မောရစ်ရှနိုင်ငံ
Wikipedia မှ
| မောရစ်ရှ သမ္မတနိုင်ငံ | |||||
| Republik Moris République de Maurice |
|||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - အိန္ဒိယသမုဒ္ဒရာ၏ ကြယ်ပွင့်နှင့် သော့ချက် | |||||
| နိုင်ငံတော်သီချင်း - အမိမြေ |
|||||
| ပထဝီ |
|||||
![]() |
|||||
| မြို့တော် | ပေါ့တ်လူဝီမြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၄ (နွေရာသီ) +၅ | ||||
| လူနေမှု | |||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | ပါလီမန် သမ္မတနိုင်ငံ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ၁၈.၀၆၁ ဘီလီယံ (အဆင့် - ) | ||||
| GDP(PPP) | US $၁၄,၀၉၇ (အဆင့် - ) | ||||
| HDI | ၀.၇၀၁ (အမြင့်) (အဆင့် - ၇၂) | ||||
| ငွေ | မောရစ်ရှန် ရူပီး | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .mu | ||||
| Calling code | +၂၃၀ | ||||
မောရစ်ရှနိုင်ငံ၏ တရားဝင်အမည်မှာ မောရစ်ရှ သမ္မတနိုင်ငံ ဖြစ်ပြီး အာဖရိကတိုက်၏ အရှေ့တောင်ဘက် ကမ်းရိုးတန်း အိန္ဒိယသမုဒ္ဒရာ အနောက်တောင်ပိုင်း တွင် တည်ရှိသော ကျွန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ မဒါဂတ်စကားနိုင်ငံ ၏ အရှေ့ဘက် ကီလိုမီတာ ၉၀၀ (၅၆၀မိုင်) ခန့် အကွာတွင် တည်ရှိသည်။ မောရစ်ရှနိုင်ငံတွင် မောရစ်ရှ ကျွန်းသာလျှင် မကဘဲ ကာဂါဒိုကျွန်း၊ ကာရာဂျိုကျွန်း၊ ရိုးဒရစ်ဂျ်ကျွန်း နှင့် အာဂါလီဂါကျွန်းတို့လည်း ပါဝင်သည်။ မောရစ်ရှ ကျွန်းသည် မက်စ်ကာရင်း ကျွန်းများ၏ တစိတ်တဒေသဖြစ်ပြီး ပြင်သစ် ယေညွန်ကျွန်း (réunion) သည် အနောက်တောင်ဘက် ၂၀၀ ကီလိုမီတာ (၁၂၀မိုင်) အကွာနှင့် ရိုးဒရစ်ဂျ်ကျွန်းသည် အရှေ့မြောက်ဘက် ၅၇၀ ကီလိုမီတာ (၃၅၀မိုင်) အကွာတွင် တည်ရှိကြသည်။ မောရစ်ရှနိုင်ငံ၏ ဧရိယာမှာ ၂၀၄၀ စတုရန်းကီလိုမီတာ ဖြစ်ပြီး မြို့တော်မှာ ပေါ့တ်လူဝီမြို့ ဖြစ်သည်။
