| ဆီနီဂေါသမ္မတနိုင်ငံ |
|
|
| နိုင်ငံတော်ဆောင်ပုဒ် - One People, One Goal, One Faith |
| နိုင်ငံတော်သီချင်း - Everyone strum your koras, strike the balafons |
ပထဝီ
|
 |
| မြို့တော် |
ဒကာမြို့ |
| အကြီးဆုံးမြို့ |
ဒကာမြို့ |
ဧရိယာ
- ဧရိယာ - ၁၉၆,၇၂၃ km² (၇၆,၀၀၀ sq mi) (အဆင့်: ၈၇)
- ရေဖုံးလွှမ်းမှု - ၂.၁%
|
| စံတော်ချိန်ဇုန် |
UTC UTC |
| လူနေမှု |
| ရုံးသုံးဘာသာများ |
ပြင်သစ်ဘာသာ |
လူဦးရေ
- လူဦးရေ - ၁၃,၇၁၁,၅၉၇ (၂၀၀၉) (အဆင့် - ၆၇)
- လူဦးရေသိပ်သည်းမှု - ၆၉.၇/km2²(၁၈၀.၄/sq mi) (အဆင့် - ၁၃၄)
|
| နိုင်ငံရေး |
| အမျိုးအစား |
သမ္မတနိုင်ငံ |
အစိုးရခေါင်းဆောင်များ
- သမ္မတ - Abdoulaye Wade
- ဝန်ကြီးချုပ် - Souleymane Ndéné Ndiaye
|
| ထူထောင်မှု
|
| စီးပွားရေး |
| GDP(PPP) |
၂၃.၂၇၄ ဘီလီယံ [၁] (အဆင့် - ) |
| GDP(PPP) |
$၁,၇၇၂[၁] (အဆင့် - ) |
| HDI |
▲၀.၄၁၁ (အဆင့် - ၁၄၄) |
| ငွေ |
အနောက်အာဖရိက ဖရန့် |
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ |
| CCLTD |
.sn |
| Calling code |
+၂၂၁ |
ဆီနီဂေါနိုင်ငံ၏ တရားဝင်အမည်မှာ ဆီနီဂေါ သမ္မတနိုင်ငံ ဖြစ်ပြီး အနောက်အာဖရိကရှိ ဆီနီဂေါမြစ်၏ တောင်ဘက်တွင် ရှိသော နိုင်ငံ ဖြစ်သည်။ နိုင်ငံ၏ အရှေ့ဘက်နှင့် မြောက်ဘက် နယ်နိမိတ်ဖြစ်သော ဆီနီဂေါမြစ်ကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ဆီနီဂေါနိုင်ငံ၏ အနောက်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ၊ မြောက်ဘက်တွင် မော်ရီတေးနီးယားနိုင်ငံ၊ အရှေ့ဘက်တွင် မာလီနိုင်ငံ၊ တောင်ဘင်တွင်း ဂီနီနိုင်ငံ နှင့် ဂင်းနီဘစ်ဆောနိုင်ငံ တို့က ဝိုင်းရံ ထားကြသည်။ ဂမ်ဘီယာနိုင်ငံအား မြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်တို့မှ ဝိုင်းရံထားပြီး ဂမ်ဘီယာ၏ တိုတောင်းသော အတ္တလန္တိတ် သမုဒ္ဒရာ ကမ်းရိုးတန်းသာလျှင် ကျန်ရှိသည်။ ဆီနီဂေါနိုင်ငံသည် မြေနေရာ အကျယ်အဝန်းအားဖြင့် ၁၉၇,၀၀၀ စတုရန်းကီလိုမီတာ (၇၆,၀၀၀ စတုရန်းမိုင်) မျှ ရှိပြီး ခန့်မှန်းခြေ လူဦးရေအားဖြင့် ၁၄ သန်းခန့် ရှိသည်။ ရာသီဥတုမှာ မုတ်သုံ ရာသီဥတုဖြစ်ပြီး နွေရာသီ နှင့် မိုးရာသီ ဟူ၍ ရာသီဥတု ၂ မျိုး ရှိသည်။