ကိုင်ရိုမြို့
| ကိုင်ရိုမြို့ القاهرة (Arabic) ' |
|||
| အထက်ဝဲဘက်: ကိုင်ရိုတာဝါ၊ အထက်ယာဘက်: အစ်တူလွန် ဗလီ၊ အလယ်ဝဲဘက်: မွစ်ဇ်လမ်း၊ အလယ်ယာဘက်: နိုင်း ဖယ်လူကာ၊ အောက်: ကိုင်ရိုရဲတိုက် | |||
|
|||
| အခြားအမည်များ -The City of a Thousand Minarets,အာရပ်ကမ္ဘာ၏ မြို့တော် | |||
| အီဂျစ်: Site of Cairo (top center) | |||
| Coordinates: | |||
|---|---|---|---|
| Country | |||
| Governorate | ကိုင်ရို | ||
| အုပ်ချုပ်ရေး | |||
| - မြို့တော်အုပ်ချုပ်ရေးမှူး | ဒေါက်တာ အဘဒူ အာဇင် ဝါဇာ | ||
| ဧရိယာ | |||
| - City | ၄၅၃ km² (၁၇၄.၉ sq mi) | ||
| - မြို့ပြ | ၆၆၄၀ km² (၂၅၆၃.၇ sq mi) | ||
| - မြို့တော် | ၈၆၃၆၉ km² (၃၃၃၄၇.၃ sq mi) | ||
| ပင်လယ်ရေ မျက်နှာပြင်ထက် အမြင့် |
၂၃ m (၇၅ ft) | ||
| လူဦးရေ (2006) | |||
| - City | ၆,၇၅၈,၅၈၁ | ||
| - လူဦးရေ သိပ်သည်းမှု | ၁၇၁၉၀/km² (၄၄၅၂၁.၉/sq mi) | ||
| - မြို့ပြ | ၁၇,၂၉၀,၀၀၀ | ||
| - မက်ထရို လူဦးရေ | ၁၉,၄၃၉,၅၄၁ | ||
| - မြို့သား | ကိုင်ရင်းန် | ||
| အချိန်ဇုံ | EET (UTC+2) | ||
| - နွေရာသီ (DST) | EEST (UTC+3) | ||
| အင်တာနက်စာမျက်နှာ: www.cairo.gov.eg | |||
ကိုင်ရိုမြို့သည် ခေတ်သစ်အီဂျစ်နိုင်ငံ၏ မြို့တော်ဖြစ်၍ အာဖရိကတိုက်တွင် လူဦးရေ အထူထပ်ဆုံးမြို့ဖြစ်သည်။ နိုင်းမြစ်၏ အရှေ့ဘက်ကမ်း မြစ်ဝကျွန်းပေါ်ဒေသ ထိပ်ခွဆုံ၏ အထက် ၈ မိုင်အကွာတွင် တည်ရှိသည်။ အလက်ဇန္ဒရီးယားမြို့မှ အရှေ့တောင်ဘက်သို့ မိုင် ၁၃၀ ကွာဝေး၍ စူးအက်မြို့မှ အနောက်ဘက်သို့ မိုင် ၈၀ ခန့်ကွာဝေးသည်။ အာဖရိကတိုက်တွင် အကျယ်ပြန့်ဆုံးမြို့ဖြစ်၍ နိုင်းမြစ်အရှေ့ဘက်ကမ်းတွင် ၅ မိုင်ခန့် ရှည်လျားစွာ တည်ရှိသည်။ မြို့တစ်ပိုင်းမှာ နိုင်းမြစ်ဝှမ်း၏ နုံးတင်မြေနု ကွင်းပြင်ပေါ်တွင် ကျရောက်နေ၍ တစ်ပိုင်းမှာ မိုကက်တမ် ထုံးကျောက်တောင်များ၏ ဆင်ခြေလျှောပေါ်တွင် ကျရောက်နေသည်။
အလယ်ခေတ်အတွင်းက ကိုင်ရိုမြို့သည် ထင်ရှားခဲ့သည်။ ၇ ရာစုနှစ်အတွင်းက အာရပ်လူမျိုးတို့ အီဂျစ်နိုင်ငံကို တိုက်ခိုက်အောင်မြင်သောအခါ မွတ်စလင်ဗိုလ်ချုပ်သည် သူ၏ ခံတပ်အနီး နိုင်းမြစ်ကမ်းပါးတစ်နေရာတွင် မြို့တစ်မြို့ တည်ဆောက်၍ အယ်-ဖော့စတတ်မြို့ဟု အမည်ပေးခဲ့သည်။ ၁၀ ရာစုနှစ်သို့ ရောက်သောအခါ ဖက်တီမိုက်ဘုရင်များက မြို့ကို သိမ်းပိုက်ပြီးနောက် အရှေ့မြောက်ဘက်သို့ အနည်းငယ်တိုးချဲ့ပြီးလျှင် အယ်-ကဟီးရား (စစ်နိုင်မြို့) ဟူသော အမည်သစ်ဖြင့် မြို့သစ်တည်ခဲ့ပြန်သည်။ ထိုနေရာမှာ ယခုခေတ်သစ် ကိုင်ရိုမြို့နေရာပင် ဖြစ်လေသည်။
ရှေးခေတ် အီဂျစ်လူမျိုးတို့၏ လက်ရာဖြစ်သော ရှေးဟောင်း အဆောက်အအုံများစွာကို ကိုင်ရိုမြို့တွင် တွေ့ရသည်။ မြို့တံခါးများ၊ ပြတိုက်၊ ရဲတိုက်နှင့် မျှော်စင်ကြီးများ၊ ပလီကြီးများမှာ မြို့၏ ကျက်သရေဆောင်များ ဖြစ်ကြ၏။ ထို့ပြင် အီဂျစ်ဘုရင်ဟောင်းများ၏ သင်္ချိုင်းရာများဖြစ်သော ပိရမစ်အဆောက်အအုံများကို မြို့အပြင်ဘက်တွင် တွေ့ရသည်။ ကိုင်ရိုမြို့ ထင်ရှားသော အဆောက်အအုံများတွင် အယ်အက်ဇဟာပလီနှင့် တက္ကသိုလ်လည်း ပါဝင်သည်။ မြို့၏ ခေတ်မှီရပ်ကွက်သစ်များတွင် ခေတ်သစ်အဆောက်အအုံများနှင့် လမ်းမကြီးများကို တွေ့နိုင်သည်။ ကိုင်ရိုမြို့ကို တဖြည်းဖြည်းချဲ့ထွင်လာရာ ယခုအခါ နိုင်းမြစ်လယ်ရှိ ဂျဇီးရာကျွန်းနှင့် ကိုင်ရိုမြို့ ဗဟိုရပ်ကွက်များကို တံတားကြီးများဖြင့်ပင် ဆက်သွယ်ထားရှိသည်။ မြစ်အနောက်ဘက်ကမ်းတွင်ကား ပိရမစ်အဆောက်အအုံများရှိသော ဂီးဇာမြို့ တည်ရှိသည်။
ကိုင်ရိုမြို့သည် ဥရောပတိုက်နှင့် အရှေ့တိုင်းပြည်များ၏ ဗဟိုတွင် တည်ရှိ၍ ကူးသန်းရောင်းဝယ်ရေးတွင် အရေးပါသော မြို့ဖြစ်သည်။ အာဖရိကတိုက်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းဒေသအတွက်ကား ကုန်သွယ်ရေး အချက်အချာသဖွယ် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အပြီးတွင် စက်မှုလက်မှုလုပ်ငန်းများ အထူးတိုးတက်ခဲ့သည်။
ထိုမြို့တွင် နေထိုင်သူများမှာ အများအားဖြင့် အာရပ်လူမျိုးများ သို့မဟုတ် အာရပ်တို့နှင့် သွေးစပ်သော လူမျိုးများ ဖြစ်ကြသည်။ အခြားလူမျိုးများမှာ ဂရိ၊ အီတာလျံ၊ ဗြိတိသျှ၊ ပြင်သစ်၊ တူရကီနှင့် ဆီးရီးယန်းလူမျိုးများ ဖြစ်ကြသည်။ မြို့လူဦးရေမှာ ၂၀၀၆ ခုနှစ် သန်းခေါင်စာရင်းအရ ၆ သန်း ၇ သိန်းကျော်ဖြစ်သည်။ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)