ဂါဘွန်နိုင်ငံ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ကိုဩဒိနိတ်: 1°S 12°E / 1°S 12°E / -1; 12

ဂါဘွန် သမ္မတနိုင်ငံ
République gabonaise  (ပြင်သစ်)
ဂါဘွန်နိုင်ငံ၏ အလံတော်
ဂါဘွန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: "Union, Travail, Justice" (ပြင်သစ်)
"Union, Work, Justice"
နိုင်ငံတော် သီချင်း: La Concorde
The Concord
Gabon (orthographic projection).svg
Location Gabon AU Africa.svg
မြို့တော်
နှင့် အကြီးဆုံးမြို့
လစ်ဗရီဗေးလ်မြို့
0°23′N 9°27′E / 0.383°N 9.450°E / 0.383; 9.450
ရုံးသုံး ဘာသာစကားများပြင်သစ်
ဒေသန္တရတိုင်ရင်းသားဘာသာစကား
ကိုးကွယ်မှု
Demonym
  • Gabonese
  • Gabonaise
အစိုးရပြည်ထောင်စု ကြီးစိုးပါတီ သမ္မတနိုင်ငံစနစ်
အလီ ဘွန်ဂို အွန်ဒင်ဘာ
ရို့စ် ခရစ္စတင်း ယာပွန်ဒါ
ဥပဒေပြုလွှတ်တော်ပါလီမန်
ဆီးနိတ်လွှတ်တော်
အမျိုးသားလွှတ်တော်
ပြင်သစ်မှ လွတ်လပ်ရေးရရှိခြင်း
• သမ္မတနိုင်ငံတည်ထောင်ခြင်း
၁၉၅၈ ခုနှစ် နိုဝင်ဘာ ၂၈ ရက်
• တရားဝင်ခွင့်ပြုခြင်း
၁၉၆၀ ခုနှစ် ဩဂုတ် ၁၆–၁၇
ဧရိယာ
• စုစုပေါင်း
၂၆၇,၆၆၇ km2 (၁၀၃,၃၄၇ sq mi) (အဆင့်: 76th)
• ရေထု (%)
3.76%
လူဦးရေ
• ၂၀၁၆ ခန့်မှန်း
၁,၉၇၉,၇၈၆[၁] (အဆင့် - ၁၄၆)
• သိပ်သည်းမှု
၇.၉/km2 (၂၀.၅/sq mi) (အဆင့် - ၂၁၆)
GDP (PPP)၂၀၁၈ ခန့်မှန်း
• စုစုပေါင်း
$၃၈.၂၈၀ ဘီလီယံ[၂]
• Per capita
$၁၈,၆၄၇[၂]
GDP (nominal)၂၀၁၈ ခန့်မှန်း
• စုစုပေါင်း
$၁၇.၂၁၂ ဘီလီယံ[၂]
• Per capita
$၈,၃၈၄[၂]
Gini (၂၀၁၇)၃၈[၃]
အလယ်
HDI (၂၀၁၉)Increase ၀.၇၀၃[၄]
မြင့် · ၁၁၉
ငွေကြေးဗဟိုအာဖရိက ဖရန့် (XAF)
အချိန်ဇုန်WAT (UTC+1)
ရက်စွဲပုံစံdd/mm/yyyy
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၂၄၁
Internet TLD.ga

ဂါဘွန်နိုင်ငံသည် အာဖရိကအလယ်ပိုင်း အနောက်ဘက်တွင် ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အီကွေတာကို ခွလျက် တည်ရှိသည်။ အနောက်မြောက်ဘက်တွင် အီကွေတာဂီနီနိုင်ငံ၊ မြောက်ဘက်တွင် ကင်မရွန်းနိုင်ငံ၊ အရှေ့ဘက်နှင့် မြောက်ဘက်တွင် ကွန်ဂိုသမ္မတနိုင်ငံတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိသည်။ အတ္တလန္တိတ်သမုဒ္ဒရာ]]၏ တစိတ်တဒေသဖြစ်သော ဂီနီပင်လယ်ကွေ့သည် အနောက်ဘက်တွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၂၇၀,၀၀၀ စတုရန်းကီလိုမီတာ ရှိပြီး ခန့်မှန်းခြေ လူဦးရေမှာ ၁သန်းခွဲခန့် ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ လစ်ဗရီဗေးလ်မြို့ ဖြစ်သည်။

ဂါဘွန်သမ္မတနိုင်ငံသည် ၁၉၆ဝ ပြည့်နှစ် ဩဂုတ်လ ၁၇ရက်နေ့တွင်လွတ်လပ်သော သမ္မတနိုင်ငံ ဖြစ်လာသည်။

ဂါဘွန်သမ္မတနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁ဝ၂,၃၁၇ ရှိပြီး ၁၉၇၆ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၃ဝဝဝဝ ခန့်ရှိသည်။ ဂါဘွန်သည် ပြင်သစ်အီကွေတာ အာဖရိက နယ်လေးခုအနက် အတိုးတက်ဆုံးနိုင်ငံ ဖြစ်သည်။

ဂါဘွန် သမ္မတနိုင်ငံသည် သစ်တောထူထပ်၍ သစ်လုပ်ငန်းတွင် အာဖရိကတိုက်၌ နာမည်ကျော်ကြားသောနိုင်ငံ ဖြစ်သည်။ အဖိုးတန်သစ်များ ထွက်ရှိသည့်အပြင် မန်းဂနိယူရေနီယံနှင့် ရေနံတို့ ထွက်ရှိပြီး နိုင်ငံခြားသို့ တင်ပို့ ရောင်းချသည်။ သီးနှံ စိုက်ပျိုးရေးတွင် ကိုကိုးစပါးငှက်ပျောနှင့် ဆီအုန်းပင်များကို အများအပြား စိုက်ပျိုး၍ ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ခဲ့သည်။ ပြည်တွင်း သွင်းကုန်ထက် ပြည်ပသို့ ကုန်ပိုမိုတင်ပို့နိုင်၍ နိုင်ငံစီးပွားရေး အခြေအနေ ကောင်းမွန်လျက် ရှိသည်။

ဂါဘွန်နိုင်ငံသို့ ၁၄၇ဝ ပြည့်နှစ်လောက်မှ အစပြု၍ ဥရောပတိုက်သားများ ရောက်ရှိ အခြေစိုက်ခဲ့ကြသည်။ ပထမတွင် ပေါ်တူဂီလူမျိုးများ ရောက်ရှိခဲ့ကြပြီး နောက်ပိုင်းတွင် ဒပ်ချနှင့် ပြင်သစ်လူမျိုးများ ရောက်ရှိခဲ့ကြသည်။ ၁၈၈၄-၈၅ ခုနှစ် ဘာလင်မြို့၌ ကျင်းပသော ဥရောပတိုက်နိုင်ငံကြီးများ ကွန်ဖရင့်က ဂါဘွန်ကို ပြင်သစ်ပိုင်နယ်ပယ်အဖြစ် အသိအမှတ်ပြုခဲ့သည်။

၁၉၈၅ ခုနှစ် နိုင်ဝင်ဘာလ ၂၈ ရက်နေ့တွင် ပြင်သစ် လူမျိုးစု သဟာယအဖွဲ့ဝင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိသောနိုင်ငံ ဖြစ်လာသည်။ ၁၉၆ဝ ပြည့်နှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင်မူ လွတ်လပ်သော ဂါဘွန်သမ္မတ နိုင်ငံအဖြစ် ကြေညာခဲ့သည်။ ထိုနှစ်အတွင်းတွင်ပင် ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ လက်ရှိသမ္မတအွမ္မဗွန်ဂိုသည် နိုင်ငံတွင်း တစ်ပါတီစနစ်ကို ကျင့်သုံးသည်။ ဗွန်ဂိုသည် ၁၉၆၇ ခုနှစ်တွင် ကွယ်လွန်သူ သမ္မတလီယွန်အမ်ဗာကို ဆက်ခံသူဖြစ်သည်။ နိုဘယ်ဆုရ ဒေါက်တာ အယ်လဗတ် ရွိုက်ဇာသည် ၁၉၁၃ ခုနှစ်မှစ၍ ဂါဘွန်နိုင်ငံ၊ လမ်ဗာရိန်းမြို့၌ ကုဋ္ဌရောဂါသည်များအတွက် ဆေးရုံကို တည်ဆောက်ခဲ့လေသည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. World Population Prospects: The 2017 Revision။ United Nations Department of Economic and Social Affairs, Population Division။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Report for Selected Countries and Subjectsအပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့
  3. GINI index (World Bank estimate)ကမ္ဘာ့ဘဏ်
  4. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-516 December 2020 တွင် ပြန်စစ်ပြီး
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)