ဗဟိုအာဖရိကသမ္မတနိုင်ငံ
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
| ဗဟိုအာဖရိကသမ္မတနိုင်ငံ Central African Republic |
|||||
| République centrafricaine Ködörösêse tî Bêafrîka |
|||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - "Unité, Dignité, Travail" (French) "Unity, Dignity, Work" |
|||||
| နိုင်ငံတော်သီချင်း - La Renaissance (French) E Zingo (Sango) |
|||||
| ပထဝီ |
|||||
| မြို့တော် | Bangui | ||||
ဧရိယာ
|
|||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | Sango၊ ပြင်သစ် | ||||
လူဦးရေ
|
|||||
| လူမျိုးများ | Central African | ||||
| နိုင်ငံရေး | |||||
| အမျိုးအစား | သမ္မတနိုင်ငံ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | $3.309 billion[၂] (အဆင့် - ) | ||||
| GDP(PPP) | $745[၂] (အဆင့် - ) | ||||
| HDI | ▲ 0.369 (အဆင့် - 179th) | ||||
| ငွေ | Central African CFA franc (XAF) | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .cf | ||||
| Calling code | 236 | ||||
ဗဟိုအာဖရိကသမ္မတနိုင်ငံ (Central African Republic - CAR) အာဖရိကအလယ်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်ခု ဖြစ်သည်။ မြောက်ဘက်တွင် ချဒ်၊ အရှေ့ဘက်တွင် ဆူဒန်၊ တောင်ဘက်တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ နှင့် ကွန်ဂိုသမ္မတနိုင်ငံ၊ အနောက်ဘက်တွင် ကင်မရွန်းနိုင်ငံ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက် ရှိသည်။ စုစုပေါင်း ကုန်းမြေဧီရိယာ ၂၄၀,၀၀၀ စတုရန်းမိုင် (၆၂၃,၀၀၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းပြီး ၂၀၀၈ခုနှစ် ခန့်မှန်းလူဦးရေမှာ ၄.၄သန်းဖြစ်သည်။ မြို့တော်မှာ ဘန်ဂီ (Bangui) ဖြစ်သည်။
ဗဟိုအာဖရိကသမ္မတနိုင်ငံ၏ နယ်မြေအများစုမှာ ဆူဒန်-ဂီနီဆားဗားနား (Sudano-Guinean savannas) မြက်ခင်းများ ဖြစ်သည်။ မြောက်ပိုင်းတွင် ဆာဟယ်လို-ဆူဒန်နီးယန်း (Sahelo-Sudanian) ဇုန် ဆားဗားနားမြက်ခင်းများ နှင့် တောင်ပိုင်းတွင် အီကွေတာသစ်တောများ ဖုံးလွှမ်းလျှက် ရှိသည်။ နိုင်ငံ၏ သုံးပုံနှစ်ပုံမှာ ကွန်ဂိုမြစ် (Congo River) အတွင်းသို့ စီးဝင်သော အူဘန်ဂီမြစ်ဝကျွန်းပေါ်ဒေသ(Ubangi River)တွင် တည်ရှိသည်။ ကျန်သုံးပုံတစ်ပုံမှာ နိုင်ငံမြောက်ပိုင်းရှိ ချဒ်ရေကန်ကြီး (Lake Chad) အတွင်းသို့ စီးဝင်သည့် ချာရီမြစ်ဝကျွန်းပေါ်ဒေသ (Chari River) တွင် တည်ရှိနေသည်။
တိုင်းပြည်၏ နယ်မြေအများစုမှာ အူဘန်ဂီ-ချာရီ မြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိနေသောကြောင့် ပြင်သစ်တို့က ယင်းဒေသကို အူဘန်ဂီ-ချာရီ ဟုခေါ်ဆိုခဲ့သည်။ ၁၉၅၈တွင် ပြင်သစ်ကိုလိုနီအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်ပိုင်းတစ်စ ရရှိသော နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ ၁၉၆၀၊ ဩဂုတ်လ (၁၃)ရက်တွင် လုံးဝလွတ်လပ်ရေး ရရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ်(၃)ခုကျော်ကြာမျှ ပြည်သူမှ ဒီမိုကရေစီစနစ်ဖြင့် ရွေးကောက်ခံရသူမဟုတ်သည့် သမ္မတများက အုပ်ချုပ်ခဲ့သည်။ စစ်အေးကာလပြီးဆုံးချိန်တွင် ယင်းစနစ် အဆုံးသတ်သွားခဲ့သည်။
ပထမဆုံး ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲများကို ကုလသမဂ္ဂ၏ အကူအညီဖြင့် ၁၉၉၃တွင် ကျင်းပခဲ့သည်။ အန်ဂ်ဖယ်လိစ်ပတ်တတ်စ် (Ange-Félix Patassé) အာဏာ ရလာခဲ့သည်။ ၂၀၀၃ခုနှစ်တွင် လူထုထောက်ခံမှုမရတော့ပဲ ပြင်သစ်ကျောထောက်နောက်ခံပြုထားသော ဗိုလ်ချုပ်ဖရန်စစ်ဘိုဇစ် (François Bozizé) က အာဏာသိမ်းခဲ့သည်။ ၂၀၀၅ခုနှစ်၊ မေလတွင် ကျင်းပသော ရွေးကောက်ပွဲတွင် ဖရန်စစ်ဘိုဇစ် အနိုင်ရပြီး အာဏာရလာခဲ့သည်။ ၂၀၀၇ခုနှစ်တွင် အလုပ်သမားသပိတ်များကြောင့် ၂၀၀၈ခုနှစ်တွင် အစိုးရအဖွဲ့ ပြုတ်ကျခဲ့သည်။ ၂၀၀၈ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ဝန်ကြီးချုပ်အသစ်ဖြစ်သု ဖော်စတင်အာချန်တိုဝါဒယ်ရာ (Faustin-Archange Touadéra) အာဏာရလာသည်။
ဗဟိုအာဖရိကသမ္မတနိုင်ငံသည် အာဖရိက အဆင်းရဲဆုံး (၁၀)နိုင်ငံစာရင်း (poorest countries in the world) တွင် ပါဝင်သည်။ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း (Human Development Index) ၀.၃၆၉ သာရှိသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၂နိုင်ငံအနက် အဆင့် ၁၇၉ ဖြစ်သည်။ [၃] သို့ရာတွင် ၂၀၀၁ခုနှစ်က ဂေဟဗေဒမဂ္ဂဇင်း (The Ecologist magazine) မှ သိသိသာသာဖွံ့ဖြိုးတိုးတက်မှုရှိသောနိုင်ငံအဖြစ် ခန့်မှန်းခဲ့သည်။ [၄]
သမိုင်းကြောင်း[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Department of Economic and Social Affairs Population Division (2009) (PDF). World Population Prospects, Table A.1. 2008 revision. United Nations. http://www.un.org/esa/population/publications/wpp2008/wpp2008_text_tables.pdf. Retrieved 2009-03-12.
- ↑ ၂.၀ ၂.၁ Central African Republic. International Monetary Fund. Retrieved on 2010-04-21။
- ↑ List of countries by Human Development Index
- ↑ HS Foreign 24.4.2001 – Did the Central African Republic surpass Finland in environmental affairs?. .hs.fi. Retrieved on 2010-06-27။