| မာလီ သမ္မတနိုင်ငံ |
|
|
| နိုင်ငံတော်ဆောင်ပုဒ် - ပြည်သူတစ်စု၊ ပန်းတိုင်တစ်ခု၊ ယုံကြည်မှုတစ်ခု |
| နိုင်ငံတော်သီချင်း - Le Mali |
ပထဝီ
|
 |
| မြို့တော် |
ဘာမာကိုမြို့ |
| အကြီးဆုံးမြို့ |
ဘာမာကိုမြို့ |
ဧရိယာ
- ဧရိယာ - ၁,၂၄၀,၁၉၂ km² (၄၇၈,၈၃၉ sq mi) (အဆင့်: ၂၄)
- ရေဖုံးလွှမ်းမှု - ၁.၆%
|
| စံတော်ချိန်ဇုန် |
UTC +၀ |
| လူနေမှု |
လူဦးရေ
- လူဦးရေ - ၁၄,၅၁၇,၁၇၆ (၂၀၀၉) (အဆင့် - ၆၇)
- လူဦးရေသိပ်သည်းမှု - ၁၁.၇/km² (၃၀.၃/sq mi) (အဆင့် - ၂၁၅)
|
| နိုင်ငံရေး |
| အမျိုးအစား |
သမ္မတတစ်ပိုင်း အုပ်ချုပ်သော သမ္မတနိုင်ငံ |
အစိုးရခေါင်းဆောင်များ
- သမ္မတ - Amadou Toumani Touré
- ဝန်ကြီးချုပ် - Cissé Mariam Kaïdama Sidibé
|
ထူထောင်မှု
- လွတ်လပ်ရေး ရခြင်း (ပြင်သစ်မှ ဆူဒန် ဆီနီဂေါတို့နှင့်အတူ - ဧပြီ ၄ရက်၊ ၁၉၆၀
- မာလီနိုင်ငံ အနေနှင့် - စက်တင်ဘာ ၂၂ရက်၊ ၁၉၆၀
|
| စီးပွားရေး |
| GDP(PPP) |
၁၆.၇၇၂ ဘီလီယံ (အဆင့် - ) |
| GDP(PPP) |
US $၁,၂၅၁ (အဆင့် - ) |
| HDI |
၀.၃၇၁ (အနိမ့်) (အဆင့် - ၁၇၈) |
| ငွေ |
အနောက် အာဖရိက ဖရန့် |
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ |
| CCLTD |
.ml |
| Calling code |
+၂၂၃ |
မာလီနိုင်ငံ၏ တရားဝင်အမည်မှာ မာလီသမ္မတနိုင်ငံ ဖြစ်ပြီး အနောက်အာဖရိကတွင် ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ မြောက်ဘက်တွင် အယ်လ်ဂျီးရီးယားနိုင်ငံ၊ အရှေ့ဘက်တွင် နိုင်ဂျာနိုင်ငံ၊ တောင်ဘက်တွင် ဘာကီးနားဖားဆိုနိုင်ငံ နှင့် ကိုယ့်ဒီဗွားနိုင်ငံ၊ အနောက်တောင်ဘက်တွင် ဂီနီနိုင်ငံ၊ အနောက်ဘက်တွင် ဆီနီဂေါနိုင်ငံ နှင့် မော်ရီတေးနီးယားနိုင်ငံ တို့က ဝန်းရံထားသည်။ ဧရိယာ စတုရန်း ကီလိုမီတာပေါင်း ၁,၂၄၀,၀၀၀ ကီလိုမီတာ ရှိပြီး လူဦးရေ ၁၄.၅ သန်း ရှိသည်။ မြို့တော်မှာ ဘာမာကိုမြို့ ဖြစ်သည်။ မာလီတွင် ဒေသရှစ်ခု ပါဝင်ပြီး မြောက်ဘက်ပိုင်း နယ်စပ်မှာ ဆဟာရ သဲကန္တာရ အတွင်းကျကျ တွင် ရှိသည်။ နိုင်ငံ၏ တောင်ဘက်ပိုင်းတွင်သာ လူအများ နေထိုင်ကြသည်။ နိုင်ဂျာမြစ်နှင့် ဆီနီဂေါမြစ်တို့ ရှိသည်။ နိုင်ငံ၏ စီးပွားရေးမှာ စိုက်ပျိုးမွေးမြူရေး နှင့် ငါးဖမ်းခြင်း ပေါ်တွင် အခြေခံသည်။ မာလီနိုင်ငံမှ ရွှေ၊ ယူရေနီယမ် နှင့် ဆား စသော သဘာဝ အရင်းအမြစ်များ ထွက်ရှိသည်။