ကာဇက်စတန်နိုင်ငံ
| ကာဇက်စတန် သမ္မတနိုင်ငံ | |||||
| Қазақстан Республикасы Qazaqstan Respublïkası Республика Казахстан Respublika Kazakhstan |
|||||
|
|||||
| နိုင်ငံတော်သီချင်း - Менің Қазақстаным | |||||
| ပထဝီ |
|||||
| မြို့တော် | အက်စတာနာမြို့ | ||||
| အကြီးဆုံးမြို့ | အော်လ်မေတီမြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၅/၆ | ||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | ကာဇက်ဘာသာ၊ ရုရှားဘာသာ | ||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | သမ္မတဦးဆောင်သော သမ္မတနိုင်ငံ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | US $၁၂,၆၀၂ (အဆင့် - ) | ||||
| HDI | ၀.၇၁၄ (အမြင့်) (အဆင့် - ၆၆) | ||||
| ငွေ | Tenge | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .kz | ||||
| Calling code | +၇-၆xx ၊ +၇-၇xx | ||||
ကာဇက်စတန်နိုင်ငံ၏ တရားဝင်အမည်မှာ ကာဇက်စတန် သမ္မတနိုင်ငံဖြစ်ပြီး အလယ်အာရှ နှင့် အရှေ့ဥရောပတွင် တည်ရှိကာ အာရှ နှင့် ဥရောပ တိုက်နှစ်ခုစလုံးတွင် တည်ရှိသည်။ ကမ္ဘာပေါ်တွင် နဝမမြောက် အကြီးဆုံး နိုင်ငံဖြစ်ပြီး အကြီးဆုံး ကုန်းတွင်းပိတ်နိုင်ငံလည်း ဖြစ်သည်။ ၄င်း၏ နယ်မြေ ၂,၇၂၇,၃၀၀ စတုရန်း ကီလိုမီတာ (၁,၀၅၃,၀၀၀) သည် အနောက်ဥရောပ ထက်ပင် ပို၍ ကျယ်ပြန့်သည်။
အိမ်နီးချင်းနိုင်ငံများမှာ ရုရှားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံနှင့် တာ့ခ်မင်နစ္စတန်နိုင်ငံများ ဖြစ်သည်။ ကက်စပီယန်ပင်လယ်နှင့်လည်း ထိစပ်နေသည်။ မြို့တော်မှာ အက်စ်တာနာ ဖြစ်သည်။ ယခင်မြို့တော်ဖြစ်သော အော်လ်မေတီ မှ ၁၉၉၇ခုနှစ်တွင် ပြောင်းရွှေ့သည်။
ကာဇက်စတန်နိုင်ငံ တည်ရှိရာနယ်မြေတွင် ရှေးအခါက နောမက် (ခေါ်) နေရာအတည်တကျမရှိ လှည့်လည်သွားလာနေသော လူမျိုးစုများ နေထိုင်ခဲ့ကြသည်။ ယင်းမှာ ၁၃ရာစု ရောက်သော် ပြောင်းလဲသွားလေသည်။ မွန်ဂိုဘုရင် ဂျင်ဂစ်ခန်က ဤဒေသကို သိမ်းပိုက်လိုက်သည်။
၁၆ရာစုအရောက်တွင် ကာဇက်လူမျိုးများသည် သီးခြားလူမျိုးစုများအဖြစ် ထင်ရှား လာပြီး ကာဇက်စတက်ပ်မြက်ခင်းပြင်ကို နယ်မြေသုံးခုအဖြစ် ပိုင်းခြား ကာ အုပ်ချုပ်လေသည်။ ၁၈ရာစုအတွင်း ရုရှားလူမျိုးများသည် ကာဇက်စတက်ပ် မြက်ခင်းပြင်များကို စတင်ကျူးကျော်လာပြီး ၁၉ရာစုအလယ် ပိုင်းရောက်သော် ကာဇက်စတန်သည် ရုရှားအင်ပိုင်ယာ၏ အစိတ်အပိုင်း ဖြစ်လာသည်။ ၁၉၃၆ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု၏ အစိတ်အပိုင်း ဖြစ်လာသည်။
၁၉၉၁ခုနှစ်၊ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲချိန်တွင် လွတ်လပ်ရေးရရှိသည်။ လက်ရှိသမ္မတဖြစ်သူ နာဆူလ်တန် နာဇာဘာယာဗ့် သည် ၁၉၉၁ခုနှစ်ကတည်း ကပင် တိုင်းပြည်၏ခေါင်းဆောင် ဖြစ်နေသည်။
လူဦးရေ ၁၇.၇သန်း ရှိသည်။ လူမျိုးပေါင်း ၁၃၁မျိုး ရှိရာ ကာဇက်၊ ရုရှား၊ ယူကရိန်း၊ ဂျာမန်၊ ဥဇဘက်၊ တာတာနှင့် ဝီဂါ လူမျိုးများ ပါဝင်သည်။ လူဦးရေ၏ ၆၃% မှာ ကာဇက်လူမျိုး များ ဖြစ်သည်။ လူဦးရေ ၇၀% က အစ္စလာမ်ဘာသာ ကိုးကွယ်သည်။ ၂၆% မှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်သည်။
ထင်ရှားသော ကာဇက်လူမျိုးများ[ပြင်ဆင်ရန်]
နာဆူလ်တန် နာဇာဘာယာဗ့် (ကာဇက်စတန်နိုင်ငံ၏ သမ္မတ)
အဘ့်လိုင်ခန်း (၁၇၁၁ခုနှစ်မှ ၁၇၈၁ခုနှစ်အထိ စိုးစံသွားသော ကာဇက်ဘုရင်)