ထွန်းထွန်းဦး (ပြည်ထောင်စုရှေ့နေချုပ်)
ထွန်းထွန်းဦး | |
---|---|
ပြည်ထောင်စုရှေ့နေချုပ် | |
တာဝန်သက်တမ်း ၅ ဧပြီ ၂၀၁၆ – ၂ ဖေဖော်ဝါရီ ၂၀၂၁ | |
သမ္မတ | ဦးထင်ကျော် ဦးမြင့်ဆွေ (ယာယီ) ဦးဝင်းမြင့် |
ယခင်လူ | ဦးထွန်းရှင် |
ဆက်ခံသူ | ဒေါက်တာဒေါ်သီတာဦး |
ဒုတိယပြည်ထောင်စုရှေ့နေချုပ် | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြောင်းမြမြို့ | ၁၉ အောက်တိုဘာ၊ ၁၉၅၇
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | ဒေါ်တင်တင်ဝင်း |
သားသမီး | ၃ |
အလုပ်အကိုင် | ပြည်ထောင်စုရှေ့နေချုပ် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
ရာထူး | ဗိုလ်ချုပ် |
ဦးထွန်းထွန်းဦးသည် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[၁]ယခင်က ဒုတိယရှေ့နေချုပ်ဖြစ်သည်။[၂]တပ်မတော်မှ ဗိုလ်ချုပ်အဆင့်ဖြင့် အငြိမ်းစားယူခဲ့သူဖြစ်ကာ စစ်ဥပဒေချုပ်လည်း ဖြစ်ခဲ့သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင်လည်း ဒုတိယဥက္ကဋ္ဌအဖြစ် လုပ်ဆောင်ခဲ့သည်။[၃]
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]ဦးထွန်းထွန်းဦးကို မြောင်းမြမြို့တွင် ၁၉၅၇ခုနှစ် အောက်တိုဘာ ၁၉ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (ဥပဒေ)၊ ဥပဒေဘွဲ့များ ရရှိခဲ့သည်။ ထို့နောက် စစ်တက္ကသိုလ်မှ မဟာဝိဇ္ဇာ (ကာကွယ်ရေး)ဘွဲ့ ရရှိခဲ့သည်။
အလုပ်အကိုင်
[ပြင်ဆင်ရန်]ဦးထွန်းထွန်းဦးသည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်ထောင်စုဒုတိယရှေ့နေချုပ် ဖြစ်လာခဲ့သည်။၂၀၁၆ခုနှစ် ဧပြီလတွင် သမ္မတအသစ်ဖြစ်သူ ဦးထင်ကျော်မှ ၎င်း၏အစိုးရအဖွဲ့တွင် ရှေ့နေချုပ်အသစ်အဖြစ် တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က လက်ခံသဖြင့် ပြည်ထောင်စုရှေ့နေချုပ် ဖြစ်လာခဲ့သည်။၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်တွင် ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်တို့အား တာဝန်မှ ရပ်စဲလိုက်သည်။
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]ဦးထွန်းထွန်းဦးသည် ဒေါ်တင်တင်ဝင်းနှင့် လက်ထပ်ခဲ့ကာ ဇနီးဖြစ်သူမှာ ကျောင်းဆရာမတစ်ဦးဖြစ်သည်။၎င်းတို့တွင် ဗိုလ်ကြီးဉာဏ်စွမ်းဦး၊ ဒေါက်တာ စွမ်းဆောင်ဦး၊ ဒေါက်တာ မြတ်နိုးဦးဟူသော သားသမီး (၃)ဦးရှိသည်။