ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ
| ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ | |||||
| Democratic Republic of the Congo | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း နှင့် အလုပ် | |||||
| နိုင်ငံတော်သီချင်း - "Arise, Congolese" | |||||
| ပထဝီ |
|||||
| မြို့တော် | ကင်ရှာဆာမြို့ | ||||
| အကြီးဆုံးမြို့ | မြို့တော် | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၁, +၂ | ||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | ပြင်သစ် | ||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | သမ္မတတစ်ပိုင်း အစိုးရ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ၂၃.၁၁၇ ဘီလီယံ [၂] (အဆင့် - ) | ||||
| GDP(PPP) | ၃၂၈ [၂] (အဆင့် - ) | ||||
| HDI | ▲၀.၂၃၉ (အနိမ့်) (အဆင့် - ၁၆၈) | ||||
| ငွေ | ကွန်ဂိုဖရန့် | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .cd | ||||
| Calling code | +၂၄၃ | ||||
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကို ယခင်က ဇိုင်ယာနိုင်ငံဟု ခေါ်ဝေါ်ခဲ့ကြသည်။ အာဖရိကတိုက် အလယ်ပိုင်းတွင် တည်ရှိသည်။ အတ္တလန္တိတ် သမုဒ္ဒရာဘက်တွင် ပင်လယ်ထွက်ပေါက် ကမ်းရိုးတန်း ၃၇ ကီလိုမီတာ ရှိသည်။ ၎င်းသည် အာဖရိကတိုက်တွင် ဧရိယာအကျယ်အဝန်းအားဖြင့် ဆူဒန်နိုင်ငံနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့ပြီးလျှင် တတိယမြောက် အကြီးဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင်မူ (၁၂)ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်သည်။ လူဦးရေမှာ (၇၁)သန်းကျော်ရှိသည်။ [၁] လူဦးရေအနည်းအများအရ ကမ္ဘာပေါ်တွင် နံပါတ်(၁၈)မြောက် အများဆုံးနိုင်ငံဖြစ်သည်။ အာဖရိကတွင် စတုတ္ထမြောက် လူဦးရေအများဆုံး တိုင်းပြည်ဖြစ်သည်။ ပြင်သစ်ဘာသာစကားကို ရုံးသုံးဘာသာစကား အဖြစ် သတ်မှတ်ထားသော နိုင်ငံများ တွင် လူဦးရေအများဆုံးဖြစ်သည်။
အနောက်ဘက်တွင် ရှိသော အိမ်နီးချင်း ကွန်ဂိုသမ္မတနိုင်ငံ နှင့် ကွဲပြားမှု ရှိစေရန် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကို DR Congo (သို့မဟုတ်) DROC (သို့မဟုတ်) DRC (သို့မဟုတ်) RDC (သို့မဟုတ်) မြို့တော်အမည်နှင့်တွဲလျှက် ကွန်ဂို(ကင်ရှားဆား) ဟုခေါ်ဆိုသည်။ မြောက်ဘက်တွင် ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ဆူဒန်နိုင်ငံ၊ အရှေ့ဘက်တွင် ယူဂန်းဒါးနိုင်ငံ၊ ရဝမ်ဒါနိုင်ငံ၊ ဘူရွန်ဒီနိုင်ငံ၊ တောင်ဘက်တွင် ဇမ်ဘီယာနိုင်ငံနှင့် အင်ဂိုလာနိုင်ငံ၊ အနောက်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ထို့အပြင် အရှေ့ဘက်တွင် တန်ဇေးနီးယားနိုင်ငံနှင့် တန်ဂန်ညီကာရေကန် ကြီးခြားလျှက် တည်ရှိသည်။ [၁] ပင်လယ်ထွက်ပေါက်အနေဖြင့် မွမ်ဒါမြို့တွင် (၉)ကီလိုမီတာအကျယ်ရှိသော ကွန်ဂိုမြစ်ဝ အပါအဝင် ၄၀ကီလိုမီတာနီးပါး ရှိသော ကမ်းရိုးတန်း ဖြင့် ဂီနီပင်လယ်ကွေ့ ဘက်သို့ ထွက်ပေါက် ရှိသည်။
သမိုင်းကြောင်းတစ်လျှောက်တွင် လွတ်လပ်သောကွန်ဂိုနိုင်ငံ၊ ဘယ်လ်ဂျီယမ်ကွန်ဂို၊ ကွန်ဂိုလီယိုပိုဗီးလ် (Congo-Léopoldville)၊ ကွန်ဂို(ကင်ရှားဆား)၊ ဇိုင်ယာ ဟု အမည်အမျိုးမျိုး ခေါ်တွင်ခဲ့သည်။ [၁] ပထဝီဝင်အနေအထားအရ အာဖရိကအလယ်ပိုင်းတွင် တည်ရှိနေသော်လည်း စီးပွားရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများတွင် တောင်အာဖရိကနိုင်ငံများနှင့်သာ ပူးပေါင်းပြီး တောင်အာဖရိကနိုင်ငံများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်သည်။
၁၉၉၈တွင် စတင်ခဲ့သော ဒုတိယကွန်ဂိုစစ်ပွဲကြောင့် တိုင်းပြည်သည် တော်တော်အထိနာပျက်စီးခဲ့သည်။ ယင်းစစ်ပွဲတွင် နိုင်ငံပေါင်း (၉)ခုမှ စစ်တပ်များပါဝင်ဆင်နွှဲကြသဖြင့် အာဖရိကကမ္ဘာစစ် ဟုပင် တင်စားပြောဆိုကြသည်။ [၃] ၂၀၀၃ခုနှစ်တွင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့သော်လည်း နိုင်ငံအရှေ့ပိုင်းတွင် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသေးသည်။ [၄] ဤစစ်ပွဲသည် ဒုတိယကမ္ဘာစစ်ကြီးပြီးနောက်တွင် အသေအပျောက် အများဆုံးသော စစ်ပွဲကြီးဖြစ်သည်။ လူပေါင်း ၅.၄သန်းခန့် သေကြေ ပျက်စီးခဲ့ရသည်။ [၅][၆]
ကမ္ဘာပေါ်တွင် ဒုတိယမြောက် လူတစ်ဦးချင်းဝင်ငွေအနည်းဆုံးတိုင်းပြည်လည်းဖြစ်သလို၊ ဇင်ဘာဘွေနိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယမြောက် အဆင်းရဲဆုံးတိုင်းပြည်လည်း ဖြစ်သည်။ [၇]
[ပြင်ဆင်ရန်] သမိုင်းကြောင်း
[ပြင်ဆင်ရန်] ကိုးကား
- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ The World Factbook- Congo, Democratic Republic of the. Central Intelligence Agency.
- ↑ ၂.၀ ၂.၁ Democratic Republic of the Congo. International Monetary Fund. Retrieved on 2011-04-21။
- ↑ See "Rumblings of war in heart of Africa" by Abraham McLaughlin and Duncan Woodside The Christian Science Monitor 23 June 2004 and "World War Three" by Chris Bowers My Direct Democracy 24 July 2006
- ↑ McCrummen, Stephanie. "Prevalence of Rape in E.Congo Described as Worst in World", Washingtonpost.com, September 9, 2007. Retrieved on 2010-05-02.
- ↑ Robinson, Simon. "The deadliest war in the world", Time.com, 2006-05-28. Retrieved on 2010-05-02.
- ↑ Joe Bavier. "Congo War driven crisis kills 45,000 a month", Reuters.com, January 22, 2008. Retrieved on 2010-05-02.
- ↑ "List of poorest countries in the world." Aneki.Com. Retrieved 2010-10-06.