အီရီထရီးယားနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အီရီထရီးယားနိုင်ငံ
State of Eritrea
ሃገረ ኤርትራ
Hagere Ertra
دولة إرتريا
Dawlat Iritrīya
Flag of Eritrea.svg Emblem of Eritrea (or argent azur).svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း - Eritrea, Eritrea, Eritrea
ပထဝီ
Eritrea (Africa orthographic projection).svg
မြို့တော် အက်စ်မာရာမြို့
အကြီးဆုံးမြို့ မြို့တော်
ဧရိယာ
  • ဧရိယာ - ၄၅,၄၀၅ စတုရန်းမိုင် (၁၁၇,၆၀၀km²) (အဆင့်: ၁၀၀)
  • ရေဖုံးလွှမ်းမှု - ၀.၁၄ %%
စံတော်ချိန်ဇုန် UTC +၃
လူနေမှု
ရုံးသုံးဘာသာများ တီဂရင်ညာဘာသာအာရပ်ဘာသာအင်္ဂလိပ်ဘာသာ
လူဦးရေ
နိုင်ငံရေး
အမျိုးအစား ခေတ္တအစိုးရ
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Isaias Afewerki


ထူထောင်မှု
  • လွတ်လပ်ရေး (အီတလီမှ) - နိုဝင်ဘာ ၁၉၄၁
  • လွတ်လပ်ရေး (ယူကေမှ) - ၁၉၅၁
စီးပွားရေး
GDP(PPP) ၃.၆၂၅ ဘီလီယံ[၂] (အဆင့် - )
GDP(PPP) US$ ၆၈၁ (အဆင့် - )
HDI ၀.၄၇၂(အနိမ့်) (အဆင့် - ၁၆၅)
ငွေ နပ်ဖ်ကာ
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .er
Calling code +၂၉၁

အီရီထရီးယားနိုင်ငံသည် အာဖရိက ဦးချိုဒေသ တွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မြို့တော်မှာ အက်စ်မာရာမြို့ ဖြစ်သည်။ အနောက်ဘက်တွင် ဆူဒန်နိုင်ငံ၊ တောင်ဘက်တွင် အီသီယိုးပီးယားနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဂျီဘူတီနိုင်ငံတို့ဖြင့် ထိစပ်လျှက် ရှိသည်။ အရှေ့မြောက်ဘက်နှင့် မြောက်ဘက်တွင် ပင်လယ်နီနှင့် ထိစပ်နေသော ရှည်လျားသည့် ကမ်းရိုးတန်း ရှိသည်။ ဆော်ဒီအာရေဗျနိုင်ငံယီမင်နိုင်ငံတို့နှင့် မျက်နှာချင်းဆိုင် ကမ်းရိုးတန်းဒေသဖြစ်သည်။ ဒါလက် ကျွန်းစုများနှင့် ဟန်နစ်ရှ် ကျွန်း အချို့တို့မှာ အီရီထရီးယား နိုင်ငံပိုင်ဖြစ်သည်။ အကျယ်အဝန်းမှာ ၁၁၇,၆၀၀ စတုရန်းကီလိုမီတာ (၄၅,၄၀၆ စတုရန်းမိုင်) ခန့် ဖြစ်ပြီး လူဦးရေ ၅ သန်းမျှ ရှိသည်။

ဒုတိယကမ္ဘာစစ်မတိုင်မီက အီတလီ၏ ကိုလိုနီတစ်ခုဖြစ်ခဲ့၍ ၁၉၅၂ ခုနှစ်တွင် အီသီယိုးပီးယားနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်လာသော အီရစ်ထရီးယားသည် အာဖရိကတိုက်၏ အရှေ့ဘက် ကမ်းရိုးတန်း၌ရှိသည်။ ယင်း၏ ပင်လယ်ကမ်းရိုးတန်းသည် မိုင်ပေါင်း ၆၇ဝ ခန့်ရှည်သည်။ ယခင်က ကုန်းတွင်းပိတ်နိုင်ငံ တစ်ခုဖြစ်ခဲ့သော အီသီယိုးပီးယားသည် အီရီထရီးယားပြည်၏ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သော မဆားဝအားဖြင့် ပင်လယ်ဘက်သို့ ထွက်ပေါက်ရခဲ့လေသည်။ ထိုပြည်၏ အကျယ်အဝန်း သည် ၄၅၇၅၄ စတုရန်းမိုင်ဖြစ်၍ ပင်လယ်နီအနီးရှိ မြေနိမ့်ဒေသနှင့် ကမ်းရိုးတန်း၏ ကျောဘက်ရှိ ကုန်းမြင့်ဒေသတို့လည်း ပါဝင်သည်။ ကမ်းရိုးတန်းမှ မီးရထားလမ်းအားဖြင့် ၇၅ မိုင် ဝေးကွာသော အက္ခမားရာ (လူဦးရေ ၁၉၄၈ ခုနှစ် ၁၁၆၃၂ ယောက်)သည် မြို့တော်ဖြစ်၍ မဆားဝ (လူဦးရေ ၁၉၄၈ ခုနှစ် ၈ဝ၂၈ ယောက်)သည် ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သည်။ အီတလီတို့ အုပ်စိုးခဲ့စဉ်က အီရစ်ထရီးယား၏ တောင်ဘက်စွန်းရှိ အက္ခအဗ္ဗမြို့ကို အီသီအိုးပီးယားနိုင်ငံတွင်းသို့ ဝင်ပေါက်ဆိပ်ကမ်းအဖြစ် ရည်ရွယ်ကာ တိုးတက်ပြုပြင်ခဲ့လေသည်။


အီရစ်ထရီးယား၏ ကမ်းရိုးတန်း မြေနိမ့်ဒေသတွင် အပူချိန်သည် ဖာရင်ဟိုက် ဒီဂရီ ၁၂ဝ ခန့်အထိမြင့်၍ မိုးအနည်းငယ်သာ ရွာသည်။ ကမ်းရိုးတန်းမှ ကုန်းတွင်းသို့ မြေပြင်သည် မြင့်တက်သွားရာ ပေ ၆ဝဝဝ ခန့်အထိ အမြင့်ရှိသည်။ ထိုအပိုင်းတွင်မူ အေးချမ်းသောရာသီဥတုရှိသည်။ ပေ ၉ဝဝဝ ကျော်မြင့်သော အပိုင်းတွင် ရာသီဥတု ပို၍အေးသည်။ အီရစ်ထရီးယားတွင် မြစ်ချောင်းနည်းပါး၍ ရှိသမျှသော မြစ်ချောင်းတို့သည် မိုးရာသီအခါ၌သာ ရေရှိလေသည်။ ၁၉၅ဝ ပြည့်နှစ်၌ ခန့်မှန်းခြေ လူဦးရေ ၁၁ဝ၃၆ဝ၇ ယောက်ရှိရာ ၁၅ဝဝဝ ခန့်သည် အီတာလျံများ ဖြစ်ကြသည်။ တိုင်းရင်းသားများအနက် ကုန်းပြင်မြင့်မှ တိုင်းရင်းသားများသည် မြောက်ပိုင်း အီသီအိုးပီးယန်းများ ဖြစ်ကြသည်။ ကမ်းရိုးတန်း၌ နေထိုင်ကြသူများသည် တောင်ပိုင်းတွင် ဆိုမာလီနှင့် အဖားလူမျိုး အဆက်အနွယ်များ ဖြစ်ကြ၍ မြောက်ပိုင်း၌ အာရပ်နှင့် ဟမ်းမိုက်အဆက်အနွယ်များ ဖြစ်ကြပြီးလျှင် များသောအားဖြင့် အစ္စလာမ်ဝါဒီများ ဖြစ်ကြသည်။

အီရစ်ထရီးယားပြည်၌ ဝါဂွမ်း၊ ကော်ဖီ၊ တည်သီး၊ စွန်ပလွံသီး၊ ပြောင်းတို့ကို စိုက်ပျိုးလုပ်ကိုင်ကြ၍ ကုလားအုပ်၊ နွား၊သိုး၊ ဆိတ်တို့ကို မွေးမြူကြသည်။ ကမ်းရိုးတန်း အချို့ဒေသ၌ ပုလဲလုပ်ငန်းကို လုပ်ကိုင်ကြ၍ အချို့ဒေသမှ ရွှေနှင့် ပိုတက်ဆားထွက်သည်။ မဆားဝမှ အက္ခမားရား အဂေါ်ဒတ်သို့ မီးရထားလမ်းပေါ်ရှိ ကက်ဆလသို့ မော်တော်ကားလမ်းရှိသည်။ အီရစ်ထရီးယား၏ ရှေးသမိုင်းသည် အီသီအိုးပီးယား၏ ရှေးသမိုင်းနှင့် ရောထွေးလျက် ရှိသည်။ ၁၆ ရာစုနှစ်တွင် တူရကီတို့သည် မဆားဝနှင့် အခြားကမ်းရိုးတန်းမြို့များကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ၁၈၆၅ ခုနှစ်တွင် အီဂျစ်တို့သည် ကုန်းမြင့်ဒေသအချို့ကို သိမ်းပိုက်ခဲ့၍ အီတာလျံတို့သည် အက္ခအဗ္ဗမြို့ကို တိုင်းရင်းသား စူလတန်စော်ဘွားတစ်ဦးထံမှ ဝယ်ယူပြီးနောက် တစ်စတစ်စ နယ်မြေချဲ့ထွင်ခဲ့ရာ ၁၈၉ဝ ပြည့်နှစ်ခန့်တွင် အီရစ်ထရီးယားပြည် တစ်ပြည်လုံးသည် အီတလီ၏ ကိုလိုနီတစ်ခု ဖြစ်လာခဲ့လေသည်။ အီတလီသည် အီရစ်ထရီးယား၌ ခြေကုတ်ယူပြီးလျှင် အီသီအိုးပီးယားနိုင်ငံအား သိမ်းပိုက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဗြိတိသျှတပ်များသည် အီရစ်ထရီးယားအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ကုလသမဂ္ဂ၏ အဆုံးအဖြတ် မရသေးမီ အီရစ်ထရီးယားနိုင်ငံနှင့် ပူးပေါင်းရန် ကုလသမဂ္ဂ၏ လေးနိုင်ငံကော်မရှင်က ဆုံးဖြတ်ပေးပြီးနောက် ၁၉၅၂ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် အီရစ်ထရီးယားသည် အီသီအိုးပီးယားနှင့် ပူးပေါင်းခဲ့လေသည်။


အီရစ်ထရီးယားသည် ယခုအခါ အီသီအိုးပီးယားနိုင်ငံ အတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ ပြည်နယ်ဥပဒေပြုလွှတ်တော်ရှိ ပြည်နယ်ဥက္ကဋ္ဌကို ထိုလွှတ်တော်မှ ရွေးကောက်တင်မြှောက်ရသည်။ အီသီအိုးပီးယန်းပါလီမန်သို့ အချိုးကျ ကိုယ်စားလှယ် လွှတ်ခွင့်ရခဲ့သည်။ ကာကွယ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြား ကုန်သွယ်မှု၊ ဘဏ္ဍာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့ကိုသာလျှင် အီသီအိုးပီးယန်းအစိုးရက ဆောင်ရွက်လေသည်။[၃]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. United Nations World Population Prospects, 2008 revision. Estimate for 2010.[dead link]
  2. Eritrea။ International Monetary Fund။ 2011-04-21 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)