ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ

ဝီကီပီးဒီးယား မှ
ကွန်ဂိုသမ္မတနိုင်ငံ နှင့် မရောထွေးပါနှင့်။

ကိုဩဒိနိတ်: 3°S 24°E / 3°S 24°E / -3; 24

ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ
République démocratique du Congo  (ပြင်သစ်)
Repubilika ya Kôngo ya Dimokalasi  (Kituba)
Republíki ya Kongó Demokratíki  (Lingala)
Jamhuri ya Kidemokrasia ya Kongo  (Swahili)
Ditunga dia Kongu wa Mungalaata  (Luba-Lulua)
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ အလံတော်
အလံတော်
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: "Justice – Paix – Travail" (ပြင်သစ်)
"တရားမျှတခြင်း – ငြိမ်းချမ်းခြင်း – အလုပ်"
နိုင်ငံတော် သီချင်း: Debout Congolais  (ပြင်သစ်)
"Arise, Congolese"
မြို့တော်
နှင့် အကြီးဆုံးမြို့
ကင်ရှာဆာမြို့
4°19′S 15°19′E / 4.317°S 15.317°E / -4.317; 15.317
ရုံးသုံး ဘာသာစကားများပြင်သစ်
အသိအမှတ်ပြု နိုင်ငံတော် ဘာသာစကားများ
ကိုးကွယ်မှု
DemonymCongolese
အစိုးရပြည်ထောင်စု တစိတ်တပိုင်း သမ္မတ ဖွဲ့စည်းပုံ သမ္မတနိုင်ငံစနစ်
ဖီလစ် ချီစီကေဒီ
ယန်းမီချယ် ဆာမာ လုကွန်ဒီ[၁]
မာဒက်စတီ ဘာဟာတီ လုကွေးဘို
ခရစ္စတို အမ်ဘိုဆို အန်ကိုဒီယာ ပွန်ဂါ
ဒျူဒိုနေ ကာလုဘာ ဒီဘွေး
ဥပဒေပြုလွှတ်တော်ပါလီမန်
ဆီးနိတ်လွှတ်တော်
အမျိုးသားလွှတ်တော်
တည်ထောင်ခြင်း
၁၈၇၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်
၁၈၈၅ ခုနှစ် ဇူလိုင် ၁ရက်
၁၉၀၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်
၁၉၆၀ ခုနှစ် ဇွန်လ ၃၀ ရက်[၂]
၁၉၆၀ ခုနှစ် စက်တင်ဘာလ ၂၀ ရက်
• ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဟု အမည်ပြောင်းလဲခြင်း
၁၉၆၄ ခုနှစ် ဩဂုတ်လ ၁ ရက်
၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်
၁၉၉၇ ခုနှစ် မေလ ၁၇ ရက်
၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်
ဧရိယာ
• စုစုပေါင်း
၂,၃၄၅,၄၀၉ km2 (၉၀၅,၅၆၇ sq mi) (အဆင့်: ၁၁)
• ရေထု (%)
၃.၃၂
လူဦးရေ
• ၂၀၂၁ ခန့်မှန်း
၁၀၅,၀၄၄,၆၄၆[၃] (အဆင့် - ၁၅)
• သိပ်သည်းမှု
၃၉.၄/km2 (၁၀၂.၀/sq mi)
GDP (PPP)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
Increase $၇၇.၄၈၆ ဘီလီယံ[၄]
• Per capita
Increase $၈၄၃[၄]
GDP (nominal)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
Increase $၄၆.၁၁၇ ဘီလီယံ[၄]
• Per capita
Increase $၅၀၁[၄]
Gini (2012) ၄၂.၁[၅]
အလယ်
HDI (2019)Increase ၀.၄၈၀[၆]
နိမ့် · ၁၇၅
ငွေကြေးကွန်ဂို ဖရန့် (CDF)
အချိန်ဇုန်WAT နှင့် CAT (UTC+1 to +2)
ရက်စွဲပုံစံdd/mm/yyyy
ယာဉ်ကြောစနစ်right
တယ်လီဖုန်းကုဒ်+၂၄၃
ISO 3166 ကုဒ်CD
Internet TLD.cd

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကို ယခင်က ဇိုင်ယာနိုင်ငံဟု ခေါ်ဝေါ်ခဲ့ကြသည်။ အာဖရိကတိုက် အလယ်ပိုင်းတွင် တည်ရှိသည်။ အတ္တလန္တိတ် သမုဒ္ဒရာဘက်တွင် ပင်လယ်ထွက်ပေါက် ကမ်းရိုးတန်း ၃၇ ကီလိုမီတာ ရှိသည်။ ၎င်းသည် အာဖရိကတိုက်တွင် ဧရိယာအကျယ်အဝန်းအားဖြင့် ဆူဒန်နိုင်ငံနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့ပြီးလျှင် တတိယမြောက် အကြီးဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင်မူ (၁၂)ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်သည်။ လူဦးရေမှာ (၇၁)သန်းကျော်ရှိသည်။ [၂] လူဦးရေအနည်းအများအရ ကမ္ဘာပေါ်တွင် နံပါတ်(၁၈)မြောက် အများဆုံးနိုင်ငံဖြစ်သည်။ အာဖရိကတွင် စတုတ္ထမြောက် လူဦးရေအများဆုံး တိုင်းပြည်ဖြစ်သည်။ ပြင်သစ်ဘာသာစကားကို ရုံးသုံးဘာသာစကား အဖြစ် သတ်မှတ်ထားသော နိုင်ငံများ တွင် လူဦးရေအများဆုံးဖြစ်သည်။

အနောက်ဘက်တွင် ရှိသော အိမ်နီးချင်း ကွန်ဂိုသမ္မတနိုင်ငံ နှင့် ကွဲပြားမှု ရှိစေရန် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကို DR Congo (သို့မဟုတ်) DROC (သို့မဟုတ်) DRC (သို့မဟုတ်) RDC (သို့မဟုတ်) မြို့တော်အမည်နှင့်တွဲလျှက် ကွန်ဂို(ကင်ရှားဆား) ဟုခေါ်ဆိုသည်။ မြောက်ဘက်တွင် ဗဟိုအာဖရိကသမ္မတနိုင်ငံဆူဒန်နိုင်ငံ၊ အရှေ့ဘက်တွင် ယူဂန်းဒါးနိုင်ငံရဝမ်ဒါနိုင်ငံဘူရွန်ဒီနိုင်ငံ၊ တောင်ဘက်တွင် ဇမ်ဘီယာနိုင်ငံနှင့် အင်ဂိုလာနိုင်ငံ၊ အနောက်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ထို့အပြင် အရှေ့ဘက်တွင် တန်ဇေးနီးယားနိုင်ငံနှင့် တန်ဂန်ညီကာရေကန် ကြီးခြားလျှက် တည်ရှိသည်။ [၂] ပင်လယ်ထွက်ပေါက်အနေဖြင့် မွမ်ဒါမြို့တွင် (၉)ကီလိုမီတာအကျယ်ရှိသော ကွန်ဂိုမြစ်ဝ အပါအဝင် ၄၀ကီလိုမီတာနီးပါး ရှိသော ကမ်းရိုးတန်း ဖြင့် ဂီနီပင်လယ်ကွေ့ ဘက်သို့ ထွက်ပေါက် ရှိသည်။

သမိုင်းကြောင်းတစ်လျှောက်တွင် လွတ်လပ်သောကွန်ဂိုနိုင်ငံ၊ ဘယ်လ်ဂျီယမ်ကွန်ဂို၊ ကွန်ဂိုလီယိုပိုဗီးလ် (Congo-Léopoldville)၊ ကွန်ဂို(ကင်ရှားဆား)၊ ဇိုင်ယာ ဟု အမည်အမျိုးမျိုး ခေါ်တွင်ခဲ့သည်။ [၂] ပထဝီဝင်အနေအထားအရ အာဖရိကအလယ်ပိုင်းတွင် တည်ရှိနေသော်လည်း စီးပွားရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများတွင် တောင်အာဖရိကနိုင်ငံများနှင့်သာ ပူးပေါင်းပြီး တောင်အာဖရိကနိုင်ငံများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်သည်။

၁၉၉၈တွင် စတင်ခဲ့သော ဒုတိယကွန်ဂိုစစ်ပွဲကြောင့် တိုင်းပြည်သည် တော်တော်အထိနာပျက်စီးခဲ့သည်။ ယင်းစစ်ပွဲတွင် နိုင်ငံပေါင်း (၉)ခုမှ စစ်တပ်များပါဝင်ဆင်နွှဲကြသဖြင့် အာဖရိကကမ္ဘာစစ် ဟုပင် တင်စားပြောဆိုကြသည်။ [၇] ၂၀၀၃ခုနှစ်တွင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့သော်လည်း နိုင်ငံအရှေ့ပိုင်းတွင် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသေးသည်။ [၈] ဤစစ်ပွဲသည် ဒုတိယကမ္ဘာစစ်ကြီးပြီးနောက်တွင် အသေအပျောက် အများဆုံးသော စစ်ပွဲကြီးဖြစ်သည်။ လူပေါင်း ၅.၄သန်းခန့် သေကြေ ပျက်စီးခဲ့ရသည်။ [၉][၁၀]

ကမ္ဘာပေါ်တွင် ဒုတိယမြောက် လူတစ်ဦးချင်းဝင်ငွေအနည်းဆုံးတိုင်းပြည်လည်းဖြစ်သလို၊ ဇင်ဘာဘွေနိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယမြောက် အဆင်းရဲဆုံးတိုင်းပြည်လည်း ဖြစ်သည်။ [၁၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မှတ်စု[ပြင်ဆင်ရန်]

  1. "Kikongo" here is actually referring to the Kituba language – which is known as Kikongo ya leta by its speakers – not the Kongo language proper. The confusion arises from the fact that the government of the DRC officially recognizes and refers to the language simply as "Kikongo".

ကိုးကား[ပြင်ဆင်ရန်]

  1. Tshisekedi names Jean-Michel Sama Lukonde new DRC prime minister (15 February 2021)။ 15 February 2021 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Central Intelligence Agency (2014)။ Democratic Republic of Congo။ Central Intelligence Agency။ 29 April 2014 တွင် ပြန်စစ်ပြီး။
  3. Congo, Democratic Republic of the - the World Factbook
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ Report for Selected Countries and Subjects။ The World Factbook။ 18 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 September 2021 တွင် ပြန်စစ်ပြီး။
  5. GINI index coefficient။ CIA Factbook။ 16 July 2021 တွင် ပြန်စစ်ပြီး။
  6. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-516 December 2020 တွင် ပြန်စစ်ပြီး
  7. See "Rumblings of war in heart of Africa" by Abraham McLaughlin and Duncan Woodside The Christian Science Monitor 23 June 2004 and "World War Three" Archived 11 January 2009 at the Wayback Machine. by Chris Bowers My Direct Democracy 24 July 2006
  8. McCrummen၊ Stephanie။ "Prevalence of Rape in E.Congo Described as Worst in World"၊ Washingtonpost.com၊ September 9, 2007။ 2010-05-02 တွင် ပြန်စစ်ပြီး 
  9. Robinson၊ Simon။ "The deadliest war in the world"၊ Time.com၊ 2006-05-28။ 2010-05-02 တွင် ပြန်စစ်ပြီး။ Archived from the original on 17 June 2010။ 
  10. Joe Bavier။ "Congo War driven crisis kills 45,000 a month"၊ Reuters.com၊ January 22, 2008။ 2010-05-02 တွင် ပြန်စစ်ပြီး 
  11. "List of poorest countries in the world." Aneki.Com. Retrieved 2010-10-06.