ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံ

Wikipedia မှ
(ဆိုဗီယက်ပြည်ထောင်စု မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဆိုဗီယက် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတနိုင်ငံ
Союз Советских Социалистических Республик
Soyuz Sovietskikh Sotsialisticheskikh Respublik
Flag of the Soviet Union.svg Coat of arms of the Soviet Union.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
ပထဝီ
Union of Soviet Socialist Republics (orthographic projection).svg
မြို့တော် မော်စကိုမြို့
ဧရိယာ
  • ဧရိယာ - ၂၂,၄၀၂,၂၀၀ စတုရန်း ကီလိုမီတာ (၈,၆၄၉,၅၃၈ စတုရန်းမိုင်) (၁၉၉၁) (အဆင့်: )
  • ရေဖုံးလွှမ်းမှု - %
လူနေမှု
လူဦးရေ
  • လူဦးရေ - ၂၉၃,၀၄၇,၅၇၁ (၁၉၉၁) (အဆင့် - [[လူဦးရေနိုင်ငံများစာရင်း|]])
  • လူဦးရေသိပ်သည်းမှု - ၁၃.၁ / စတုရန်းကီလိုမီတာ (အဆင့် - )
နိုင်ငံရေး
အစိုးရခေါင်းဆောင်များ
ထူထောင်မှု
စီးပွားရေး
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .su
Calling code +၇

ဆိုဗီယက်ယူနီယံ [ပြင်​ဆင်​ရန်​]

ဆိုဗီယက်ယူနီယံဟု၎င်း၊ ဆိုဗီယက်ပြည်ထောင်စုဟု၎င်း၊ အတို ကောက်အားဖြင့် ခေါ်ဝေါ်နေကြသည့် ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံကို ယခုတိုင် ရုရှားနိုင်ငံဟု အချို့က ခေါ်ဝေါ်နေကြ သေးသည်။ ကမ္ဘာပေါ်တွင် အကျယ်ဝန်းဆုံးနိုင်ငံဖြစ်၍ ကမ္ဘာ့ ကုန်းမြေ၏ ခြောက်ပုံတစ်ပုံ ရှိသည်။ လူမျိုးပေါင်းလည်း ၁၇ဝ ကျော် နေထိုင်လျက် ရှိသည်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတစ်ခု လည်း ဖြစ်ပေသည်။[၁]


ဆိုဗီယက် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတနိုင်ငံ (USSR, Russian: Сою́з Сове́тских Социалисти́ческих Респу́блик, tr. Soyuz Sovietskikh Sotsialisticheskikh Respublik IPA: [sɐˈjus sɐˈvʲetskʲɪx sətsɨəlʲɪˈstʲitɕɪskʲɪx rʲɪsˈpublʲɪk] အတိုကောက် СССР, SSSR) ကို အများအားဖြင့် ဆိုဗီယက်ပြည်ထောင်စုဟု ရည်ညွှန်းသုံးစွဲလေ့ ရှိကြပြီး ၁၉၂၂ ခုနှစ်မှ ၁၉၉၁ ခုနှစ် အထိ ယူရေးရှား ကုန်းမြေပေါ်တွင် တည်ရှိခဲ့သော ဆိုရှယ်လစ် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ဒေသခံများ ခေါ်ဝေါ်သုံးစွဲသော အမည်မှာ ဆိုယု (ပြည်ထောင်စု) ဟူ၍ ဖြစ်သည်။

ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၉၀ ခုနှစ်အထိ ကွန်မြူနစ် ပါတီက ကြီးစိုးသော တစ်ပါတီ စနစ်ကို ကျင့်သုံးခဲ့သည်။ ၁၉၅၆ ခုနှစ် အထိ နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်သော ဆိုဗီယက် သမ္မတနိုင်ငံများ၏ ပြည်ထောင်စု ဖြစ်ခဲ့ပြီး မြို့တော်မှာ မော်စကိုမြို့ ဖြစ်သည်။ သို့သော်လည်း ဗဟိုအစိုးရမှ ချုပ်ထိန်းသော စီးပွားရေး စနစ်ကို ကျင့်သုံးခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်းတွင်လည်း နာဇီတို့နှင့် ရင်ဆိုင်ရာတွင် အင်အားကြီးနိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး၊ စစ်အပြီးတွင် ဖြတ်သန်းရသော စစ်အေးတိုက်ပွဲ ကာလတစ်လျှောက်တွင်လည်း ပြိုင်ဖက်ဖြစ်သည့် မဟာအင်အားကြီးနိုင်ငံ အမေရိကန်ပြည်ထောင်စုနှင့် ဆက်လက် ယှဉ်ပြိုင်နိုင်ခဲ့သည်။ စစ်အပြီးတွင် တည်ထောင်သည့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့တွင်လည်း ဦးဆောင်တည်ထောင်သူအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ အလယ်အာရှ၊ တောင်အာရှနှင့် လက်တင်အမေရိကဒေသများရှိ နိုင်ငံများတွင် ကွန်မြူနစ်ဝါဒ ပြန့်ပွားတည်မြဲရေးအတွက် နည်းလမ်းစုံသုံးကာ ကြိုးပမ်းခဲ့သည်။ သို့ရာတွင် မှားယွင်းအားနည်းသော ဗဟိုမှချုပ်ကိုင်သည့် စီမံကိန်းပုံစံ စီးပွားရေးစနစ်ကြောင့်လည်းကောင်း၊ အာဏာရှင်ဆန်ဆန် ဖိနှိပ်ချုပ်ချယ်မှုများကြောင့် လည်းကောင်း ၁၉၉၁ခုနှစ်တွင် ပြည်ထောင်စုအတွင်းပါဝင်သော ပြည်နယ်များမှ နိုင်ငံ ၁၅နိုင်ငံအဖြစ် ရှေ့ဆင့်နောက်ဆင့် ခွဲထွက်ကြသဖြင့် ဆိုဗိယက် ပြည်ထောင်စု ပြိုကွဲလေသည်။ ပြည်ထောင်စုပြိုကွဲပြီးနောက်တွင် ဆိုဗီယက်ပြည်ထောင်စု၏ ရပိုင်ခွင့်၊ ခံစားခွင့်၊ ဆက်ခံခွင့်အာဏာများကို အကြီးဆုံးခွဲထွက်ပြည်နယ်ဖြစ်သည့် ရုရှား ဖယ်ဒရေးရှင်း နိုင်ငံမှ ဆက်ခံရယူခဲ့သည်။


ကိုးကား [ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)

မြန်မာနိုင်ငံတော်