ဘူရွန်ဒီနိုင်ငံ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 3°30′S 30°00′E / 3.500°S 30.000°E / -3.500; 30.000

ဘူရွန်ဒီ သမ္မတနိုင်ငံ
ဘူရွန်ဒီနိုင်ငံ၏ အလံတော်
အလံတော်
ဘူရွန်ဒီနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: 
  • "Ubumwe, Ibikorwa, Amajambere" (ရွန်ဒီ)
  • "Unité, Travail, Progrès" (ပြင်သစ်)
  • "Union, Work, Progress" (အင်္ဂလိပ်)
နိုင်ငံတော် သီချင်း: Burundi Bwacu  (ရွန်ဒီ)
Our Burundi
မြို့တော်ဂီတေးဂါမြို့ (နိုင်ငံရေး) ဘူဂျွမ်ဘူရာမြို့(စီးပွားရေး)[မှတ်စု ၁]
အကြီးဆုံးမြို့ဘူဂျွမ်ဘူရာမြို့[မှတ်စု ၁]
ရုံးသုံးဘာသာစကားများKirundi (နိုင်ငံတော်ဘာသာစကား)
ပြင်သစ်
အင်္ဂလိပ်
လူမျိုးစု (၂၀၁၈[၁])
  • ၈၅% Hutu
  • ၁၄% Tutsi
  • ၁% Twa
  • ~၃,၀၀၀ ဥရောပ
  • ~၂,၀၀၀ တောင်အာရှ
ကိုးကွယ်မှု
DemonymBurundian
အစိုးရပြည်ထောင်စု ကြီးစိုးပါတီ သမ္မတ သမ္မတနိုင်ငံစနစ်
Évariste Ndayishimiye
Prosper Bazombanza
Alain-Guillaume Bunyoni
Emmanuel Gateretse [၂]
ဥပဒေပြုလွှတ်တော်ပါလီမန်
ဆီးနိတ်လွှတ်တော်
အမျိုးသားလွှတ်တော်
တည်ထောင်ခြင်းသမိုင်း
၁၆၈၀
၁၉၄၅–၁၉၆၂
• ဘယ်လ်ဂျီယမ်နိုင်ငံမှ လွတ်လပ်ရေးရ
၁၉၆၂ ခုနှစ် ဇူလိုင်လ ၁ ရက်
• သမ္မတနိုင်ငံ
၁၉၆၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်
၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်
ဧရိယာ
• စုစုပေါင်း
၂၇,၈၃၄ km2 (၁၀,၇၄၇ sq mi)[၄] (အဆင့်: ၁၄၂)
• ရေထု (%)
၁၀[၅]
လူဦးရေ
• ၂၀၂၀ ခန့်မှန်း
၁၁,၈၆၅,၈၂၁[၆] (အဆင့် - ၇၇)
• ၂၀၀၈ သန်းခေါင်စာရင်း
၈,၀၅၃,၅၇၄[၄]
• သိပ်သည်းမှု
၄၀၁.၆/km2 (၁,၀၄၀.၁/sq mi) (အဆင့် - ၂၀)
GDP (PPP)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၈.၃၈၀ ဘီလီယံ
• Per capita
$၇၂၇[၇]
GDP (nominal)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၃.၅၇၃ ဘီလီယံ
• Per capita
$၃၁၀[၇]
Gini (၂၀၁၃)၃၉.၂[၈]
အလယ်
HDI (၂၀၁၉)Increase ၀.၄၃၃[၉]
နိမ့် · ၁၈၅
ငွေကြေးဘူရွန်ဒီ ဖရန့် (FBu) (BIF)
အချိန်ဇုန်CAT (UTC+2)
ရက်စွဲပုံစံdd/mm/yyyy
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၂၅၇
Internet TLD.bi

တရားဝင်အမည်အားဖြင့် ဘူရွန်ဒီသမ္မတနိုင်ငံ ဖြစ်သော ဘူရွန်ဒီနိုင်ငံသည် အရှေ့အာဖရိကရှိ အာဖရိကမဟာရေကန်ကြီးများ ဒေသတွင်းရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်သည်။ မြောက်ဘက်တွင် ရဝမ်ဒါနိုင်ငံ၊ အရှေ့ဘက်နှင့်တောင်ဘက်တွင် တန်ဇေးနီးယားနိုင်ငံ၊ အနောက်ဘက်တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ဧရိယာစတုရန်းကီလိုမီတာပေါင်း (၂၈,၀၀၀) အောက်သာရှိပြီး လူဦးရေမှာ ၈,၇၀၀,၀၀ ခန့ရှိသည်။ မြို့တော်မှာ ဘူဂျမ်ဘူရာ ဖြစ်သည်။ အနောက်တောင်ဘက်တွင် တန်ဂန်ညီကာ (Lake Tanganyika) ရေကန်ကြီးနှင့် ထိစပ်နေသည်။

တွာလူမျိုး၊ တွတ်ဆီလူမျိုး နှင့် ဟူတူလူမျိုး တို့သည် လွန်ခဲ့သော (၅)ရာစုနှစ်ကပင် ယင်းဒေသတွင် လာရောက်အခြေချနေထိုင်ခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀) ကျော်မှစ၍ ဘူရွန်ဒီနိုင်ငံကို တွတ်ဆီလူမျိုးစုတို့က ဘုရင့်နိုင်ငံအဖြစ် အုပ်ချုပ်လာခဲ့သည်။ ၂၀ရာစုအစောပိုင်းတွင် ဂျာမနီနှင့် ဘယ်လ်ဂျီယမ်တို့က ယင်းနိုင်ငံကို သိမ်းပိုက်ခဲ့ကြသည်။ ဘူရွန်ဒီနှင့် ရဝမ်ဒါ နှစ်နိုင်ငံကို (Ruanda-Urundi) အဖြစ် ပေါင်းပြီး ဥ‌ရောပသားတို့က ကိုလိုနီနယ်ပြုလုပ်ခဲ့သည်။

တွတ်ဆီလူမျိုးစုနှင့် ဟူတူလူမျိုးစုတို့ကြား လူမှုရေး မတူညီမှုများကြောင့် နိုင်ငံရေးမငြိမ်သက်မှုများ ဖြစ်ပွားခဲ့သည်။ ၂၀ရာစုနှစ်အလယ်ပိုင်းတစ်လျှောက်လုံး လူမျိုးရေးပဋိပက္ခကြောင့် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရသည်။ သမ္မတအုပ်ချုပ်သော ဒီမိုကရေစီသမ္မတနိုင်ငံဖြစ်သည်။ ၆၂%ခန့်မှာ ရိုမန်ကက်သလစ် ဘာသာဝင်များဖြစ်သည်။ (၈-၁၀%)မှာ မူဆလင်များဖြစ်ပြီး ကျန်လူများမှာ ရိုးရာနတ်ကိုးကွယ်သူများနှင့် အခြားခရစ်ယန်ဘာသာဝင်များဖြစ်ကြသည်။

ဘူရွန်ဒီသည် ကမ္ဘာ့အဆင်းရဲဆုံး (၁၀)နိုင်ငံတွင် တစ်ခုအပါအဝင်ဖြစ်သည်။ လူတစ်ဦးချင်းတစ်နှစ်တာဝင်ငွေမှာ ကမ္ာ့နိုင်ငံများအားလုံးတွင် အနိမ့်ဆုံးဖြစ်သည်။ [၁၀] ပြည်တွင်းစစ်၊ အကျင့်ပျက်မှုများ၊ လာဘ်စားမှုများ၊ ပညာရေးနိမ့်ကျခြင်းများနှင့် အေအိုင်ဒီအက်စ်ရောဂါ တို့ကြောင့် ကုန်ထုတ်စွမ်းအားများ ကျဆင်းနေလျက် ရှိသည်။ လူနေသိပ်သည်းထူထပ်သည်။ ကိုဘော့နှင့် ကြေးနီမှာ အဓိကတွင်းထွက်ဖြစ်သည်။ အခြားထွက်ကုန်များမှာ ကော်ဖီနှင့် သကြားဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဘူရွန်ဒီနိုင်ငံ[ပြင်ဆင်ရန်]

၁၉၉၆ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က ဘူရွန်ဒီနိုင်ငံတွင်စစ်တပ်က အာဏာသိမ်း လိုက်ပြီး ဟူတူလူမျိုးသမ္မတဆဲဗက်တန်ဂန်ယာကို သမ္မတရာထူးမှဖယ်ရှားလိုက်သည်။ သမ္မတ အဖြစ်ဗိုလ်မှူး ပယ်ရီဘူရိုရာကို တင်မြေ|ာက်ကြသည်။ ဗိုလ်မှူးပယ်ရီဘူရိုရာသည် စစ်တပ်ကယခင်းအာဏာ သိမ်းစဉ်က တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ဘူရွန်ဒီနိုင်ငံ၏ အမျိုးသား လွှတ်တော်ကို ဖျက်သိမ်းလိုက်သည်။ ဤတွင်ဖြုတ်ချခံသော အစိုးရအဖွဲ့ဝင်များနှင့် ဖျက်သိမ်းခံရသော လွှတ်တော်ကိုယ်စားလှယ်များက ရောမမြို့ရှိ ရိုမင်ကက်သလစ် ဘုန်းတော်ကြီးများထံ လက်ရှိအစိုးရအား အရေးယူပေးရန် တိုင်ကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် ဘူရွန်ဒီအစိုးရအား တရားဝင်အသိအမှတ်ပြုရေးနှင့် စပ်လျဉ်း၍အစီအစဉ်တစ် ရပ်ကိုရေးဆွဲ တင်ပြခဲ့သည်။ ထိုအစီအစဉ်တွင် (က) ဖျက်သိမ်းထားသော လွှတ်တော်ကို ခြောက်လအတွင်း ပြန်ခေါ်ပေးရေးနှင့် (ခ) စစ်မက်ဖက်ပြိုင်နေသော ဟူတူနှင့် တွတ်ဆီမျိုးနွယ် များအကြား ငြိမ်းချမ်းရေးဆွေး နွေးပွဲများ ကျင်းပပေးရေးဆိုသည့် အချက်များပါရှိသည်။

အမေရိကန်ကတင်ပြထားသည့် အစီအစဉ်ကိုရောမမြို့ တွင် ဩဂုတ် ၂၈ ရက်နေ့ မွန်းလွဲပိုင်းကဆွေး နွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် အစိုးရဘက်မှ ကိုယ်စားလှယ်များ၊ ဟူတူလူမျိုး သူပုန်ခေါင်းဆောင်လီယို နတ်ညံဂိုမာတို့အပြင် အမေရိကန်သံအရာရှိဟောင်း ဝပ်ဝိုလ်ပီ၊ တန်ဇန်နီးယားနိုင်ငံ သမ္မတဟောင်း ဂျူလိယပ်စ် ညီရေးရေးနှင့် စိန့်အီဂီဒီယုရိုမင်ကက်သလစ် အဖွဲ့ အစည်းမှ ကိုယ်စားလှယ်များပါဝင် တက်ရောက်ခဲ့ကြသည်။ ဩဂုတ်လ ၁၃ ရက်နေ့ကကျင်းပသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဘုူရွန်ဒီ နိုင်ငံမှ အစိုးရတပ်များနှင့် သူပုန်များသည် ရက်ပေါင်း ၆ဝ အတွင်းကြိုတင် သတ်မှတ်ချက်မပါပဲ ည|ိနှိုင်း ဆွေးနွေးကြရန်နှင့် ထိုကဲ့သို့ ဆွေးနွေးမှုမပြုလုပ်ကြပါက ဘူရွန်ဒီနိုင်ငံသို့ လက်နက်များ တင်ပို့ရောင်းချမှု ကို ပိတ်ပင်တားမြစ်ရန် ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင်ဘူရွန်ဒီနိုင်ငံမှ သံအမတ်ကြီးနန်ဇီတဲ ရင့်က ဘူရွန်ဒီနိုင်ငံအား အိမ်နီးချင်းနိုင်ငံများ ကစီးပွားရေးပိတ် ဆို့မှုများ ပြုလုပ်ခဲ့ကြသည့်အတွက် နိုင်ငံ၏စီးပွားရေးမှာ အလွန် ဆိုးရွားလျက်ရှိပါကြောင်း၊ အကယ်၍လက်နက်တင်ပို့မှုကို ပိတ် ပင်တားမြစ်မည် ဆိုပါကအစိုးရစစ်တပ်ကို အကြီးအကျယ်ထိခိုက် စေမည် ဖြစ်ကြောင်း၊ ဟူတူ သူပုန်များကမှု လက်နက်များကို ဇိုင်ယာနိုင်ငံမှ တစ်ဆင့်ခိုးသွင်းနေကြောင်းခုခံဆွေးနွေး ခဲ့သည်။

ဘူရွန်ဒီနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသောတန်ဇန်နီးယား၊ ကင်မရွန်၊ အီသီယိုပီးယား၊ ကင်ညာ၊ ရဝမ်ဒါ၊ ယူဂန်ဒါ၊ ဇိုင်ယာနှင့် ဇမ်ဘီယာနိုင်ငံတိုက ဘူရွန်ဒီနိုင်ငံအား ဘူရွန်ဒီသမ္မတဘူရိုရာကအခြေခံ ဥပဒေအရ တင်မြေ|ာက်ထား သော အစိုးရကို ပြန်လည်ဖွဲ့စည်းပေးချိန်အထိနှင့် ဟူတူသူပုန် များနှင့် ဆွေးနွေးမှု များမပြုလုပ်မချင်း စီးပွားရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဩဂုတ်လ ၉ ရက်နေ့မှစ၍ အရေးယူ ဖြတ်တောက်ထားခဲ့ကြသည်။

စက်တင်ဘာ ၆ ရက်နေ့တွင် ဘူရွန်ဒီစစ်တပ်က မြို့တော်ဘူဂျမ်ဘူရာကို စီးမိုးထားသောတောင် ကုန်းများပေါ်၌ တပ်စွဲထားသည့် သူပုန်များကို တိုက်ခိုက်နိုင်ခဲ့ကြောင်းကြေညာ သည်။ လေ့လာသူတစ်ဦးကမှု ထိုတိုက်ပွဲတွင် အစိုးရတပ်များက အနိုင်ရရှိခဲ့သော်လည်း ကြာရှည်လေးမြင့်စွာ ထိန်းသိမ်းထား နိုင်မည့် အင်အားမရှိကြောင်း ထောက်ပြခဲ့သည်။

ထိုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် လူပေါင်း ၃ဝ,ဝဝဝ သည်စက်တင်ဘာလအတွင်းမြောက်ဘက် သို့ထွက်ပြေး ခဲ့ကြသည်။ ဘူရွန်ဒီနိုင်ငံတွင် ဟူတူနှင့် တွတ်ဆီလူမျိုးစုအချင်း ချင်း တိုက်ခိုက် သတ်ဖြတ်မှုများ ကြောင့်လူပေါင်း ၁၅ဝ,ဝဝဝ ကျော်သေဆုံးခဲ့ရပြီးဖြစ်သည်။ ဘူရွန်ဒီနိုင်ငံ၌ လူဦးရေ ၅၆ သန်း ရှိသည့်အနက် ဟူတူလူမျိုးများက ၈၅ ရာခိုင်နှုန်း၊ တွတ်ဆီလူမျိုးများက ၁၄ ရာခိုင်နှုန်းနှင့် ကျန်လူမျိုး များက ၁ ရာခိုင် နှုန်း ရှိကြသည်။ သို့ရာတွင် ၁၉၆၂ ခုနှစ်က ဘဲလ်ဂျီယံနိုင်ငံလက် အောက်မှ လွတ်လပ်ရေးရခဲ့သော ဘူရွန်ဒီ နိုင်ငံစစ်တပ်တွင် လွတ်လပ်ရေးရချိန်မှစ၍ တွတ်ဆီလူမျိုးများကသာ လွှမ်းမိုးထား ခဲ့လေသည်။

စက်တင်ဘာ ၂၉ ရက်နေ့ကမှု မေဂျာပယ်ရီဘူရိုရာက ဘူရွန်ဒီနိုင်ငံ၏ သမ္မတအဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ သည်။ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် သမ္မတဘူရိုရာက ဘူရွန်ဒီနိုင်ငံ အား အိမ်နီးချင်းနိုင်ငံ များကစီးပွားရေးအရ ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်းပေးပါရန် မေတ္တာရပ်ခံခဲသည်။ ထိုကဲ့သို့ပိတ်ဆို့ ထားမှုကြောင့် ပြည်ပမှဝယ်ယူတင်သွင်းရသော လောင်စာဆီများ မလုံမလောက်ဖြစ်လျက် ရှိသည်ဟုဆိုသည်။

ဝန်ကြီးချုပ် ပါစကယ်ဖာမင်ဒီမီရာကလည်း စီးပွားရေး ပိတ်ဆို့ခံရမှုကြောင့် စက်မှုလုပ်ငန်းများကို လည်ပတ်ရန် မဖြစ်နိုင် ဟုအကြောင်းပြကာ အလုပ်သမားအများအပြားကို စက်တက်ဘာ ၂၆ ရက်နေ့က အလုပ်မှထုတ်ပစ်ခဲ့သည်။

ဘူရွန်ဒီနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများအားပြန်လည် သုံးသပ်သည့် အစည်းအဝေးတစ်ရပ်ကို ရဝမ်ဒါနိုင်ငံ၏မြို|တော် ကီဂါလီမြို့တွင် စက်တင်ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေး ကသမ္မတဘူရိုရာသည် အမျိုးသား လွှတ်တော်ကို ပြန်လည်ဆောင်ရွက်ခွင့်ပြုခြင်း၊ နိုင်ငံရေးပါတီများ အားတရား ဝင်အသိအမှတ် ပြုခြင်းတို့ကို ပြုလုပ်ပေးခဲ့သည့် တိုင်အောင် သူပုန်အုပ်စုများနှင့် ဆွေးနွေးညှိနှိုင်းမှု မပြုလုပ်မချင်းစီး ပွားရေးပိတ်ဆို့မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဟု ဆုံးဖြတ်ခဲ့ကြသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဆာဒါကိုအိုဂါတာက ဇိုင်ယာနိုင်ငံ အရှေ့ပိုင်းတွင် လူသားများကပ်ဆိုက်တော့မည်အနေအထားတွင် ရောက်ရှိနေကြောင်း၊ထို့ကြောင့် ဒုက္ခသည်များအား သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်စေလွှတ်သင့်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ သတိပေးစကားပြောကြားခဲ့သည်။

သို့ရာတွင် ဇိုင်ယာနိုင်ငံ၌ အစိုးရတပ်များနှင့် တွတ်ဆီသူပုန်များ တိုက်ခိုက်နေမှုကြောင့် ဒုက္ခသည် သည်၁၁ သန်းအား ရဝမ်ဒါနိုင်ငံနှင့်ဘူရွန်ဒီနိုင်ငံများသို့ ပြန်လည်စေလွှတ်ရန် အခက်အခဲရှိမည်ဖြစ်ကြောင်း ဆာဒါကို အိုဂါတာက ဝန်ခံပြောကြားခဲ့လေသည်။

အတွင်းရေးမှူးချုပ် ဘူးထရို့စ်ဘူထရို့စ်ဂါလီကလည်း အပစ်အခတ်ရပ်စဲရေးကို ည|ိနှိုင်းဆောင်ရွက်ပေးရန် အထူးကိုယ်စားလှယ် တစ်ဦးကိုစေလွှတ်ရန် ရည်ရွယ်ပါကြောင်း ထိုနည်းတူစွာပင် ထိုအကျပ်အတည်းကို ဖြေရှင်းရန် ဒေသဆိုင်ရာနှင့် အခြားနိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်သည့် နိုင်ငံတကာဆွေးနွေးပွဲကြီး တစ်ရပ်ကို ကျင်းပသင့်ကြောင်း အကြံပြုပြော ကြားခဲ့သည်။

အောက်တိုဘာလ ကုန်ပိုင်းက ဇိုင်ယာတပ်များနှင့် ဆန်ယာမူလန်မှ တွတ်ဆီသူပုန်တပ်များတို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဇိုင်ယာနိုင်ငံအရှေ့ပိုင်း ဒုက္ခသည်စခန်းများရှိ ရဝမ်ဒါနိုင်ငံနှင့် ဘူရွန်ဒီ နိုင်ငံတို့မှ ဟူတူ ဒုက္ခသည်ပေါင်း ၂၂ဝ,ဝဝဝ ခန့်သည် စခန်းများကို စွန့်ပစ်၍ထွက်ပြေးခဲ့ကြသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဇိုင်ယာနိုင်ငံက ဇိုင်ယာ နိုင်ငံ အရှေ့ပိုင်း၌ အစာငတ်မွတ်နေကြသော ဒုက္ခသည်များ အတွက် အကူအညီအဖြစ် ပေးပို့နေသည့် ပစ္စည်းများကိုမိမိတို့၏ ဒုက္ခသည်များအားပြန်ခေါ်ကြ ရန်အားပေးသည့်အနေနှင့် ဒုက္ခသည်များနှင့် သက်ဆိုင်နေသော ရဝမ်ဒါနိုင်ငံနှင့် ဘူရွန်ဒီနိုင်ငံများသို့သာပေး ပို့သင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဘူရွန်ဒီဝန်ကြီးချုပ် ပါစကယ်ဖာမင်ဒီမီရာက မိမိတို့၏ဒုက္ခသည်များပြန်လာရေးကို အားပေးသင့် သည်ဆိုသောအချက်အား သဘောတူပါကြောင်း၊ သို့ရာတွင်မျိုးသုဉ်း၊ မျိုးတုံးအောင်သတ်ဖြတ်ခဲ့သော တရား ခံများကိုမူ ခွဲခြားဖော်ထုတ်ပေးရမည် ဖြစ်ကြောင်း၊ ဇိုင်ယာနိုင်ငံ၌ ရောက်ရှိနေသော ဘူရွန်ဒီနိုင်ငံမှ ဒုက္ခသည် ၁၅ဝ,ဝဝဝ အားဆောလျင်စွာ ပြန်လည်သယ်ဆောင်ရေးတွင်မူ အခက်အခဲ ရှိ်နိုင်ပါကြောင်း ဇိုင်ယာနိုင်ငံက ဘူရွန်ဒီနှိုင်ငံအပေါ် ထားရှိသော သဘောထားနှင့် ပတ်သက်၍ ဘူရွန်ဒီနိုင်ငံအား စီးပွားရေးအရ ပိတ်ဆို့ထား သောနိုင်ငံများထဲတွင် ဇိုင်ယာနိုင်ငံလည်း ပါဝင်နေရာဘူရွန်ဒီ နိုင်ငံဖြင့်လည်း ဒုက္ခသည်များအား မည်သည့် နည်းဖြင့် ကယ်ဆယ်နိုင်ပါမည်နည်းဟု ရိုက်ကာသတင်းထောက် နှင့်တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပါရီသို့ရောက်ရှိနေသော ဘူရွန်ဒီဝန်ကြီးချုပ် ပါစကယ်ဖာမင်ဒီမီရာက ဘူရွန်ဒီနိုင်ငံကို ပြင်သစ်အစိုးရက အသိအမှတ်ပြုပြီးကြောင်း သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

လွန်ခဲ့သော ဩဂုတ်လက ဘူရွန်ဒီနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး လပ်ရူကင်ဂါမာကို ပါရီသို့စေလွှတ် ခဲ့စဉ်ကမူ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက လပ်ရူကင်ဂါမာ၏ လာရောက်မှုသည် ကိုယ်ရေးကိုယ်တာ လာ ရောက်မှုသာဖြစ်ကြောင်း သတ်မှတ်ခဲ့ပြီးတရားဝင် ဆွေးနွေးမှုများကို ခွင့်မပြုခဲ့။ ဘူရွန်ဒီနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ဥရောပပါလီမန်က ဥရောပဘုံဈေးအဖွဲ့ဝင်နိုင်ငံ များအား ဗိုလ်မှူးဘူရိုရာ၏ အစိုးရကို အသိအမှတ်မပြုကြရန် တိုက်တွန်းထားခဲ့သည်။

ဒီဇင်ဘာ ၅ ရက်နေ့ကမူ တန်ဇန်နီးယား အစိုးရနှင့်ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးတို့က တန်ဇန်နီးယားနိုင်ငံထဲတွင် ကျန်ရှိနေသော ရဝမ်ဒါဒုက္ခသည် ၅ဝဝ,ဝဝဝ ကျော်အား မိမိတို့၏ နေရပ်သို့ပြန်ကြရန် ပြောကြားခဲ့သည်။ တန်ဇန်နီးယားဒုက္ခသည် အားလုံးသည် ဒီဇင်ဘာ ၃၁ ရက် နေ့ကိုနောက်ဆုံးထား ၍ ထွက်ခွာသွားကြရန် ရက်သတ်မှတ်ပေးထားသည်။ တန်ဇန်နီးယားနိုင်ငံက ပြောကြားရာတွင် ရဝမ်ဒါနိုင်ငံ မှဒုက္ခသည် ၆ဝဝ,ဝဝဝ နှင့် ဘူရွန်ဒီနိုင်ငံမှ ဒုက္ခသည် ၈ဝ,ဝဝဝတို့သည် ဇိုင်ယာနိုင်ငံမှ ချောချောမောမော ပြန်လည်ထွက်ခွာသွားကြပြီ ဖြစ်သဖြင့် ရဝမ်ဒါဒုက္ခသည်များသည်လည်း မိမိတို့၏ဌာနေသို့ ချောချော မောမော ပြန်နိုင်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ [၁၁]


မှတ်ချက်များ[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ While Gitega has been established as the political capital, Bujumbura is still the seat of the government and economic capital.

ကိုးကား[ပြင်ဆင်ရန်]

  1. The World Factbook – Burundi (7 August 2018)။ 13 August 2018 တွင် ပြန်စစ်ပြီး။
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 31 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 October 2021 တွင် ပြန်စစ်ပြီး။
  3. Collinson၊ Patrick။ "Finland is the happiest country in the world, says UN report"၊ 14 March 2018။ 
  4. ၄.၀ ၄.၁ Quelques données pour le Burundi (in fr)။ ISTEEBU။ 28 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 October 2021 တွင် ပြန်စစ်ပြီး။
  5. Annuaire statistique du Burundi (PDF) (အစီရင်ခံစာ) (ပြင်သစ်ဘာသာစကားဖြင့်)။ ISTEEBU။ July 2015။ p. 105။ 7 June 2016 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး17 December 2015 တွင် ပြန်စစ်ပြီး
  6. CIA – The World Factbook – Burundi CIA. Retrieved 8 June 2008.
  7. ၇.၀ ၇.၁ Report for Selected Countries and Subjects : Burundiအပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့။ 20 February 2020 တွင် ပြန်စစ်ပြီး။
  8. Gini Index, World Bank EstimateWorld Development Indicatorsကမ္ဘာ့ဘဏ်။ 26 June 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 January 2015 တွင် ပြန်စစ်ပြီး။
  9. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်e။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-516 December 2020 တွင် ပြန်စစ်ပြီး
  10. Eggers, E., Historical Dictionary of Burundi, p. xlix.
  11. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၉၇)