တောင်အာဖရိကနိုင်ငံ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

နိုင်ငံတော်အလံ Coat of arms
ဆောင်ပုဒ်: !ke e: ǀxarra ǁke  (ǀXam)
"Unity In Diversity"
နိုင်ငံတော်သီချင်း: National anthem of South Africa
မြို့တော် Pretoria (executive)
Bloemfontein (judicial)
Cape Town (legislative)
အကြီးဆုံး မြို့ Johannesburg (2006) [၂]
ရုံးသုံးဘာသာများ
လူမျိုးများ 79.2% Black African
8.9% Coloured
8.9% White
2.5% Indian or Asian
0.5% other
Demonym South African
အစိုးရ Parliamentary republic with a parliamentarily-dependent head of state
 •  သမ္မတ ဂျက်ကော့ ဇူးမာ
 •  ဒုသမ္မတ Kgalema Motlanthe
 •  NCOP ဥက္ကဋ္ဌ M. J. Mahlangu
Independence from the United Kingdom
 •  ပြည်ထောင်စုနိုင်ငံ ၃၁ မေ ၁၉၁၀ 
 •  Statute of Westminster ၁၁ ဒီဇင်ဘာ ၁၉၃၁ 
 •  သမ္မတနိုင်ငံ ၃၁ မေ ၁၉၆၁ 
ဧရိယာ
 •  စုစုပေါင်း ၁,၂၂၁,၀၃၇ km² (၄၇၁,၄၄၃ sq mi) (အဆင့်: 25th)
 •  ရေဖုံးလွှမ်းမှု (%) Negligible
လူဦးရေ
 •  ၂၀၁၄ ခန့်မှန်း ၅၄,၀၀၂,၀၀၀[၄] (အဆင့် - 25th)
 •  ၂၀၁၁ census ၅၁,၇၇၀,၅၆၀[၅]
 •  လူဦးရေသိပ်သည်းမှု ၄၂.၄/km² (၁၀၉.၈/sq mi)/km2
GDP(PPP) ၂၀၁၄ ခန့်မှန်း
 •  စုစုပေါင်း $၆၈၃.၁၄၇ ဘီလီယံ[၆] (အဆင့် - ၃၀)
 •  Per capita $၁၂,၇၂၂[၆] (အဆင့် - ၈၇)
GDP (nominal) 2009 estimate
 •  Total $၃၄၁.၂၁၆ ဘီလီယံ[၆] (၃၄)
 •  Per capita $၆,၃၅၄[၆] (၈၈)
Gini (၂၀၀၉) ၆၃.၁
Error: Invalid Gini value
HDI (၂၀၁၃) ၀.၆၅၈
(အဆင့် - ၁၁၈)
ငွေ Rand (ZAR)
အချိန်ဇုန် SAST (UTC+2)
Drives on the left
Calling code +27
Internet TLD .za

တောင်အာဖရိက သမ္မတနိုင်ငံသည် အာဖရိကတိုက်၏ တောင်ဖက်စွန်းတွင် တည်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အတ္တလန္တိတ် သမုဒ္ဒရာနှင့် အိန္ဒိယပင်လယ်ကို မျက်နှာမူထားသည့် ကမ်းရိုးတန်းမှာ ၂၇၉၈ ကီလိုမီတာ (၁၇၃၉ မိုင်) ရှည်လျားသည်။ [၇][၈] [၉] မြောက်ဘက်တွင် နမီးဘီးယားဘော့ဆွာနာနှင့် ဇင်ဘာဘွေ၊ အရှေ့ဘက်တွင် မိုဇမ်ဘစ်နှင့် ဆွာဇီလန်တို့ အသီးသီး တည်ရှိပြီး လက်ဆိုသို မှာမူ တောင်အာဖရိကနိုင်ငံ နယ်မြေအတွင်းတွင် တည်ရှိသည်။ [၁၀]

နောက်ခံသမိုင်း[ပြင်​ဆင်​ရန်​]

တောင်အာဖရိကပြည်‌ထောင်စုသည် ကုလသမဂ္ဂတွင် မူလ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်‌သော်လည်း ယင်း၏ လူမျိုးခွဲခြား‌ရေးဝါဒကြောင့် လည်းကောင်း ၊ ဗန်တူစကား‌ပြော နီးဂရိုးလူမျိုးတို့အ‌ပေါ်ထားရှိသော ကန့်သတ်ချုပ်ချယ်မှုတို့‌ကြောင့်လည်းကောင်း၊ လူ့အခွင့်အ‌ရေး ‌ကျေညာစာတမ်းကြီးကို လက်မှတ်‌ရေးထိုးရန် ငြင်းပယ်ခဲ့‌လေ သည်။ အပါးသက်‌ခေါ် လူမျိုးခွဲခြားမှုသည် အဓိကပြဿနာ တစ်ရပ်ဖြစ်လာ၍ ဗြိတိသျှ‌နေသဟာယအဖွဲ့မှ ခွဲထွက်လို‌သော အမျိုးသားပါတီသည် နီးဂရိုးနှင့် နီးဂရိုး လူဖြူကပြားလူထုကို ပိုမိုအုပ်ချယ်‌ပေးမည်ဟု ကတိပြုခြင်းအားဖြင့် တဖြည်းဖြည်း အ‌ရေးပါလာခဲ့သည်။ အိန္ဒိယနိုင်ငံကလည်း မ‌ကျေနပ်သဖြင့် တောင်အာဖရိကပြည်‌ထောင်စုနှင့် အဆက်ဖြတ်လိုက်‌လေသည်။

၁၉၅၉ ခုနှစ်တွင် ပြည်‌ထောင်အစိုးရသည် ဗန်တူ အ‌စောင့်အ‌ရှောက်ခံနယ်များ သီးခြားတည်‌ထောင်‌ပေးရန် စတင်စီမံခဲ့၏။ ၁၉၆၀ ပြည့်နှစ်တွင် ကျင်းပခဲ့‌သော လူထုဆန္ဒ‌ပေးပွဲတစ်ရပ်က ဗြိတိသျှဓနသဟာယ အဖွဲ့မှခွဲထွက်၍ သမ္မတနိုင်ငံ ထူ‌ထောင်ရန် ဆန္ဒပြုခဲ့‌လေသည်။ ဤသို့အားဖြင့် ၁၉၆၁ ခုနှစ် မေလ ၃၁ ရက်နေ့တွင် တောင်အာဖရိကသမ္မတနိုင်ငံ ပေါ်ပေါက်လာခဲ့သည်။

‌တောင်အာဖရိက သမ္မတနိုင်ငံသည် ကုလသမဂ္ဂက ပြစ် တင်ရှုတ်ချ‌နေသည့်အကြားမှပင် အ‌နောက်‌တောင် အာဖရိကနယ်ကို၎င်း၊ ဗြိတိသျှပိုင်နက် နယ်ပယ်များဖြစ်သည့် ဆွာဇီလန်၊ ဗာဆူးတိုလန်နှင့် ဗက်ချူအာလန်တို့ကို၎င်း သိမ်းယူခဲ့၏။ ၁၉၆၃ ခုနှစ်တွင် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်ခဲ့ရာ အစိုးရသည် တဖြည်းဖြည်းနှင့် အာဏာရှင်အစိုးရပမာ ဖြစ်လာခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ‌တောင်အာဖရိကနိုင်ငံသို့ လက်နက်များ ‌ရောင်းချ ခြင်းမပြုရန် ပြဋ္ဌာန်းခဲ့၏။ ၁၉၆၆ ခုနှစ်တွင် ဝန်ကြီးချုပ် ဗာဝိုး လုပ်ကြံသတ်ဖြတ်ခံရသောအခါ အမျိုးသားပါတီသည် အင်အား အ‌ကောင်းဆုံးဖြစ်‌နေသည်။ အမျိုးသားပါတီဝင် ဗာလသဇာ ဗော်စတာသည် ဝန်ကြီးချုပ်အဖြစ် ဆက်ခံသည်။ ကုလသမဂ္ဂက အ‌နောက်‌တောင် အာဖရိကကို တိုက်ရိုက်တာဝန်ယူ အုပ်ချုပ်ခဲ့သည်။

‌ဗော်စတာသည် အာဖရိကတိုက်ရှိ လူမည်းနိုင်ငံများနှင့် ဆက်ဆံ‌ရေး ပိုမို‌ကောင်းမွန်လာ‌စေရန် ဖွံ့ဖြိုး‌ရေးအတွက် ‌ချေး ငှားဖို့ ရန်ပုံ‌ငွေများ ထားရှိ‌ပေးခြင်းဖြင့် စီမံ‌ဆောင်ရွက်ခဲ့၏။ ဗန်တူနယ်‌ခေါ်ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတန်အသင့်‌ပေးထား‌သော ဗန်တူနယ်များ သီးသန့်တည်‌ထောင်‌ပေးရန်အတွက် ငါးနှစ်စီမံကိန်းများကိုလည်း ထုတ်ပြန်‌ကျေညာခဲ့သည်။ ၁၉၆၈ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်များတွင် နိုင်ငံ၏ စီးပွား‌ရေးအ‌ခြေအ‌နေမှာ ထူးခြားစွာ တိုးတက်‌ကောင်းမွန်‌နေခဲ့ရာ နိုင်ငံအတွင်းရှိ လူတန်း စားအားလုံး၏ဝင်‌ငွေများ တိုးတက်လာခဲ့၏။ နိုင်ငံအတွင်းရှိ လူမည်းများ၏ အ‌ခြေအ‌နေမှာ အာဖရိကတိုက် အခြားနိုင်ငံ များရှိ လူများ၏အ‌ခြေအ‌နေထက် ပိုမို ‌ကောင်းမွန်‌နေခဲ့သည်။

သို့‌သော်လည်း လူဦး‌ရေ ငါးပုံတစ်ပုံသာရှိ‌သော လူဖြူများသည် အမျိုးသားဝင်‌ငွေ၏ သုံးပုံနှစ်ပုံကို ဆက်လက်ရရှိ ခံစား‌နေရလေသည်။ ‌တောင်အာဖရိကသမ္မတနိုင်ငံသည် ရိုဒီးဇီးယားနိုင်ငံအား ကုလသမဂ္ဂက စီးပွား‌ရေး အကြပ်ကိုင်မှုကို ‌ကျော်လွှားနိုင်ရန်အတွက် ကူညီ‌ထောက်ပံ့ခဲ့သည့်အပြင်၊ ထိုနိုင်ငံအတွင်းဝင် ‌ရောက်ကျူး‌ကျော် တိုက်ခိုက်လာ‌သော ‌ပြောက်ကျားများကို တွန်းလှန်တိုက်ခိုက်နိုင်ရန်အတွက် စစ်ဘက်ဆိုင်ရာ အကူအညီ များကို ‌ပေးပို့ခဲ့‌လေသည်။

‌တောင်အာဖရိကသမ္မတနိုင်ငံ၏ အထွတ်အထိပ်မှာ နိုင်ငံ ‌တော်သမ္မတဖြစ်၏။ ယင်းကို ခုနစ်နှစ်တစ်ကြိမ် ဆီးနိတ် လွှတ်‌တော်နှင့် ပြည်သူ့လွှတ်‌တော် နှစ်ရပ်‌ပေါင်း အစည်းအ‌ဝေး မှ ‌ရွေး‌ကောက်တင်‌မြှောက်သည်။ နိုင်ငံ၏ဥပ‌ဒေပြုမှု အာဏာ သည် နိုင်ငံ‌တော်သမ္မတ၊ ဆီးနိတ်လွှတ်‌တော်နှင့် ပြည်သူ့လွှတ် ‌တော်တို့ပါဝင်သည့် ပါလီမန်တွင် တည်ရှိသည်။ ဆီးနိတ် လွှတ်‌တော်တွင် အဖွဲ့ဝင် ၅၄ ဦးပါဝင်၍ ပြည်သူ့လွှတ်‌တော် တွင် အဖွဲ့ဝင် ၁၇ဝ ပါဝင်ရာ၊ ယင်းတို့၏ သက်တမ်းမှာ ငါးနှစ် ဖြစ်‌လေသည်။ ‌တောင်အာဖရိကသမ္မတနိုင်ငံတွင် မြို့‌တော် သုံးခုရှိ၏။ ပရီတိုးရီးယားမြို့သည် အုပ်ချုပ်‌ရေးဆိုင်ရာ မြို့‌တော် ဖြစ်သည်။ ပါလီမန်တည်ရာ ကိပ်တောင်းမြို့သည် ဥပ‌ဒေပြု‌ရေးရာဆိုင်ရာ မြို့‌တော်ဖြစ်ပြီးလျှင် ဗလိုအင်ဖွန်တိန်မြို့သည် တရား စီရင်‌ရေးဆိုင်ရာ မြို့‌တော်ဖြစ်‌လေသည်။[၁၁]

‌တောင်အာဖရိကနိုင်ငံတွင် ၁၉၈၅ ခုနှစ် ဇူလိုင်လကအ‌ရေး‌ပေါ် အ‌ခြေအ‌နေ ‌ကြေညာ ခဲ့ရပြီး‌နောက် တစ်ဆင့် ပြီးတစ်ဆင့် ရုပ်သိမ်း‌ပေးခဲ့ရာ ၁၉၈၆ ခုနှစ် မတ်လ ၇ ရက်‌နေ့တွင် ‌နောက်ဆုံးကျန်ရှိ‌သော ၂၃ ခရိုင် ၌လည်း ရုပ်သိမ်း‌ပေးခဲ့သည်။ တရားဥပ‌ဒေစိုးမိုး‌ရေးဝန်ကြီး လူဝီ ‌လောဂရိန့်က ဧပြီလ ၂၅ ရက်‌နေ့တွင် ပါလီမန်၌ ‌မေးခွန်းတစ်ရပ်ကို ‌ဖြေကြားခဲ့စဉ် အ‌ရေး‌ပေါ်အ‌ခြေအ‌နေ ပြဋ္ဌာန်းသည့် အမိန့်အရ ဆယ်‌ကျော်သက်လူငယ် ၃၆၈၁ ဦး အပါအဝင် လူ‌ပေါင်း ၁၈၅၆၉ ဦးကို ယာယီ ချုပ်‌နှောင်ခဲ့ရ ‌ကြောင်း၊ ပုလိပ်အဖွဲ့၏လက်ချက်‌ကြောင့် လူ ၃၇၁ ဦး ‌သေဆုံးပြီး ၁၁၉၄ ဦး ဒဏ်ရာရခဲ့‌ကြောင်း၊ အခြားလူများ၏လက်ချက် ‌ကြောင့် ၄၁၆ ဦး ‌သေဆုံးပြီး ဒဏ်ရာရခဲ့‌ကြောင်းဖြင့် ရှင်းလင်းခဲ့သည်။

‌ကျောင်းသပိတ်များ၊ အရှိန်မြှင့်တင်ဆဲနွှဲရန်၊ အ‌ဆောက်အအုံ တစ်ခုအတွင်း လူသူစု‌ဝေးခြင်း မလုပ်ရန် ပိတ်ပင်သည့် အမိန့်ကို ၁၉၈၅ ခုနှစ် မတ်လ၌ စတင်ပြဋ္ဌာန်းခဲ့ပြီး ထိုနှစ် စက်တင်ဘာလတွင် ထပ်မံပြဋ္ဌာန်း ခဲ့ရာမှ ၁၉၈၆ ခုနှစ် မတ်လ ၂၇ ရက်‌နေ့တွင် တစ်နှစ် တိုးချဲ့ပြဋ္ဌာန်းခဲ့သည်။ အလုပ်မဆင်း‌ရေးကို လှုံ့‌ဆော်စည်းရုံးသည့် အစည်းအ‌ဝေးများ မကျင်းပရဟူ‌သော ၁၉၈၅ ခုနှစ် စက်တင်ဘာလ စတင်ပိတ်ပင်ခဲ့‌သော အမိန့်ကိုလည်း တစ်နှစ် တိုးချဲ့ပြဋ္ဌာန်းပြန်သည်။ အားကစား လှုပ်ရှားမှုမှတစ်ပါး အ‌ဆောက်အအုံပြင်ပ စု‌ဝေးခြင်းဟူသမျှ မလုပ်ရဟု ၁၉ရ၆ ခုနှစ်မှစ၍ ပိတ်ပင်ထားခဲ့သည့် အမိန့်ကိုမူ ‌နောက်ထပ် နှစ်နှစ်တိုးချဲ့ ပြဋ္ဌာန်းလိုက်သည်။ လန်ဒန်မြို့တွင် အ‌ခြေစိုက်‌သော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အမည်ရှိ လူ့အခွင့်အ‌ရေးဆိုင်ရာ အဖွဲ့အစည်းကြီးက ‌တောင်အာဖရိက၏ မျက်‌မှောက်အ‌ခြေ အ‌နေနှင့် စပ်လျဉ်း၍ ‌လေ့လာ‌တွေ့ရှိချက်ကို သမ္မတဘိုသာထံ ၁၉၈၆ ခုနှစ် မတ်လ ၄ ရက်‌နေ့စွဲပါ စာတစ်‌စောင်ဖြင့် တင်ပြခဲ့သည်။ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု ‌နေ့စဉ်ရှိ‌နေပြီး ယမန် နှစ်ကထက် ပိုမိုဆိုးရွားလာသည်ဟု သုံးသပ်တင်ပြခဲ့သည်။ နိုင်ငံ‌ရေးအ‌ကြောင်းပြချက်ဖြင့် တရားစီရင်မှုမရှိဘဲ လူထောင်ပေါင်းများစွာကို ဖမ်းချုပ်ထား‌ကြောင်း၊ နှစ်စဉ် လူတစ်ရာကျော်ကို ‌သေဒဏ်‌ပေး‌နေ‌ကြောင်းစသည်ဖြင့် ‌ထောက်ပြထားသည်။

‌တောင်အာဖရိက အစိုးရတပ် (အက်စ်‌အေဒီအက်ဖ်)သည် ၁၉၈၆ ခုနှစ် ‌မေလ ၁၉ ရက်‌နေ့က ဇင်ဗာ‌ဘွေ၊ ‌ဘော့ဆွာနာ၊ ဇမ်ဘီယာနိုင်ငံတို့ရှိ အာဖရိကအမျိုးသားကွန်ဂရက် (အေအင်စီ) ၏ရုံးနှင့်စခန်းဟု ထင်မြင်‌သော ‌နေရာများကို စီးနင်းတိုက်ခိုက်ခဲ့ရာ ‌ဗော့ဆွာနာတွင် လူတစ်ဦး‌သေ၍ သုံးဦးဒဏ်ရာရပြီး ဇမ္ဗီးယားတွင် နှစ်ဦးသေ၊ ၁၀ ဦး ဒဏ်ရာရခဲ့သည်။ ‌အေအင်စီ၏ စစ်‌ရေးအ‌ခြေစိုက်စခန်းများကို ၎င်းနိုင်ငံ သုံးနိုင်ငံလုံးတွင် ခွင့်ပြုထားခြင်းမရှိ‌ကြောင်းဖြင့် အစိုးရတို့က ငြင်းဆိုထားကြသည်။ ‌သေဆုံးသူများမှာ အပြစ်မဲ့ပြည်သူများ ဖြစ်သည်ဟု ဆိုသည်။ ကုလသမဂ္ဂအတွင်း‌ရေးမှူးချုပ်ဟာဗီးယား ပဲရက်‌ဒေ ‌ကွေးလျားက ယင်းသို့တိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချ ခဲ့သည်။ ‌မေလ ၂၃ ရက်‌နေ့တွင် ကုလသမဂ္ဂလုံခြုံ‌ရေးကောင်စီတွင် ယင်း တိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချရန် နှင့် စီးပွား‌ရေးပိတ်ဆို့မှု၊ အခြားပိတ်ဆို့မှု အရပ်ရပ်တို့ဖြင့် ‌တောင်အာဖရိကကို အ‌ရေးယူရန် ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ် တင်သွင်းရာ အဖွဲ့ဝင် ၁၂ နိုင်ငံက ‌ထောက်ခံ၍ ပြင်သစ်က ကြား‌နေခဲ့သည်။ အ‌မေရိကန်နှင့်ဗြိတိန်တို့ ဗီတိုအာဏာဖြင့် ပယ်ချ၍ အတည်မဖြစ်ခဲ့၇‌ချေ။ သို့ရာတွင် နိုင်ငံ‌ရေးအရ ‌ဆွေး‌နွေးမှု တိုးတက်လာ‌စေရန် ကြိုးပမ်းလိုကြ‌သော ဓန သဟာယ ဂုဏ်သ‌ရေရှိ ပုဂ္ဂိုလ်‌ကျော်များအဖွဲ့ ‌တောင်အာဖရိက သို့ လာ‌ရောက်ချိန်တွင်မှ တိုက်တိုက်ဆိုင်ဆိုင် ယင်းသို့ ကျူး‌ကျော် တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အဖြစ် နိုင်ငံတကာက ‌ဝေဖန်ရှုတ်ချရာတွင်မူ အ‌မေရိကန်နှင့်ဗြိတိန်တို့လည်း ပါဝင် ခဲ့ကြသည်။

ကိတ်‌တောင်းမြို့ပြင်ဘက်ရှိ ခ‌ရော့စရုဒ် ကျူး‌ကျော်ယာယီ ရပ်ကွက်တွင် ‌မေလ ၁၈ ရက်‌နေ့မှ ၂၈ ရက်‌နေ့ထိ တစ်ကြိမ်၊ ဇွန်လ ၉ ရက်‌နေ့မှ ၁၁ ရက်‌နေ့ထိ တစ်ကြိမ် ဂိုဏ်းကွဲသင်းကွဲခိုက်ရန်ဖြစ်ပွားကြရာ လူ‌ပေါင်း ၆၉ ဦးထက်မနည်း ‌သေဆုံးပြီး လူ ၆၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်။ ယင်းရပ်ကွက်ကို ဖယ်ရှားမည့်အစိုးရ၏ အစီအစဉ် စတင်ချိန် ၁၉၈၅ ခုနှစ် ဖေ‌ဖော်ဝါရီလကလည်း အဓိကရုဏ်းများ ဖြစ်ခဲ့ဖူးသည်။ ၁၉၈၆ ခုနှစ် ‌မေလတွင် ဧက ၆၀ ကျယ်‌သော ‌မြေကွက်‌ပေါ်ရှိ လူ‌နေ အိမ်များကို ဖျက်ဆီး ပြီး‌နောက် ‌မြေညှိစက်ဖြင့် နင်း‌ချေထိုးညှိပစ်ခဲ့သည်။ ယင်းဖျက်ဆီးခံ‌မြေကွက်တွင် မူလ‌နေထိုင်ခဲ့သူများ အား အ‌ရေး‌ပေါ်ဒုက္ခသည်စခန်းတွင်သာ ယာယီ‌နေခွင့်ပြုပြီး ထို‌မြေကွက်သို့ ပြန်လာခွင့် မပြု‌တော့‌ကြောင်း အာဏာပိုင်တို့က ကြေညာသည်။ ယင်း‌မြေကွက်တွင် ‌ရှေးကတည်းက ‌နေထိုင်လာ ခဲ့သူများ မဟုတ်ဘဲ ‌နောက်မှ အ‌ခြေစိုက် ‌နေထိုင်လာကြသူတို့ အား ခါယီလစ်ရှာအမည်ရှိ တည်‌ဆောက်ပြီးစ လူမည်းမြို့နယ်သစ်သို့ ပို့ခဲ့သည်။ ယင်းဖျက်ဆီးခံ ‌မြေကွက်‌ပေါ်တွင် ပိုမို အဆင့်မြင့်‌သော အ‌ဆောက်အအုံများ တည်‌ဆောက်ပြီး တရားဝင်လူမည်းမြို့နယ်အဆင့်သို့ တိုးမြှင့်လိုက်သည့်အခါ ဖျက်ဆီးမခံရဘဲ ကျန်ရှိ‌သော ကျူး‌ကျော်ရပ်ကွက် အပိုင်းရှိ ‌နေထိုင်သူများက အကျိုးခံစား၇‌တော့မည်ဟူ၍ ယူဆကာ စိတ်ဝမ်းကွဲကြရာမှ ယင်းအဓိကရုဏ်းများ ‌ပေါ်‌ပေါက်ခဲ့ရခြင်း ဖြစ်သည်။ ဇွန်လ ၁၂ ရက်‌နေ့တွင် သမ္မတဘိုသာက တစ် နိုင်ငံလုံး အ‌ရေး‌ပေးအ‌ခြေအ‌နေ ပြဋ္ဌာန်းသည့်အမိန့်ကို ထုတ် ပြန်ခဲ့သည်။ ခိုက်ရန်ဖြစ်ပွား‌သော ဂိုဏ်းဂဏအသီးသီးကို ဘုန်း‌တော်ကြီး ဒက် စမွန်တူတူးက ‌စေ့စပ်ညှိနှိုင်း ဖျန်‌ဖြေ‌ပေးခဲ့ရသည်။

လူဖြူလွှတ်‌တော်က သ‌ဘောတူ‌သော်လည်း အိန္ဒိယအနွယ် နှင့် အသား‌ရောင်ရှိလူမျိုးစု၏ လွှတ်‌တော်ကပယ်ချခဲ့သည့် ပြည်တွင်းလုံခြုံ‌ရေး အက်ဥပ‌ဒေနှင့် အများပြည်သူအန္တရာယ် ကင်းရှင်း‌ရေး အက်ဥပ‌ဒေတို့ကို ‌တောင်အာဖရိက၏ မူဝါဒ ‌ရေးရာတွင် အဆင့်အမြင့်ဆုံး အကြံ‌ပေးအဖွဲ့ဖြစ်သည့် သမ္မတ ‌ကောင်စီက ဇွန်လ ၂၀ ရက်‌နေ့တွင် အတည်ပြု‌ပေးခဲ့သည်။ အ‌ခြေခံဥပ‌ဒေအရ လွှတ်‌တော်သုံးရပ်က တညီတညွှတ်တည်း သ‌ဘောတူညီခြင်း မရှိသည့် ဥပ‌ဒေကြမ်းတစ်ရပ်ကို အဖွဲ့ဝင် ၆၀ ပါ‌သော ယင်း‌ကောင်စီကဥပ‌ဒေအဖြစ် အတည်ပြု ပိုင်ခွင့် အာဏာရှိသည်။ သို့ဖြစ်၍ ပထမအက်ဥပ‌ဒေကို ‌ထောက်ခံမဲ ၃၅ မဲ၊ ကန့်ကွက်မဲ ၂၂ မဲဖြင့် လည်း‌ကောင်း၊ ဒုတိယအက် ဥပ‌ဒေကို ၃၅ မဲ ကန့်ကွက်မဲ ၂၁ မဲဖြင့်လည်း‌ကောင်း အတည်ပြု‌ပေးခဲ့ခြင်း ဖြစ်သည်။

အသစ်ပြဋ္ဌာန်းလိုက်‌သော အ‌ရေး‌ပေါ် အ‌ခြေအ‌နေ အမိန့်အရ ပြဋ္ဌာန်းပြီး တစ်ပတ်အတွင်းမှာပင် လူ‌ပေါင်း ၂၀၀ဝနှင့် ၄၀၀၀ အကြား ဖမ်းဆီးအ‌ရေးယူခြင်း ခံရသည်ဟု ဆိုသည်။ အဖမ်းခံရသူများထဲတွင် ညီညွှတ် ‌သော ဒီမိုကရက်တစ် တပ်ဦး (ယူဒီ အက်ဖ်)၊ အဇာပိုအဖွဲ့၊ ဆို‌ဝေတိုလူငယ်ကွန်ဂရက်၊ ‌တောင် အာဖရိက အလုပ်သမားသမဂ္ဂ‌ခေါင်း‌ဆောင်များ၊ ဘာသာ‌ရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် နိုင်ငံ‌ရေးအကျဉ်းသားများ၏ အကျိုး ‌ဆောင်‌ရှေ့‌နေများ ပါဝင်သည်ဟုဆိုသည်။ အများပြည်သူ အန္တရာယ်ကင်းရှင်း‌ရေးအက်ဥပ‌ဒေပါ ပြဋ္ဌာန်းချက်များအရ တရားဥပ‌ဒေစိုးမိုး‌ရေးဝန်ကြီးက ဖမ်းဆီးအ‌ရေးယူထားရသူ ၈၅၅၁ ဦး၏အမည်စာရင်းကို ပါလီမန်၌ ဩဂုတ်လ ၁၈ ရက် ‌နေ့တွင် တင်ပြခဲ့ရသည်။ ‌ကော့ဆာတူးအ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌ဂျေ‌နေဒူး၊ ယူဒီအက်ဖ် ‌ခေါင်း‌ဆောင် မာဖီရို‌ဘေးစသည့် ပုဂ္ဂိုလ်အများအပြားမှာ ထိန်းသိမ်းထားခြင်း ခံ၇‌သော်လည်း ယင်းအမည်စာရင်းတွင် ‌ဖော်ပြမထား‌ချေ။ ဆို‌ဝေတိုအုံကြွမှု ၁၀ နှစ်‌မြောက် အခမ်းအနားနှင့် ၁၉၅၅ ခုနှစ် ဇွန်လ ၂၆ ရက်‌နေ့ တွင် လက်မှတ်‌ရေးထိုးခဲ့သည့် ‌အေအင်စီလွတ်လပ်‌ရေး‌ကြေညာ စာတမ်းအထိမ်းအမှတ် အခမ်းအနားတို့အတွက် စည်းရုံးလှုပ်ရှားခြင်း မပြုရန် သီးခြားအမိန့်ထုတ်ပြန်၍ တားမြစ်ခဲ့သည်။

ဂိုဏ်းအုပ်ဘုန်း‌တော်ကြီး တူတူးသည် ကိတ်‌တောင်း၏ ဂိုဏ်းချုပ်ဘုန်း‌တော်ကြီးအဖြစ် ၁၉၈၆ ခုနှစ် ဧပြီလ ၁၄ ရက်‌နေ့တွင် ‌ရွေးချယ် တင်‌မြှောက်ခံရ၍ အာဖရိက‌တောင်ပိုင်း ‌ဒေသတစ်ခွင်၏ အဂင်္လီကန် အသင်း‌တော်အကြီးအကဲ ဖြစ် လာခဲ့သည်။ ဂိုဏ်းချုပ်ဘုန်း‌တော်ကြီးတူတူးသည် ‌ခြောက်နှစ် တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ဇွန်လ ၁၃ ရက် နေ့တွင် သမ္မတဘိုသာနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်။ ၁၉၈၀ ပြည့်နှစ်က ‌တောင်အာဖရိက ခရစ်ယာန်အသင်း‌တော်များ ‌ကောင်စီကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့စဉ်က ထိုအချိန်က ဝန်ကြီးချုပ်ဖြစ်‌သော ဘိုသာနှင့်‌ဆွေး‌နွေးခဲ့ဖူးသည်။ တစ်ဖန် ၁၉၈၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်‌နေ့တွင်လည်း ထပ်မံ ‌ဆွေး‌နွေးခဲ့ပြန်သည်။ ဘုန်း‌တော်ကြီးတူတူးသည် အ‌ရေး‌ပေါ် အ‌ခြေအ‌နေ ပြဋ္ဌာန်းခြင်းနှင့် လူမည်း‌ခေါင်း‌ဆောင်များကို ဖမ်းဆီးခြင်းတို့ကို ရှုတ်ချခဲ့သည်ဟု ဆိုသည်။ ဆို‌ဝေတိုမြို့၌ ၁၉၈၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်‌နေ့နှင့် ၂ရ ရက်‌နေ့တို့တွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ တရားဝင် ထုတ်ပြန်‌သော စာရင်းအရ လူ ၂၀ သည် လုံခြုံ‌ရေးတပ်ဖွဲ့တို့ ၏ ပစ်ခတ်မှု‌ကြောင့် ‌သေဆုံးခဲ့ရသည်ဟု သိရသည်။ လူမည်း ကောင်စီဝင်တစ်ဦးကို ယင်းမြို့‌နေလူထုက သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။ ယူဒီအက်ဖ်နှင့် ‌ကော့ဆာတူးတို့က ထုတ်ပြန်‌သော စာရင်းအရမူ လူ ၃၀ ခန့် ‌သေဆုံး၍ လူ ၂၀၀ ခန့် ဒဏ်ရာ ရသည်ဟု သိရသည်။ အိမ်ငှားခများ တိုးမြှင့်သတ်မှတ်မှုကို ဆန့်ကျင်သည့် ၁၁ ပတ်တ်ကြာ ဆန္ဒပြပွဲများကို တစ်နိုင်ငံ လုံးတွင် ၃၈ ‌နေရာ၌ ဆင်နွှဲခဲ့ကြရာ ဆို‌ဝေတိုမြို့လည်း အပါအဝင် ဖြစ်သည်။ လူဦး‌ရေ ၁ ဒသမ ၂၅ သန်း‌နေထိုင်‌သော ၎င်းမြိုရှိ ‌ကျောင်းများတွင် နိုင်ငံ‌ရေးလှုပ်ရှားသူ ‌ကျောင်းသား များကို ခွဲခြားရန် ‌ကျောင်းသားမှတ်ပုံတင်ကတ်များ ထုတ်‌ပေးသည့်စနစ် တစ်ရပ်ကို အစိုးရက ချမှတ်ခဲ့ရာမှ တင်းမာမှု အရှိန်မြင့်မားလာခဲ့ရခြင်းဖြစ်သည်။ ‌ကျောင်းများတွင် လုံခြုံ‌ရေး တပ်ဖွဲ့များ တပ်စွဲထားခြင်းကို ဆန့်ကျင်‌သောအားဖြင့် ကျောင်းသားများက တစ်ပတ်လျှင် သုံးရက်‌ကျောင်းမတက်ဘဲ ဆန္ဒပြခဲ့ကြသည်။ အဓိကရုဏ်းများတွင် ‌သေဆုံးကြရသူများ အတွက် လူစုလူ‌ဝေးနှင့် ဈာပနအခမ်းအနား မပြုလုပ်ရန် စက်တင်ဘာလ ၂ ရက်‌နေ့တွင် ဆို‌ဝေတို ပုလိပ်တပ်ဖွဲ့ အကြီး အကဲက အမိန့်ထုတ်ပြန်ခဲ့သည်။ အသုဘ အ‌ရေအတွက်၊ လိုက်လံပို့‌ဆောင်နိုင်သည့် လူဦး‌ရေနှင့် သင်္ဂြိုဟ်ရာတွင် ကြာသင့်သည့်အချိန် စသည်တို့ကို သတ်မှတ်ခဲ့ရာ ပုလိပ်အကြီး အကဲသည် အစိုးရအာဏာပိုင်အဖွဲ့၏ လုပ်ပိုင်ခွင့်ကို ‌ကျော်လွန် သည်ဟု ဥပ‌ဒေပညာရှင်တို့က ‌ဝေဖန်၍ နက်တဲတရားရုံးချုပ်က ယင်းအမိန့် ကို ဥပ‌ဒေအရ တရားမဝင်‌ကြောင်း ‌ကြေညာ ခဲ့သည်။ သို့ရာတွင် ပုလိပ်တပ်ဖွဲ့သည် ဈာပနအခမ်းအနားများကို အတင်းအဓမ္မ ဝင်‌ရောက်တားဆီးခဲ့ကြသည်။ ‌သေဆုံးသူ ၂၄ ဦးကို သက်ဆိုင်ရာ မိသားစုမသိဘဲ ပုလိပ်အဖွဲ့က တိတ် တဆိတ် မြုပ်နှံလိုက်၍ ဆို‌ဝေတိုမြို့‌နေ လူထု ၈၀ ရာခိုင်နှုန်း က ဆန္ဒပြခဲ့ကြပြန်သည်။

ဝန်ကြီး ‌လေဂရိန်ချ်က ၁၉၈၄ ခုနှစ် စက်တင်ဘာလ ‌နောက်ပိုင်းတွင် အဓိကရုဏ်းများ‌ကြောင့် အရပ်သား ၁၇၇၆ ဦးနှင့်၊ ပုလိပ်နှင့်လုံခြုံ‌ရေး တပ်ဖွဲ့ဝင် ၅၆ ဦးတို့ ‌သေဆုံးခဲ့ကြရသည်ဟု ၁၉၈၆ ခုနှစ် စက်တင်ဘာ လ ၁၉ ရက်‌နေ့တွင် ‌ပြောကြားခဲ့သည်။ ‌တောင်အာဖရိကနိုင်ငံတွင် ပြည်ပ‌ကြွေးမြီ စုစု‌ပေါင်း သန်း‌ပေါင်း ၂၄၀၀၀ နီးပါးရှိသည်ဟု ၁၉၈၅ ခုနှစ်အောက်တိုဘာလတွင် ဘဏ္ဍာ‌ရေးဝန်ကြီးဌာန ‌ကြွေးမြီဆိုင်းငံ့မှုညှိနှိုင်း‌ရေး‌ကော်မတီ ဥက္ကဋ္ဌက ‌ပြောကြား ခဲ့သည်။ ထို့‌နောက်ကိုးလတာကာလအတွင်း ‌ကြွေးမြီ ‌ဒေါ်လာသန်း ၂၀၀၀ ကို ပေးဆပ်ပြီးပြီဟု ၁၉၈၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်‌နေ့တွင် ‌ကြေညာခဲ့ပြန်သည်။

ဥ‌ရောပဘုံ‌ဈေးအဖွဲ့၏ ကိုယ်စားလှယ်များဖြစ်‌သော ဗြိတိန် နိုင်ငံခြား‌ရေးနှင့် ဓနသဟာယဝန်ကြီး ဂျက်ဖရီ‌ဟောင်းနှင့် နယ်သာလန် နိုင်ငံခြား‌ရေးဝန်ကြီး ဟန့်စ်ဗန်ဒင်ဘရိုခ်တို့သည် ရှေ့တန်း‌ခြောက်နိုင်ငံ(အန်ဂိုလာ၊ ‌ဗော့ဆွာနာ၊ မိုဇမ်းဗစ်၊ တန်ဇားနီးယား၊ ဇမ္ဗီးယားနှင့် ဇင်ဗာ‌ဗွေ)တို့မှ နိုင်ငံခြား‌ရေး ဝန်ကြီးများနှင့် ၁၉၈၆ ခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၃ ရက်‌နေ့က ဇမ္ဗီးယားနိုင်ငံ လူဆာကာမြို့၌ ‌တွေ့ဆုံ‌ဆွေး‌နွေးကြသည်။ ၎င်း တို့နှစ်အုပ်စု ထိုသို့ ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။ ပူးတွဲ‌ကြေညာချက်တွင် ‌တောင်အာဖရိကနိုင်ငံအား အသားအ‌ရောင် ခွဲခြားမှုစနစ် ဖြိုဖျက်ပစ်ရန် ‌တောင်းဆိုခဲ့သည်။ ၁၉၈၅ ခုနှစ် စက်တင်ဘာလ ချမှတ်ခဲ့‌သော စီးပွား‌ရေးပိတ်ဆို့မှု များဖြင့် မထိ‌ရောက်‌ သေးလျှင် ‌ နောက်ထပ်အ‌ရေးယူ ‌ဆောင်ရွက် မှုများ ချမှတ်သွားရန် ဘုံ‌ဈေးအဖွဲ့ ကိုယ်စားလှယ်တို့က သ‌ဘောတူညီခဲ့ကြသည်။ ဆာ ဂျက်ဖရီ‌ဟောင်းသည် အသား အ‌ရောင်ခွဲခြားမှု ဖျက်သိမ်း‌ရေးပန်းတိုင်သို့ဦးတည်သည့် ‌ဆွေး‌နွေးညှိနှိုင်းပွဲတစ်ရပ် ‌တောင်အာဖရိကတွင် ကျင်းပနိုင်‌ရေး အတွက် အစီအစဉ်မူကြမ်းတစ်ရပ် ရရှိ‌စေရန် ၁၉၈၆ ခုနှစ် ဇူလိုင်လအတွင်းတွင် ဇမ္ဗီးယား၊ ဇင်ဗာ‌ဗွေ၊ ‌တောင်အာဖရိက၊ ‌ဗော့ဆွာနာ၊ ဆွာဇီလန်၊ လီဆိုသိုနှင့် အ‌မေရိကန်ပြည်‌ထောင်စု သို့ သွား‌ရောက် ခဲ့သည်။ သို့ရာတွင် အသားအ‌ရောင် ခွဲခြားရေးမူဝါဒကို ဆန့်ကျင်တိုက်ခိုက်‌နေသူများကြားတွင်မူ ဆာ ဂျက်ဖရီ၏ခရီးစဉ်သည် ဥ‌ရောပဘုံ‌ဈေးအဖွဲ့က ‌တောင်အာဖရိက အ‌ပေါ် အ‌ရေးယူရန်ရှိသည့် စီးပွား‌ရေး ပိတ်ဆို့မှုများကို တုံ့ဆိုင်း‌စေရန် ရည်ရွယ်‌သော ခရီးစဉ်ဖြစ်သည်ဟူ၍ ယူဆခဲ့ကြ သည်။ ထို့‌ကြောင့် ဆာဂျက်ဖရီ၏ ခရီးစဉ်သည် မ‌အောင်မြင် ခဲ့‌ချေ။ ထို့‌နောက် စက်တင်ဘာလ ၁၅ ရက်‌နေ့နှင့် ၁၆ ရက်နေ့တို့တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပ‌သော ဘုံ‌ဈေးအဖွဲ့ နိုင်ငံခြား ‌ရေးဝန်ကြီးများ အစည်းအ‌ဝေးတွင် ‌တောင်အာဖရိက၏ သံ၊ သံမဏိနှင့်‌ရွှေဒင်္ဂါးများ တင်သွင်းမှုကို ပိတ်ပင်ရန်နှင့် ‌တောင်အာဖရိက၌ ရင်းနှီးမြှပ်နှံမှု အသစ် မပြုလုပ်ရန်တို့ကို ဆုံးဖြတ် ခဲ့ကြသည်။

သို့ရာတွင်ဘုံ‌ဈေးနိုင်ငံများသို့ ‌တောင်အာဖရိက နိုင်ငံမှပို့ကုန်စုစု‌ပေါင်၏ ၁၅ ရာခိုင်နှုန်းရှိသည့်‌ ကျောက်မီး‌သွေးကိုမူ ပိတ်ပင်ခဲ့ခြင်း မရှိ‌ချေ။ ‌တောင်အာဖရိကမှ ‌ကျောက်မီး‌သွေးကို အများဆုံးတင်သွင်း‌နေရသော အ‌နောက်ဂျာမနီနိုင်ငံနှင့် ‌ပေါ်တူဂီနိုင်ငံတို့က ကန့်ကွက်ခဲ့ခြင်း‌ကြောင့် ဖြစ်သည်။ ကုလသမဂ္ဂက ကမကထပြုလုပ်‌သော လူမျိုးခွဲခြားမှုဝါဒ ‌တောင်အာဖရိကကို ပိတ်ဆို့မှုများ ပြုလုပ်‌ရေးဆိုင်ရာ ကမ္ဘာ့ ညီလာခံကို ပါရီမြို့၌ ၁၉၈၆ ခုနှစ် ဇွန်လ ၁၆ ရက်‌နေ့မှ ၂၀ ရက်‌နေ့ထိ ကျင်းပခဲ့ရာ ပြင်သစ်နှင့် ဂျပန်အပါအဝင် နိုင်ငံ ‌ပေါင်း ၁၂၀ မှ ကိုယ်စားလှယ်များ တက်‌ရောက်ကြသည်။ အခြား‌သော စက်မှု ဖွံ့ဖြိုးပြီး စက်မှုဖွံ့ဖြိုးပြီး အ‌နောက်နိုင်ငံများတက်‌ရောက်ခြင်း မရှိ‌ချေ။ ညီလာခံအပြီးတွင် ‌ကြေညာချက် ထုတ်ပြန်ခဲ့ရာ ‌တောင်အာဖရိကနိုင်ငံမှ အသားအ‌ရောင် ခွဲခြားမှု ဝါဒီ အစိုးရ၏မူဝါဒနှင့်လုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်း‌ရေးနှင့် လုံခြုံ‌ရေးကို ခြိမ်း‌ခြောက်‌နေ‌သော‌ကြောင့် ‌တောင်အာဖရိကအား ကွန်ပျူတာ၊ ‌ရေဒါနှင့်အီလက်ထရွန်းနစ် ဆိုင်ရာ ပစ္စည်းကရိယာများနှင့် နည်းပညာများကို ‌ရောင်းချခြင်း၊ ‌ထောက်ပံခြင်း မပြုရန်၊ ၁၉၇၇ ခုနှစ်တွင် လက်နက် တင်ပို့မှု တင်းကျပ်စွာ ပိတ်ပင်‌သော အမိန့်ပြဋ္ဌာန်း ခဲ့သည့် နည်းတူ ‌ရေနံတင်ပို့မှုကိုလည်း တင်းကျပ်စွာ ပိတ်ပင်သည့် အမိန့်တစ်ရပ်ကို လုံခြုံ‌ရေး‌ကောင်စီက ပြဋ္ဌာန်း‌ပေးရန် စသည်ဖြင့် ‌တောင်းဆိုထားသည်။

‌တောင်အာဖရိက နိုင်ငံခြား‌ရေးဝန်ကြီး ပစ်ဘိုသာသည် ကုန်သွယ်‌ရေး တိုးမြှင့်နိုင်ရန် ဂျပန်၊ တိုင်ဝမ်နှင့် ‌ဟောင်‌ကောင် တို့သို့ ၁၉၈၆ ခုနှစ် စက်တင်ဘာလက သွား‌ရောက်ခဲ့သည်။ သို့ရာတွင် ဂျပန်အစိုးရသည် အခြားနိုင်ငံများနှင့် လက်တွဲ၍ ချမှတ်‌ဆောင်ရွက်ရန်ရှိသည့် စီးပွား‌ရေးနှင့် လက်တွဲ၍ ချမှတ် ‌ဆောင်ရွက်ရန် ရှိသည့် စီးပွား‌ရေးပိတ်ဆို့မှုများကို ပြုလုပ်သွားမည်ဖြစ်‌ကြောင်း နိုင်ငံ‌ရေးဝန်ကြီး တာဒါရှီ ကူရာနာရီက ‌ပြောကြားခဲ့သည်။ ဂျပန်သည် အ‌မေရိကန်နှင့် အ‌နောက်ဂျာမနီ တို့ပြီးလျှင် ‌တောင်အာဖရိနိုင်ငံနှင့် အ‌နောက်ဂျာမနီတို့ ပြီးလျှင် တောင်အာဖရိကနိုင်ငံနှင့် တတိယအများဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်သည်။ ၁၉၈၅ ခုနှစ် က ‌တောင်အာဖရိကသို့ ‌ဒေါ်လာ သန်း ၁၀၂၀ ဖိုး တင်ပို့ပြီး ‌တောင်အာဖရိမှ ‌ဒေါ်လာသန်း ၁၈၄၀ ဖိုးနီးပါး တင်သွင်းခဲ့သည်။[၁၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. The Constitution။ Constitutional Court of South Africa။ 2009-09-03 တွင် ပြန်စစ်ပြီး။
  2. Principal Agglomerations of the World at www.citypopulation.de
  3. The Khoi, Nama and San languages; sign language; German, Greek, Gujarati, Hindi, Portuguese, Tamil, Telegu and Urdu; and Arabic, Hebrew, Sanskrit and "other languages used for religious purposes in South Africa" have a special status. See Chapter 1, Article 6, of the Constitution.
  4. Mid-year population estimates 2014 (PDF)။ Statistics South Africa။ 5 August 2014 တွင် ပြန်စစ်ပြီး။
  5. (2012) Census 2011: Census in brief. Pretoria: Statistics South Africa. ISBN 9780621413885. Retrieved on 12 January 2013. 
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ South Africa။ International Monetary Fund။ 2014-10-16 တွင် ပြန်စစ်ပြီး။
  7. South African Maritime Safety Authority။ South African Maritime Safety Authority။ 2008-06-16 တွင် ပြန်စစ်ပြီး။
  8. CoastlineThe World Factbook။ CIA။ 2008-06-16 တွင် ပြန်စစ်ပြီး။
  9. South Africa Fast Facts။ SouthAfrica.info (April 2007)။ 2008-06-14 တွင် ပြန်စစ်ပြီး။
  10. Encyclopædia Britannica Online။ Encyclopædia Britannica, Inc.။
  11. မြန်မာ့စွယ်စုံကျမ်း အတွဲ ၅
  12. မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)