အောင်ကို (နိုင်ငံရေးသမား)
သူရ အောင်ကို | |
---|---|
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
သမ္မတ | ဦးထင်ကျော် ဦးမြင့်ဆွေ (ယာယီ) ဦးဝင်းမြင့် |
ယခင်လူ |
|
ဆက်ခံသူ | ဦးကိုကို |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၂၉ ဇန်နဝါရီ ၂၀၁၆ | |
မဲဆန္ဒနယ် | ကန်ပက်လက်မြို့နယ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ကျောက်ပန်းတောင်းမြို့၊ မန္တလေးတိုင်းဒေသကြီး | ၄ ဇန်နဝါရီ၊ ၁၉၄၈
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ |
|
ကြင်ဖော်(များ) | မြင့်မြင့်ရီ |
သားသမီး | ၃ |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
အမှုထမ်းကာလ | ၁၉၆၉-၁၉၉၇ |
ရာထူး | ဗိုလ်မှူးချုပ် |
ဦးအောင်ကို (သူရဦးအောင်ကို) သည် ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။၂၀၁၅ခုနှစ်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုပါတီဝင်တစ်ဦးဖြစ်ခဲ့သူလည်းဖြစ်သည်။၂၀၂၁မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းတွင် ဖမ်းဆီးခံရပြီး ထောင်၁၂နှစ်ချခံရကာ ၂၀၂၃ ဇန်နဝါရီ၃ရက်တွင် ပြန်လွတ်သည်။
လွှတ်တော်ကိုယ်စားလှယ်
[ပြင်ဆင်ရန်]ဗိုလ်မှူးချုပ်ဟောင်းတစ်ဦးဖြစ်သူ သူရဦးအောင်ကိုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအုပ်ချုပ်ရေးကော်မတီဝင်တစ်ဦးအဖြစ် ၁၉၉၇ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့သည်။ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူခံရသည့် မြန်မာအစိုးရအဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ကာ ၂၀၀၃ခုနှစ်က သာသနာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လုပ်ကိုင်ရာမှ လူသိများလာသည်။[၁]၂၀၀၇ခုနှစ်တွင် ဩစတြေးလျ၏ ပိတ်ဆို့မှုခံခဲ့ရသည်။ [၂]
၂၀၁၀ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ရေးပါတီမှ အရွေးခံခဲ့ရသည်။နောက်ပိုင်းတွင် သူရဦးရွှေမန်း အပါအဝင် ကြံ့ခိုင်ရေးဗဟိုကော်မတီဝင်များ ထုတ်ပယ်ခံရမှုတွင် ဦးအောင်ကိုပါ ပါဝင်ခဲ့သည်။
ဝန်ကြီး
[ပြင်ဆင်ရန်]ဦးသန်းရွှေ၏ အစိုးရအဖွဲ့တွင် သူရဦးမြင့်မောင် လက်အောက်၌ သာသနာရေးဒုဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီဝင်အဖြစ် လုပ်ကိုင်ခဲ့ကာ ၂၀၁၂တွင် ပါတီအတွင်းရေးမှူးဖြစ်ခဲ့သည်။[၃]သူသည် ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏ ရင်းနီးသော မိတ်ဆွေဖြစ်သည်။၂၀၁၅ရွေးကောက်ပွဲမတိုင်မီ ဩဂုတ်လတွင် ပါတီဗဟိုကော်မတီဝင်မှ ထုတ်ပယ်ခံကြရသည်။[၄]
၂၀၁၅ရွေးကောက်ပွဲအပြီးတွင် ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်ခဲ့ပြီး အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်ခဲ့သည်။[၅]ဝန်ကြီးဌာန၂ခုပေါင်းကာ အသစ်ဖွဲ့ထားသည့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တွင် ပြည်ထောင်စုဝန်ကြီးဖြစ်လာခဲ့သည်။[၆]
ဦးအောင်ကိုသည် ၂၀၁၇ ခုနှစ်က ဘာသာရေးအဖွဲ့တစ်ခုဖြစ်သော စစ်တပ်ကိုထောက်ခံသည့် မဘသအဖွဲ့ကို ဖျက်သိမ်းရာတွင် အဓိကအခရာကျသူလည်းဖြစ်သည့်အပြင် ဝရမ်းပြေးဖြစ်သော ဦးဝီရသူသည် လွတ်မြောက်နေဆဲဖြစ်သည်မှာ စစ်တပ်ထိန်းချုပ်မှုအောက်တွင်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန၏ ရဲတပ်ဖွဲ့ကို လူထုရွေးကောက်ခံအစိုးရက ဩဇာမသက်ရောက်သောကြောင့်ဖြစ်သည်ဟူသော စကားရပ်ကို ၂၀၂၀ ဇန်နဝါရီ၌ ဘာသာပေါင်းစုံတွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့သည်လည်းရှိခဲ့သည်။ ထိုစကားရပ်နှင့်ပတ်သက်၍ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဖေဖော်ဝါရီတွင် စစ်တပ်ကိုဂုဏ်သိက္ခာညှိုးနွမ်းစေမှုဖြင့် အစိုးရအား ၎င်းကိုအရေးယူရန်တောင်းဆိုဖူးသည်လည်းရှိခဲ့၏ ။[၇]
တရားစွဲဆိုခံရခြင်း
[ပြင်ဆင်ရန်]သူရဦးအောင်ကိုအား စစ်ကောင်စီမှ ၂၀၁၅-၂၀၂၁ အန်အယ်လ်ဒီအစိုးလက်ထက်အတွင်း သာသနာရေးဝန်ကြီးတစ်ဦးအဖြစ် တာဝန်ယူစဉ် သာသနာရေးဆိုင်ရာဆုတံဆိပ်များကို လူပုဂ္ဂိုလ်များအားချီးမြှင့်ရာ၌ လာဘ်စားခဲ့သည်ဟူသောအကြောင်းပြချက်ဖြင့် တရားစွဲဆိုခဲ့သည်။ တရားစွဲဆိုရခြင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စုံစမ်းစစ်ဆေးသည်ဟု ၎င်းတို့၏သတင်းစာများတွင်ဖော်ပြထားသည်။ ဖော်ပြချက်များတွင် မည်ရွေ့မည်မျှပမာဏ လာဘ်ယူခဲ့သည်ဟုလည်း ဖော်ပြထား၏ ။[၇]
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က သူရဦးအောင်ကို အား ပြစ်မှုထင်ရှားသည်ဟု ဆုံးဖြတ်ခဲ့ပြီး[၈] ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည့်အပြင် ရွှေပန်းကန်၊ငွေကျပ်သိန်း၁၀၀နှင့် Ford Everest Titanium မော်တော်ယာဉ် တစ်စီးတို့အား ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းစေရန် ထည့်သွင်းကာ အမိန့်ချမှတ်ခဲ့သည်။[၉]
စွပ်စွဲချက်များနှင့် ပတ်သတ်ပြီး သူရဦးအောင်ကိုဘက်က ၎င်းတွင် အပြစ်မရှိကြောင်း အထောက်အထားဖြင့်ခု ခံချေပသက်သေပြနိုင်ခဲ့သည်ဟု ဖော်ပြထားချက်များလည်းရှိသည်။[၁၀]
အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခံရသည့် ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင်ပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက သူရဦးအောင်ကို ကိုရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၄၀၁၊ပုဒ်မခွဲ ၁အရ ကျခံနေသည့်ပြစ်ဒဏ်၏ ထက်ဝက်ဖြစ်သော ၆နှစ်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သည်။[၁၁]
ဧရာဝတီနှင့်Myanmar Nowတို့က စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချမှုအပေါ် ရန်ငြိုးဖြင့် ဆောင်ရွက်မှု၊ပြစ်ဒဏ်လျှော့ပေးမှုက နိုင်ငံရေး အမြတ်ထုတ်မှုစသည်ဖြင့် ရှုမြင်ကြသည်။[၁၂] [၁၃]
၂၀၂၃ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် သူရဦးအောင်ကို ပြန်လွတ်လာသည်။[၁၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Burma-Myanmar Council Decision 2003-461 CFSP။
- ↑ BANKING (FOREIGN EXCHANGE) REGULATIONS 1959 DIRECTION RELATING TO FOREIGN CURRENCY TRANSACTIONS AND TO BURMA။
- ↑ President U Thein Sein re-elected as Myanmar's ruling party leader - Xinhua | English.news.cn။ 2016-03-22 တွင် ပြန်စစ်ပြီး။
- ↑ Lwin၊ Ei Ei Toe။ EXCLUSIVE: Speaker makes political comeback bid။
- ↑ Thu၊ Mratt Kyaw။ The state of the Sangha။ 8 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 April 2019 တွင် ပြန်စစ်ပြီး။
- ↑ Times၊ The Myanmar။ Daw Aung San Suu Kyi to join government as NLD reveals cabinet။
- ↑ ၇.၀ ၇.၁ "Junta announces corruption charge against ousted minister hated by nationalists"၊ Myanmar Now၊ 6 March 2021။
- ↑ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုခံရသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို အပေါ် စီရင်ချက် အမိန့်ချမှတ်။ ၂၈ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်အောင်ဆန်းစုကြည်ကို ယုံတဲ့ သူရဦးအောင်ကို (၂၂ မတ် ၂၀၂၂)။ ၂၈ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ ထောင် ၁၂ နှစ်ချခံရသည့် သူရဦးအောင်ကို ကျန်းမာရေး စိုးရိမ်နေရ (in my)။ ၂၈ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ သူရဦးအောင်ကိုအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်အား နစကဥက္ကဋ္ဌ ထက်ဝက်လျှော့ချ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေး (in my)။ ၂၆ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ ရန်ငြိုးဖြင့် ဖမ်းဆီးခံထားရသည့် သူရဦးအောင်ကို၏ အကျဉ်းစံဘဝ။
- ↑ သူရ ဦးအောင်ကိုအား ပြစ်ဒဏ် လျှော့ပေးမှုသည် နိုင်ငံရေး အမြတ်ထုတ်မှုသာဖြစ်။
- ↑ NLD ဝန်ကြီး သူရဦးအောင်ကို ပြန်လည်လွတ်မြောက်လာ။