အမေရိကန်ပြည်ထောင်စု
| အမေရိကန်ပြည်ထောင်စု | |||||
| United States of America | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - In God We Trust (တို့ဘုရားကို ယုံကြည်မှုရှိပါသည်) |
|||||
| နိုင်ငံတော်သီချင်း - The Star-Spangled Banner | |||||
| ပထဝီ |
|||||
| မြို့တော် | ဝါရှင်တန်ဒီစီမြို့ | ||||
| အကြီးဆုံးမြို့ | နယူးယောက်မြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC -၅ - -၁၀ | ||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | အင်္ဂလိပ် | ||||
လူဦးရေ
|
|||||
| လူမျိုးများ | အဖြူ (၈၀.၁%)၊ လာတီးနိုး (၁၄.၈%)၊ အာဖရိက(၁၂.၈%)၊ အာရှ (၄.၄%)၊ အမေရိကတိုင်းရင်သား (၁.၂%)၊ ကပြား (၁.၆%) | ||||
| ကိုးကွယ်ယုံကြည်မှု | ခရစ်ယာန် (၇၈.၅%)၊ ဘာသာမဝင်သူ (၁၂.၁%)၊ အခြား (၂.၅%)၊ ရဟူဒီ (၁.၇%)၊ ဗုဒ္ဓ (၀.၇%)၊ အစ္စလာမ် (၀.၆%) | ||||
| နိုင်ငံရေး | |||||
| အမျိုးအစား | အုပ်ချုပ်မှုဥပဒေသော ဖယ်ဒရယ်သမ္မတနိုင်ငံ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
| ထူထောင်မှု | |||||
| စီးပွားရေး | |||||
| GDP(PPP) | $၁၃.၅၄၃ ပကောဋိ (အဆင့် - ၁) | ||||
| GDP(PPP) | $၄၃,၄၄၄ (အဆင့် - ၄) | ||||
| HDI | ၀.၉၅၁ (အမြင့်) (အဆင့် - ၁၂) | ||||
| ဗဟိုဘဏ် | ဖယ်ဒရယ်အရန်ဗဟိုစနစ် | ||||
| ငွေ | ဒေါ်လာ (USD "$") | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| အထိမ်းအမှတ်များ | ပန်း - နှင်းဆီ၊ သစ်ပင် - ဝက်သစ်ချ | ||||
| ISO 3166-1 | US | ||||
| CCLTD | .us .gov .mil .edu | ||||
အမေရိကန်ပြည်ထောင်စု ကို ပုံမှန်အားဖြင့် United States, the U.S., the U.S.A., the States, the America စသည်ဖြင့် ရည်ညွှန်းခေါ်ဆိုလေ့ရှိကြကာ ဖွဲ့စည်းပုံအရ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဖြစ်ပြီး ပြည်နယ် ၅၀ ခုနှင့် အုပ်ချုပ်ရေးနယ်မြေတစ်ခု ပါဝင်သည်။ အမေရိကန်ပြည်ထောင်စုသည် မြောက်အမေရိက အလယ်ပိုင်းတွင် အဓိကတည်ရှိပြီး ထိုနေရာတွင် တဆက်တည်းဖြစ်နေသော ပြည်နယ် ၄၈ခုနှင့် အုပ်ချုပ်ရေးဆိုင်ရာမြို့တော် ဝါရှင်တန်ဒီစီ တို့သည် ပစိဖိတ် နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ကြားတွင် မြောက်ဖက်တွင် ကနေဒါနိုင်ငံနှင့် တောင်ဖက်တွင် မက္ကဆီကိုနိုင်ငံတို့ဖြင့် ဝိုင်းရံ၍ တည်ရှိသည်။ အလက်စကာ ပြည်နယ်သည် တိုက်ကြီး၏ အနောက်မြောက်ဖက်ပိုင်းတွင် တည်ရှိပြီး အရှေ့ဖက်တွင် ကနေဒါနှင့် အနောက်ဖက် ဘဲရင်းရေလက်ကြား (Bering Strait)ကို ဖြတ်၍ ရုရှားနိုင်ငံတို့ ရှိကြသည်။ ဟာဝိုင်အီ ပြည်နယ်သည် ပစိဖိတ်သမုဒ္ဒရာအလယ်တွင် ရှိသော ကျွန်းစုဖြစ်သည်။ အမေရိကန်သည် ကာရစ်ဘီယန် နှင့် ပစိဖိတ်ဒေသအနှံ့အပြားတို့တွင် နယ်မြေများနှင့် ကျွန်းများကိုလည်း ပိုင်ဆိုင်သည်။
အကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၃.၇၉ သန်း (စတုရန်း ကီလိုမီတာ ၉.၈၃ သန်း) နှင့် လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့်အတွက် အမေရိကန်ပြည်ထောင်စုတွင် ကမ္ဘာပေါ်တွင် စုစုပေါင်း အကျယ်အဝန်းအားဖြင့် စတုတ္တမြောက် အကြီးဆုံးနှင့် ကုန်းမြေအကျယ်အဝန်းနှင့် လူဦးရေအားဖြင့် တတိယမြောက် အကြီးမား အများပြားဆုံး ဖြစ်သည်။ နိုင်ငံအများအပြားမှ လူအများအပြား ရွှေ့ပြောင်းနေထိုင်ကြသဖြင့် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် လူမျိုးစု အများဆုံး ရောထွေးနေထိုင်ပြီး ယဉ်ကျေးမှုအမျိုးအစား အစုံလင်ဆုံး နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်။ အမေရိကန်၏ စီးပွားရေးသည် ကမ္ဘာပေါ်တွင် အကြီးဆုံး စီးပွားရေးဖြစ်ပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) အမေရိကန် ဒေါ်လာ ၁၄.၃ ထရီလီယံ မျှရှိသည်။ (nominal GDP အားဖြင့် တကမ္ဘာလုံး၏ ၂၃ ရာခိုင်နှုန်းဖြစ်ပြီး တကမ္ဘာလုံး ဝယ်ယူသည့်တန်ဖိုး၏ ၂၁ ရာခိုင်နှုန်းဖြစ်သည်။)
အမေရိကန်သည် အတ္တလန္တိတ် သမုဒ္ဒရာ ကမ်းခြေတွင် ရှိသော ဂရိတ်ဗြိတိန်နိုင်ငံ၏ ကိုလိုနီ ၁၃ ခုပူးပေါင်း၍ စတင်တည်ထောင်ခဲ့သည်။ ၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ရက်တွင် လွတ်လပ်ရေး ကြေငြာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ထိုစာတမ်းမှ သူတို့၏ လွတ်လပ်ရေးကို ကြေငြာခဲ့ပြီး ပူးပေါင်းထားသော ပြည်ထောင်စုကို ဖွဲ့စည်းကြောင်း ကြေငြာခဲ့သည်။ ပထမဆုံး အောင်မြင်ခဲ့သော ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေးစစ်ပွဲဖြစ်သော အမေရိကန် တော်လှန်ရေးစစ်အတွင်း ၌ ပုန်ကန်ထကြွသော ပြည်နယ်တို့သည် ဂရိတ်ဗြိတိန်တို့ကို အောင်ပွဲရခဲ့သည်။ ဖက်ဒရယ်ညီလာခံမှ အမေရိကန်ပြည်ထောင်စု၏ ယခုလက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၇၈၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် စတင် ကျင့်သုံးခဲ့သည်။ နောက်နှစ်များတွင် ထပ်မံအတည်ပြုချက်အရ ပြည်နယ်များကို ဗဟိုအစိုးရမှ ချုပ်ကိုင်မှု အားကောင်းသော နိုင်ငံ၏အစိတ်အပိုင်းအဖြစ် သတ်မှတ်သည်။ ပြည်သူတို့၏ အခြေခံ အခွင့်အရေး အများအပြား နှင့် လွတ်လပ်မှု ကို အာမခံချက်ပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၁၀ ချက်ပါဝင်သည်။ အခွင့်အရေးဆိုင်ရာဥပဒေ (The Bill of Rights) ကို ၁၇၉၁ တွင် အတည်ပြုခဲ့သည်။
၁၉ရာစုအတွင်းတွင် အမေရိကန်ပြည်ထောင်စုသည် ပြင်သစ်၊ စပိန် ၊ အင်္ဂလန် ၊ မက္ကဆီကို နှင့် ရုရှားနိုင်ငံတို့မှ နယ်မြေများကို ရယူခဲ့ပြီး တက်ကဆက် နိုင်ငံ နှင့် ဟာဝိုင်အီ နိုင်ငံတို့ကို ပြည်ထောင်စု အတွင်းသို့ ထည့်သွင်းခဲ့သည်။ ပြည်နယ်အခွင့်အရေး နှင့် ပတ်သက်၍ အမေရိကန် တောင်ပိုင်းနှင့် စက်မှုထွန်းကားသော အမေရိကန် မြောက်ပိုင်းတို့ အငြင်းပွားကြခြင်းနှင့် ကျွန်စနစ်ကို ချဲ့ထွင်ခြင်းတို့ကြောင့် ၁၈၆၀ နှစ်များတွင် အမေရိကန် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ မြောက်ပိုင်းမှ အနိုင်ရရှိခဲ့ခြင်းကြောင့် နိုင်ငံ ပြိုကွဲမည့်အရေးကို တားဆီးနိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု တွင် တရားဝင် ကျွန်စနစ်ကို ချုပ်ငြိမ်းစေခဲ့သည်။ စပိန်-အမေရိကန် စစ်ပွဲ နှင့် ပထမကမ္ဘာစစ်တို့မှ အမေရိကန်အား စစ်အင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ် ပြသခဲ့သည်။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်ပြည်ထောင်စုသည် နျူးကလီးယား လက်နက်ပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံအဖြစ် ကုလသမ္မဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ နှင့် နေတိုးကို စတင်တည်ထောင်သည့် နိုင်ငံဖြစ်လာခဲ့သည်။ စစ်အေးတိုက်ပွဲ အပြီးတွင် အမေရိကန်ပြည်ထောင်စု အား တစ်ခုတည်းသော မဟာအင်အားကြီး နိုင်ငံတစ်ခု အဖြစ် ကျန်ရစ်ခဲ့စေသည်။ အမေရိကန်၏ စစ်သုံးစရိတ်သည် တကမ္ဘာလုံးစစ်သုံးစရိတ်၏ ၅၀ ရာခိုင်နှုန်းမျှရှိပြီး ကမ္ဘာပေါ်တွင် စီးပွားရေး၊ နိုင်ငံရေး နှင့် ယဉ်ကျေးမှုအရ ဦးဆောင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။
မာတိကာ |
[ပြင်ဆင်ရန်] အမည်ရင်းမြစ်
အနောက်ကမ္ဘာခြမ်းမှမြေကို ခေါ်ဆိုသော အမေရိကား ဆိုသည့်စကားလုံးမှာ အီတလီလူမျိုး စူးစမ်းရှာဖွေသူ နှင့် မြေပုံဆွဲသူ အမေရိဂို ဗက်စပူချီ ကို အစွဲပြု၍ ၁၅၀၇ ခုနှစ်ကပင် တီထွင် အသုံးပြုခံသည် ဟု ယုံကြည်ယူဆရသည်။ နိုင်ငံ၏အမည်အပြည့်အစုံကို ၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က "အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ်များ" က ထုတ်ပြန်ခဲ့သော လွတ်လပ်ရေးကြေငြာစာတမ်းတွင် ပထမဆုံးအကြိမ် အသုံးပြုခဲ့ပြီး "အမေရိကန် ပြည်ထောင်စု ၁၃ ခုမှ တစ်ညီတစ်ညွတ်တည်း ထုတ်ပြန်ကြေငြာချက်" ဟု ဖော်ပြခဲ့သည်။
[ပြင်ဆင်ရန်] ပထဝီဝင်၊ ရာသီဥတု နှင့် ပတ်ဝန်းကျင်
အမေရိကန်ပြည်ထောင်စု၏ တဆက်တည်းဖြစ်နေသော ကုန်းမြေဧရိယာသည် ၁.၉ ဘီလီယံ ဧက (ဟက်တာ သန်းပေါင်း ၇၇၀) ခန့်မျှ ရှိသည်။ တဆက်တည်း တည်ရှိနေသော အမေရိကန်ပြည်ထောင်စုမှ ကနေဒါနိုင်ငံ ခြားနားနေသော အလက်စကာပြည်နယ် မှာ ဧကပေါင်း ၃၆၅ သန်း (ဟက်တာ သန်းပေါင်း ၁၅၀) ရှိပြီး အကြီးဆုံးပြည်နယ် ဖြစ်သည်။ ပစိဖိတ် အလယ်ပိုင်းရှိ ကျွန်းစုများတွင် တည်ရှိသော ဟာဝိုင်ယီပြည်နယ် မှာ ဧကပေါင်း ၄သန်း (ဟက်တာ ၁.၆သန်း) မျှ သာ ရှိသည်။ [၁] အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် စုစုပေါင်း ဧရိယာ (မြေနှင့်ရေ နှစ်ခုပေါင်း) တတိယမြောက် သို့ စတုတ္ထမြောက် အကြီးဆုံးဖြစ်ပြီး ရုရှားနိုင်ငံ နှင့် ကနေဒါ နိုင်ငံတို့၏ နောက်မှ လိုက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် မတိမ်းမယိမ်း ရှိသည်။ ထိုသို့ အဆင့် အတိအကျ သတ်မှတ် နိုင်ခြင်း မရှိရခြင်းမှာ တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့၏ အငြင်းပွားနေဆဲ ဖြစ်သော နယ်မြေများကို ထည့်သွင်း ရေတွက်ခြင်း ရှိမရှိ နှင့် သက်ဆိုင်ပြီး အမေရိကန်ပြည်ထောင်စု၏ အရွယ်အစားကို မည်သို့ တွက်ချက်သည်နှင့်လည်း သက်ဆိုင်သည်။ စီအိုင်အေ ကမ္ဘာ့အချက်အလက်စာအုပ် (World Factbook) အရ စုစုပေါင်း အရွယ်အစားကို ၃,၇၉၄,၁၀၁ စတုရန်းမိုင် (၉,၈၂၆,၆၇၅ စတုရန်းကီလိုမီတာ) ဟု ဖော်ပြထားပြီး [၂] ကုလသမဂ္ဂ စာရင်းအင်းမှ ၃,၇၁၇,၈၁၃ စတုရန်းမိုင် ( ၉,၆၂၉,၀၉၁ စတုရန်းကီလိုမီတာ) ဟု ဖော်ပြကာ [၃] ဘရစ်တန်နီကာ စွယ်စုံကျမ်းမှ ၃,၆၇၆,၄၈၆ စတုရန်းမိုင် ( ၉,၅၂၂,၀၅၅ စတုရန်းကီလိုမီတာ) ဟု ဖော်ပြထားသည်။[၄] ကုန်းမြေ ဧရိယာကိုသာလျှင် တွက်မည် ဆိုပါက အမေရိကန်ပြည်ထောင်စုသည် ရုရှား နှင့် တရုတ်တို့၏ နောက် တတိယနေရာတွင် ရှိပြီး ကနေဒါနိုင်ငံ ထက် အနည်းငယ်မျှ သာလွန်သည်။[၅]
အတ္တလန္တိတ်ကမ်းရိုးတန်းမှ စတင်လာသော ကမ်းရိုးတန်းလွင်ပြင်သည် ကုန်းတွင်းပိုင်းရှိ ရွက်ကြွေတောများနှင့် ပိုင်မောင့် (Piedmont ) ရှိ တောင်ကုန်းများ ဆီသို့ ဖြန့်ကျက် ဝင်ရောက်သွားသည်။ အပါလေချန် တောင်တန်းများသည် အရှေ့ဘက်ကမ်းရိုးတန်းဒေသ နှင့် အမေရိကန်ပြည်ထောင်စု အနောက်ဘက် အလယ်ပိုင်း ရှိ မြက်ခင်းပြင်များ ၊ ရေကန်ကြီးများတို့အား ပိုင်းခြားပေးထားသည်။ ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အရှည်လျားဆုံး ဖြစ်သည့် မစ္စစ္စပီ-မစ်ဆိုရီမြစ်သည် မြောက်မှတောင်သို့ စီးဆင်း၍ နိုင်ငံ၏ ဗဟိုချက်မသို့ ဦးတည်သွားသည်။ ပြန့်ပြူးပြီး မြေဩဇာကောင်းမွန်သည့် ဂရိတ်ပလိန်း (Great Plains) ဒေသရှိ ပရေရီမြက်ခင်းများသည် အနောက်ဘက်သို့ ဖြန့်ကျက်သွားသည်မှာ အရှေ့တောင်ဘက်ရှိ ကုန်းမြေမြင့်ဒေသ အထိ ပင်ဖြစ်သည်။ ဂရိတ်ပလိန်း၏ အနောက်ဘက် အစွန်ရှိ ရော့ကီး တောင်တန်း သည် နိုင်ငံအတွင်း မြောက်မှတောင်သို့ ကန့်လန့်ဖြတ်တည်ရှိသည်။ ထိုတောင်တန်းများသည် ကော်လိုရာဒိုပြည်နယ်တွင် ပေ ၁၄,၀၀၀ (၄,၃၀၀ မီတာ) အထိ မြင့်သည်။ အနောက်ဘက်သို့ ဆက်သွားလျှင် ကျောက်တောင်ထူထပ်သော ဂရိတ်ဘေစင် (Great Basin) ဒေသ နှင့် မိုဟားဗီး (Mojave) သဲကန္တာရ ကဲ့သို့သော ကန္တာရများ ရှိသည်။ ဆီးရီးယား နီဗားဒါး (Sierra Nevada) နှင့် ကက်စကိတ် တောင်တန်းတို့သည် ပစိဖိတ်ကမ်းရိုးတန်း နှင့် နီးကပ်စွာ သွယ်တန်းနေကြသည်။ အလက်စကာပြည်နယ် တွင် ရှိသော မောင့်မက်ကင်လေ မှာ ၂၀၃၂၀ ပေ (၆၁၉၄ မီတာ) မြင့်ပြီး နိုင်ငံ အတွင်း နှင့် မြောက်အမေရိကတွင် အမြင့်ဆုံးတောင်ဖြစ်သည်။ ရှင်သန်နေဆဲ မီးတောင်များမှာ အလက်စကာရှိ အလက်ဇန္ဒားကျွန်းများ နှင့် အာလူးရှန်(Aleutian) ကျွန်းများ တို့တွင် အများအပြား တွေ့ရပြီး ဟာဝိုင်ယီကျွန်းများတွင် မီးတောင်ကျွန်းများ ပါဝင်သည်။ ရော့ကီးတောင်တန်းများတွင် ပါဝင်ပြီး ရဲလိုးစတုန်း အမျိုးသားဥယျာဉ်၏ အောက်တွင် ရှိနေသော စူပါမီးတောင် (supervolcano) သည် မြောက်အမေရိကတိုက်တွင် အကြီးဆုံးမီးတောင် ဖြစ်သည်။[၆]
အရွယ်အစားအားဖြင့် ကြီးမားပြီး ပထဝီ အနေအထားမျိုးစုံရှိသော အမေရိကန်ပြည်ထောင်စုတွင် ရာသီဥတု အမျိုးအစား အများစုကို တွေ့ရသည်။ မယ်ရီဒီယမ် ၁၀၀ ဒီဂရီ လောင်ဂျီကျုမျဉ်း၏ အရှေ့ဘက်တွင် မြောက်ဘက်ပိုင်းရှိ စိုထိုင်းသော ကွန်တီနန်တယ် ရာသီဥတုမှစ၍ တောင်ဘက်ပိုင်းရှိ စိုထိုင်းသော မုတ်သုံတစ်ပိုင်း ရာသီဥတု အထိ တွေ့ရသည်။ ဖလော်ရီဒါပြည်နယ်၏ တောင်ဘက် အစွန်အဖျား နှင့် ဟာဝိုင်ယီတို့မှာ မုတ်သုံရာသီဥတု ဖြစ်သည်။ မယ်ရီဒီယမ် ၁၀၀ ဒီဂရီမျဉ်း၏ အနောက်ဘက်ရှိ ဂရိတ်ပလိန်း လွင်ပြင်ကျယ်များမှာ တစိတ်တပိုင်း မိုးခေါင်ခြောက်သွေ့သော ရာသီဥတုမျိုး ရှိသည်။ အနောက်ဘက်ရှိ တောင်ကုန်းများမှာ ကုန်းမြင့် ရာသီဥတု ရှိသည်။ ဂရိတ်ဘေဆင် ဒေသနှင့် အနောက်တောင်ဘက်ရှိ ကန္တာရဒေသများမှာ မိုးခေါင်ခြောက်သွေ့သည်။ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းဒေသတွင် မြေထဲပင်လယ် ရာသီဥတုရှိပြီး အော်ရီဂွန် ကမ်းရိုးတန်း ဒေသ၊ ဝါရှင်တန်ပြည်နယ် နှင့် အလက်စကာတောင်ဘက်ပိုင်းတို့တွင် သမုဒ္ဒရာ ရာသီဥတု ရှိသည်။ အလက်စကာ၏ ဒေသ အတော်များများမှာ အန္တာတိကဆန်သော ရာသီဥတု နှင့် ဝင်ရိုးစွန်း ရာသီဥတုများ ရှိကြသည်။ ပြင်းထန်သော ရာသီဥတုမှာ အထူးအဆန်း မဟုတ်ပေ။ မက္ကဆီကို ပင်လယ်ကွေ့နှင့် ထိစပ်နေသော ပြည်နည်များတွင် ဟာရီကိန်းမုန်တိုင်း မကြာခဏ တိုက်ခတ်လေ့ ရှိပြီး ကမ္ဘာပေါ်ရှိ လေဆင်နှာမောင်း အတော်များများမှာ ဤနိုင်ငံတွင် ဖြစ်ပွားလေ့ ရှိသည်။ အထူးသဖြင့် အနောက်ဘက် အလယ်ပိုင်းရှိ လေဆင်နှာမောင်း တောင်ကြား (Tornado Alley) ဟုခေါ်သော ဒေသတွင် ဖြစ်သည်။[၇]
အမေရိကန်ပြည်ထောင်စု၏ ဂေဟစနစ်သည် အလွန်အမင်းကျယ်ပြော (megadiverse) သည်။ တဆက်တည်းဖြစ်နေသော အမေရိကန်ပြည်ထောင်စု နှင့် အလက်စကာပြည်နယ်တို့တွင် ရေသောက်မြစ်ရှိသော အပင် (vascular plants) မျိုးကွဲပေါင်း ၁၇,၀၀၀ ခန့် ရှိသည်။ ဟာဝိုင်အီ ကျွန်းများတွင် ပန်းပွင့်သော အပင် (flowering plant) မျိုးကွဲပေါင်း ၁၈၀၀ ကျော် ရှိပြီး ၄င်းတို့ထဲမှ အနည်းငယ်ကိုသာ ကုန်းမကြီးပေါ်တွင် တွေ့ရသည်။[၈] အမေရိကန် ပြည်ထောင်စုသည် နို့တိုက်သတ္တဝါ မျိုးကွဲပေါင်း ၄၀၀ ကျော်၊ ငှက်မျိုးကွဲပေါင်း ၇၅၀ ကျော်၊ တွားသွားသတ္တဝါ နှင့် ကုန်းနေရေနေ သတ္တဝါ မျိုးကွဲပေါင်း ၅၀၀ ကျော် တို့ နေထိုင်ရာ ဒေသဖြစ်သည်။[၉] အင်းဆက် မျိုးကွဲပေါင်း ၉၁,၀၀၀ ကျော်ကို အမျိုးအစားခွဲခြား တွေ့ရှိပြီး ဖြစ်သည်။[၁၀] ၁၉၇၃ ခုနှစ် မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် သတ္တဝါများ ဥပဒေဖြင့် မျိုးသုဉ်းပျောက်ကွယ်မည်ကို စိုးရိမ်ရသည့် သတ္တဝါတို့နှင့် ၄င်းတို့နေထိုင်ကျက်စားရာ နေရာများကို ထိန်းသိမ်းစောင့်ရှောက်ထားပြီး အမေရိကန်ပြည်ထောင်စု ငါး နှင့် တောရိုင်းတိရိစ္ဆာန်ဌာန က စောင့်ကြပ်ကြည့်ရှုလျှက် ရှိသည်။ အမေရိကန် ပြည်ထောင်စုတွင် အမျိုးသားဥယျာဉ် ၅၈ ခုနှင့် ဖက်ဒရယ် အစိုးရမှ စီမံခန့်ခွဲသော အခြားဥယျာဉ်များ၊ သစ်တောများ၊ လူအရောက်ပေါက်နည်းသော နေရာများ ရာပေါင်းများစွာ ရှိသည်။ [၁၁] အားလုံးပေါင်းမည်ဆိုလျှင် အစိုးရသည် နိုင်ငံ မြေဧရိယာ၏ ၂၈.၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။[၁၂] ထိုနေရာ အများစုမှာ ကာကွယ် ထိန်းသိမ်းထားပြီး အချို့ကိုမူ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရန်၊ သတ္တုတူးဖော်ရန်၊ သစ်ထုတ်လုပ်ရန် နှင့် ကျွဲနွားတိရိစ္ဆာန်များ မွေးမြူရန် အငှားချထားသည်။ ၂.၄ ရာခိုင်နှုန်းမှာ စစ်ရေးအတွက် အသုံးပြုသည်။[၁၂]
[ပြင်ဆင်ရန်] သမိုင်း
[ပြင်ဆင်ရန်] မူလ အမေရိကန်များနှင့် ဥရောပအခြေချ နေထိုင်သူများ
အမေရိကန်ပြည်ထောင်စု ကုန်းမကြီး ပေါ်နှင့် အလက်စကာတွင် ရှေးဦးအစက နေထိုင်ကြသူများမှာ အာရှမှ လွန်ခဲ့သော နှစ်ပေါင်း ၁၂,၀၀၀ နှင့် ၄၀,၀၀၀ ကြားတွင် ပြောင်းရွှေ့လာသူများဟု ယုံကြည်ကြသည်။ [၁၃] ကိုလံဘီယံခေတ် မတိုင်မီ မစ္စစ္စပီယန် ယဉ်ကျေးမှု ထွန်းကားချိန်တွင် အဆင့်မြင့် စိုက်ပျိုးမွေးမြူရေး၊ ခမ်းနားသော ဗိသုကာပညာများ နှင့် နိုင်ငံ အဆင့်ရှိသော လူ့အဖွဲ့အစည်းများ ပေါ်ပေါက်ခဲ့သည်။ ဥရောပသားတို့ အမေရိကန်တွင် စတင်ပြောင်းရွှေ့နေထိုင်ကြချိန်တွင် နဂိုမူလနေထိုင်ကြသော အမေရိကန် သန်းပေါင်းများစွာတို့မှာ ဥရောပသားတို့နှင့် ပါလာသော ကျောက်ကြီးရောဂါ စသည့် ရောဂါများကြောင့် သေဆုံးခဲ့ရသည်။[၁၄]
၁၄၉၂ တွင် စပိန် ဘုရင်၏ လက်အောက်ခံ ဂျီနိုအာမြို့သား စူးစမ်းရှာဖွေသူ ခရစ်စတိုဖာ ကိုလံဘတ် သည် ကာရစ်ဘီယံ ကျွန်းအချို့သို့ ရောက်ရှိခဲ့ပြီး နဂိုမူလ နေထိုင်သူတို့နှင့် ပထမဆုံး အဆက်အဆံ ပြုခဲ့သည်။ ၁၅၁၃ ဧပြီလ ၂ ရက်တွင် အောင်နိုင်သူ ဂျွန် ပေါင့်စ် ဒီ လီယွန် (Juan Ponce de León) လာဖလော်ရီဒါ ဟု သူ အမည်ပေးခဲ့သော နေရာသို့ ရောက်ရှိခဲ့ခြင်းသည် အမေရိကန် ကုန်းမကြီးပေါ်သို့ ဥရောပသားတို့ ပထမဆုံး ရောက်ရှိခြင်း အဖြစ် မှတ်တမ်းတင်ထားသည်။ ထို့နောက် စပိန်လူမျိုးတို့ သည် အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းဒေသတွင် အခြေချ နေထိုင်ခဲ့ကြပြီး ထောင်ပေါင်များစွာတို့မှာ မက္ကဆီကိုမှ တဆင့် ပြောင်းရွှေ့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ပြင်သစ် သားမွေးကုန်သည်တို့သည် ကန်ကြီးများ၏ အနီးတွင် နယူးဖရန့် နယ်မြေ အဖြစ် သတ်မှတ်ကြသည်။ နောက်ပိုင်းတွင် ပြင်သစ်တို့သည် မက္ကဆီကို ပင်လယ်ကွေ့ အထိတိုင်အောင် အမေရိကန်မြောက်ပိုင်း၏ အတွင်းပိုင်း ဒေသ အတော်များများကို သူတို့ပိုင် နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြသည်။ အင်္ဂလိပ်တို့၏ ပထမဦးဆုံး အောင်မြင်စွာ အခြေချ နေထိုင်ချင်းမှာ ၁၆၀၇ ခုနှစ် ဂျိမ်းစ်တောင်းတွင် ဗာဂျီးနီးယား ကိုလိုနီ ထူထောင်ခြင်းနှင့် ၁၆၂၀ ခုနှစ်တွင် ဘုရားဖူးတို့၏ ပလိုင်းမောက် ကိုလိုနီ (Pilgrims' Plymouth Colony) ကို ထူထောင်ခြင်းတို့ပင် ဖြစ်သည်။ ၁၆၂၈ ခုနှစ်တွင် မက်ဆာချူးဆက် ပင်လယ်အော် ကိုလိုနီကို အငှားချခဲ့ခြင်းကြောင့် ရွှေ့ပြောင်းနေထိုင်သူ အများအပြား ရောက်ရှိခဲ့သည်။ ၁၆၃၄ ခုနှစ်တွင် နယူးအင်္ဂလန်တွင် ပြူရီတန် ၁၀,၀၀၀ ကျော်တို့ အခြေချ နေထိုင်ခဲ့ကြသည်။ ၁၆၁၀ခုနှစ်များ နှောင်းပိုင်းနှင့် အမေရိကန်တော်လှန်ရေးတို့ အကြားတွင် ရာဇဝတ်သား ၅၀,၀၀၀ ခန့်ကို ဗြိတိသျှတို့၏ အမေရိကန် ကိုလိုနီနယ်မြေများသို့ သင်္ဘောဖြင့် တင်ပို့ခဲ့ကြသည်။ [၁၅] ၁၆၁၄ခုနှစ် အစတွင် ဒတ်ချ်တို့သည် ဟတ်ဒ်ဆန်မြစ်၏ အောက်ပိုင်းတလျှောက်တွင် အခြေချနေထိုင်ခဲ့ကြပြီး နယူးအမ်စတာဒမ် နှင့် မက်ဟက်တန်ကျွန်းတို့လည်း အပါအဝင်ဖြစ်သည်။
၁၆၇၄ ခုနှစ်တွင် ဒတ်ချ်တို့သည် သူတို့၏ အမေရိကန်နယ်မြေများကို အင်္ဂလန်သို့ လွှဲပြောင်းပေးခဲ့ကြပြီးနောက် နယူးနယ်သာလန် ဒေသကို နယူးယောက်ဟု ပြောင်းလဲအမည်ပေးခဲ့ကြသည်။ အသစ်ရွှေ့ပြောင်းလာကြသူ အထူးသဖြင့် အမေရိကန် တောင်ပိုင်းသို့ ပြောင်းရွှေ့လာသူ အတော်များများမှာ အတွေ့အကြုံမရှိသေးသော ငယ်ရွယ်သည့် အလုပ်သမားများဖြစ်ကြပြီး သူတို့သည် ၁၆၃၀ မှ ၁၆၈၀ အတွင်း ဗာဂျီးနီးယားပြည်နယ်သို့ ရွှေ့ပြောင်းလာသူများ၏ ၃ ပုံ ၂ ပုံမျှ ဖြစ်သည်။ [၁၆] ၁၈ ရာစု အတွင်းသို့ ရောက်သောအခါတွင် အာဖရိကမှ ရောက်ရှိလာသော ကျွန်များမှာ အလုပ်ကြမ်းများအတွက် အဓိက အရင်းအမြစ် ဖြစ်လာကြသည်။ ၁၇၂၉ ခုနှစ် ကာရိုလိုင်းနား နှစ်ပိုင်းကွဲခြင်းနှင့် ၁၇၃၂ ခုနှစ် ဂျော်ဂျီယာ ပြည်နယ်ကို ကိုလိုနီအဖြစ် ပြုလုပ်ခြင်းတို့ကြောင့် အမေရိကန် ပြည်ထောင်စု ဖြစ်လာမည့် ဗြိတိသျှ၏ ကိုလိုနီ ၁၃ ခုကို ထူထောင်ခဲ့ပြီး ဖြစ်သည်။ ပြည်နယ်တိုင်းတွင် ဒေသဆိုင်ရာ အစိုးရ ရှိပြီး ရွေးကောက်ပွဲတွင် မည်သူမဆို ပါဝင်ယှဉ်ပြိုင် မဲပေးနိုင်ကြသည်။ ရှေးခေတ်က အင်္ဂလိပ်လူမျိုးတို့၏ ရပိုင်ခွင့် အခွင့်အရေး စသည့် လမ်းစဉ်တို့ကို လိုက်နာမှု တိုးပွား လာကြခြင်း နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး နှင့် ပတ်သက်သည့် စိတ်ဓာတ်များကြောင့် ရီပတ်ဘလစ်ကင် သဘောတရားကို ထောက်ခံလာကြခြင်းတို့ပင် ဖြစ်သည်။ ပြည်နယ်တိုင်းတွင် အာဖရိက ကျွန်များ ရောင်းဝယ်ဖောက်ကားမှု ကို တရားဝင်ဖြစ်အောင် ပြုခဲ့ကြသည်။ မွေးဖွားနှုန်း များပြားလာခြင်း၊ သေဆုံးမှုနှုန်း နည်းပါးလာခြင်းနှင့် ပြောင်းရွှေ့ဝင်ရောက်သူတို့ ပုံမှန် ရှိနေခြင်းတို့ကြောင့် ကိုလိုနီများရှိ လူဦးရေမှာ အလျင်အမြန်ပင် တိုးပွားလာခဲ့သည်။ ခရစ်ယာန် ရီဗိုက်တယ်လစ်ဇ် တို့၏ ၁၇၃၀ ခုနှစ်များ နှင့် ၁၇၄၀ ခုနှစ်များ အကြား လှုပ်ရှားမှု တို့နှင့် ပထမဆုံး မဟာ နိုးကြားမှု (Great Awakening) အပြီးတွင် ဘာသာရေးနှင့် ဘာသာရေး လွတ်လပ်မှု တို့ကို စိတ်ဝင်စားမှု တိုးပွားလာခဲ့ကြသည်။ ပြင်သစ် နှင့် အင်ဒီးယန်း တို့၏ စစ်ပွဲအပြီးတွင် ဗြိတိသျှတပ်တို့သည် ကနေဒါကို ပြင်သစ်တို့ထံမှ သိမ်းယူခဲ့သော်လည်း ဖရန်ကိုဖုန်း လူမျိုးတို့သည် တောင်ဘက် ကိုလိုနီများနှင့် မတူပဲ နိုင်ငံရေးအရ တသီးတခြား ဖြစ်နေခဲ့ကြသည်။ ပြောင်းရွှေ့ခံရသော နဂိုမူလ အမေရိကန်များ (အများသိကြသည်မှာ "အမေရိကန် အင်ဒီးယန်းများ") မပါဘဲ ကိုလိုနီ ၁၃ ခုတို့၏ လူဦးရေမှာ ၁၇၇၀တွင် ၂.၆ သန်းအထိ ရှိလာခဲ့သည်။ ထိုလူဦးရေထဲမှာ ၃ ပုံ ၁ပုံမှာ ဗြိတိန်မှ ဖြစ်ပြီး အမေရိကန် ငါးယောက်လျှင် တစ်ယောက်မှာ လူမည်းကျွန်များ ဖြစ်ကြသည်။[၁၇] ဗြိတိသျှ တို့၏ အခွန်ကောက်ခံမှုမှ ကင်းလွတ်ခွင့် ရသော်လည်း အမေရိကန် ကိုလိုနီတို့သည် ဂရိတ်ဗြိတိန်၏ ပါလီမန်တွင် ကိုယ်စားပြုခွင့် မရပေ။
[ပြင်ဆင်ရန်] လွတ်လပ်ရေး နှင့် နယ်မြေချဲ့ထွင်ခြင်း
၁၇၆၀ ခုနှစ်များ မှ ၁၇၇၀ခုနှစ်များ အစောပိုင်းအတွင်း အမေရိကန် ကိုလိုနီများနှင့် ဗြိတိသျှတို့အကြား တင်းမာမှုမှ တဆင့် ၁၇၇၅ မှ ၁၇၈၁ ခုနှစ် အထိကြာသော အမေရိကန် လွတ်လပ်ရေး စစ်ပွဲကို ပေါ်ပေါက်လာစေခဲ့သည်။ ၁၇၇၅ ခုနှစ် ဇွန်လ ၁၄ ရက်တွင် ဖီလာဒဲလ်ဖီးယားတွင် ကျင်းပသော ကွန်တီနန်တယ် ကွန်ဂရက်မှ ဂျော့ချ် ဝါရှင်တန်၏ အုပ်ချုပ်မှု အောက်တွင် ကွန်တီနန်တယ် စစ်တပ်ကို ဖွဲ့စည်းခဲ့သည်။ "လူအားလုံးကို အညီအမျှ ဖန်ဆင်းခဲ့သည်။" ဟု ကြွေးကြော်ခဲ့ကြပြီး မည်သူ့မဆို ရသင့်ရထိုက်သော အခွင့်အရေးများ ရှိသည်ဟု ဆိုကာ ကွန်ဂရက်သည် လွတ်လပ်ရေး ကြေငြာစာတမ်းကို ၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်တွင် အတည်ပြုခဲ့သည်။ ထိုမူကြမ်း၏ အများစုကို ရေးသားသူမှာ သောမတ်စ် ဂျက်ဖာဆင် ဖြစ်သည်။ ထိုနေ့ကို နှစ်စဉ်နှစ်တိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးနေ့ အဖြစ် ကျင်းပလျှက် ရှိသည်။ ၁၇၇၇ တွင် ကွန်ဖက်ဒရေးရှင်း အတွက် မူများကို ချမှတ်ခဲ့ပြီး အားနည်းသော ကွန်ဖက်ဒရယ် အစိုးရဖြင့် ၁၇၈၉ ခုနှစ် အထိ အုပ်ချုပ်ခဲ့ကြသည်။
ဗြိတိသျှတို့သည့် ပြင်သစ်နှင့် စပိန်တို့၏ အကူအညီ ရယူထားသော အမေရိကန်တပ်များကို ရှုံးနိမ့်ပြီးသည့် အခါတွင် ဂရိတ်ဗြိတိန်သည် အမေရိကန်တို့၏ လွတ်လပ်ရေး နှင့် မစ္စစ္စပီမြစ်၏ အနောက်ဘက်ခြမ်းရှိ နယ်မြေများ အပေါ်တွင် အမေရိကန်ပြည်ထောင်စု၏၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု ကို အသိအမှတ် ပြုခဲ့ရသည်။ အခွန်ကောက်ခံနိုင်သည့် အာဏာပါဝင်သည့် ခိုင်မာသော အမျိုးသား အစိုးရ ဖွဲ့စည်းရန် အလိုရှိသည့် သူတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ညီလာခံကို ၁၇၈၇ တွင် ကျင်းပခဲ့သည်။ ၁၇၈၈ တွင် အမေရိကန် ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု နိုင်ခဲ့သည်။ သမ္မတနိုင်ငံ အသစ်၏ ဆီးနိတ်လွှတ်တော်၊ အောက်လွှတ်တော်တို့ကို ဖွဲ့စည်းခဲ့ပြီး ၁၇၈၉ ခုနှစ်တွင် ဂျော့ချ် ဝါရှင်တန်က သမ္မတရာထူးကို ရယူခဲ့သည်။ ဖက်ဒရယ် အစိုးရမှ လူတစ်ဦးတစ်ယောက်ချင်းစီ၏ အခွင့်အရေးအား ကန့်သတ်ချုပ်ချယ်မှု ကို တားမြစ်ထားပြီး နှင့် ဥပဒေအရ နည်းလမ်းအမျိုးမျိုးဖြင့် အကာအကွယ် ပေးရန် အာမခံချက်ပေးထားသည့် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ (The Bill of Rights) ကို ၁၇၉၁ ခုနှစ်တွင် ပြဌာန်းခဲ့သည်။
ကျွန်စနစ်နှင့် ပတ်သက်သော အတွေးအခေါ်များမှာ ပြောင်းလဲလာကြသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်ပါသော စာပိုဒ်တစ်ပိုဒ် အရ အာဖရိက ကျွန် ရောင်းဝယ်ရေးကို ၁၈၀၈ ခုနှစ် အထိသာ အကာအကွယ် ပေးထားသည်။ မြောက်ဘက်ပိုင်းရှိ ပြည်နယ်များက ကျွန်စနစ်ကို ၁၇၈၀ မှ ၁၈၀၄ ခုနှစ်အတွင်း ပယ်ဖျက်ခဲ့ကြသည်။ ထို့အတွက် တောင်ပိုင်းရှိ ကျွန်စနစ် ကျင့်သုံးနေသေးသော ပြည်နယ်များကို "ထူးခြားသော အဖွဲ့အစည်းများ" အဖြစ် ကြွင်းကျန်ရစ်ခဲ့စေသည်။ ၁၈၀၀ ခုနှစ်လောက်တွင် စတင်သော ဒုတိယ မဟာနိုးကြားမှု (Second Great Awakening) အရ အီဗန်ဂျယ်လစ်ကယ်လစ်ဇင် (evangelicalism) သည် ကိုယ်ဝန်ဖျက်ချမှု အပါအဝင် အမျိုးမျိုးသော လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု တို့၏ နောက်ကွယ်မှ အားတစ်ခု ဖြစ်လာခဲ့သည်။
အမေရိကန်တို့ အနေနှင့် အနောက်ဘက်သို့ နယ်မြေချဲ့ထွင်ရန် စိတ်အားထက်သန်ခြင်းကြောင့် အင်ဒီးယန်းစစ်ပွဲများ အချိန်ကာလ ရှည်လျားစွာ ဖြစ်ပွားခဲ့သည်။ ၁၈၀၃ခုနှစ် သမ္မတ သောမတ်စ် ဂျက်ဖာဆန်၏ လက်ထက်တွင် လူဝီစီးယားနားမှ ပြင်သစ်တို့ ပိုင်ဆိုင်သည့် နယ်မြေကို ဝယ်ယူခဲ့ခြင်းကြောင့် နိုင်ငံ၏ အရွယ်အစားမှာ နှစ်ဆ ဖြစ်လာခဲ့သည်။[၁၈] အမျိုးမျိုးသော မကျေနပ်မှုကြောင့် ဗြိတိန်တို့ အပေါ် ကြေငြာတိုက်ခိုက်ခဲ့သော ၁၈၁၂ စစ်ပွဲတွင် မည်သူမျှ အနိုင်မရရှိခဲ့သော်လည်း အမေရိကန်တို့၏ အမျိုးသားစိတ်ဓာတ်ကို ခိုင်မာလာစေခဲ့သည်။ အမေရိကန် စစ်တပ်တို့က ဖလော်ရီဒါသို့ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ခြင်းကြောင့် စပိန်တို့အနေနှင့် ဖလော်ရီဒါနှင့် အခြား ပင်လယ်ကွေ့ ကမ်းရိုးတန်း နယ်မြေများကို ၁၈၁၉ ခုနှစ်တွင် လက်လွှတ်ခဲ့သည်။ နဂို နေထိုင်သော အင်ဒီးယန်းတို့ကို ဖယ်ရှားသည့် "မျက်ရည်များ၏ ခြေရာ" (Trail of Tears) ဟု ညွှန်းဆို ခေါ်ဝေါ်ကြသည့် အဖြစ်အပျက်တွင် ၁၈၃၀ ခုနှစ်တွင် အင်ဒီးယန်း ဖယ်ရှားရေး ပေါ်လစီကို အကောင်အထည်ဖော်ခဲ့ကြပြီး မူလ နေထိုင်သူတို့၏ မြေများကို သိမ်းယူခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် ၁၈၄၅ ခုနှစ်တွင် တက်ကဆပ် သမ္မတနိုင်ငံကို ထည့်သွင်းခဲ့သည်။ အမေရိကန်တို့သည် မြောက်အမေရိကတိုက်ပေါ်တွင် နယ်မြေချဲ့ထွင်ရန် အတွက် ဖြစ်သည်ဟု ယုံကြည်သည့် အယူအဆ (Manifest Destiny) မှာ ထိုအချိန်တွင် လူကြိုက်များ ထင်ရှားခဲ့သည်။ [၁၉] ၁၈၄၆ခုနှစ် ဗြိတိသျှ တို့နှင့် ချုပ်ဆိုသော အော်ရီဂွန် စာချုပ်အရ အမေရိကန်တို့သည် ယနေ့ခေတ် အမေရိကန် အနောက်မြောက်ပိုင်း ဒေသကို ထိန်းချုပ်ခွင့် ရခဲ့သည်။ မက္ကဆီကန်-အမေရိကန် စစ်ပွဲတွင် အမေရိကန်တို့ အနိုင်ရခဲ့ခြင်းကြောင့် ၁၈၄၈ ခုနှစ်တွင် မက္ကဆီကန်တို့ ကယ်လီဖိုးနီးယားပြည်နယ် နှင့် ယနေ့ခေတ် အနောက်တောင်ပိုင်း အမေရိကန်ဒေသတို့ကို လက်လွတ် ဆုံးရှုံးခဲ့ရသည်။ ၁၈၄၈-၄၉ ခုနှစ် ကယ်လီဖိုးနီးယားတွင် ရွှေ အလုအယက် တူးဖော်ကြခြင်း (California Gold Rush) ကြောင့် အနောက်ဘက်သို့ ရွှေ့ပြောင်းမှုများ ပိုမို ဖြစ်ပေါ်လာခဲ့သည်။ ရထားလမ်း အသစ်များ ဖောက်လုပ်ခြင်းကြောင့် ပြောင်းရွှေ့လိုသူတို့ အတွက် ရွှေ့ပြောင်းမှု ကို လွယ်ကူသွားစေပြီး နဂိုမူလ အမေရိကန် နေထိုင်သူတို့နှင့် ပဋိပက္ခများ ပိုမို ဖြစ်ပွားခဲ့သည်။ ရာစုနှစ် တဝက်အတွင်းတွင် အမေရိကန် ဘိုင်ဆန် သို့ ကျွဲ အကောင်ရေ သန်း၄၀ ကျော်ကို အရေခွံရရန်၊ အစားစားရန်နှင့် ရထားလမ်းဖောက်လုပ်ရာတွင် လွယ်ကူရန် သတ်ဖြတ်ခဲ့ကြသည်။ ထိုကျွဲများသည် နဂိုမူလ နေထိုင်သူ အင်ဒီးယန်းတို့၏ အဓိက ရင်းမြစ်ဖြစ်သောကြောင့် ကျွဲများ ဆုံးရှုံးခြင်းသည် မူလနေထိုင်သူတို့၏ ယဉ်ကျေးမှု ကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။
[ပြင်ဆင်ရန်] ပြည်တွင်းစစ်နှင့် စက်မှုထွန်းကားလာခြင်း
ကျွန်စနစ် ကျင့်သုံးသော ပြည်နယ်များ နှင့် ကျွန်စနစ် မရှိသော ပြည်နယ်များ အကြား တင်းမာမှုသည် ပြည်နယ် နှင့် ဖက်ဒရယ် အစိုးရ အကြား ဆက်ဆံရေး နှင့် ပတ်သက်သည့် ငြင်းခုံမှုဖြင့် ကြီးထွားလာခဲ့သည်။ ထို့အပြင် ပြည်နယ် အသစ်များ အကြားတွင် ကျွန်စနစ် ပျံ့နှံ့မှုနှင့် ပတ်သက်၍ သွေးထွက်သံယို ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ၁၈၆၀ ခုနှစ်တွင် ကျွန်စနစ်ကို ဆန့်ကျင်သူ အများအပြား ပါဝင်သော ရီပတ်ဘလစ်ကင် ပါတီမှ အေဘရာဟမ် လင်ကွန်း သမ္မတ အဖြစ် အရွေးချယ် ခံခဲ့ရသည်။ သူသည် သမ္မတ အဖြစ် တာဝန် မထမ်းဆောင်မီတွင် ကျွန်စနစ် ကျင့်သုံးသော ပြည်နယ် ၇ ခုက ခွဲထွက်ရန် ကြေငြာခဲ့ပြီး အမေရိကား ၏ ကွန်ဖက်ဒရိတ် ပြည်နယ်များ အဖြစ် ထူထောင်ခဲ့သည်။ ဖက်ဒရယ် အစိုးရက ထိုကြေငြာချက်ကို တရားမဝင်ကြောင်း သတ်မှတ်ခဲ့သည်။ ကွန်ဖက်ဒရိတ် ပြည်နယ်များက ဆမ်တာခံတပ်ကို တိုက်ခိုက်ရာမှ အမေရိကန် ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ပြီး အခြား ကျွန်စနစ် ကျင့်သုံးသော ပြည်နယ် ၄ခုက ကွန်ဖက်ဒရိတ် ပြည်နယ်များနှင့် ပူးပေါင်းခဲ့သည်။ လင်ကွန်း၏ ၁၈၆၃ ခုနှစ် ကြေငြာချက်မှ ကွန်ဖက်ဒရိတ် ပြည်နယ်များ အတွင်း ရှိနေသော ကျွန်များကို လွတ်မြောက်ကြောင်း ကြေငြာခဲ့သည်။ ယူနီယံ တပ်တို့မှ ၁၈၆၅ ခုနှစ် အောင်ပွဲရအပြီးတွင် အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်ချက် ၃ ခုကို ထည့်သွင်းခဲ့ပြီး ထိုပြင်ဆင်ချက်မှ ကျွန်ဖြစ်နေသော ၄ သန်းနီးပါးမျှ ရှိသည့် အာဖရိက-အမေရိကန်တို့ကို လွတ်လပ်သူများ အဖြစ် ကြေငြာခဲ့ပြီး[၂၀] သူတို့အား နိုင်ငံသားများ အဖြစ် သတ်မှတ်ခဲ့ကာ မဲပေးနိုင်သော အခွင့်အရေးကို ပေးအပ်ခဲ့သည်။ စစ်ပွဲနှင့် စစ်ပွဲ၏ ဆုံးဖြတ်ချက်မှ ဖက်ဒရယ် အစိုးရ၏ အာဏာကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။[၂၁] ထိုစစ်ပွဲသည် အမေရိကန် သမိုင်းတွင် အသေအပျောက် အများဆုံး ပဋိပက္ခ တစ်ခုဖြစ်ပြီး စစ်သား ၆၂၀,၀၀၀ ခန့် သေဆုံးခဲ့ရသည်။[၂၂]
စစ်ပွဲအပြီးတွင် လင်ကွန်း လုပ်ကြံခံခဲ့ရပြီးသည့်နောက် တောင်ဘက် ပြည်နယ်များကို ပြန်လည် ထည့်သွင်းဖွဲ့စည်းရေး နှင့် ပြန်လည်တည်ဆောက်ရေး အတွက် ရည်ရွယ်ချက်ထားပြီး လတ်တလော လွတ်မြောက်လာကြသော ကျွန်တို့၏ အခွင့်အရေးကို အဓိကထားသည့် ရီပတ်ဘလစ်ကင်တို့၏ ပြန်လည်တည်ဆောက်ရေး ပေါ်လစီတွင် အစွန်းရောက် သမားများ ကြီးစိုးလာခဲ့သည်။ ၁၈၇၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ အပေါ် အငြင်းပွားမှု နှင့် ၁၈၇၇ ခုနှင့် ပြန်လည် ညှိနှိုင်းမှုတို့မှ ပြန်လည်တည်ဆောက်ရေးကို အဆုံးသတ်ခဲ့သည်။ မကြာမီတွင် ဂျင်မ်ခရိုး ဥပဒေဖြင့် အာဖရိက-အမေရိကန်တို့၏ မဲပေးပိုင်ခွင့်ကို အကာအကွယ် ပေးခဲ့သည်။ မြောက်ဘက် ဒေသတွင်မူ မြို့ပြများ ဖွံ့ဖြိုးလာခြင်းနှင့် ယခင်က မကြုံဖူးအောင် များပြားလှသော ဥရောပတောင်ပိုင်း နှင့် အရှေ့ပိုင်းမှ ရွှေ့ပြောင်းလာသူများကြောင့် နိုင်ငံ၏ စက်မှု ထွန်းကားရေးကို မြန်ဆန်စေခဲ့သည်။ ၁၉၂၉ အထိတိုင်အောင်ပင် အများအပြား ရွှေ့ပြောင်းလာကြသူများကြောင့် အလုပ်သမား ဦးရေများပြားလာပြီး အမေရိကန် ယဉ်ကျေးမှု ကို ပြောင်းလဲစေခဲ့သည်။ နိုင်ငံ၏ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာမှုကလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို အထောက်အကူ ပေးခဲ့သည်။ ၁၈၆၇ ခုနှစ်တွင် ရုရှားတို့ထံမှ အလက်စကာ ဒေသကို ဝယ်ယူခြင်းဖြင့် ကုန်းမကြီးအား ချဲ့ထွင်မှု ကို အဆုံးသတ်ခဲ့သည်။ ၁၈၉၀ ခုနှစ် ဝေါင်းဒက်နီး စမ်းချောင်းတွင် ဖြစ်ပွားခဲ့သော အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု (Wounded Knee Massacre) သည် အင်ဒီးယန်းတို့နှင့် စစ်ပွဲတွင် နောက်ဆုံး ပဋိပက္ခ ဖြစ်သည်။ ၁၈၉၃ ခုနှစ်တွင် ပစိဖိတ် သမုဒ္ဒရာထဲရှိ ဘုရင်နိုင်ငံ တစ်နိုင်ငံဖြစ်သော ဟာဝိုင်အီနိုင်ငံ၏ လက်ရှိဘုရင်စနစ်ကို ထိုဒေသတွင် နေထိုင်သူ အမေရိကန် လူမျိုးများ ဦးဆောင်သည့် အာဏာသိမ်းမှုက ဖယ်ရှားဖြစ်ခဲ့သည်။ အမေရိကန် ပြည်ထောင်စုသည် ဟာဝိုင်အီကျွန်းစုကို ၁၈၉၈ တွင် အမေရိကန် နိုင်ငံ အတွင်း ထည့်သွင်းခဲ့သည်။ ထိုနှစ်တွင် ဖြစ်ပွားသော စပိန်-အမေရိကန် စစ်ပွဲတွင် အောင်နိုင်မှုက အမေရိကန် ကို ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း ပြသခဲ့ပြီး ထိုမှ တဆင့် ပျူရီတို ရီကို၊ ဂူအမ်ကျွန်း နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို အမေရိကန် နိုင်ငံတွင်းသို့ ထည့်သွင်းခဲ့သည်။ [၂၃] ဖိလစ်ပိုင်သည် ရာစုနှစ် တစ်ဝက်အကြာတွင် လွတ်လပ်ရေး ရခဲ့ပြီး ပျူရီတို ရီကို နှင့် ဂူအမ်ကျွန်းမှာ အမေရိကန်၏ နယ်နိမိတ်အတွင်း ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။
[ပြင်ဆင်ရန်] ပထမကမ္ဘာစစ်၊ ကမ္ဘာ့စီးပွားပျက်ကပ် နှင့် ဒုတိယကမ္ဘာစစ်
၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ် ဖြစ်ပွားချိန်တွင် အမေရိကန်သည် မည်သူ့ဘက်မှ မလိုက်ခဲ့ပေ။ အမေရိကန် အများစုသည် ဗြိတိသျှနှင့် ပြင်သစ်တို့အား စာနာကြသော်လည်း အများစုမှာ ဝင်ရောက်စွက်ဖက်မှု ကို ကန့်ကွက်ခဲ့သည်။[၂၄] ၁၉၁၇ တွင် အမေရိကန်ပြည်ထောင်စုသည် မဟာမိတ် အဖွဲ့သို ဝင်ရောက်ခဲ့ပြီးနောက် ဂျာမနီပါဝင်သော ဗဟိုအင်အားကြီးနိုင်ငံများ အတွက် အရေးနိမ့်စေခဲ့သည်။ စစ်ပွဲအပြီးတွင် ဆီးနိတ်လွှတ်တော်မှ နိုင်ငံပေါင်းချုပ် အသင်းကြီး ဖွဲ့စည်းမှု ပါဝင်သော ဗာဆိုင်းစာချုပ်ကို အတည်မပြုခဲ့ပေ။ အမေရိကန်သည် တဖက်သတ်ဝါဒ (unilateralism) ကို ကျင့်သုံးခဲ့ရာမှ အထီးကျန်ဝါဒ (isolationism) ဖြစ်လုနီးပါးပင် ဖြစ်ခဲ့သည်။[၂၅] ၁၉၂၀ ခုနှစ်တွင် အမျိုးသမီး အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှု အောင်မြင်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အမျိုးသမီးတို့ မဲပေးပိုင်ခွင့် အတွက် ပြင်ဆင်နိုင်ခဲ့သည်။ ၁၉၂၀ ခုနှစ်များအတွင်း အကြီးအကျယ် ကြွယ်ဝချမ်းသာလာခြင်းသည် ၁၉၂၉ ဝေါလ်စထရိ ဈေးကွက် ပြိုလဲခြင်းနှင့် အတူ ပြီးဆုံးခဲ့ပြီး ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်ပေါ်ခဲ့ရသည်။ ၁၉၃၂ ခုနှစ်တွင် ဖရန်ကလင်ဒီ ရုစဗဲ့ သည် သမ္မတအဖြစ် အရွေးခံရပြီးနောက် စီးပွားရေးအပေါ်တွင် အစိုးရမှ ဝင်ရောက်စွက်ဖက်မှုကို တိုးမြှင့်သည့် ပေါ်လစီ အများအပြားကို ချမှတ်ခဲ့သည်။ ၁၉၃၀ ခုနှစ်များ အတွင်း သဲမုန်တိုင်းများတိုက်ခိုက်ချင်းသည် လယ်ယာ လုပ်ကိုင်သည့် လူ့အဖွဲ့အစည်းများကို ချွတ်ခြုံကျသွား စေပြီး အနောက်ဘက်သို့ ရွှေ့ပြောင်းမှု အများအပြား အသစ်တဖန် ပေါ်ပေါက်ခဲ့ပြန်သည်။
ဒုတိယကမ္ဘာစစ်၏ အစောပိုင်းကာလတွင် မည်သည့်ဘက်မှ ပါဝင်ခြင်း မရှိခဲ့သော အမေရိကန် ပြည်ထောင်စုသည် နာဇီ ဂျာမနီတို့ ပိုလန်ကို ၁၉၃၉ စက်တင်ဘာလတွင် ကျူးကျော်ဝင်ရောက်ပြီးနောက်တွင် မဟာမိတ် တို့ကို ၁၉၄၁ မတ်လမှစ၍ ငှားရမ်းခြင်း အစီအစဉ်ဖြင့် ပစ္စည်းများ စတင် ထောက်ပံ့ပေးခဲ့သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်တွင် ဂျပန်အင်ပိုင်ယာသည် ပုလဲဆိပ်ကမ်း သို့ အမှတ်မထင် ဝင်ရောက် ဗုံးကြဲတိုက်ခိုက်ရာမှ အမေရိကန် ပြည်ထောင်စုသည် မဟာမိတ်များ နှင့် ပူးပေါင်းခဲ့ကာ ဝင်ရိုးတန်း အင်အားကြီးနိုင်ငံများကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် အပြင် အမေရိကန်ရှိ ဂျပန် ထောင်ပေါင်းများစွာကို စစ်စခန်းများသို့ ပြောင်းရွှေ့ နေရာချထားခဲ့သည်။[၂၆] စစ်ပွဲတွင် ပါဝင်လာခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုများ နှင့် ကုန်ထုတ်လုပ်မှုများ တိုးပွားလာခဲ့သည်။ စစ်အတွင်း အဓိက တိုက်ခိုက်သူများတွင် အမေရိကန် နိုင်ငံ တစ်ခုသာလျှင် ပိုမိုချမ်းသာ လာခဲ့သည်။ စစ်ကြောင့် မွဲတေမသွားဘဲ ပို၍ ချမ်းသာ လာခဲ့သည်။ [၂၇] ဘရက်တန် ဝုဒ် နှင့် ယော်လ်တာ တို့တွင် ပြုလုပ်သော မဟာမိတ် ညီလာခံမှ နိုင်ငံတကာ အဖွဲ့အစည်း အတွက် စနစ်အသစ်ကို အကြမ်းမျဉ်း ဆွေးနွေးခဲ့ပြီး ထိုစနစ်တွင် အမေရိကန် ပြည်ထောင်စု နှင့် ဆိုဗီယက် ပြည်ထောင်စု တို့ကို ကမ္ဘာ့ အရေးအခင်းများ၏ ဗဟိုချက်မ အဖြစ်ထားရှိခဲ့သည်။ ဥရောပတွင် အောင်ပွဲများ ရရှိပြီးသည့်နောက်တွင် ၁၉၄၅ ခုနှစ်တွင် ဆန်ဖရန်စစ္စကိုမြို့ တွင် နိုင်ငံတကာ ညီလာခံ တစ်ခုကို ကျင်းပခဲ့ပြီး ထိုညီလာခံမှ ကုလသမဂ္ဂ ပဋိဉာဏ် စာတမ်းကို ရေးဆွဲခဲ့ကာ ၄င်းမှာ စစ်အပြီးတွင် အသက်ဝင်လာခဲ့သည်။ [၂၈] အမေရိကန်ပြည်ထောင်စုသည် နျူးကလီးယား လက်နက်ကို ပထမဆုံးထုတ်လုပ်ခဲ့ပြီး ထိုဗုံးများကို ဂျပန်နိုင်ငံ ဟီရိုရှီးမား နှင့် နာဂါဆာကီမြို့တို့ ပေါ်တွင် ဩဂုတ်လတွင် ကျဲချခဲ့သည်။ ဂျပန်တို့သည် စက်တင်ဘာ ၂ ရက်နေ့တွင် လက်နက်ချခဲ့ပြီး စစ်ကြီး ပြီးဆုံးခဲ့သည်။[၂၉]
[ပြင်ဆင်ရန်] စစ်အေးတိုက်ပွဲ နှင့် ဆန့်ကျင်မှု နိုင်ငံရေး
အမေရိကန်ပြည်ထောင်စု နှင့် ဆိုဗီယက်ပြည်ထောင်စုတို့သည် ဒုတိယကမ္ဘာစစ် အပြီးတွင် စစ်အေးတိုက်ပွဲ ကာလအတွင်း တန်ခိုးအရှိန်အဝါ အာဏာချင်း အားပြိုင်ကြသည်။ ဥရောပရှိ စစ်ရေးကိစ္စများကို နေတိုးအဖွဲ့ နှင့် ဝါဆောစာချုပ်အဖွဲ့ တို့မှ တဆင့် လွှမ်းမိုးကြပြီး ဒေသအတော်များများတွင် ကြားခံနိုင်ငံများမှတဆင့် လက်သီးပုန်းစစ်ပွဲများ ဆင်နွှဲကြသည်။ လက်ဝဲဝါဒီတို့၏ ဒေသများနှင့် ဝင်ငွေကို ပြန်လည်ခွဲရေရေး ပရော့ဂျက်များကို ဆန့်ကျင်သည့် အမေရိကန်နိုင်ငံသည် မကြာခဏဆိုသလိုပင် အာဏာရှင် အစိုးရများကို ကူညီပံ့ပိုးလေ့ ရှိသည်။ အမေရိကန် စစ်တပ်တို့သည် တရုတ်ကွန်မြူနစ်တပ်တို့ကို ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ အတွင်း တိုက်ခိုက်ခဲ့သည်။ လွှတ်တော်၏ "အမေရိကန် မဆန်မှုများကို စုံစမ်းသည့် ကော်မတီ" သည် လက်ဝဲဝါဒီတို့၏ အဖျက်အမှောင့် လုပ်ငန်းများကို စုံစမ်းစစ်ဆေးလေ့ ရှိပြီး ဆီးနိတ်လွှတ်တော်အမတ် ဂျိုးဆက် မက်ကာသီ သည် ကွန်မြူနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် အခရာ ကျသူ ဖြစ်သည်။
၁၉၆၁ ခုနှစ် ဆိုဗီယက်တို့၏ ပထမဆုံး လူသားပါဝင်သည့် အာကာသယာဉ်ကို လွှတ်တင်ပြီးနောက် အမေရိကန် သမ္မတ ဂျွန်အက်ဖ်ကနေဒီ က အမေရိကန်ပြည်ထောင်စုကို လပေါ်တွင် ပထမဆုံး ရောက်ရှိသူဖြစ်ရမည်ဟု ကြွေးကြော်ခဲ့ပြီးနောက် ၁၉၆၉ ခုနှစ်တွင် အမေရိကန်တို့ လပေါ်သို့ ဆင်းသက် နိုင်ခဲ့သည်။ ကနေဒီသည် ဆိုဗီယက်တို့ နှင့် ကျူးဘားတွင် နျူးကလီးယား လက်နက်ဆိုင်ရာ တင်းမာမှု တစ်ခုလည်း ဖြစ်ခဲ့သေးသည်။ ထိုအချိန်ကာလ အတောအတွင်းတွင် အမေရိကန်ပြည်ထောင်စုသည် အရှိန်အဟုန်မပျက်သော စီးပွားရေး တိုးတက်မှု ရှိနေခဲ့သည်။ ရိုဆာပတ်ခ်၊ မာတင်လူသာကင်း ဂျူနီယာ၊ ဂျိမ်းစ်ဘီဗဲလ် စသည့် အာဖရိက- အမေရိကန်တို့သည် ပြည်သူ့ အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများကို ဦးဆောင်ဦးရွက် ပြုခဲ့ပြီး အသားအရောင် ခွဲခြားခြင်း နှင့် ခွဲခြားဆက်ဆံခြင်း ပြသနာများကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။ ကနေဒီ လုပ်ကြံခံရပြီးသည့်နောက် ၁၉၆၃ တွင် နောက်တက်လာသည့် သမ္မတ လင်ဒန် ဘီ ဂျွန်ဆင် လက်ထက်တွင် ၁၉၆၄ခုနှစ် ပြည်သူ့အခွင့်အရေးဆိုင်ရာ ဥပဒေ၊ ၁၉၆၅ခု မဲပေးပိုင်ခွင့် ဥပဒေတို့ အတည်ြဖစ်ခဲ့သည်။ ဂျွန်ဆင် နှင့် သူ့နောက်တွင် တက်လာသူ ရစ်ချက် နစ်ကဆင် တို့သည့် အရှေ့တောင်အာရှတွင် တဆင့်ခံတိုက်ခိုက်ပြီး မအောင်မြင်ခဲ့သော စစ်ပွဲဖြစ်သည့် ဗီယက်နမ် စစ်ပွဲကို ဆင်နွှဲခဲ့သည်။ ထိုအချိန်တွင် တန်ပြန်ယဉ်ကျေးမှု လှုပ်ရှားမှုများ ထွန်းကားလာပြီးနောက် စစ်ဆန့်ကျင်ရေး၊ လူမည်းမျိုးချစ်စိတ် ဆန့်ကျင်ရေး၊ လိင်မှုဆိုင်ရာ တော်လှန်မှု များကို ဆန့်ကျင်ရေး တို့ကို လုပ်ဆောင်လာခဲ့ကြသည်။ ထို့ပြင် ဘက်တီ ဖရိုင်းဒန်၊ ဂလော်ရီယာ စတိုင်းနန်း နှင့် အခြားအမျိုးသမီးများ ဦးဆောင်သည့် အမျိုးသမီး အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ ပေါ်ထွက်လာပြီးနောက် အမျိုးသမီးများ အတွက် နိုင်ငံရေး၊ လူမှုရေး နှင့် စီးပွားရေး ဆိုင်ရာ ညီမျှမှု တို့ကို တောင်းဆိုခဲ့သည်။
၁၉၇၄ ခုနှစ်တွင် ဝါးတားဂိတ် အရှုပ်တော်ပုံ ကြောင့် နစ်ကဆင်သည် ပထမဆုံးအကြိမ် နှုတ်ထွက်ရသည့် သမ္မတဖြစ်လာခဲ့သည်။ တရားစီရင်မှု ကို အဟန့်အတားပြုခြင်း၊ အခွင့်အာဏာကို အလွဲသုံးစား လုပ်ခြင်းစသည့် စွပ်စွဲမှုများဖြင့် ရာထူးမှ ဖယ်ရှားခံရမည်ကို ရှောင်ရှားနိုင်ရန် အတွက် ဖြစ်သည်။ သူ့နောက်တွင် ဂဲရက်ဖို့ဒ် သမ္မတဖြစ်လာခဲ့သည်။ ၁၉၇၀ ခုနှစ်များ နောက်ပိုင်းတွင် သမ္မတဖြစ်ခဲ့သော ဂျင်မီ ကာတာ၏ အုပ်ချုပ်မှုအောက်တွင် အမေရိကန်နိုင်ငံမှာ ငွေကြေးဖောင်းပွပြီး စီးပွားရေးကျဆင်းခြင်း နှင့် အီရန် ဓားစာခံ အဖြစ်အပျက် တို့ သည် ထင်ရှားသည်။ ၁၉၈၀ ခုနှစ်တွင် ရော်နယ် ရေဂင် အရွေးချယ်ခံရခြင်းသည် အမေရိကန် နိုင်ငံရေးအား လက်ဝဲသို့ ယိမ်းသွားစေသည့် လက္ခဏာပင် ဖြစ်သည်။ သူ၏ လက်ထက်တွင် အခွန် နှင့် နိုင်ငံ သုံးစွဲမှုဆိုင်ရာ ပြုပြင်ရေးများကို အကြီးအကျယ် ပြုလုပ်ခဲ့သည်။ သူ ဒုတိယအကြိမ် အရွေးခံရပြီးသည့် နောက်တွင် အီရန်-ကွန်ထရာ အဖြစ်အပျက် ဖြစ်ပွားခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စုနှင့် သံတမန် ဆက်ဆံရေး သိသိသာသာ တိုးတက်မှု ရခဲ့သည်။ ထို့နောက် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားခြင်းကြောင့် စစ်အေးတိုက်ပွဲ ပြီးဆုံးခဲ့ရသည်။
[ပြင်ဆင်ရန်] လက်ရှိခေတ်
သမ္မတ ဂျော့ခ် အိတ်ချ် ဒဗလျူ ဘုရှ် လက်ထက်တွင် အမေရိကန် ပြည်ထောင်စုသည် ကုလသမဂ္ဂမှ တရားဝင် ခွင့်ပြုချက် ပေးထားသော ပင်လယ်ကွေ့ စစ်ပွဲ ကို ဦးဆောင်ခဲ့သည်။ ခေတ်သစ် အမေရိကန် သမိုင်းကြောင်းတွင် ကာလ အရှည်ကြာဆုံး စီးပွားရေး ဖွံ့ဖြိုးမှု အဖြစ် ၁၉၉၁ မတ်လမှ ၂၀၀၁ ခုနှစ် မတ်လ အထိ ဖြစ်ပေါ်ခဲ့ပြီး သမ္မတ ဘီလ် ကလင်တန် အုပ်ချုပ်သော ကာလအားလုံး ပါဝင်ပြီး ဒေါ့ကွန်း ဘပ်ဘယ်လ် ကဲ့သို့သော စီးပွားရေး တိုးတက်မှုများကြောင့်လည်း ဖြစ်သည်။[၃၀] လိင်ကိစ္စနှင့် ပတ်သက်သော အရှုပ်အထွေးကြောင့် ၁၉၉၈ တွင် သမ္မတ ဘီလ် ကလင်တန် တရားရင်ဆိုင် ခဲ့ရသော်လည်း သမ္မတရာထူးမှ ထုတ်ပယ်ခြင်း မရှိခဲ့ပေ။ [၃၁] အမေရိကန် သမိုင်းတွင် အကြိတ်အနယ် နီးနီးကပ်ကပ် ယှဉ်ပြိုင်ခဲ့သော ၂၀၀၀ ခုနှစ် သမ္မတရွေးကောက်ပွဲ၏ ရလာဒ်ကို အမေရိကန် တရားရုံးချုပ် မှ အဆုံးအဖြတ် ပေးခဲ့ရပြီး ဂျော့ချ် အိတ်ချ် ဒဗလျူ ဘုရှ် ၏ သား ဂျော့ချ် ဒဗလျူ ဘုရှ် သမ္မတ ဖြစ်လာခဲ့သည်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တွင် အယ်လ်ကေးဒါး အကြမ်းဖက် သမား အဖွဲ့မှ နယူးယောက်မြို့တော် ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ နှင့် ဝါရှင်တန်ဒီစီ အနီးရှိ ပင်တဂွန် စစ်ဌာနချုပ် တို့အား အကြမ်းဖက် တိုက်ခိုက် ခဲ့သဖြင့် ပြည်သူ ၃၀၀၀ ခန့် သေဆုံးခဲ့ရသည်။ လက်စားချေ တုံ့ပြန်မှု အနေနှင့် ဘုရှ် ဦးဆောင်သော အစိုးရအဖွဲ့သည် ကမ္ဘာတဝှမ်းလုံးတွင် အကြမ်းဖက်သမားတို့အား စစ်ကြေငြာ တိုက်ခိုက်ခဲ့ကြသည်။ ၂၀၀၁ ခုနှစ် အောက်တိုဘာလတွင် အမေရိကန် စစ်တပ်တို့သည် အာဖဂန်နစ္စတန်နိုင်ငံ ကို ဝင်ရောက်စီးနင်းပြီး တာလီဘန် အစိုးရ နှင့် အယ်လ်ကေးဒါးတို့၏ လေ့ကျင့်ရေး စခန်းများကို ဖယ်ရှားပစ်ခဲ့သည်။ တာလီဘန် သူပုန် တို့က ပြောက်ကျားစနစ်ဖြင့် ဆက်လက် တိုက်ခိုက်နေကြဆဲပင် ဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် ဘုရှ် အစိုးရသည် အငြင်းပွားစရာ ရှိသည့် အကြောင်းပြချက်များဖြင့် အီရတ်နိုင်ငံ အစိုးရကို ဖယ်ရှားနိုင်ရန် စတင်လှုံ့ဆော်ခဲ့ကြသည်။ [၃၂] စစ်ရေးဆိုင်ရာ ကျူးကျော်မှုအတွက် နေတိုးအဖွဲ့ ၏ထောက်ခံမှု နှင့် ကုလသမဂ္ဂ မှ တရားဝင်သဘောတူညီချက် မရသဖြင့် ဘုရှ်သည် စိတ်အားထက်သန်သော မဟာမိတ်များကို စုစည်းကာ ၂၀၀၃ ခုနှစ်တွင် မဟာမိတ်တပ် တို့သည် အီရတ်ကို ၂၀၀၃ တွင် လက်ဦးမှု ရယူ တိုက်ခိုက်ခဲ့ကြကာ အာဏာရှင် ဆဒမ် ဟူစိန် ကို ဖယ်ရှားခဲ့ကြသည်။ ၂၀၀၅ ခုနှစ်တွင် ကက်ထရီနာ ဟာရီကိန်း မုန်တိုင်းသည် ပင်လယ်ကွေ့ ကမ်းရိုးတန်း (Gulf Coast) တလျှောက်ကို ပြင်းပြင်းထန်ထန် တိုက်ခတ် ဖျက်စီးခဲ့ပြီး နယူးအော်လင်းပြည်နယ် ကို အကြီးအကျယ် ပျက်စီးစေခဲ့သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၄ရက်တွင် ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုများ ကြားတွင် ဘာရတ်အိုဘားမား သည် ပထမဆုံး အာဖရိကန် အမေရိကန် သမ္မတ အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၀ ခုနှစ်တွင် ကျန်းမာရေး စောင့်ရှောက်မှု စနစ်နှင့် ငွေကြေးစနစ်ကို အကြီးအကျယ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ထိုနှစ်အတွင်း မက္ကဆီကို ပင်လယ်ကွေ့တွင် ဖြစ်ပွားခဲ့သော ဒိ(ပ်) ဝါးတား ဟော်ရီဇုန် ရေနံဖိတ်စင်မှုသည် စစ်ပွဲမရှိသော ကာလတွင် အကြီးအကျယ်ဆုံးသော ကပ်ဘေးဆိုက်မှုပင် ဖြစ်ပေသည်။[၃၃]
[ပြင်ဆင်ရန်] အစိုးရ နှင့် ရွေးကောက်ပွဲ
အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ကျန်ရှိနေသေးသော ဖက်ဒရယ်နိုင်ငံများတွင် သက်တမ်းအရှည်ဆုံးသော နိုင်ငံဖြစ်သည်။ နိုင်ငံရေး စနစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခြေခံသော သမ္မတနိုင်ငံ နှင့် ကိုယ်စားပြု ဒီမိုကရေစီ စနစ်ဖြစ်ပြီး ထိုစနစ်၏ သဘောသဘာဝမှာ "အများစု၏ ဆုံးဖြတ်ချက်ကို ဥပဒေဖြင့် အကာကွယ် ပေးထားသည့် လူနည်းစု အခွင့်အရေးဖြင့် ပြန်လည် ထိန်းချုပ်ထားသည့်စနစ်" ဟု ဖွင့်ဆိုထားသည်။ [၃၄] အစိုးရကို နိုင်ငံ၏ အထွဋ်အထိပ် တရားဥပဒေ ဆိုင်ရာ စာရွက်စာတမ်းဖြစ်သော အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဌာန်းထားသည့် ပြန်လည်စောင့်ကြပ် ကြည့်ရှုစစ်ဆေးခြင်း ဖြင့် ကန့်သတ်ထိန်းချုပ်ထားသည်။ အမေရိကန် ဖက်ဒရယ် စနစ်တွင် နိုင်ငံသားတို့ကို ဖက်ဒရယ်၊ ပြည်နယ် နှင့် ဒေသဆိုင်ရာ ဆိုသော အစိုးရ အဆင့် (၃) ရပ်ဖြင့် အုပ်ချုပ်သည်။ ဒေသဆိုင်ရာ အစိုးရ၏ တာဝန်ကို ကောင်တီ ဆိုင်ရာ နှင့် စည်ပင်သာယာရေး ဆိုင်ရာ ဟူ၍ ပြန်လည် ခွဲဝေလေ့ ရှိသည်။ သို့သော် နေရာတိုင်းလိုလို တွင် အမှုဆောင် နှင့် ဥပဒေပြု အရာရှိများကို နယ်မြေဒေသ အတွင်းရှိ နိုင်ငံသားတို့၏ မဲဆန္ဒဖြင့် တာဝန်ခွဲဝေချထားလေ့ ရှိသည်။ ဖက်ဒရယ် အစိုးရ တွင် မည်သည့် အစုအဖွဲ့မှ ကိုယ်စားလှယ် မည်မျှ ပါဝင်ရမည် စသော ကန့်သတ်ချက်မျိုး မရှိဘဲ အောက်ခြေ အဆင့်တွင်လည်း ထိုသို့ ခွဲဝေနေရာချထားမှုမျိုး အလွန်ပင် ရှားပါးသည်။
ဖက်ဒရယ် အစိုးရ တွင် အစိတ်အပိုင်း သုံးခုရှိသည်။
- တရားစီရင်ရေး။ ။ ဆီးနိတ်လွှတ်တော် (အထက်လွှတ်တော်) နှင့် အောက်လွှတ်တော် ဟု နှစ်ပိုင်းခွဲခြားထားသော အမေရိကန် ကွက်ဂရက်သည် ဖက်ဒရယ် ဥပဒေ ပြဌာန်းခြင်း၊ စစ်ကြေငြာခြင်း၊ စာချုပ်စာတမ်းများကို အတည်ပြုခြင်း စသည့် အခွင့်အာဏာများရှိသည်။ ထို့အပြင် ဘတ်ဂျက် အသုံးစရိတ် နှင့် အခွန်အတုပ်ဆိုင်ရာ အခွင့်အာဏာလည်း ရှိပြီး အစိုးရ အဖွဲ့အတွင်းရှိ တာဝန်ထမ်းဆောင်နေသူများအား အရေးပေါ်လာပါက စစ်ဆေးပြီး ရာထူးမှ ဖယ်ရှားနိုင်သော အခွင့်အာဏာလည်း ရှိသည်။
- အမှုဆောင် ။ ။ အမေရိကန် သမ္မတသည် အမေရိကန် စစ်တပ်၏ စစ်ဦးစီးချုပ် ဖြစ်ပြီး အဆိုပြုလာသော ဥပဒေများကို အတည်မပြုမီတွင် ဗီတိုအာဏာသုံး၍ ပယ်ချနိုင်ခွင့် ရှိသည်။ ထို့ပြင် အစိုးရ ကက်ဘိနက် အဖွဲ့ဝင် ဝန်ကြီးများကို ဆီးနိတ်လွှတ်တော်၏ အတည်ပြုချက် ရယူ ခန့်အပ်နိုင်ပြီး အခြား ဖက်ဒရယ် ဥပဒေ နှင့် ပေါ်လစီဆိုင်ရာ စီမံခန့်ခွဲသူများကိုလည်း ခန့်ထားနိုင်ခွင့် ရှိသည်။
- တရားစီရင်ရေး။ ။ တရားရုံးချုပ် နှင့် ထိုထက်နိမ့်သော ဖက်ဒရယ် တရားရုံးများ ပါဝင်ပြီး ၄င်းတို့၏ တရားသူကြီးများကို သမ္မတက ဆီးနိတ်လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် ခန့်အပ်ရသည်။ ၄င်းတို့မှ ဥပဒေများကို ဖွင့်ဆိုရှင်းလင်းရပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် မကိုက်ညီသော တရားစီရင်မှုများကို ပယ်ဖျက်ခွင့် ရှိသည်။
အောက်လွှတ်တော်တွင် မဲပေးနိုင်သော အမတ် ၄၃၅ ဦးရှိပြီး သူတို့သည် ကွန်ဂရယ် မဲဆန္ဒနယ်ကို ၂ နှစ်သက်တမ်းဖြင့် ကိုယ်စားပြုကြသည်။ အောက်လွှတ်တော် အမတ်နေရာ အရေအတွက် ကို ပြည်နယ်အတွင်းရှိ လူဦးရေ ပေါ်တွင် မူတည်၍ ၁၀ နှစ်တစ်ကြိမ် ပြန်လည်ခွဲဝေ နေရာချထားလေ့ ရှိသည်။ ၂၀၀၀ ခုနှစ် လူဦးရေ စာရင်းအရ ပြည်နယ် ၇ ခုတွင် အနည်းဆုံး အမတ် ၁ နေရာစီသာ ရှိပြီး လူဦးရေ အများဆုံးဖြစ်သော ကယ်လီဖိုးနီးယားပြည်နယ်တွင် အောက်လွှတ်တော် အမတ် ၅၃ ဦး ရှိသည်။ ဆီးနိတ်လွှတ်တော်တွင် အမတ် ၁၀၀ ဦး ရှိပြီး ပြည်နယ်တစ်ခုစီ အတွက် ကိုယ်စားပြုသူ အမတ် ၂ ဦးစီ ဖြစ်ကာ ရွေးကောက်တက်မြှောက်မှု သက်တမ်းမှာ ၆ နှစ်တစ်ကြိမ်ဖြစ်သည်။ သမ္မတ ၏ ရွေးကောက်တင်မြှောက်မှု သက်တမ်းမှာ ၄ နှစ်တစ်ကြိမ်မျှ ဖြစ်ပြီး သမ္မတသည် သက်တမ်း ၂ ခုထက် ပို၍ အရွေးခံခွင့် မရှိပေ။ သမ္မတကို စုစုပေါင်း မဲအရေအတွက်ဖြင့် တိုက်ရိုက် တင်မြှောက်ခြင်း မဟုတ်ပဲ ပြည်နယ်အလိုက် အချိုးကျ ခွဲဝေထားသော အီလက်ထရိုရယ် ကောလိပ် စနစ်ဖြင့် တင်မြှောက်ခြင်း ဖြစ်သည်။ တရားရုံးချုပ်ကို အမေရိကန် ပြည်ထောင်စု ၏ တရားသူကြီးချုပ်က ဦးဆောင်ကာ အဖွဲ့ဝင် ၉ ဦးရှိပြီး သက်တမ်း သတ်မှတ်ထားခြင်း မရှိပေ။
ပြည်နယ်အစိုးရများ၏ ဖွဲ့စည်းပုံမှာ အကြမ်းမျဉ်းအားဖြင့် အတူတူပင် ဖြစ်သည်။ နီဘရားစကားပြည်နယ် တစ်ခုတွင်သာ အထက်လွှတ်တော် အောက်လွှတ်တော် မခွဲပဲ လွှတ်တော် တစ်ခုတည်း ရှိသည်။ ပြည်နယ်တစ်ခုစီ၏ ပြည်နယ် အုပ်ချုပ်ရေးမှူးကို ပြည်နယ်အတွင်း မဲဆန္ဒဖြင့် တိုက်ရိုက် ရွေးကောက်တင်မြှောက်ကြသည်။ အချို့သော ပြည်နယ် တရားသူကြီးများနှင့် ကက်ဘိနက် အရာရှိများကို ပြည်နယ် အုပ်ချုပ်ရေးမှူးမှ တိုက်ရိုက် တာဝန်ပေး ခန့်အပ်ပြီး အချို့ကိုမူ မဲဆန္ဒစနစ်ဖြင့် ရွေးကောက်တင်မြှောက်ကြသည်။
ဥပဒေနှင့် အစိုးရ လုပ်ထုံးလုပ်နည်းများ အားလုံးကို တရားစီရင်ရေး ဌာန မှ ပြန်လည် သုံးသပ်ရန် လိုအပ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဖောက်ဖျက်ခြင်းကို တွေ့ရှိပါက ပယ်ဖျက်လေ့ ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ မူရင်း ရေးသားချက်များတွင် ဖက်ဒရယ် အစိုးရ၏ ဖွဲ့စည်းပုံနှင့် ပြည်နယ်တစ်ခုချင်းစီ နှင့် ဆက်စပ်မှုကို ရှင်းလင်းစွာ ဖွင့်ဆိုထားသည်။ အခန်း(၁) တွင် ဟာဘေး ကော်ပတ်စ် (habeas corpus) အရ လူတစ်ဦးတစ်ယောက်ချင်းအား တရားဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကို အကာအကွယ် ပေးထားပြီး အခန်း (၃) တွင် ရာဇဝတ်မှုအားလုံး အတွက် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းနိုင်ခွင့် အတွက် အာမခံချက်ပေးထားသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် အတွက် ပြည်နယ်အားလုံး၏ ၄ ပုံ ၃ ပုံမှ သဘောတူညီရန် လိုအပ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၇ ကြိမ်တိုင် ပြင်ဆင်ခဲ့ပြီး ပထမ ၁၀ ကြိမ်မှာ အခွင့်အရေး ဆိုင်ရာ ဥပဒေများ (Bill of Rights) ကို ပြင်ဆင်ခဲ့ခြင်း ဖြစ်ပြီး ၁၄ကြိမ်မြောက် ပြင်ဆင်မှုသည် အမေရိကန် နိုင်ငံသား တစ်ဦးချင်းစီ၏ အခွင့်အရေးများ ၏ အခြေခံ အချက်အလက်များကို ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
[ပြင်ဆင်ရန်] ပါတီများ၊ ခံယူချက်များ နှင့် နိုင်ငံရေး
အမေရိကန်ပြည်ထောင်စုသည် သမိုင်းကြောင်းတလျှောက် အချိန်ကာလ အတော်များများတွင် ပါတီနှစ်ခု ကြီးစိုးသော စနစ်ဖြင့် ရပ်တည်ခဲ့သည်။ အဆင့်အမျိုးမျိုးအတွက် ရာထူးများကို ပြည်နယ်အဆင့်မှ စီမံခန့်ခွဲသော ပဏာမ ရွေးကောက်ပွဲများကို ကျင်းပ၍ နောက်ထပ်မံ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အတွက် ပါတီ အသီးသီးမှ အမတ်လောင်းများကို ရွေးချယ်ကြသည်။ ၁၈၅၆ အထွေထွေရွေးကောက်ပွဲမှ စ၍ အမေရိကန်ပြည်ထောင်စုတွင် ဩဇာရှိသော အဓိက ပါတီ ၂ ခုမှာ ၁၈၂၄ ခုနှစ်တွင် တည်ထောင်ခဲ့သော ဒီမိုကရက်တစ်ပါတီ နှင့် ၁၈၅၄ ခုနှစ်တွင် တည်ထောင်ခဲ့သော ရီပတ်ဘလစ်ကင် ပါတီ တို့ဖြစ်သည်။ ပြည်တွင်းစစ် ပြီးသည့် အချိန်မှစ၍ အခြားပါတီမှ သမ္မတလောင်း တစ်ဦးသာလျှင် ထွက်ပေါ်ခဲ့ပြီး ထိုသူမှာ ယခင် သမ္မတဟောင်း သီအိုဒိုး ရုစဗဲ့ ဖြစ်သည်။သူသည် ၁၉၁၂ ခုနှစ်တွင် ပရိုဂရက်ဆစ် ပါတီ အတွက် ယှဉ်ပြိုင်ခဲ့ပြီး မဲရာခိုင်နှုန်း ၂၀ ကျော်မျှ ရရှိခဲ့သည်။
အမေရိကန် နိုင်ငံရေးရပ်ဝန်းတွင် ရီပတ်ဘလစ်ကင် ပါတီသည် ကွန်ဆာဗေးတစ်ဖြစ်သည် သို့ လက်ယာဘက် ယိမ်းသည်ဟု ယူဆနိုင်ပြီး ဒီမိုကရက်တစ် ပါတီမှာမူ လစ်ဘရယ်ဖြစ်သည် သို့မဟုတ် လက်ဝဲဘက်ယိမ်းသည် ဟု ယူဆနိုင်သည်။ အရှေ့မြောက်ပိုင်း ရှိပြည်နယ်များ၊ အနောက်ဘက် ကမ်းရိုးတန်း ပြည်နယ်များ နှင့် ရေကန်ကြီးများ ရှိရာ ပြည်နယ်များမှာ အပြာရောင်ပြည်နယ်များဟု ခေါ်ပြီး လစ်ဘရယ် ဖြစ်ကြသည်။ တောင်ဘက်ရှိပြည်နယ်များ၊ ဂရိတ်ပလိန်း၏ တစိတ်တပိုင်း နှင့် ရော့ကီးတောင်တန်းပြည်နယ်များမှာမူ အနီရောင်ပြည်နယ်များဟု ခေါ်ပြီး ကွန်ဆာဗေးတစ် ဖြစ်ကြသည်။
၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ဒီမိုကရက်တစ်ပါတီ မှ ဘာရတ်အိုဘားမား သည် အမေရိကန်ပြည်ထောင်စု၏ ၄၄ ယောက်မြောက် သမ္မတဖြစ်သည်။ ယခင် သမ္မတများ အားလုံးမှာ ဥရောပသားမှ ဆင်းသက်လာသူများသာ ဖြစ်ကြသည်။ ၂၀၁၀ နှစ်လယ် ရွေးကောက်ပွဲ ရလာဒ်အရ ရီပတ်ဘလစ်ကင် ပါတီသည် အောက်လွှတ်တော်ကို ထိန်းချုပ်ထားပြီး ဆီးနိတ်လွှတ်တော်တွင် နေရာရလာသော်လည်း အထက်လွှတ်တော်တွင် ဒီမိုကရက်တစ်ပါတီမှ အများစုဖြစ်နေသေးသည်။ ၁၁၂ ကြိမ်မြောက် အမေရိကန်ပြည်ထောင်စု ကွန်ဂရက်တွင် ဆီးနိတ် လွှတ်တော်တွင် ဒီမိုကရက် ၅၁ ဦး၊ ဒီမိုကရက်များကို ထောက်ခံသော တစ်သီးပုဂ္ဂလ ၂ ဦး နှင့် ရီပတ်ဘလစ်ကင် ပါတီမှ ၄၇ ဦး ရှိပြီး အောက်လွှတ်တော်တွင် ရီပတ်ဘလစ်ကင် ၂၄၂ ဦး နှင့် ဒီမိုကရက် ၁၉၃ ဦး ရှိသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးများတွင် ရီပတ်ဘလစ်ကင် ၂၉ ဦး၊ ဒီမိုကရက် ၂၀ ဦးနှင့် တစ်သီးပုဂ္ဂလ တစ်ဦး ပါဝင်သည်။
[ပြင်ဆင်ရန်] အမေရိကန်ပြည်ထောင်စု
မြောက်အမေရိကတိုက်တွင် တည်ရှိသော အမေရိကန် ပြည်ထောင်စုကြီးသည်ကား ကမ္ဘာနိုင်ငံကြီးများတွင် တစ်ခု အပါအဝင်ဖြစ်၍ ကမ္ဘာ့အနောက်ခြမ်းတွင်မူ ဒုတိယအကြီး ဆုံးနိုင်ငံ ဖြစ်လေသည်။
အမေရိကန်ပြည်ထောင်စုသည် မြောက်သမပိုင်းဇုန်တွင် ကျရောက်နေ၍ မြောက်လတ္တီတွဒ် ၂၄ံ ၂ဝ မှ ၄၉ံ နှင့် အနောက်လောင်ဂျီတွဒ် ၆၆ ံ ၅၅' မှ ၁၂၄ံ ၄၅' အကြားတွင် တည်ရှိသည်။ ဧရိယာ အကျယ်အဝန်း အားဖြင့် ၃၅၄၈၉၇၄ စတုန်းမိုင် ရှိလေသည်။ မြောက်ဘက်၌ ကနေဒါနိုင်ငံ၊ အနောက်ဘက်၌ ပစိဖိတ်သမုဒ္ဒရာ၊ အရှေ့ဘက်၌ အတ္တလန္တိတ် သမုဒ္ဒရာ၊ တောင်ဘက်၌ မက္ကဆီကိုနိုင်ငံနှင့် မက္ကဆီကို ပင်လယ်ကွေ့တို့ ရှိကြသည်။
အရှေ့ဘက်သမုဒ္ဒရာမှ အနောက်ဘက်သမုဒ္ဒရာအထိ မိုင်ပေါင်း ၃၁ဝဝ ရှည်လျား၍ မြောက်မှတောင်သို့ အဝေး ဆုံးနေရာမှာ မိုင်ပေါင်း ၁၇၈ဝ ရှည်လေသည်။ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းသည် အကွေ့အကောက် ပေါများသောကြောင့် သဘေ‡ာဆိပ်ကောင်း များ ရှိလေသည်။ ကမ်းရိုးတန်းသည် တောင်ဘက် ဗော့စတန် မြို့အထိ ကျောက်ဆောင်ထူထပ်၍ ဗော့စတန်မှ လွန်သွာသော် နိမ့်၍ သဲမြေများရှိရာဒေသသို့ ရောက်၏။ ဗော့စတန်မြို့မြောက် ဘက် မိန်းပြည်နယ်၌ ပင်လယ်အော်များနှင့် ရေလက်ကြား အမြောက်အမြား ရှိလေသည်။ နယူးယော့ သဘေ‡ာဆိပ်သည် ကား ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အကောင်းဆုံးဖြစ်၍ အမေရိကန်ပြည်ထောင်စုအဖို့ အထူးအရေးကြီး အသုံးဝင်သော ဌာနတစ်ခုဖြစ်၏။ အနောက်ဘက်ကမ်းရိုးတန်းမှာလည်း အရှေ့ ဘက်နည်းတူ မညီညွတ်သဖြင့် သဘေ‡ာဆိပ်ကောင်းများ ရှိလေ သည်။ ဆန်ဖရန်စစ္စကိုနှင့် ဆန်ဒီယေးဂိုးတို့သည် နာမည်ကျော် ဆိပ်ကမ်းကောင်းများ ဖြစ်ကြ၏။ အရှေ့အတ္တလန္တိတ်ကမ်းရိုး၌ ကျွန်းစုကလေး မြောက်မြားစွာရှိသည့်အနက် ထင်ရှားသော ကျွန်းများမှာ မောင့်ဒဲဆတ်၊ နန့်တပ်ကက်၊ ဗလော့ကျွန်း၊ စတက်တင်ကျွန်းတို့ ဖြစ်လေသည်။ တောင်ဘက် ဖလော်ရီဒါ ကမ်းရိုး၌ကား ဗဟားမားနှင့် ကျူးဗားကျွန်းစုများရှိ၍ အနောက် ဘက်၌ ဆန်တာ ကက်တလီးနားနှင့် ဆန်တာ ဗားဗရားကျွန်းစု များ ရှိသည်။ အမေရိကန်ပြည်ထောင်စု၏ မြေမျက်နှာပြင်မှာ သဘာဝ အတိုင်း အရှေ့အတ္တလန္တိတ် ကမ်းရိုးတန်းဒေသ၊ အက်ပလက် ချီယန်တောင်တန်းဒေသ၊ ကျယ်ပြန့်သော အလယ်ပိုင်းလွင်ပြင်၊ အတွင်းကျသော ကုန်းမြင့်ပိုင်းနှင့် အနောက်ဘက် ကော်ဒီလား ရားတောင်တန်းဒေသဟူ၍ ပိုင်းခြားလျက်သား ဖြစ်နေသည်ကို တွေ့ရ၏။ အရေးအကြီးဆုံးမှာ အတ္တလန္တိတ် ကမ်းရိုးဒေသ ဖြစ်သည်။ ထိုဒေသသည် မြောက်ဘက် နယူးယော့မှ တောင် ဘက် ဖလော်ရီဒါစွန်းထိ ရှည်လျား၍ သစ်သီးဝလံ၊ ဆန်စပါး၊ ဆေးနှင့် ကောက်စပါး စသော စိုက်ပျိုးသီးနှံ အမျိုးမျိုး ထွက် သည်။ ဤကမ်းရိုးဒေသ၏ အနောက်ဘက်၌ မြောက်ပိုင်း အယ်လဗားမားပြည်နယ်မှ ပြည်ထောင်စု၏ အရှေ့မြောက်ဘက် ထောင့်စွန်းအထိ ကျယ်ပြန့်သော အက်ပလက်ချီယန်တောင် တန်းဒေသ ရှိ၏။ ထိုဒေသ၌ ပင်လယ်နှင့် အလွန်နီးသောနေရာ များမှာ လွန်စွာအေး၏။ မြောက်ပိုင်း ကယ်ရိုလီးနားပြည်နယ်၌ ကား မာကျောသော ကျောက်တောင်ကြီးများသည် မြင့်မားစွာ တည်ရှိနေကြသည်။ မစ်ချဲ့တောင်သည် အမြင့် ပေ ၆Ý၆၈၄ ရှိ ၏။ မြောက်ပိုင်းတွင် သလင်းကျောက်တောင် ခါးပန်းကြီးများ ဖြင့် ပိုင်းခြားထား၏။ ယင်းတို့မှာ နယူးဟမ္ပရှိုင်ယာ၌ ဝှိုင် တောင်၊ မက်ဆချူးဆက်၌ ဗတ်ရှိုင်ယာနှင့် ဗားမောင့်ရှိ ဂရင်း တောင်များ ဖြစ်ကြ၏။
အမေရိကန်ပြည်ထောင်စု အရှေ့ဘက် အက်ပလက်ချီယန် တောင်တန်းများနှင့် အနောက်ဘက် ကော်ဒီလားရားတောင် တန်းဒေသနှစ်ခုစပ်ကြား၌ ကျယ်ပြန့်ညီညာသော လွင်ပြင်ကြီး များ ရှိ၏။ မစ်စစ်စပီ၊ အိုဟိုင်းအိုး နှင့် မစ်ဇူးရီမြစ်တို့သည် လွင်ပြင်ကြီးများကို ဖြတ်၍ စီးဆင်းကြသောကြောင့် မြေ0x100သဇာ ထက်သန် ကောင်းမွန်သဖြင့် ထိုဒေတွင် နေထိုင်ကြသော လူ များသည် လယ်ယာာစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်ကြလေသည်။ အရှေ့ဘက်၌ ရေကောင်းစွာရ၍ မြေ0x100သဇာကောင်းသောမြေများ၊ မြက်ခင်းပြင်ကြီးများရှိ၍ မြောက်ပိုင်း၌ ရှေးအခါက ရေခဲပြင်ကြီး တိုက်စားသွားခဲ့သော မြေဟောင်းများ ရှိလေသည်။ စစ္စကွန်းဆင်၊ မစ်ရှီဂန်နှင့်မင်နီ ဆိုးတား ပြည်နယ်များ၌ အဖိုးတန် ကြေးနီနှင့် သံတွင်းများ ရှ၏။ တောင်ဘက်ရှိ ပရေရီ မြက်ခင်းပြင်သည် မက္ကဆီကို ပင်လယ်ကွေ့မှ အရှေ့တောင်ဘက် အတ္တလန္တိတ် ကမ်းရိုးတန်း အထိ ကျယ်ပြန့် ရှည်လျားလေသည်။
အမေရိကန်ပြည်ထောင်စု၏ အနောက်ဘက် သုံးပုံတစ်ပုံမှာ ကား ယေဘုယျအားဖြင့် တောတောင် ထူထပ်၏။ ထိုဒေသမှ ရော့ကီးတောင်တန်းကြီးသည် အရှေ့ဘက် ကျယ်ပြန့်သော လွင်ပြင်ပိုင်းမှစ၍ တက်သွားရာ တောင်တန်းများ အသွယ်သွယ် ဖြာထွက်ပြီးနောက် ကော်လိုရားဒိုး ပြည်နယ်၌ အမြင့်ဆုံး ဖြစ်သွား၏။ သို့ရာတွင် ဝိုင်အိုးမင်း အလယ်ပိုင်း၌ နိမ့်ကျ သွားပြီးလျှင် တစ်ဖန် မွန်တာနာနှင့် အိုက်ဒဟိုး ပြည်နယ် များတွင် မြင့်တက်သွားပြန်လေသည်။ ထိုတောင်တန်း၏ အနောက်ဘက်၌ကား မြင့်မားသော ကုန်းပြင်မြင့်ကြီးများ ရှိ၏။ တောင်ဘက်၌ ကောလိုရားဒိုး ကုန်းပြင်မြင့်ရှိ၍ ကော်လိုရား ဒိုးမြစ်က ဖြတ်စီးလျက်ရှိ၏။ ထိုနောက် ယူးတားပြည်နယ်ရှိ ဝေါဆက်တောင်နှင့် ကာလီဖိုးနီးယားရှိ ဆီယယ်ရာ နီဗားဒ တောင်တို့ကြား၌လည်း ဂရိတ်ဗေဆင်အမည်ရှိ ကုန်းပြင်မြင့်ကြီး တစ်ခု ရှိ၏။ ထိုကုန်းပြင်မြင့်ကြီး၏ မြောက်ဘက်တွင် ကိုလမ္ဗီးယား ကုန်းပြင်မြင့်ရှိ၍ ကိုလမ္ဗီးယားမြစ်လည်း ရှိ၏။ အမေရိကန်ပြည်ထောင်စု၌ အမြင့်ဆုံးသော တောင်များကို ကာလီဖိုးနီးယား ပြည်နယ်၌သာ တွေ့ရ၏။ အမြင့်ဆုံးတောင်မှာ ပေပေါင်း ၁၄၄၉၆ ရှိ ဝှစ်တနီတောင် ဖြစ်လေသည်။ ဝှစ်တနီ တောင်၏ အရှေ့ဘက်၌ ဒက်ဗဲလီခေါ် သေမင်း ချိုင့်ဝှမ်းရှိ၏။ ထိုတောင်ကြား တစ်စိတ်တစ်ဒေသသည် သဲကန္တာရဖြစ်ပြီးလျှင် ကာလီဖိုးနီးယားအထိ ရှည်လျားလေသည်။
ဆီယယ်ရာ နီဗားတောင်တန်းသည် အနောက်မြောက်ဘက်ရှိ 0x100သရီဂန်နှင့် ဝါရှင်တန် ပြည်နယ်များသို့ပင် ရောက်၍ ထိုဒေသ များ၌ ကက်စကိတ်တောင်တန်းဟု အမည်တွင်၏။ အနောက် ဘက် ကမ်းရိုးတစ်လျှောက်သို့ ကပ်လျက်တည်ရှိသော တောင် တန်းများမှာကား ကို့စရိန့်ဟု တွင်၏။ ထိုကမ်းနားတောင်တန်း များသည် ကက်စကိတ်နှင့် ဆီယယ်ရာတောင်တန်းများလောက် မမြင့်ပဲ အချို့နေရာများတွင် တောင်တန်းများသည် ပင်လယ်သို့ အရောက် နိမ့်ဆင်းသွားလေသည်။ ကက်စကိတ်တောင်နှင့် မြောက်ပိုင်း ဆီယယ်ရာတွင် မီးတောင်များရှိ၍ အချို့နေရာများ တွင် မီးတောင်သေများနှင့် ချော်များဖုံးလွှမ်းထားသော နေရာ အများကို တွေ့ရသည်။ အမေရိကန်ပြည်ထောင်စု၌ ယခုတိုင် ရှိနေသေးသော မီးတောင်ရှင်တစ်ခုမှာ မြောက်ပိုင်း ကာလီဖိုးနီး ယားရှိ လက်ဆင်မီးတောင် ဖြစ်လေသည်။
အမေရိကန်ပြည်ထောင်စုသည် ကြီးမား ကျယ်ဝန်းသလောက် အင်း၊ အိုင်၊ စိမ့်စမ်း၊ ရေတံခွန်များ ပေါများသော နိုင်ငံဖြစ်ပေ သည်။ မြောက်ပိုင်း ဝစ္စကွန်ဆင်နှင့် မင်နီဆိုးတား ပြည်နယ် များ၌ အထူးသဖြင့် အင်းအိုင်ငယ်ကလေးများ ပေါများ၏။ ပရေရီမြက်ခင်းပြင်၏ မြောက်ဘက်အစွန်၌ ထင်ရှားကျော်စော သော ဂရိတ်လိတ်ခေါ် ရေအိုင်ကြီးများရှိ၏။ ထိုရေအိုင်ကြီး များသည် အလွန်ကျယ်ဝန်း၍ ကုန်းတွင်း၌ တည်ရှိသောကြောင့် ကုန်းတွင်းပင်လယ်များဟုပင် ခေါ်နိုင်လေသည်။ ကနေဒါနိုင်ငံရှိ စိန်လော့ရင့်မြစ်သည် ထိုရေအိုင်များမှနေ၍ အတ္တလန္တိတ် သမုဒ္ဒရာသို့ စီးဆင်းလေသည်။ ဆူပီးရီးယားအိုင်ကြီးနှင့် ဟူရွန် အိုင်ကို ဆန်မာရေးတူးမြောင်းဖြင့် ဆက်သွယ်ထား၍ ဟူရွန်အိုင် မှ အီရီအိုင်၊ တစ်ဖန် အီရီအိုင်မှ အွန်တေးရီအိုအိုင်တို့ကို လှေ သင်္ဘောများ အသွားအလာ လွယ်ကူစေရန် တူးမြောင်းများဖြင့် ဆက်သွယ်ထားလေသည်။ နိုင်အဂ္ဂရာ ရေတံခွန်ကြီးသည် ဤ အိုင်ကြီးများအနီး၌ တည်ရှိ၍ ပြည်ထောင်စု၏ ကျက်သရေကို ဆောင်နေလေသည်။ ( နိုင်အဂ္ဂရာရေတံခွန်။)
အီရီအိုင်အရှေ့ဘက်စွန်းမျှ ဟဒ်ဆန်မြစ်အထိ လှေသင်္ဘောများ သွားလာနိုင်ရန်အတွက် ဂီရီတူးမြောင်းကို ဖောက်လုပ်ထားသည်။ ထိုရေအိုင်ကြီးများအပြင် အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းတွင် ရေအိုင်ကလေး အများအပြား ရှိပေသေးသည်။ အမေရိကန် ပြည်ထောင်စုအတွင်း၌ ရေရှိသောဒေသများ အားလုံး၏ အကျယ်အဝန်းမှာ ၅၃ဝဝ၃ စတုရန်းမိုင် ဖြစ်လေသည်။ အမေရိကန်ပြည်ထောင်စုသည် မြောက်သမပိုင်းဇုန်အတွင်း၌ တည်ရှိသော်လည်း ရာသီဥတုမှာ အပူအအေး မညီမျှချေ။ ယေဘုယျအားဖြင့် ရာသီဥတုသည် တိုင်းပြည်မြေမျက်နှာပြင်ကို လိုက်၍ ပြောင်းလဲတတ်သောကြောင့် တောတောင်ထူထပ်သော ပင်လယ်ကမ်းရိုး တောင်တန်းဒေသနှင့် ကက်စကိတ်တောင် အနောက်ဘက်တို့တွင် စိုစွတ်ထိုင်းမှိုင်းခြင်း ဖြစ်စေလေသည်။ အနောက်ဘက် ကမ်းရိုးတန်းသည် ပစိဖိတ်ပင်လယ်လေကြောင့် အရှေ့ဘက်လောက် ရာသီဥတု မပြင်းထန်ချေ။ ဆောင်းရာသီ တွင် အလွန်အမင်း မအေးပဲ နွေရာသီ၌လည်း အလွန်အမင်း မပူချေ။ အနောက်ဘက်ဒေသ၌ ဆောင်းတွင်းမှာသာ မိုးရွာသွန်း ၍ တစ်နှစ်လုံးအတွက် ပျမ်းမျှ မိုးရေချိန်ကို ကြည့်သော် မိုး များသည်ဟု ဆိုနိုင်ပေသည်။ ရော့ကီးတောင်နှင့် ဆီယယ်ရာ နီဗား၊ စပ်ကြားရှိဒေသ၌ကား မိုးအလွန်နည်းသောကြောင့် အရှေ့တောင် ကာလီဖိုးနီးယားဘက်သို့ ရောက်သော် သဲကန္တာရ ကိုပင် တွေ့ရ၏။ အတ္တလန္တိတ်ဘက်ရှိ နယ်ပယ်များတွင်မူ နွေ အခါ၌ လွန်စွာပူ၍ ဆောင်းအခါ၌ လွန်စွာအေးလေသည်။
မိုးရေမှာ ကောက်ပဲသီးနှံများ စိုက်နိုင်ရုံလောက်သာ ရွာသွန်း သည်။ တောင်ဘက် မက္ကဆီကို ပင်လယ်ကွေ့တစ်ဝိုက်ရှိ နယ် များ၌ နွေရာသီတွင် အလွန်ပူ၍ ဆောင်းရာသီ၌ အသင့်အတင့် အေးချမ်းကာ ရံဖန်ရံခါ ဆီးနှင်းများ သည်းထန်စွာကျ၏။ မိုး လည်း အတော်များ၏။ အလယ်ပိုင်းလွင်ပြင်များ၌ ဆောင်း ရာသီမှာ အလွန်အေး၍ တစ်ခါတစ်ရံ ဆီးနှင်းများ မုန်တိုင်း များ ကျ၏။ ထိုဒေသမျာ၌ တစ်နှစ်လုံး ရွာသောမိုး၏ ၃/၄ သည် ဧပြီနှင့် စက်တင်ဘာလ စပ်ကြား၌ ရွာသွန်းလေသည်။ အမေရိကန်ပြည်ထောင်စုသည် နိုင်ငံသက်တမ်းအားဖြင့် နု သေးသော်လည်း မြေ0x100သဇာ အကောင်းဆုံးသော အရပ်၊ ဓာတ် သတ္တု များစွာထွက်သောအရပ်၊ အစားအသောက်နှင့် ကုန်စိမ်း ကုန်ရိုင်းတို့ထွက်သော အဖိုးတန် အရပ်ဒေသများကို ပိုင်ဆိုင် လေရာ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံတစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။ နိုင်ငံ အတွင်း၌ မှီတင်းနေထိုင်သော လူမျိုးများ မှာလည်း ကမ္ဘာအရပ်ရပ်မှ ပြောင်းရွေ့လာသော ပျူရီတန်ဂိုဏ်း ဝင်တို့သည် ကိုးကွယ်မှု နှိပ်ကွက်ခြင်းများကို မခံရပ်နိုင်ကြ သဖြင့် အမေရိကန်ပြည်ထောင်စုသို့ လာရောက် နေထိုင်ကြ၏။ ဒပ်ချလူမျိုးနှင့်ဆွစ်လူမျိုးတို့သည်လည်း ကုန်ရောင်းဝယ်ရေး လုပ်ငန်းကို လုပ်ကိုင်ရန်အလို့ငှါ နယူးယော့၊ နယူးဂျာစီ အရပ်တို့၌ လာရောက်နေထိုင်ကြ၏။ စပိန်လူမျိုးတို့လည်း ရွှေငွေရှာဖွေရန် ဖလော်ရီဒါ၊ တက်ဆက်နှင့်ကာလီဖိုးနီးယား ပြည်နယ်များသို့ လာရောက်၍ အခြေစိုက် နေထိုင်ကြ၏။ ဂျာမန်၊ 0x100သစတြီးယန်း၊ ပိုးလူမျိုးနှင့် အိုင်ရစ်လူမျိုးတို့သည် လည်း စီးပွားရေးနှင့် နိုင်ငံရေးအကြောင်းများကြောင့် မစ်စစ်စပီ မြစ်ဝှမ်းတစ်လျှောက်တွင် လာရောက်နေထိုင်ကြ၏။ ကွိတ်ကာ ဂိုဏ်းဝင်များနှင့် အယူဝါဒဆိုင်ရာ ဂျာမန် ဒုက္ခသည်များသည် ပင်ဆီလဗေးနီးယားပြည်နယ်ကို တည်ထောင်နေထိုင်ကြ၏။ ပစိဖိတ်ကမ်းခြေနှင့် အနီးအနားရှိ ကျွန်းစုများတွင်ကား မလေး၊ ဂျပန်နှင့် တရုတ်များရှိ၏။ ရုရှလူမျိုးတို့မှာ အလာစကာနယ် တွင် နေထိုင်ကြ၍ ဣတာလျံ၊ ယဟူဒီ၊ ဆလဗ်၊ အာမီးနီးယမ်း နှင့် ဆီးရီးယန်းတို့ကိုကား နေရာတကာ၌ တွေ့မြင်ရ၏။ အမေရိကန်၏တိုင်းရင်းသားလူမျိုးများဖြစ်သော အင်ဒီးယန်း လူမျိုးများကား ကမ္ဘာအရပ်ရပ်မှ လာရောက် နေထိုင်သော လူမျိုးများကြောင့် လူမျိုးပင် ပျောက်ကွယ်လုမတတ်ဖြစ် နေတော့၏။ သို့ဖြစ်လေရာ ကမ္ဘာပေါ်တွင် အမေရိကန် ပြည်ထောင်စုကဲ့သို့ လူမျိုးစုံသောနိုင်ငံကား မရှိတော့ပြီ။ ယင်းသို့အားဖြင့် ကမ္ဘာအရပ်ရပ်မှ လူအမျိုးမျိုး လာရောက် နေထိုင်ကြရာမှ နောင်အခါအမေရိကတိုက်တွင် အင်္ဂလိပ် လက်အောက်ခံ ကိုလိုနီနယ် တစ်ဆဲ့သုံးနယ်ဟူ၍ ဖြစ်လာ၏။ ထိုကိုလိုနီနယ်များသည် ၁၇၇၅ ခုနှစ် တွင် အင်္ဂလိပ်အစိုးရအား တော်လှန်၍ လွတ်လပ်သော အမေရိကန်ပြည်ထောင်စုကို တည် ထောင်လိုက်ကြသည်။ ထိုအခါမှစ၍ တဖြည်းဖြည်း ကြီးပွား တိုးတက်လာလေရာ ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် ပါဝင်သော ပြည်နယ်ပေါင်း ၅ဝ ရှိလေသည်။ ထိုပြည်နယ် များမှာ အယ်လဗားမား၊ အလာစကာ၊ အယ်ရီ ဇိုးနား၊ အာကင် ဆော၊ ကာလီဖိုးနီးယား၊ ကော်လိုရာဒိုး၊ ကွန်နက်တိကတ်၊ ဒဲလဝဲယား၊ ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊အိုက်ဒဟိုး၊ အီလီနွိုင်၊ အင်ဒီးယားနား၊ အိုင်ယိုးဝါး၊ ကန်းဆက်၊ ကင်တပ်ကီး၊ လူဝီဇီ ယန္နား၊ မိန်း၊ မေရီလန်၊ မင်ဆချူးဆက်၊ မစ်ရှီဂန်၊ မက်နီဆိုး တား၊ မစ်စစ်စပီ၊ မိဇူးရီ၊ မွန်တာနာ၊ နီဗရက်စက၊ နီဗားဒ၊ နယူဟမ္ပရှိုင်ယာ၊ နယူးဂျာစီ၊ နယူးမက္ကဆီကို၊ နယူးယော့၊ မြောက်ကယ်ရိုလီးနား၊မြောက်ဒကိုးတား၊ အိုဟိုင်းအိုး၊ အိုကလာ ဟိုးမား၊ 0x100သရီဂန်၊ ပင်ဆီလဗေးနီးယား၊ ရုတ်ကျွန်း၊ တောင် ကယ်ရိုလီးနား၊ တောင်ဒကိုး တား၊ တင်နက်ဆီ၊ တက်ဆက်၊ ယူးတား၊ ဗားမောင့်၊ ဗားဂျင်နီးယား၊ ဝါရှင်တန်၊ အနောက် ဗာဂျင်နီးယား၊ ဝစ္စကွန်းဆင်း၊ ဝိုင်အိုးမင်းနှင့် ဟာဝိုင်တို့ဖြစ် လေသည်။ အထက်ပါ ပြည်နယ်များအပြင် အမေရိကန်ပြည် ထောင်စု လက်အောက်ခံ ပင်လယ်ရပ်ခြားနယ်များလည်း ရှိပေ သေးသည်။
မူလသဘာဝအားဖြင့် ပစ္စည်းအင်အား တောင့်တင်းလှသော အမေရိကန်ပြည်ထောင်စု၌ အဖိုးတန်ဓာတ် သတ္တုများထွက်သော ပြည်နယ် မြောက်မြားစွာရှိသည့်အနက် ကျောက်မီးသွေးထွက် သည့် နယ်ပေါင်းမှာ သုံးဆယ်ခန့်ရှိ၏။ ပင်ဆီလဗေးနီးယား ပြည်နယ်သည် ကျောက်မီးသွေး အများဆုံးထွက်၍ စက်မှု လုပ်ငန်းများ တွင်ကျယ်စွာ လုပ်နိုင်သော ပြည်နယ်ဖြစ်၏။ မြောက်ဘက် အိုဟိုင်းအိုး၊ အီလီနွိုင်နှင့် နယူးယော့ပြည်နယ် များတွင်လည်း ကျောက်မီးသွေးအရိုင်းနှင့် မီးဖုတ်ပြီး ကျောက် မီးသွေးများ ထွက်၏။ ကြီးကျယ်သော သံမဏိ လုပ်ငန်းများမှ ပစ္စဗတ်မြို့၌ရှိ၍ ဂရိတ်လိတ်ဒေသရှိ သတ္တုတွင်းများမှ ထွက် သော သံများကို ထိုမြို့သို့ တင်ပို့ ရ၏။ ယာဉ်ရထားများ၊ လယ်ယာစိုက်ပျိုးရေး ကိရိယာများ၊ အပ်ချုပ်စက်များ၊ စက်ဘီး စသော စက်ကိရိယာများကို အရှေ့မြောက်၊ မြောက်ဘက်၊ အလယ်ပိုင်းနယ်ပယ်များ၌ ပြုလုပ်ကြ၏။ ဒီးထရွိုက်၊ ကလိ ဗလန်၊ အယ်လစ်ဇဗက်၊ နယူးဂျာစီ၊ ဖိလဒဲလဖီးယားနှင့် ရှီကာ ဂိုမြို့ကြီးများသည် စက်မှုလက်မှုလုပ်ရာ ဌာနကြီးများ ဖြစ်ကြ သည်။
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ကုန်ပစ္စည်း အများအပြား ထွက်သောနိုင်ငံလည်းဖြစ်၏။ ၁၉၇ဝ ပြည့်နှစ် တွင် ကမ္ဘာတစ်ဝန်းလုံးမှထွက်သော ရေနံ ၄၂ ဂါလန်ဝင် စည်ပေါင်း ၁၆၆၈၉ သန်းအနက် အမေရိကန်ပြည်ထောင်စုမှ ၃၅၁၇ သန်း ထွက်လေသည်။ သံထည်များလည်း အများ အပြား ထွက်၍ အယ်ရီဇိုးနားနှင့် မွန်တာနာပြည်နယ်များမှ ကြေးနီထွက်၏။ ရွှေအထွက်တွင် အမေရိကန်ပြည်ထောင်စုက ကမ္ဘာတွင် တတိယလိုက်၍ ငွေအထွက်တွင် ဒုတိယလိုက်လေ သည်။ အိုဇတ်ကုန်းပြင်မြင့်၌ ခဲနှင့်သွပ် အမြောက်အမြား ထွက် ၏။ အိုးခွက်လုပ်ရန် မြေကို ပြည်နယ်တိုင်းလိုလို၌ ရနိုင်၍ ထုံးကျောက်၊ ဂဝံကျောက်၊ ကျေက်စရစ်အဖြူနှင့် သင်ပုန်း ကျောက်များကို အက်ပလက်ချီယန်ဒေသ၊ မိန်း ပြည်နယ်နှင့် ဗားမောင့်ပြည်နယ်များ၌ ရှိလေသည်။
အမေရိကန်ပြည်ထောင်စု၏ အဓိကလုပ်ငန်းကြီးများတွင် အထည်အလိပ်လုပ်ငန်းလည်း အပါအဝင် ဖြစ်ပေသည်။ အမေရိကန်နိုင်ငံသည် ဝါဂွမ်းနှင့်သိုးမွေး အမြောက်အမြား ထွက်သောနိုင်ငံ ဖြစ်လေရာ နိုင်ငံခြားမှ အထည်ကြမ်းများ တင်သွင်းရန် မလိုတော့ချေ။ အထည်အလိပ်လုပ်ငန်း၏ ဗဟို ဌာနမှာ နယူးအင်္ဂလန်နယ်များ ဖြစ်၍ တောင်ကယ်ရိုလီးနား၊ ဂျော်ဂျီယာနှင့် အယ်လဗားမား ပြည်နယ်များတွင်လည်း လုပ် ကိုင်ကြ၏။ သိုးမွေးထည်လုပ်ငန်းကို ပင်ဆီလ ဗေးနီးယား၊ မက်ဆချူးဆက်၊ ရုတ်ကျွန်းတို့၌ လုပ်ကိုင်ကြ၏။ နယူးဂျာစီ ပြည်နယ် ပေတာဆန်မြို့မှာ ပိုးထည် အကြီးအကျယ် ရက်လုပ် ရာဌာန ဖြစ်၏။ အမေရိကန်ပြည်ထောင်စု၏ ထွက်ကုန်များ အနက် ၇၅ ရာခိုင်နှုန်းသည် စက်မှုလက်မှုနှင့်ဆိုင်သောကုန် များသာ ဖြစ်လေသည်။ အဓိကထွက် ကုန်များမှာ စည်သွတ် အသားဗူးများ၊ ပေါင်မုံ့ခြောက်၊ အဝတ်အစား၊ သင်္ဘော၊ မော်တော်ကား၊ လယ်ထွန်စက် ပစ္စည်း အစိတ်အပိုင်းများ၊ သံမဏိထည်များ၊ ဓာတုဗေဒပစ္စည်များနှင့် ဆေးဝါးများ၊ ဖိနပ်၊ ကြက်ပေါင်စေးနှင့် လုပ်သောကုန်များ၊ လျှပ်စစ်ဓာတ်အားပေး သောစက်များ အစရှိသည်တို့ ဖြစ်လေသည်။
အတ္တလန္တိတ်ဘက်တွင် ကယ်ရိုလီးနား မြောက်ပိုင်း၊ ပစိဖိတ် ဘက်တွင် ဆန်ဖရန်စစ္စကို မြောက်ပိုင်းနှင့် ဂရိတ်လိတ်ဒေသ တို့၌ တံငါလုပ်ငန်းသည် အကြီးအကျယ် ထွန်းကားသည်။ ရှီကာဂိုမှ ကန်းဆတ်အထိ ကောက်ပဲသီးနှံများ ကြိတ်ရန် စက်ရုံများနှင့် အသားငါးများ ထုတ်လုပ်ရန်စက်ရုံများ ရှိလေ သည်။ အသီးအနှံ များ စည်သွတ်ခြင်းကို ဗောလတီးမိုး၌ အကြီးအကျယ် လုပ်ကိုင်၏။ ဂရိတ်လိပ်ဒေသနှင့် အနောက် ဘက်နယ်များမှ ထောပတ်နှင့်ဒိန်ခဲထွက်၏။ ကြက်ပေါင်စေး လုပ်ငန်းကို အိုဟိုင်းအိုးပြည်နယ် အက္ကရွန်း၌လည်းကောင်း၊ ဖိနပ်လုပ်ငန်းကို နယူးအင်္ဂလန်နယ်များနှင့် မိဇူးရီပြည်နယ်၌ လည်းကောင်း၊ ရုပ်ရှင်လုပ်ငန်းကို ကာလီဖိုးနီးယားပြည်နယ် ဟော်လီဝု၌လည်းကောင်း အသီးအသီး လုပ်ကိုင်ကြ၏။ အထက်ပါ လုပ်ငန်းများအပြင် သစ်ရွေခြင်းလုပ်ငန်းသည် လည်း အမေရိကန်ပြည်ထောင်စု၌ အရေးကြီးသော လုပ်ငန်း တစ်ရပ် ဖြစ်၍ တောင်ပိုင်းပြည်နယ်များနှင့် ကာလီဖိုးနီးယား၊ ဝါရှင်တန်၊ 0x100သရီဂန်ပြည်နယ်တို့၌ လုပ်ကိုင်ကြ၏။ သို့ရာတွင် မစ်စစ်စပီ၊ လူဝီဇီယန္နား၊ အယ်လဗားမား၊ အာကင်ဆော၊ တက်ဆက်၊ မိန်းနှင့် မြောက်ကယ်ရိုလီးနား ပြည်နယ်များ၌ သာ၍ ကြီးကျယ်စွာ လုပ်ကိုင်၏။ သစ်သားပျော့ဖတ်နှင့် စက္ကူ လုပ်ငန်းများကို ဂရိတ်လိပ်ဒေသနှင့် မိန်းပြည်နယ်တဝိုက်၌ တွေ့ရ၍ အိမ်ထောင်ပရိဘောဂ ပစ္စည်းများကို မစ်ရှီဂန်၊ ဝါရှင် တန်နှင့် အရှေ့တောင်ဘက်ပြည်နယ်များ၌ လုပ်ကိုင်ကြ၏။ အမေရိကန်ပြည်ထောင်စုကြီးသည် စက်မှုလက်မှုလုပ်ငန်းများ တွင်သာမက လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၌လည်း ကြီးကျယ် ပေသည်။ အိုဟိုင်းအိုးမြစ်ဝှမ်းနှင့် ရေအိုင်ဒေသစပ်ကြားရှိ အလယ်ပိုင်း လွင်ပြင်အရပ်တွင် ကောက်ပဲသီးနှံ အမျိုးမျိုးကို စိုက်ပျိုးကြ၏။ ကမ္ဘာပေါ်၌ထွက်သော ပြောင်းစပါးအားလုံး၏ ၂/၃ ပုံမှာ အမေရိကန်ပြည်ထောင်စုက ဖြစ်၏။ ဒုတိယ အများဆုံး စိုက်ပျိုးသော အပင်မှာ ဝါဂွမ်းဖြစ်၍ ကမ္ဘာ့ထွက် ကုန်၏ ၅ဝ ရာခိုင်နှုန်းခန့် ရှိလေသည်။ ဝါဂွမ်းကို မြောက်နှင့် တောင်ကယ်ရိုလီးနား၊ ဂျော်ဂျီယား၊ တင်နက်ဆီ၊ အယ်လဗား မား၊ မစ်စစ်စပီ၊ လူဝီဇီးယန္နား၊ အာကင်ဆော၊ တက်ဆက်နှင့် ကာလီဖိုးနီးယားပြည်နယ်များတွင် အမြောက်အမြား စိုက်ပျိုးကြ ၏။ ကမ္ဘာထွက် ဂျုံများတွင် ၁/၅ ပုံမှာ အမေရိကန် ပြည်ထောင်စုမှ ဖြစ်၏။ ဂျုံကို နေရာတိုင်းမှာပင် စိုက်ပျိုးသော် လည်း အများဆုံးစိုက်သောပြည်နယ်မှာ ကန်းဆတ်ပြည်နယ်နှင့် ယင်းနယ်၏ မြောက်ဘက်နှင့် အရှေ့ဘက်တို့၌ ဖြစ်လေသည်။ ဝါရှင်တန်ပြည်နယ်နှင့် 0x100သရီဂန်ပြည်နယ်တို့၌လည်း ဂျုံ အမြောက်အမြား စိုက်ပျိုးကြ၏။ မြင်းစားဂျုံများကို ပြောင်း စပါး စိုက်ပျိုးရာ ဒေသများ၏ မြောက်ဘက်နှင့် တောင်ဘက် တို့၌ အများဆုံး စိုက်ပျိုး၏။ ဗာလီကို ဂျုံစိုက်ရာဒေသများ၌ အနည်းငယ် စိုက်ပျိုး၏။ ကျွဲနွားတိရစ္ဆာန်များအတွက် မြက်ပင် များသည် သင့်တော်သော ရာသီဥတုနှင့် မိုးရေလုံလောက်စွာ ရသောဒေသများ၌ ပေါက်ရောက်၍ ဝါဂွမ်း စိုက်ရာဒေသများ၌ ကျွဲစာနွားစာဖြစ်သော တောပဲပင်များ၊ ပဲငပိပင်များ စသည်တို့ ပေါက်ရောက်လေသည်။ ဒကိုးတား၊ မင်နီဆိုးတားနှင့် မွန်တာ နာပြည်နယ်များ၌ ပိုက်ဆံပင်များကို စိုက်ပျိုးကြ၍ လျှော်ပင် များကို ကင်တပ်ကီးပြည်နယ်တွင် ပေါက်ရောက်သော အပြာ ရောင်မြက် တစ်မျိုးမှ ရရှိ၏။ လူဝီဇီယန္နား၌ ကြံများ အကြီး အကျယ် စိုက်ပျိုးသည်။ တက်ဆက်၊ အယ်လဗားမား၊ ဂျော်ဂျီ ယာနှင့် ဖလော်ရီဒါပြည်နယ်များတွင်လည်း ကြံကို စိုက်ပျိုး သည်။ မေပယ်ပင်များကို ဗားမောင့်၊ နယူးယော့နှင့် ပင်ဆီလ ဗေးနီးယားပြည်နယ်တို၌ တွေ့ရှိနိုင်၏။ သစ်သီးဝလံများကို ပြည်နယ်တိုင်း၌လိုလိုပင် စိုက်ပျိုးကြသော်လည်း အထူးသဖြင့် 0x100သရီဂန်၊ ဝါရှင်တန်၊ ကာလီဖိုးနီးယား၊ ဖလော်ရီဒါ၊ နယူး အင်္ဂလန်နယ်များ၌ ပိုမိုစိုက်ပျိုးကြသည်။ အမေရိကန် ပြည်ထောင်စု၏ ထွက်ကုန်များတွင် အရေးကြီးသော ထွက်ကုန် တစ်ခု ဖြစ်သည့် ဆေးကိုကား ကင်တပ်ကီး၊ မြောက်ကယ်ရိုလီး နား၊ တောင်ကယ်ရိုလီးနား၊ ဗာဂျင်းနီးယား၊ တင်နက်ဆီ၊ ကွန် နက်တီကတ်၊ အိုဟိုင်းအို၊ မေရီလန်နှင့် ဝစ္စကွန်းဆင်းပြည်နယ် များ၌ စိုက်ပျိုးလေသည်။
အမေရိကန်ပြည်ထောင်စုသည် အပြောကျယ်လေရကား တိရစ္ဆာန်များသည် အရေအတွက် များပြားသည်နှင့်အမျှ အမျိုး လည်း ကွဲပြားကြ၏။ သမင်၊ ဒရယ်၊ မုစကောင်၊ ဝက်ဝံ၊ ပြောင်၊ တောင်ခြင်္သေ့၊ တောကြောင်မြီးတို၊ အမေရိကန်ကျား သစ်၊ ဝံပုလွေ၊ မြေခွေး၊ တောင်ဆိတ်၊ သိုး၊ ပရေရီခွေး၊ အမေရိကန်ဖျံ၊ ရှဉ့်၊ ယုန်၊ ပင်လယ်ဖျံ၊ ပင်လယ်လိပ်နှင့် အခြားတိရစ္ဆာန် အမျိုးပေါင်းများစွာ ရှိလေသည်။ ငှက်မျိုး ထဲမှလည်း ရစ်ပုမျိုး၊ ရိုးရိုးရစ်၊ စွန်၊ သိမ်းငှက်၊ သစ်တောက် ငှက်၊ ငှက်ပြာ၊ သပိတ်လွယ်ရင်အုပ်နီ၊ သပိတ်လွယ်၊ ကြိုးကြာ နီ၊ မြေလူးငှက်၊ မြေလူးငှက်ဝါ၊ ဝံပိုငှက် စသည်ဖြင့် အမျိုးမျိုး ရှိသည်။ တောင်ဒကိုးတား မီဇူးရီ၊ ဝစ္စကွန်းဆင်း၊ အိုင်ယိုဝါး၊ နီဗရက်စကနှင့် ကန်းဆက်ပြည်နယ်များ၌ ကျွဲနွားတိရစ္ဆာန်များ ကို အကြီးအကျယ် မွေးမြူကြ၏။ သိုးများကို တက်ဆက်၊ မွန်တာနာ၊ ကာလီဖိုးနီးယား၊ အိုက်ဒဟိုး၊ ဝိုင်အိုးမင်းနှင့် 0x100သရီ ဂန်ပြည်နယ် တို့၌လည်းကောင်း၊ ဝက်များကို အိုင်ယိုးဝါး၊ အီလီနွိုင်၊ နီဗရက်စက၊ အင်ဒီယားနား၊ မင်နီဆိုးတားနှင့် မီဇူးရီပြည်နယ်တို့၌လည်းကောင်း၊ မွေးမြူကြ၏။ ကမ္ဘာ၏ လေးပုံတပုံသော ဝက်များနှင့် ဆယ်ပုံတစ်ပုံသော ကျွဲနွားများမှာ အမေရိကန်ပြည်ထောင်စုတွင် ရှိလေသည်။
အုပ်ချုပ်ရေး။ ။ အမေရိကန်နိုင်ငံသည် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက် သည့်အချိန်ကစ၍ ပြည်ထောင်စုနိုင်ငံအဖြစ် ဖွဲ့စည်းတည်ထောင် ထားသည်။ ၁၇၈၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က အတည်ပြုခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ အမေရိကန်ပြည်ထောင်စုအုပ်ချုပ်ရေးတွင် ဌာနကြီး သုံးခုရှိ၏။ ယင်းတို့မှာ (၁) အုပ်ချုပ်ရေးဌာန၊ (၂) ဥပဒေပြုဌာနနှင့် (၃) တရားဌာနတို့ဖြစ်ကြသည်။ ဤဌာနကြီး သုံးခုသည် စည်းလုံး ညီညွတ်စွာ နိုင်ငံ၏တာဝန်ကို ထမ်းဆောင်ကြရ၏။ ဌာန တစ်ခုစီ တစ်ခုစီ၌ ကိုယ်ပိုင်တန်ခိုးအာဏာများရှိရာ ထိုတန်ခိုး အာဏာများကို ကျန်ဌာနနှစ်ခုက ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်း မပြုလုပ်နိုင်ချေ။
အုပ်ချုပ်ရေးဌာနတွင် သမ္မတသည် အချုပ်အခြာ အာဏာပိုင် ဖြစ်၏။ သမ္မတကို လေးနှစ်တစ်ကြိမ် ရွေးကောက်တင်မြေ|ာက် ရ၏။ နိုင်ငံ၏အခြေခံဥပဒေအရ သမ္မတအား အပ်နှင်းထား သော အာဏာများမှာ လွန်စွာပင် များပြားကျယ်ဝန်းလှပေ သည်။ သမ္မတသည် နိုင်ငံခြား တိုင်းပြည်များနှင့် စာချုပ်ချုပ် နိုင်၏။ သံအမတ်များ၊ တရားလွှတ်တော်ချုပ် တရားသူကြီး များနှင့် အရေးပါသော အထက်တန်းအရာရှိကြီးများကို ခန့် ထားနိုင်၏။ သို့ရာတွင် ဤသို့ခန့်ထားတိုင်း အထက်လွှတ် တော်၏ သဘောတူညီချက်ကို ခံယူရလေသည်။ျ
ဥပဒေပြုဌာနတွင် အထက်လွှတ်တော်၊ အောက်လွှတ်တော် ဟူ၍ နှစ်ပိုင်းရှိ၏။ ထိုလွှတ်တော်နှစ်ခုလုံးကို ကွန်ဂရက်ဟုခေါ် လေသည်။ အောက်လွှတ်တော်တွင် ပြည်သူတို့က ရွေးကောက် တင်မြေ|ာက်လိုက်သော ကိုယ်စားလှယ်အမတ်များ ပါဝင်၏။ အမတ်အရေအတွက်မှာ လူဦးရေ အနည်းအများပေါ်တွင် တည်လေသည်။ ကိုယ်စားလှယ်တစ်ဦးစီ၏ သက်တမ်းမှာ နှစ်နှစ်ဖြစ်၏။ အထက်လွှတ်တော်အမတ်များကို ပြည်နယ် တစ်နယ်လျှင် နှစ်ဦးကျစီ ရွေးကောက်တင်မြေ|ာက်ရ၏။ အထက်လွှတ်တော်အမတ်တစ်ဦးစီ၏ သက်တမ်းမှာ ခြောက်နှစ် ဖြစ်လေသည်။
တရားစီရင်ရေးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် လက်အောက်ခံ ပြည်နယ်တရားလွှတ်တော်များက ဆောင်ရွက် ရ၏။ တရားလွှတ်တော်ချုပ် တရားသူကြီးများသည် ကွန်ဂရက် လွှတ်တော်မှ အတည်ပြုလိုက်သော တရားဥပဒေများ၏ သဘောသက်ရောက်ပုံ အဓိပ္ပါယ်ကို ကောက်ယူနိုင်သော အာဏာရှိကြ၏။
အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်ပေါင်း ၅ဝ ရှိရာ ထိုပြည်နယ်များသည် မိမိတို့သက်ဆိုင်ရာ အရေးကိစ္စများတွင် လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့် ရှိကြ၏။ ပြည်နယ်တိုင်း၌ သီးခြားရေးဆွဲထားသော ဖွဲဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ခု စီရှိကြရာ အုပ်ချုပ်ပုံ နည်းလမ်းများမှာလည်း တစ်နယ်နှင့် တစ်နယ် တူညီကြသည်။ ယခုလက်ရှိ အမေရိကန်ပြည်ထောင်စု ၏ သမ္မတမှာ မစ္စတာဂျရယ်ဖို့ ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏ လူဦးရေမှာ ၁၉၇ဝ ပြည့်နှစ်၌ ၂ဝ၃၂၃၅၂၉၈ ဖြစ်၏။ ၁၉၆ဝ ပြည့်နှစ်က လူဦးရေ ၁၇၉၃၂၃၁၇၅ မျှ ရှိလေရာ ဆယ်နှစ်အတွင်း လူဦးရေမည်မျှ တိုးပွားလာသည်ကို ခန့်မှန်းနိုင်ပေသည်။ ၁၉၇ဝ ပြည့်နှစ် လူဦးရေတွင် နီဂရိုးလူမျိုးများ၏ ဦးရေမှာ ၂၂ သန်းကျော်မျှ ပါရှိလေသည်။
အမေရိကန်ပြည်ထောင်စု၏မြို့တော်မှာ ဝါရှင်တန်မြို့ဖြစ်၍ မည်သည့်နယ်တွင် မပါပဲ ကိုလမ္ဗီယာခရိုင်တွင် တည်ရှိသည်။ လူဦးရေမှာ ၁၉၇ဝ ပြည့်နှစ်တွင် ၇၅၆၅၁ဝ ဖြစ်သည်။ မြို့ ကြီးများမှာ လော့စိန်းဂျလီး၊ ရှီကာဂို၊ နယူးယော့၊ ဗိလဒဲလ ဖီယာ၊ ဗော့စတန်၊ ဆန်ဖရစ်စစ္စကို၊ ပစ္စဗတ်၊ ကလိဗလန်၊ ဒီးထရွိုက်၊ စိန့်လူဝီ စသည်တို့ ဖြစ်သည်။ နယူးယော့မြို့မှာ ၁၉၇ဝ ပြည့်နှစ်တွင် လူဦးရေ ၇၈၉၅၆၃ ရှိ၍ ကမ္ဘာ အနောက် ခြမ်းတွင် အကြီးဆုံးနှင့် လူဦးရေအများဆုံး မြို့ကြီး ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ ကူးသန်းရောင်းဝယ်ရေး မြို့တော် လည်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် စက်မှုလက်မှု ထွန်းကားသော နိုင်ငံဖြစ်၍ လမ်းပန်းဆက်သွယ်ရေးတွင် မီးရထားလမ်း၊ ကား လမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများကို နေရာအနှံ့အပြားတွင် ဖွင့်ထားလေသည်။ အမေရိကန်ပြည်ထောင်စုတွင် အရှေ့ဘက် အတ္တလန္တိတ်ကမ်းခြေမှ အနောက်ဘက် ပစိဖိတ်ကမ်းခြေသို့ လည်းကောင်း၊ တောင်ဘက် အစွန်ဆုံးနေရာမှ မြောက်ဘက် အစွန်ဆုံးနေရာသို့လည်းကောင်း မီးရထားလမ်းများ ဖောက်လုပ် ထားပေသည်။ [၃၅]
[ပြင်ဆင်ရန်] ပြည်နယ်များ
|
||||||||
မြို့တော်ဖြစ်သည့် ဝါရှင်တန်ဒီစီမှာ ဗဟိုအစိုးရမှ တိုက်ရိုက်အုပ်ချုပ်သည့် သီးသန့်နယ်မြေဖြစ်ပါသည်။
[ပြင်ဆင်ရန်] နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ
[ပြင်ဆင်ရန်] စီးပွါးရေး
[ပြင်ဆင်ရန်] လူဦးရေပျံ့နှံ့ နေထိုင်မှု
[ပြင်ဆင်ရန်] အယူဘာသာများ
[ပြင်ဆင်ရန်] ယဉ်ကျေးမှု
[ပြင်ဆင်ရန်] အားကစား
[ပြင်ဆင်ရန်] ဆက်စပ်ကြည့်ရှုရန်
[ပြင်ဆင်ရန်] ရည်ညှန်းချက်များ
- ↑ Lubowski, Ruben, Marlow Vesterby, and Shawn Bucholtz (2006-07-21). AREI Chapter 1.1: Land Use. Economic Research Service. Retrieved on 2009-03-09။
- ↑ United States. The World Factbook. CIA (2009-09-30). Retrieved on 2010-01-05 (area given in square kilometers)။
- ↑ Population by Sex, Rate of Population Increase, Surface Area and Density. Demographic Yearbook 2005. UN Statistics Division. Retrieved on 2008-03-25 (area given in square kilometers)။
- ↑ United States. Encyclopedia Britannica. Retrieved on 2008-03-25 (area given in square miles)။
- ↑ World Factbook: Area Country Comparison Table. Yahoo Education. Retrieved on 2007-02-28။
- ↑ O'Hanlon, Larry. Supervolcano: What's Under Yellowstone?. Discovery Channel. Retrieved on 2007-06-13။
- ↑ Perkins, Sid (2002-05-11). Tornado Alley, USA. Science News. Archived from the original on 2007-07-01။ Retrieved on 2006-09-20။
- ↑ Morin, Nancy. Vascular Plants of the United States. Plants. National Biological Service. Retrieved on 2008-10-27။
- ↑ Global Significance of Selected U.S. Native Plant and Animal Species. SDI Group (2001-02-09). Retrieved on 2009-01-20။
- ↑ Numbers of Insects (Species and Individuals). Smithsonian Institution. Retrieved on 2009-01-20။
- ↑ National Park Service Announces Addition of Two New Units. National Park Service (2006-02-28). Retrieved on 2006-06-13။
- ↑ ၁၂.၀ ၁၂.၁ Federal Land and Buildings Ownership. Republican Study Committee (2005-05-19). Retrieved on 2009-03-09။
- ↑ Peopling of Americas. Smithsonian Institution, National Museum of Natural History (June 2004). Archived from the original on 2007-11-28။ Retrieved on 2007-06-19။
- ↑ Meltzer, D.J. (1992). "How Columbus Sickened the New World: Why Were Native Americans So Vulnerable to the Diseases European Settlers Brought With Them?". New Scientist.
- ↑ British Convicts Shipped to American Colonies. American Historical Review 2. Smithsonian Institution, National Museum of Natural History (October 1896). Retrieved on 2007-06-21။
- ↑ Russell, David Lee (2005). The American Revolution in the Southern Colonies. Jefferson, N.C., and London: McFarland, p. 12. ISBN 0-7864-0783-2.
- ↑ Blackburn, Robin (1998). The Making of New World Slavery: From the Baroque to the Modern, 1492–1800. London and New York: Verso, p. 460. ISBN 1-85984-195-3.
- ↑ Louisiana Purchase. National Parks Services. Retrieved on 1 March 2011။
- ↑ Morrison, Michael A. (1999). Slavery and the American West: The Eclipse of Manifest Destiny and the Coming of the Civil War. Chapel Hill: University of North Carolina Press, pp. 13–21. ISBN 0-8078-4796-8.
- ↑ 1860 Census. U.S. Census Bureau. Retrieved on 2007-06-10။ Page 7 lists a total slave population of 3,953,760.
- ↑ De Rosa, Marshall L. (1997). The Politics of Dissolution: The Quest for a National Identity and the American Civil War. Edison, NJ: Transaction, p. 266. ISBN 1-56000-349-9.
- ↑ Maris Vinovskis (1990). "Toward a social history of the American Civil War: exploratory essays". Cambridge University Press. p.6. ISBN 0-521-39559-3
- ↑ Gates, John M. (August 1984). War-Related Deaths in the Philippines. Pacific Historical Review. College of Wooster. Retrieved on 2007-09-27။
- ↑ Foner, Eric, and John A. Garraty (1991). The Reader's Companion to American History. New York: Houghton Mifflin, p. 576. ISBN 0-395-51372-3.
- ↑ McDuffie, Jerome, Gary Wayne Piggrem, and Steven E. Woodworth (2005). U.S. History Super Review. Piscataway, NJ: Research & Education Association, p. 418. ISBN 0-7386-0070-9.
- ↑ Burton, Jeffrey F., et al. (July 2000). A Brief History of Japanese American Relocation During World War II. Confinement and Ethnicity: An Overview of World War II Japanese American Relocation Sites. National Park Service. Retrieved on 2010-04-02။
- ↑ Kennedy, Paul (1989). The Rise and Fall of the Great Powers. New York: Vintage, p. 358. ISBN 0-679-72019-7.
- ↑ The United States and the Founding of the United Nations, August 1941 – October 1945. U.S. Dept. of State, Bureau of Public Affairs, Office of the Historian (October 2005). Archived from the original on 2007-06-12။ Retrieved on 2007-06-11။
- ↑ Pacific War Research Society (2006). Japan's Longest Day. New York: Oxford University Press. ISBN 4-7700-2887-3.
- ↑ Voyce, Bill (2006-08-21). Why the Expansion of the 1990s Lasted So Long. Iowa Workforce Information Network. Retrieved on 2007-08-16။
- ↑ Voyce, Bill (2006-08-21). Why the Expansion of the 1990s Lasted So Long. Iowa Workforce Information Network. Retrieved on 2007-08-16။
- ↑ "Many Europeans Oppose War in Iraq", USA Today, 2003-02-14. Retrieved on 2008-09-01.Springford, John (December 2003). 'Old’ and ‘New’ Europeans United: Public Attitudes Towards the Iraq War and US Foreign Policy. Centre for European Reform. Retrieved on 2008-09-01။
- ↑ "BP Oil Spill Is Now The Largest Ever In Gulf", CBS/Associated Press, 2010-07-01. Retrieved on 2010-07-01.
- ↑ Scheb, John M., and John M. Scheb II (2002). An Introduction to the American Legal System. Florence, KY: Delmar, p. 6. ISBN 0-7668-2759-3.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)