ကင်မရွန်းနိုင်ငံ
| ကင်မရွန်း သမ္မတနိုင်ငံ Republic of Cameroon |
|||||
| République du Cameroun | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - "Paix – Travail – Patrie" (French) "Peace – Work – Fatherland" |
|||||
| နိုင်ငံတော်သီချင်း - Ô Cameroun, Berceau de nos Ancêtres (French) O Cameroon, Cradle of our Forefathers 1 |
|||||
| ပထဝီ |
|||||
| မြို့တော် | Yaoundé | ||||
ဧရိယာ
|
|||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | ပြင်သစ်၊ အင်္ဂလိပ် | ||||
လူဦးရေ
|
|||||
| လူမျိုးများ | Cameroonian | ||||
| နိုင်ငံရေး | |||||
| အမျိုးအစား | သမ္မတနိုင်ငံ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | $42.778 billion[၁] (အဆင့် - ) | ||||
| GDP(PPP) | $2,147[၁] (အဆင့် - ) | ||||
| HDI | ▲ 0.532 (အဆင့် - 153rd) | ||||
| ငွေ | Central African CFA franc (XAF) | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .cm | ||||
| Calling code | 237 | ||||
ကင်မရွန်းသမ္မတနိုင်ငံသည် အာဖရိက ဗဟို အနောက်ပိုင်းရှိ နိုင်ငံတစ်ခုဖြစ်သည်။ အနောက်ဘက်တွင် နိုင်ဂျီးရီးယားနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် ချဒ်၊ အရှေ့ဘက်တွင် ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ တောင်ဘက်တွင် အီကွေတိုရီယယ်ဂီနီ၊ ဂါဘွန်နိုင်ငံ နှင့် ကွန်ဂိုသမ္မတနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသည်။ ကင်မရွန်းနိုင်ငံသည် အတ္တလန္တိတ်သမုဒ္ဒရာ၊ ဂီနီပင်လယ်ကွေ့ ၏ အစိပ်အပိုင်းတစ်ခု ဖြစ်သော ဘွန်နီပင်လယ်အော် (Bight of Bonny) ဘက်တွင် ကမ်းရိုးတန်းရှိသည်။ နိုင်ငံအတွင်းတွင် ပထဝီဝင်အနေအထားပေါင်းစုံနှင့် ယဉ်ကျေးမှုပေါင်းစုံ ရောနှောလျှက်ရှိနေသောကြောင့် ကင်မရွန်းနိုင်ငံကို အာဖရိကတိုက်ငယ် ("Africa in miniature") ဟုလည်း တင်စားခေါ်ဆိုကြသည်။ သဘာဝ ပထဝီဝင် အနေဖြင့် အပန်းဖြေကမ်းခြေများ၊ သဲကန္တာရများ၊ တောင်တန်းများ၊ မိုးသစ်တောများ၊ ဆာဗားနားမြက်ခင်းပြင် များအစုံရှိသည်။ အမြင့်ဆုံးတောင်ထွတ်မှာ နိုင်ငံအနောက်တောင်ပိုင်းရှိ ကင်မရွန်းတောင်ထိပ် ဖြစ်သည်။ အကြီးဆုံးမြို့တော်များမှာ ဒူဝါလာ (Douala)၊ ယောင်အွန်ဒေး (Yaoundé) နှင့် ဂရူဝါ (Garoua) တို့ဖြစ်ကြသည်။ ကင်မရွန်းတွင် ဘာသာစကားမျိုးကွဲပေါင်း (၂၀၀)ကျော်ရှိသည်။ ကင်မရွန်းနိုင်ငံသည် သူတို့၏ တစ်မူထူးခြားသည့် makossa နှင့် bikutsi ဂီတအနုပညာများကြောင့်လည်းကောင်း၊ ကင်မရွန်းဘောလုံးအသင်းကြောင့်လည်းကောင်း ကမ္ဘာ့အလယ်တွင် လူသိများထင်ရှားသည်။ နိုင်ငံ၏ တရားဝင် ရုံးသုံးဘာသာစကား အနေဖြင့် အင်္ဂလိပ် နှင့် ပြင်သစ်ဘာသာစကားများကို သတ်မှတ်ထားသည်။
အစောပိုင်း လူနေမှုများမှာ ချဒ်ရေကန် ကြီးဝန်းကျင်ရှိ ဆောင် ယဉ်ကျေးမှု လူ့အဖွဲ့အစည်း၊ အရှေ့တောင်ပိုင်း မိုးသစ်တောအတွင်းရှိ ဘာကာ မုဆိုးရွာများ ဖြစ်ကြသည်။ ထိုဒေသ ကမ်းရိုးတန်းသို့ ၁၅ရာစုနှစ်တွင် ပေါ်တူဂီလူမျိုး စူးစမ်းရှာဖွေသူတို့ ရောက်ရှိလာကြပြီး ရိုင်ယိုဒေါ့စ်ကင်မရိုးစ် (Rio dos Camarões) ဟု အမည်ပေးခဲ့ကြသည်။ အဓိပ္ပါယ်မှာ ပုစွန်မြစ် ဟု ဖြစ်သည်။ ထိုအမည်မှတဆင့် ယခုခေါ်တွင်နေသော ကင်မရွန်းအမည် ဖြစ်ပေါ်လာသည်။ ၁၉ရာစုနှစ်က နိုင်ငံမြောက်ပိုင်းတွင် ဖူလာနီ စစ်သားများက အာဒါမဝါစော်ဘွားနိုင်ငံ ကို တည်ထောင်ခဲ့သည်။ နိုင်ငံအနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် အမျိုးမျိုးသော လူမျိုးစု နိုင်ငံငယ်များ ရှိခဲ့သည်။ ၎င်းနိုင်ငံငယ်များကို chiefdoms သို့မဟုတ် fondoms များဟုခေါ်ဆိုသည်။ ၁၈၈၄တွင် ဂျာမနီနိုင်ငံ၏ ကိုလိုနီ ဖြစ်ခဲ့သည်။
ပထမကမ္ဘာစစ်ကြီးအပြီးတွင် နိုင်ငံပေါင်းချုပ် အသင်းကြီး ၏ ဆုံးဖြတ်ချက်အရ ပြင်သစ် နှင့် ဗြိတိန် တို့၏ နှစ်ပိုင်းခွဲခြမ်း သိမ်းပိုက်ခြင်းခံရပြန်သည်။ ကင်မရွန်းပြည်သူ့သမဂ္ဂပါတီ က ဦးဆောင်၍ လွတ်လပ်ရေးကို ကြေညာခဲ့သည်။ ၁၉၅၀တွင် ပြင်သစ်တို့က လက်မခံသဖြင့် ပြင်သစ်နှင့် တိုင်းရင်းသား စစ်တပ်များကြား ၁၉၇၁အထိ စစ်မက်ဖြစ်ပွားခဲ့သည်။ ၁၉၆၀တွင် ပြင်သစ်တို့အုပ်ချုပ်သော ကင်မရွန်းအပိုင်းသည် လွတ်လပ်ရေးရရှိလာပြီး အမာဒူအဟစ်ဂျို က သမ္မတအဖြစ် ဦးဆောင်ခဲ့သည်။ ၁၉၆၁တွင် ဗြိတိသျှတို့အုပ်ချုပ်သော တောင်ပိုင်းကင်မရွန်းနှင့် ပေါင်းစပ်ပြီး ကင်မရွန်းဖက်ဒရယ်သမ္မတနိုင်ငံကို တည်ထောင်ခဲ့ကြသည်။ ၁၉၇၂တွင် ကင်မရွန်း ပြည်ထောင်စု သမ္မတနိုင်ငံအဖြစ်လည်းကောင်း၊ ၁၉၈၄တွင် ကင်မရွန်းသမ္မတနိုင်ငံအဖြစ်လည်းကောင်း အမည်ပြောင်းလဲခဲ့သည်။
အခြားသော အာဖရိကနိုင်ငံများနှင့်နှိုင်းစာလျှင် ကင်မရွန်းသည် နိုင်ငံရေး၊ လူမှုရေး အတော်ပင် တည်ငြိမ်သည်။ သို့ဖြစ်၍ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် မီးရထားလမ်းများ၊ ရေနံနှင့် စက်မှုလုပ်ငန်းကြီးများ အများအပြားထွန်းကားလာခဲ့သည်။ သို့သော်လည်း ကင်မရွန်းနိုင်ငံသားအများစုမှာ ဆင်းရဲလျှက်ပင်ရှိနေသေးသည်။ အဘယ်ကြောင့်ဆိုသော် လယ်သမားအများစုဖြစ်သောကြောင့် ဖြစ်သည်။ အာဏာသည် သမ္မတ ပေါလ်ဘီယာ နှင့် ကင်မရွန်းပြည်သူ့ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီ ၏ လက်ထဲတွင် ၁၉၈၂ခုနှစ်မှစတင်၍ ခိုင်မြဲလျှက်ရှိသည်။ အင်္ဂလိပ်စကားပြောသော ကင်မရွန်းတောင်ပိုင်းမှ နိုင်ငံရေးသမားများသည် ဗဟိုအစိုးရမှ ချုပ်ကိုင်မှုများကို လျှော့ချပေးရန် မှသည် တောင်ပိုင်းကို သီးခြားခွဲထွက်ရန် တောင်းဆိုသည်အထိ ပဋိပက္ခသဘောများ တိုးပွားလာလျှက် ရှိသည်။
[ပြင်ဆင်ရန်] ကိုးကား
- ↑ ၁.၀ ၁.၁ Cameroon. International Monetary Fund. Retrieved on 2010-04-21။