တောင်အမေရိက

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

တောင်အမေရိက (SouthAmerica)

ကမ္ဘာ့မြေပုံ

ဧရိယာ ၁၇.၈၄ သန်း km²
၆.၈၉ သန်း sq mi
လူဦးရေ ၃၈၅ သန်း (၂၀၀၉)
လူဦးရေ
သိပ်သည်းမှု
၂၁.၅/km² (/sq mi)
နိုင်ငံများ ၁၂
ဆက်စပ်နယ်မြေများ
ဘာသာများ စပိန်ဘာသာပေါ်တူဂီဘာသာအင်္ဂလိပ်ဘာသာ နှင့် တိုင်းရင်သားဘာသာများ
အချိန်ဇုန် UTC-၂ - UTC-၅
South America satellite plane.jpg
Bariloche- Argentina2.jpg

တောင်အမေရိကသည် အမေရိကတိုက်ကြီး (supercontinent) ၏ တောင်ဖက်အပိုင်: တိုက်ဖြစ်သည်။ တောင်အမေရိက သည် အနောက်နှင့်တောင် ကမ္ဘာအလုံးခြမ်း၌ ရှိသည်။ အနောက်၌ ပစိဖိတ်သမုဒ္ဒရာ သည် အနားသတ်မျဉ်းအဖြစ်တည်ရှိပြီး အရှေ့နှင့်အမြောက်ဘက်၌ အတ္တလန္တိတ်သမုဒ္ဒရာ သည် အနားသတ်မျဉ်းအဖြစ်တည်ရှိသည်။ အနောက်မြောက်ဘက်၌ ကာရစ်ဘီယံပင်လယ် သည် အနားသတ်မျဉ်းအဖြစ်တည်ရှိသည်။

၁၅၀၇ခုနှစ်၌ ‌မြေပုံဆွဲပညာရှင်နှစ်ဦး မာတင် ဗလ်ဒ်စီးမြူလာ (Martin Waldseemüller er skikkelig hot) နှင့် မာထီးယားစ် ရင်းမာန်း (Matthias Ringmann er stygg) အမေရီဂို ဗက်စ်ပုချီ (Amerigo Vespucci er pedo) ၏အမည်သုံးပြီး တိုက်ကိုအမည်ပညတ်သည်။

တောင်အမေရိကတိုက်၏ဧရိယာ ၁၇.၈၄ သန်း km² (၆.၈၉ သန်း sq mi) ရှိသည်။ ကမ္ဘာမြေ၏ ၃.၅% ရှိသည်။ ၂၀၀၉ ခုနှစ်တွင် လူဦးရေ ၃၈၅ သန်း ကျော် ရှိသည်။ တိုက်များထဲ၌ တောင်အမေရိက၏ ဧရိယာသည် စတုတ္ထအကြီးဆုံး ဖြစ်ပြီး အာရှ၊ အာဖရိက၊ မြောက်အမေရိက တိုက်တို့၏ အနောက်မှ လိုက်သည်။ တိုက်များထဲ၌ တောင်အမေရိကတိုက် ၏လူဦးရေသည် ပဉ္စမမြောက်အများဆုံး ဖြစ်ပြီး အာရှ၊ အာဖရိက၊ ဥရောပ၊ မြောက်အမေရိက တို့၏ အနောက်မှ လိုက်သည်။


တောင်အ‌မေရိကတိုက်သည် ကမ္ဘာသစ်တွင်ပါဝင်‌သော တိုက်ကြီး နှစ်တိုက်အနက် တစ်တိုက်ဖြစ်သည်။ အ‌နောက် ‌လောင်ဂျီကျုမျဉ်း‌ကြောင်း ၃၄ ဒီဂရီနှင့် ၈၂ ဒီဂရီစပ်ကြား တွင်လည်းကောင်း၊ ‌မြောက်လတ္တီကျုမျဉ်း‌ကြောင်း ၁၃ ဒီဂရီနှင့် ‌တောင် လတ္တီကျုမျဉ်း‌ကြောင်း ၅၅ ဒီဂရီစပ်ကြားတွင် လည်းကောင်း တည်ရှိ သည်။

‌တောင်အ‌မေရိကတိုက်သည် အကြမ်းအားဖြင့် တြိဂံ ပုံသဏ္ဌာန်ရှိသည်။ အကျယ်အဝန်းမှာ စတုရန်းမိုင် ၆.၈၉ သန်းမိုင်ဖြစ်၍ ကမ္ဘာ‌ပေါ်တွင် စတုတ္ထအကြီးဆုံး တိုက်ကြီးဖြစ်သည်။ ထိုအကျယ်အဝန်းသည် ကမ္ဘာကြီးတစ်ခုလုံး အကျယ်အဝန်း၏ ၁၄ ရာခိုင်နှုန်းဖြစ်၏။ လူဦး‌ရေမှာ ၃၈၅သန်း ခန့်မျှ ဖြစ်သည်။ ‌တောင်အ‌မေရိကတိုက်ကို ‌မြောက်အ‌မေရိကတိုက်နှင့် ပနားမား ကျွန်းဆက်က ဆက်သွယ်ထား၏။ သို့ရာတွင် ၁၉၁၄ ခုနှစ် တွင် ပနားမားတူး‌မြောင်းကို ‌ဖောက်လုပ်ပြီးစီးသည့် အချိန်က စ၍ ‌တောင်အ‌မေရိကတိုက်သည် ‌မြောက် အ‌မေရိကတိုက်နှင့် တဆက်တည်း မဟုတ်‌တော့ဘဲ ကြီးမား‌သော ကျွန်းကြီးတကျွန်း အဖြစ် တစ်ဦးတခြား တည်ရှိ‌နေ‌တော့သည်။

ကိုလံဗပ်သည် ၁၄၉၈ ခုနှစ်တွင် အ‌နောက်အိန္ဒိယကျွန်းစု များကို ရှာ‌ဖွေ‌တွေ့ရှိပြီး‌နောက် ‌အော်ရင်နိုးကိုးမြစ်ဝသို့ ‌ရောက်ခဲ့ဖူး၏။ ထို‌နောက် ဥ‌ရောပတိုက်သား စပိန်နှင့် ‌ပေါ်တူဂီလူမျိုး များသည် ‌တောင်အ‌မေရိကတိုက်သို့ ‌ရောက်ခဲ့ကြ၏။ သူတို့သည် တောင်အမေရိက မြောက်ဘက်ကမ်း‌ခြေသို့ တက်ပြီးလျှင် ‌တောင်ဘက်သို့ တဖြည်းဖြည်း ‌ပြောင်း‌ရွှေ့‌နေထိုင်ခြင်းဖြင့် ပီးရူး၊ အာဂျင်တီးနား၊ ချီလီ အစရှိ‌သောနယ်များကို တည် ‌ထောင်နိုင်ကြ‌လေသည်။ ဘရာဇီးနိုင်ငံ တည်ရှိရာ‌ဒေသကို ၁၅၀၀ ပြည့်နှစ်တွင် ပေါ်တူဂီ လူမျိုးများက ရှေးဦးစွာ ‌တွေ့ရှိခဲ့ကြ၏။

ထိုဥ‌ရောပတိုက်သားများသည် မိမိတို့‌ရောက်‌လေရာ ပြည်နယ်တို့၌ ‌တွေ့ရှိသမျှ‌သော တိုင်းရင်းသားများကို နည်းအမျိုးမျိုးတို့ဖြင့် ဖိနှိပ်ချုပ်ချယ်ကာ ထိုအခါက ထွန်းကားလျက် ရှိ‌သော တိုင်းရင်း သားယဉ်‌ကျေးမှုများကို ဖျက်ဆီးပစ်ကြ‌လေသည်။ ဘရာဇီး၊ ပီးရူးနှင့် ဘိုလီဗီးယားနိုင်ငံများသည် ‌ရွှေ၊‌ငွေ၊ စိန်၊ ‌ကြေးနီ၊ သံဖြူစ‌သော တွင်းထွက်သတ္တုတို့ဖြင့် ကြွယ်၀‌သောနိုင်ငံများဖြစ်ရကား မျက်နှာဖြူ ဥ‌ရောပတိုက်သားများ သည် ‌တောင်အ‌မေရိကတိုက်ကြီး၏ ‌နေရာတကာ၌ လှည့်ပတ်‌မွှေ‌နှောက် ရှာ‌ဖွေခဲ့ကြ‌လေသည်။ တိုင်းရင်းသား လူမျိုးများမှာ မူကား လွှမ်းမိုးလာသူ လူဖြူတို့၏‌စေခိုင်းသမျှကိုသာ လုပ်ကိုင်‌ပေးကြ ရလေသည်။

‌တောင်အ‌မေရိကတိုက်၏ အသွင်အပြင် အ‌နေအထားသည် အချို့‌နေရာများတွင် ‌မြောက်အ‌မေရိကတိုက်နှင့် ဆင်ဆင်တူ၏။ ဤတိုက်ကြီးသည် ‌မြောက်အ‌မေရိကတိုက်ကဲ့သို့ပင် ‌မြောက်ပိုင်း၌ ကျယ်ပြန့်၍ ‌တောင်ပိုင်းသို့ တဖြည်းဖြည်း ‌သေးငယ် ကျဉ်း‌မြောင်း သွား‌လေသည်။ အ‌နောက်ပိုင်းဖြစ်‌သော ပစိဖိတ်ကမ်း‌ခြေဘက်၌ ‌တောင်နှင့်‌မြောက် စီတန်းလျက်တည်ရှိ‌သော မြင့်မား ရှည်လျားသည့် ‌တောင်တန်းကြီးတစ်ခုရှိ၏။ ထို‌တောင်တန်းကြီးကို အန်းဒီး‌တောင်တန်းကြီးဟု‌ခေါ်သည်။ ဤအန်းဒီး‌တောင်တန်းသည် အိန္ဒိယနိုင်ငံ၏ ဟိမဝန္တာ‌တောင်တန်းကလွဲလျှင် ကမ္ဘာ‌ပေါ်တွင် အမြင့်ဆုံး‌တောင်တန်းဖြစ်သည်။

အန်းဒီး‌တောင်တန်းထဲတွင်ပါဝင်၍ ချီလီနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံ နှစ်ခုစပ်ကြားတွင်တည်ရှိ‌သော အားကွန်ကားဂွါး‌တောင်ထိပ်သည် အမြင့်‌ပေ‌ပေါင်း ၂၂,၈၃၅ ‌ပေရှိ၍ ကမ္ဘာသစ်တွင် အမြင့်မားဆုံး တောင်ထိပ်ဖြစ်သည်။ အန်းဒီး‌တောင်တန်းတွင် မီး‌တောင်‌ပေါများ၏။ မီး‌တောင်များ မကြာခဏ ‌ပေါက်ကွဲမှု ကြောင့် လူ တိရစ္ဆာန်နှင့်တကွ မြို့ရွာအ‌ဆောက်အအုံများ ပျက်စီးကြရလေသည်။

‌တောင်အ‌မေရိကတိုက်သည် ဥ‌ရောပတိုက်ထက် သုံးဆ‌ကျော်မျှ ပိုမိုကြီးမား‌သော်လည်း ပင်လယ်ကမ်းရိုး၏ အလျားမှာမူကား ဥ‌ရောပတိုက် ပင်လယ်ကမ်းရိုးတန်းထက် တို‌လေသည်။ကမ်းရိုးတန်းသည် ‌တောင်ဘက်အစွန်းမှတစ်ပါး ကျန်‌နေရာများတွင် အ‌ကွေ့အ‌ကောက် နည်းပါး၏။ ပင်လယ်‌ကွေ့များလည် နည်းပါးသဖြင့် ဆိပ်ကမ်း‌ကောင်းဟူ၍ မရှိလှ‌ချေ။ ပကတိအသွင်အပြင် အ‌နေအထားအရ ‌တောင်အ‌မေရိက တိုက်ကို အပိုင်း ၄ ပိုင်း ခွဲခြားနိုင်၏။ ယင်းတို့မှာ (၁)ပစိဖိတ်ကမ်း‌မြောင်‌ဒေသ (၂) အန်းဒီး‌တောင်တန်း‌ဒေသ (၃) အလယ်ပိုင်းလွင်ပြင်‌ဒေသ (၄) အ‌ရှေ့ပိုင်း ‌တောင်ကုန်း‌ဒေသဟူ၍ ဖြစ်‌လေသည်။

၁၉ ရာစုနှစ်စက ‌တောင်အ‌မေရိက တိုင်းရင်းသားလူမျိုး များသည် နှစ်‌ပေါင်းသုံးရာနီးပါးမျှ စိုးမိုးအုပ်ချုပ်ခဲ့‌သော နယ် ချဲ့သမား စပိန်နှင့် ‌ပေါ်တူဂီလူမျိုးတို့ကို အပြင်းအထန် ‌တော်လှန်တိုက်ခိုက်ကြပြီးလျှင် လွတ်လပ်‌သော သမ္မတနိုင်ငံ များကို တည်‌ထောင်ခဲ့ကြ‌လေသည်။ ထို‌ကြောင့် ယခုအခါ ‌တောင်အ‌မေရိကတိုက်တွင် သမ္မတနိုင်ငံ‌ပေါင်း ၁၀ နိုင်ငံရှိ‌လေ သည်။ ယင်းတို့မှာ ဗရာဇီး၊ ဗင်နီဇွီးလား၊ ကိုလုံးဘီးယား၊ အက်ကွာ‌ဒေါ၊ ပီရူး၊ ဗိုလစ်ဗီးယား၊ ချီလီ၊ အာဂျင်တီးနား၊ အုရူ‌ဂွေးနှင့် ပါ၇‌ဂွေးတို့ဖြစ်၏။ ကိုလိုနီနယ်များဟူ၍လည်း ယခုထက်တိုင် ကျန်ရှိ‌နေ‌သေးရာ ယင်းတို့မှာ ဗြိတိသျှ၊ ပြင်သစ်နှင့် ဒပ်ချအစိုးရတို့က အသီးသီးပိုင်ဆိုင်‌သော ဂီယား နားနယ် သုံးနယ်ဖြစ်‌လေသည်။

ပစိဖိတ် ကမ်း‌မြောင်‌ဒေသသည် အီ‌ကွေတာမျဉ်း‌ကြောင်း ‌မြောက်ဘက်၌ စိုစွတ်ထိုင်းမှိုင်း၍ ပူအိုက်‌သော ရာသီအစွမ်း ‌ကြောင့် သစ်‌တောကြီးများ ဖုံးအုပ်‌နေ၏။ ပီးရူးနှင့် ချီလီနိုင်ငံ ‌မြောက်ပိုင်း‌ဒေသတို့တွင် မိုးနည်းပါးသည်။ ဗယ်လပရိုက်မြို့ ပတ်ဝန်းကျင်ရှိအရပ်ကိုကား ‌မြေထဲပင်လယ် ရာသီဥတု‌ဒေသ ဟု‌ခေါ်၏။ ထို‌ဒေသ၌ ဓာတ်သတ္တု အ‌မြောက်အမြားထွက်၍ သစ်သီးဝလံများကိုလည်း စိုက်ပျိုးကြ‌လေသည်။ ‌တောင်ဘက် အစွန်ဆုံးသို့ ‌ရောက်‌သောအခါ သမပိုင်း သစ်‌တော‌ဒေသကို ‌တွေ့ရ၏။ ဤ‌ဒေသ၌ တစ်နှစ်ပတ်လုံး မိုးရွာသွန်း၍ သစ်‌တော ထူထပ်‌သော‌ကြောင့် သစ်အမျိုးမျိုးထွက်သည်။ အခြားထွက်ကုန် များမှာ အမဲသား၊ ငါးနှင့် သိုး‌မွေးတို့ဖြစ်၏။

အန်းဒီး‌တောင်တန်း‌ဒေသကို ‌မြောက်ပိုင်း အလယ်ပိုင်းနှင့် ‌တောင်ပိုင်းဟူ၍ သုံးပိုင်းခွဲခြားနိုင်၏။ ‌မြောက်ပိုင်းနှင့် ‌တောင် ပိုင်းမှာ ‌ကောင်းမွန်‌သော ရာသီဥတုရှိ၍ ထွက်ကုန်‌ပေါများ၏။ ‌မြောက်ပိုင်း‌တောင်တန်းများမှာ အီ‌ကွေတာမျဉ်း‌ကြောင်းကို ဖြတ် သန်းတည်ရှိ‌သော‌ကြောင့် အီ‌ကွေတာတစ်‌လျှောက်ရှိ ‌ဒေသများ၌ ‌တွေ့၇‌သော ရာသီဥတုမျိုးရှိ‌သော်လည်း ကုန်းမြင့်‌သော‌ကြောင့် အ‌အေးဓာတ် ပိုများ၏။ မိုးများစွာရွာသွန်း၍ အထူးသဖြင့် အ‌နောက်ဘက်ကမ်း‌ခြေပိုင်းတွင် ပို၍စိုစွတ်သည်။ မူလက အန်း ဒီး‌မြောက်ပိုင်း‌ဒေသတွင် ထူထပ်‌သော သစ်‌တောများရှိခဲ့ရာ၊ ယခုအခါ ထိုသစ်‌တောများကို ခုတ်ထွင်ရှင်းလင်းပြီးလျှင် ကိုကိုးပင်၊ ငှက်‌ပျောပင် စသည်တို့ကို စိုက်ပျိုးကြ‌လေသည်။ မြင့်‌သော ‌တောင်‌ပေါ်‌ဒေသများတွင်ကား မြက်ခင်းများရှိ၍ ကျွဲနွား ‌မွေးမြူခြင်း သို့မဟုတ် ကာဖီစိုက်ပျိုးခြင်းလုပ်ငန်း များကို လုပ်ကိုင်ကြ၏။

အက်ကွာ‌ဒေါနိုင်ငံ၏ ‌တောင်ပိုင်းတွင် ‌တောင်တန်းသုံးခု သည် ပီးရူးနိုင်ငံကိုဖြတ်၍ ‌တောင်ဘက်သို့ဆင်းသွား၏။ ထို ‌ဒေသတစ်ဝိုက်တွင် ဂျုံ၊ ဗာလီနှင့် အာလူးများကို စိုက်ပျိုးကြ ၏။ ‌ငွေ၊ ‌ကြေးနီစ‌သော ဓာတ်သတ္တုများလည်း ထွက်‌လေ သည်။ ဗိုလစ်ဗီးယားနိုင်ငံထဲတွင် အန်းဒီး‌တောင်တန်းသည် မိုင် ၄၀၀ မှ ၅၀၀ အထိကျယ်ပြန့်ရာ ဤ‌နေရာတွင် အကျယ်ပြန့် ဆုံးဖြစ်‌လေသည်။

အန်းဒီး‌တောင်ပိုင်း‌ဒေသသည် မိုးများ၍ သစ်‌တောထူထပ် ၏။ ချီလီနိုင်ငံ အလယ်ပိုင်းသည် အန်းဒီး‌တောင် တန်း‌ဒေသ တစ်‌လျှောက်တွင် လူဦး‌ရေ အများဆုံး‌နေရာဖြစ်၏။ ဗိုလစ်ဗီး ယားနိုင်ငံမှ လွန်‌သော် အန်းဒီးသည် ‌တောင်တန်းတစ်ခုလည်း ဖြစ်သွား၏။ အ‌မေရိကတိုက်တွင် အမြင့်ဆုံးဖြစ်‌သော အားကွန် ဂွါး‌တောင်ထိပ်သည် ဤ‌ဒေသ၌ တည်ရှိ၏။ ‌တောင်တန်းသည် ထို‌နေရာမှ ‌တောင်ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွား‌လေ သည်။

အလယ်ပိုင်း လွင်ပြင်‌ဒေသတွင် မြစ်ဝှမ်းကြီး သုံးခုရှိ၏။ ယင်းတို့မှာ ‌အောင်ရင်နိုးကိုး မြစ်ဝှမ်း၊ အမ္မဇုန် မြစ်ဝှမ်းနှင့် ပလိတ်မြစ်ဝှမ်းတို့ဖြစ်သည်။ မြစ်ဝှမ်းတစ်ခုနှင့် တစ်ခုစပ်ကြား တွင် ကုန်းမြင့်တစ်ခုစီခြားလျက်ရှိ၏။ ‌အောင်ရင်နိုးကိုးမြစ်ဝှမ်း အ‌နောက်ပိုင်းသည် ကိုလုံးဗီးယားနိုင်ငံနှင့် ဗင်နီးဇွီးလားနိုင်ငံ နှစ်နိုင်ငံထဲသို့ ကျ‌ရောက်‌နေ၏။ ဤ‌ဒေသ၌ ပူအိုက်‌သော ရာသီဥတုရှိ၍ ကျယ်ပြန့်‌သော မြက်ခင်းကြီးများကို ‌တွေ့ရှိ နိုင်၏။ ထိုအရပ်၌ ‌နေထိုင်ကြ‌သောလူများသည် ကျွဲနွားသိုး ဆိတ်များ ‌မွေးမြူခြင်းဖြင့် ‌နေထိုင်စား‌သောက်ကြ၏။ ဤအပိုင်း မှာ လူ‌နေအလွန်နည်းပါး‌လေသည်။ ‌အော်ရင်နိုးကိုးမြစ်ဝှမ်း အ‌ရှေ့ပိုင်းမှာ စိုစွတ်၍ ရွှံ့‌စေး‌ပေါများပြီးလျှင် သစ်‌တောထူထပ် ‌လေသည်။

အမ္မဇုန်မြစ်ဝှမ်းသည် ဗရာဇီးနိုင်ငံ ‌မြောက်ပိုင်းတွင် တည် ရှိ၍ အ‌နောက်ဘက်သို့ အန်းဒီး‌တောင်တန်း‌ဒေသအထိ ကျယ် ပြန့်‌လေသည်။ ရာသီဥတုမှာ ပူအိုက်၍ ကျန်းမာခြင်းနှင့်မညီ ‌ချေ။ မိုးအ‌မြောက်အမြား ရွာသွန်း၏။ သစ်‌တောများ ထူထပ်စွာ ‌ပေါက်‌ရောက်၍ ရွှံ့နွံ‌ဒေသ‌ပေါများ‌လေသည်။ ဤ ‌ဒေသတွင်‌နေထိုင်ကြ‌သော လူမျိုးများမှာ ‌ရှေးကျ‌သော တိုင်း ရင်းသားလူမျိုးများဖြစ်၍ ‌ရှေးကျ‌သော လယ်ယာစိုက်ပျိုးခြင်း စံနစ်ကိုပင် အမှီပြုကာ ‌နေထိုင်စား‌သောက်ကြ‌လေသည်။

သစ်‌တောများတွင် အဖိုးတန်သစ်ပင်များ ရှိ‌သော်လည်း ခရီး လမ်း ခက်ခဲမှု‌ကြောင့် ထိုသစ်ပင်များကို ခုတ်လှဲ‌ရောင်းချခြင်း မပြုနိုင်‌ချေ။

လွင်ပြင်‌ဒေသ၏ တတိယအပိုင်းမှာ ပါရာနာ၊ ပါ၇‌ဂွေးနှင့် အုရူ‌ဂွေး မြစ်ဝှမ်း‌ဒေသများပင်ဖြစ်၏။ ဤလွင်ပြင်‌ဒေသသည် အာဂျင်တီးနား၊ ပါ၇‌ဂွေး၊ အူရူ‌ဂွေးနှင့် ဗရာဇီး‌တောင်ပိုင်း‌ဒေသ များကို လွှမ်းခြုံတည်ရှိ၏။ ‌မြေဩဇာထက်သန်း‌ခေါင်းမွန်၍ ရှည်လျား‌သော မြက်ပင်များ ‌ပေါက်‌ရောက်‌လေသည်။ မိုးနည်း ပါးသည့်အပိုင်း၌ သာမန်မြက်ခင်းများရှိသည်။ အ‌ရှေ့‌တောင်ပိုင်း လွင်ပြင်‌ဒေသ၌ မိုး‌ကောင်း၍မျှတ၏။ သို့ရာတွင် အတွင်းဘက် အန်းဒီး‌တောင်တန်း၌မူကား မိုးနည်းပါးသည်။ ပါ၇‌ဂွေးနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံ ‌မြောက်ပိုင်းတို့၌ ‌နွေရာသီတွင် အလွန်ပူ ပြင်း၏။

၁၈၁၀ ပြည့်နှစ်မတိုင်မီက ဤလွင်ပြင်‌ဒေသများတွင် လူသူတစ်စုံ တစ်‌ယောက်မျှ မ‌နေထိုင်ခဲ့ကြ‌ချေ။ ထို‌နောက်မှသာ လူများလာ‌ရောက်‌နေထိုင်စ ပြုကြပြီးလျှင် လယ်ယာကိုင်းကျွန်း လုပ်ငန်းများကို လုပ်ကိုင်ကြ‌လေသည်။ မီးရထားလမ်းများကို ၁၈ရဝ ပြည့်နှစ်တွင် စတင်‌ဆောက်လုပ်ခဲ့ကြရာ ယခုအခါ မီးရထားလမ်းများသည် ပိုက်ကွန်ကဲ့သို့ တစ်ခုနှင့်တစ်ခု ယှက် လျက်ပင် ရှိ‌နေ‌လေပြီ။

ဤ‌ဒေသ၌ နွား၊ သိုး၊ ဆိတ် ‌မွေးမြူခြင်းသည် အဓိက လုပ်ငန်းဖြစ်၏။ ပလိတ်မြစ်ဝကျွန်း‌ပေါ်‌ဒေသတွင် ဂျုံနှင့် ‌ပြောင်းဖူးကို အ‌မြောက်အမြား စိုက်ပျိုးလုပ်ကိုင်ကြ၏။ ‌မြောက် ပိုင်းဖြစ်‌သော ပါရာနာ မြစ်ကမ်းတစ်‌လျှောက်၌ကား ကြံခင်း များကို ‌တွေ့ရှိနိုင်‌ပေသည်။

အ‌ရှေ့ပိုင်း‌တောင်ကုန်း‌ဒေသ သို့မဟုတ် ဗရာဇီးကုန်းမြင့် ‌ဒေသတွင် ဗိုလစ်ဗီးယားနိုင်ငံအ‌နောက်ပိုင်းနှင့် ဗရာဇီးနိုင်ငံတို့ ပါဝင်ကြ၏။ ဤကုန်းပြင်မြင့်သည် အ‌ရှေ့ပိုင်း၌ ‌ပေ ၂၀၀၀ ‌ကျော်မြင့်၍၊ အတွင်းဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွား ‌လေသည်။ ထို‌ဒေသသည် တြိဂံကဲ့သို့ ပုံသဏ္ဌာန်ရှိ၍ အတ္တ လန္တိတ်ကမ်း‌ခြေပိုင်း၌ အကျယ်ပြန့်ဆုံးဖြစ်၏။ ဗရာဇီးကုန်းမြင့်‌ဒေသသည် ပူအိုက်‌သော ရာသီဥတုရှိ၍ မိုးများ၏။ ပူအိုက်၍ ရွှံ့နွံ‌ပေါများ‌သော အရပ်များ၌ ‌တောထူ ထပ်‌သော်လည်း ဤ‌နေရာများတွင် မြက်ခင်းများနှင့် ‌သေးငယ် ‌သော သစ်‌တောများကိုသာ ‌တွေ့ရှိနိုင်‌လေသည်။ ဤ‌ဒေသ၏ ‌တောင်ပိုင်း၌ နွား‌မွေးမြူသည့် လုပ်ငန်းများကို လုပ်ကိုင်ကြ၏။

ကာဖီပင် စိုက်ပျိုးခြင်းသည် ဗရာဇီးနိုင်ငံ၏ အဓိကလုပ်ငန်းကြီး ပင် ဖြစ်‌လေသည်။ စန်‌ပေါ်လိုနှင့် ဝိတိုရိယမြို့ နှစ်မြို့စပ်ကြားရှိ ဆင်‌ခြေ‌လျှော ‌တောင်‌စောင်းများတွင် ကာဖီအများဆုံးစိုက်ပျိုး ၏။ ထို‌ဒေသ၏ ‌မြောက်ဘက်၌ သံထွက်‌သော‌နေရာများကို ‌တွေ့ရှိကြ၏။ သို့ရာတွင် တူး‌ဖော်ခြင်း မပြုလုပ်နိုင်‌သေး‌ချေ။ ဗရာဇီးနိုင်ငံအတွင်း၌ ယခုအခါ လူဦး‌ရေ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာ၏။ ကာဖီစိုက်ပျိုးခင်းများရှိသည့် ‌နေရာများတွင် လူအ‌နေများ၏။ အထူးသဖြင့် ရီးအိုဒါဇနဲရိုး မြို့တစ်ဝိုက်သည် ‌တောင်အ‌မေရိကတိုက်တွင် လူဦး‌ရေ အထူ ထပ်ဆုံးဖြစ်သည်။

‌တောင်အ‌မေရိကတိုက်တွင် ပင်လယ်ဆိပ်ကမ်းမြို့ လွန်စွာ နည်းပါး၏။ ရှိသမျှ ဆိပ်ကမ်းမြို့များမှာလည်း အများအားဖြင့် အတ္တလန္တိတ် ကမ်း‌ခြေဘက်တွင်သာ တည်ရှိကြ‌လေသည်။ အဘယ်‌ကြောင့်ဆို‌သော် နိုင်ငံခြားသို့တင်ပို့၇‌သော အ‌ရေးကြီး သည့် ထွက်ကုန်များမှာ အဆိုပါ ကမ်း‌ခြေတစ်‌လျှောက်တွင်သာ အများအပြား ထွက်‌သော‌ကြောင့်တည်း။

‌တောင်အ‌မေရိကတိုက်ရှိ မြစ်ကြီးများသည် ပြည်တွင်း သယ်ယူပို့‌ဆောင်‌ရေးလုပ်ငန်းတွင် များစွာ အ‌ထောက်အပံ့ရ သည်။ ပင်လယ်ကူး သ‌င်္ဘောကြီးများသည် အမ္မဇုန်မြစ်အတွင်း သို့ မိုင်‌ပေါင်း ၁၀၀၀ အထိ ခုတ်‌မောင်းနိုင်၍ သ‌ဘေင်္ာအငယ် စားများမှာ မြစ်ဝမှ မိုင် ၁ရဝ၀ ကွာ‌ဝေး‌သော ပီးရူးနိုင်ငံ အတွင်းရှိ အီကီးတိုးမြို့အထိ ဆန်တက်နိုင်ကြ‌လေသည်။ ဤ‌ဒေသ၌ မီးရထားလမ်း အနည်းငယ်သာရှိ၍ ‌မော်‌တော်ကားလမ်းလည်း မများလှ‌ချေ။ ‌တော‌တောင်ထူထပ် ခြင်းသည် မီးရထားလမ်း ‌ဖောက်လုပ်‌ရေးလုပ်ငန်းကို ခက်ခဲ ‌စေ၏။ သို့ဖြစ်၍ တစ်နယ်မှတစ်နယ်သို့ ကူးသန်းသွားလာ‌ရေး အတွက် ‌လေ‌ကြောင်းခရီးကို အားကိုးပြုကြ၇‌လေသည်။

‌တောင်အ‌မေရိကတိုက်စာ‌ပေ။ ။ ‌တောင်အ‌မေရိကတိုက်၌ လွှမ်းမိုး‌သော ဘာသာစကားသည် စပိန်စကားဖြစ်သည်။ ထို့‌ကြောင့် ‌တောင်အ‌မေရိကတိုက်စာ‌ပေ ဟူရာ၌ ‌တောင်အ‌မေရိကတိုက်တွင် သုံးစွဲ‌သော စပိန်စာ‌ပေကို ဆိုလို‌ပေသည်။ ထိုစာ‌ပေသည် လွန်ခဲ့‌သော နှစ်‌ပေါင်း ၄၀၀ အထက်တွင် ‌တောင်အ‌မေရိကတိုက်သို့ နယ်သစ်တည်၍ သာသနာပြုရန်လာ‌ရောက်ကြ‌သော စပိန်နှင့် ‌ပေါ်တူဂီလူမျိုး တို့က မိမိတို့၏ဇာတိဌာ‌နေသို့ ‌ရေးသားတင်သွင်း အစီရင်ခံကြ ‌သောစာများမှ အစပြု၍ ဖြစ်ထွန်းလာ‌သော စာ‌ပေဖြစ်သည်။

၁၆ ရာစုနှစ် ကုန်ဆုံးခါနီး၌ မက္ကဆီကိုပြည်နယ်နှင့် ပီးရူးနိုင်ငံ ရှိ လီမာမြို့‌တော်တို့သည် ပညာဗဟုသုတအရာတို့၌ အချက် အခြာ‌ဒေသများ ဖြစ်ခဲ့‌လေရာ၊ ထို‌ခေတ်၌ ‌ပေသရို‌သေအိုညာ (ခရစ် ၁၅ရ၁ ခုနှစ်)အမည်ရှိ ချီလီပြည်နယ်သား ကဗျာ ဆရာ၏ အဲပစ်ကဗျာသည် ၁၅၉၆ ခုနှစ်တွင် များစွာ ထင်‌ပေါ် ‌ကျော်‌စော လာခဲ့သည်။ ၁ရ ရာစုနှစ်၌မူ ပြဇာတ်များ ‌ခေတ်စား လာ၍၊ ဟွန်းရူးအီး‌သေအားလားကွန်းသည် ထင်ရှား‌သော ပြဇာတ်ဆရာကြီးဖြစ်ခဲ့သည်။ ထိုပြင် ထို‌ခေတ်က အဓိပ္ပါယ် နက်နဲ‌သော ဂမ္ဘီရကဗျာများလည်း များစွာ တွင်ကျယ်ခဲ့‌လေ သည်။ ဝတ္ထုအ‌ရေး အသားမှာကား ၁၈ ရာစုနှစ်တွင် ထင်‌ပေါ် လာခဲ့‌လေသည်။

မက္ကဆီကိုပြည်သား ဝတ္ထု‌ရေးဆရာ ဖာနန်း‌ဒေး ‌သေ လီဆားသီ၏ဝတ္ထုသည် ‌တောင်အ‌မေရိကတိုက်စာ‌ပေတွင် ထူးခြား‌သော ဝတ္ထုဖြစ်သည်။ ၁၉ ရာစုနှစ်သို့ ‌ရောက်‌သော် ‌တော်လှန်‌ရေးအမျိုးမျိုးများ ဖြစ်ပွား‌နေသည့်အထဲတွင် နိုင်ငံနှင့်အမျိုးကိုချစ်‌သော ရသ‌ပေါ်‌အောင် ဖွဲ့နွဲ့သည့်ကဗျာများ ‌ပေါ်‌ပေါက်လာပြီးလျှင် ‌တော်လှန်‌ရေးများ ပြီးစီးသွား‌သောအခါ တိုင်းရင်းသားတို့သည် စပိန်နိုင်ငံနှင့်စပ်ဆိုင်‌သော အ‌ကြောင်း အရာတို့ကို ဖွဲ့နွဲ့စပ်ဆိုခြင်းကို ငြီး‌ငွေ့ရွံရှာလာကြပြီးလျှင် မိမိ တို့‌နေရပ်ဌာနီနှင့် စပ်ဆိုင်ရာအ‌ကြောင်းတို့ကို ဖွဲ့နွဲ့‌ရေးသားလာ ကြ‌လေသည်။ ၁၉ ရာစုနှစ်‌နောက်ပိုင်း၌ ‌တောင်အ‌မေရိကတိုက် ၏ဇာတိကို ‌ဖော်ပြရာဖြစ်‌သော မြင်းစီးသူရဲ နွား‌ကျောင်းသား ‌ဂေါင်ချိုတို့၏ဘဝကို ဖွဲ့နွဲ့သည့်ကဗျာများသည် အာဂျင်တိုင်ပြည် နယ်တွင် ထွန်းကားလာ‌လေသည်။

ထို‌ခေတ်တို့မှ လွန်လာ‌သောအခါ စာ‌ပေ‌လောကတွင် ကဗျာ ကို ပိုမို၍ တိုးတက်ဖွံ့ဖြိုး‌အောင်လုပ်‌သော ‌ခေတ်သစ်စာ‌ပေဂိုဏ်း နှင့် အမျိုးသားစိတ်ဓာတ်ကိုလှုံ့‌ဆော်‌ပေး‌သော အမျိုးသားစာ‌ပေ ဂိုဏ်းဟူ၍ နှစ်မျိုးထွန်းကားလာ‌လေသည်။ သို့‌သော် ဤ‌ခေတ် တွင် ထွန်းကား‌သော ‌တောင်အ‌မေရိကတိုက်စာ‌ပေမှာမူ ခရစ် ၁၉၁၀ ပြည့်နှစ်တွင် စတင်ဖြစ်‌ပေါ်ခဲ့‌သော မက္ကဆီကို‌တော်လှန် ‌ရေးမှ အစပြုသည်။ ထို‌တော်လှန်‌ရေးမှာ ဆင်းရဲသားလူထု၏ ‌မြေယာ‌တော်လှန်‌ရေးဖြစ်‌လေရကား မာရီယာနိုအာ‌ဇွေးလားနှင့် လို‌ပေ့အီဖွိန်း‌တေးဟူ‌သော စာ‌ရေးဆရာတို့သည် အဖိနှိပ်ခံ လူတန်းစားတို့၏အ‌ကြောင်းကို ‌ရေးသားလာကြ‌လေသည်။

ထိုမှသည် ‌တောင်အ‌မေရိ ကတိုက်အတွင်းရှိ လူထုအ‌ကြောင်း၊ ထိုလူထုတို့ မှီတင်း‌နေထိုင်ရာ‌ဒေသအ‌ကြောင်း စသည့်တို့နှင့် ဆိုင်‌သော ဝတ္ထုတို့ ‌မြောက်မြားစွာ ‌ပေါ်‌ပေါက်လာ‌လေရာ၊ မျက်‌မှောက်ကာလတွင် ဝတ္ထု‌ခေတ်သည် ဖွံ့ဖြိုးလာသည်ဟု ဆိုရမည်ဖြစ်သည်။

ယခုအခါ ‌တောင်အ‌မေရိကတိုက်နှင့် စပ်လျဉ်းသမျှကို ‌မြောက်အ‌မေရိကတိုက်နှင့် ခြားနား‌လေ‌အောင် လက်တင် အ‌မေရိကဟု ‌ခေါ်‌ဝေါ်‌လေ့ရှိသည့်အား‌လျော်စွာ ‌တောင် အ‌မေရိကတိုက်စာ‌ပေကို လက်တင်အ‌မေရိက စာ‌ပေဟုလည်း ‌ခေါ်‌ဝေါ်ကြသည်။ စပိန်လူမျိုးတို့၏ အနွယ်ဖြစ်၍ စပိန် ဘာသာကိုမူတည်‌သော အချက်‌ကြောင့်လည်း စပင်းနစ် အ‌မေရိကန်စာ‌ပေဟုလည်း ‌ခေါ်‌ဝေါ်သည်။ [၁]

နိုင်ငံများ[ပြင်​ဆင်​ရန်​]

နိုင်ငံနှင့် ဒေသအမည် ဧရိယာ လူဦးရေ
(ဇူလိုင် ၂၀၀၉ မှန်းချက်)
လူဦးရေသိပ်သည်းမှု
(per km²)
မြို့တော်
အာဂျင်တီးနားနိုင်ငံ၏ အလံတော် အာဂျင်တီးနား ၂,၇၆၆,၈၉၀ ၄၀,၄၈၂,၀၀၀ ၁၄.၃ ဗျူနိုအေးရိစ်မြို့
ဘိုလီးဗီးယားနိုင်ငံ၏ အလံတော် ဘိုလီးဗီးယား ၁,၀၉၈,၅၈၀ ၉,၈၆၃,၀၀၀ ၈.၄ လာပါးစ်မြို့ နှင့် ဆူးခရဲ့မြို့
ဘရာဇီးနိုင်ငံ၏ အလံတော် ဘရာဇီး ၈,၅၁၄,၈၇၇ ၁၃၁,၂၄၁,၇၁၄ ၂၂ ဘရာစီးလီယာမြို့
ချီလီနိုင်ငံ၏ အလံတော် ချီလီ ၇၅၆,၉၅၀ ၁၆,၉၂၈,၈၇၃ ၂၂ စန်တီယားဂိုမြို့
ကိုလံဘီယာနိုင်ငံ၏ အလံတော် ကိုလံဘီယာ ၁,၁၃၈,၉၁၀ ၄၅,၉၂၈,၉၇၀ ၄၀ ဘိုဂိုတာမြို့
အီကွေဒေါနိုင်ငံ၏ အလံတော် အီကွေဒေါ ၂၈၃,၅၆၀ ၁၄,၅၇၃,၁၀၁ ၅၃.၈ ကီတိုမြို့
ဖော့ကလန်ကျွန်းစု၏ အလံတော် ဖော့ကလန်ကျွန်းစု ယူကေ ၁၂,၁၇၃ ၃၁၄၀ ၀.၂၆ စတန်းလီမြို့
ပြင်သစ်ဂီအားနား၏ အလံတော် ပြင်သစ်ဂီအားနား ပြင်သစ် ၉၁,၀၀၀ ၂၂၁,၅၀၀ ၂.၇ ကာရန်းမြို့
ဂိုင်ယာနာနိုင်ငံ၏ အလံတော် ဂိုင်ယာနာ ၂၁၄,၉၉၉ ၇၇၂,၂၉၈ ၃.၅ ဂျော့ရှ်ထောင်းမြို့
ပါရာဂွေးနိုင်ငံ၏ အလံတော် ပါရာဂွေး ၄၀၆,၇၅၀ ၆,၈၃၁,၃၀၆ ၁၅.၆ အဆွန်စီယုန်းမြို့
ပီရူးနိုင်ငံ၏ အလံတော် ပီရူး ၁,၂၈၅,၂၂၀ ၂၉,၁၃၂,၀၁၃ ၂၂ လီမာမြို့
တောင်ဂျော်ဂျီယာနှင့် တောင်ဆန်းဒဝစ်ကျွန်းများ၏ အလံတော် တောင်ဂျော်ဂျီယာနှင့် တောင်ဆန်းဒဝစ်ကျွန်းများ ယူကေ ၃၀၉၃ ၂၀ ဂရစ်ဗစ်ကန်မြို့
ဆူရာနမ်နိုင်ငံ၏ အလံတော် ဆူရာနမ် ၁၆၃,၂၇၀ ၄၇,၂၀၀ ပါရာမာရီဘိုမြို့
ဥရုဂွေးနိုင်ငံ၏ အလံတော် ဥရုဂွေး ၁၇၆,၂၂၀ ၃,၄၇၇,၇၈၀ ၁၉.၄ မွန်တီဗစ်ဒီအိုမြို့
ဗင်နီဇွဲလားနိုင်ငံ၏ အလံတော် ဗင်နီဇွဲလား ၉၁၂,၀၅၀ ၂၆,၈၁၄,၈၄၃ ၃၀.၂ ကာရားကတ်စ်မြို့
စုစုပေါင်း ၁၇,၈၂၄,၅၂၃ ၃၈၅,၇၄၂,၅၅၄ ၂၁.၅

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ ၅