ဂမ်ဘီယာနိုင်ငံ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဂမ်ဘီယာသမ္မတနိုင်ငံ
ဂမ်ဘီယာနိုင်ငံ၏ အလံတော်
ဂမ်ဘီယာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: Progress, Peace, Prosperity
နိုင်ငံတော် သီချင်း: For The Gambia Our Homeland
ဂမ်ဘီယာနိုင်ငံ ၏ တည်နေရာ
မြို့တော်ဘန်ဂျူမြို့
အကြီးဆုံးမြို့ဆယ်ရီကွန်ဒါမြို့
ရုံးသုံး ဘာသာစကားများအင်္ဂလိပ်
အမျိုးအစားသမ္မတနိုင်ငံ
အစိုးရ
• သမ္မတ
Adama Barrow
• ဝန်ကြီးချုပ်
Isatou Njie-Saidy
တည်ထောင်
• လွတ်လပ်ရေး (ယူကေမှ)
၁၈ ဖေဖော်ဝါရီ၁၉၆၅
• သမ္မတနိုင်ငံ
၂၄ ဧပြီလ၁၉၇၀
ဧရိယာ
• စုစုပေါင်း
၁၀,၃၈၀ km2² (၄,၀၀၇ sq mi) (အဆင့်: ၁၆၄)
လူဦးရေ
• ခန့်မှန်း
၁,၇၀၅,၀၀၀ [၁] (အဆင့် - ၁၄၆)
• သိပ်သည်းမှု
၁၆၄.၂/km2²(၄၂၅.၅/sq mi) (အဆင့် - ၇၄)
ငွေကြေးဒါလာဆီ
တယ်လီဖုန်းကုဒ်+၂၂၀
Internet TLD.gm


ဂမ်ဘီယာနိုင်ငံ (တရားဝင်အမည်အားဖြင့် ဂမ်ဘီယာ သမ္မတနိုင်ငံ သည် အာဖရိက အနောက်ပိုင်းတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အနောက်ဘက်ရှိ အတ္တလန္တိတ် သမုဒ္ဒရာနှင့် ထိစပ်နေသော တိုတောင်းသော ကမ်းရိုးတန်းမှ အပ ကျန်နေရာအားလုံးကို ဆီနီဂေါလ်နိုင်ငံ က ဝိုင်းရံထားသည်။ဂမ်ဘီယာသည် အာဖရိကတိုက် ကုန်းမကြီးပေါ်တွင် အသေးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။[၂]

ဂမ်ဘီယာနိုင်ငံသည် ၎င်းအစွဲပြု မှည့်ခေါ်ထားပြီး အတ္တလန္တိတ် သမုဒ္ဒရာအတွင်းသို့ စီးဝင်သော ဂမ်ဘီယာမြစ်၏ အောက်ပိုင်း ကမ်းတစ်ဖက်တစ်ချက်တွင် တည်ရှိသည်။ ဧရိယာ အားဖြင့် ၁၀,၆၈၉ စတုရန်း ကီလိုမီတာ (၄,၁၂၇ စတုရန်းမိုင်) ရှိပြီး ၂၀၁၃ ခုနှစ် လူဦးရေ စာရင်းအရ လူဦးရေ ၁,၈၅၇,၁၈၁ ဦး ရှိသည်။ ဘမ်ဂျူလ်မြို့ သည် ဂမ်ဘီယာ၏ မြို့တော်ဖြစ်သော်လည်း [၃] အကြီးဆုံးမြို့များမှာ ဆီရီကွန်ဒါမြို့နှင့် ဘရီကာမာမြို့တို့ဖြစ်သည်။[၄]

ဂမ်ဘီယာနိုင်ငံသည် ကျွန်ရောင်းဝယ်မှုအတွက် အခြား အနောက်အာဖရိကနိုင်ငံများနှင့် တူညီသော သမိုင်းရင်းမြစ် ရှိသည်။ ထို့အတွက် ကိုလိုနီကို ဂမ်ဘီယာမြစ်ပေါ်တွင် တည်ထားပြီး ဆက်လက်ထားရှိခြင်း ဖြစ်သည်။ ပထမဆုံး ကိုလိုနီပြုသူများမှာ ပေါ်တူဂီများ ဖြစ်ပြီး ထိုအချိန်က "အေ ဂမ်ဘီယာ" ဟု သိကြသည်။ နောက်ပိုင်း ၁၇၆၅ ခုနှစ် မေလ ၂၅တွင် [၅] ဗြိတိသျှ အစိုးရသည် တရားဝင်ထိန်းချုပ်မှု ရယူခဲ့ပြီးနောက် ဆီနီဂမ်ဘီယာ ခရိုင်ကို တည်ထောင်ခဲ့ကာ ဗြိတိသျှ အင်ပိုင်ယာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ ၁၉၆၅တွင် ဂမ်ဘီယာသည် ဒေါ်ဒါဂျာဝါရာ၏ ဦးဆောင်မှုဖြင့် လွတ်လပ်ရေး ရရှိခဲ့ပြီး ၁၉၉၄ ခုနှစ် ယာယာ ဂျမ်မား ဦးဆောင်သော သွေးထွက်သံယို ကင်းမဲ့သော အာဏာသိမ်းမှု ဖြစ်ပွားသည့် အချိန်အထိ ၎င်းမှ အုပ်ချုပ်ခဲ့သည်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ဂျမ်မားအား အနိုင်ရရှိပြီးနောက် အဒမ်မာဘားရိုးသည် ဂမ်ဘီယာနိုင်ငံ၏ တတိယမြောက် သမ္မတ ဖြစ်လာခဲ့သည်။ [၆] ဂျမ်မားသည် အစပထမတွင် ရွေးကောက်ပွဲ ရလဒ်ကို လက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် လက်ခံရန် ငြင်းဆိုခဲ့သဖြင့် အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်း ဖြစ်ပွားခဲ့ပြီး အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရေး အသိုက်အဝန်းမှ စစ်ရေးဖြင့် ဝင်ရောက် စွက်ဖက်ခဲ့ရသဖြင့် ဂျမ်မားသည် တိုင်းပြည်မှ ထွက်ပြေးခဲ့ရသည်။ [၇][၈][၉]

ဂမ်ဘီယာနိုင်ငံ၏ စီးပွားရေးတွင် စိုက်ပျိုးရေး နှင့် ငါးဖမ်းခြင်း အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် အဓိက ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ၄၈.၆% သော လူဦးရေမှာ ဆင်းရဲမွဲတေမှု အဆင့်တွင် နေထိုင်ကြရသည်။ [၁၀] ကျေးလက်ဒေသများတွင် ဆင်းရဲမွဲတေမှုပိုများပြီး ၇၀% ခန့် အထိ ရှိသည်။

အမည်မှည့်ခေါ်ခြင်း[ပြင်ဆင်ရန်]

"ဂမ်ဘီယာ" ဟူသော အမည်မှာ မန်ဒင်ကာ ဘာသာစကား အသုံးအနှုန်း "ကမ်ဘရာ/ကမ်ဘား" ဆိုသော စကားလုံးမှ ဆင်းသက်လာပြီး ဂမ်ဘီယာမြစ် ဟု အဓိပ္ပာယ်ရသည်။ (သို့မဟုတ် ဆီရာလူမျိုးတို့၏ ဂမ်ဘာ[၁၁] ခေါ် သက်ကြီးရွယ်အို သေဆုံးသူများကို ရိုက်ပုတ်ရသော ဂမ်ဘာ ခေါ် ဘူးသီးတစ်မျိုး မှ ဆင်းသက်လာခြင်း လည်း ဖြစ်နိုင်သည်။[၁၂] စီအိုင်အေ ကမ္ဘာ့အချက်အလက်စာအုပ်၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အချိန်အပြည့်အစုံ ကမ္ဘာ့မြေပုံ နှင့် ဗြိတိသျှ တို့၏ တရားဝင် အသုံးပြုရန် ပထဝီဝင်ဆိုင်ရာ အသုံးအနှုန်းများဆိုင်ရာ အမြဲတမ်း ကော်မတီ တို့၏ အဆိုအရ ဂမ်ဘီယာနိုင်ငံသည် နိုင်ငံ၏ အရှေ့တွင် The ဟူသော အသုံးအနှုန်းကို ရုံးသုံးအခေါ်အဝေါ်အဖြစ် ထည့်သွင်းသုံးနှုန်းသော နိုင်ငံ နှစ်နိုင်ငံမှ တစ်နိုင်ငံဖြစ်သည်။ (အခြားတစ်နိုင်ငံမှာ ဘဟားမားနိုင်ငံ ဖြစ်သည်။) အလေ့အထအရ The ဟူသော အသုံးအနှုန်းကို ရည်ညွှန်းရာတွင် ထည့်သွင်းအသုံးပြုသော နိုင်ငံ အများအပြား ရှိပြီး နယ်သာလန်နိုင်ငံဖိလစ်ပိုင်နိုင်ငံကွန်ဂိုနိုင်ငံဆူဒန်နိုင်ငံယီမင်နိုင်ငံကိုမိုရိုနိုင်ငံဗဟိုအာဖရိကသမ္မတနိုင်ငံဆေးရှဲနိုင်ငံမော်လဒိုက်နိုင်ငံဆော်လမွန်အိုင်းလန်းနိုင်ငံဒိုမီနီကန် သမ္မတနိုင်ငံချက်သမ္မတနိုင်ငံမာရှယ်အိုင်းလန်းနိုင်ငံယူနိုက်တက်ကင်းဒမ်းနိုင်ငံအမေရိကန်ပြည်ထောင်စု နှင့် လက်ဘနွန်နိုင်ငံတို့ ပါဝင်ပြီး အတိအကျအနေနှင့်မူ အမျိုးမျိုး ကွဲပြားသည်။ [၁၃] ၁၉၆၅ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် "သည် ဂမ်ဘီယာ" ဟူသော နိုင်ငံအမည်ကို သုံးနှုန်းခဲ့သည်။ ၁၉၇၀တွင် သမ္မတနိုင်ငံ အဖြစ် ကြေငြာပြီးနောက် နိုင်ငံ၏ အမည်အရှည်မှာ "ဂမ်ဘီယာ သမ္မတနိုင်ငံ" ဖြစ်လာခဲ့သည်။ [၁၄]ယာယာ ဂျမ်းမား၏ အစိုးရမှ နိုင်ငံ၏ အမည်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် "ဂမ်ဘီယာ အစ္စလာမ် သမ္မတနိုင်ငံ" ဟု ပြောင်းလဲခဲ့သည်။[၁၅] ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် သမ္မတ အာဒါမာ ဘားရိုးက နိုင်ငံ၏ အမည်ကို "ဂမ်ဘီယာ သမ္မတနိုင်ငံ" ဟု ပြန်လည် ပြောင်းလဲခဲ့သည်။ [၁၆][၁၇]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အာရပ်ကုန်သည်တို့သည် ဂမ်ဘီယာ ဒေသနှင့် ပတ်သက်၍ ၉ ရာစု နှင့် ၁၀ ရာစုအတွင်း ပထမဆုံး စာဖြင့်ရေးသားသော မှတ်တမ်းတွင် ဖော်ပြခဲ့သည်။ ၁၀ ရာစုတွင် မွတ်စလင် ကုန်သည်များ နှင့် ပညာရှင်များသည် အနောက်အာဖရိကရှိ ကူးသန်းရောင်းဝယ်ရေး ဗဟိုဌာနအချို့တွင် လူနေထိုင်ရာ နေရာများ စတင် တည်ထောင်ခဲ့သည်။ ထိုနှစ်ဖွဲ့စလုံးသည် ဆဟာရ သဲကန္တာရကို ဖြတ်သန်းသော ကုန်သွယ်ရေး လမ်းကြောင်းများကို ဖော်ဆောင်ခဲ့ကြပြီး ရွှေ၊ ဆင်စွယ် စသည်တို့နှင့် အတူ ဒေသခံများကို ကျွန်အဖြစ် ပမာဏ အများအပြား တင်ပို့ခဲ့ပြီး ထုတ်လုပ်ပြီးသား ကုန်ပစ္စည်းများကို တင်သွင်းခဲ့သည်။

ဆီနီဂမ်ဘီယမ် ကျောက်တုံးအဝိုင်း၊ ဧရာမ အဆောက်အဦးများသည် ဆီနီဂေါနိုင်ငံမှ ဂမ်ဘီယာနိုင်ငံ အထိ ရှိပြီး ယူနက်စကိုမှ "ကမ္ဘာတဝှမ်းလုံးတွင် ကျောက်တုံးအဝိုင်းများ အများဆုံး စုဝေးရာနေရာ" အဖြစ် ဖော်ပြခဲ့သည်။

၁၁ရာစုနှင့် ၁၂ ရာစုတို့တွင် ဆီနီဂေါမြစ်တွင် ဗဟိုပြုသော တက်ကရာ အစရှိသော တိုင်းပြည်များနှင့် မြောက်ဘက်ရှိ ရှေးခေတ် ဂါနာ နှင့် ဂေါင်း အစရှိသော တိုင်းပြည်များ၏ အုပ်စိုးသူများသည် အစ္စလာမ်ဘာသာသို့ ပြောင်းလဲခဲ့ကြပြီး ၎င်းတို့၏ နန်းတော်များတွင် အာရပ်ဘာသာစကား တတ်ကျွမ်းသော မွတ်စလင်များကို ခန့်အပ်ခဲ့ကြသည်။ [၁၈] ၁၄ ရာစု၏ အစပိုင်းတွင် ယနေ့ခေတ် ဂမ်ဘီယာနိုင်ငံ ဟု ခေါ်ဆိုသော နေရာသည် မာလီအင်ပိုင်ယာ၏ တစိတ်တဒေသ ဖြစ်ခဲ့သည်။ ပေါ်တူဂီတို့သည် ၁၅ ရာစု အလယ်ပိုင်းတွင် ပင်လယ်မှ တဆင့် ထိုဒေသသို့ ရောက်ရှိလာခဲ့ပြီး နိုင်ငံရပ်ခြား ကုန်သွယ်ရေးတွင် လွှမ်းမိုးခဲ့သည်။

၁၅၈၈ ခုနှစ်တွင် ပေါ်တူဂီ ထီးနန်းကို ဆက်ခံသူ ခရာတို၏ ပရိုင်ရော် ဘွဲ့ခံ အန်တိုနီယို မှ ဂမ်ဘီယာမြစ်ပေါ်တွင် တစ်ဦးတည်း ရောင်းဝယ်ခွင့်ကို အင်္ဂလိပ် ကုန်သည်တို့အား ရောင်းချခဲ့သည်။ ပထမ အဲလိဇဘက် ဘုရင်မကြီး ထံမှ စာလွှာများက ထိုခွင့်ပြုချက်ကို အတည်ပြုပေးခဲ့သည်။ ၁၆၁၈ တွင် ပထမမြောက် ဂျိမ်းဘုရင်မှ အင်္ဂလိပ် ကုမ္ပဏီတစ်ခုအား ဂမ်ဘီယာနှင့် ဂိုးလ်ကို့စ် (ယခု ဂါနာနိုင်ငံ) တို့နှင့် ကုန်သွယ်နိုင်ရန် ခွင့်ပြုချက် ပေးခဲ့သည်။ ၁၆၅၁ ခုနှစ်နှင့် ၁၆၆၁ ခုနှစ်ကြားတွင် ဂမ်ဘီယာ၏ အချို့သော အစိတ်အပိုင်းများသည် ပိုလန်-လစ်သူယေးနီးယား ဓနသဟာယ တိုင်းပြည်တစ်ခု ဖြစ်ပြီး ယနေ့ခေတ် လတ်ဗီးယားနိုင်ငံ ဖြစ်သော ကိုးလန်းနှင့်ဆယ်မီဂယ်လီးယား အလယ်ခေတ်တိုင်းပြည်၏ အုပ်စိုးမှု အောက်တွင် ရှိခဲ့ကာ ထိုဒေသတို့အား ဂျက်ကော့ဗ် ကက်တလာ မင်းသားမှ ဝယ်ယူခဲ့သည်။[၁၉]

၁၇ ရာစု နှောင်းပိုင်း နှင့် ၁၈ ရာစု တလျှောက်လုံးတွင် ဗြိတိသျှ အင်ပိုင်ယာနှင့် ပြင်သစ်အင်ပိုင်ယာတို့သည် ဆီနီဂေါမြစ်နှင့် ဂမ်ဘီယာမြစ်တို့ ရှိရာဒေသတွင် နိုင်ငံရေး နှင့် ကူးသန်းရောင်းဝယ်ရေးတို့တွင် တစ်ဦးထက် တစ်ဦး သာလွန်စေရန် ဆက်တိုက် ယှဉ်ပြိုင်ခဲ့ကြသည်။ ဗြိတိသျှအင်ပိုင်ယာသည် ၁၇၅၈ ခုနှစ်တွင် ဆီနီဂေါနိုင်ငံအား သိမ်းပိုက်ပြီးနောက် နယ်စား ဩဂတ်စတပ် ကပ်ပဲလ် ဦးဆောင်သော နယ်မြေရှာဖွေရေးအဖွဲ့သည် ဂမ်ဘီယာသို့ ရောက်ရှိ သိမ်းပိုက်ခဲ့သည်။ ၁၇၈၃ ပထမ ဗာဆိုင်းစာချုပ် ချုပ်ဆိုပြီးနောက် ဂရိတ်ဗြိတိန်မှ ဂမ်ဘီယာမြစ်ကို ရရှိခဲ့သော်လည်း ပြင်သစ်တို့က မြစ်၏ မြောက်ဘက်ကမ်းရှိ ဗြိတိသျှနယ်မြေ ပတ်လည်ဝိုင်းရံထားသော အယ်လ်ဘရီဒါခေါ် ဒေသ သေးသေးလေးတစ်ခုအား ဆက်လက် ထိန်းသိန်းထားခဲ့သည်။ ၁၈၅၆ ခုနှစ်တွင် ယူနိုက်တက် ကင်းဒမ်းသို့ နောက်ဆုံး လွှဲပြောင်းပေးခဲ့သည်။

အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းလုပ်ကိုင်သော ကျွန်ရောင်းဝယ်ရေး လုပ်ကိုင်နေစဉ် ရာစုနှစ် ၃ ခု အတွင်းတွင် ထိုဒေသမှ လူပေါင်း ၃ သန်းအထိကို ကျွန်အဖြစ် ဖမ်းယူ ခေါ်ဆောင်သွားခဲ့ကြသည်။ အတ္တလန္တိတ် သမုဒ္ဒရာ ကျော်ဖြတ် ကျွန်ရောင်းဝယ်ရေး မစတင်မီက လူမျိုးစု အချင်းချင်းကြားတွင် ဖြစ်သော စစ်ပွဲများ သို့မဟုတ် မွတ်စလင်ကုန်သည်များမှ ကျွန်မည်မျှ ခေါ်ဆောင်သွားသည်ကို မည်သူမျှ အတိအကျ မသိနိုင်ပေ။ ထိုသို့ ကျွန်အဖြစ် ခေါ်ဆောင်သွားသူ အများစုမှာ အခြား အာဖရိက လူမျိုးများမှ ဥရောပသားများသို့ ရောင်းချသူများ ဖြစ်ကြသည်။ အချို့မှာ လူမျိုးစု စစ်ပွဲများမှ အကျဉ်းသားများဖြစ်ပြီး အချို့မှာ အကြွေးမဆပ်နိုင်၍ ရောင်းချခံရသူများ ဖြစ်ကာ အခြားသူ အများစုမှာ ပြန်ပေးဆွဲ ခေါ်ဆောင်ခြင်း ခံရသူများ ဖြစ်သည်။[၂၀]

ဂျိမ်းစ်ကျွန်း နှင့် ဂမ်ဘီယာ ခံတပ် မြေပုံ

ကုန်သည်များသည် အစကနဦးတွင် လူများအား ဥရောပသို့ အစေခံအဖြစ် ခိုင်းစေရန် တင်ပို့ကြသည်မှာ ၁၈ ရာစုအတွင်း အနောက်အင်ဒီးစ် နှင့် မြောက်အမေရိကတို့တွင် အလုပ်သမား ဈေးကွက် ကျယ်ပြန့်လာသည့် အချိန် အထိ ဖြစ်သည်။ ၁၈၀၇ ခုနှစ်တွင် ယူနိုက်တက်ကင်းဒမ်းသည် အင်ပိုင်ယာ တဝှမ်းလုံးတွင် ကျွန်ရောင်းဝယ်ရေးကို ဖျက်သိမ်းခဲ့သည်။ သူတို့သည် ဂမ်ဘီယာတွင် ကျွန်ရောင်းဝယ်ရေးကို အဆုံးသတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ဗြိတိသျှ တော်ဝင်ရေတပ်၏ အနောက်အာဖရိက တပ်မဟာမှ အတ္တလန္တိတ် သမုဒ္ဒရာအတွင်း ကြားဖြတ် ဖမ်းဆီးခဲ့သော ကျွန်သင်္ဘောများအား ဂမ်ဘီယာသို့ ပြန်လှည့်ခိုင်းပြီး ကျွန်ဖြစ်ခဲ့သူများကို ဂမ်ဘီယာမြစ်ပေါ်ရှိ မက္ကာသီကျွန်းတွင် လွှတ်ပေးခဲ့ကာ ဘဝအသစ်ကို စတင်စေခဲ့သည်။[၂၁] ဗြိတိသျှတို့သည် ဘားသပ်စ် စစ်အခြေအစိုက်စခန်း (ယခု ဘန်ဂျူးမြို့) အား ၁၈၁၆ တွင် တည်ထောင်ခဲ့သည်။


ဂမ်ဘီယာ ကိုလိုနီနယ်မြေ နှင့် အစောင့်အရှောက်ခံနိုင်ငံ (၁၈၂၁-၁၉၆၅)[ပြင်ဆင်ရန်]

ဗြိတိသျှ ဘုရင်ခံ ဂျော့ရှ် ချာဒင် ဒန်တန် (၁၉၀၁-၁၉၁၁) နှင့် သူ၏ အဖွဲ့ ၊၁၉၀၅ခုနှစ်

နောက်ပိုင်းနှစ်များတွင် ဘန်ဂျူးသည် ဆီရာလီယွန် ရှိ ဗြိတိသျှ ဘုရင်ခံချုပ်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ ၁၈၈၈ တွင် ဂမ်ဘီယာသည် သီးသန့် ကိုလိုနီတစ်ခု ဖြစ်လာခဲ့သည်။

၁၈၈၉ ခုနှစ် ပြင်သစ်သမ္မတနိုင်ငံနှင့် သဘောတူညီချက်များမှ ယခုလက်ရှိ နယ်နိမိတ်ကို သတ်မှတ်ခဲ့သည်။ ဂမ်ဘီယာသည် ဗြိတိသျှ ဘုရင်၏ ကိုလိုနီဖြစ်သော ဗြိတိသျှ ဂမ်ဘီယာ ဖြစ်လာခဲ့ပြီး အုပ်ချုပ်ရေးအတွက် ကိုလိုနီဒေသ (ဘန်ဂျူးမြို့နှင့် ပတ်ဝန်းကျင်ဒေသ) နှင့် အစောင့်အရှောက်ခံဒေသ (ကျန်ရှိသော နယ်မြေများ) ဟု ခွဲခြား သတ်မှတ်ခဲ့သည်။ ဂမ်ဘီယာသည် ၁၉၀၁ ခုနှစ် တွင် သီးသန့် အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေး ကောင်စီကို ရရှိခဲ့ပြီး တဖြည်းဖြည်းချင်းဖြင့် ကိုယ်ပိုင် အစိုးရ ဖြစ်လာခဲ့သည်။ ၁၉၀၆ တွင် ဗြိတိသျှ ကိုလိုနီတပ်များနှင့် ဒေသခံ ဂမ်ဘီယာတပ်များ ခဏတာမျှ ပဋိပက္ခဖြစ်ပွားပြီးနောက် ကျွန်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့သည်။ ဗြိတိသျှ ကိုလိုနီ အစိုးရကို ခိုင်မာစွာ တည်ထောင်နိုင်ခဲ့သည်။[၂၂]

ဒုတိယကမ္ဘာစစ်အတွင်း၌ အချို့သော စစ်သားများသည် မဟာမိတ်တပ်များနှင့် အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ အများစုမှာ မြန်မာနိုင်ငံစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသော်လည်း အချို့မှာ နိုင်ငံအနီးတွင် ကျဆုံးခဲ့ပြီး ဖာဂျာရာ (ဘန်ဂျူးအနီးရှိ) ဓနသဟာယနိုင်ငံ စစ်သင်္ချိုင်းတွင် မြှုပ်နှံထားခဲ့သည်။ ဘန်ဂျူးတွင် အမေရိကန် လေတပ်အတွက် လေယာဉ်ကွင်းရှိခဲ့ပြီး မဟာမိတ် ရေတပ်များအတွက် ဆိပ်ကမ်းတစ်ခု လည်း ရှိခဲ့သည်။

ဒုတိယကမ္ဘာစစ် အပြီးတွင် အခြေခံဥပဒေ ပြင်ဆင်ရေး ခြေလှမ်းများ သွက်လာခဲ့သည်။ ၁၉၆၂ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီးတွင် ယူနိုက်တက်ကင်းဒမ်းမှ နောက်တစ်နှစ်တွင် အပြည့်အဝ လွတ်လပ်ရေးရရှိသည့် ကိုယ်ပိုင်အစိုးရဖြင့် အုပ်ချုပ်ပိုင်ခွင့်ကို ပေးအပ်ခဲ့သည်။

ဒုတိယမြောက် အဲလိဇဘက် ဘုရင်မ၏ ပုံပါသော စာပို့တံဆိပ်ခေါင်း၊ ၁၉၅၃

လွတ်လပ်ရေးရပြီးနောက်ပိုင်း (၁၉၆၅ မှ ယနေ့အထိ)[ပြင်ဆင်ရန်]

ဂမ်ဘီယာနိုင်ငံသည် ၁၉၆၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ဓနသဟာယ နိုင်ငံများအတွင်း ဒုတိယမြောက် အဲလိဇဘက် ဘုရင်မ မှ ဂမ်ဘီယာ၏ ဘုရင်မ အဖြစ် ခံယူကာ ဘုရင်ခံချုပ်မှ ကိုယ်စားလှယ် အဖြစ် အုပ်ချုပ်သော စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးသည့် နိုင်ငံ တစ်နိုင်ငံ အနေနှင့် လွတ်လပ်ရေး ရရှိခဲ့သည်။ မကြာမီ အချိန်တွင် နိုင်ငံတော် အစိုးရမှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ တစ်ခုကို ကျင်းပခဲ့ပြီး ဂမ်ဘီယာကို သမ္မတနိုင်ငံ တစ်ခု အဖြစ် အဆိုတင်သွင်းခဲ့သည်။ ထိုဆန္ဒခံယူပွဲမှ အခြေခံ ဥပဒေကို ပြင်ဆင်ရင် လိုအပ်သော မဲ သုံးပုံ နှစ်ပုံကို မရရှိနိုင်ခဲ့ပေ။ သို့သော်လည်း ရလဒ်ကြောင့် နိုင်ငံတကာတွင် ဂမ်ဘီယာ၏ လျို့ဝှက်ဆန္ဒမဲပေးခြင်း၊ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပခြင်း၊ အများနှင့်ဆိုင်သော အခွင့်အရေးနှင့် လွတ်လပ်မှု ကျင့်သုံးခြင်းတို့ကြောင့် အာရုံစိုက်ခြင်း ခံခဲ့ရသည်။

၁၉၇၀ ခုနှစ် ဒုတိယမြောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အပြီး ၁၉၇၀ ခုနှစ် ဧပြီလ ၂၄ ရက်တွင် ဂမ်ဘီယာသည် ဓနသဟာယနိုင်ငံများအတွင်း သမ္မတနိုင်ငံ ဖြစ်လာခဲ့သည်။ ဝန်ကြီးချုပ် ဆာ ဒေါ်ဒါ ကိုင်ရာဘာ ဂျာဝါရာသည် အုပ်ချုပ်ရေး ရာထူးဖြစ်သော သမ္မတ ရာထူးကို ရယူခဲ့ပြီး နိုင်ငံတော်၏ အကြီးအကဲ နှင့် အစိုးရ၏ အကြီးအကဲ ရုံးနှစ်ခုကို ပေါင်းစပ်ခဲ့သည်။

သမ္မတ ဆာ ဒေါ်ဒါ ဂျာဝါရာသည် ငါးကြိမ် အထိ ပြန်လည် အရွေးခံခဲ့ရသည်။ ၁၉၈၁ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ယိုင်နဲ့လာသော စီးပွားရေးနှင့် ဦးဆောင်သော နိုင်ငံရေးသမားများအား ခြစားသည်ဟု စွပ်စွဲမှုများကြောင့် အာဏာသိမ်းရန် ကြံစည်မှု ပေါ်ပေါက်ခဲ့သည်။[၂၃] ထိုအာဏာသိမ်းရန် ကြံစည်မှုသည် သမ္မတ ဂျာဝါရာ လန်ဒန်သို့ အလည်အပတ် သွားရောက်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကူကွိုင်း ဆမ်ဘာ ဆန်ရန်း၏ ဆိုရှယ်လစ်နှင့် တော်လှန်ရေး အလုပ်သမားပါတီ၊ ပြည်တွင်း စစ်တပ် နှင့် နိုင်ငံ စစ်တပ်၏ အစိတ်အပိုင်း အတော်များများတွင် ပါဝင်သည့် ပြည်သူ့စစ်တို့ ပေါင်းစပ်ထားသော လက်ဝဲယိမ်း အမျိုးသားတော်လှန်ရေးကောင်စီမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။[၂၃]

သမ္မတ ဂျဝါရာသည် ဆီနီဂေါနိုင်ငံ မှ စစ်ရေးအကူအညီ တောင်းခံခဲ့ပြီး ဆီနီဂေါမှ ဇူလိုင် ၃၁ ရက်တွင် စစ်အင်အား ၄၀၀ ကို ဂမ်ဘီယာသို့ ပို့ဆောင်ခဲ့သည်။ ဩဂုတ် ၆ ရက်တွင် ဆီနီဂေါ တပ်အင်အား ၂,၇၀၀ ကို ပို့လွှတ်ခဲ့ပြီး သူပုန်တပ်များကို နှိမ်နင်းနိုင်ခဲ့သည်။ [၂၃] အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများအတွင်း လူ ၅၀၀ မှ ၈၀၀ ကြား သေဆုံးခဲ့သည်။ [၂၃] ၁၉၈၂ ခုနှစ်တွင် အာဏာသိမ်းရန် ကြိုးစားမှု၏ နောက်ဆက်တွဲ အနေနှင့် ဆီနီဂေါ နှင့် ဂမ်ဘီယာတို့ ကွန်ဖက်ဒရေးရှင်း စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ဆီနီဂမ်ဘီယာ ကွန်ဖက်ဒရေးရှင်း သည် နိုင်ငံနှစ်နိုင်ငံ၏ စစ်တပ်ကို ပေါင်းစည်းရန် နှင့် ၎င်းတို့၏ စီးပွားရေး နှင့် ငွေကြေးတို့ကို ပေါင်းစပ်ရန် ရည်ရွယ်သည်။ ၇ နှစ်ကြာပြီးနောက် ၁၉၈၉တွင် ဂမ်ဘီယာသည် ကွန်ဖက်ဒရေးရှင်းမှ အပြီးတိုင် နှုတ်ထွက်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် စစ်တပ်ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ (AFPRC) မှ ဂျာဝါရာ၏ အစိုးရထံမှ အာဏာသိမ်းခဲ့ပြီး အတိုက်အခံ နိုင်ငံရေးလှုပ်ရှားမှုများကို ပိတ်ပင်ခဲ့သည်။ ဗိုလ် ယာယား အေ.ဂျေ.ဂျေ. ဂျမ်မား သည် အေအက်ဖ်ပီအာစီ၏ ဥက္ကဋ္ဌဖြစ်ပြီး နိုင်ငံတော် အကြီးအကဲ ဖြစ်လာသည်။ အာဏာသိမ်းချိန်တွင် ဂျမ်မားသည် အသက် ၂၉နှစ်သာ ရှိသေးသည်။ အေအက်ဖ်ပီအာရ်စီသည် ဒီမိုကရေစီ အရပ်သား အစိုးရသို့ ပြန်လည် ပြောင်းလဲမည့် အစီအစဉ်ကို ကြေငြာခဲ့သည်။ နိုင်ငံတော် ရွေးကောက်ပွဲကို ကျင်းပရန် လွတ်လပ်သော ကြားဖြတ် ရွေးကောက်ပွဲ ကော်မရှင်အား ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင် အဖြစ် ပြောင်းလဲခဲ့ကာ ရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် မဲဆန္ဒရှင်များ မှတ်ပုံတင်ခြင်းအတွက် တာဝန်ယူခဲ့သည်။

၂၀၀၁ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၀၂ ခုနှစ် အစောပိုင်းတွင် ဂမ်ဘီယာသည် သမ္မတရွေးကောက်ပွဲ နှင့် လွှတ်တော်ရွေးကောက်ပွဲကို အပြီးတိုင်ကျင်းပပြီးစီးခဲ့ပြီး ရွေးကောက်ပွဲအား နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများမှ လွတ်လပ် တရားမျှတ၍ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲအဖြစ် မှတ်ချက်ပေးခဲ့ကြသည်။ သမ္မတ ယာယား ဂျမ်မားသည် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး အာဏာသိမ်းစဉ်က ရာထူးကို ဆက်လက်ခံယူကာ ၂၀၀၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ဂျမ်မား၏ မျိုးချစ်စိတ် ပြန်လည်ဖော်ဆောင်ရေးနှင့် တည်ဆောက်ရေး မဟာမိတ် ပါတီသည် အမျိုးသားလွှတ်တော်တွင် နေရာအများစုကို ရယူနိုင်ခဲ့ပြီး အဓိက အတိုက်အခံဖြစ်သော ညီညွတ်သော ဒီမိုကရက်တစ် ပါတီမှ လွှတ်တော် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး နောက်ပိုင်း ရွေးကောက်ပွဲများတွင်မှ ပြန်လည်ပါဝင်ခဲ့သောကြောင့် ဖြစ်သည်။ [၂၄]

၂၀၁၃ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် ဂမ်ဘီယာ ပြည်ထဲရေးဝန်ကြီးမှ ဂမ်ဘီယာသည် ဓနသဟာယနိုင်ငံများ အဖွဲ့မှ ချက်ချင်း နှုတ်ထွက်မည် ဖြစ်ကြောင်း ကြေငြာခဲ့ပြီး ၄၈ နှစ်ကြာ အဖွဲ့ဝင် အဖြစ်ကို အဆုံးသတ်ခဲ့သည်။ ဂမ်ဘီယာ အစိုးရမှ "ဂမ်ဘီယာ အစိုးရသည် မည်သည့် ကိုလိုနီ အဖွဲ့အစည်း၏ အဖွဲ့ဝင်မျှ ဖြစ်မည် မဟုတ်ဘဲ နောင်တွင်လည်း ကိုလိုနီစနစ်ကို သက်တမ်းရှည်စေသော မည်သည့်အဖွဲ့အစည်းတွင်မှ ပါဝင်မည် မဟုတ်ကြောင်း။" ကြေငြာခဲ့သည်။ [၂၅]

သမ္မတ ဂျမ်မားသည် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သီးသန့်ပါတီများ ညွန့်ပေါင်းအဖွဲမှ အတိုက်အခံ ခေါင်းဆောင်း အဒါမာ ဘာရိုး နှင့်[၂၆] ဂမ်ဘီယာ ဒီမိုကရက်တစ် ကွန်ဂရက် ပါတီမှ မန်မာကန်ဒါ တို့ နှင့် ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ရသည်။ [၂၇] ဂမ်ဘီယာသည် အဓိက အတိုက်အခံ ခေါင်းဆောင်နှင့် လူအခွင့်အရေး လှုပ်ရှားသူ အိုဆိုင်းနို ဒါဘိုး အား ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ထောင် ၃ နှစ် ချမှတ်ခဲ့ပြီး[၂၈] သမ္မတရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုနိုင်ရန် ပယ်ဖျက်ခဲ့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက် ရွေးကောက်ပွဲ အပြီးတွင် ရွေးကောက်ပွဲ ကော်မရှင်မှ အဒါမာ ဘာရိုးအား သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိသူ အဖြစ် ကြေငြာခဲ့သည်။ [၂၉]၂၂ နှစ်ကြာ အုပ်ချုပ်ခဲ့သော ဂျမ်မားသည် အစပိုင်းတွင် ၂၀၁၆ ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် သမ္မတရာထူးမှ စွန့်ခွာမည်ဟု ကြေငြာသော်လည်း နောက်တွင် ရလဒ်သည် တရားမဝင်ကြောင်းနှင့် ရွေးကောက်ပွဲ အသစ်ပြန်လည် ကျင်းပရန် တောင်းဆိုခဲ့သဖြင့် အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရေး အဖွဲ့ (ECOWAS) မှ ကျူးကျော်ဝင်ရောက်ခဲ့သည်။ [၃၀]၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၀တွင် ဂျမ်မားသည် ရာထူးမှ စွန့်ခွာရန် နှင့် နိုင်ငံမှ ထွက်ခွာသွားရန် သဘောတူခဲ့သည်။ [၈]

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ဂမ်ဘီယာသည် ဓနသဟာယနိုင်ငံများ အဖွဲ့သို့ ပြန်လည် ဝင်ရောက်ရန် လုပ်ငန်းစဉ်ကို စတင်ခဲ့ပြီး အထွေထွေအတွင်းရေးမှူး ပက်ထရစ်ရှာ စကော့တလန် ထံသို့ ပြန်လည် ဝင်ရောက်ရန် လျှောက်လွှာကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် တရားဝင် ပေးအပ်ခဲ့သည်။ [၃၁][၃၂]ဘောရစ် ဂျွန်ဆင် သည် ၁၉၆၅ ခုနှစ် ဂမ်ဘီယာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ဂမ်ဘီယာသို့ ပထမဆုံး အလည်အပတ်လာရောက်သော ပထမဆုံး ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့သည်။ [၃၃] ဂမ်ဘီယာသည် ဓနသဟာယနိုင်ငံများ အဖွဲ့သို့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် တရားဝင် ပြန်လည် ဝင်ရောက်ခဲ့သည်။[၃၄][၃၅]

ပထဝီဝင်[ပြင်ဆင်ရန်]

ဂမ်ဘီယာနိုင်ငံ၏ မြေပုံ
အတ္တလန္တိတ် သမုဒ္ဒရာ ကမ်းရိုးတန်းတွင် ရှိသော ကိုလိုလီကမ်းခြေ

ဂမ်ဘီယာသည် အလွန်သေးငယ် ကျဉ်းမြောင်းသောနိုင်ငံဖြစ်ပြီး နယ်နိမိတ်သည် ကွေ့ကောက်နေသော ဂမ်ဘီယာမြစ်နှင့် ကြေးမုံသဖွယ် ရှိသည်။ မြောက်လတ္တီကျု ၁၃° မှ ၁၄° ကြား၊ အနောက် လောင်ဂျီကျု ၁၃° မှ ၁၇° ကြားတွင် တည်ရှိသည်။

ဂမ်ဘီယာသည် အကျယ်ဆုံးနေရာတွင် ၅၀ ကီလိုမီတာ (၃၁ မိုင်) မျှသာ ကျယ်ဝန်းပြီး စုစုပေါင်းဧရိယာမှာ ၁၁,၂၉၅ km2 (၄,၃၆၁ sq mi) မျှ ဖြစ်သည်။ ဂမ်ဘီယာနိုင်ငံ နယ်နိမိတ်၏ ၁,၃၀၀ စတုရန်း ကီလိုမီတာ (၅၀၀ စတုရန်းမိုင်) (၁၁.၅%) သည် ရေဖုံးလွှမ်းလျှက် ရှိသည်။ ၎င်းသည် အာဖရိက ကုန်းမကြီးတွင် အသေးငယ်ဆုံး နိုင်ငံဖြစ်သည်။ နှိုင်းယှဉ်ကြည့်မည် ဆိုပါက ဂမ်ဘီယာ၏ စုစုပေါင်း ဧရိယာမှာ ဂျမေကာကျွန်းထက် အနည်းငယ်မျှ ပို၍ သေးငယ်သည်။

ဆီနီဂေါနိုင်ငံသည် ဂမ်ဘီယာနိုင်ငံအား သုံးဘက်သုံးတန်မှ ဝန်းရံထားပြီး အတ္တလန္တိတ် သမုဒ္ဒရာ၏ ကမ်းရိုးတန်းမှာ ၈၀ km (၅၀ mi) မျှ ရှိကာ အနောက်ဖက် အစွန်း ဖြစ်သည်။[၃၆]

ယခုလက်ရှိ နယ်နိမိတ်မှာ ၁၈၈၉ ခုနှစ်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယူနိုက်တက် ကင်းဒမ်းနှင့် ပြင်သစ်တို့၏ သဘောတူညီချက် အပြီးတွင် ဖြစ်သည်။ ပဲရစ်တွင် ပြင်သစ်နှင့် ဗြိတိသျှတို့ ဆွေးနွေးကြစဉ် အချိန်က ပြင်သစ်တို့သည် ဗြိတိသျှတို့အား ဂမ်ဘီယာမြစ်၏ ၂၀၀ မိုင် (၃၂၀ ကီလိုမီတာ) မျှကို ထိန်းချုပ်ရန် ပေးခဲ့သည်။ ၁၈၉၁ ခုနှစ်တွင် နယ်နိမိတ် သတ်မှတ်ချက်များ စတင် ထားရှိသော်လည်း ပဲရစ် အစည်းအဝေးအပြီးတွင် ဂမ်ဘီယာ၏ နောက်ဆုံး နယ်နိမိတ်ကို သတ်မှတ်ရန် ၁၅ နှစ်မျှ ကြာခဲ့သည်။ ရလဒ်ဖြစ်သော မျဉ်းဖြောင့်နှင့် မျဉ်းကွေးများသည် ဗြိတိသျှတို့အား ဂမ်ဘီယာမြစ်၏ မြောက်ဘက်နှင့် တောင်ဘက် ၁၀ မိုင် (၁၆ ကီလိုမီတာ) မျှကို ပေးအပ်ခဲ့သည်။[၃၇]

ရာသီဥတု[ပြင်ဆင်ရန်]

ဂမ်ဘီယာတွင် အပူပိုင်း ရာသီဥတု ရှိသည်။ ပူပြင်းသော ရာသီဥတုနှင့် မိုးရာသီသည် ဇွန်လမှ နိုဝင်ဘာလအထိဖြစ်ပြီး ထိုအချိန်မှစ၍ အေးမြသော အပူချိန် အများအားဖြင့် ရရှိပြီး မိုးနည်းသည်။[၃၆] ဂမ်ဘီယာနိုင်ငံ၏ ရာသီဥတုသည် ဆီနီဂေါနိုင်ငံ၊ မာလီနိုင်ငံ တောင်ပိုင်း နှင့် ဘီနင်နိုင်ငံ မြောက်ပိုင်း တို့နှင့် ဆင်တူသည်။[၃၈]

နိုင်ငံရေးနှင့် အစိုးရ[ပြင်ဆင်ရန်]

ဒေါ်ဒါ ဂျာဝါရာ
ပထမဆုံး သမ္မတ(၁၉၇၀–၁၉၉၄)
ဝန်ကြီးချုပ် (၁၉၆၂–၁၉၇၀)
ယာယာ ဂျမ်မား
ဒုတိယမြောက် သမ္မတ(၁၉၉၆–၂၀၁၇)
ဥက္ကဋ္ဌ၊ စစ်တပ်ကြားဖြတ် အုပ်ချုပ်ရေးကောင်စီ(၁၉၉၄–၁၉၉၆)
အမိုးခုံး ၂၂ အထိမ်းအမှတ် အဆောက်အဦးသည် ၁၉၉၄ ဂမ်ဘီယာ အာဏာသိမ်းပွဲ၏ အမှတ်တရ ဖြစ်ပြီး ထိုအာဏာသိမ်းမှုတွင် ၂၉ နှစ် သာရှိသော ယာယာ ဂျမ်မားသည် သွေးထွက်သံယို မရှိသော အာဏာသိမ်းမှုတွင် ၁၉၇၀ ခုနှစ်ကတည်းက ဂမ်ဘီယာ၏ သမ္မတ ဖြစ်ခဲ့သော ဒေါ်ဒါ ဂျာဝါရာအား ဖြုတ်ချခဲ့သည်။[၃၉]

ဂမ်ဘီယာနိုင်ငံသည် ၁၉၆၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ယူနိုက်တက်ကင်းဒမ်း နိုင်ငံမှ လွတ်လပ်ရေး ရခဲ့သည်။ ၁၉၆၅ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ဂမ်ဘီယာနိုင်ငံသည် ပါတီစုံ လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံဟု ထင်ရသော်လည်း တစ်ကယ် မဟုတ်ခဲ့ပေ။ နိုင်ငံအား ဒေါ်ဒါ ဂျာဝါရာ နှင့် ၎င်း၏ ပြည်သူ့ရှေ့ဆောင်ပါတီမှ အုပ်စိုးခဲ့သည်။ သို့သော်လည်း ထိုကာလအတွင်းတွင် နိုင်ငံအနေနှင့် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်ခြင်း မရှိဘဲ မဲဆန္ဒခံယူ၍ အာဏာပြောင်းလွှဲမည့် အရေးအတွက် ကတိပေးထားသည်မှာ မဖြစ်ခဲ့ပေ။[၄၀] ၁၉၉၄ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းမှုမှ စစ်တပ်ကြားဖြတ်အုပ်ချုပ်ရေး ကောင်စီမှ စစ်တပ်အရာရှိများအား အာဏာရရှိစေခဲ့သည်။ နှစ်နှစ်ကြာမျှ တိုက်ရိုက်အုပ်ချုပ်ပြီးနောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ကို ၁၉၉၆ တွင် ရေးဆွဲခဲ့ကာ စစ်တပ်ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ၏ ခေါင်းဆောင် ယာယာ ဂျမ်မားသည် ရွေးကောက်ခံ သမ္မတ ဖြစ်လာခဲ့သည်။ သူသည် အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့သည်မှာ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ ကျင်းပ၍ အတိုက်အခံပါတီများ ညွန့်ပေါင်းမှ နောက်ခံပေးထားသော အဒါမာ ဘားရိုး အောင်နိုင်သွားသည့် အချိန်အထိပင် ဖြစ်သည်။

နိုင်ငံရေးဆိုင်ရာ သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဂျာဝါရာ အုပ်စိုးစဉ်ကာလအတွင်းက အစပိုင်းတွင် နိုင်ငံရေးပါတီ ၄ ခု ရှိခဲ့သည်။ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ညီညွတ်ရေးပါတီ (UP)၊ ဒီမိုကရက်တစ်ပါတီ (DP) နှင့် မွတ်စလင် ကွန်ဂရက်ပါတီ (MCP) တို့ ဖြစ်ကြသည်။ ၁၉၆၀ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်သူ့လွှတ်တော်ကို တည်ထောင်ခဲ့သော်လည်း ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲတွင် မည်သည့်ပါတီမှ ကိုယ်စားလှယ်နေရာ အများစုကို အနိုင်မရခဲ့ပေ။ သို့သော်လည်း ၁၉၆၁ ခုနှစ်တွင် ဗြိတိသျှဘုရင်ခံမှ ညီညွတ်ရေးပါတီ၏ ခေါင်းဆောင် ပီးယား ဆား အင်န်ဂျဲ အား နိုင်ငံ၏ ပထမဆုံး အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်အနေနှင့် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို လူအများစု မကြိုက်ကြပေ။ ၁၉၆၂ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီများမှ ဂမ်ဘီယာနိုင်ငံတစ်ဝှမ်းလုံးရှိ လူမျိုးစုနှင့် ဘာသာရေး ကွဲပြားမှုများသည် အရေးပါ၍ အလျှင်အမြန် လုပ်ဆောင်ရန် ကိစ္စဖြစ်ကြောင်း တင်ပြနိုင်ခဲ့သည်။ ပီပီပီသည် ကိုယ်စားလှယ်နေရာ အများစုကို အနိုင်ရခဲ့ပြီး ဒီမိုကရက်တစ် ကွန်ဂရက် မဟာမိတ် (DCA သည် ဒီပီ နှင့် အမ်စီပီတို့ ပူးပေါင်းထားခြင်း ဖြစ်သည်။) နှင့် အတူ ညွန့်ပေါင်းအစိုးရ ဖွဲ့ခဲ့သည်။ သူတို့သည် ယူပီအား ညွန့်ပေါင်းသို့ ဝင်ရောက်ရန် ၁၉၆၃ ခုနှစ်တွင် ဖိတ်ခေါ်ခဲ့ပြီး ၎င်းတို့သည် ၁၉၆၅ တွင် ညွန့်ပေါင်းမှ ထွက်ခွာသွားခဲ့သည်။[၄၁]

ယူပီသည် အဓိက အတိုက်အခံပါတီအဖြစ် ရပ်တည်ခဲ့သော်လည်း ၎င်းတို့သည် ၁၉၆၅ မှ ၁၉၇၀ အတွင်း ဩဇာကျဆင်းခဲ့သည်။ အမျိုးသားညီလာခံပါတီ (NCP) အား ရှရစ်ဖ် မူစတာဖာ ဒစ်ပါ မှ ၁၉၇၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၎င်းတို့သည် ပီပီပီ၏ လွှမ်းမိုးမှုအတွက် အဓိက အတိုက်အခံပါတီ ဖြစ်လာခဲ့သည်။ [၄၁] ပီပီပီ နှင့် အင်န်စီပီတို့သည် အတွေးအခေါ်အားဖြင့် တူညီကြသည်။ ၁၉၈၀ ခုနှစ်များတွင် အတိုက်အခံပါတီ အသစ်ဖြစ်ပြီး အစွန်းရောက် ဆိုရှယ်လစ် ပုံစံ ဖြစ်သော လွတ်လပ်ရေးနှင့် ဆိုရှယ်လစ်အတွက် ပြည်သူ့ ဒီမိုကရက်တစ် အစည်းအရုံး (PDOIS) ပါတီ ပေါ်ပေါက်လာခဲ့သည်။ သို့သော်လည်း ၁၉၆၆ ခုနှစ်မှ ၁၉၉၂ ခုနှစ်အတွင်းတွင် ပီပီပီသည် အကြီးအကျယ် လွှမ်းမိုးထားနိုင်ခဲ့ပြီး ရွေးကောက်ပွဲတိုင်းတွင် ၅၅% မှ ၇၀% ကြား အနိုင်ရရှိကာ ကိုယ်စားလှယ် နေရာအများအပြားကို ဆက်တိုက် ရရှိခဲ့သည်။[၄၂]

မူအားဖြင့် ဆိုရလျှင် ဂျာဝါရာ အုပ်စိုးစဉ်ကာလာအတွင်း နိုင်ငံရေးအရ ပြိုင်ဆိုင်မှုများ ရှိခဲ့သော်လည်း တကယ့်လက်တွေ့တွင် ပြောကြသည်မှာ "ပါတီတစ်ခုထဲက နိုင်ငံတော်၏ အာဏာကို လက်ဝါးကြီးအုပ်ထားပြီး ဒေါ်ဒါ ဂျာဝါရာ၏ ထင်ရှားသော ပုဂ္ဂိုလ်ရေး ကျော်ကြားမှုကို ဝန်းရံထားသည်။" ဟု ဆိုကြသည်။ လွတ်လပ်ရေးရပြီးကာလတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ အကန့်အသတ်ရှိပြီး အတိုက်အခံပါတီများမှာ အားနည်းကာ အဖျက်အမှောင့်လုပ်သူများဟု ကြေငြာခံရနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ အတိုက်အခံ ပါတီများအနေနှင့် အရင်းအမြစ်များကို ညီတူညီမျှ ရယူနိုင်စွမ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် စီးပွားရေး သမားများက ၎င်းတို့အား ထောက်ပံ့ရန် ငြင်းဆိုသောကြောင့် ဖြစ်သည်။ အစိုးရအနေနှင့် အများပြည်သူသို့ ကြေငြာချက်များနှင့် သတင်းစာရှင်းလင်းပွဲများအတွက် ထိန်းချုပ်နိုင်စွမ်း ရှိပြီး မဲမသမာမှုများနှင့် ရွေးကောက်ပွဲ မှတ်ပုံတင်ရာတွင် မရိုးသားမှုများ ရှိသည်ဟု စွပ်စွဲမှုများ ရှိသည်။ ၁၉၉၁ ခုနှစ်တွင် ပီဒီအို အိုင်အက်စ်မှ ဘန်ဂျူးတွင် ရွေးကောက်ပွဲမှတ်ပုံတင်ခြင်း နှင့် ပတ်သက်၍ မသမာမှုများ ရှိသည်ဟု တရားရုံးတွင် တရားစွဲဆိုရာတွင် လုပ်ထုံးလုပ်နည်းနှင့် မညီဟု ဆိုကာ အမှုကို ပလပ်ခဲ့သည်။ [၄၃]

၁၉၉၄ ခုနှစ် ဇူလိုင်လတွင် သွေးထွက်သံယိုမရှိသော အာဏာသိမ်းပွဲမှု ဂျာဝါရာ၏ အုပ်စိုးမှုကို အဆုံးသတ်စေခဲ့သည်။ ယာယာ ဂျမ်မားဦးဆောင်သော စစ်တပ်ကြားဖြတ်အုပ်ချုပ်ရေး ကောင်စီမှ အာဏာရှင်စနစ်ဖြင့် ၂ နှစ်တိုင် အုပ်ချုပ်ခဲ့သည်။ ထိုကောင်စီမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆိုင်းငံ့ထားခဲ့ပြီး နိုင်ငံရေး ပါတီအားလုံးကို ပိတ်ပင်တားမြစ်ကာ လူထုအား ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ခဲ့သည်။[၄၄] ၁၉၉၆ ခုနှစ်တွင် ဒီမိုကရေစီသို့ ပြန်လည် ပြောင်းလဲခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ကို ရေးဆွဲခဲ့သော်လည်း ဂျမ်မားအား အားသာစေရန် ပါးနပ်စွာ ကိုင်တွယ်ခဲ့သည်။[၄၅] ၁၉၉၆ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် ၇၀% က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံခဲ့ပြီး ၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင် ဂျမ်မားသည် သမ္မတအသစ် ဖြစ်လာခဲ့သည်။ အာဏာသိမ်းမှု မတိုင်ခင်က ပါတီများတွင် ပီဒီအိုအိုင်အက်စ်မှ လွဲ၍ ကျန်ပါတီအားလုံးကို ကန့်သတ်တားမြစ်ခဲ့ပြီး ယခင် ဝန်ကြီးများကို ရာထူးကြီးများ မရယူနိုင်ရန် ကန့်သတ်တားမြစ်ထားခဲ့သည်။[၄၆]

ဂျမ်မား အုပ်စိုးစဉ် ကာလအတွင်းတွင်လည်း အတိုက်အခံများမှာ အစိတ်စိတ် ကွဲနေသည်။ ဥပမာအားဖြင့် ၂၀၀၅ ခုနှစ်အတွင်း တည်ထောင်သော ဒီမိုကရေစီနှင့် တိုးတက်ရေး အမျိုးသားမဟာမိတ် (အင်န်အေဒီဒီ) အတွင်း ပါတီဝင်အချင်းချင်း ပြန်လည်တိုက်ခိုက်နေကြသည်။ ဂျမ်မားသည် အတိုက်အခံ ပါတီများနှင့် ပါတီဝင်များကို ခြောက်လှန့် ဖိအားပေးရန် ရဲတပ်ဖွဲ့ကို အသုံးပြုခဲ့သည်။ ဂျမ်မားသည် လူ့အခွင့်အရေး လှုပ်ရှားသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး ပြိုင်ဖက်များနှင့် မီဒီယာများ အား လူ့အခွင့်အရေး ချိုးဖောက်သည်ဟုလည်း အစွပ်စွဲ ခံရသည်။ ၎င်းတို့၏ ကံဆိုးမှုများတွင် နိုင်ငံခြားသို့ ပြည်နှင်ဒဏ် အပေးခံရခြင်း၊ ခြောက်လှန့် ဖိအားပေးခံရခြင်း၊ အကြောင်းမဲ့ ထောင်သွင်းအကျဉ်းချခြင်း၊ သတ်ဖြတ်ခံရခြင်း နှင့် လက်စဖျောက်ခံရခြင်း တို့ ပါဝင်သည်။ အဓိကကျသော ဥပမာများမှာ ၂၀၀၄ ခုနှစ်တွင် သတင်းစာဆရာ ဒေဒါ ဟိုက်ဒရာ အသတ်ဖြတ်ခံရခြင်း၊ ၂၀၀၀ ခုနှစ်တွင် ဆန္ဒပြကျောင်းသားများ အစုလိုက်အပြုံလိုက် အသတ်ဖြတ်ခံရခြင်း၊ ၂၀၀၉ ခုနှစ်တွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအား သတ်ဖြတ်မည်ဟု ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ခံရခြင်း၊ ၂၀၁၃ ခုနှစ်တွင် လိင်တူချစ်သူများ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ခံရခြင်းတို့ဖြစ်သည်။ ထို့အပြင် ဂျမ်မားသည် မွတ်စလင် မဟုတ်သော သူများ၏ ဘာသာရေး လွတ်လပ်မှုကို ခြိမ်းခြောက်ခဲ့ကာ တရားစီရင်ရေးကို အားနည်းသွားစေရန် ငွေမျက်နှာသာ ကြည့်သော တရားသူကြီးများကို အသုံးပြုခဲ့ပြီး ရွေးကောက်ပွဲမသမာမှု များစွာ အတွက်လည်း အစွပ်စွဲခံခဲ့ရသည်။ [၄၇]

၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် အတိုက်အခံပါတီများ ညွန့်ပေါင်းမှ ကျောထောက်နောက်ခံပေးထားသော အဒါမာ ဘားရိုးမှ ဂျမ်မားအား အနိုင်ရရှိခဲ့သည်။ ဂျမ်မားသည် အစပိုင်းတွင် အာဏာလွှဲပြောင်းပေးရန် သဘောတူညီခဲ့သော်လည်း နောက်ပိုင်းတွင် စိတ်ပြောင်းသွားသဖြင့် အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရေး အဖွဲ့ (ECOWAS) မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခဲ့ရသည်။ ဘားရိုးသည် ၃ နှစ်သက်တမ်း ရှိသော ကြားဖြတ်အစိုးရတွင် ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ရန် ကတိပြုခဲ့သည်။[၄၈] နိုင်ဂျီးရီးယားနိုင်ငံ ဒီမိုကရေနှင့် တိုးတက်ရေး ဗဟိုဌာနမှ ဘားရိုး ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများအနေနှင့် အများပြည်သူဆိုင်ရာ ကဏ္ဍများအတွင်း ပြည်သူတို့၏ ယုံကြည် အားကိုးမှုကို ပြန်လည်တည်ဆောက်ရန် လိုအပ်သည်ဟု ဖော်ပြခဲ့သည်။ ၎င်းတို့ဖော်ပြမှုများတွင် ကျေးလက်ဒေသများတွင် လယ်သမားများနှင့် ကြီးမားသော လူ့အဖွဲ့အစည်းများအတွင်း တင်းမာမှုများဖြင့် "ထိရှလွယ်သော ငြိမ်းချမ်းရေး" ရှိသည်ဟုလည်း ပါဝင်သည်။ လူမျိုးစုများအတွင်း တင်းမာမှုများ တိုးပွားနေသည်ဟုလည်း ဖော်ပြခဲ့သည်။ ဥပမာအနေဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဘားရိုးအား ထောက်ခံသူများအား ခြောက်လှန့်ဖိအားပေးသော ဂျမ်မားထောက်ခံသူ ၅၁ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ရွေးကောက်ပွဲအား အစပိုင်းတွင် တက်ကြွမှုများဖြင့် ကြိုဆိုထောက်ခံခဲ့ကြသော်လည်း ၎င်းတို့၏ ဖော်ပြချက်အရ ဘားရိုး အနေနှင့် ၎င်း၏ ဒုသမ္မတနှင့် အစကနဦး ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ အငြင်းပွားမှုများ၊ အားလုံးပါဝင်မှုအတွက် စိန်ခေါ်မှုများ၊ ဂျမ်မားလွန် ခေတ်အတွက် မျှော်မှန်းချက် မြင့်မားနေမှုများကြောင့် အားလျော့လာခဲ့သည်ဟု ဆိုသည်။[၄၇]

ဖွဲ့စည်းပုံအခြေခံဥပဒေ[ပြင်ဆင်ရန်]

ဂမ်ဘီယာနိုင်ငံ၏ သမိုင်းကြောင်း တလျှောက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အများအပြား ရှိခဲ့သည်။ ထင်ရှားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ နှစ်ခုမှာ ဂမ်ဘီယာအား သမ္မတနိုင်ငံ အဖြစ် ထူထောင်ခဲ့သော ၁၉၇၀ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ဂျမ်မား၏ အုပ်ချုပ်ရေးအတွက် အခြေခံဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဘားရိုး အောင်ပွဲရသည် အထိ ရှိနေခဲ့သော ၁၉၉၆ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တို့ ဖြစ်သည်။ ဂျမ်မားသည် ၁၉၉၆ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုအား သူ့အတွက် အသာစီးရစေရန် ကိုင်တွယ် ခဲ့သည်။ အုပ်ချုပ်ရမည့် သက်တမ်းအတွက် ကန့်သတ်ချက်ကို ဖော်ပြထားခြင်း မရှိသဖြင့် ဂျမ်မားအနေနှင့် အာဏာကို ကြာရှည်စွာ ရယူထားရန် ဆန္ဒရှိသည်ကို ညွှန်ပြနေသည်။ [၄၅] ၁၉၉၆ ခုနှစ် အခြေခံ ဥပဒေ အရ သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲ၊ အစိုးရအဖွဲ့၏ အကြီးအကဲနှင့် စစ်တပ်၏ စစ်သေနာပတိချုပ် ဖြစ်သည်။ ဂျမ်မား နှင့် ဘားရိုးနှစ်ဦးစလုံးသည် ကာကွယ်ရေး ဝန်ကြီးရာထူး ကို ရယူခဲ့ကြသည်။[၄၉]

သမ္မတ[ပြင်ဆင်ရန်]

သမ္မတသည် ဒု-သမ္မတ နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ခန့်အပ်နိုင်သကဲ့သို့ အစိုးရအဖွဲ့ကိုလည်း ဦးဆောင်နိုင်သည်။ ဝန်ကြီးချုပ်ရုံးအား ၁၉၇၀တွင် ဖျက်သိမ်းခဲ့သည်။ အုပ်ချုပ်ရေး အာဏာအားလုံးကို သမ္မတအား အပ်နှင်းထားသည်။ သမ္မတသည် နိုင်ငံတော်ညီလာခံ၏ အဖွဲဝင် ၅ ဦး၊ အထက်တရားရုံးများ၏ တရားသူကြီးများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူများနှင့် ခရိုင်အကြီးအကဲများကိုလည်း ခန့်အပ်နိုင်သည်။ အစိုးရ ဌာနများ အနေနှင့်မှု ပြည်သူ့ဝန်ဆောင်မှု ကော်မရှင်၊ စုံစမ်းရေး အဖွဲ့နှင့် လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင် တို့ကို ခန့်အပ်နိုင်သည်။ သမ္မတအား ငါးနှစ်သက်တမ်းဖြင့် ရိုးရှင်းသော မဲအများဆုံးလူကို ခန့်အပ်သော ပုံစံဖြင့် ရွေးချယ်ကြသည်။ တာဝန်ထမ်းဆောင်နိုင်သည့် သက်တမ်းကို ကန့်သတ်ထားခြင်း မရှိပေ။ [၄၉] ၂၀၁၈ တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြန်လည်သုံးသပ်နေပြီး နှစ်ကြိမ် သက်တမ်းသတ်မှတ်ခြင်း နှင့် အစိုးရ၏ ပုံစံကို ပိုကောင်းအောင် ပြုလုပ်ရန် လိုအပ်သော အခြားအပြောင်းအလဲများ ရှိနိုင်သည်ဟု မျှော်လင့်ထားသည်။

နိုင်ငံခြားဆက်ဆံရေး[ပြင်ဆင်ရန်]

ယာယာ ဂျမ်မား နှင့် မစ္စစ် ဇိုင်းနပ် ဂျမ်မားတို့အား အမေရိကန်သမ္မတ ဘားရက် အိုဘားမား နှင့် မီရှဲလ် အိုဘားမား တို့နှင့် အတူ အိမ်ဖြူတော် တွင် တွေ့ရစဉ်။ ၂၀၁၄ ဩဂုတ်လ။

ဂမ်ဘီယာသည် ဂျာဝါရာ ၏ ခေတ်အတွင်း ဘက်မလိုက်နိုင်ငံခြားရေး ပေါ်လစီကို တရားဝင် ကျင့်သုံးခဲ့သည်။ ၎င်းတို့သည် ယူနိုက်တက်ကင်းဒမ်း၊ ဆီနီဂေါ နှင့် အခြား အာဖရိကနိုင်ငံများနှင့် နီးစပ်သော ဆက်ဆံရေး ရှိသည်။ ၁၉၉၄ ခုနှစ် အာဏာသိမ်းမှုကြောင့် ဂမ်ဘီယာနှင့် အနောက် အင်အားကြီးနိုင်ငံတို့ ကြား ဆက်ဆံရေး ပျက်ယွင်းခဲ့ပြီး အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဖြစ်ကာ အမေရိကန်တို့မှ ၂၀၀၂ ခုနှစ်အထိ နိုင်ငံခြားကူညီထောက်ပံ့ရေး ဥပဒေ ပုဒ်မ ၅၀၈ အရ လူသားဆန်သော ထောက်ပံ့မှု မဟုတ်သော အကူအညီအားလုံးကို ဆိုင်းငံ့ ထားခဲ့သည်။ ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် သမ္မတ ဂျမ်မားသည် နိုင်ငံအချို့နှင့် သံတမန် ဆက်ဆံရေး ထပ်မံ ပြုလုပ်ခဲ့ပြီး ၎င်းတို့ထဲတွင် လစ်ဗျားနိုင်ငံ (၂၀၁၀ တွင် ဆိုင်းငံ့ခဲ့သည်) နှင့် ကျူးဘားနိုင်ငံ တို့ ပါဝင်သည်။[၅၀] တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့် သံတမန် ဆက်ဆံရေး ပြုလုပ်သောကြောင့် ဂမ်ဘီယာနှင့် ဆက်ဆံရေးကို ရပ်တန့်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်မှ ပြန်လည် စတင်ခဲ့သည်။[၅၁]

ဂမ်ဘီယာသည် နိုင်ငံတကာ အရေးကိစ္စများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားလေ့ ရှိပြီး အထူးသဖြင့် အနောက်အာဖရိက နှင့် အစ္စလာမ် အရေးကိစ္စများတွင် ဖြစ်သော်လည်း ၎င်း၏ နိုင်ငံပြင်ပတွင် ကိုယ်စားပြုမှုမှာ အနည်းငယ်မျှသာ ရှိသည်။ အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရေး အဖွဲ့ (ECOWAS) ၏ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဂမ်ဘီယာသည် အဖွဲ့အစည်း၏ လုပ်ဆောင်မှု အနေဖြင့် လိုင်ဘေးရီးယားနိုင်ငံ နှင့် ဆီရာလီယွန်နိုင်ငံရှိ ပြည်တွင်းစစ်ကို ဖြေရှင်းပေးခြင်း၊ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့ (ECOMOG) သို့ ၁၉၉၀ တွင် လည်းကောင်း နှင့် အနောက်အာဖရိက နိုင်ငံများစီးပွားရေးအဖွဲ့ လိုင်ဘေးရီးယားမစ်ရှင်သို့ ၂၀၀၃ ခုနှစ်တွင် လည်းကောင်း တပ်ဖွဲ့များ ပေးပို့ ပေးခဲ့သည်။ [၅၀] ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဂမ်ဘီယာသည် မြန်မာနိုင်ငံအား ဟိတ်ဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် စစ်တပ်မှ ရိုဟင်ဂျာ များအား လူမျိုးတုံး သတ်ဖြတ်သည်ဟု စွပ်စွဲ၍ တရားစွဲခဲ့သည်။[၅၂]

ဂမ်ဘီယာသည် အိမ်နီးချင်း ဂင်းနီဗစ်ဆောနိုင်ငံနှင့် ဆီနီဂေါနိုင်ငံ ကာဆာမန့်စ် ဒေသတို့ကြား အငြင်းပွားမှုများကို ဝင်ရောက်ဖြေရှင်းရန် ကြိုးစားခဲ့သည်။ ဂမ်ဘီယာ အစိုးရသည် ၂၀၀၆ ခုနှစ် မတ်လ မအောင်မြင်ခဲ့သော အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ဆီနီဂေါ ပါဝင်ပတ်သက်သည်ဟု ယူဆခဲ့သည်။ ထို့အတွက်ကြောင့် ဂမ်ဘီယာနှင့် အိမ်နီးချင်း ဆီနီဂေါနိုင်ငံတို့ကြား ဆက်ဆံရေး တင်းမာခဲ့သည်။ နောက်ဆက်တွဲဖြစ်သော လူ့အခွင့်အရေးနှင့် ပတ်သက်သော အခြေအနေ ယိုယွင်းလာမှုကြောင့် အမေရိကန် နှင့် ဂမ်ဘီယာတို့အကြား ဆက်ဆံရေး တင်းမာလာခဲ့သည်။[၅၀]

ဂမ်ဘီယာသည် ဓနသဟာယနိုင်ငံများအဖွဲ့မှ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် နှုတ်ထွက်ခဲ့သည်။ ဂမ်ဘီယာ အစိုးရမှ "ဂမ်ဘီယာ အစိုးရသည် မည်သည့် ကိုလိုနီ အဖွဲ့အစည်း၏ အဖွဲ့ဝင်မျှ ဖြစ်မည် မဟုတ်ဘဲ နောင်တွင်လည်း ကိုလိုနီစနစ်ကို သက်တမ်းရှည်စေသော မည်သည့်အဖွဲ့အစည်းတွင်မှ ပါဝင်မည် မဟုတ်ကြောင်း။" ကြေငြာခဲ့သည်။[၅၃]သမ္မတ အသစ် လက်ထက်တွင် ဂမ်ဘီယာသည် ဗြိတိသျှ အစိုးရ၏ ထောက်ခံမှုဖြင့် ဓနသဟာယ သမ္မတနိုင်ငံ အဖြစ် ပြန်လည် ရောက်ရှိရန် လုပ်ငန်းစဉ်ကို စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ တွင် အထွေထွေ အတွင်းရေးမှူးချုပ် ပက်ထရစ်ရှာ စကော့တလန် ထံသို့ ဓနသဟာယနိုင်ငံများ အဖွဲ့သို့ ပြန်လည် ဝင်ရောက်ရန် လျှောက်လွှာကို တရားဝင် ပေးအပ်ခဲ့သည်။ [၃၁][၃၂]

ဂမ်ဘီယာသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ဓနသဟာယ သမ္မတနိုင်ငံ အဖြစ် ပြန်လည် စတင်ခဲ့သည်။

လူ့အခွင့်အရေး[ပြင်ဆင်ရန်]

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ ဂမ်ဘီယာရှိ အမျိုးသမီးနှင့် မိန်းကလေး ၇၈.၃% ခန့်သည် မ အင်္ဂါ ဖြတ်တောက်ထားခြင်း ခံရသည်။[၅၄] ကျားမလိင်တူချစ်သူဆိုင်ရာ ကိစ္စရပ်များမှာ ဂမ်ဘီယာတွင် တရားမဝင်ဘဲ ထောင်တသက် ချမှတ်ခံရနိုင်သည်။ [၅၅] လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပညာပေး လှုပ်ရှားမှုများတွင် အေဒရီယာနာ ကပ်ပလန် မာကူဆန် နှင့် အခြားသူများတို့၏ လုပ်ဆောင်မှုများ ပါဝင်သည်။

ဒေးလီးအော့ဗ်ဆာဗာ သတင်းစာ၏ သတင်းထောက် အဲဘရီမာ မန်နာ မှာ ၂၀၀၆ ဇူလိုင်လကတည်းက အဖမ်းခံထားရပြီး ထိုစဉ်မှစ၍ တိတ်တဆိတ် ထိန်းသိမ်းခံထားရသည်ဟု လူ့အခွင့်အရေး အဖွဲ့အစည်းများမှ ယုံကြည်ကြသည်။ [၅၆] မန်နာ သည် ဘီဘီစီမှ သမ္မတ ယာယာ ဂျမ်မားအား ဝေဖန်ထားသည့် သတင်းကို ပြန်လည် ထုတ်ပြန်ရန် ကြိုးစားရာမှာ နိုင်ငံတော်ထောက်လှမ်းရေးအေဂျင်စီမှ ဖမ်းဆီးထိန်းသိမ်း ခံရသည်ဟု သတင်းရရှိခဲ့သည်။[၅၆] အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့မှ သူ့အား ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူဟု သတ်မှတ်ခဲ့ပြီး ၂၀၁၁ ခုနှစ် အရေးအကြီးဆုံး အမှုများတွင် ထည့်သွင်း ဖော်ပြခဲ့သည်။[၅၇] ၂၀၁၉ ခုနှစ်တွင် ဂမ်ဘီယာ ထရမ်းပက် သတင်းစာမှ မန်နာသည် အထိန်းသိမ်းခံရစဉ် ၂၀၀၈ ခုနှစ် အလယ်တွင် သေဆုံးခဲ့သည်ဟု ရေးသားဖော်ပြခဲ့သည်။[၅၈][၅၉]

ပါဝင်သည့် နိုင်ငံတကာအဖွဲ့အစည်းများစာရင်း[ပြင်ဆင်ရန်]

  • ဓနသဟာယနိုင်ငံများအဖွဲ့
  • အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရေး အသိုက်အဝန်း
  • အပြည်ပြည်ဆိုင်ရာ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့
  • ကုလသမဂ္ဂ
  • အာဖရိက သမဂ္ဂ

စစ်ရေး[ပြင်ဆင်ရန်]

အမေရိကန် အာဖရိက စစ်ဌာနချုပ်မှူး ကာတာဟမ် နှင့် ဂမ်ဘီယာစစ်တပ်မှ အကြီးတန်း တပ်မှူး မေဆာနဲ ကင်တဲ တို့ ၂၀၁၁ ဇူလိုင် ၂၁တွင် တပ်များကို စစ်ဆေးနေစဉ်

ဂမ်ဘီယာစစ်တပ် (GAF) အား ဂမ်ဘီယာနှင့် ဆီနီဂေါ နှစ်နိုင်ငံအကြား နိုင်ငံရေးပေါင်းစည်းမှု ဖြစ်သည့် ဆီနီဂမ်ဘီယာ ကွန်ဖက်ဒရေးရှင်း၏ လိုအပ်ချက်အရ ၁၉၈၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အစက ဗြိတိသျှတို့ လေ့ကျင့်ပေးထားသော ဂမ်ဘီယာနိုင်ငံတော်ကြည်းတပ်နှင့် ဆီနီဂေါတို့ လေ့ကျင်ပေးထားသော ဂမ်ဘီယာနိုင်ငံတော်ရွန်ဒါမရီ (ဂျီအင်န်ဂျီ) တပ်ဖွဲ့ တို့ ပါဝင်သည်။ ၁၉၉၂ ခုနှစ်တွင် ဂျီအင်န်ဂျီအား ရဲတပ်ဖွဲ့ နှင့်ပူးပေါင်းခဲ့ပြီး ၁၉၉၇ခုနှစ်တွင် ဂျမားမှ ဂမ်ဘီယာရေတပ်ကို တည်ထောင်ခဲ့သည်။ ၂၀၀၀ ခုနှစ်များ အလယ်ပိုင်းတွင် ဂမ်ဘီယာလေတပ်ကို တည်ထောင်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် မအောင်မြင်ခဲ့ပေ။ ၂၀၀၈ ခုနှစ်တွင် ဂျမားသည် နိုင်ငံတော်ရီပတ်ဘလစ်ကင် အစောင့်တပ်ဖွဲ့အား အထူးတပ်ဖွဲ့ယူနစ်များဖြင့် တည်ထောင်ခဲ့သည်။ ဂမ်ဘီယာနိုင်ငံတော်ကြည်းတပ်တွင် အင်အားအကြမ်းမျဉ်း ၉၀၀ ခန့် ရှိပြီး ခြေမြန်တပ်ရင်း ၂ ခုနှင့် အင်ဂျင်နီယာဆိုင်ရာ ကုမ္ပဏီတစ်ခု ရှိသည်။ဖားရပ်သံချပ်ကာယဉ် နှင့် အမ်၈ ဂရေးဟောင်း သံချပ်ကာကားများကို အသုံးပြုကြသည်။ ရေတပ်တွင် ကင်းလှည့်ရေယာဉ်များ ရှိပြီး ထိုင်ဝမ်မှ ၂၀၁၃ တွင် ရေယာဉ်အသစ်များကို လှူဒါန်းခဲ့သည်။

ဂမ်ဘီယာစစ်တပ်ကို စတင်ဖွဲ့စည်းသည့် ၁၉၈၅ ခုနှစ်မှ စ၍ ဂမ်ဘီယာတပ်သည် ကုလသမဂ္ဂနှင့် အာဖရိက သမဂ္ဂတို့၏ ငြိမ်းချမ်းရေးထိန်းသိမ်းရေး စစ်ဆင်ရေးများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၎င်းအား ဒုတိယအဆင့် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်သူ အဖြစ် သတ်မှတ်ထားပြီး [၆၀] နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဌာန မှ ငြိမ်းချမ်းရေးထိန်းသိမ်းရာတွင် ဒေသအတွင်းဦးဆောင်သူ အဖြစ် ဖော်ပြခဲ့သည်။[၆၁] ၁၉၉၀ မှ ၁၉၉၁ အထိ အီကိုမော့ (အနောက်အာဖရိကနိုင်ငံများ၏ စောင့်ကြည့်ရေးအဖွဲ့) ၏ တစိတ်တဒေသ အဖြစ် လိုင်ဘေးရီးယားနိုင်ငံသို့ စစ်သားများ စေလွှတ်ခဲ့ပြီး ထိုအချိန်က ဂမ်ဘီယာ စစ်သားနှစ်ဦး ကျဆုံးခဲ့သည်။ ထို့နောက်တွင် အီကိုမေးလ် (အနောက်အာဖရိကနိုင်ငံများ၏ လိုင်ဘေးရီးယား စစ်ဆင်ရေး) ၊ ယူအင်န်မေးလ် (ကုလသမဂ္ဂ၏ လိုင်ဘေးရီးယားစစ်ဆင်ရေး) နှင့် ယူအင်န်အေမစ်ဒ် (ကုလသမဂ္ဂ နှင့် အာဖရိကသမဂ္ဂ၏ ဒါဖာ စစ်ဆင်ရေး) တို့သို့ တပ်ဖွဲ့များ စေလွှတ်ခဲ့သည်။ ၁၉၉၄ ခုနှစ် သွေးထွက်သံယုံ မရှိသော စစ်အာဏာသိမ်းမှုတွင် ခေါင်းဆောင်ဖြစ်သော ဂျမ်မား အာဏာရယူသည့် အချိန်မှစ၍ စစ်တပ်အား သမ္မတမှ တိုက်ရိုက် တာဝန်ယူ ကွပ်ကဲသည်။ ဂျမ်မားသည် ကာကွယ်ရေးအရာရှိချုပ် ရာထူးကို ဖန်တီးခဲ့ပြီး ထိုသူမှာ ဂမ်ဘီယာစစ်တပ်၏ နေ့စဉ်လည်ပတ်မှုများကို တာဝန်ရှိသည့် ဝါရင့်စစ်တပ် အရာရှိ ဖြစ်သည်။ ၁၉၅၈ မှ ၁၉၈၅ အထိ ဂမ်ဘီယာတွင် စစ်တပ် မရှိပဲ ဂမ်ဘီယာကွင်းဆင်းတပ်ဖွဲ့သည် ရဲတပ်ဖွဲ့၏ အရန်စစ်အင်အား အဖြစ် တည်ရှိသည်။ ဂမ်ဘီယာ စစ်တပ်၏ အစကို ပြန်လိုက်မည် ဆိုပါက ဗြိတိသျှ စစ်တပ်၏ ဂမ်ဘီယာတပ်မကြီးသည် ၁၉၀၁ မှ ၁၉၅၈ ခုနှစ်အထိ တည်ရှိခဲ့ပြီး ပထမကမ္ဘာစစ် နှင့် ဒုတိယကမ္ဘာစစ် တို့တွင် ပါဝင်တိုက်ခိုက်ခဲ့သည် ၂၀၁၇ တွင် ဂမ်ဘီယာသည် ကုလသမဂ္ဂ၏ အဏုမြူလက်နက် ထိန်းချုပ်ကန့်သတ်ရေး သဘောတူစာချုပ်တွင် လက်မှတ် ရေးထိုးခဲ့သည်။[၆၂]

ဂမ်ဘီယာစစ်တပ်သည် အခြားနိုင်ငံများမှ လက်နက် အကူအညီနှင့် လေ့ကျင့်ရေး သဘောတူညီချက်များ ရရှိခဲ့သည်။ ၁၉၉၂ တွင် နိုင်ဂျီးရီးယား စစ်သားများက ဂမ်ဘီယာ စစ်တပ်ကို ကူညီ ဦးဆောင်ပေးခဲ့သည်။ ၁၉၉၁ နှင့် ၂၀၀၅ ခုနှစ်ကြားတွင် တူရကီစစ်တပ်မှ ဂမ်ဘီယာ စစ်သားများကို ကူညီလေ့ကျင့်ပေးခဲ့သည်။ ထို့အပြင် ဗြိတိသျှ တို့၏ တော်ဝင် ဂျီဘရော်လ်တာ တပ်မှ နှင့် အမေရိကန်၏ အမေရိကန် အာဖရိက စစ်ဌာနချုပ် တို့မှ လေ့ကျင့်ရေးအဖွဲ့များကို လက်ခံ၍ သင်ကြားခဲ့သည်။

အုပ်ချုပ်ရေး ဒေသများ[ပြင်ဆင်ရန်]

ဂမ်ဘီယာ၏ အစိုးရအုပ်ချုပ်ရေး ဒေသများ

ဂမ်ဘီယာအား အစိုးရအုပ်ချုပ်ရေးဒေသ ၈ ခုဖြင့် ပိုင်းခြားထားပြီး မြို့တော်အဆင့် သတ်မှတ်ထားသော နိုင်ငံတော်၏ မြို့တော် ဘန်ဂျူး အပါအဝင် ဖြစ်သည်။ ဂမ်ဘီယာ၏ အုပ်ချုပ်ရေးဒေသများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ပုဒ်မ ၁၉၂ အရ သီးခြားမဲဆန္ဒနယ်များ အဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။[၃၆]

Administrative divisions
အမည် ဧရိယာ(စတုရန်းကီလိုမီတာ) လူဦးရေစာရင်း ၂၀၁၃ လူဦးရေစာရင်း ၂၀၁၃
(ယာယီ)
Capital ပါဝင်သော
ခရိုင်များ
ဘန်ဂျုးမြို့ (မြို့တော်) ၁၂.၂ ၃၅,၀၆၁ ၃၁,၃၀၁ ဘန်ဂျူး
ကာနီဖင်း ၇၅.၆ ၃၂၂,၇၃၅ ၃၈၂,၀၉၆ ကာနီဖင်း
ဘရီကာမာ
(ယခင်က အနောက်ပိုင်း)'
၁,၇၆၄.၃ ၃၈၉,၅၉၄ ၆၉၉,၇၀၄ ဘရီကာမာ
မန်ဆာ ကွန်ကို
(ယခင်က မြစ်အောက်ပိုင်း)
၁,၆၂၈.၀ ၇၂,၁၆၇ ၈၂,၃၈၁ မာဆာကွန်ကို
ကီရီဝမ်
(ယခင်က မြောက်ဘက်ကမ်းပါး)
၂,၂၅၅.၅ ၁၇၂,၈၃၅ ၂၂၁,၀၅၄ ကီရီဝမ်
ကွန်တော
(ယခင်က မြစ်လယ်ပိုင်းဒေသ
၏ အနောက်ပိုင်း)
၁,၄၆၆.၅ ၇၈,၄၉၁ ၉၉,၁၀၈ ကွန်တော
ဂျန်ဂျန်ဘူရေး
(ယခင်က မြစ်အလယ်ပိုင်းဒေသ
၏အရှေ့ပိုင်း)
၁,၄၂၇.၈ ၁၀၇,၂၁၂ ၁၂၆,၉၁၀ ဂျန်ဂျန်ဘူရေး
ဘက်စ်
(ယခင်က မြစ်အပေါ်ပိုင်း)
၂၀၆၉.၅ ၁၈၂,၅၈၆ ၂၃၉,၉၁၆ ဘက်စ်ဆန်တာစု
ဂမ်ဘီယာ စုစုပေါင်း ၁၀,၆၈၉ ၁,၃၆၀,၆၈၁ ၁,၈၈၂,၄၅၀ ဘန်ဂျူး ၄၃

ဒေသအစိုးရများသည် ခရိုင် ၄၃ ခု အဖြစ် ထပ်မံ ပိုင်းခြားထားသည်။ ၎င်းတို့တွင် ကာနီဖင်း နှင့် ကွန်ဘို စိန့်မေရီ (၎င်းသည် ဘရီကာမားအား ဘရီကာမား အုပ်ချုပ်ရေးဒေသနှင့်အတူ မြို့တော် အဖြစ် ဝေမျှသတ်မှတ်သည်။) မဟာ ဘန်ဂျူး မြို့တော်ဒေသ၏ အစိတ်အပိုင်း ဖြစ်ကြသည်။[၆၃]

စီးပွားရေး[ပြင်ဆင်ရန်]

ဂမ်ဘီယာ၏ တင်ပို့ကုန်များကို ကုန်ပစ္စည်းအလိုက် ပြပုံ ဟားဗတ် စီးပွားရေး ရှုပ်ထွေးမှုပြ မြေပုံမှ
ဂမ်ဘီယာနိုင်ငံရှိ ကမ္ဘာလှည့် ခရီးသွားများ ၂၀၁၄

ဂမ်ဘီယာနိုင်ငံတွင် လွတ်လပ်သော ဈေးကွက်ကို အခြေခံသော စီးပွားရေး ရှိပြီး ထုံးတမ်းစဉ်လာအရ တစ်အိမ်စာဖူလုံသော စိုက်ပျိုးမွေးမြူရေး၊ သမိုင်းကြောင်းအရ မြေပဲပေါ် မူတည်၍ ပို့ကုန်ဝင်ငွေ ရရှိခြင်း၊ သမုဒ္ဒရာဆိပ်ကမ်းပေါ်တွင် တည်ဆောက်ထားသော ပြန်လည်တင်ပို့ ကုန်သွယ်ရေး၊ ပို့ကုန် ခွန် လျော့နည်းခြင်း၊ စီမံရေးဆိုင်ရာ လုပ်ငန်းစဉ်များ အနည်းငယ်မျှသာ ရှိခြင်း၊ အတက်အကျကြမ်းသော ငွေလဲလှယ်နှုန်းနှင့် ငွေလဲလှယ်နှုန်း ထိန်းချုပ်မှု မရှိခြင်း နှင့် သိသာသော ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း အစရှိသည့် သွင်ပြင်လက္ခဏာများ ရှိသည်။[၅၀]

နိုင်ငံတကာငွေကြေးအဖွဲက ၂၀၁၁ တွင် ဂမ်ဘီယာနိုင်ငံ၏ ဂျီဒီပီကို အမေရိကန်ဒေါ်လာ ၉၇၇ သန်း ဟု ဖော်ပြခဲ့ပြီး ကမ္ဘာ့ဘဏ်က ၂၀၁၈ ခုနှစ် ဂမ်ဘီယာနိုင်ငံ၏ ဂျီဒီပီ ကို အမေရိကန်ဒေါ်လာ ၁,၆၂၄ သန်း ဟု ဖော်ပြခဲ့သည်။

၂၀၀၆ ခုနှစ် မှ ၂၀၁၂ ခုနှစ်အထိ ဂမ်ဘီယာနိုင်ငံ၏ စီးပွားရေးသည် နှစ်စဉ် ဂျီဒီပီ၏ ၅ ရာခိုင်နှုန်း မှ ၆ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့သည်။[၆၄]

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် ဂျီဒီပီ၏ ၃၀% ရှိပြီး အလုပ်လုပ်သူ၏ ၇၀% ကို အလုပ်ပေးထားသည်။ စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် မြေပဲထုတ်လုပ်ရေးသည် ဂျီဒီပီ၏ ၆,၉%မျှ ရှိပြီး အခြားကောက်ပဲသီးနှံများမှာ ၈,၃%၊ ကျွဲနွားတိရိစ္ဆာန် ၅.၃%၊ ငါးဖမ်းလုပ်ငန်း ၁၈% နှင့် သစ်တောလုပ်ငန်း ၀.၅% တို့ ဖြစ်ကြသည်။ ထုပ်လုပ်ရေး လုပ်ငန်းမှာ ဂျီဒီပီ၏ ၈% မျှ ရှိပြီး ဝန်ဆောင်မှု လုပ်ငန်းမှာ ၅၈% ရှိသည်။ အနည်းငယ်သာရှိသော ကုန်ထုတ်လုပ်ရေးမှာ အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေး ပေါ်တွင် အခြေခံသည် ( ဥပမာ- မြေပဲကြိတ်ခွဲခြင်း၊​ကိတ်မုန့်ဖုတ်ခြင်း၊ ဘီယာချက်လုပ်ခြင်း နှင့် သားရေလုပ်ငန်းတို့ ဖြစ်သည်။ အခြားသော ကုန်ထုတ်လုပ်ငန်းများမှ ဆပ်ပြာ၊ အချိုရည်၊ အဝတ်အထည် စသည်တို့ ပါဝင်သည်။

ယခင်က ယူနိုက်တက်ကင်းဒမ်း နှင့် ဥရောပသမဂ္ဂတို့သည် ဂမ်ဘီယာနိုင်ငံ၏ အဓိက ပစ္စည်းတင်ပို့ရာ ဈေးကွက် ဖြစ်ခဲ့သည်။​ သို့သော်လည်း လတ်တလော နှစ်များတွင် ဆီနီဂေါ၊ အမေရိကန်ပြည်ထောင်စုနှင့်​ ဂျပန်တို့သည် ဂမ်ဘီယာ၏ ထင်ရှားသော ကုန်သွယ်ရေး မိတ်ဖက်များ ဖြစ်လာခဲ့ကြသည်။​အာဖရိကတွင် ၂၀၀၇ ခုနှစ်၌ ဆီနီဂေါသည် ဂမ်ဘီယာ၏ အကြီးမားဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်ခဲ့သည်။ ၂၀၀၇ မတိုင်မီကမူ ဂင်းနီဗစ်ဆော နှင့် ဂါနာ နိုင်ငံတို့သည် ဆီနီဂေါနှင့် ညီမျှသော အရေးကြီးသော ကုန်သွယ်ရေး မိတ်ဖက်များ ဖြစ်ခဲ့ကြသည်။ တကမ္ဘာလုံးတွင် ဂမ်ဘီယာသို့ အဓိက ပစ္စည်းတင်သွင်းသော နိုင်ငံများမှာ ဒိန်းမတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု နှင့် တရုတ်နိုင်ငံ တို့ ဖြစ်ကြသည်။​ ယူကေ၊ ဂျာမနီ၊ အိုင်ဗရီကို့စ် နှင့် နယ်သာလန်နိုင်ငံတို့မှလည်း ဂမ်ဘီယာသို့ ပစ္စည်းအမြောက်အများ တင်ပို့ ကြသည်။​ ၂၀၀၇ ခုနှစ်တွင် ဂမ်ဘီယာနိုင်ငံ၏ ကုန်သွယ်ရေး လိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ ၃၃၁ သန်း ဖြစ်သည်။[၅၀]

၂၀၀၉ ခုနှစ်တွင် ဂမ်ဘီယာ၌ ကူးသန်းရောင်းဝယ်ရေးဘဏ် ၁၂ ခု ရှိပြီး အစ္စလာမ်ဘဏ်တစ်ခု အပါအဝင် ဖြစ်သည်။ သက်တမ်းအကြာဆုံးဘဏ်မှာ စတန်းဒတ် ချာတာဘဏ် ဖြစ်ပြီး ၁၈၉၄ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့ကာ ထိုစဉ်က ဗြိတိသျှ အနောက်အာဖရိက ဘဏ် အမည်ဖြင့် ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် ဆွစ်ဇာလန် အခြေစိုက် ဘဏ်အုပ်စု တစ်ခု ဖြစ်သော နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးဘဏ်သည် ရုံးခွဲတစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ယခုအခါ နိုင်ငံတွင်း ဘဏ်ခွဲ ၄ ခု ရှိနေပြီ ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် နိုင်ဂျီးရီးယားနိုင်ငံ၏ အဆက် ဘဏ်သည် ရုံးခွဲဖွင့်လှစ်ခဲ့ပြီး ဘဏ်ခွဲ ၄ ခု ရှိနေပြီ ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် ဇီးနစ်ဘဏ် (ဂမ်ဘီယာ) လိမိတက် ကို ဖွဲ့စည်းခဲ့ပြီး နိုင်ဂျီးရီးယားနိုင်ငံမှ ဧရာမဘဏ်ကြီးတစ်ခု ဖြစ်သော ဇီးနစ်ဘဏ်၏ ရုံးခွဲ ဖြစ်သည်။

၂၀၀၉ ခုနှစ် မေလတွင် လက်ဘနွန် ကနေဒါ ဘဏ်သည် ပရိုင်းဘဏ်ဟု ခေါ်သော ရုံးခွဲတစ်ခု ကို ဖွင့်လှစ်ခဲ့သည်။[၆၅]

လူ့အဖွဲ့အစည်း[ပြင်ဆင်ရန်]

လူဦးရေ ပိရိမစ်
ဂမ်ဘီယာ၏
လူဦးရေ
ခုနှစ် သန်းပေါင်း
၁၉၅၀ ၀.၂၇
၂၀၀၀ ၁.၂
၂၀၁၆ 2

၂၀၁၁ ခုနှစ်တွင် မြို့ပြတွင် နေထိုင်သူမှာ ၅၇.၃% ဖြစ်သည်။[၃၆] ၂၀၀၃ လူဦးရေစာရင်း၏ အကြိုစာရင်း အရ မြို့ပြနှင့် ကျေးလက်လူဦးရေ ကြား ကွာခြားမှုမှာ လျော့နည်းလာပြီး ဒေသအများအပြားကို မြို့ပြ အဖြစ် ပြောင်းလဲ ကြေငြာခဲ့ခြင်းကြောင့် ဖြစ်သည်။ မြို့ပြသို့ ပြောင်းရွှေ့ခြင်း၊ ဖွံဖြိုးရေး စီမံကိန်းများ နှင့် ခေတ်မီလာခြင်းတို့က ဂမ်ဘီယာနိုင်ငံသား အများစုထံသို့ အနောက်တိုင်း၏ အမူအကျင့်များနှင့် တန်ဖိုးများကို ယူဆောင်လာကြသော်လည်း ဒေသရင်းနေ ဝတ်စားဆင်ယင်မှု၊ အခမ်းအနား ကျင်းပမှုနှင့် ဆွေမျိုးများအကြား ဓလေ့အရ နီးစပ်စွာ ရှိမှုတို့မှာ နေ့စဉ်ဘဝ၏ အဓိကအစိတ်အပိုင်း အဖြစ် တည်ရှိနေဆဲ ဖြစ်သည်။

ကုလသမဂ္ဂ၏ ၂၀၁၀ ခုနှစ် လူထုဖွံ့ဖြိုးမှုညွှန်းကိန်း အစီရင်ခံစာတွင် ဂမ်ဘီယာအား နိုင်ငံပေါင်း ၁၆၉ နိုင်ငံ၌​အဆင့် ၁၅၁ အဖြစ် ဖော်ပြထားပြီး လူထုဖွံ့ဖြိုးမှု နိမ့်ကျသော အစုအဖွဲ့တွင် ထည့်သွင်းထားသည်။ ထိုညွှန်းကိန်းမှ လူ့သက်တမ်း၊ ကျောင်းနေသည့် နှစ်၊ လူတစ်ဦးချင်းအလိုက် အချိုးချထားသော စုစုပေါင်းနိုင်ငံထုတ်ကုန်း နှင့် အခြားအကြောင်းအရာများကို နှိုင်းယှဉ်ထားသည်။[၆၆]

စုစုပေါင်း မွေးဖွားနိုင်စွမ်းမှာ ၂၀၁၃ ခုနှစ်တွင် အမျိုးသမီးတစ်ဦးလျှင် ကလေး ၃.၉၈ ဦးမျှ ရှိသည်။[၆၇]

လူမျိုးများ[ပြင်ဆင်ရန်]

ဂမ်ဘီယာနိုင်ငံရှိ လူမျိုးစုများ
Ethnic Groups percent
မန်ဒင်ကာ
  
34.4%
ဖူလာ
  
24.1%
ဝိုလော့ဖ်
  
14.8%
ဂျိုလာ
  
10.5%
ဆီရာဟူလီ
  
8.2%
ဆီရီရီ
  
3.1%
အကူး မာရာဘိုး
  
0.5%
မန်ဂါဂျို
  
1.9%
ဘမ်ဘာရာ
  
1.3%
အခြား
  
1.5%

ဂမ်ဘီယာနိုင်ငံတွင် လူမျိုးစု အများအပြားနေထိုင်ကြပြီး လူမျိုးစုတိုင်းသည် သူတို့၏ ဘာသာစကား နှင့် ရိုးရာကို ထိန်းသိမ်းကြသည်။​အကြီးမားဆုံး လူမျိုးစုမှာ မန်ဒင်ကာ လူမျိုးစု ဖြစ်ပြီး ဖူလာ၊​ဝိုလော့ဖ်၊​ဂျိုလာ၊ ကာရိုနင်ကာ၊ဆီရာဟူလီ/ဂျာဟန်ကာ ၊ဆီရီရီ၊ မန်ဂါဂျို၊​ဘမ်ဘာရာ၊ အကူး မာရာဘိုး၊ ဘာအီနူကာ နှင့် အခြားလူမျိုးစုများလည်း ရှိကြသည်။ [၆၈]ထိုဒေသတွင် အကူးလူမျိုးများဟု သိကြသော ခရီရိုလူမျိုးများသည် ဂမ်ဘီယာရှိ လူဦးရေ အနည်းဆုံး လူမျိုးစု ဖြစ်သည်။ သူတို့သည် ရိုးရာအားဖြင့် ဆီရာလီယွန်ရှိ ခရီရိုး လူမျိုးများမှ ဆင်းသက်လာခြင်း ဖြစ်ပြီး မြို့တော်တွင် စုစည်း နေထိုင်ကြသည်။

အာဖရိကသား မဟုတ်သော လူမျိုး ၃,၅၀၀ ခန့် ရှိပြီး ဥရောပသားများနှင့် လက်ဘနွန် လူမျိုးများ ပါဝင်ကြကာ လူဦးရေ၏ ၀.၂၃% မျှ ရှိသည်။ ဥရောပသား လူနည်းစု၏ အများစုမှာ ဗြိတိသျှလူမျိုးများ ဖြစ်ကြပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ဗြိတိသျှလူမျိုး အများအပြား နိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။

ဘာသာစကားများ[ပြင်ဆင်ရန်]

အင်္ဂလိပ်ဘာသာစကားသည် ဂမ်ဘီယာနိုင်ငံ၏ ရုံးသုံးဘာသာစကား ဖြစ်သည်။ အခြား အသုံးပြုသော ဘာသာစကားများမှာ မန်ဒင်ကာ၊ ဝိုလော့ဖ်၊ ဖူလာ၊ ဆီရာ၊ ခရီယို၊ ဂျိုလာ နှင့် အခြား ဒေသခံ ဘာသာစကားများ ဖြစ်သည်။[၃၆] နိုင်ငံ၏ ပထဝီအနေအထားအရ အနောက်အာဖရိက၏ ရုံးသုံးဘာသာစကား ဖြစ်သော ပြင်သစ်ဘာသာစကားကို တတ်ကျွမ်းသူ များပြားသည်။

ပညာရေး[ပြင်ဆင်ရန်]

အာမီတေ့ချ် အထက်တန်းကျောင်းမှ စာသင်ခန်း

ဂမ်ဘီယာနို်င်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မူလတန်းအဆင့် ပညာရေးမှာ မသင်မနေရ ဖြစ်သည်။ သို့သော်လည်း စွမ်းအားစုများ နှင့် ပညာရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ မလုံလောက်မှုကြောင့် အကောင်အထည်ဖော်ရန် ခက်ခဲ့သည်။[၆၉]၁၉၉၅ ခုနှစ်တွင် စုစုပေါင်း မူလတန်း ကျောင်းအပ်သူမှာ ၇၇.၁% ဖြစ်ပြီး တကယ်တမ်း ကျောင်းတက်သူမှာ ၆၄.၇% မျှသာ ရှိသည်။[၆၉] ကျောင်းလခကြောင့် ကလေးငယ်အများအပြား ကျောင်းမတက်နိုင်ပဲ ဖြစ်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သို့သော်လည်း ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတဂျမ်မားမှ ကျောင်း၏ ပထမဆုံး ခြောက်နှစ်တွင် ကျောင်းလခ ကောက်ခံခြင်းကို ရပ်တန့်ရန် အမိန့်ထုတ်ခဲ့သည်။[၆၉] မူလတန်းကျောင်းသားကျောင်းသူများတွင် မိန်းကလေး မှာ ၅၂% မျှ ရှိသည်။ သို့သော်လည်း ထိုကိန်းဂဏန်းမှာ ကျေးလက်ဒေသများတွင် လျော့နည်းနိုင်ပြီး ယဉ်ကျေးမှု အကြောင်းအချက်များနှင့် ဆင်းရဲမှုတို့က မိဘများအား မိန်းကလေးများကို ကျောင်းသို့ ပို့ရန် အဟန့်အတား ဖြစ်စေသည်။[၆၉]ကျောင်းနေအရွယ် ကလေးများ၏ ၂၀% မှာ ကိုရမ်ကျမ်းစာ သင်ကျောင်းများတွင် တက်ရောက်ကြသည်။

တကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၂၅၀ မှ ကျောင်းသား ၄၃၅,၀၀၀ ကျော် စာရင်းသွင်းထားသည် နိုင်ငံတကာ အိုးပင်းတက္ကသိုလ် အမည်ရသည် အဆင့်မြင့်ပညာတက္ကသိုလ်၏ နိုင်ငံတကာ ဌာနချုပ်မှာ ဂမ်ဘီယာနိုင်ငံတွင် တည်ရှိသည်။[၇၀]

ကျန်းမာရေး[ပြင်ဆင်ရန်]

ဂမ်ဘီယာ၏ ကျန်းမာရေးအတွက် အများပြည်သူဆိုင်ရာ အသုံးစရိတ်မှာ ၂၀၀၄ ခုနှစ်တွင် ဂျီဒီပီ၏ ၁.၈ % ဖြစ်ပြီး ပုဂ္ဂလိက အသုံးစရိတ်မှာ ဂျီဒီပီ၏ ၅% မျှရှိသည်။ ၂၀၀၀ ခုနှစ်များတွင် လူဦးရေ ၁ သိန်းလျှင် ဆရာဝန် ၁၁ ယောက်မျှ ရှိသည်။ လူ့သက်တမ်းမှာ ၂၀၀၅ ခုနှစ်တွင် အမျိုးသမီးများအတွက် ၅၉.၉ နှစ်ဖြစ်ပြီး အမျိုးသားများအတွက် ၅၇.၇ နှစ် ဖြစ်သည်။[၇၁]

၂၀၀၅ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ ဂမ်ဘီယာရှိ အမျိုးသမီးနှင့် မိန်းမငယ် ၇၈.၃% မှာ မအင်္ဂါစေ့ဖြတ်တောက်ထားခြင်း ခံရသည်။[၇၂]

၂၀၁၀ ခုနှစ်တွင် ဂမ်ဘီယာအတွက် မွေးစမိခင် သေဆုံးနှုန်းမှာ အကြိမ် ၁ သိန်းလျှင် ၄၀၀ မျှ ဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် ၆၂၈.၅ကြိမ် ရှိပြီး ၂၀၀၈ တွင် ၂၈၁.၃ကြိမ် ရှိသည်။ အသက် ၅ နှစ်အောက် ကလေးသေဆုံးနှုန်းမှာ ကလေး အယောက် ၁,၀၀၀ လျှင် ၁၀၆ ယောက် ဖြစ်ပြီး ထိုအထဲတွင် မွေးကင်းစကလေး ၃၁ ရာခိုင်နှုန်းမျှ ပါဝင်သည်။ ဂမ်ဘီယာတွင် အကြိမ်ရေ ၁၀၀၀ မွေးဖွားမှုအတွက် သားဖွားဆရာမ ၅ ယောက်မျှသာ ရှိပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတို့အတွက် သေဆုံးနိုင်ခြေမှာ ၄၉ ယောက်တွင် ၁ ယောက်မျှ ရှိသည်။[၇၃]

ကိုးကွယ်ယုံကြည်မှု[ပြင်ဆင်ရန်]

ဂမ်ဘီယာရှိ ကိုးကွယ်ယုံကြည်မှု[၇၄]
ဘာသာ ရာခိုင်နှုန်း
အစ္စလာမ်
  
95.8%
ခရစ်ယာန်
  
4.1%
အခြား
  
0.1%
ဘန်ဒေါင်းဘလီသည် ဆယ်ရီကွန်းဒါးရှိ အကြီးဆုံးများထဲမှ ဗလီတစ်ခု ဖြစ်သည်။

အခြေခံဥပဒေ၏ ပုဒ်မ ၂၅ မှ နိုင်ငံသားများအား သူတို့ ရွေးချယ်ထားသည် မည်သည့်ဘာသာကို မဆို ကိုးကွယ်ခွင့် ရှိသည်ဟု ဆိုထားသည်။[၇၅]နိုင်ငံလူဦးရေ၏ ၉၅% သည် အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသည်။[၇၄] ဂမ်ဘီယာရှိ မွတ်စလင် အများစုမှာ ဆွန်နီ ဥပဒေနှင့် ထုံးတမ်းများကို လိုက်နာကြသည်။[၇၆].

အစ်နေ့ နှစ်ခု အပါအဝင် အဓိက မွတ်ဆလင် ရုံးပိတ်ရက်များတွင် ဂမ်ဘီယာရှိ ကူးသန်းရောင်းဝယ်ရေး ပြုလုပ်မှုများသည် ရပ်တန့်သွားသည်။[၇၇] ဂမ်ဘီယာရှိ မွတ်စလင်အများစုမှာ မာလီကီကျောင်းတော် အတွေးအခေါ်ကို ကျင့်သုံးကြသည်။[၇၈] ဂမ်ဘီယာတွင် ရှီယာဂိုဏ်းဝင် မွတ်ဆလင်များလည်း ရှိပြီး အဓိကအားဖြင့် လက်ဘနွန်မှလာသူများနှင့် ဒေသအတွင်း ပြောင်းရွှေ့လာသော အာရပ် ရွှေ့ပြောင်းနေထိုင်သူများ ဖြစ်ကြသည်။[၇၉]

ခရစ်ယာန်ဘာသာ ကိုးကွယ်သူမှာ လူဦးရေ၏ ၄% ခန့် ရှိပြီး[၇၄] ဂမ်ဘီယာ၏ အနောက်ပိုင်းနှင့် တောင်ပိုင်းများတွင် နေထိုင်ကြသည်။ ခရစ်ယာန်ဘာသာဝင် အများစုမှာ ၎င်းတို့ဘာသာ ရိုမန်ကက်သလစ် ဂိုဏ်းဝင် ဖြစ်သည်ဟု ပြောကြသည်။​သို့သော်လည်း လူနည်းသော ခရစ်ယာန်ဂိုဏ်းဝင်များလည်း ရှိပြီး ၎င်းတို့မှာ အင်္ဂလိကန်၊​မက်သဒစ်၊ နှစ်ခြင်း ၊​ ၇ရက် အက်ဒဗန်တစ်၊ ယေဟောဝါ သက်သေနှင့် အခြား ဧဝံဂေလိ အုပ်စုငယ်လေးများ ဖြစ်ကြသည်။[၇၆]

ဆီရာဘာသာ ကဲ့သို့သော ရိုးရာယုံကြည်မှုများကို မည်ရွေ့မည်မျှအထိ ဆက်လက်ကိုးကွယ်နေကြသည် ဆိုသည်မှာ မသဲကွဲပေ။ ဆီရာဘာသာတွင် နက္ခတ္တဗေဒနှင့် မဟာနတ်ဘုရားဖြစ်သော ရုဂျ် အားယုံကြည်မှုတို့ ပါဝင်သည်။ ဆီရာဘာသာတွင် ဘာသာရေးပွဲတော်များဖြစ်ကြသော ဇွိုင်၊ ဘော့ဆေး နှင့် ရမ်ဒေါ ရန်ဒီ ပွဲတော် တို့ ရှိကြသည်။ နှစ်တိုင်းတွင် ဆီရာဘာသာကို ကိုးကွယ်သူများသည် ဆီနီဂေါနိုင်ငံ ဆိုင်းတိုင်းပြည်ရှိရာ နေရာသို့ ဘုရားဖူးသွားကြပြီး ဇွိုင် မြင့်မြတ်သော ပွဲတော်အတွက် ဖြစ်သည်။[၈၀] ဆီရာ ဘာသာသည် ဆီနီဂမ်ဘီယာရှိ မွတ်စလင် အသိုင်းအဝိုင်းတွင်လည်း ထင်ရှားသော လက်ရာများ ရှိနေပြီး ဆီနီဂမ်ဘီယာ မွတ်စလင်ပွဲတော်များ ဖြစ်ကြသော တိုဘာစကီ၊ ဂါမို၊ ကိုရီတေ၊ ဝါရီကော် စသည်တို့သည် ဆီရာ ဘာသာမှ ငှားရမ်းသုံးစွဲသော စကားလုံးများဖြစ်ပြီး ရှေးဟောင်း ဆီရာပွဲတော်များလည်း ဖြစ်သည်။[၈၁]

ဆီရာများကဲ့သို့ပင် ဂျိုလာလူမျိုးများတွင်လည်း သူတို့ကိုယ်ပိုင် ဘာသာရေး ထုံးတမ်းစဉ်လာများ ရှိကြသည်။ ဂျိုလာများ၏ အဓိက ဘာသာရေးပွဲတော်တစ်ခုမှာ ဘိုကောက် ပွဲတော် ဖြစ်သည်။

တောင်အာရှမှ ရွှေ့ပြောင်းနေထိုင်သူ အနည်းငယ်တို့တွင် ဟိန္ဒူဘာသာ ကိုးကွယ်မှုနှင့် ဘာဟိုင်းဘာသာ ကိုးကွယ်မှုများ ရှိသည်။ အာမာဒိယ ဂျမက်အား ကိုးကွယ်သူများ စုစည်းနေသည်ကိုလည်း တွေ့ရသည်။[၈၂][၇၆] သို့သော်လည်း တောင်အာရှမှ ရွှေ့ပြောင်းလာသူ အများစုမှာ မွတ်စလင်များ ဖြစ်သည်။[၇၆]

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

ဂမ်ဘီယာ အမျိုးသမီးကြီးတစ်ဦး
နပမ်းသတ်ပွဲမှ ဗုံတီးသူများ

ဂမ်ဘီယာနိုင်ငံသည် အာဖရိကကုန်းမကြီဂတွင် အသေးဆုံး နိုင်ငံတစ်ခု ဖြစ်သော်လည်း ၎င်း၏ ယဉ်ကျေးမှုသည် အမျိုးမျိုးကွဲပြားသော ယဉ်ကျေးမှုများမှ ဩဇာလွှမ်းမိုးမှု၏ ရလာဒ်ဖြစ်သည်။ နိုင်ငံ၏ နယ်နိမိတ်သည် ဂမ်ဘီယာမြစ်၏ တစ်ဖက်တစ်ချက်တွင် ကျဉ်းမြောင်းသော မြောင်းကလေးတစ်ခု အဖြစ် တည်ရှိပြီး ရေထုသည် နိုင်ငံ၏ အသက်သွေးကြောသဖွယ်ဖြစ်ပြီး ဒေသခံများက "မြစ်" ဟူ၍သာ ခေါ်ဆိုကြသည်။ သဘာဝအတားအဆီး မရှိပါက ဂမ်ဘီယာသည် အနောက်အာဖရိကတခွင်တွင် ရှိသော လူမျိုးအများစု၏ နေထိုင်ရာ ဖြစ်ပေလိမ့်မည်။[၈၃]

ဥရောပသားများသည်လည်း ဂမ်ဘီယာ၏ သမိုင်းကြောင်းတွင် ထင်ရှားစွာ ပါဝင်နေပြီး အကြောင်းမှာ ဂမ်ဘီယာမြစ်သည် တိုက်အတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားလာနိုင်ပြီး ထိုသို့သော ပထဝီအနေအထားကြောင့် ၁၅ ရာစုမှ ၁၇ ရာစုအတွင်း ကျွန်ကုန်သွယ်ရေးတွင် အမြတ်အစွန်းအများဆုံး ရရှိသည့် ဒေသတစ်ခု အဖြစ် ရှိစေခဲ့သည်။ ထို့အပြင် ကျွန်ကုန်သွယ်မှုအား ၁၉ ရာစုတွင် တရားမဝင်သော အလုပ်အဖြစ် သတ်မှတ်လိုက်သော အခါတွင်လည်း ထိုနေရာမှ မဟာဗျူဟာ ကျစွာ တားဆီးနိုင်ခဲ့သည်။ ထိုသမိုင်းကြောင်းများကို စာရေးဆရာ အဲလက်စ် ဟေလီ၏ စာအုပ်နှင့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲ တစ်ခုဖြစ်သော ဇာစ်မြစ် တွင် ဖော်ပြထားပြီး ဂမ်ဘီယာကို နောက်ခံထား ဇာတ်လမ်းဖွဲ့ထားခြင်း ဖြစ်သည်။[၈၄]

ဂီတ[ပြင်ဆင်ရန်]

ဂမ်ဘီယာနိုင်ငံ၏ ဂီတသည် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ကုန်းတွင်းပိုင်းနယ်စပ်ကို ဝိုင်းပတ်ထားသော ဆီနီဂေါနိုင်ငံနှင့် အလွန်နီးစပ်သည်။ ဂမ်ဘီယာ၏ ဂီတမှာ ရေပန်းစားသော အနောက်တိုင်းဂီတ နှင့် အကကို ဝိုလော့ဖ်လူမျိုး နှင့် ဆီရာလူမျိုးတို့၏ ရိုးရာ ဗုံတီးခတ်မှု နှင့် အကဖြစ်သော ဆဘား ဖြင့် ရောမွှေထားခြင်း ဖြစ်သည်။[၈၅]

ဟင်းလျာများ[ပြင်ဆင်ရန်]

ဂမ်ဘီယာနိုင်ငံ၏ ဟင်းလျာများတွင် မြေပဲ၊ ထမင်း၊ ငါး၊ အသား၊ ကြက်သွန်၊ ခရမ်းချဉ်သီး၊ ပလောပီနံမှုန့်၊ ငရုတ်ကောင်းမှုန့် နှင့် ဂမ်ဘီယာအမျိုးသမီးတို့မှ ဂမ်ဘီယာမြစ်မှ ဖမ်းယူသော ယောက်သွားတို့ ပါဝင်သည်။ အထူးသဖြင့် ယပ်ဆာ ဟု ခေါ်သော ကြက်သွန်ဖြင့် ချက်ထားသော သားငါး ဟင်းလျာနှင့် ဒိုမိုဒါဟု ခေါ်သော မြေပဲနှစ်ဖြင့် ချက်ထားသော ဟင်းလျာတို့မှာ[၈၆] ဒေသခံများနှင့် ကမ္ဘာလှည့်ခရီးသွားများကြား ရေပန်းစားသော ဟင်းလျာများ ဖြစ်သည်။

မီဒီယာ[ပြင်ဆင်ရန်]

ဝေဖန်သူများက အစိုးရအား လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်သည်ဟု စွပ်စွဲကြသည်။ ၂၀၀၂ ခုနှစ်တွင် ပြဌာန်းလိုက်သော ဥပဒေမှ လိုင်စင်ထုတ်ပေးနိုင်၍ သတင်းစာဆရာများကို အကျဉ်းချနိုင်သည့် အာဏာရှိသော ကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အသရေဖျက် ရေးသားမှုအတွက် ထောင်ဒဏ်အပြစ်ပေးသော ဥပဒေကို ထပ်မံပြဌာန်းခဲ့ပြီး ပုံနှိပ်ထုတ်ဝေမှုနှင့် ရုပ်သံ လွှင့်ထုတ်မှု လိုင်စင် အားလုံးအား ပယ်ဖျက်ခဲ့ကာ မီဒီယာအဖွဲ့အားလုံးအား ယခင် အခကြေးငွေထက် ၅ ဆမျှ ရှိသော ကြေးဖြင့် ပြန်လည် မှတ်ပုံတင်စေခဲ့သည်။[၈၇][၈၈]

အာဏာသိမ်းရန် ကြံစည်မှု အပြီးတွင် ဂမ်ဘီယာ သတင်းသမား ၃ ဦး ဖမ်းဆီးခံခဲ့ရသည်။ သူတို့သည် အစိုးရ၏ စီးပွားရေးပေါ်လစီကို ဝေဖန်သောကြောင့် သို့မဟုတ် ယခင်ပြည်ထဲရေးဝန်ကြီး နှင့် လုံခြုံရေးအရာရှိချုပ်သည် ကြံစည်သူများတွင် ပါဝင်သည်ဟု ရေးသားပြောဆိုသောကြောင့်ဟု ဆိုကြသည်။[၈၉] သတင်းစာ အယ်ဒီတာ ဒေဒါ ဟိုင်ဒါရာသည် ၂၀၀၄ ခုနှစ် ဥပဒေ အသက်ဝင်ပြီးနောက် ရှင်းမပြနိုင်သော အခြေအနေတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

သတင်းစာနှင့် ရေဒီယို စတေရှင်များအတွက် လိုင်စင်ကြေးမှာ အလွန်မြင့်မားပြီး တစ်နိုင်ငံလုံး လွှင့်ထုတ်နိုင်သော စတေရှင်များကို အစိုးရမှ တင်းကြပ်စွာ ထိန်းချုပ်ထားသည်။[၈၇]

နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှ "သမ္မတ ယာယား ဂျမ်မား၏ ရဲကင်းစောင့်နိုင်ငံ" ဟု ခေါ်ဆိုပြီး လူသတ်မှု၊ မီးရှို့မှု၊ ဥပဒေမဲ့ ဖမ်းဆီးမှု နှင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုများကို ဂျာနယ်လစ်များ ပေါ်တွင် ကျူးလွန်သည်ဟု စွပ်စွဲထားသည်။[၉၀] ၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် ဂမ်ဘီယာနိုင်ငံ အင်ဒီပန်းဒင့် သတင်းစာ၏ ယခင်အယ်ဒီတာ မူဆာ ဆိတ်ဒီခန်အား နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့ရှိ အီကိုဝပ် (အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) တရားရုံးမှ အမေရိကန် ဒေါ်လာ ၂ သိန်း ပေးရန် အမိန့်ချခဲ့သည်။ တရားရုံးမှ ဂမ်ဘီယာ အစိုးရသည် နိုင်ငံတော် လုံခြုံရေးအေဂျင်စီတွင် တရားမစွဲဆိုဘဲ ဖမ်းစီးခဲ့ပြီးနောက် နှိပ်စက်ခဲ့သည့်အတွက် အပြစ်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။ အစိုးရအနေနှင့် သူ့အား ၂၀၀၆ ခုနှစ် မအောင်မြင်သော အာဏာသိမ်းမှုအကြောင်း သိသည်ဟု သံသယရှိခဲ့သည်မှာ ထင်ရှားသည်။[၉၁]

အားကစား[ပြင်ဆင်ရန်]

အိမ်နီးချင်း ဆီနီဂေါနိုင်ငံကဲ့သို့ပင် ဂမ်ဘီယာနိုင်ငံ၏ အမျိုးသား အားကစားနှင့် ရေပန်းစားသော အားကစားမှာ နပမ်းသတ်ခြင်း ဖြစ်သည်။ [၉၂] ဘောလုံးကစားခြင်းနှင့် ဘတ်စကတ်ဘောတို့မှာလည်း ရေပန်းစားသည်။ ဂမ်ဘီယာ၏ ဘောလုံးကစားခြင်းကို ဂမ်ဘီယာဘောလုံးအဖွဲ့ချုပ် (ဂျီအက်ဖ်အေ) မှ ကြီးကြပ်ပြီး ၎င်းတို့မှာ ဖီဖာ နှင့် အာဖရိက ဘောလုံးအဖွဲ့ချုပ် (စီအေအက်ဖ်) တို့နှင့် မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည်။ ဂမ်ဘီယာ ဘောလုံးအဖွဲ့ချုပ်မှ လိဂ် ကစားခြင်းကို ဦးဆောင်ပြီး ထိပ်ဆုံးတန်း၊ ဂျီအက်ဖ်အေ ပထမတန်း တို့ဖြစ်ကာ ဂမ်ဘီယာ အမျိုးသား ဘောလုံးအသင်းကိုလည်း ဦးဆောင်သည်။ "ကင်းမြီးကောက်" ဟု အမည်ပြောင်ပေးထားသော အမျိုးသား ဘောလုံးအသင်းမှာ ဖီဖာ ကမ္ဘာ့ဖလားနှင့် အာဖရိကဖလားတို့အတွက် လူကြီးအဆင့်၌ ဘယ်သောအခါမျှ ခြေစစ်ပွဲ မအောင်ခဲ့ပေ။ သူတို့သည် အင်ဒီပန်းဒင့် အားကစားကွင်းတွင် ကစားကြသည်။ ဂမ်ဘီယာသည် ၂၀၀၅ ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသော အာဖရိက ဘောလုံးအဖွဲ့ချုပ်၏ အသက် ၁၇ နှစ်အောက် ဘောလုံးပြိုင်ပွဲ နှင့် ၂၀၀၉ ခုနှစ် အယ်လ်ဂျီးရီးယားတွင် ကျင်းပသော အသက် ၁၇ နှစ်အောက် ပြိုင်ပွဲတို့တွင် ချန်ပီယံဆုကို ရရှိခဲ့သဖြင့် ၂၀၀၅ ခုနှစ် ပီရူးတွင်ကျင်းပသော ဖီဖာ ၁၇ နှစ်အောက် ကမ္ဘာ့ဖလား နှင့် ၂၀၀၉ ခုနှစ် နိုင်ဂျီးရီးယားတွင် ကျင်းပသော ဖီဖာ ၁၇ နှစ်အောက် ကမ္ဘာ့ဖလားတို့သို့ ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ အသက် ၂၀ အောက် အသင်းမှာလည်း ၂၀၀၇ ခုနှစ် ကနေဒါတွင် ကျင်းပသော ဖီဖာ အသက် ၂၀ အောက် ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲ အောင်ခဲ့သည်။ အမျိုးသမီး အသက် ၁၇ နှစ်အောက် ဘောလုံးအသင်းမှာလည်း ၂၀၁၂ ခုနှစ် အဇာဘိုင်ဂျန်တွင်ကျင်းပေသာ ဖီဖာ အသက် ၁၇ နှစ်အောက် ကမ္ဘာ့ဖလားတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Department of Economic and Social Affairs Population Division (2009). "World Population Prospects, Table A.1" (PDF). United Nations. Retrieved on 2009-03-12. 
  2. Hoare, Ben. (2002) The Kingfisher A-Z Encyclopedia, Kingfisher Publications. p. 11. ISBN 0-7534-5569-2.
  3. Banjul
  4. Population of Cities in Gambia (2019)
  5. Hughes, Arnold (2008) Historical Dictionary of the Gambia. Scarecrow Press. p. xx. ISBN 0810862603.
  6. Wiseman, John A. (2004) Africa South of the Sahara 2004 (33rd edition): The Gambia: Recent History, Europa Publications Ltd. p. 456.
  7. Maclean၊ Ruth။ "Yahya Jammeh leaves the Gambia after 22 years of rule" (in en-GB)၊ The Guardian၊ 21 January 2017။ 
  8. ၈.၀ ၈.၁ Gambia's Yayah Jammeh confirms he will step down (20 January 2017)။
  9. Ramsay၊ Stuart။ "Former Gambia leader Yahya Jammeh flies into political exile" (in English)၊ Sky News၊ 22 January 2017။ 23 January 2017 တွင် ပြန်စစ်ပြီး 
  10. The Gambia overview။ World Bank။ 5 July 2018 တွင် ပြန်စစ်ပြီး။
  11. Allen Meagher, Andrew Samuel, Baba Ceesay, National Council for the Arts and Culture (Gambia), Historic Sites of The Gambia: Ada Dinkiralu (Mandinka), Bereb-I-Chosan (Wolof), Tarica Tawal (Fula), Nannin (Jola), Soninke Ada (Serehuli), I-Mofan Chosan (Serer) : an Official Guide to the Monuments and Sites of The Gambia, National Council for the Arts and Culture, 1998, pp. 1, 24.
  12. Godfrey Mwakikagile, The Gambia and Its People: Ethnic Identities and Cultural Integration in Africa, New Africa Press, 2010, ISBN 9789987160235, p. 141 [၁]
  13. Why Africa's 'smiling coast' is officially referred to as 'The' Gambia။ 12 September 2018 တွင် ပြန်စစ်ပြီး။
  14. Constitution of the Republic of the Gambia (1996)။ 29 January 2016 တွင် ပြန်စစ်ပြီး။
  15. La Gambie s'autoproclame "État islamique" (in French)။ Europe 1 (13 December 2015)။
  16. Adegun၊ Aanu။ "Adama Barrow removes 'Islamic' title from Gambia's name" (in en-US)၊ 29 January 2017။ 
  17. The Gambia: President Adama Barrow pledges reforms (28 January 2017)။
  18. Easton P (1999) "Education and Koranic Literacy in West Africa" Archived 20 December 2016 at the Wayback Machine.. IK Notes on Indigenous Knowledge and Practices, n° 11, World Bank Group. pp. 1–4
  19. Yevstratyev, O (2018). "Chronological Dating of the Duchy of Courland's Colonial Policy". Latvijas Vēstures Institūta Žurnāls 3: 34–72. 
  20. Park, Mungo Travels in the Interior of Africa v. II, Chapter XXII – War and Slavery Archived 24 September 2009 at the Wayback Machine..
  21. Webb, Patrick (1994). "Guests of the Crown: Convicts and Liberated Slaves on Mc Carthy Island, the Gambia". The Geographical Journal 160 (2): 136–142. doi:10.2307/3060072. 
  22. Archer, Frances Bisset (1967) The Gambia Colony and Protectorate: An Official Handbook (Library of African Study). pp. 90–94. ISBN 978-0714611396.
  23. ၂၃.၀ ၂၃.၁ ၂၃.၂ ၂၃.၃ Uppsala Conflict Data Program Gambia. In depth: Economic crisis and a leftist coup attempt in 1981.
  24. https://2009-2017.state.gov/r/pa/ei/bgn/5459.htm#politics
  25. "UK regrets The Gambia's withdrawal from Commonwealth"၊ BBC News၊ 3 October 2013။ 4 October 2013 တွင် ပြန်စစ်ပြီး 
  26. Gambie : l'opposition désigne Adama Barrow comme candidat unique pour affronter Yahya Jammeh en décembre Archived 29 November 2016 at the Wayback Machine.. Senenews.com (31 October 2016). Retrieved on 18 December 2016.
  27. Gambia: Will Mama Kandeh's Nomination Papers Be Accepted? – Freedom Newspaper Archived 30 November 2016 at the Wayback Machine.. Freedomnewspaper.com (6 November 2016). Retrieved on 18 December 2016.
  28. "Gambia: Prison sentences for opposition leaders continues downward spiral for human rights"၊ Amnesty International၊ 20 July 2016။ 
  29. Gambia's Jammeh loses to Adama Barrow in shock election result Archived 29 June 2018 at the Wayback Machine.. BBC News (2 December 2016). Retrieved on 18 December 2016.
  30. Gambia leader Yahya Jammeh rejects election result Archived 16 June 2018 at the Wayback Machine.. BBC News (10 December 2016). Retrieved on 18 December 2016.
  31. ၃၁.၀ ၃၁.၁ "The Gambia: UK 'very pleased' about Commonwealth return"၊ BBC။ 
  32. ၃၂.၀ ၃၂.၁ "The Gambia presents formal application to re-join the Commonwealth" (Media Release)၊ The Commonwealth၊ 23 January 2018။ 24 January 2018 တွင် ပြန်စစ်ပြီး 
  33. Boris Johnson is only delighted the Gambia wants back into the British Commonwealth Archived 15 February 2017 at the Wayback Machine.. thejournal.ie (15 February 2017)
  34. (http://www.hydrant.co.uk)၊ Site designed and built by Hydrant။ The Gambia rejoins the Commonwealth - The Commonwealth
  35. Staff၊ Our Foreign (8 February 2018)။ Gambia rejoins the Commonwealth after democratic election
  36. ၃၆.၀ ၃၆.၁ ၃၆.၂ ၃၆.၃ ၃၆.၄ The GambiaThe World Factbook။ Central Intelligence Agency။
  37. Wright, Donald (2004). The World and a Very Small Place in Africa: A History of Globalization in Niumi, The Gambia. Armonk, New York: M.E. Sharpe, 149–150. ISBN 978-0-7656-1007-2 
  38. Hayward, Derek (1987). Climatology of West Africa. Lanham, Maryland: Rowman & Littlefield, 189. ISBN 978-0-389-20721-4 
  39. "In Gambia, New Coup Follows Old Pattern"၊ The New York Times၊ 28 August 1994။ 
  40. Edie, p. 162
  41. ၄၁.၀ ၄၁.၁ Edie, pp. 162–164
  42. Edie, p. 165
  43. Edie, pp. 168–170
  44. Edie, p. 182
  45. ၄၅.၀ ၄၅.၁ Edie, p. 185
  46. Edie, p. 186
  47. ၄၇.၀ ၄၇.၁ Democratic Transition in the Gambia: The Burden of Leadership and Consolidation (2017)။
  48. Gambia: Political opinion (March 2017)။
  49. ၄၉.၀ ၄၉.၁ The Gambia: Country Focus (December 2017)။
  50. ၅၀.၀ ၅၀.၁ ၅၀.၂ ၅၀.၃ ၅၀.၄ "Background note: The Gambia" . U.S. Department of State (October 2008).
  51. Beijing Resumes Formal Ties With Gambia, in Signal to Taipei။ Wall Street Journal။ 19 March 2016 တွင် ပြန်စစ်ပြီး။
  52. correspondent၊ Owen Bowcott Legal affairs (11 November 2019)။ Gambia files Rohingya genocide case against Myanmar at UN court။ 7 April 2020 တွင် ပြန်စစ်ပြီး။
  53. UK regrets The Gambia's withdrawal from CommonwealthBBC News
  54. WHO | Female genital mutilation and other harmful practices။ Who.int (6 May 2011)။
  55. "The Gambia passes bill imposing life sentences for some homosexual acts" (in en-GB)၊ The Guardian၊ 2014-09-08။ 
  56. ၅၆.၀ ၅၆.၁ Gambia must account for missing journalist Ebrima Manneh။ Committee to Protect Journalists (14 April 2009)။
  57. Ebrima Mannehအပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့။ 17 April 2011 တွင် ပြန်စစ်ပြီး။
  58. Gambia: Missing editor died in detention in 2008 after mistreatment | Reporters without borders (in en) (2019-03-22)။
  59. Ceesay၊ Fabakary B. (2019-03-19)။ Journalist Manneh Died On Road To Diabugu Hospital (in en-US)။
  60. Bellamy, Alex J. and Williams, Paul D. (2013) Providing Peacekeepers: The Politics, Challenges, and Future of United Nations Peacekeeping Contributions. Oxford University Press, p. 30. ISBN 0199672822.
  61. NYU Center on International Cooperation (28 February 2012) "Annual Review of Global Peace Operations 2012"
  62. Chapter XXVI: Disarmament – No. 9 Treaty on the Prohibition of Nuclear Weapons။ United Nations Treaty Collection (7 July 2017)။
  63. Law, Gwillim (19 April 2006)။ Divisions of Gambia။ Administrative Divisions of Countries ("Statoids")။ 29 September 2006 တွင် ပြန်စစ်ပြီး။
  64. Fadera, Hatab (23 April 2012) "Gambia to commence rail system in 2013:- Discloses President Jammeh, as he opens parliament", The Daily Observer (23 April 2012).
  65. Prime Bank (Gambia) is the 12th commercial bank in the Gambia။ Observer.gm (27 May 2009)။ 19 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 June 2010 တွင် ပြန်စစ်ပြီး။
  66. "Human Development Report 2010" (2010-12-31). Human Development Report. doi:10.18356/e5a0500a-en. ISSN 2412-3129. 
  67. TOTAL FERTILITY RATE။ CIA World Factbook။
  68. National Population Commission Secretariat (April 30, 2005)။ 2013 Population and Housing Census: Spatial Distribution။ The Republic of The Gambia။
  69. ၆၉.၀ ၆၉.၁ ၆၉.၂ ၆၉.၃ "The Gambia". 2001 Findings on the Worst Forms of Child Labor. Bureau of International Labor Affairs, U.S. Department of Labor (2002). This article incorporates text from this source, which is in the public domain.
  70. Admini။ Islamic Online University Signs Agreement with FBC (in en-gb)။
  71. Human Development Report 2009 – Gambia။ Hdrstats.undp.org။ 5 November 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 June 2010 တွင် ပြန်စစ်ပြီး။
  72. WHO | Female genital mutilation and other harmful practices။ Who.int (6 May 2011)။ 7 October 2013 တွင် ပြန်စစ်ပြီး။
  73. (2014) The State of the World's Midwifery 2014. United Nations Population Fund. ISBN 978-0-89714-026-3 
  74. ၇၄.၀ ၇၄.၁ ၇၄.၂ The Gambia: Demographic and Health Survey, 2013။ Gambia Bureau of Statistics။ 25 April 2018 တွင် ပြန်စစ်ပြီး။
  75. CHAPTER IV – PROTECTION OF FUNDAMENTAL RIGHTS AND FREEDOMSConstitution of the Republic of The Gambia (1997)။ 14 January 2009 တွင် ပြန်စစ်ပြီး။
  76. ၇၆.၀ ၇၆.၁ ၇၆.၂ ၇၆.၃ Gambia, TheInternational Religious Freedom Report 2007။ Bureau of Democracy, Human Rights, and Labor (14 September 2007)။ 14 January 2009 တွင် ပြန်စစ်ပြီး။
  77. Burke, Andrew and Else, David (2002) The Gambia & Senegal. Lonely Planet. p. 35. ISBN 1740591372.
  78. Sait, Siraj and Lim, Hilary (2011) Land, Law and Islam Archived 13 August 2016 at the Wayback Machine.. Zed Books. p. 42. ISBN 1842778137.
  79. Shia Presence in Gambia။ Wow.gm။ 7 October 2013 တွင် ပြန်စစ်ပြီး။
  80. Kalis, Simone (1997). Medecine Traditionnele Religion et Divination Chez Les Seereer Siin Du Senegal. L'Harmattan. ISBN 2-7384-5196-9
  81. Diouf, Niokhobaye (1972). "Chronique du royaume du Sine, suivie de Notes sur les traditions orales et les sources écrites concernant le royaume du Sine par Charles Becker et Victor Martin (1972)". Bulletin de l'IFAN 34B (4): 706–7, 713–14. 
  82. (June 2005) Breach of Faith. Human Rights Watch, 8။ 
  83. The Gambia - Government and society (in en)။
  84. Roots revival: how does the new Kunta Kinte compare to the classic? (in en) (2017-02-08)။
  85. FolkWorld #71: Africa
  86. Traditional food and drink in The Gambia (in en-gb)။
  87. ၈၇.၀ ၈၇.၁ "Country profile: The Gambia"၊ BBC News website။ 16 October 2008 တွင် ပြန်စစ်ပြီး 
  88. "President tightens media laws in The Gambia"၊ 11 May 2005။ 16 October 2008 တွင် ပြန်စစ်ပြီး 
  89. "Banjul newspaper reporter freed on bail pending trial"၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့၊ 13 June 2006။ 16 October 2008 တွင် ပြန်စစ်ပြီး။ Archived from the original on 13 May 2006။ 
  90. "Gambia – Annual report 2005"၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့၊ December 2004။ 16 October 2008 တွင် ပြန်စစ်ပြီး 
  91. The Gambia | Countries | Collection of Cooper Hewitt, Smithsonian Design Museum
  92. Sport – Gambia! Archived 23 April 2016 at the Wayback Machine., weebly.com, accessed 3 April 2016.