အမျိုးသားအိုလံပစ်ကော်မတီ
အမျိုးသားအိုလံပစ်ကော်မတီ (အင်္ဂလိပ်: National Olympic Committee ;NOC) ဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ အိုလံပစ်နှင့် ဆက်စပ်အားကစားလှုပ်ရှားမှုများအတွက် သက်ဆိုင်ရာ တိုင်းပြည်တစ်ခု၏ အမျိုးသားအဆင့် အားကစားအဖွဲ့အစည်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ လက်အောက်တွင်ရှိပြီး နိုင်ငံ၏ တည်နေရာဒေသကိုမူတည်၍ အစုအဖွဲ့လိုက် ဖွဲ့စည်းထားသည်။ နေရာဒေသအပေါ်လိုက်၍ အာရှအိုလံပစ်ကောင်စီ၊ ဥရောပ အိုလံပစ်ကော်မတီများ၊ အာဖရိကတိုက် အမျိုးသားအိုလံပစ်ကော်မတီများ အသင်း၊ ပန်အမေရိကန် အားကစားအဖွဲ့ချုပ်၊ သမုဒ္ဒရာပိုင်းဇုန် အမျိုးသားအိုလံပစ်ကော်မတီများ ဟူ၍ ခွဲခြားထားသည်။
အမျိုးသားအိုလံပစ်ကော်မတီများသည် မိမိတို့နိုင်ငံမှ ပြည်သူများ အိုလံပစ်အားကစားနည်းများနှင့် အားကစားပွဲများတွင် ပါဝင်လာစေရန် လုပ်ဆောင်ကြရသည်။ ထို့အပြင် အားကစားသမားများအား လေ့ကျင့်ပေးခြင်း၊ ဒေသတွင်းအဆင့် နည်းပြများအား လေ့ကျင့်ပေးခြင်းများလည်း ပြုလုပ်ရသည်။ ထို့အပြင် အိုလံပစ် အားကစားပြိုင်ပွဲအပါအဝင် မိမိတို့ နေရာဒေသအလိုက် သက်ဆိုင်ရာ အားကစားပြိုင်ပွဲများကို လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံကို မဲပေးရွေးချယ်ပိုင်ခွင့်ရှိသည်။
ဇုန်များနှင့် အားကစားပြိုင်ပွဲများ
[ပြင်ဆင်ရန်]ဇုန်များ
[ပြင်ဆင်ရန်]အမျိုးသားအိုလံပစ်ကော်မတီများအားလုံးသည် အမျိုးသားအိုလံပစ်ကော်မတီများအသင်း ၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။ နေရာဒေသအပေါ်လိုက်၍ အမျိုးသားအိုလံပစ်ကော်မတီများကို တိုက် (၅) ခု ခွဲခြားထားသည်။ ထိုတိုက် (၅)ခုမှ အမျိုးသားအိုလံပစ်ကော်မတီများ စုပေါင်း၍ သက်ဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းထားသည်။
တိုက် | အဖွဲ့ | အဖွဲ့ဝင် | ||
---|---|---|---|---|
မြန်မာအမည် | အင်္ဂလိပ်အမည် | အတိုကောက် | ||
အာဖရိက | အာဖရိကတိုက် အမျိုးသားအိုလံပစ်ကော်မတီများ အသင်း | Association of National Olympic Committees of Africa | ANOCA | ၅၄ |
အမေရိက | ပန်အမေရိကန် အားကစားအဖွဲ့ချုပ် | Pan American Sports Organization | PASO | ၄၁ |
အာရှ | အာရှအိုလံပစ်ကောင်စီ | Olympic Council of Asia | OCA | ၄၄ |
ဥရောပ | ဥရောပ အိုလံပစ်ကော်မတီများ | European Olympic Committees | EOC | ၅၀ |
အိုရှန်းနီးယား | သမုဒ္ဒရာပိုင်းဇုန် အမျိုးသားအိုလံပစ်ကော်မတီများ | Oceania National Olympic Committees | ONOC | ၁၇ |
တိုက်ကြီးများအရ မဟုတ်ဘဲ မိမိတို့ ဒေသအလိုက်ဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ သီးသန့်ဖွဲ့စည်းထားရှိသော အဖွဲ့အစည်းများလည်းရှိသည်။ ဥပမာ- အာရှတိုက်နှင့် အာဖရိကတိုက်တို့တွင် ပါဝင်သော အာရပ်ကမ္ဘာရှိ တိုင်းပြည်များစုပေါင်း၍ အာရပ်ပြည်ထောင်စု အမျိုးသားအိုလံပစ်ကော်မတီများ၊ အရှေ့တောင်အာရှနိုင်ငံများ စုပေါင်း၍ အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ် တို့ကိုလည်း ဖွဲ့စည်းထားရှိသည်။
အားကစားပြိုင်ပွဲများ
[ပြင်ဆင်ရန်]အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သည် နွေရာသီနှင့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲများကို စီစဉ်ကျင်းပကာ တိုက်အလိုက်ဖွဲ့စည်းထားသော အဖွဲ့အစည်းများသည် တိုက်အလိုက် (သို့မဟုတ်) ဒေသအလိုက် အားကစားပြိုင်ပွဲများကို စီစဉ်ကျင်းပကြသည်။
- ANOCA - အာဖရိကန် အားကစားပြိုင်ပွဲ
- PASO - ပန်အမေရိက အားကစားပြိုင်ပွဲ၊ ပန်အမေရိက ဆောင်းရာသီ အားကစားပြိုင်ပွဲ
- OCA - အာရှအားကစားပြိုင်ပွဲ၊ အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ
- EOC - ဥရောပ အားကစားပြိုင်ပွဲ
- ONOC - ပစိဖိတ် အားကစားပြိုင်ပွဲ
ကော်မတီများ
[ပြင်ဆင်ရန်]၂၀၂၀ပြည့်နှစ်တွင် အမျိုးသားအိုလံပစ်ကော်မတီများ (၂၀၆) ခုရှိသည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှ (၁၉၃)ခု၊ ကုလသမဂ္ဂ လေ့လာဆဲနိုင်ငံ တစ်နိုင်ငံ (ပါလက်စတိုင်း)၊ အပြည့်အဝအသိအမှတ်ပြုမှုမရသေးသော နိုင်ငံ (၂)နိုင်ငံ (ကိုဆိုဗို နှင့် ထိုင်ဝမ်) တို့ ဖြစ်ကြသည်။ ထို့အပြင် အမေရိကန်၊ ဗြိတိန်၊ နယ်သာလန်၊ နယူးဇီလန်နှင့် တရုတ်တို့ လက်အောက်ရှိ နယ်မြေများမှ (၁၀)ခု (ဂူအမ်ကျွန်း၊ ဟောင်ကောင် စသည်) တို့သည်လည်း အမျိုးသားအိုလံပစ်ကော်မတီများ ရှိကြသည်။[၁][၂]
အမျိုးသားအလိုလံပစ်ကော်မတီများစာရင်း
[ပြင်ဆင်ရန်]- အမျိုးသားအိုလံပစ်ကော်မတီ (၂၀၆)ခုသည် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC)လက်အောက်တွင်ရှိကာ အမျိုးသားအိုလံပစ်ကော်မတီများအသင်း (ANOC) ၏ အဖွဲ့ဝင်များလည်း ဖြစ်ကြသည်။
- အမျိုးသားအိုလံပစ်ကော်မတီ (၇) ခုသည် ၎င်းတို့သက်ဆိုင်ရာ တိုက်များရှိ ကော်မတီအဖွဲ့များမှ အသိအမှတ်ပြုသော်လည်း IOC က အသိအမှတ်ပြုမထားပေ။
ANOC အဖွဲ့ဝင်များသည် အိုလံပစ်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ ANOC အဖွဲ့ဝင်မဟုတ်ဘဲ သက်ဆိုင်ရာတိုက်များရှိ ကော်မတီအဖွဲ့ဝင်များမှသာ အသိအမှတ်ပြုထားသော ကော်မတီများသည် အိုလံပစ်ပြိုင်ပွဲများသို့ ဝင်ခွင့်မရဘဲ သက်ဆိုင်ရာအဖွဲ့များမှ ကျင်းပသော ပြိုင်ပွဲများကိုသာ ယှဉ်ပြိုင်ခွင့်ရှိသည်။
အာဖရိက (ANOCA)
[ပြင်ဆင်ရန်]နိုင်ငံ | အမျိုးသားအိုလံပစ်ကော်မတီ | စတင်တည်ထောင်သည့်ခုနှစ် | အသိအမှတ်ပြုခံရသည့်ခုနှစ် |
---|---|---|---|
အယ်လ်ဂျီးရီးယား | |||
အင်ဂိုလာ | |||
ဘီနင် | |||
ဘော့ဆွာနာ | |||
ဘာကီးနားဖားဆို | |||
ဘူရွန်ဒီ | |||
ကင်မရွန်း | |||
ကိတ်ဗာဒီ | |||
ဗဟိုအာဖရိကသမ္မတနိုင်ငံ | |||
ချဒ် | |||
ကိုမိုရို | |||
ကွန်ဂို | |||
ကွန်ဂိုဒီမိုကရက်တစ်သမ္မတ | |||
ဂျီဘူတီ | |||
အီဂျစ် | |||
အီကွေတာဂီနီနိုင်ငံ | |||
အီရီထရီးယား | |||
အဲ့စ်ဝါတီးနီ | |||
အီသီယိုးပီးယား | |||
ဂါဘွန် | |||
ဂမ်ဘီယာ | |||
ဂါနာ | |||
ဂီနီ | |||
ဂီနီ-ဘီစော | |||
အိုင်ဗရီကို့စ် | |||
ကင်ညာ | |||
လီဆိုသို | |||
လိုက်ဘေးရီးယား | |||
လစ်ဗျား | |||
မဒါဂတ်စကား | |||
မာလဝီ | |||
မာလီ | |||
မော်ရီတေးနီးယား | |||
မောရစ်ရှ | |||
မော်ရိုကို | |||
မိုဇမ်ဘစ် | |||
နမီးဘီးယား | |||
နိုင်ဂျာ | |||
နိုင်ဂျီးရီးယား | |||
ရဝမ်ဒါ | |||
ဆောင်တူမေးနှင့် ပရင်စီပီ | |||
ဆီနီဂေါ | |||
ဆေးရှဲ | |||
ဆီရာလီယွန် | |||
ဆိုမာလီယာ | |||
တောင်အာဖရိက | |||
တောင်ဆူဒန် | |||
ဆူဒန် | |||
တန်ဇေးနီးယား | |||
တိုဂို | |||
တူနီးရှား | |||
ယူဂန်းဒါး | |||
ဇမ်ဘီယာ | |||
ဇင်ဘာဘွေ |
အမေရိက (PASO)
[ပြင်ဆင်ရန်]နိုင်ငံ | အမျိုးသားအိုလံပစ်ကော်မတီ | စတင်တည်ထောင်သည့်ခုနှစ် | အသိအမှတ်ပြုခံရသည့်ခုနှစ် |
---|---|---|---|
အင်တီဂွါနှင့် ဘာဘူဒါနိုင်ငံ | |||
အာဂျင်တီးနား | |||
အာရူးဗာ | |||
ဘဟားမား | |||
ဘာဘေးဒိုးစ် | |||
ဘလိဇ် | |||
ဘာမြူဒါ | |||
ဘိုလီးဗီးယား | |||
ဘရာဇီး | |||
ဗြိတိသျှ ဗာဂျင်အိုင်းလန်း | |||
ကနေဒါ | |||
ကေမန်ကျွန်းစု | |||
ချီလီ | |||
ကိုလံဘီယာ | |||
ကော့စတာရီကာ | |||
ကျူးဘား | |||
ဒိုမီနီကာ | |||
ဒိုမီနီကန်သမ္မတနိုင်ငံ | |||
အီကွေဒေါ | |||
အယ်ဆာဗေဒိုနိုင်ငံ | |||
ဂရီနေဒါ | |||
ဂွါတီမာလာ | |||
ဂိုင်ယာနာ | |||
ဟေတီ | |||
ဟွန်ဒူးရပ်စ် | |||
ဂျမေကာ | |||
မက္ကဆီကို | |||
နီကာရာဂွါ | |||
ပနားမား | |||
ပါရာဂွေး | |||
ပီရူး | |||
ပေါ်တိုရီကို | |||
စိန့်ကစ်နှင့် နီးဗစ် | |||
စိန့်လူစီယာ | |||
စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင် | |||
ဆူရာနမ် | |||
ထရီနီဒတ်နှင့် တိုဘက်ဂို | |||
အမေရိကန် | |||
ဥရုဂွေး | |||
ဗင်နီဇွဲလား | |||
အမေရိကန် ဗာဂျင်းကျွန်းစု |
အာရှ (OCA)
[ပြင်ဆင်ရန်]ဥရောပ (EOC)
[ပြင်ဆင်ရန်]နိုင်ငံ | အမျိုးသားအိုလံပစ်ကော်မတီ | စတင်တည်ထောင်သည့်ခုနှစ် | အသိအမှတ်ပြုခံရသည့်ခုနှစ် |
---|---|---|---|
အယ်လ်ဘေးနီးယား | |||
အင်ဒိုရာနိုင်ငံ | |||
အာမေးနီးယား | |||
ဩစတြီးယား | |||
အဇာဘိုင်ဂျန် | |||
ဘီလာရုဇ် | |||
ဘယ်လ်ဂျီယမ် | |||
ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား | |||
ဘူဂေးရီးယား | |||
ခရိုအေးရှား | |||
ဆိုက်ပရပ်စ် | |||
ချက်သမ္မတနိုင်ငံ | |||
ဒိန်းမတ် | |||
အက်စတိုးနီးယား | |||
ဖင်လန် | |||
ပြင်သစ် | |||
ဂျော်ဂျီယာ | |||
ဂျာမနီ | |||
ဂရိတ်ဗြိတိန် | |||
ဂရိ | |||
ဟန်ဂေရီ | |||
အိုက်စလန် | |||
အိုင်ယာလန် | |||
အစ္စရေး | |||
အီတလီ | |||
ကိုဆိုဗို | |||
လတ်ဗီယာ | |||
လစ်တန်စတိန်း | |||
လစ်သူယေးနီးယား | |||
လူဇင်ဘတ် | |||
မော်လတာ | |||
မော်လ်ဒိုဗာ | |||
မိုနာကိုနိုင်ငံ | |||
မွန်တီနီဂရိုး | |||
နယ်သာလန် | |||
မက်စီဒိုးနီးယား | |||
နော်ဝေ | |||
ပိုလန် | |||
ပေါ်တူဂီ | |||
ရိုမေးနီးယား | |||
ရုရှား | |||
ဆန်မာရီနိုနိုင်ငံ | |||
ဆားဘီးယား | |||
ဆလိုဗက်ကီးယား | |||
ဆလိုဗေးနီးယား | |||
စပိန် | |||
ဆွီဒင် | |||
ဆွစ်ဇာလန် | |||
တူရကီ | |||
ယူကရိန်း |
အိုရှန်းနီးယား (ONOC)
[ပြင်ဆင်ရန်]နိုင်ငံ | အမျိုးသားအိုလံပစ်ကော်မတီ | စတင်တည်ထောင်သည့်ခုနှစ် | အသိအမှတ်ပြုခံရသည့်ခုနှစ် |
---|---|---|---|
အမေရိကန်ဆမိုးအား | |||
ဩစတြေးလျ | |||
ကွတ်ကျွန်းစု | |||
ဖီဂျီ | |||
ဂူအမ် | |||
ကီရီဘတ်စ် | |||
မိုက်ခရိုနီးရှားနိုင်ငံ | |||
နအူရူးနိုင်ငံ | |||
နယူးကလီဒိုနီးယား | |||
နယူးဇီလန် | |||
နျူးအေး | |||
နော်ဖောကျွန်း | |||
မြောက်ပိုင်း မာရီနာကျွန်း | |||
ပလောင်း | |||
ပါပူအာ နယူးဂီနီ | |||
ဆမိုးအား | |||
ဆော်လမွန်ကျွန်းစု | |||
ပြင်သစ် ပိုလီနီးရှား | |||
တုံဂါနိုင်ငံ | |||
တူဗားလူ | |||
ဗနွားတူနိုင်ငံ | |||
ဝေါလစ်နှင့် ဖူတူးနား |
ကိုးကား
[ပြင်ဆင်ရန်]- ↑ Overseas Territories (3rd February 2012)။ Publications.parliament.uk။
- ↑ 127th IOC Session comes to close in Monaco။ International Olympic Committee (9 December 2014)။
- ↑ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ။ အားကစားနှင့်ကာယပညာဦးစီးဌာန။ 16 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 January 2022 တွင် ပြန်စစ်ပြီး။