မွန်ဂိုးလီးယားနိုင်ငံ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
မွန်ဂိုးလီးယား
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
မြို့တော် ဦလန်ဘာတာမြို့
အကြီးဆုံး မြို့ ဦလန်ဘာတာမြို့
ရုံးသုံးဘာသာများ မွန်ဂိုးလီးယားဘာသာ
အစိုးရ ပါလီမန် သမ္မတနိုင်ငံ
 •  သမ္မတ Tsakhiagiin Elbegdorj
 •  ဝန်ကြီးချုပ် Sükhbaataryn Batbold
ထူထောင်ရေး
 •  လွတ်လပ်ရေးရခြင်း ဒီဇင်ဘာ ၂၉၊ ၁၉၁၁ 
ဧရိယာ
 •  စုစုပေါင်း ၁,၅၆၄,၁၁၅.၇၅ km² (၆၀၃,၉၀၉ စတုရန်းမိုင်) (အဆင့်: ၁၉)
 •  ရေဖုံးလွှမ်းမှု (%) ၀.၄၃
လူဦးရေ
 •  ခန့်မှန်း ၂,၇၅၄,၆၈၅
 •  လူဦးရေသိပ်သည်းမှု ၁.၇၆/km²(၅.၀၃/sq mi)/km2 (အဆင့် - ၂၃၆)
GDP(PPP) ခန့်မှန်း
 •  စုစုပေါင်း US $၁၁.၀၁၈ ဘီလီယံ
 •  Per capita US $၄,၀၀၆
HDI ၀.၆၂၂ (အလယ်)
(အဆင့် - ၁၀၀)
ငွေ တိုဂရောက်
Calling code +၉၇၆
Internet TLD .mn

မွန်ဂိုးလီးယားနိုင်ငံသည် အာရှတိုက် အရှေ့ပိုင်း နှင့် အလယ်ပိုင်းတွင် တည်ရှိသော ကုန်းတွင်းပိတ် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ မြောက်ဘက်တွင် ရုရှားနိုင်ငံနှင့် တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ ဖြင့် ထိစပ်နေသည်။ မွန်ဂိုလူမျိုးတို့ နေထိုင်ရာဒေသဖြစ်၏။ မွန်ဂိုးလီးယားနိုင်ငံသည် ကာဇက်စတန်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေခြင်း မရှိသော်လည်း ၎င်း၏ အနောက်ဘက် အစွန်ဆုံး နေရာသည် ကာဇက်စတန်၏ အရှေ့ဖျားပိုင်းမှ ၃၈ ကီလိုမီတာ (၂၄ မိုင်) သာ ကွာဝေးသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဦလန်ဘာတာမြို့ ဖြစ်ပြီး လူဦးရေ၏ ၄၅ ရာခိုင်နှုန်း နေထိုင်လျှက် ရှိသည်။ မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံရေးစနစ်မှာ ပါလီမန် သမ္မတနိုင်ငံ စနစ် ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၁၈၇၅ဝဝဝ ရှိ၍ ပင်လယ်ပြင်မှ ပေပေါင်း ၃ဝဝဝ-၄ဝဝဝ မျှ မြင့်သော ကုန်းပြင်မြင့် ဖြစ်သည်။

ပထဝီဝင်အရ မွန်ဂိုးလီးယားကို သုံးပိုင်း ခွဲခြားနိုင်၏။ တောင်ထူထပ်သော အနောက်မြောက်ပိုင်းကို အပြင် မွန်ဂိုး လီးယားဟု ခေါ်သည်။ အရှေ့တောင်ဘက် မြေပြန့်ပိုင်းကို အတွင်းမွန်ဂိုးလီးယားဟု ခေါ်သည်။ ထိုအပိုင်းနှစ်ပိုင်း အကြားတွင် ဂိုဘီသဲကန္တာရကြီး ရှိသည်။

တစ်ဆယ့်ခုနစ် ရာစုနှစ်အတွင်း၌ မွန်ဂိုးလီးယား၊ မန်ချူးရီးယားနှင့် တရုတ်နိုင်ငံတို့သည် မန်ချူးဘုရင်တို့၏ လက်အောက်ခံတိုင်းပြည်များ ဖြစ်ကြသည်။ ၁၉၁၁ ခုနှစ် သို့ရောက်သောအခါ တရုတ်တော်လှန်ရေး ပေါ်ပေါက်လာသဖြင့် မွန်ဂိုးလီးယားသည် မန်းချူးတို့၏ အာဏာစက်အောက်မှ လွတ်မြောက်ခဲ့လေသည်။ ယင်းသို့အားဖြင့် အပြင် မွန်ဂိုးလီးယားကို လာမာ ဘုန်းတော်ကြီးများက အုပ်ချုပ်လာခဲ့ ပြီးနောက် ၁၉၂၄ ခုနှစ်တွင် ရုရှနိုင်ငံ၏ အကူအညီဖြင့် ပြည်သူ့သမ္မတနိုင်ငံအဖြစ် ကျေညာလေသည်။ ဒုတိယ ကမ္ဘာ စစ်အတွင်း ၁၉၄၅ ခုနှစ်က အပြင် မွန်ဂိုးလီးယားသည် ရုရှ နိုင်ငံနှင့် ပူးပေါင်း၍ ဂျပန်ကို စစ်ကျေညာခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် တရုတ်နိုင်ငံက အပြင် မွန်ဂိုးလီးယား၏ လွတ်လပ် ရေးကို အသိအမှတ်ပြုလေသေည်။ မြို့တော်မှာ အူလန်ဗတော မြို့ဖြစ်၍ မွန်ဂိုးလီးယားတစ်ခုလုံးတွင် အကြီးဆုံးမြို့လည်း ဖြစ်သည်။ လူဦးရေ တစ်သိန်းခန့် ရှိသည်။

အတွင်းမွန်ဂိုးလီးယားသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပါဝင်၍ ကိုယ်ပိုင်အုပ်ချုပ်ရေးရသော ပြည်နယ် ဖြစ်သည်။ ဟွန်ဟိုမြစ်သည် ဤပြည်နယ်တောင်ပိုင်းကို ဖြတ်သန်း စီးဆင်းသည်။

မွန်ဂိုးလီးယားတွင် ပြင်းထန်လွန်ကဲသော ရာသီဥတုရှိ၏။ အပူအအေး မညီမျှချေ။ လေပြင်း အစဉ် တိုက်ခတ်သည်။ နွေရာသီတွင် အပူချိန် ဒီဂရီ ၉ဝ မျှရှိ၍ ဆောင်းရာသီတွင် ဒီဂရီ ၄ဝ အထိ ကျဆင်းတတ် သည်။ မိုးအလွန်ပါး၍ တစ်နှစ်လျှင် မိုးရေချိန် ရှစ်လက်မမှ ၁၂ လက်မအထိသာ ရွာသွန်းလေသည်။

ရေရှားသောအရပ်ဖြစ်ခြင်းကြောင့် မွန်ဂိုလူမျိုးတို့သည် သိုး၊ ဆိတ်၊ မြင်းပု၊ ကုလားအုပ်များကို မွေးမြူ၍ ရေကြည်ရာ မြက်နုရာသို့ လှည့်လည်နေထိုင်လေ့ရှိကြသည်။ ထိုကြောင့် အိုးအိမ် အတည်တကျ မရှိဘဲ သားရေဖြင့် ချုပ်လုပ်ထားသော ယတ်ခေါ် တဲရှင်များ၌ နေထိုင်ကြသည်။ မွန်ဂိုလူမျိုးတို့သည် မိမိတို့အတွက် လိုသမျှပစ္စည်းကပို မွေးမြူထာသည့် တိရစ္ဆာန် များမှ ရရှိလေသည်။ အစားအစာအတွက် အသား၊ နို့၊ ထောပတ်၊ ဒိန်ခဲကိုလည်းကောင်း၊ နေထိုင်ရန် တဲအတွက် သားရေကို လည်းကောင်း ထိုတိရစ္ဆာန်များမှ ရရှိကြသည်။

ကုလားအုပ်နှင့် မြင်းကို ဝန်တင် တိရစ္ဆာန်အဖြစ် အသုံးပြုကြ သည်။ ထွက်ကုန်များဖြစ်သော ရွှေ၊ သားမွေး၊ သားရေ၊ သိုးမွေးတို့ကို လက်ဖက်ခြောက်၊ ဂျုံ၊ သကြား၊ ဆေး၊ ချည်ထည်၊ သားရေထည်ပစ္စည်း၊ လက်ဝတ်လက်စားတို့နှင့် လဲလှယ်ကြသည်။

တစ်ဆဲ့ကိုးရာစုနှစ် နောက်ပိုင်းတွင် အတွင်းမွန်ဂိုးလီးယား သို့ တရုတ်လူမျိုး မြောက်မြားစွာ ဝင်ရောက်လာ ပြီးလျှင် ခေတ်မီစိုက်ပျိုးနည်းများဖြင့် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်လျက် ရှိကြ၏။

မွန်ဂိုးလီးယားတွင် လူဦးရေ နှစ်သန်းခန့်ရှိသည်။ အတွင်း မွန်ဂိုးလီးယားသည် လူနေအစိပ်ဆုံးဒေသ ဖြစ်၏။ တိဘက်ပြည်မှ ဗုဒ္ဓအယူဝါဒနှင့် ဆင်တူသော လာမာ အယူဝါဒကို သက်ဝင်ယုံကြည်ကြသည်။

တဆဲ့သုံးရာစုနှစ်ခန့်က မွန်ဂိုဘုရင် ဂျင်ဂစ်ခန် လက်ထက်တွင် မွန်ဂိုလူမျိုးတို့သည် စည်းလုံးမိပြီးလျှင် အနီးအနားရှိ တိုင်းပြည်များကိုသာမက ဥရောပတိုက်ဖက်သို့ပင် စစ်ဦး လှည့်ကာ တိုက်ခိုက်အောင်မြင်ခဲ့လေသည်။ ထိုနောက် မြေးတော် ကူဗလိုင်ခန် လက်ထက်၌ မွန်ဂိုအင်ပိုင်ယာကြီးများ အရှေ့ဘက် ပစိဖိတ်ကမ်းခြေမှ အနောက်ဘက် ပင်လယ် နက်အထိ ကျယ်ပြန့်လေသည်။ သို့ရာတွင် နောက်ဆုံး၌ မွန်ဂိုးလီးယားသည် မန်ချူးဘုရင်တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရလေသည်။ [၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)