွတ်၏ အရှေ့ဘက် စူးစူးသို့ တန်းဆင်းသွားသော တောင်တန်းကား ကာရာကိုရမ် တောင်တန်းဖြစ်၏။ ထိုတောင်တန်းသည် တရုတ်နိုင်ငံဘက် အထိ တန်းဆင်းသွားရာ တရုတ်နိုင်ငံရှိ ဆင်လင်တောင်သည် ထိုတောင်တန်းမှ ဖြာထွက် သွားသော တောင်ဆက်ဖြစ်၏။ အရှေ့မြောက်ဘက်သို့ ဖြာဆင်းသွားသော တောင်တန်းသည်ကား တီယန်ရှင် တောင်တန်းဖြစ်သည်။ ဤတောင်တန်းကြီးသုံးခု သည် ပမီးယားတောင်ထွတ်မှ အရှေ့ဘက်သို့ ဖြာထွက်သော တောင်တန်းသုံးသွယ်ဖြစ်၏။ အနောက်ဘက်သို့ တန်းဆင်းသွား သော ဆူလေမန်တောင်တန်းသည် အီရန်နိုင်ငံ ကမ်းရိုးတန်း အနီးမှဖြတ်လျက် အာရှမိုင်းနားအတွင်း ထိုးဝင်သွားကာ အာမီးနီးယန်းတောင်တန်းစု ဖြစ်လာပြီးနောက် အာရှမိုင်နား တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက် တန်းဆင်းသွား၏။ ( အာရှမိုင်းနား။)
အနောက်ဘက်စူးစူးသို့ ဖြာထွက်သွား သော တောင်တန်းသည်ကား အီရန်နိုင်ငံမြောက်ပိုင်းနှင့် ကက်စပျန် ပင်လယ်ကို ဖြတ်လျက် အာရှမိုင်းနားမြောက်ဘက် စွန်းသို့ သွယ်တန်းသွား၏။ ( ကက်စပျန် ပင်လယ်-။)
ထိုတောင်တန်းကို ဟိန္ဒုကွတ်ရှတောင်တန်းဟုခေါ်၏။ ဤသို့ အလယ်ဗဟို၌သာ အမြင့်ဆုံးဖြစ်၍ အရပ်လေး မျက်နှာသို့ တရွေ့ရွေ့နိမ့်လျှော ဆင်းသွားရကား အာရှတိုက်သည် ရေပေါ်၌ ပေါလောပေါ်နေသော လိပ် ကျောကုန်းနှင့် တူလှပေသည်။ ထိုတောင်တန်းကြီးတို့၏ကြားတွင် တည်ရှိသော တိဗက် ကုန်းပြင်မြင့်ကြီးကား ကမ္ဘာပေါ်တွင် လူနေသည့် အမြင့်ဆုံး သော ကုန်းပြင်မြင့်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၁၆၆ဝဝ မှ ၁၇ဝဝဝ အထိ မြင့်၏။ တိဗက်ပြည်၏ အရှေ့ဘက်စွန်းတွင်လည်း ရေမျက်နှာပြင်ထက် ပေ ၉ဝဝဝ ခန့်မြင့်သော ကိုကိုနော် ခေါ်အိုင်ပြာလည်းရှိ၏။အာဖဂနိစတန်၊ ဗလူချိစတန်နှင့်အီရန်နိုင်ငံတို့အပါအဝင်ဖြစ်သော အီရန်ကုန်းပြင် မြင့်၊ အာရှမိုင်းနားကုန်းပြင်မြင့်၊ အိန္ဒိယနိုင်ငံဒက္ခိဏ ကုန်းပြင် မြင့်တို့သည်လည်း အာရှတိုက်၏ ထင်ရှား ကျယ်ပြန့်၍ လူနေ အိမ်ခြေများသော ကုန်းပြင်မြင့်များ ဖြစ်ကြ၏။ အာရှတိုက်တွင် ကမ္ဘာ့အမိုးသာမက ကမ္ဘာ့မြေအောက်ခန်း လည်းရှိ၏။ ထိုမြေအောက်ခန်းမှာ အာရေဗျကျွန်းဆွယ်မြောက် ဘက်ရှိ ဒက်ဆီးခေါ် ပင်လယ်သေဖြစ်သည်။ ( ပင်လယ်သေ-။)
ရေမျက်နှာပြင်အောက် ပေပေါင်း ၁၂၉ဝ နိမ့်၏။ ကမ္ဘာပေါ်တွင် အနိမ့်ဆုံးသောဒေသဖြစ်လေသည်။ ရေမျက်နှာ ပြင်အောက် နိမ့်သော အခြားပင်လယ်တစ်ခုကား ကက်စပျန် ပင်လယ်ဖြစ်၏။ ရေမျက်နှာပြင်အောက် ၈၅ ပေ နိမ့်သည်။ ယင်းတို့ သည်ကား စင်စစ်အားဖြင့် အိုင်အကြီးစားမျိုး ဖြစ်လေ သည်။ ပမီးယားတောင်ထွတ်မှ ဖြာတန်းသွားသော တောင်တန်းများ သည် ဆီနှင်းခဲများ ဖုံးအုပ်နေသဖြင့် နွေရာသီတွင် နေပူရှိန် ကြောင့် အရည်ပျော်ကျလာပြီးလျှင် နိမ့်ရှိုင်းရာသို့ စီးဆင်းခဲ့ရာမှ မြစ်ပေါင်းများစွာ ဖြစ်ခဲ့၏။ မြောက်ဘက်သို့ စီးဆင်းသော အော့ဗမြစ်၊ ယန်နိဆေးမြစ်နှင့် လျိနာမြစ်များသည် ဆိုက်ဗီးရီးယားဒေသကိုဖြတ်၍ အာတိတ်သမုဒ္ဒရာသို့ စီးဝင် သည်။ ထိုမြစ်များသည် သစ်တောများနှင့် မြက်ခင်းများကို ဖြတ်သန်း စီးဆင်းသဖြင့် ရေစီးအလွန်နှေးသည်ကတကြောင်း၊ မြောက်ပိုင်းရှိ ရေအမြဲခဲသော တန်းဒြဒေသများခံနေသည် ကတကြောင်းတို့ကြောင့် လွင်ပြင်များပေါ်တွင် ရေလျှံပြီးလျှင် ရွှံ့အိုင်ကြီးများ ဖြစ်နေလေသည်။ အရှေ့ဘက်သို့ စီးဆင်းသော မြစ်များကား အမူမြစ်၊ ယန်စီမြစ်၊ ဆီကျန်မြစ်၊ ဝှန်ဟိုမြစ် တို့ဖြစ်၏။ တောင်ဘက်သို့ စီးဆင်း သောမြစ်များကား ထိုင်း (ယိုးဒယား)နိုင်ငံ၌ မဲခေါင်မြစ်၊ မြန်မာနိုင်ငံ၌ သံလွင်မြစ်၊ ဧရာဝတီမြစ်၊ အိန္ဒိယနိုင်ငံ ၌ ဂင်္ဂါမြစ်၊ ဗြဟ္မပုတြမြစ်၊ အိန္ဒုမြစ်တို့ ဖြစ်ကြ၏။ အနောက်ဘက်တွင်ကား တိုင်းဂရစ်နှင့် ယူဖရေးတီး မြစ်တို့သည် အီရက်နိုင်ငံကိုဖြတ်လျက် ပါးရှင်း ပင်လယ်ကွေ့ထဲသို့ စီးဆင်းကြလေသည်။ ရာသီဥတုနှင့်ကောက်ပဲသီးနှံများ ဤမျှကျယ်ဝန်းသော ဒေသသည် ရာသီဥတုအားဖြင့် တစ်နေရာနှင့်တစ်နေရာ အလွန်ကွာခြားလှသည်မှာ အံ့0x100သဖွယ် ရာ မဟုတ်ချေ။ အာရှတိုက်၏ လေးပုံသုံးပုံသည် သမပိုင်းတွင် ပါဝင်ပြီးလျှင် ရှစ်ပုံတစ်ပုံသည် အပူပိုင်းတွင် ပါဝင်၍ ကျန်ရှစ် ပုံတစ်ပုံကား အာတိတ်ရေခဲသော အအေးပိုင်းတွင် ပါဝင်လေ သည်။ အာတိတ် အအေးပိုင်းတွင် ပါဝင်သောဒေသများသာမက တောင်မြင့်များပေါ်တွင် တည်ရှိသောဒေသတို့သည်လည်း တစ်နှစ်ပတ်လုံး ရေခဲနေကြ၏။ လျိနာမြစ်ဝကျွန်းပေါ်အရပ်၏ ပျမ်းမျအပူဒီဂရီဖာရင်ဟိုက်သည် ၁ံ ဒီဂရီသာ ရှိသည်။ ဆောင်းရာသီ အပူဒီဂရီဖာရင်ဟိုက်ကား ၅၉ ံဒီဂရီရှိ၍ နွေရာသီ ၅၉ ံ ဒီဂရီရှိ၏။ ယင်းမှာ နွေနှင့် ဆောင်းအပူဒီဂရီ အကွာဆုံး ဒေသ ဖြစ်လေသည်။ အာရှတိုက်၏ တစ်စိတ်တစ်ဒေသ ဖြစ်သော ဂျပန်ကျွန်းသည် မြောက်နှင့်တောင် အလျားလိုက် တည်ရှိ၍ မြောက်ဘက်ဆုံးအပိုင်းသည် ရေခဲ၏။ တရုတ်နိုင်ငံ သည် သမပိုင်းတွင် ကျရောက်လျက် ရှိ၏။ သို့ရာတွင် အာရှ တိုက် အလယ်ပိုင်းမှ တိုက်ခတ်လာသော အေအေးကြောင့် ဆောင်းတွင်းတွင် အလွန်အေးမြသည်။ တိဗက်ပြည်သည် တောင်ကုန်းမြင့်ပေါ်တွင် တည်ရှိသဖြင့် မိုးနည်း ခြောက်သွေ့ သော်လည်း အလွန်အေးလှ၏။ အီရန်နိုင်ငံကား နွေအခါ၌ ခြောက်သွေ့ပူအိုက်၍ ဆောင်းအခါ၌ အလွန်အမင်း အေးသော နိုင်ငံဖြစ်သည်။ အာရှမိုင်းနား၊ ဆီးရီးယား၊ ပယ်လက်စတိုင်၊ အာရေဗျကျွန်းဆွယ်နှင့် အာဖဂနိစတန်တို့၏ ရာသီဥတုကား အီရန်နိုင်ငံမှာကဲ့သို့ပင် အလွန်ပူသောနွေနှင့် အလွန်အေးသော ဆောင်းရာသီ ရှိ၏။ မလ္လာယုကျွန်းဆွယ်၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည်ကား မုတ်သုန်ရာသီဒေသများ ဖြစ်ကြ၏။ ရာသီဥတုမှာ နွေအခါ၌ ပူအိုက်၍ မိုးတွင်းတွင် စွတ်စိုပြီးလျှင် ဆောင်းတွင်း၌ အေးမြလှ၏။ ကမ္ဘာပေါ်၌ မိုးအများဆုံးရွာသော အရပ်သည်လည်း အာရှတိုက်၌ပင် ရှိလေသည်။ ထိုအရပ်မှာ တစ်နှစ်လျှင် မိုးရေချိန် လက်မ ၄ဝဝ ကျော် ရွာသွန်းသော အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဖြစ်၏။ တစ်နှစ်ပတ်လုံး မိုးမရွာ သော ဒေသလည်း ရှိသေး၏။ ထိုအရပ်တို့ကားအာရေဗျ ကျွန်းဆွယ် ပင်လယ်နီ ဝန်းကျင်ရှိ ခြောက်သွေ့သောဒေသ၊ အာရေဗျသဲကန္တာရ၊ အိန္ဒိယနိုင်ငံသား သဲကန္တရ၊ မွန်ဂိုးလီးယား နိုင်ငံ ဂိုဗီသဲကန္တာရတို့ ဖြစ်ကြသည်။ ယင်းသို့ ရာသီဥတု အခြေအနေလည်း ကွဲပြားခြားနားလှသလောက် ပေါက်ရောက် ကြသော အသီးအနှံများလည်း အတန်ပင် ကွာခြားလှလေသည်။ အာရှတိုက်၏ မြောက်ဘက်ဆုံးဒေသသည် တစ်နှစ်ပတ်လုံး ရေခဲများ ဖုံးလွှမ်းနေသဖြင့် သစ်ပင်ပန်းပင် မပေါက်ရောက်ပဲ ရေညိ|ပင်များသာ ပေါက်ရောက်လေသည်။ လူနေအိမ်ခြေမရှိ သလောက်ပင် ဖြစ်၏။ နေထိုင်သူ အနည်းငယ်တို့မှာလည်း လယ်ယာလုပ်ကိုင် မရသဖြင့် ငါးဖမ်းခြင်း အမဲလိုက်ခြင်း တို့ဖြင့်သာ အသက်မွေး၍ အမြဲပြောင်းရွှေ့ လှည့်လည်နေတတ် ၏။ မြောက်ဘက်အစွန်းဆုံး ရေခဲပြင်ရှိရာအရပ်မှ တောင်ဘက် သို့ တဖြည်းဖြည်း ဆင်းလာခဲ့သော် မြက်ခင်းများပေါက်ရောက် နေသော လွင်ပြင်ကြီးများ၊ ထင်ရှူးပင်များ ပေါက်ရောက်နေ သော တောင်ကုန်းတောင်တန်းများကို တွေ့နိုင်၏။ ထိုဒေသများ ကား ရုရှနိုင်ငံမှ ရာဇဝတ်ကောင်များကို ပို့ရာဒေသဖြစ်ခဲ့၏။ ရွှံ့နွံထူထပ်၍ တောကြီးသောကြောင့် ငှက်ဖျားရောဂါထူထပ်ကာ လမ်းပန်း အဆက်အသွယ် အလွန်ခက်ခဲ၏။ ၂ဝ ရာစုနှစ်အစ က ဖောက်လုပ်ပြီးခဲ့သော ရုရှနိုင်ငံ မောစကို မြို့တော်မှ ဆိုက်ဗီးရီးယားအရှေ့ဘက်ကမ်းပေါ်ရှိ ဗလာဒီဗော့စတော့မြို့အထိ ဆက်သွယ်ထားသော ထရန် ဆိုက်ဗီးရီးယန်း မီးရထားလမ်း ကြောင့် အနည်းငယ် အသွားအလာ လွယ်ကူလာလေပြီ။ ထို သစ်တောကြီးများ မှာ အရှေ့မှ အနောက် အလျားမိုင်ပေါင်း ၅ဝဝဝ ကျော်ရှိ၍ တောင်မှမြောက်သို့ အနံမိုင်ပေါင်း ၁ဝဝဝ မှ ၂ဝဝဝ အထိ ကျယ်၏။ အချို့အပိုင်းကား သစ်တောထူထပ် လှသဖြင့် ပေါက်ရောက်သူ အလွန်နည်းပါး၏။ ဝက်ဝံ၊မြေခွေး၊ ရှဉ့်စသော သားမွေးရသည့် သတ္တဝါများကို လိုက်လံဖမ်းဆီး၍ သားမွေးရောင်းသော မုဆိုးမျာသာ ရောက်ကြ၏။ သို့သော် ယခုအခါ ဆိုက်ဗီးရီးယားဒေသကို တိုးတက်ဖွံဖြိုးလာအောင် အပြင်း အထန် ဆောင်ရွက်လျက် ရှိသည်။ ထိုထူထပ်လှသော သစ်တောကြီးများမှ တောင်ဘက်သို့ တဖြည်းဖြည်းဆင်းလာသော တဖြည်းဖြည်း သစ်ပင်များပါးလာ ၏။ မိုးနည်းလှသဖြင့် သစ်ပင်ကြီးများစွာ မပေါက်ဘဲ မြက်ခင်း များသာ ရှိ၏။ ခြုံပုတ် ချုံစပ်များကို ဟိုတစ်စုသည်တစ်စုသာ တွေ့ရလေသည်။ ထိုအရပ်၌ မြက်ပင်ပေါသဖြင့် ထိုအရပ်ရှိလူ တို့သည် နွားများ၊ သိုးများ မွေးမြူအသက်မွေးပြီးလျှင်ရေကြည် ရာမြက်နုရာ လှည့်လည်နေထိုင်ကြလေသည်။ ထိုကြောင့်ထို အရပ်မှ နွားနို့ဒိန်ခဲထောပတ်များ ထွက်၏။ ဤမြက်ခင်းကြီး သည် မန်ချူးရီးယားပြည်မှ မွန်ဂိုး လီးယားနိုင်ငံ အလယ်ပိုင်း ကို ဖြတ်၍ ဆိုက်ဗီးရီးယားတောင်ပိုင်း၊ အာရှမိုင်းနားနှင့် အာရေဗျနိုင်ငံအထိ ကျယ်ဝန်း၏။ ထိုအရပ်သည် ကုန်းပြင်မြင့် လည်းဖြစ် မိုးလည်းခေါင်သောဒေသ ဖြစ်သဖြင့် ကောက်ပဲသီးနှံ စိုက်ပျိုး၍ မဖြစ်ချေ။ ထိုမြစ်ခင်းကြီး၏ တောင်ဘက်၌ကား အလွန်ခြောက်သွေ့ သော သဲကန္တာရကြီးရှိ၏။ ထိုသဲကန္တာရကို ဂိုဗီ သဲကန္တာရ ဟုခေါ်၏။ ပင်လယ်ကမ်းရိုးတန်းမှ မိုင်ပေါင်း ၁ဝဝဝ ကျော် ၁၅ဝဝ ခန့် ဝေးရကာ ပင်လယ်မှ တိုက်ခတ်သည့် ရေခိုးရေငွေ့ ပါသော လေများသည် ထိုအပိုင်းသို့ ရောက်သောအခါ ကမ်းရိုး တန်း၌ မိုးရွာခဲ့ပြီး ဖြစ်သဖြင့် ရေခိုးရေငွေ့ အနည်းငယ်ခန့်သာ ကျန်တော့၏။ သို့ဖြစ်၍ ထိုအရပ်၌ တစ်နှစ်လျှင် မိုးရေချိန် ၁ဝ လက်မပင် ပြည့်အောင် မရွာချေ။ အနောက်တောင်ဘက်မှ လာသော ရေခိုးရေငွေ့ များစွာပါသည့် မုတ်သုန်လေသည် မြင့်မားလှသော ဟိမန္တာတောင်တန်းကြီးက ကာဆီးနေသဖြင့် ထိုအရပ်သို့ ရေခိုးရေငွေ့ ရောက်အောင် မဆောင်နိုင်တော့ချေ။ ထိုကြောင့် ထိုအရပ်သည် ခြောက်သွေ့သော ကန္တာရကြီး ဖြစ်နေလေသည်။ သဲကန္တာရ ကြီး၏အလယ် အချို့နေရာများ တွင်သာ ရေထွက်၍ သစ်ပင်များ ပေါက်နေသဖြင့် လူနေအိမ် ခြေရှိလေသည်။ ထိုလူနေအိမ်ခြေရှိသော ရပ်ကွက်ကို အိုအေး ဆစ်ဟုခေါ်သည်။ အထူးသဖြင့် စွံပလွန်ပင်များ ပေါက်သည်။ အခြားတိုင်းပြည်မှ လူတို့သည် ဆန်စပါး၊ ဂျုံတို့ကို အရေးတ ကြီး စိုက်ပျိုးစားသောက်ကြသကဲ့သို့ သဲကန္တာရ ရှိလူတို့သည် စွံပလွန်သီးကို မှီခိုအားထား စားသောက်ကြရလေသည်။ အချို့ အိုအေးဆစ်တို့မှာ အလွန် ကျယ်ပြန့်သဖြင့် ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံများကို စိုက်ပျိုးလုပ်ကိုင် စားသောက်ကြနိုင်ကြ ၏။ အိန္ဒိယ၊ တရုတ်၊ ရုရှနိုင်ငံတို့မှ ကုန်သည်များ တွေ့ဆုံ ရောင်းချရာ မြို့ကြီးများလည်း ထိုဒေသတွင် ရှိလျေသည်။ ကြေးအိုး ကြေးခွက်၊ လက်ဘက်ခြောက်၊ ပိုးထည်ချည်ထည် စသော ကုန်များကို လဲလှယ်ရောင်းချကြသည်။ ထင်ရှားသော အိုအေးဆစ်မြို့ကြီးများမှာ ယတ်၊ ကက်ရှဂါး၊ ခိုတန်၊ တက်ရှကင့်၊ ဆမာကန်၊ ဗိုခါရာနှင့် ခီဗမြို့ကြီးများ ဖြစ်ကြ၏။ အာရှတိုက်ရှိ ထိုသဲကန္တာရ၏ တောင်ဘက်၌ကား တိဗက်ပြည် ရှိ၏။ ကုန်းပြင်မြင့်ဖြစ်သဖြင့် သီးပင်စားပင် အကြီးအကျယ် မစိုက်ပျိုးချေ။ ထိုပြည်၏ တောင်ဘက်သို့ သွားပါက မုတ်သုန် ဒေသများဖြစ်သည့် အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊မလ္လယုကျွန်းဆွယ်၊ ယိုးဒယားနိုင်ငံနှင့် အင်ဒိုချိုင်းနား ပြည်တို့ကို တွေ့ရ၏။ ထိုအရပ်များ၌ကား ဂုန်လျော်ပင်၊ လက်ဘက်၊ ကြက်ပေါင်စေး၊ ကာဖီပင်၊ ဘိန်းပင်၊ ဆေးပင်၊ ကျွန်းသစ်၊ ဆန်စပါး၊ အမွှေးအ ကြိုင် ဆင်ကိုနာပင်၊ အုန်း၊ ငှက်ပျော၊ ရှောက်၊ သရက်ပင် တို့ကို များစွာ စိုက်ပျိုးကြသည်။ ဂုန်လျှော်ပင်ကို အိန္ဒိယ၊ ဗင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံတို့မှ ရရှိ၏။ ကမ္ဘာပေါ်တွင် အာရှ တစ်တိုက်၌သာလျှင် ထိုအပင်မျိုး ပေါက်ရောက်၏။ ဆေးပင်ကို အိန္ဒိယနိုင်ငံ၊ အင်ဒိုချိုင်းနားနှင့် အရှေ့ ဒပ်ချ အိန္ဒိယကျွန်းစု (အင်ဒိုနီးရှား)၊ မလ္လာယုကျွန်းဆွယ်၊ သီဟိုဠ်ကျွန်းတို့မှ ရသည်။ ကာဖီပင်ကို ဂျာဗား ကျွန်းနှင့် အာရေဗျကျွန်းဆွယ်တွင် စိုက် ၏။ ကျွန်းသစ်ကို မြန်မာနိုင်ငံမှ များစွာရ၏။ ဆန်စပါးကို မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ အင်ဒိုချိုင်းနားပြည်တို့တွင် စိုက်ပျိုးကြသည်။ လူမျိုးနှင့်ဘာသာ အာရှတိုက်လူဦးရေသည် သန်းပေါင်း တထောင့်သုံးရာကျော် (၁၃၂၆ဝဝဝဝဝဝ) ရှိသည့်အနက် အချို့ ဒေသ၌ စတုရန်း တစ်မိုင်လျှင် လူဦးရေ ၅ဝဝ ကျော်ရှိ၍ အချို့ဒေသတွင်လူနေ အိမ်ခြေ လုံးဝမရှိသလောက် ရှားပါးသည်ကို တွေ့ရသည်။ အာရှတိုက် တောင်ဘက်နှင့် အရှေ့ဘက်တစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နှင့် မြစ်ဝှမ်းဒေသများတွင် လူနေအိမ်ခြေထူထပ် ၍ အာရှတိုက်မြောက်ဘက်ဆုံးဒေသများ၌ကား တစ်နှစ်ပတ်လုံး ရေခဲနေသဖြင့် လူနေအိမ်ခြေဟူ၍ မရှိချေ။ အနောက်တောင် ဘက်ပိုင်းနှင့် အလယ်ပိုင်းတို့၌ကား လူနေအိမ်ခြေ ပါးလှသည်။ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်မျှရှိသည့် အာရှလူဦးရေ တွင် လူမျိုးပေါင်းစုံလှ၏။ သို့ရာတွင် ထိုလူမျိုး တို့ကို တစ်မျိုးစီမလေ့လာပဲ သွင်ပြင်အသားအရောင် အနေအထားကို ယေဘုယျအားဖြင့် နှစ်မျိုးခွဲ၍ လေ့လာနိုင်၏။ အာရှတိုက် မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် နေထိုင်သူတို့အားတစ်စု၊ အနောက်တောင်ပိုင်းတွင် နေထိုင် သူတို့အားတစ်စု ခွဲနိုင်လေ သည်။ အာရှတိုက် လူဦးရေ၏ သုံးပုံနှစ်ပုံသည် ပထမလူမျိုးစု တွင် ပါဝင် လေသည်။ ထိုလူမျိုးစု၏ သွင်ပြင်ဆင်းရောင်ကား အရပ်ပု၍ မျက်နှာပြားပြား၊ မျက်စိပေါက်ကျဉ်းကျဉ်း၊ မျက်ရစ် မထင်ရှားဘဲ ဆံပင်မှာမည်းနက်၍ ဖြောင့်စင်းသည်။ ထိုလူမျိုးစု ကို မွန်ဂိုလီယန် အဆက်အနွယ်ဟု ခေါ်ကြ၏။ အထူးသဖြင့် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံနှင့်မလ္လာယုကျွန်းဆွယ် တို့တွင် နေထိုင်ကြသည်။ ဒုတိယ အစုကား ဥရောပတိုက်ရှိ လူမျိုးများနှင့် ပုံပန်းသဏ္ဌာန်အားဖြင့် အလွန်တူသောအာရိယန်၊ သို့မဟုတ် အင်ဒိုယူရိုပီယန်အနွယ် ဖြစ်၏။ ထိုလူမျိုးစုကား အာရှတိုက်တွင် မွန်ဂိုလီယန် အနွယ်တို့ထက် ဦးစွာ နေထိုင်ခဲ့ သူ များဖြစ်၏။ သို့ရာတွင် မွန်ဂိုလီယန်လူမျိုးများ ပေါ်ပေါက် လာသောအခါ သူတို့လည်း အနောက်ဘက်ဆီသို့ ပြောင်းရွှေ့ သွားရာ တဖြည်းဖြည်း ဥရောပတိုက်တွင် ထိုလူမျိုးများ စတဲချ နားနေ တော့သည်။ ကျန်ရစ်ခဲ့သော ယင်းတို့၏အဆက်အနွယ် များကား အာရှမိုင်းနား၊ အီရန်၊ အီရက်နှင့် အိန္ဒိယ နိုင်ငံများ တွင် ယခုထက်တိုင် နေထိုင်လျက်ရှိကြသည်။ ထိုလူမျိုးကား အရပ်မြင့်၍ နှာတံပေါ်၏။ ဆံပင် ကောက်၍ အသားညိုလေ သည်။ ဤကား မျိုးပေါင်းစုကြီးနှစ်စုသာဖြစ်၍ ထိုနှစ်စုမှ ဖြာထွက်သော လူမျိုး ပေါင်းကား များလှဘိ၏။ ( အာရိယန်လူမျိုး။)
လူမျိုးအရေအတွက် များသလောက် ကိုးကွယ်သောအယူ ဝါဒ၊ ပြောဆိုသောဘာသာစကားတို့လည်း များလှ၏။ အိန္ဒိယ နိုင်ငံ၌ပင်လျှင် ဘာသာစကားပေါင်း ၂ဝဝ ကျော်ရှိလေသည်။ အာရှတိုက်ရှိ ပြောဆိုအသုံး ပြုသော ဘာသာစကားများကို ယေဘုယျအားဖြင့် အလွယ်ဆုံးခွဲလိုက်ပါမူ အရေးပါသည့် အုပ်စုကြီးသုံးခု ရနိုင်၏။ အင်ဒို-ဥရောပ(ဝါ)အာရိယန်၊ ယူရယ်အော်လတိတ်၊ ဆိုင်နိတစ်ဟူ၍ ဖြစ်သည်။ ယေဘုယျ အားဖြင့် အင်ဒို-ဥရောပအုပ်စုဝင် ဘာသာစကားများကို အာရှ တိုက်အနောက်ပိုင်းတွင် ပြောဆိုသည်။ ယူရယ်အော်လတိတ် အုပ်စုဝင် ဘာသာစကားများကို အာရှတိုက်မြောက်ပိုင်းတွင် ပြောဆိုသည်။ ဆိုင်နိတစ်အုပ်စုဝင် ဘာသာ စကားများကိုမူကား အာရှတိုက်အရှေ့ပိုင်းနှင့်အရှေ့တောင်အာရှအချို့ဒေသများတွင် ပြောဆိုသည်။ ထိုပြင် အခြေခံဘာသာစကား အုပ်စုငယ်များ လည်း ရှိသေးရာ ယင်းတို့တွင် ဆီမစ်တစ်ဘာသာစကားအုပ်စု သည် အရေးပါ၏။ ဆီမစ်တစ်အုပ်စုတွင် အနောက်တောင်အာရှ မှ အာရေဗစ်နှင့် ဟီဗရူဘာသာစကားတို့ ပါဝင်သည်။ ဒေသန္တရ ဘာသာစကား အများအပြားနှင့် သီးခြားဘာသာစကားအများ အပြားလည်း ထိုအခြေခံအုပ်စု များမှ ပေါက်ပွားလာသည်။ လူမျိုးနှင့်ဘာသာစကားသာမဟုတ် ကိုးကွယ်သော အယူဝါဒ လည်း များလှဘိ၏။ အာရှတိုက်သည် ကမ္ဘာပေါ်ရှိယဉ်ကျေး သောလူမျိုးတို့ ကိုးကွယ်သော အယူဝါဒပေါင်းစုံပေါက်ဖွားထွန်း ကားရာ ဒေသလည်းဖြစ်၏။ လွန်ခဲ့သည့်နှစ်ပေါင်း ၂၅ဝဝ ကျော်လောက်က အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူ၍ ဗုဒ္ဓသာသနာတော် ကြီးထွန်းကားခဲ့သည်။ ကမ္ဘာအရပ်ရပ်ရှိ လူဦးရေသန်းပေါင်း ၃၅ဝ ကျော်တို့ သက်ဝင်ယုံကြည်သော အယူ ဝါဒကြီးတစ်ခုဖြစ်၏။ ဘုရားပွင့်တော်မူရာ ဖြစ်သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသည် ကမ္ဘာ့ဗုဒ္ဓဝါဒီ လူထု၏ အမြတ် တနိုးထားရာဒေသ ဖြစ်ခဲ့လေသည်။ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူစဉ်အခါနှင့် မရှေးမနှောင်း အိန္ဒိယနိုင်ငံ၌ ဟိန္ဒူအယူဝါဒသည် ပေါ်ထွန်း နေလေသည်။ သင်္သကရိုက်ဘာသာဖြင့် ရေးသားခဲ့ကြသော ဗေဒကျမ်းကြီးတို့ မှာ ခရစ်မပေါ်မီ နှစ်ပေါင်း ၂ဝဝဝ ခန့်က ရေးသာခဲ့သည်ဟု ယုံကြည်ကြသည်။ ယခုအခါ ဟိန္ဒူအယူဝါဒကို အိန္ဒိယနိုင်ငံ အနှံ့အပြား၌ ကိုးကွယ်ကြသည်။ ( ဟိန္ဒူအယူဝါဒ-။)
ဂျိန်းအယူဝါဒမှာ ခရစ်မပေါ်မီ အနှစ်ငါးရာကျော်က မဟာဝိရဆိုသူပုဂ္ဂိုလ်က တည်ထောင်ခဲ့ရာ ယခုအခါ အိန္ဒိယ နိုင်ငံတောင်ဘက်ပိုင်း၌ ယုံကြည်ကိုးကွယ်သူများလေသည်။ ခရစ်ယာန် အယူဝါဒသည်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ၁၉ဝဝ ကျော်လောက်က ပယ်လက်စတိုင် ပြည်တွင် စတင် ပေါ်ပေါက်ခဲ့၏။ ပယ်လက်စတိုင်ပြည်ရှိ ဗက်သလီဟမ်မြို့မှာ ခရစ်တော် ဖွားမြင်ရာဖြစ်၍ ယခုထက်တိုင် ခရစ်ယာန်တို့ အမြတ်တနိုးထားလျက် ရှိ၏။ ( ခရစ်ယန်အယူဝါဒ-။)
အစ္စလာမ်အယူ ဝါဒ စတင်ပေါက်ဖွားရာ အရပ်ကား အာရေဗျ နိုင်ငံ မက္ကားမြို့ဖြစ်၏။ ခရစ် ၅၇၁ ခုနှစ်တွင် မက္ကားမြို့၌ တမန်တော် မို့ဟမ္မဒ်ကို ဖွားမြင်လေသည်။ ( အစ္စလာမ်အယူဝါဒ။)
( မို့ဟမ္မဒ်-။)
တရုတ်နိုင်ငံ ရှန်တန် နယ် ချူးဖူးမြို့ရှိ တရုတ်ဒဿနိကဗေဒဆရာကြီး ကွန်ဖူးဇီး၏ သင်္ချိုင်းတော်သို့ ကွန်ပူးဇီး အယူဝါဒီတို့သည် နှစ်စဉ် လာရောက်၍ အရိုအသေ ပြုကြသည့်အလေ့ပင် ရှိသေးလေသည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ခြောက်ရာခန့်အတွင်းက ပါးရင်းလူမျိုးဇိုရိုအက်စတာ စတင်ထူထောင်ခဲ့သော ဇိုရိုအက်စတာ အယူဝါဒ ရှိသေးသည်၊ ( ဇိုရိုအက်စတာ-။)
ဤသို့လျှင် ကမ္ဘာ့အယူဝါဒကြီးများ ပေါက်ဖွားရာ မြေထူးမြေမြတ် ကြီး ဖြစ်ခဲ့သဖြင့်လည်း အာရှ တိုက်ရှိ လူအပေါင်းတို့သည် အယူဝါဒပေါင်းများစွာ ကိုးကွယ် လျက်ရှိ၏။ အိန္ဒိယလူမျိုးများသည် များသောအားဖြင့် ဟိန္ဒူနှင့် အစ္စလာမ်အယူဝါဒကို လက်ခံကြ၏။ အာရှတိုက်အနောက် တောင်ပိုင်းရှိ လူအားလုံးလိုလိုနှင့် မလ္လာယုကျွန်းဆွယ် အရှေ့အိန္ဒိယကျွန်းစုရှိ လူတို့ကား အစ္စလာမ် အယူဝါဒကို ကိုးကွယ်ကြလေသည်။ သီဟိုဠ်ကျွန်း၊ မြန်မာနိုင်ငံနှင့် ယိုးဒယားနိုင်ငံတို့၌ အထူးသက်ဝင် ကိုးကွယ်သောအယူဝါဒကြီး မှာ ဗုဒ္ဓအယူဝါဒဖြစ်၏။ တရုတ်နိုင်ငံ၌မူ ကွန်ဖူးဇီးနှင့်ဗုဒ္ဓအယူ ဝါဒတို့ကို အထူး သဖြင့် ယုံကြည်ကိုးကွယ်ကြလေသည်။ ထိုထင်ရှားသော အယူဝါဒကြီးများအပြင် အခြားအယူဝါဒငယ် များနှင့် နတ်ကိုးကွယ်မူများလည်း ရှိသေး၏။ သဘာ0xGufကုန်နှင့် အလုပ်အကိုင် အာရှတိုက်ရှိ လူဦးရေသုံးပုံနှစ်ပုံကျော်သည် လယ်ယာစိုက် ပျိုးခြင်းဖြင့် အသက်မွေးကြ၏။ အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် လယ်ယာစိုက်ပျိုးခြင်းကို အကြီးအကျယ် လုပ်ကိုင်သောဌာနဖြစ်၏။ ဆန် စပါးကို အများဆုံး စိုက်ပျိုး ကြလေသည်။ အချို့ဒေသများတွင် ဆန်စပါးစိုက်ပျိုးရန် ရာသီ ဥတုအားဖြင့် သင့်တော်သော်လည်း ပင်ခြေ၌ ရေမဝပ်သော ဆင်ခြေလျှောမြေဖြစ်သဖြင့် တောင်စောင်းကို လှေကားထစ်များ သဖွယ် ပြုလုပ်၍လည်းကောင်း၊ လယ်ကွက်ပတ်လည်တွင် ဆည်တမံများ ပြုလုပ်၍လည်းကောင်း စိုက်ပျိုးကြ ရ၏။ သို့ရာတွင် တောင်ပိုင်းလယ်ယာလုပ်ကိုင်သူများသည် အရှေ့ပိုင်း ရှိ လယ်သမားများလောက် လယ်မြေကို ကြံဖန်ပြုပြင်၍ လုပ်ကိုင်ရန် မလိုကြချေ။ ထိုအရပ်များမှ ဆန်စပါးအပြင် ဂျုံ၊ သကြား၊ ဝါ၊ ဂုန်လျှော်၊ သာဂူ၊ ဗာလီ၊ ပဲ အမျိုးမျိုးတို့ထွက် ၏။ တရုတ်နိုင်ငံ မန်ချူးရီးယား ပြည်နယ်ရှိ အချို့လယ်သမား တို့သည် ပိုးချည်ထွက်သော ပိုးများကို မွေးမြူရန် ပိုးစာပင် များကို စိုက်ပျိုးကြ၏။ တရုတ်နိုင်ငံကြီးကား လူဦးရေလည်း များပြား လယ်ကွက်စိုက်ခင်းကလည်း ပြည့်နှက်နေရကား မြစ်ထဲတွင်ပင် လှေဖောင်ဖွဲ့၍ နေထိုင်လျက် ရှိကြရ လေသည်။ တရုတ်နိုင်ငံ၌ ဆန်စပါးစိုက်ပျိုးခြင်း၊ ပိုးထည်ရက်လုပ်ခြင်းနှင့် ကြွေထည်ဆေးရေးလုပ်ငန်းများကို ရှေးနှစ်ပေါင်းများစွာကပင် စတင်လုပ်ကိုင်လာကြသည်။ စာပုံနှိပ်စက်၊ သံလိုက်၊ သင်္ဘော အိမ်မြေ|ာင်၊ စက္ကူနှင့် ယမ်းတို့သည် တရုတ်နိုင်ငံမှစတင်ပေါက် ဖွားလာခဲ့ရာ ယခုထက်တိုင်လည်း လုပ်ကိုင်လျက် ရှိလေသည်။ အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ သီဟိုဠ်ကျွန်းနှင့် မြန်မာနိုင်ငံ တို့တွင် ရာသီဥတုအားဖြင့်လည်း ပူအိုက်၍ မိုးများစွာရရှိရကား တောင်တန်းတောင်စောင်းတစ်လျှောက်တွင် လက်ဖက်ပင်များ အကြီးအကျယ်စိုက်ပျိုး၍ နိုင်ငံခြားသို့ပင် တင်ပို့ကြ၏။ ထိုပြင် နှစ်ပေါင်းတစ်ထောင်ကျော် ကြာသည့်တိုင်အောင် ပိုးမထိုး ဆွေးမြေ့ မသွားသော ကျွန်းတောကြီးများနှင့် အခြားအဖိုးတန် သစ်တောကြီးများလည်း အာရှတိုက်တွင် အလွန်ပေါများ လှ၏ ။ မြန်မာနိုင်ငံသည် ကျွန်းသစ်အထွက် အထူးပင်ထင်ရှားလှလေ သည်။ ကမ္ဘာ့အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်သည့် ကြက်ပေါင်စေး ပင်များလည်း အာရှတိုက် မလ္လာယုကျွန်းဆွယ်မှ မြောက်မြားစွာ ထွက်လေသည်။ အာရှတိုက်မြောက်ပိုင်း မြက်ခင်းများပေါရာ အရပ်၌ကား လူတို့သည် တစ်နေရာထဲတွင် အတည်တကျ မနေကြ ဘဲ သိုး၊ မြင်း အစရှိသော တိရစ္ဆာန်များကို မွေးမြူ၍ လှည့်လည်နေထိုင်ကြ၏။ ထိုသားကောင်များ ရရှိလာမှ နို့အသားအရေများဖြင့်သာ မှီတင်းနေထိုင်ကြပေသည်။ ယင်းသို့ တစ်နေရာတည်း၌ မနေဘဲ လှည့်လည် သွားလာတတ်သော လူမျိုးတစ်မျိုးကို အာရေဗျနိုင်ငံ၌လည်း တွေ့ရ၏။ ထိုသူတို့ကို ဗက်ဒူးအင်လူမျိုးများဟု ခေါ်သည်။ ထိုသူတို့သည် ဆိတ်နှင့်သိုး များကို မွေးမြူ၍ ထိုတိရစ္ဆာန်တို့မှရသော အသားအရေ၊ သားမွေး တို့ကို ရောင်းချခြင်းဖြင့် ကြွယ်ဝချမ်းသာလျက်ရှိ၏။ အာရှတိုက်၏ မြောက်ဘက်ဆုံးသောဒေသကား တစ်နှစ် ပတ်လုံး ရေခဲနေသဖြင့် လယ်ယာလုပ်ကိုင်နိုင်ခြင်းမရှိဘဲ ထိုအရပ်ရှိ လူတို့သည် အမဲလိုက်ခြင်း၊ ငါးမျှားခြင်း စသည် တို့ဖြင့်သာ အသက်မွေး၍ နေထိုင်ကြ၏။ ထိုအရပ်၌ တွေ့ရှိ သော ဝင်ရိုးစွန်းဝက်ဝံများ၊ တန်းဒြ သမင်များ၊ ပင်လယ်ဖျံ များကို ဖမ်း၍ အသားကိုစားသောက်ပြီးလျှင် အရေကို နေအိမ်နှင့် အဝတ်များအတွက် အသုံးပြု၍ အဆီကို မီးထွန်းရန် ထုတ်ယူကြ၏။ အာရှတိုက်သည် လယ်ယာလုပ်ကိုင်ခြင်း ထွန်းကားသော ဌာနသာဖြစ်၏။ စက်မှုလက်မှုလုပ်ငန်းကား ပြောပလောက် အောင် မကြီးကျယ်သေးချေ။ ထိုကြောင့် အခြားတိုင်းပြည်များ သို့ တင်ပို့ရောင်းချသော ကုန် များမှာလည်း ကုန်ကြမ်းများသာ ဖြစ်၏။ အိန္ဒိယ၊ ဂျပန်နှင့် ရုရှနိုင်ငံတို့တွင်သာ စက်ရုံကြီးများ ဖြင့် လုပ်ကိုင် ကြသည်ကို တွေ့ရသေး၏။ လွတ်လပ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ယခုအခါ စက်ရုံကြီးများ အသင့် အတင့် ဆောက်လုပ်၍ အများအပြား ထွက်ရှိစေရန် စတင်ထုပ်လုပ်လျက်ရှိပေသည်။ မြန်မာနိုင်ငံ၊ သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)၊ မလေးရှားနိုင်ငံ၊ ထိုင်း (ယိုးဒယား)နိုင်ငံ စသော နိုင်ငံငယ်များကား ထိုစက်မှုလက်မှု လုပ်ငန်းကို အစပျိုးရန် အားပြုဆဲ ဖြစ်လေသည်။ အာရှတိုက်သည် အခြားတိုက်ကြီးများနှင့်စာလျှင် သဘာဝ ဓာတ်သတ္တုများ အလွန်အထွက်နည်းသောတိုက် ဖြစ်၏။ အီရန်၊ အီရက်၊ အရှေ့အိန္ဒိယကျွန်းစု(အင်ဒိုနီးရှား)နှင့် မြန်မာနိုင်ငံတို့၌ ရေနံထွက်၏။ များမကြာ သေးမီအချိန်မှစ၍ ဆအူးဒီအာရေဗျ နိုင်ငံ၊ ဗာရိန်းကျွန်း၊ကူဝိတ်နိုင်ငံ၊ ကော့တာနိုင်ငံ၊ အိုမန်နိုင်ငံ နှင့်အာရပ် စော်ဘွားနယ်ပေါင်းစုံနိုင်ငံတို့တွင် ရေနံအကြီး အကျယ် ထွက်ရှိနေလေသည်။ အိန္ဒိယ၊ မလ္လာယုကျွန်းဆွယ်၊ တရုတ်နိုင်ငံမြောက်ပိုင်း၊ မန်ချူးရီးယားပြည်နယ်၊ ကိုရီးယား နိုင်ငံနှင့်ဆိုက်ဗီးရီးယားဒေသတို့၌ကား သံ အနည်းငယ် ရရှိ၏။ ကျောက်မီးသွေးကိုကား အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့၌ အများဆုံးရရှိ လေသည်။ သို့ရာတွင် အာရှတိုက်၏တွင်းထွက်ပစ္စည်းများကား မြောက်အမေရိကတိုက်၊ ဥရောပတိုက်တို့နှင့် နှိုင်းစာလျှင် အလွန်ပင် နည်းလှပေသည်။ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း စသော တွင်းထွက်ရတနာများကား အာရှတိုက်တောင်ဘက် ပိုင်းရှိ တိုင်းပြည်များမှ ရရှိလေသည်။ ပတ္တမြား၊ နီလာနှင့် ကျောက်စိမ်းတို့ကို မြန်မာနိုင်ငံ၌အထူး တွေ့ရှိ ရသည်။ မည်သို့ပင်ဖြစ်စေ အာရှတိုက်သည် ကုန်ရိုင်းများ၊ ကောက်ပဲ သီးနှံ၊ ကျွန်းသစ်များ ပေါများ၍ အလုပ်သမားခ သက်သာရ ကား အသက်မွေးဝမ်းကျောင်းမှု ချောင်ချိလှသဖြင့် နိုင်ငံခြားတို့ လာရောက် နယ်ချဲ့ရာ ဌာနကြီးဖြစ်နေ၏၊ အာရှတိုက်တွင် ဥရောပတိုက်နိုင်ငံများမှ လာရောက်စိုးမိုးအုပ်ချုပ်သည်ကို ခံခဲ့ ရသော ပြည်ငယ်များကား အလွန်ပင် များခဲ့သည်ကို ထောက်ဆ၍ သိနိုင်လေသည်။ သို့ရာတွင် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီဟိုဠ်ကျွန်း၊ ဖိလစ်ပိုင်ကျွန်းစု၊ အင်ဒိုနီးရှားနိုင်ငံ စသော လက်အောက်ခံ တိုင်းပြည်များမှ တိုင်းရင်းသားတို့၏ နိုးကြားထကြွမှု မျိုးချစ်စိတ်ထက်သန်မှုကြောင့် တစ်ပြည်ပြီး တစ်ပြည်၊ တစ်နိုင်ငံပြီး တစ်နိုင်ငံ လွတ်လပ်ရေးရရှိလာခဲ့ရာ အာရှတိုက်သည် မကြာမီကာလအတွင်း စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေးတို့၌ ကမ္ဘာပေါ်ရှိ နိုင်ငံကြီးများနှင့် ရင်ဘောင်တန်း နိုင်တော့မည်ဟု ထင်မှတ်ရပေသည်။ ပါဝင်သောနိုင်ငံများ အာရှတိုက်တွင် ပါဝင်သော နိုင်ငံများမှာ ကူဝိနိုင်ငံ၊ ကိုရီးယားဒီမိုကရစ်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ကော့တာနိုင်ငံ၊ ခမာ(ကမ္ဗောဒီးယား)နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဂျောန်ဒန်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ဆအူးဒီအာရေဗျနိုင်ငံ၊ ဆီးရီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တူရကီနိုင်ငံ ယေမင်ပြည်သူ့ဒီမို ကရက်တစ်နိုင်ငံ၊ ထိုင်လင်းနိုင်ငံ၊နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဗာရိန်းနိုင်ငံ၊ ဗီယက်နမ်ဒီမို ကရစ်တစ်သမ္မတနိုင်ငံ၊ ဗီယက်နမ်သမ္မတနိုင်ငံ၊ဗင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ဘူတန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ မောလဒစ် နိုင်ငံ၊ အိုမန်နိုင်ငံ၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ၊မွန်ဂိုလီးယားပြည်သူ့ သမ္မတနိုင်ငံ၊ ယေမင် အာရပ်သမ္မတနိုင်ငံ၊ လောနိုင်ငံ ၊လက်ဗနွန်နိုင်ငံ၊ သီရိလင်္ကာ(သီဟိုဠ်)နိုင်ငံ၊ အာဖဂနိစတန် နိုင်ငံ၊ အာရပ် စော်ဘွားနယ် ပေါင်းစုနိုင်ငံ၊ အီရက်နိုင်ငံ၊ အီရန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အဇ္ဇရီယယ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့ ဖြစ်ကြသည်။ (ဖော်ပြပါနိုင်ငံများအတွက်သက်ဆိုင်ရာခေါင်းစဉ်မျာအောက်တွင် ရှု။) ထိုနိုင်ငံများအနက် ဂျပန်နိုင်င ံ( ဂျပန်နိုင်ငံ)
တရုတ်နိုင်ငံ ( တရုတ်ပြည်သူ့သမ္မတနိုင်ငံ-။)
တူရကီ နိုင်ငံ ံ( တူရကီနိုင်ငံ- ။)
ထိုင်းလင်းနိုင်ငံ ( ယိုးဒယားနိုင်ငံ-။)
နီပေါနိုင်ငံ ( နီပေါနိုင်ငံ-)
အာဖဂနိစတန် နိုင်ငံ ( အာဖဂနိစတန်နိုင်ငံ-။)
နှင့်အီရန်နိုင်ငံ ( အီရန်နိုင်ငံ။)
တို့သည် အစဉ်တစိုက် လွတ်လပ်ခဲ့သော နိုင်ငံများ ဖြစ်လေသည်။ ကူဝိတ်နိုင်ငံသည် ၁၈၉၇ ခုနှစ်မှစ၍ ဗြိတိသျှတို့ အစောင့်အရှောက်ခခံနယ်ပယ် ဖြစ်လာခဲ့ရာမှ ၁၉၆၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ဗြိတိသျှ အုပ်ချုပ်ရေးမှ လွတ်လပ်ရေးရရှိခဲ့သည်။ ( အာရေဗျကျွန်းဆွယ်-။)
မူလက လွတ်လပ်ခဲ့သော ကိုရီးယားနိုင်ငံသည် ၁၉၁ဝ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်တို့ သိမ်းပိုက်ထား ခြင်း ခံခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ဆိုဗီယက်တပ်များ သိမ်းပိုက် ထားသော ၃၈ ဒီဂရီ မျဉ်းပြိုင် မြောက်ဘက်နယ်မြေ သည် ၁၉၄၈ ခုနှစ် စက်တင်္ဘာလ ၈ ရက်နေ့တွင်ကိုရီးယားဒီမို ကရက်တစ် သမ္မတနိုင်ငံ ဖြစ်လာသည်။ အမေရိကန်တပ်များ သိမ်းပိုက်ထားသော ၃၈ ဒီဂရီ မျဉ်းပြိုင်တောင်ဘက်နယ်မြေ သည် ၁၉၄၈ ခုနှစ် 0x100သဂုတ်လ ၁၅ ရက်နေ့တွင် ကိုရီးယား သမ္မတနိုင်ငံ ဖြစ်လာလေသည်။ ( ကိုရီယားနိုင်ငံ။)
ယခင်က ပြင်သစ် အင်ဒိုချိုင်းနားတွင် အပါအဝင် ဖြစ်ခဲ့သော ကမ္ဗောဒီးယား(ခမာ)၊ လောနှင့်ဗီယက်နမ်ပြည်သူတို့အနက် ကမ္ဗော ဒီးယား(ခမာ)သည် ၁၉၄၉ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြင်သစ်ပြည်ထောင်စုတွင် လွတ်လပ်သောနိုင်ငံ ဖြစ်လာသည်။ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သောနိုင်ငံ ဖြစ်လာခဲ့သည်။ ၁၉၇ဝ ပြည့်နှစ် အောက်တိုဘာ ၉ ရက်နေ့တွင် ခမာသမ္မတနိုင်ငံ ဖြစ်လာ၏။ ( ကမ္ဗောဇနိုင်ငံ-။)
လောနိုင်ငံသည် ၁၉၄၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ပြင်သစ်တို့ အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေးရရှိခဲ့သည်။ ( လောနိုင်ငံ-။)
၁၉၅၄ ခုနှစ် တွင် ဗီယက်နမ်မှ ပြင်သစ်အုပ်ချုပ်ရေး ဆုတ်ခွာပြီးနောက် ၁၇ ဒီဂရီ မျဉ်းပြိုင် တောင်ပိုင်းနယ်မြေ၌ ၁၉၅၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဗီယက်နမ်သမ္မတနိုင်ငံ ထူထောင်ခဲ့သည်။ ( ဗီယက်နမ်နိုင်ငံ။)
ဂျော်ဒန်နိုင်ငံမှာ ရှေးက တူရကီ လက်အောက်ခံ ဖြစ်ခဲ့ရာမှ ပထမကမ္ဘာစစ်အတွင်း အင်္ဂလိပ် တို့က သိမ်းပိုက် ယူခဲ့ပြီးနောက် ဗြိတိသျှ0x100သဇာခံပြည်တစ်ခု ဖြစ်ခဲ့၏။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်တွင် လွတ်လပ် သော နိုင်ငံ ဖြစ်လာခဲ့လေသည်။ ( ဂျော်ဒန်နိုင်ငံ။)
ဗြိတိသျှ ကရောင်းကိုလိုနီတစ်ခုဖြစ်ခဲ့သော စင်္ကာပူသည် ၁၉၅၆ ခုနှစ် တွင် ပြည်တွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိလာခဲ့၍ ၁၉၆၃ ခုနှစ် တွင် မလေးရှား ပြည်ထောင်စုတွင် ပါဝင် ခဲ့သည်။ သို့သော် ၁၉၆၅ ခုနှစ် 0x100သဂုတ်လ ၉ ရက်နေ့တွင်မလေးရှားပြည်ထောင်စု မှာ ခွဲထွက် ပြီးနောက် အချုပ်အခြာ အာဏာပိုင်လွတ်လပ်သော ဗြိတိသျှဓနသဟာယ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာလေသည်။ ( စင်ကာပူမြို့။)
၁၉၂၆ ခုနှစ်တွင် အာရေဗျကျွန်းဆွယ် မှ နက်ဂျနိုင်ငံကို စူလတန်ဘုရင်ဖြစ်သော အစ်ဗင်ဆအူးသည် မက်ဂျနိုင်ငံကိုသိမ်းယူ၍ နက်ဂျနိုင်ငံနှင့် ပူးပေါင်းကာ နိုင်ငံ ၏ဘုရင်အဖြစ် အုပ်စိုးခဲ့၏။ နောက်နှစ်တွင် ထိုနိုင်ငံ၏ လွတ်လပ်ရေးကို ဗြိတိန်နိုင်ငံက အသိအမှတ်ပြုခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် ထိုနိုင်ငံကို ဆအူးဒီအာရေဗျနိုင်ငံဟူ၍ အမည်ပြောင်း လိုက်လေသည်။ ( ဆအူးဒီအာရေဗျနိုင်ငံ။) ၁၉၁၇ ခုနှစ်တွင် တူရကီတို့၏ အုပ်စိုးခြင်းအဆုံးသို့ ရောက်ခဲ့ပြီးမှ ၁၉၂ဝ ပြည့်နှစ်၌ ပြင်သစ်0x100သဇာ လွှမ်းမိုးသော နယ်ဖြစ်လာသည့် ဆီးရီးယားနယ်သည် ၁၉၃ဝ ပြည့်နှစ်တွင် ဆီးရီးယားသမ္မတနိုင်ငံ ဖြစ်လာခဲ့ သည်။ သို့သော် ပြင်သစ်0x100သ ဇာခံနိုင်ငံ ဖြစ်နေခဲ့သေး၍ ၁၉၄၆ ခုနှစ်တွင်မှ လွတ်လပ်သော နိုင်ငံ ဖြစ်လာခဲ့ လေသည်။ ( ဆီးရီးယားနိုင်ငံ-ရှု။)
တောင်ယေမင်နိုင်ငံသည် ဗြိတိသျှတို့ အုပ်စိုးမှုအောက်၌ ၁၂၉ နှစ် နေခဲ့ရ ပြီးနောက် ၁၉၆၇ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့ တွင် အချုပ်အခြာ အာဏာပိုင်လွတ်လပ်သောနိုင်ငံ ဖြစ်လာခဲ့ သည်။ ၁၉၇ဝ ပြည့်နှစ် နိုဝင်္ဘာလ ၃ဝ ရက်နေ့တွင် ယေမင်ပြည်သူ့ဒီမို ကရက်တစ် သမ္မတနိုင်ငံ ဟူ၍ အမည်ပြောင်းလိုက်လေသည်။ ယင်း၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သော ယေမင် အာရပ်သမ္မတနိုင်ငံသည် မူလက လွတ်လပ် ခဲ့၍ ၁၅၃၈ ခုနှစ်မှ ၁၆၃ဝ ပြည့်နှစ်အထိလည်းကောင်း၊ ၁၈၃၆ ခုနှစ်မှ ၁၉၁၈ ခုနှစ်အထိလည်းကောင်း တူရကီတို့ သိမ်းပိုက် ထားခြင်း ခံခဲ့ရသည်။ ယေမင်နိုင်ငံသည် ပထမကမ္ဘာစစ်အပြီး ပြန်လည် လွတ်လပ်လာ၍ ၁၉၃၄ ခုနှစ်တွင် ဆအူးဒီအာရေဗျ၊ ဗြိတိန်တို့နှင့် ချုပ်ဆိုခဲ့သော စာချုပ်အရ အချုပ်အခြာ အာဏာ ပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရလေသည်။ ( အာရေဗျကျွန်းဆွယ်။)
ယေမင်နိုင်ငံကဲ့သို့ပင် အာရေဗျကျွန်းဆွယ်တွင်ရှိသော ကော့တာနိုင်ငံသည် ဗြိတိသျှ အစောင့်အရှောက်ခံ နယ်မြေ အဖြစ်မှ ၁၉၇၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် လုံးဝ လွတ်လပ်သောနိုင်ငံအဖြစ် ကြေညာခဲ့၏။ ထို့အတူ ဗြိတိသျှ အစောင့်အရှောက်ခံနယ် ဖြစ်ခဲ့သော ဗာရိန်းကျွန်းသည်လည်း ၁၉၇၁ ခုနှစ် 0x100သဂုတ်လ ၁၄ ရက်နေ့တွင် လွတ်လပ်သောနိုင်ငံ တစ်ခု ဖြစ်လာခဲ့သည်။ အရေဗျကျွန်းဆွယ်အရှေ့တောင်ဘက် တွင်ရှိသော ထရူးရှဲစော်ဘွားနယ်များသည်လည်း ဗြိတိသျှ အစောင့်အရှောက်ခံနယ်များ ဖြစ်သည်။ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ အာရပ်စော်ဘွားများ နယ်ပေါင်းစုနိုင်ငံဟု ပြောင်းလဲမှည့်ခေါ် ထား၏။ ယင်း၏ တောင်ဘက်ရှိ မတ်စကက်နှင့် အိုမန်နိုင်ငံသည်စူလတန် စော်ဘွား အုပ်စိုးသော သီးခြားနိုင်ငံတစ်ခု ဖြစ်သော်လည်း ဗြိတိသျှတို့၏ အစောင့်အရှောက်ခံ ဖြစ်ခဲ့၏။ ၁၉၇ဝ ပြည့်နှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် လက်ရှိ စူလတန်စော်ဘွား ဆာအီဗင်တိုင်မူကို တော်လှန်၍ စူလတန်ဖြစ်လာသော သားတော် ကာဗတ်ဗင် ဆာအိလက်ထက်တွင် တိုင်းပြည်၏ အမည်ကို အိုမန်ဟု ပြောင်းလိုက်သည်။ ( အာရေဗျကျွန်းဆွယ်-။)
အိန္ဒိယတိုက်ငယ်တွင် ဗြိတိသျှတို့သည် နှစ်ပေါင်းများစွာ ကြီးစိုးလွှမ်းမိုးလာခဲ့ရာ ယခင်က ဗြိတိသျှ အိန္ဒိယဟူ၍ပင် ခေါ်တွင်ခဲ့သည်။ ၁၉၄၇ ခုနှစ် 0x100သဂုတ်လ ၁၅ ရက်နေ့တွင် ဗြိတိသျှတို့က လက်လွှတ်လိုက် ပြီးသော် အိန္ဒိယနှင့်ပါကစ္စတန် ဟူ၍ ဒိုမီနီယန်နိုင်ငံနှစ်ခုအဖြစ် ခွဲခြားပေးလိုက်သည်။ အိန္ဒိယ နိုင်ငံသည် ၁၉၅ဝ ပြည့်နှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံအဖြစ် ကြေညာခဲ့သည်။ ( အိန္ဒိယပြည်ထောင်စုသမ္မတနိုင်ငံ။)
၁၉၄၇ ခုနှစ် 0x100သဂုတ်လ ၁၄ ရက်နေ့တွင် ထွန်းပေါ် လာသည့် ဒိုမီနီယန် အဆင့်အတန်းရှိသော ပါကစ္စတန်နိုင်ငံသည် ၁၉၅၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် အစ္စလာမ်အယူဝါဒကို အခြေခံ သော ပါကစ္စတန်သမ္မတနိုင်ငံဖြစ်ကြောင်း ကြေညာခဲ့လေသည်။ ( ပါကစ္စတန် နိုင်ငံ။)
အိန္ဒိယတိုက်ငယ်၏ တောင်ဘက်စွန်းရှိ ရှေးကလွတ်လပ်ခဲ့ သော သီဟိုဠ်ကျွန်းသည် ပေါ်တူဂီ၊ ဒပ်ချနှင့် ဗြိတိသျှတို့ အစဉ်အဆက် ကြီးစိုးလွှမ်းမိုးခြင်းကို ခံခဲ့ရပြီးနောက် ၁၉၄၈ ခုနှစ် ဖေဖောဝါရီလ ၄ ရက်နေ့ တွင် ဗြိတိသျှအစိုးရက သီဟိုဠ်ကို ဗြိတိသျှဓနသဟာယအဖွဲ့ဝင် ဒိုမီနီယန်နိုင်ငံ တစ်ခု အဖြစ် တိုးတက် သတ်မှတ်ပေးခဲ့သည်။ ၁၉၇၂ ခုနှစ် မေလ ၂၂ ရက်နေ့တွင် သီဟိုဠ်နို်င်ငံကို သမ္မတနိုင်ငံအဖြစ် ကြေညာခဲ့၍ နိုင်ငံအမည်ကိုလည်း သီရိလင်္ကာသမ္မတနိုင်ငံဟု အမည် ပြောင်းလိုက်လေသည်။ ( သီဟိုဠ်ကျွန်း-။)
ပါကစ္စတန် နိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော အရှေ့ပါကစ္စတန်သည် ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဖြစ်ပွားခဲ့ သော အိန္ဒိယ-ပါကစ္စတန် စစ်ပွဲအတွင်း ဗင်္ဂလားဒေ့ရှနိုင်ငံ အဖြစ် လွတ်လပ်ရေး ရရှိခဲ့လေသည်။ ဟိမဝန္တာတောင်တန်း အရှေ့ပိုင်းတွင် တည်ရှိသော ဘူတန်နိုင်ငံသည် ဘုရင်အုပ်ချုပ် သော နိုင်ငံတစ်ခုဖြစ်သည်။ သို့သော် နိုင်ငံခြားရေးရာကိစ္စများ တွင် အိန္ဒိယနိုင်ငံ၏ညွှန်ကြားမှုကို ခံယူလေသည်။ ( ဘူတန် နိုင်ငံ-။)
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့တွင် လုံးဝလွပ်လပ်သော အချုပ်အခြာ အာဏာပိုင် သမ္မတနိုင်ငံ ဖြစ်လာသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟု ခေါ်တွင်ခဲ့ သည်။ သို့သော် ၁၉၇၃ ခုနှစ် ဒီဇင်ဘာလ ၁၅-၃၁ နေ့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ဟူ၍ ပြောင်းလဲမှည့်ခေါ်ခဲ့လေသည်။ မော်လဒစ်ကျွန်းစုသည် မူလက သီဟိုဠ်ကျွန်း၏ 0x100သဇာခံ ဖြစ်ခဲ့၍ ၁၈၈၇ ခုနှစ်မှစ၍ ဗြိတိသျှတို့ အစောင့်အရှောက်ခံ နယ်ပယ်ဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်အထိ ဗြိတိသျှ ကိုလိုနီ သီဟိုဠ်ကျွန်းကို မှီခိုခဲ့ရ၏။ ၁၉၅၆ ခုနှစ် ဇူလိုင်လ ၂၆ ရက် နေ့တွင် ဗြိတိသျှတို့အုပ်ချုပ်မှုအောက်မှ လုံးဝလွတ်လပ်သော နိုင်ငံတစ်ခု ဖြစ်လာခဲ့ ပြီးလျှင် ၁၉၆၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် မော်လဒစ်သမ္မတနိုင်ငံဟူ၍ ဖြစ်လာခဲ့လေသည်။ အာရှအရှေ့မြောက်ပိုင်းတွင် တည်ရှိ၍ ယခင်က အပြင် မွန်ဂိုလီးယားဟုခေါ်ခဲ့သော မွန်ဂိုလီးယားပြည်သူ့ သမ္မတနိုင်ငံ သည် ရှေးက 0x100သဇာအာဏာကြီးမားသည့် နိုင်ငံကြီးတစ်ခုဖြစ်ခဲ့ ရာမှ နောင်အခါ တန်ခိုးမှေးမှိန် လာ၍ တရုတ်နိုင်ငံ၏ 0x100သဇာ လွှမ်းမိုးမှုအောက်တွင် ကျရောက်ခဲ့ရလေသည်။ ၁၉၁၁ ခုနှစ် တရုတ်တော်လှန်မှုကြီး ဖြစ်ပွားသောအခါ ရုရှတို့၏ အားပေး ထောက်ခံမှုဖြင့် လွတ်လပ်သောနိုင်ငံအဖြစ် ကျေညာခဲ့၏။ ၁၉၂၁ ခုနှစ်တွင် မွန်ဂိုလီးယားပြည်သူ့သမ္မတနိုင်ငံဟု ကျေညာခဲ့လေသည်။ တရုတ်နိုင်ငံကလည်း ၁၉၄၅ ခုနှစ်တွင် လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့သည်။ ဗြိတိသျှတို့ နှစ်ပေါင်းများစွာ ကြီးစိုးလွှမ်းမိုးလာခဲ့သော မလ္လာယုကျွန်းဆွယ်တွင် မလ္လာယုပြည်ထောင်စု ဟူ၍ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့၏။ ထိုနောက် ၁၉၅၇ ခုနှစ်တွင် မလ္လာယုပြည်ထောင်စုသည် ဗြိတိသျှဓနသဟာယ အဖွဲ့ဝင် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် စက်တင်ဘာလ ၁၆ ရက်နေ့မှ အစပြု၍ မလ္လာယု ပြည်ထောင်စု၊ စင်္ကာပူ၊ ဆရာဝပ်နှင့် ဆားဗား (ယခင်ဗြိတိသျှ မြောက်ဗော်နီယိုနယ်)တို့ကို စုပေါင်း၍ မလေးရှားပြည်ထောင်စု နိုင်ငံဟူ၍ ဖွဲ့စည်းတည်ထောင်လိုက်သည်။ သို့သော် ၁၉၆၅ ခုနှစ် 0x100သဂုတ်လ ၉ ရက်နေ့တွင် စင်ကာပူသည် မလေးရှား ပြည်ထောင်စုမှ ခွဲထွက်လိုက်လေသည်။ ( မလ္လာယုကျွန်းဆွယ်-။)
ယခင်က မက်ဆိုပိုတေးမီးယားဟု တွင်ခဲ့သော ယခု အီရက် နိုင်ငံ တည်ရှိရာဒေသကို တူရကီတို့ ကြီးစိုးလွှမ်းမိုးခဲ့ရာမှ ပထမ ကမ္ဘာစစ်ကြီးအပြီးတွင် ဗြိတိန်နိုင်ငံက နိုင်ငံပေါင်းချုပ် အသင်းကြီး၏ အခွင့်အမိန့်ဖြင့် အုပ်ချုပ်လာခဲ့ရသည်။ ၁၉၃၂ ခုနှစ်တွင် အီရက်နိုင်ငံကို ဘုရင်အုပ်ချုပ်သော တိုင်းပြည်တစ်ခု ဖြင့် အသိအမှတ်ပြုခဲ့သည်။ သို့သော် ၁၉၅၈ ခုနှစ်မှအစပြု၍ သမ္မတနိုင်ငံတစ်ခု ဖြစ်လာခဲ့လေသည်။ ( အီရက် နိုင်ငံ။)
၁၉၄၂ ခုနှစ် မတ်လအထိ ယခု အင်ဒိုနီးရှားနိုင်ငံဟု ခေါ် တွင်လျက်ရှိသော နိုင်ငံသည် နယ်သာလန် (ဒပ်ချ)အစိုးရပိုင် ပင်လယ်ရပ်ခြားနယ်ပယ်များ ဖြစ်ခဲ့၏။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်တို့ ကြီးစိုးလွှမ်းမိုးခြင်း ခံခဲ့ရပြီးနောက် ဒေါက်တာဆိုကာနိုနှင့် ဒေါက်တာဟာတာတို့ ခေါင်းဆောင်ကာ တော်လှန်ပုန်ကန်ခဲ့၍ ၁၉၄၅ ခုနှစ် 0x100သဂုတ် လ ၁၇ ရက်နေ့တွင် သမ္မတနိုင်ငံအဖြစ် ကြေညာခဲ့၏။ ၁၉၄၅ ခုနှစ်မှ ၁၉၄၉ ခုနှစ်အတွင်း ဒပ်ချတို့နှင့် လွတ်လပ်ရေးအတွက် ယှဉ်ပြိုင်တိုက်ခဲ့ရာ နောက်ဆုံးကုလသမဂ္ဂ၏ ဝင်ရောက်ဖြန်ဖြေ ပေးမှုကြောင့် ထိုနှစ်(၁၉၄၉)ဒီဇင်ဘာ ၂၇ ရက်နေ့တွင် အင်ဒို နီးရှား ပြည်ထောင်စုသမ္မတနိုင်ငံ ပေါ်ပေါက်လာလေသည်။ ( အင်ဒိုနီးရှားနိုင်ငံ-။)
၁၉၄၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေလွှတ်တော် အစည်းအဝေးက ပယ်လက် စတိုင်းပြည်တွင် ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၁ရက်နေ့ မတိုင်မီ သီးခြားလွတ်လပ်သောနိုင်ငံ နှစ်နိုင်ငံထူထောင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့တွင် အဇ္ဇရီရယ် သမ္မတနိုင်ငံဟူ၍ ပေါ်ပေါက်လာခဲ့လေသည်။ ( အဇ္ဇရီရယ်နိုင်ငံ-။)
ပထမကမ္ဘာစစ်အပြီးတွင် နိုင်ငံပေါင်းချုပ်အသင်းကြီးက ယခု လက်ဗနွန်နှင့် ဆီးရီးယားနိုင်ငံတို့ တည်ရှိရာ နယ်သစ် တို့အား 0x100သဇာခံနယ်ပယ်အဖြစ် အုပ်ချုပ်စေခဲ့သည်။ ပြင်သစ် တို့သည် ၁၉၂၆ ခုနှစ်တွင် ယခု လက်ဗနွန်နိုင်ငံ နယ်နမိတ်ကို သတ်မှတ်ပြီးလျှင် သမ္မတအုပ်ချုပ်ရေးစနစ် လက်ခံသည့် အခြေခံဥပဒေတစ်ရပ်ကို သတ်မှတ်ပြီးလျှင် သမ္မတအုပ်ချုပ်ရေး စနစ် လက်ခံသည့် အခြေခံဥပဒေသစ်တစ်ရပ်ကို ပေးခဲ့၍ အယူဝါဒီဆိုင်ရာအုပ်စုများဖြင့် အုပ်ချုပ်ရေးစနစ်ကိုလည်း အတည်ပြုခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် လွတ်လပ်သည့် သမ္မတ နိုင်ငံအဖြစ် ကျေညာခဲ့လေသည်။ ( လက်ဗနွန်နိုင်ငံ။)[၁]
|
|||||
[ပြင်ဆင်ရန်] ကျမ်းကိုး
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
- ↑ Continental regions as per UN categorisations (map), except 12. Depending on definitions, various territories cited below (notes 6, 11-13, 15, 17-19, 21-23) may be in one or both of Asia and Europe, Africa, or Oceania.
- ↑ Includes Jammu and Kashmir, a contested territory among India, Pakistan, and the PRC.
- ↑ Russia is a transcontinental country; population and area figures are for Asian portion only.
- ↑ ၅.၀ ၅.၁ Gaza and West Bank, collectively referred to as the "Occupied Palestinian Territory" by the UN, are territories partially occupied by Israel but under de facto administration of the Palestinian National Authority.
- ↑ Georgia is often considered a transcontinental country in Western Asia and Eastern Europe; population and area figures are for Asian portion only.
- ↑ The island of Cyprus is sometimes considered a transcontinental territory: in the Eastern Basin of the Mediterranean Sea south of Turkey, it has historical and socio-political connections with Europe. The Turkish Republic of Northern Cyprus (TRNC), distinct from the de jure Republic of Cyprus in the south (with a predominantly Greek population), is recognized only by Turkey.
- ↑ Turkey is generally considered a transcontinental country in Western Asia and Southern Europe; population and area figures are for Asian portion only, excluding all of Istanbul.
- ↑ Azerbaijan is often considered a transcontinental country in Western Asia and Eastern Europe; population and area figures are for Asian portion only. Figures include Nakhchivan, an autonomous exclave of Azerbaijan bordered by Armenia, Iran, and Turkey.
- ↑ Armenia is sometimes considered a transcontinental country: physiographically in Western Asia, it has historical and sociopolitical connections with Europe.
- ↑ In 1980, Jerusalem was proclaimed Israel's united capital, following its annexation of Arab-dominant East Jerusalem during the 1967 Six-Day War. The United Nations and many countries do not recognize this claim, with most countries maintaining embassies in Tel Aviv instead.
- ↑ Excludes Christmas Island and Cocos (Keeling) Islands (Australian external territories in the Indian Ocean southwest of Indonesia).
- ↑ The administrative capital of Myanmar was officially moved from Yangon (Rangoon) to a militarised greenfield just west of Pyinmana on 6 November 2005.
- ↑ East Timor is often considered a transcontinental country in Southeastern Asia and Oceania.
- ↑ Indonesia is often considered a transcontinental country in Southeastern Asia and Oceania; figures do not include Irian Jaya and Maluku Islands, frequently reckoned in Oceania (Melanesia/Australasia).
- ↑ The current state is formally known as the People's Republic of China (PRC), which is subsumed by the eponymous entity and civilization (China). Figures given are for mainland China only, and do not include ဟောင်ကောင်, Macau, and တိုင်ဝမ်.
- ↑ Figures are for the area under the de facto control of the Republic of China (ROC) government, frequently referred to as ထိုင်ဝမ်. Claimed in whole by the PRC; see political status of Taiwan.
- ↑ မာကောင်သည် တရုတ်ပြည့်သူ့သမ္မတနိုင်ငံ၏ Special Administrative Region
- ↑ ဟောင်ကောင်သည် တရုတ်ပြည့်သူ့သမ္မတနိုင်ငံ၏ Special Administrative Region (SAR) တစ်ခုဖြစ်သည်
- ↑ Kazakhstan is sometimes considered a transcontinental country in Central Asia and Eastern Europe; population and area figures are for Asian portion only.